← Chapters

ငါးစာဟပ်မိခြင်း

Vol. 115 Ch. 1608

ငါးစာဟပ်မိခြင်း

Vol. 115 Ch. 1608

ဇာမဏီမြို့တော်သို့ဝင်ပြီးနောက် ရှီမာယူယူသည် အစီအစဉ်ကို စတင် အကောင်အထည်ဖော်တော့သည်။

နောက်နေ့မနက်တွင် သူမနှင့် ဂေါင်ရင်တတို့သည် ခင်းကျင်းထားသော ဆိုင်တစ်ဆိုင်သို့သွားလိုက်သည်။ သူတို့ဝင်လိုက်သည်နှင့် ဆိုင်မဟုတ်သည်ကို သိလိုက်ရသညသ်။ ထိုနေရာတွင် ပစ္စည်းလေးများ ပြသထားသော်လည်း ဆိုင်ရှင်တစ်ယောက်သာရှိကာ ဧည့်သည်များမရှိကြပေ။

ထိုလူသည် ဂေါင်ရင်တကိုမြင်သောအခါ ခပ်ဖျော့ဖျော့ပင်ပြောလေသည် “ဂေါင်မျိုးနွယ်က ဒီနှစ်ပေါ်မလာတော့ဘူးလို့ထင်နေတာ”

“ဘာလို့ပေါ်မလာရမှာလဲ မျိုးနွယ်ရဲ့ ကမ်းလှမ်းချက်ကို အချိန်မှီလုပ်ရမှာ ပေါ့” ဂေါင်ရင်တသည် ပြုံးပြီးနောက် မတူညီသော ဆေးပစ္စည်းနှစ်ခုထုတ် လိုက်သည် “ဒါက ဒီနှစ်ပေးတဲ့ဟာပဲ”

ဂေါင်ရင်တ တစ်စုံတစ်ခုကိုထုတ်ပေးလိမ့်မည်ဟု မည်သူမှထင်မထားကြ ပေ။ သူသည် သေတ္တာဖွင့်လိုက်ရာ နှစ်တစ်ထောင်သက်တမ်းရှိ ဆေးပင်နှစ်မျိုး ကိုမြင်သောအခါ စပ်စုချင်စိတ်ဖြင့်မေးလေသည် “ဒီနှစ်ကို ပစ္စည်းကောင်း မရနိုင်ဘူးလို့ပြောခဲ့တာမလား ဒါကိုဘယ်လိုရတာလဲ”

“ကျုပ်တို့က ယုန်နားရွက်တောင်ကို ဟိုးအနက်ထဲထိသွားခဲ့တာ၊ ကံက ကိုယ့်ဘက်ပါတော့ ဒီနှစ်ခုကိုရခဲ့တာပဲ ဒါပေမဲ့ လူလည်းပေးဆပ်လိုက်ရတယ် ဟူး…” ဂေါင်ရင်တသည် သက်ပြင်းရှည်ချလိုက်သည်။

သူသည် လိမ်နေသည်မဟုတ်။ သူတို့ထဲမှ လူတချို့သည် အမှန်တကယ် ပင် သေဆုံးခဲ့သည်။ သို့သော် သူတို့သည် ဆေးပင်များရှာခြင်းကြောင့်မဟုတ်ဘဲ ထန်းမျိုးနွယ်မှ သတ်သွားခြင်းဖြစ်သည်။

ဆိုင်ရှင်သည် ထပ်မမေးတော့ဘဲ သူတို့ပစ္စည်းကို စာအုပ်ထဲရေးမှတ်လိုက် ရာ သူတို့၏ အခွန်ပဏ္ဏာဆက်သမှု အောင်မြင်သည်ဟု မှတ်ယူလိုက်ရတော့ သည်။

“ဟုတ်ပြီ အခုသွားလို့ရပြီ နောက် ၁၀ရက်နေရင် မျိုးနွယ်တွေ့ဆုံပွဲကို တက်ဖို့မမေ့နဲ့” ဆိုင်ရှင်သည် အချိန်ကုန်မခံနိုင်သည့်အလား သူတို့ကို လက်ယမ်းပြကာ မောင်းထုတ်လေသည်။

ဂေါင်ရင်တသည် သူ့ကိုလက်သီးဆုပ်ဖြင့် နှုတ်ဆက်ကာ ရှီမာယူယူနှင့် အတူထွက်လာခဲ့လိုက်သည်။

သူတို့ထွက်သွားသည်နှင့် ဆိုင်ရှင်သည် ရုတ်တရက် ပြောလာသည် “ဪ ဟုတ်သားပဲ ထန်း‌ဖေးက သူ့လူတွေနဲ့ ယုန်နားရွက်တောင်ကိုသွားမယ် လို့ကြားတယ် သူ့ကိုမြင်မိသေးလား”

“ထန်းဖေးလည်း သွားတာလား မတွေ့ပါဘူး” ဂေါင်ရင်တသည် အလန့် တကြားပြောလေသည်။

ဆိုင်ရှင်သည် သူ့ကိုတစ်ချက်ကြည့်ပြီးနောက် ဘာမှမပြောတော့ဘဲ ခေါင်းငုံ့သွားရာ သူတို့သည်ထိုနေရာမှ ထွက်လာခဲ့လိုက်သည်။

သူတို့ လမ်းများဆီသို့ရောက်ချိန်တွင် နေ့လည်အချိန်အခါရောက်နေပြီ ဖြစ်သည်။ ဂေါင်ရင်တသည် ဂေါင်ရှင်းကိုပြောလိုက်သည် “ယူယူက ဒီကို ပထမဆုံးရောက်ဖူးတာဆိုတော့ ဆေးပင်တွေဘာတွေလိုဦးမလားလို့ သူမကို ဆေးဆိုင်တွေကိုသွားပတ်ပြလိုက်ဦး၊ ငါသွားသောက်ပြီး သူတို့နဲ့ စကားပြော လိုက်ဦးမယ်”

“ဟုတ်ပြီလေ”

ဂေါင်ရင်တထွက်သွားပြီးနောက် ရှီမာယူယူသည် ဂေါင်ရှင်းအားပြုံးပြီး ပြောလိုက်သည် “အစ်ကိုကြီးဂေါင် ဒုက္ခပေးမိတဲ့အတွက် တောင်းပန်ပါတယ်”

“မဟုတ်တာ သွားကြမယ်လေ ဆေးဆိုင်ကိုခေါ်သွားပေးမယ်” ဂေါင်ရှင်း ပြောလိုက်သည်။

“အင်း”

ရှီမာယူယူသည် ဂေါင်ရှင်းနောက်လိုက်သွားရာ လမ်းနှစ်ကွေ့ချိုးပြီး နောက်တွင် ဆေးဆိုင်ကိုရောက်လေသည်။

သူမသည် ငွေရေပင်ဆိုသည့် အပင်ကိုပြောကြည့်သည်။ ပျောက်ဆုံးနေ သောနယ်မြေတွင်သာရှိနိုင်သည့်အရာ၊ ရှားပါးသောအရာကို ဂေါင်ရင်တကို မေး ကြည့်သည်။ သူမသည် ပိုရှားပါးသော နှစ်နှစ်ရာသက်တမ်းရှိသည့် ဆေးပင်ကို မေးမြန်းကြည့်လိုက်သည်။

ဆိုင်ရှင်သည် မည်သည့်အရာမှမရှိသဖြင့် တခြားနေရာတွင်သာ သွားရှာ ရန် ပြောလေသည်။ ထိုကြောင့် သူတို့သည် တခြားဆေးဆိုင်များကိုပါ သွား လိုက်ကြတော့သည်။

ထို့နောက် သူတို့သည် ငွေရေပင်ရလိုက်သော်လည်း သူမလိုချင်သည့် သက်တမ်းမရှိပေ။ ထို့ကြောင့် သူတို့သည် ဘာမှမရလိုက်ဘဲ နေ့လည်ခင်းတစ် ပိုင်းလုံး ပတ်ကြည့်လိုက်ရုံသာရှိလေသည်။

တည်းခိုဆောင်သို့ ပြန်ပြီးနောက် ဂေါင်ရှင်းသည် ရှီမာယူယူကို ပြောလေ သည် “ငါတို့ဈေးဝယ်ထွက်တုန်းက နောက်ယောင်ခံအလိုက်ခံနေရတယ်”

“အဲလူက ကျွန်မတို့လိုချင်နေတဲ့လူလားမသိဘူး” ရှီမာယူယူသည် နေ့လည်ခင်းတစ်ပိုင်းလုံး စောင့်ကြည့်ခံနေရသည်ဟု ခံစားရသည်။

“မဟုတ်ရင် ဘာဖြစ်မလဲ”

“မဟုတ်ရင် မသွားသင့်ဘူးလေ” ရှီမာယူယူ ရယ်မောလိုက်သည် “အဲလူ နောက်ကလွဲပြီး ဘယ်သူ့နောက်မှမလိုက်ဘူး”

“ဟုတ်ပြီ ကောင်းကောင်းနားလိုက်ဦး မနက်ဖြန်ကို ဆက်သွားကြမယ် ဇာမဏီမြို့တော်မှာ ဆေးဆိုင်တွေရှိသေးတယ်” ဂေါင်ရှင်း ပြောလိုက်သည်။

“ဒီနေ့သွားခဲ့တာတွေက သာမာန်ဆိုင်တွေပဲ မနက်ဖြန်ကျမှ ထောင် မျိုးနွယ်အောက်က ဆိုင်တွေကိုသွားကြည့်ကြမယ်” ရှီမာယူယူ ပြောလိုက် သည်။

ထိုသို့လုပ်မှသာ သူတို့သည် ငါးစာဟပ်မိမည်ဖြစ်သည်။

ထိုညတွင် ဂေါင်ရင်တသည် ပြန်မလာပေ။ သူသည် အမြဲတမ်းထိုသို့ဖြစ် တတ်သည်ဟု ဂေါင်ရှင်းပြောသဖြင့် မည်သူမှ သူ့ကိုဂရုမစိုက်ကြတော့ပေ။ နောက်နေ့မနက်ခင်းတွင် သူတို့သည် ဆေးဆိုင်ဆီသို့ ဆက်သွားကာ ဆေးပင် များအကြောင်း မေးမြန်းတော့သည်။

သူတို့သည် အကြီးဆုံးဆေးဆိုင်သို့သွားလိုက်သည်။ မနက်အစောပိုင်း ဖြစ်သော်လည်း ထိုနေရာတွင် လူများစွာရောက်နေသည်။

ရှီမာယူယူသည် ဝင်လာကတည်းကပင် အပေါ်ထပ်မှ သူမကိုစောင့်ကြည့် နေသူရှိကြောင်း အာရုံခံမိသည်။ သို့သော် သူမသည် သတိပြုမိပုံမပြဘဲ ကောင်တာဆီသို့သွားကာ ဝန်ထမ်းများကိုမေးလိုက်သည် “ဒီမှာ သက်တမ်း နှစ် နှစ်ရာကျော်ရှိတဲ့ ငွေရေပင်ရှိလား”

“နှစ် နှစ်ရာသက်တမ်းအထက် ငွေရေပင်လား ရှိမယ်ထင်တယ်” ဆိုင် တာဝန်ခံမှပြောလိုက်သည်။

“တကယ်လား” ရှီမာယူယူသည် စိတ်လှုပ်ရှားသွားသည် “ကျွန်မဝယ်မယ်”

“အဲလောက်လည်း ပျော်မသွားနဲ့ဦး မင်းပြောတဲ့ဆေးပင်က အရမ်းရှား တယ် စာရင်းထဲမှာပြန်ကြည့်ရဦးမယ်” ဆိုင်တာဝန်ခံမှ ပြောလိုက်သည်။

“ဟုတ်ပြီလေ”

“ဒီမှာစောင့်ပေးပါ” ဆိုင်တာဝန်ခံသည် ပြောပြီးသည်နှင့် စာရင်းစာအုပ် ထုတ်ပြီး ကြည့်လေသည်။

သူတို့ အတန်ကြာအောင်စောင့်ပြီးနောက်တွင် ဆိုင်တာဝန်ခံပြန်ရောက် လာသည် “ဧည့်သည်တော်တို့ မင်းတို့ကံကောင်းတယ် ဒီမှာနောက်ဆုံးတစ်ခုပဲ ကျန်တယ်၊ ပြောပြမယ် ဒီမှာမရှိရင် တခြားဘယ်နေရာမှရှိမှာမဟုတ်ဘူး၊ အဲဒါကြောင့် ဒါက နှစ်နှစ်ရာသက်တမ်းရှိတဲ့ နောက်ဆုံးငွေရေပင်ဖြစ်နိုင်တယ်”

“ကြည့်ရတာ ကံတရားက ကျွန်မဘက်မှာရှိတဲ့ပုံပဲ” ရှီမာယူယူ ပြုံးလိုက် သည်။

“နှစ်နှစ်ရာသက်တမ်းရှိတယ်ဆိုတော့ ဈေးနှုန်းကလည်း မြင့်သွားမှာပဲ”

“အဲဒီဆေးပင်ကို ရနိုင်မယ်ဆိုရင် ဈေးကပြဿနာမဟုတ်ပါဘူး” ရှီမာယူယူသည် ရဲတင်းစွာပင် ပြောလိုက်သည်။

“ခဏလောက် စောင့်ပေးပါ အရေးကြီးတဲ့ဆေးပင်တွေအကုန်လုံးကို အနောက်မှာထားထားလို့ သွားယူပေးပါမယ်”

“ဟုတ်ကဲ့ပါ ဒုက္ခပေးမိလို့ တောင်းပန်ပါတယ်”

ဆိုင်ရှင် အနောက်သို့ဝင်သွားသည်နှင့် လူတစ်ယောက်မှ သူ့ကိုတားလေ သည်။

“ဒုသခင်က မင်းကိုရှာနေတယ်” ထိုလူ ပြောလေသည်။

ဆိုင်တာဝန်ခံသည် ထိတ်လန့်သွားကာ ဒုတိယအထပ်မှ အခန်း တစ်ခန်းဆီသို့ နောက်မှလိုက်သွားလိုက်သည်။

“ဒုသခင်ကို နှုတ်ဆက်ပါတယ်” သူသည် ဒူးထောက်ပြီး အရိုအသေပြု လေသည်။

“မင်း ဧည့်ခံနေတဲ့ မိန်းကလေးက ဘာလိုချင်တာလဲ” ဒုသခင် မေးလေ သည်။

“ဒုသခင်ကို ပြန်ဖြေပါတယ် သူမက နှစ်နှစ်ရာသက်တမ်းအထက်ရှိတဲ့ ငွေရေပင်ကို လိုချင်တာပါ” ဆိုင်ရှင် ပြန်ဖြေလေသည်။

“ဆိုင်မှာရှိလို့လား”

“နောက်ဆုံးတစ်ခုရှိပါတယ်”

“အင်း ဒါဆိုငါ့ကိုယူလာခိုင်းလိုက်” ဒုသခင် အမိန့်ပေးလေသည်။

“ဒါက…” ဆိုင်တာဝန်ခံသည် ထိတ်လန့်သွားပြီး မည်သို့တုံ့ပြန်ရမည်ကို မသိပေ။ ဒုသခင်သည် ကာမလိုက်စားသည်ကို ပြန်တွေးမိပြီး ခေါင်းငုံ့ကာ ပြန် ဖြေလိုက်သည် “ဘာလုပ်ရမလဲဆိုတာ ကျွန်တော်သိပါပြီ”

ရှီမာယူယူသည် အတန်ကြာသည်အထိစောင့်ပြီးနောက် ဆိုင်ရှင်၏ အပြစ်မကင်းသော အကြည့်ကိုမြင်ရလေသည်။

“တောင်းပန်ပါတယ် ကျွန်တော် အနောက်ကိုသွားကြည့်လိုက်တော့ ငွေရေပင်ကို ဒီနေ့မနက်ပဲ မျိုးနွယ်ကို လက်လွှဲပေးလိုက်ပါပြီ”

“မရှိတော့ဘူးလို့ ပြောနေတာလား”

“ဟုတ်ပါတယ် မနေ့ကလာရင်တော့ ရနိုင်တယ် ဒါပေမဲ့ အခုတော့ မရှိ တော့ပါဘူး တောင်းပန်ပါတယ်” ဆိုင်တာဝန်ခံ တောင်းပန်လေသည်။

သူမ မျက်နှာပျက်သွားသည်။ အားတုံ့အားနာဖြစ်နေသော ဆိုင်တာဝန်ခံ ကိုကြည့်ပြီး သူမသည် လက်ယမ်းထုတ်ကာ ပြောလိုက်သည် “အဲဒါရှင့်အမှားမှ မဟုတ်တာ ဒီမှာမရှိရင် တခြားနေရာမှာရှာကြည့်တာပေါ့”

“ငွေရေပင်က အရမ်းရှားတယ် အခုလေးတင်ပြောလိုက်တာလေ ဒီမှာမရှိ ရင် တခြားဆေးဆိုင်တွေမှာလည်း ရှိမှာမဟုတ်ဘူး” ဆိုင်တာဝန်ခံပြောလိုက် သည်။

“ကျွန်မသိပါတယ် ဒါပေမဲ့ ကြိုးစားကြည့်တာပေါ့” သူမသည် ပြောပြီး သည်နှင့် စိတ်ပျက်သောမျက်နှာဖြင့် လှည့်ထွက်လာလိုက်သည်။

သူတို့ လမ်းပေါ်ရောက်သည်နှင့် သူမသည် ဂေါင်ရှင်းကို ပြောလိုက်သည် “အစ်ကိုကြီးဂေါင် ဦးလေးဂေါင်ကိုစိတ်ပူနေတယ်ဆိုတာ ကျွန်မသိတယ်၊ သူ့ကို သွားရှာလိုက်ပါ ကျွန်မဘာသာတစ်ယောက်တည်း သွားလိုက်တော့မယ်”

“ဒါက…” ဂေါင်ရှင်းသည် အမှန်တကယ်ပင် ဂေါင်ရင်တကို စိုးရိမ်သည်။ ထို့ကြောင့် သူ ငြင်းမနေတော့ဘဲ သူ့ဘာသာ ထွက်ခဲ့လိုက်သည်။

ရှီမာယူယူသည် လမ်းပေါ်တွင် တစ်ယောက်တည်းလျှောက်လာခဲ့ပြီး သူမ နောက်မှ နောက်ယောင်ခံလိုက်နေသည်ကို အာရုံခံမိလိုက်တော့သည်။

***

All Chapters