← Chapters

တစ်ကိုယ်တည်းကျင့်ကြံရာမှ ထွက်လာခြင်း

Vol. 015 Ch. 1444

တစ်ကိုယ်တည်းကျင့်ကြံရာမှ ထွက်လာခြင်း

Vol. 015 Ch. 1444

ရီဖူရှင်းသည် ထူးခြားလမ်းစဉ်ကို နောက်ရက်ပေါင်း အတော်ကြာသည်ထိ ကျင့်ကြံနေခဲ့သည်။

ထူးခြားလမ်းစဉ်ကို ကျင့်ကြံရခြင်းမှာ အခြားကျင့်စဉ်များကဲ့သို့ပင် ဖြစ်သော်လည်း ဤလမ်းစဉ်သည် အချိန်အနည်းငယ် ပို၍ ယူရပေသည်။ သူ၏ သဘောပေါက်နားလည်မှုက နက်ရှိုင်းလေ ယင်းက ပို၍ အစွမ်းထက်လာလေ ဖြစ်ပေလိမ့်မည်။

ထူးခြားလမ်းစဉ်ကို အပြင်လူ ရရှိသွားသည်ဟူသော သတင်းက ဟောက်ထျန်းမြို့ တစ်မြို့လုံးကို ပျံ့နှံ့သွားသည်။

ထိုသူ၏ အမည်မှာ ရီဖူရှင်းဖြစ်ပြီး သူက လက်ရှိတွင် ကောင်းကင် နတ်တံခါးဂိုဏ်း၌ ကျင့်ကြံနေသော ဂူတုံးလျှို၏ ဆရာတူညီ ဖြစ်သည်။ မကြာသေးခင်က ကျင်းပခဲ့သော ခရမ်းရင့်ကောင်းကင်နန်းတော်မှ အခမ်းအနားတွင် မဟာလမ်းစဉ် အထွတ်အထိပ် ခန္ဓာပိုင်ရှင် ကျန်းယွမ်ကို ရှုံးနိမ့်စေခဲ့ကာ သူ၏ ပါရမီအရည်အချင်းကို ထုတ်ပြခဲ့သည်။ ထိုတိုက်ပွဲက သူ့ကို ကျော်ကြားစေခဲ့ပြီး ကောင်းကင်အာဏာစက်ဘုံ၏ မဟာလမ်းစဉ် တိုက်ပွဲတွင် သူလည်း ပါဝင်လာလိမ့်မည် ဖြစ်သည်။

ထို့ပြင် ရီဖူရှင်းသည် လှပသော အမျိုးသမီးများ၏ ချစ်ခင်လေးစားမှုကိုလည်း သိမ်းကျုံးယူထားဟန်တူသည်။ ဗြဟ္မာ့သန့်စင်ကောင်းကင်၏ နံပါတ်တစ် နတ်မိမယ် ချင်းဟယ်သည် ကောင်းကင်အာဏာစက်ပြည်ထောင် မင်းသားနှင့် ပတ်သက်ရန်ပင် အရေးမစိုက်ခဲ့သော်လည်း သူမက ရီဖူရှင်းကို စိတ်ဝင်စားကာ ခရီးပင် အတူသွားခဲ့ပေသည်။ သူတို့သည် ထိုအချိန်၌ နန်းတော်တစ်ခုတည်းတွင် အတူတူ ကျင့်ကြံကြပြီး ရင်းနှီးသော ပတ်သက်မှု ရှိလာသည် ထင်ရပေသည်။

လက်ရှိတွင် သူသည် ကောင်းကင်နတ်တံခါးဂိုဏ်း၏ ထူးခြားလမ်းစဉ်ကိုပင် ရရှိပိုင်ဆိုင်ခဲ့ပြီး ချီးကျူးမှုပေါ် ချီးကျူးမှုဆင့်စေကာ ကျော်ကြားပြီးသား ထိပ်သီးပါရမီရှင်များနှင့် တန်းတူ ဖြစ်လာစေသည်။

သို့သော် လူတိုင်းသည် ထူးခြားလမ်းစဉ်က ရွေးချယ်ခဲ့သော ရီဖူရှင်းက မည်မျှ စွမ်းဆောင်နိုင်မည်ကို စူးစမ်းလိုနေကြ၏။

ထိုနေရာ၌ အထက်ကောင်းကင်နတ်တံခါး၏ ဟွားချင်းယွင်နှင့် အောက်ကောင်းကင်နတ်တံခါးမှ ဝမ်ယန်ပင်းလည်း ရှိနေသည်။ သို့သော် ထူးခြားလမ်းစဉ်က ရီဖူရှင်းကိုသာ ရွေးချယ်ခဲ့သည်။ ထိုသည်က လူအများအား ဇဝေဇဝါ ဖြစ်စေသည်။ ဟောက်ထျန်းမြို့အတွင်း၌ မှန်းဆချက်အမျိုးမျိုး ထွက်ပေါ်နေခဲ့၏။

သို့ရာတွင် ထူးခြားလမ်းစဉ်သည် လောကကြီး၌ နှစ်ပေါင်းများစွာ ပျောက်ဆုံး ပျောက်ဆုံးနေခဲ့ပြီး ပြန်ထွက်ပေါ်လာခြင်းမှာ သတင်းကောင်းဟု ပြောနိုင်ပေသည်။

အချိန်ကုန်လွန်သွားပြီး နောက်ဆုံးတွငိ ဝမ်ကလန်၏ ကောင်းကင်နတ်တံခါး စစ်ဆေးခြင်းနေ့သို့ ရောက်ရှိလာပေသည်။

မရေတွက်နိုင်သည့် တန်ခိုးရှင်များက ထိုနေ့တွင် ကောင်းကင်နတ်တံခါး အောက်သို့ ရောက်ရှိနေကြသည်။

နတ်အလင်းများက နတ်တံခါးကို လွှမ်းခြုံထားပြီး မြင့်မြတ်သန့်စင်နေစေသည်။

တန်ခိုးရှင်များသည် နတ်တံခါး စင်မြင့်များထက်တွင် ရောက်ရှိနေကြသည်။ ကောင်းကင်နတ်တံခါးမှ တန်ခိုးရှင်အများအပြားက ထိုနေရာတွင် စုစည်းနေပြီး အံ့ချီးဖွယ် မြင်ကွင်းကြီးကို ဖြစ်ပေါ်စေသည်။

ကောင်းကင်နတ်တံခါးဂိုဏ်း၏ စည်းမျဉ်းများအရ နတ်တံခါးစိန်ခေါ်ခြင်းသည် အရေးကြီးဆုံးသော ကိစ္စရပ်ဖြစ်သည်။ ယင်းသည် ကောင်းကင်နတ်တံခါး၏ အရေးကြီးဆုံး ကိစ္စများထဲမှ တစ်ခုဟု ဆိုနိုင်ပြီး ဂိုဏ်းက ထိုကိစ္စကို အလေးအနက် လုပ်ဆောင်လိမ့်မည် ဖြစ်သည်။

ယင်းသည် ရိုးရှင်းသည့် စမ်းသပ်ပွဲထက် ပိုသည့် စမ်းသပ်ခြင်းဖြစ်ကာ ဝမ်ကလန်အောင်မြင်သွားပါက ဂိုဏ်းတစ်ခုလုံး၏ အနာဂတ်၏ တစ်စုံတစ်ခုသည် သူတို့နှင့်လည်း သက်ဆိုင်သွားပေလိမ့်မည်။

ဝမ်ကလန်သည် ကောင်းကင်နတ်တံခါးကို ဖြတ်ကျော်၍ ပြန်လာသည့်အခါ သူတို့သည် ကောင်းကင်နတ်တံခါးဂိုဏ်း၏ အုပ်ချုပ်သူများထဲတွင် အပါအဝင် ဖြစ်လာပေလိမ့်မည်။

ထိုသည်က ကောင်းကင်နတ်တံခါးဂိုဏ်း၏ အခြေခံဖွဲ့စည်းပုံနှင့် အုပ်ချုပ်ပုံတို့အပေါ် တစ်ခုခု သက်ရောက် လာစေနိုင်ပေသည်။ ကောင်းကင်နတ်တံခါးဂိုဏ်းသို့ ဝမ်ကလန် ပြန်ဝင်ရောက် လာခဲ့ပါက သူတို့သည် ကောင်းကင်နတ်တံခါးဂိုဏ်း၏ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ပါဝင်နိုင်သည့် အခွင့်အရေး ရှိလာပေလိမ့်မည်။

အောက်ဘက်ရှိ လူများသည် သူတို့၏ စိတ်ကျေနပ်မှု ပျော်ရွှင်အတွက်သာ စောင့်ကြည့်ရန် ရောက်နေခြင်း မဟုတ်ပေ။ ထိုကိစ္စမှာ ဂိုဏ်း၏ အနာဂတ်နှင့် ပတ်သက်နေသည်ဖြစ်ရာ လူအများတို့သည် လေးနက်သော နှလုံးသားများနှင့် တည်ငြိမ်စွာ လာရောက်ကြခြင်း ဖြစ်သည်။

“အရင်က သက်ရှည်တောင်ကြားမှာ ဝမ်ကလန်ခေါင်းဆောင် ထွက်ပေါ်လာတော့ သူက တကယ်ပဲ လိုအပ်တဲ့ ကျင့်ကြံဆင့်ကို ရောက်နေပြီ။ စစ်ဆေးနေဖို့တောင် မလိုတော့ဘူး။ တကယ်လို့ အရာအားလုံးက ဖြစ်သင့်တဲ့အတိုင်းပဲ သွားမယ်ဆိုရင် ကျန်းထိုက်ချူးနဲ့ ဝမ်ယန်ပင်းက နတ်တံခါးဂိုဏ်း အနာဂတ်အတွက် တိုက်ခိုက်ကြလိမ့်မယ်” တစ်ယောက်က ပြောလိုက်သည်။ ထိုသည်မှာ ယခင်က လူအများ ခန့်မှန်းထားခဲ့သည့်အတိုင်း ဖြစ်သည်။

“အဲဒီနေ့က ဝမ်ယန်ပင်း ချင်းဟယ်ဆီ သွားလည်ခဲ့ပြီး ဂူထျန်းရှင်းနဲ့ ပတ်သက်ပြီး ကောင်းကင်နတ်တံခါးဂိုဏ်း လုပ်ခဲ့တဲ့ သူ့အတွေးတချို့ကို ဖော်ပြခဲ့တယ်။ ဝမ်ကလန်သာ နတ်တံခါးဂိုဏ်းကို ဝင်ခဲ့ရင် ဂူတုံးလျှိုအတွက် အန္တရာယ်များတဲ့ အခြေအနေ ဖြစ်လာလိမ့်မယ်။ သူတို့က ကောင်းကင်နတ်တံခါးဂိုဏ်းကို ဂူတုံးလျှိုအပေါ် မျှော်လင့်ချက် အများကြီး ပုံအပ်ထားစေချင်မှာ မဟုတ်ဘူး”

“ဝမ်ကလန်က အရင်တုန်းကလည်း နတ်တံခါးဂိုဏ်းရဲ့ အုပ်ချုပ်သူဖြစ်ခဲ့ပြီးေျာ့ ပထမနေရာမှာ ရှိတဲ့ ဂူကလန်နဲ့ ကတောက်ကဆ နည်းနည်း ရှိခဲ့တယ်။ အဲဒါကြောင့် သူတို့က ဂူတုံးလျှိုကို ပံ့ပိုးဖို့ အများကြီး အားမထုတ်စေချင်တာတော့ ပုံမှန်ပဲပေါ့။ သူတို့က ဂူတုံးလျှိုအပေါ်မှာ ပံ့ပိုးဖို့ အားထုတ်မယ့်အစား ဝမ်ယန်ပင်းကိုပဲ အထွတ်အထိပ်မှာ ရပ်တည်စေဖို့ လုပ်ဆောင်လိမ့်မယ်။ အဲဒီနေ့က ဝမ်ယန်ပင်း ပြောသွားတာတွေအရဆိုရင် သူက သူ့ရဲ့ ဝံ့ကြွားမှုကို အပြည့် ပြသခဲ့တာပဲ။ ကျုပ်တို့က ကောင်းကင်အာဏာစက်ဘုံရဲ့ ထိပ်ဆုံးမှာ ဘယ်သူရပ်နိုင်မလဲ စောင့်ကြည့်ရမယ်”

“ကျုပ်ကတော့ အခုချိန် ဂူတုံးလျှို ဘယ်အဆင့်ရောက်နေမလဲပဲ သိချင်တယ်” လူအများက တီးတိုးပြောဆို ဆွေးနွေးနေကြသည်။

သူတို့က ဂူတုံးလျှိုကို လူကိုယ်တိုင် မတွေ့ဖူးသော်လည်း ကောလာဟလများအရ သူ၏ နာမည်က ကောင်းကင်အာဏာစက်ဘုံတခွင်တွင် အလွန်ကျော်ကြားနေခဲ့ပြီး ဖြစ်သည်။ သူ့ကို မည်သူမှ မသိကြသော်လည်း ဂူထျန်းရှင်းက သူ့ကို ဆွဲထုတ်လာသည့်အတွက် သူ့အမည်က ပထမဆုံးအကြိမ် ဘုံအတွင်း ကျော်ကြားလာခဲ့သည်။

ထိုသို့ ဖြစ်ရသည့် အကြောင်းမှာ ဂူထျန်းရှင်းလုပ်ခဲ့သည့် အရာအားလုံးသည် အလွန်ထိတ်လန့်ဖွယ် ကောင်းသောကြောင့် ဖြစ်သည်။

သို့သော်လည်း ဂူတုံးလျှို၏ စွမ်းအားအစစ်အမှန်က လျှို့ဝှက်ချက်အနေနှင့် ရှိနေဆဲ ဖြစ်ကာ သူက ကောင်းကင်အာဏာစက်ဘုံကို မည်သည့် အံ့အားသင့်ဖွယ်မျိုး ယူဆောင်လာမည်အား သိချင်နေကြပေသည်။

နတ်တံခါးအထက်မှ ကောင်းကင်က ပြာလွင်နေသည်။ ပို၍ များပြားသော တန်ခိုးရှင်များ ရောက်ရှိလာကြပြီး ရီဖူရှင်း၏ အဖွဲ့လည်း ရောက်ရှိလာပေသည်။

သူတို့၏ ထွက်ပေါ်လာမှုက များစွာသော အာရုံစိုက်မှုများကို ဖမ်းစားလိုက်နိုင်သည်။ ထိုသည်မှာ ရီဖူရှင်းတစ်ယောက်သာ မဟုတ်ဘဲ ချင်းဟယ်သည်လည်း အတူရှိနေ သောကြောင့် ဖြစ်သည်။ သူတို့သည် ထူးခြားလမ်းစဉ် ထွက်ပေါ်လာရာ သက်ရှည်တောင်ကြားတွင်လည်း ရှိနေခဲ့သည်။

ရီဖူရှင်းနှင့် ချင်းဟယ် နှစ်ယောက်လုံးသည် ရှေ့ဆုံးမှ လျှောက်လာကြသည်။ ချင်းဟယ်၏ အသွင်အပြင်က အနည်းငယ်မှ ပြောရန်မလိုပေ။ ထိုအဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး ငွေဖြူရောင်ဆံပင်နှင့် လူငယ်လေးကလည်း ချောမောလှပပြီး ထူးခြားသာလွန်လှသည်။ သူတို့သည် အတော်လေး လိုက်ဖက်ညီသည့် စုံတွဲကဲ့သို့ ဖြစ်လေသည်။

“ကောလာဟလတွေက ပြောကြတာတော့ လွန်ခဲ့တဲ့ နှစ်တွေက အင်ပါယာယွမ် ကျင့်ကြံခဲ့တဲ့ ထူးခြားကျင့်စဉ် နတ်ဝိညာဉ်ဆွဲဆောင်ခြင်းကို သက်ရှည်တောင်ကြားမှာ ချိပ်ပိတ်ထားခဲ့တာတဲ့။ အဲဒီကျင့်စဉ်က အရမ်းခက်တယ်လို့ ပြောကြတယ်။ သူ ဘယ်လောက်များ ကောင်းကောင်း ကျင့်ကြံနိုင်မလဲ သိချင်မိတယ်”

“ထူးခြားလမ်းစဉ်ကို ကျင့်ကြံဖို့ဆိုရင် နောက်ထပ် ကျင့်ကြံဆင့်တစ်ခုကို ရောက်ဖို့ လိုတယ်။ အဲဒီလိုအဆင့်ကို ရောက်မှသာ ထူးခြားလမ်းစဉ်ရဲ့ ရှုပ်ထွေးမှုတွေကို နားလည်နိုင်စွမ်းရှိလိမ့်မယ်။ ကျင့်ကြံမှုကို ပြည့်စုံဖို့ အချိန်အတော်ကြာလိမ့်မှာ စိုးမိတယ်” သူတို့က ခန့်မှန်းကာ ပြောလိုက်ကြသည်။

ရီဖူရှင်းသည် သူ့ဝန်းကျင်မှ လူတိုင်း၏ အကြည့်များကို ခံစားမိပေသည်။ သူ့ဘေးမှ ချင်းဟယ်သည်လည်း ပြောလိုက်သည်။

“လူအများကြီး ရှင့်ကို ကြည့်နေကြတယ်”

“သူတို့က မင်းကို ကြည့်တာမဟုတ်ဘူးလို့ ဘယ်လိုသိလဲ” ရီဖူရှင်းက ပြုံးကာ ချင်းဟယ်ကို ပြောလိုက်သည်။

“သူတို့အတွက် ခင်ဗျားက ဘယ်လိုလူလဲဆိုတာ မသိဘူးလား”

ချင်းဟယ်က သူ့ကို ကြည့်ကာ ဆွံ့အသွားသည်။ သူမက သူ့အနားမှာ အနေကြာလာလေ သူက  ကျီစယ်တတ်သူ ဖြစ်ကြောင်း တွေ့ရှိလာရလေ ဖြစ်သည်။

သို့သော် ရီဖူရှင်းပြောသည်က မှန်ကန်ပေသည်။ သူမက မည်သည့်နေရာကို သွားသည်ဖြစ်စေ လူအများ၏ အာရုံစိုက်မှုကို ဖမ်းစားနိုင်သည်မှာ မလွှဲမသွေပင် ဖြစ်၏။

“ဒီနေ့ ကျုပ်တို့က အဓိကလူမဟုတ်ဘူး” ရီဖူရှင်းက ထပ်ပြောလိုက်သည်။

“သူတို့လည်း ရောက်နေကြပြီ”

ထို့နောက် သူက ကောင်းကင်သို့ မော့ကြည့်ကာ အလွန် ထက်ရှသည့် စွမ်းအားများ နေရာတစ်ခုလုံးကို ပျံနှံ့လာသည်အား ကြည့်ရင်း ပြောလေသည်။ ထိုနေရာ၌ မည်သူ တစ်ဦးတစ်ယောက်မှ မရှိသော်လည်း သူက ထက်ရှသည့် အရှိန်အဝါကို ခံစားနိုင်စွမ်း ရှိလေသည်။

နတ်အလင်းများက တောက်ပလင်းလက်နေပြီး နတ်လက်နက်များက လေထုကို ချိပ်ပိတ်ကာ ချက်ချင်း အောက်သို့ ကျဆင်းလာသည်။

လူအုပ်ထဲမှ တန်ခိုးရှင်များသည် လူစုခွဲပေးလိုက်ကြကာ နေရာလွတ် ဖန်တီးပေးလိုက်ကြသည်။ မကြာခင်၌ တန်ခိုးရှင်တစ်စု ကောင်းကင်မှ ဆင်းသက်လာသည်။

ရောက်ရှိလာသည့် လူစုမှာ အခြားမဟုတ်ဘဲ ဟောက်ထျန်းမြို့ ဝမ်ကလန်မှ တန်ခိုးရှင်များ ဖြစ်လေသည်။

သူတို့အကြား၌ ဝမ်ယန်ပင်းလည်း ပါလာသည်မှာ သံသယဖြစ်စရာ မလိုပေ။

“သူတို့ ဒီမှာ ရောက်ပြီ”

လူတိုင်းသည် တည်ငြိမ်သည့် အမူအရာဖြင့် ကြည့်လိုက်ကြသည်။ ထို့နောက် ဝမ်ကလန်မှ တန်ခိုးရှင်များသည် သူတို့ရှေ့မှ ကောင်းကင်နတ်တံခါးသို့ မော့ကြည့်လိုက်ကြသည်။ သူတို့အားလုံးက စိတ်ဆုံးဖြတ်ထားကာ လေးနက်သော အကြည့်များဖြင့် ရှိနေပေသည်။

အထူးသဖြင့် ဝမ်ယန်ပင်းပင် ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်သည် ဒဏ္ဍာရီလက်နက်တစ်ခုကဲ့သို့ ထက်ရှ တောက်ပပြီး လွှမ်းမိုးနိုင်သည့် အရှိန်အဝါတို့ ထုတ်လွှတ်နေသည်။

ဟောက်ထျန်းမြို့မှ လူများအားလုံး ပြောကြသည်မှာ ဝမ်ကလန်၏ ရည်မှန်းချက်ဖြစ်သော ကောင်းကင်နတ်တံခါးဂိုဏ်းသို့ ဝင်ရန် အဓိကသော့ချက်မှာ ကျန်းထိုက်ချူးနှင့် ဝမ်ယန်ပင်း၏ တိုက်ပွဲပေါ်တွင် မူတည်နေသည်ဟူ၍ ဖြစ်ပြီး ထိုသည်က အမှန်တရားပင် ဖြစ်သည်။ သူ့ကြောင့်သာမဟုတ်လျှင် ဝမ်ကလန်သည် ထိုစိန်ခေါ်မှုမျိုးကို ပြုလုပ်လိမ့်မည် မဟုတ်ပေ။

လွန်ခဲ့သော နှစ်များစွာက ကောင်းကင်နတ်တံခါးမှ ဝမ်ကလန်၏ နှင်ထုတ်ခံရခြင်းသည် သူတို့ ကလန်အတွက် စော်ကားခံရခြင်းဟု ထင်မှတ်ကာ သူတို့သည် အမြဲ နှလုံးသားထဲ သိမ်းဆည်းထားလေသည်။

ဝမ်ကလန်သည် အချိန်တိုင်းလိုလို ကောင်းကင်နတ်တံခါးသို့ ပြန်ရန်သာ တွေးနေခဲ့ပြီး ဤအချိန်များအတွင်း မျိုးဆက်အားလုံးကို သင်ကြားပေးခဲ့သည်။ သူတို့၏ မျိုးဆက်များသည် ဝမ်ကလန်ကို ကောင်းကင်နတ်တံခါးသို့ ပြန်လည်ဝင်ရောက်နိုင်ရန် လုပ်ဆောင်ပေးရမည် ဖြစ်ကာ ယခင်နှစ်များမှ ပျောက်ဆုံးခဲ့သည့် ဂုဏ်သရေကို ပြန်လည် ယူဆောင်ပေးကြရပေမည်။

ယနေ့တွင် ဝမ်ယန်ပင်းသည် ထိုပြိုင်ပွဲ၌ ကျိန်းသေအနိုင်ရမှာသာ ဖြစ်ပေမည်။

သူက မအောင်မြင်ပါက အိမ်သို့ မပြန်ရန် ကျိန်ဆိုခဲ့သည်။

မဟုတ်လျှင် သူက ကောင်းကင်အာဏာစက်ဘုံ၏ အထွတ်အထိပ်တွင် ရပ်တည်ရန် အရည်အချင်း ပြည့်မီလိမ့်မည် မဟုတ်ပေ။

“ဟောက်ထျန်းမြို့ ကျုပ်တို့ ဝမ်ကလန်က ကောင်းကင်နတ်တံခါးကို ပြန်လာဖို့ ရည်ရွယ်ထားတယ်” အရှေ့ဆုံးတွင် ရပ်နေသည့် ကလန်ခေါင်းဆောင်က ပြောလိုက်သည်။ သူ၏ အသံက နေရာတစ်ခုလုံးကို ပဲ့တင်ထပ်လာသည်။

သူ၏ အသံကို ကောင်းကင်နတ်တံခါး နေရာအနှံ့မှ ကြားနိုင်လေသည်။

ဝမ်ကလန်သည် ကောင်းကင်နတ်တံခါးသို့ ပြန်ရန် ဆန္ဒရှိသည်။

များပြားလှသည့် တန်ခိုးရှင်များက စင်မြင့်ထက်တွင် ပေါ်ပေါက်လာသည်။ ကောာင်းကင်နတ်တံခါးမှ အောက်ခြေတွင် ကောင်းကင်နတ်တံခါး၏ တန်ခိုးရှင်များနှင့် ပြည့်နှက်နေပေသည်။

အထက်တွင် ပုဂ္ဂိုလ်နှစ်ဦးက ဘေးချင်းယှဉ် ရပ်နေကြသည်။ ထိုသူတို့မှာ ကျန်းကလန်နှင့် ဟွားကလန် ခေါင်းဆောင်တို့ ဖြစ်ကြ၏။

“ဝမ်ကလန်က တစ်ချိန်တုန်းက ကောင်းကင်နတ်တံခါးရဲ့ အုပ်ချုပ်သူ အင်အားစု တစ်ခုပဲ။ သူတို့က ကျုပ်တို့ရဲ့ ကောင်းကင်နတ်တံခါးကနေ ထွက်ခွာပြီး ဟောက်ထျန်းမြို့မှာ ထူးခြားလမ်းစဉ်ကို ကျင့်ကြံခဲ့ကြတယ်။ ဝမ်ကလန်က ဟောက်ထျန်းမြို့မှာ မျိုးရိုးအစဉ်အဆက် တည်ရှိခဲ့တယ်” ကျန်းကလန်ခေါင်းဆောင်က အောင်မြင်ထည်ဝါသော အသံဖြင့် ပြောလိုက်သည်။

“အဲဒါကြောင့် ဝမ်ကလန်က ကောင်းကင်နတ်တံခါး စမ်းသပ်မှုကို စိန်ခေါ်ဖို့ ခွင့်ပြုလိုက်တယ်။ ဟောက်ထျန်းမြို့က လူတွေလည်း ဒါကို မျက်မြင်တွေ့ကြရလိမ့်မယ်”

ကောင်းကင်နတ်တံခါးဂိုဏ်းသည် ဟောက်ထျန်းမြို့၏  နတ်တံခါးဖြစ်သည်။ ဟောက်ထျန်းမြို့၏ အင်အားစုများသာလျှင် ကောင်းကင်နတ်တံခါးသို့ ဝင်ရောက်ရန် ခွင့်ပြုချက်ပေးမည် ဖြစ်သည်။

“ဝမ်ကလန်ခေါင်းဆောင် ကျေးဇူးပြုပြီး ကျင့်ကြံဆင့်ကို ပြသပေးပါ” အကြီးအကဲတစ်ယောက်က ကြေညာလိုက်သည်။ ဝမ်ကလန်ခေါင်းဆောင်က ရှေ့သို့ တက်လာကာ ကောင်းကင် နတ်တံခါးအောက်သို့ ရောက်လာ၏။ သူ၏ ခန္ဓာကိုယ်က တဖြည်းဖြည်း လေထဲသို့ တက်လာသည်။ သူ့ခန္ဓာပေါ်တွင် နတ်အလင်းများက တောက်ပနေပြီး ရန်ဟောင်စွမ်းအားများက နေရာတစ်ခုလုံးကို ဖြန့်ကြက်သွားသည်။

ကောင်းကင်နတ်တံခါး အောက်ညက်ရှိ မရေတွက်နိုင်သော လူအများသည် သူ့ထံမှ ထွက်ပေါ်လာသည့် ပြင်းထန်သော စွမ်းအားကို ခံစားမိလေသည်။

“ဝမ်ကလန်မှ ရန်ဟောင်များ ကျေးဇူးပြု ပြီး ကျင့်ကြံဆင့်ကို ပြသပေးပါ” အကြီးအကဲက ဆက်ပြောလိုက်သည်။ ထိုသည်က လျှို့ဝှက် အခြေအနေဖြစ်သည်။ ကလန်တစ်လုအတွက် ကိုးယောက်ထက်ကျော်သော ရန်ဟောင်များ ရှိနေရန် လိုအပ်ပေသည်။

အမှန်တွင်တော့ ဟောက်ထျန်းမြို့ရှိ လူအားလုံး သိကြသည်မှာ ဟောက်ထျန်းမြို့၏ ဤအထွတ်အထိပ် အင်အားစုဖြစ်သော ဝမ်ကလန်သည် ကောင်းကင်နတ်တံခါးဂိုဏ်းသို့ ပြန်ရန် လိုအပ်ချက်များ ပြည့်စုံနေခဲ့သည်မှာ ကြာပြီ ဟူ၍ ဖြစ်လေသည်။

ကြောက်မက်ဖွယ် ရန်ဟောင်စွမ်းအားများက ဝမ်ကလန်ရပ်နေရာ လူအုပ်ထဲမှ တစ်ချိန်တည်းတွင် ပေါက်ကွဲထွက်လာသည်။ ထိုနေရာတွင် ရန်ဟောင်စွမ်းအား ဆယ်ခုကို ခံစားမိသည့်အတွက် သူတို့သည် လိုအပ်ချက်အား ပြည့်စုံသွားသည်မှာ သိသာလှပေသည်။

“အောင်မြင်ပါပြီ” အကြီးအကဲက တုံ့ပြန်လိုက်သည်။ ကလန်ခေါင်းဆောင်သည် ဝမ်ကလန်ရှိရာသို့ ပြန်လာပြီး အရှိန်အဝါများကို ရုပ်သိမ်းလိုက်သည်။ ထို့နောက် အကြီးအကဲက ဆက်လက်ပြောဆိုလိုက်၏။

“ဝမ်ကလန်က အခု ရန်ဟောင်တစ်ပါးနဲ့ ရှန့်ထိုတစ်ပါးကို ရွေးချယ်ပြီး ကောင်းကင်နတ်တံခါးရဲ့ တူရာအဆင့်နဲ့ စိန်ခေါ်လို့ရပါပြီ။ ခင်ဗျားတို့ ကောင်းကင်နတ်တံခါးဂိုဏ်းကို ပြန်ခွင့်ရဖို့ တိုက်ပွဲနှစ်ခုမှာ တစ်ခု အောင်မြင်ရင် ရပါပြီ”

ဝမ်ကလန်မှ လူနှစ်ယောက် ထွက်လာခဲ့သည်။

ရန်ဟောင်တစ်ပါးနှင့် ရှန့်ထိုတစ်ပါး။

ရန်ဟောင်၏ အမည်မှာ ဝမ်ယွိဟူ၍ ဖြစ်ကာ သူ့တွင် ပြင်းထန်အားကောင်းသော စွမ်းအားရှိသည်။ သို့သော်လည်း ဟောက်ထျန်းမြို့ရှိ လူအားလုံးတွေးကြသည်မှာ သူက ကောင်းကင်နတ်တံခါးမှ လိုအပ်သော သတ်မှတ်ချက်အဆင့်ကို မရောက်ရှိသေးဟူ၍ ဖြစ်လေသည်။

ဝမ်ယန်ပင်းသည်သာလျှင် ကောင်းကင်နတ်တံခါးမှ ထိပ်သီးပုဂ္ဂိုလ်နှင့် တိုက်ခိုက်ရန် အရည်အချင်းပြည့်မီလေသည်။

ဝမ်ယန်ပင်းသည် ဝမ်ကလန်မှ ဆင်းသက်လာသည့် ထူးခြားလမ်းစဉ်ကို ကျင့်ကြံခဲ့ပြီး အလွန် အစွမ်းထက်သည့် အဆင့်ထိ ရောက်ရှိခဲ့လေသည်။

သူတို့နှစ်ယောက်လုံးသည် စင်မြင့်အောက်တွင် ရောက်ရှိနေပြီး ကောင်းကင်နတ်တံခါးသို့ မော့ကြည့်လိုက်ကြသည်။

“ကလန်ခေါင်းဆောင်တို့ ကျေးဇူးပြု ပြီး ယှဉ်ပြိုင်မယ့် သူကို ရွေးချယ်ပေးပါ” ထို့နောက် အကြီးအကဲက ကျန်းကလန်နှင့် ဟွားကလန်၏ ခေါင်းဆောင်များကို ပြောလိုက်သည်။

လူနှစ်ယောက် ရှေ့ထွက်လာပြီး မျှော်လင့်ထားသကဲ့သို့ပင် အစွမ်းထက် ရန်ဟောင် ဖြစ်သည်။ ရှန့်ထိုမှာတော့ အခြားသူမဟုတ်ဘဲ ကျန်းထိုက်ချူးပင် ဖြစ်၏။

ကျန်းထိုက်ချူး ဝတ်ဆင်ထားသည့် ဝတ်စုံနှင့် သွင်ပြင်မှာ သူ့ကို ထူးခြားသာလွန်သော သဏ္ဌာန်ဖြစ်ပေါ်စေသည်။ သူ၏ မျက်လုံးများက အောက်ဘက်ရှိ ဝမ်ယန်ပင်းအပေါ်တွင် စူးစိုက်နေသည်။ ဝမ်ကလန်သည် ကောင်းကင်နတ်တံခါးသို့ ပြန်လာရန် ရည်ရွယ်နေလျှင် ဝမ်ယန်ပင်းက သူ့ကို ရှုံးနိမ့်အောင် တိုက်ခိုက်ရန် လိုအပ်သည်။

“နေပါဦး” ထိုအချိန်တွင် ကောင်းကင်နတ်တံခါးမှ အသံတစ်ခုကို ကြားလိုက်ရသည်။

လူအများက အခမ်းအနား၏ အလှည့်အပြောင်းကို ကြည့်ကာ ဇဝေဇဝါ ဖြစ်သွားကြသည်။ ဝမ်ကလန်သည် ကောင်းကင်သို့ မော့ကြည့်လိုက်ပြီး မည်သူက ထိုကဲ့သို့ အရေးကြီးသည့် အချိန်ကာလအား အနှောက်အယှက်ပေးသည်ကို အံ့အားတသင့် ကြည့်ရှုလိုက်သည်။

ဝမ်ကလန်သည် ယနေ့အတွက် အချိန်အကြာကြီး ပြင်ဆင်ခဲ့ရသည်။

သူတို့ ကောင်းကင်နတ်တံခါးသို့ ပြန်မည့်လမ်းအား မည်သူကမှ တားဆီး၍ မရနိုင်ပေ။

ထိုအချိန်တွင် နတ်အလင်းများက ကောင်းကင်နတ်တံခါးမှ ကျဆင်းလာသည်။ ပုံရိပ်တစ်ခုသည် နတ်အလင်းများလွှမ်းမိုးလျက် အထက်မှ အောက်သို့ လျှောက်လှမ်းလာလေသည်။

များပြားလှသော သူများက ထိုပုဂ္ဂိုလ်ကို အလျင်အမြန် သတိပြုမိသွားကြသည်။

သူက အလွန် ချောမောပြီး ထူးခြားထက်မြက်သည့် အမျိုးသားတစ်ဦး ဖြစ်သည်။ သူ၏ အဖြူရောင်ဝတ်စုံက သန့်စင်နေပြီး သူ၏ ဆံပင်တို့အား စုစည်းချည်နှောင်ထားသည်။ သူ့ မျက်လုံးများက တောက်ပနေကာ သူ့ကိုကြည့်ရသည်မှာ စကားလုံးနှင့်ပင် ဖော်ပြခြင်းငှာ မစွမ်းသာပေ။

ထို့ပြင် သူသည် နတ်အလင်းများ၏ လွှမ်းခြုံထားမှုကို ခံရသည်။ သူက သန့်စင်သည့် အလင်းတို့အား ထုတ်လွှတ်လွှမ်းခြုံခံထားရကာ အလွန် ထူးခြားသန့်စင်သည့် အသွင်သဏ္ဌာန်အား ဖြစ်ပေါ်စေသည်။

ကျန်းကလန်ခေါင်းဆောင်က ထိုသူကို မြင်သည့်အခါ သူ့မျက်လုံးများတွင် ပြုံးရိပ်သမ်းသွားသည်။

“သူက ဘယ်သူလဲ” တစ်ယောက်က မေးလိုက်၏။

ဝမ်ကလန်မှ လူအားလုံးသည်လည်း သူ့ကို ကြည့်နေကာ ထိုပုံရိပ်က သူတို့အား တစ်စုံတစ်ယောက်ကို အမှတ်ရစေသည်။

“ဂူတုံးလျှို” အောက်ဘက်ရှိ လူများမှာ သူ့ကို မှတ်မိသွားကြပြီး သူတို့၏ မျက်လုံးများက အရောင်လက်သွားသည်။

ဂူတုံးလျှိုက ပေါ်ပေါက်လာလေသည်။

“အစ်ကိုသုံး” လူအုပ်ထဲတွင် ရှိသော ရီဖူရှင်း၏ မျက်လုံးများတွင်လည်း အပြုံးရိပ်တို့ ထင်ဟပ်လာသည်။ နောက်ဆုံး၌ သူက အစ်ကိုသုံးကို တစ်ဖန် မြင်တွေ့ခွင့်ရခဲ့ပြီ ဖြစ်ကာ သူ၏ အစ်ကိုသုံးက မယုံကြည်နိုင်ဖွယ်ရာ ကောင်းနေသည်။

“တုံးလျှို” ဓားသခင်ကလည်း ခေါ်လိုက်သည်။ သူ့ပခုံးပေါ်က လေးလံမှုက နောက်ဆုံး၌ လျော့ကျသွားခဲ့ပြီ ဖြစ်သည်။

ဂူတုံးလျှိုသည် ယခုတွင် ပြန်လည်မွေးဖွားခြင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။

လူအများတို့၏ နှလုံးသားတို့က တုယင်နေသည်။ သူတို့သည် ဂူတုံးလျှိုက ဤကဲ့သို့ အရေးကြီးသော အချိန်အခါ၌ ထွက်ပေါ်လာလိမ့်မည်ဟု မမျှော်လင့်ခဲ့ကြပေ။

ထိုဒဏ္ဍာရီပုဂ္ဂိုလ် ဂူထျန်းရှင်း ဖန်တီးခဲ့သည့် သူက အမှန်တကယ်ပင် ပြန်လည်မွေးဖွားခြင်းအဆင့်သို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။

ယခု သူက မည်မျှ အားကောင်းလာလိမ့်မည်နည်း။

ဝမ်ကလန်က ယနေ့တွင် ကောင်းကင်နတ်တံခါးသို့ ပြန်ရန် ရည်ရွယ်နေခဲ့သည်။

ကောင်းကင်နတ်တံခါး၏ ဂူတုံးလျှိုက တစ်ကိုယ်တည်း ကျင်ကြံနေရာမှ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။

***

All Chapters