← Chapters

သနားစရာကောင်းသောဂေါင်မျိုးနွယ်

Vol. 115 Ch. 1607

သနားစရာကောင်းသောဂေါင်မျိုးနွယ်

Vol. 115 Ch. 1607

ထောင်ယိရွှမ်သည် ထိုဘက်သို့ကြည့်လိုက်သည်။ ခြံဝန်းမှာ သာမန်ခြံဝန်း ပင်ဖြစ်ကာ ထူးခြားမှုတစ်စုံတရာရှိပုံမပေါ်ပေ။

“အဲဒီကလူတွေက အရမ်းအားကောင်းလို့လား” သူ မေးလိုက်သည်။

“သူတို့က ဖန်မျိုးနွယ်ကလေ” ဘဏ္ဍာထိန်းပြောလိုက်လေသည် “ခင်ဗျား ဖန်မျိုးနွယ်ကိုတော့ သိမှာပေါ့ ဟုတ်တယ်မလား”

ထိုအချိန်တွင် ထောင်ယိရွှမ်၏ အံ့အားသင့်မှုသည် ထိတ်လန့်မှုအဖြစ် ပြောင်းသွားလေသည်။ သူမက ဖန်မျိုးနွယ်နဲ့တောင် ဆက်နွယ်နေတာလား။

ဖန်မျိုးနွယ်…. တခြားသူမသိလျှင်တောင် ပျောက်ဆုံးနေသောနယ်မြေမှ လူများသည် သေချာပေါက်သိကြသည်။ သူတို့က လက်ကျန် အံ့ဖွယ်မျိုးနွယ် တွေမလား။

ကျွန်းသခင်သည် အံ့ဖွယ်မျိုးနွယ်၏ မျိုးဆက်ဖြစ်သည်ဟု ပြောကြသော် လည်း ထွတ်မျိုးနွယ်တွင်တော့ နည်းပါးလှသည်။ သူတို့ ထိုနေရာသို့ ရောက်ချိန် တွင် အဖွဲ့ခွဲတစ်ခုသာ ဖြစ်နိုင်သည်။ တခြားသူများသည် အံ့ဖွယ်မျိုးနွယ် ၏ ထောက်ပံ့သူများသာဖြစ်သည်။

ထို့ကြောင့်ပင် အံ့ဖွယ်မျိုးနွယ်သည် ဖန်မျိုးနွယ်တစ်ခုသာရှိသည်။

ဖန်မျိုးနွယ်သာ ဤနေရာသို့လာလိုပါက ထွတ်မျိုးနွယ်ဝင်များသည် ကျွန်းသခင်အနေနှင့် နေရန် မည်သို့အခွင့်အရေးရှိတော့မည်နည်း။

“ဖန်မျိုးနွယ်ဝင်တွေက ဒီမှာလာလုပ်ကြတာလဲ”

“ဒီလိုပါ မိန်းကလေးယူယူက ဖန်မျိုးနွယ်ရဲ့သခင်နဲ့ ဆက်ဆံရေးကောင်း ကြတယ်၊ သူမရဲ့အဒေါ်အဖြစ်တောင် အသိအမှတ်ပြုထားတာ ဖန်ရူယန်က သူ တို့ကို သူမရဲ့လုံခြုံရေးကြောင့် ပို့ပေးလိုက်တာ”

ထောင်ယိရွှမ် နှုတ်ခမ်းတွန့်မသိသည်။ ဖန်မျိုးနွယ်က သူမရဲ့ ကိုယ်ရံ တော်အနေနဲ့ ရောက်လာတာလား။ သူမသည် အပြင်မျိုးနွယ်မှ သာမာန်လူဟူ၍ သာ အစက သူထင်ထားခဲ့သည်။ သူမတွင် ဤကဲ့သို့ မြင့်မားသော အဆင့်အတန်းရှိလိမ့်မည်ဟု ထင်မထားပေ။

ဘဏ္ဍာထိန်းသည် သူ့ကိုနေရာမချခင် လမ်းတစ်လျှောက်လုံး အဆုံးမရှိ အောင်ပြောပြီး ထွက်သွားလေသည်။

သူတစ်ယောက်တည်း ကျန်ခဲသည်နှင့် ထောင်ယိရွှမ်သည် အိပ်ရာပေါ်လှဲ လိုက်သည်။ သူသည် ရှီမာယူယူနှင့် အခြေအနေကို စတင်တွက်ချက်တော့ သည်။

သေချာပေါက် ပြောင်းလဲရမည့် ကိစ္စတချို့ရှိသည့်ပုံပင်။

သို့သော် သူ မတတ်သာဘဲ ပြုံးလိုက်သည်။ သူမ သန်မာလေလေ သူ့ အတွက်ပိုကောင်းလေ မဟုတ်ပါလား။

ရှီမာယူယူသည် လောကအသေးထဲတွင် ထောင်ယိရွှမ် ဖြစ်ပျက်နေပုံကို သတိမထားနိုင်ပေ။ သူတို့အဖွဲ့သည် ယုန်နားရွက်တောင်မှထွက်ခွာပီဲး ဂေါင်မျိုးနွယ်သို့ ပြန်လာလိုက်သည်။

ဘေးကင်းစေရန်အတွက် ရှီမာယူယူသည် ဂေါင်ရင်တကို ဂေါင်မျိုးနွယ်မှ တခြားသူများအပါအဝင် အားလုံးကိုလျှို့ဝှက်ထားရန် ပြောလိုက်သည်။ သူ သည် ယုန်နားရွက်တောင်တွင် ဝိညာဉ်သားရဲများဖြင့်တွေ့ခဲ့ရာ ရှီမာယူယူတို့မှ ကယ်ခဲ့သည်ဟူ၍သာ ပြောလိုက်သည်။

ဂေါင်မျိုးနွယ်ဝင်များကြားသောအခါ သူမသည် သူတို့၏ ကျေးဇူးရှင်ဟု ဆိုလေသည်။ ထို့ကြောင့် သူမကိုဂေါင်မျိုးနွယ်မှ ဝမ်းပန်းတသာကြိုဆိုလေ သည်။

ဂေါင်မျိုးနွယ်မှ လူတစ်ယောက်ချင်းစီသည် ရိုးသားသောလူဖြစ်နေသည် မှာ ပြောရန်ပင်မလိုပေ။ ထိုကဲ့သို့သော မိသားစုကို အဆိုစကားတစ်ခုနှင့် တင်စားရမည် - ကြီးမားသောသစ်ပင်အောက်တွင် အရိပ်ကောင်းသည်။

အဲဒါကြောင့် သူတို့က ‌ဂေါင်မျိုးနွယ်ကို ယုံထားတာကိုး။

ရက်အနည်းငယ်ကြာပြီးနောက် ရှီမာယူယူသည် ဂေါင်ရင်တနှင့် ဂေါင်ရှင်း တို့အဖွဲ့နောက်လိုက်ကာ ဇာမဏီမြို့တော်သို့ တိုက်ရိုက်သွားလိုက်သည်။

ထိုနေရာသည် ဖြတ်လမ်းတည်ဆောက်မှုများကို မထောက်ပံ့ပေးသဖြင့် အရေအတွက်မများပေ။ ပြီးခဲ့သည့်တစ်ခေါက်က ရှီမာယူယူနှင့် တခြားသူများ သည် အတန်ကြာအောင် တန်းစီပြီး ဖြတ်လမ်းတည်ဆောက်မှုသုံးရလေသည်။

ထို့အပြင် ကျွန်းမှလူများသည် တခြားသူ၏ ဖြတ်လမ်းတည်ဆောက်မှုကို နှစ်သက်ပုံမရပေ။ ဂေါင်မျိုးနွယ်သည် မျိုးနွယ်မှထွက်ခွာလျှင် သားရဲပျံများစီး ပြီး ကိုယ်ပိုင်ဖြတ်လမ်းတည်ဆောက်မှု လုပ်ကြလေသည်။

ရှီမာယူယူသည် ခရီးစဉ်တစ်လျှောက် ဂေါင်ရင်တနှင့် ဂေါင်ရှင်းတို့နောက် လိုက်ခဲ့သည်။ တခြားသူများကို ဝိညာဉ်စေတီအတွင်း ထည့်ခဲ့လိုက်သည်။

ဂေါင်ရင်တသည် သူတို့လောကအသေးသို့ ပို့လိုက်သည်ဟု ထင်ထား သောကြောင့် များများစားစားမမေးပေ။

သူတို့ ဖြတ်လမ်းတည်ဆောက်မှု မသုံးသည်ကို ရှီမာယူယူမြင်သောအခါ ခပ်ဖြည်းဖြည်းပင် လှည့်ပတ်လမ်းလျှောက်ခဲ့သည်။ သူမသည် ကျွန်းရှုခင်းကို ကြည့်ပြီးသားဖြစ်သွားသည်။

“ဦးလေးဂေါင် ဒီလိုမျိုးခရီးသွားရင် အန္တရာယ်မဖြစ်နိုင်ဘူးလား၊ ဓားပြ အတိုက်ခံရတာမျိုးလေ” သူမသည် သိချင်စိတ်ဖြင့် မေးလေသည်။

သူတို့သုံးယောက်တည်းသာဖြစ်ရာ သူတို့ကိုမြင်လျှင် သွေးဆောင်နေ သလိုဖြစ်မနေဘူးလား။

“ဟားဟား မဖြစ်ပါဘူး ဒီနေရာက ထောင်မျိုးနွယ်ရဲ့ အကာအကွယ် အောက်မှာရှိတယ် ငါတို့က လက်ဆောင်ပဏ္ဏာပေးနေသရွေ့ ဘယ်သူမှလာ မထိရဲဘူး၊ ငါတို့ကိုတကယ်ပဲ သတ်ချင်တဲ့သူရှိရင် ထောင်မျိုးနွယ်လက်အောက် က အဖွဲ့ခွဲဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ အသတ်ခံရမှာပဲ” ဂေါင်ရင်တ ပြောလိုက်သည် “ငါတို့ကိုသတ်ဖို့လွယ်တယ် ဒါပေမဲ့ ထောင်မျိုးနွယ်ကို ပြစ်မှား မိသွားမှာပဲ”

“အဲလိုကိုး”

ထောင်မျိုးနွယ်သည် ထိုလူများ၏ သေရေးရှင်ရေးကို စိတ်မဝင်စားပေ။ သို့သော် သူတို့ကိုပြစ်မှားလာသည်နှင့် ထိုလူများသည် သေချာပေါက် သေရ မည်ဖြစ်သည်။

ထို့ကြောင့်ပင် ထောင်မျိုးနွယ်သည် တစ်ဦးနှင့်တစ်ဦးသတ်ရန်ကြိုးစား သည့် မျိုးနွယ်များကို ဂရုမစိုက်ပေ။ သို့သော် ဤနေရာတွင် လက်ဆောင်ပဏ္ဏာ တောင်းပါက ထောင်မျိုးနွယ်နှင့် သက်ဆိုင်သွားပြီဖြစ်သည်။

အဲဒါကြောင့် သူတို့က ဒီလိုပုံစံနဲ့ ခရီးသွားရဲတာကိုး။

“ဒါဆိုရင် အပြန်လမ်းကြောင်းကို ဘယ်လိုလုပ်မှာလဲ”

“ဒီတစ်ခေါက် အခွန်ပေးရမှာက အချိန်ကြာလိမ့်မယ် မျိုးနွယ်ဝင်တွေ လည်း အချိန်တစ်ခုပြီးမှ သွားလိမ့်မယ်၊ အဲအချိန်ကျမှ ငါတို့တွေ ဆက်သွယ်ရုံပဲ အခုသွားလိုက်ရင်လည်း နေထိုင်စရိတ်က ပြဿနာကြီးဖြစ်နေမှာ” ဂေါင်ရင်တ သည် အနည်းငယ်ရှက်ရွံ့စွာဖြင့်ပြောလေသည်။

ရှီမာယူယူ မှင်တက်သွားမိသည်။ ဂေါင်မျိုးနွယ်၏ အခြေအနေမှာ မဆိုးလှဟု သူမ ထင်မိသည်။ ဤအခြေအနေလောက်ထိ ချို့တဲ့လိမ့်မည်ဟု သူမ ထင်မထားပေ။ နေထိုင်စရိတ်ပင်လျှင် သူတို့အတွက် ပြဿနာကြီးဖြစ် နေသည်။

သို့သော် ထောင်ယိရွှမ်သာ ပြန်ထလာနိုင်သည်နှင့် ယုန်နားရွက်တောင် တွင်ရှိစဉ်က သူ့အတွက် စွန့်စားပေးခဲ့သည်ကို ထည့်တွက်လျှင် ဂေါင်မျိုးနွယ်၏ ဘဝမှာ ခက်ခဲတော့မည်မဟုတ်ပေ။

သူတို့ပြောသလိုပင် လမ်းတွင် သူတို့ကိုနှောင့်ယှက်သူရှိပါက ထောင် မျိုးနွယ်အား လက်ဆောင်ပဏ္ဏာဆက်ရန်သွားသည်ဟု ပြောလိုက်သည်နှင့် ထိုလူများသည် ပြေပြေလည်လည်ပင် ဖြတ်သွားခွင့်ပြုလေသည်။

လတစ်ဝက်မပြည့်ခင်မှာပင် သူတို့သည် ဇာမဏီမြို့တော်သို့ရောက်လေ သည်။ ထိုမျှနီးလိမ့်မည်ဟု ရှီမာယူယူ ထင်မထားပေ။ အဲဒါကြောင့် သူတို့က ဖြတ်လမ်းတည်ဆောက်မှုမသုံးကြတာကိုး။

သူတို့ ဖြတ်လမ်းတည်ဆောက်မှု မသုံးချင်သည့်အကြောင်းအရင်းမှာ ပိုက်ဆံချွေတာရန်ဖြစ်ကြောင်းကိုတော့ သူမ မဖော်ထုတ်တော့ပေ။

“ပျောက်ဆုံးနေတဲ့နေရာက အဲလောက်မကြီးပေမဲ့ မြို့ကြီးလေးမြို့ရဲ့ ဆက်ဆံရေးက မကောင်းဘူး၊ တခြားနေရာကိုသွားပြီး ပြဿနာမရှာအောင်လို့ စစ်ဆေးတာတွေက တင်းကြပ်တယ် ဒါပေမဲ့ ငါတို့ကတော့ မမေးခံရဘူး အဲအချိန်ကျရင် ငါတို့နောက်ကိုသာလိုက်ခဲ့” ဂေါင်ရင်တသည် ရှီမာယူယူကို ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ”

သူတိုမြို့အပြင်သို့ရောက်သောအခါ သူမသည် ဂေါင်ရင်တနောက်သို့ အနီးကပ်လိုက်ခဲ့သည်။ သို့သော် သူမသည် သတိထားခံနေရတုန်းပင်။

“လောင်ဂေါင် ဒါကဘယ်သူလဲ” အစောင့်သည် ဂေါင်ရင်တနှင့် ဆက်ဆံ ရေးအဆင်ပြေသည်။ သို့သော် သူတို့ကို နားနေသေးသည်။

“ဒါက ငါအပြင်မှာ ရင်းနှီးလာတဲ့မိတ်ဆွေပါ” ဂေါင်ရင်တသည် ပြုံးပြီး ပြောလိုက်သည် “ငါတို့ အပြင်သွားတုန်းကို သူမနဲ့ သိလာတာ ၊ သူမကလည်း ဒီတစ်ခေါက် လုပ်စရာလေးတွေရှိလို့လာတာ”

“အပြင်ကလူလား” အစောင့်သည် မျက်မှောင်ကို အသာအယာကြုတ် လိုက်သည် “လောင်ဂေါင် လတ်တလောအခြေအနေတွေက တင်းမာနေတာ သိတယ်မလး၊ ကြက်သွေးရောင်ပုလဲတွေ့ဆုံပွဲကလူတွေက ဇာမဏီမြို့တော်ကို မဝင်ရဘူး”

“ဘာလို့လဲ” ဂေါင်ရင်တသည် သိချင်စိတ်ဖြင့် မေးလိုက်သည်။

“ဘာလို့လဲတော့မသိဘူး အထက်ကအမိန့်ပဲ” အစောင့်သည်လည်း ထူးဆန်းသည်ဟု ခံစားရသည်။ သို့သော် သူတို့ ငြင်းဆန်မရပေ။

“ကြက်သွေးရောင်ပုလဲတွေ့ဆုံပွဲနဲ့ပတ်သက်လို့ကတော့ မစိုးရိမ်ပါနဲ့ သူမ က ဒီမှာရှိတဲဆေးပင်တွေကြည့်ချင်လို့ ငါ့ကိုလာရှာတာပါ ကြက်သွေးရောင်ပုလဲ တွေ့ဆုံပွဲကြောင့်လာတာမဟုတ်ဘူး” ဂေါင်ရင်တ ရှင်းပြလိုက်သည်။

“တကယ်လား” အစောင့်သည် သူ့ကိုမယုံကြည်ပေ။

“တကယ်ပြောတာ အစ်ကိုကြီး ကြက်သွေးရောင်ပုလဲတွေ့ဆုံပွဲကို တစ်ယောက်တည်းလာတဲ့သူကို မမြင်ဖူးဘူးမလား” ရှီမာယူယူ ပြုံးပြီးပြော လိုက်သည်။

အစောင့်သည် စဉ်းစားကြည့်ပြီးနောက် သဘောတူလိုက်သည်။ ပုံမှန် ဆိုလျှင် အဖွဲ့လိုက်လာရောက်ကြကာ တစ်ဦးတည်းလာသည်မှာ မရှိကြပေ။

သူသည် သူတို့ကိုလက်ဝှေ့ယမ်းပြလိုက်သည်။ “လောင်ဟောင် ငါတို့က ဂေါင်မျိုးနွယ်ဝင်တွေကို ယုံတယ် ဝင်လို့ရပြီ”

“ဟုတ်ပါပြီ ယုံပေးလို့ကျေးဇူးတင်ပါတယ် ငါတို့က ချက်ချင်းပြီးမပြန် သေးပါဘူး သေရည်ဆိုင်သွားပြီး တစ်ခွက်လောက် သောက်ကြတာပေါ့” ဂေါင်ရင်တ ပြောလိုက်သည်။

“ဟုတ်ပြီ မင်းပြောတာနော်”

“ပြဿနာမရှိဘူး”

သည်လိုနှင့် ဂေါင်ရင်တသည် သူမကို ဇာမဏီမြို့အတွင်းသို့ ချောမွေ့စွာ ခေါ်သွားလိုက်တော့သည်။ နောက်ပိုင်းပြဿနာကြီး ဖြစ်လာမှပင် ထိုအစောင့် သည် သူ၏ပေါ့ဆမှုကြောင့်ဖြစ်သည်ကို သိလိုက်ရသည်။ ကံကောင်းသည်မှာ ထိုနေ့က အစောင့်သည် သူဖြစ်နေသည်ကို မည်သူမှသတိမထားမိလိုက်ခြင်း ဖြစ်သည်။

သူတို့သည် မြို့ထဲသို့ဝင်ပြီး အရင်နေဖူးသော နေရာသို့သွားလိုက်ကြ သည်။ သူတို့သည် သေးငယ်သော်လည်း သန့်ရှင်းသော တည်းခိုဆောင်ကို ရှာ ကြလေသည်။

ဂေါင်မျိုးနွယ်….. တကယ်ပဲ သနားစရာကောင်းပါလား။

***

All Chapters