← Chapters

ထောင်မျိုးနွယ်မှဒုသခင်

Vol. 115 Ch. 1609

ထောင်မျိုးနွယ်မှဒုသခင်

Vol. 115 Ch. 1609

နာရီဝက်ကြာပြီးနောက် ရှီမာယူယူသည် ရှေ့မှလာပိတ်သောလူကြောင့် ကြောက်လန့်တကြားနောက်ဆုတ်လိုက်သည်။

“ရှင်ကဘယ်သူလဲ”

“မိန်းကလေး ငါတို့ဒုသခင်က မင်းကိုရှာနေတယ်” ထိုလူသည် ကြောက် စရာမျက်နှာနှင့်ဖြစ်သည်။

“ရှင်တို့ဒုသခင်ကဘယ်သူလဲ ကျွန်မသူ့ကိုမသိဘူး သွားမှာလည်းမဟုတ် ဘူး” ရှီမာယူယူသည် ပြောပြီးသည်နှင့် သူ့ကိုဖြတ်ကာ လမ်းကြားမှထွက်သွား ရန်ပြင်လိုက်သည်။

ထိုလူသည် လျှပ်တပြက်ပေါ်လာကာ သူမလမ်းကိုထပ်မံပိတ်ပြန်သည်။ “မိန်းကလေး ငါတို့ဒုသခင်က သူ့လက်ထဲမှာငွေရေပင်ရှိတယ်လို့ပြောလိုက် တယ်”

“….”

ဆယ်မိနစ်ကြာပြီးနောက်တွင် ရှီမာယူယူသည် ဒုသခင်ထောင်ရှေ့တွင် ရပ်နေသည်။

ဒုသခင်ထောင်သည် ဖြောင့်မတ်ပုံပေါက်သည်။ သို့သော် သူမကို စစ်ကြည့်နေသည့် မျက်လုံးများမှာတော့ သက်တောင့်သက်သာမဖြစ်စေပေ။

ရှီမာယူယူသည် ရှက်ရွံ့စွာဖြင့် မေးလိုက်သည် “ရှင့်မှာ နှစ်နှစ်ရာ သက်တမ်းရှိတဲ့ ငွေရေပင်ရှိတယ်ဆို”

ဒုသခင်ထောင်သည် သူမကို စစ်ကြည့်နေတုန်းပင်။ သူမ၏ စွဲမက်ဖွယ် ရာကောက်ကြောင်းနှင့် လှပမှုမှာ သူမကိုစမ်းသပ်ချင်စရာဖြစ်နေသည်။ ထို ပိန်ပါးပြီး သေးသွယ်သော ခါးသည် သူ့ကိုဆွဲဆောင်နေကာ ပို၍ပင်စိတ်လှုပ်ရှား စေသည်။

အထူးသဖြင့် ထိုဖြူစင်သော မျက်လုံးများပင်ဖြစ်သည်။ သူမသည် မျိုးနွယ်မှ ကောင်းမွန်စွာ ကာကွယ်ခံထားရသူဖြစ်မည်။

အထက်မှအောက်.. ခေါင်းမှခြေချောင်းအထိ အားလုံးသည် သူ၏ အကြိုက်ပင်ဖြစ်လေသည်။

“မင်းနာမည်ကဘယ်သူလဲ” သူသည် သူမကိုပြန်မဖြေဘဲ မေးခွန်းသာ မေးလေသည်။

“ကျွန်မက ရှီမာယူယူပဲ” ရှီမာယူယူ ပြန်ဖြေလိုက်သည်။

“မင်းက အပြင်ကလာတာလား”

“အင်း” ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။

“ဘာလို့ ဒီကိုလာတာလဲ မင်းက ကြက်သွေးရောင်ပုလဲတွေ့ဆုံပွဲကို တက် မလို့လား”

“မဟုတ်ဘူး”

“ဒါဆိုရင် ဘာလို့လာတာလဲ”

“ကျွန်မအဖေက အရိုက်ခံရလို့ ဒဏ်ရာအပြင်းအထန်ရနေတယ်၊ သမားတော်က အရေးကြီးဆေးပင်ပါတဲ့ ဆေးဖွင့်ပေးတယ် အဲဒါက သက်တမ်း နှစ်နှစ်ရာရှိတဲ့ ငွေရေပင်ဖြစ်နေတယ်၊ ပျောက်ဆုံးနေတဲ့နယ်မြေမှာ အဲဒါရှိ တယ်လို့ကြားလို့ လျှို့ဝှက်လာခဲ့တာပါ” ရှီမာယူယူသည် အရိုးသားဆုံးပြန်ဖြေ လေသည်။

“ဘာလို့ လျှို့ဝှက်ပြီးလုပ်ရတာလဲ”

“ဘာလို့လဲဆိုတော့ ပျောက်ဆုံးနေတဲ့နေရာက အရမ်းအန္တရာယ်များပြီး ဒီနေရာကိုလာတဲ့သူတွေက ပြန်လို့မရဘူးလို့ အမေက ပြောလိုက်တာပါ၊ သူမ ကဒီကိုလူလွှတ်မယ်လို့ပြောတယ် ဒါပေမဲ့ ကျွန်မကအဖေ့ကိုစိတ်ပူလို့ တိတ်တိတ်လေး လာခဲ့တာပါ”

“အဲလိုဆိုတော့ မင်းဒီကိုရောက်နေတာကို မင်းမျိုးနွယ်ကဘယ်သူမှ မသိ ကြဘူးပေါ့”

ရှီမာယူယူ ခေါင်းခါယမ်းလိုက်သည်။

ဒုသခင်ထောင်သည် ခုံကိုလက်ချောင်းများဖြင့် ခေါက်ရာ ရှီမာယူယူသည် ထိုအပြုအမူကို စိတ်တိုစရာဟု မြင်မိသည်။ လင်းယူသည်လည်း ထိုသို့ပြုမူရ သည်ကို သဘောကျသည်။ သူလုပ်ချင်မှာ နှစ်သက်ဖွယ်ရာဖြစ်သော်လည်း ဤ လူလုပ်သည်မှာ သူ၏လက်လှုပ်ရှားမှုသည် အလွန်ပင်အကျည်းတန်လှသည်။

“မင်းက ဒီကို ဆေးပင်လာရှာတာပေါ့” သူသည် ဆက်ပြီးမေးမြန်းလေ သည်။

“အင်း အဲနောက်တော့ ဦးလေးဂေါင်နဲ့တွေ့တယ်၊ ကျွန်မအကြောင်း ပြောပြလိုက်တော့ သူက ဒီကိုခေါ်လာပေးပြီးတော့ ဒါကအကြီးဆုံးဆေးဆိုင် ဖြစ်လို့ ကျွန်မလိုတဲ့ဆေးပင်ဒီမှာရှိနိုင်မယ်လို့ ပြောတယ်” ရှီမာယူယူသည် သက်ပြင်းရှည်ကြီးချလိုက်သည် “ထောင်မျိုးနွယ်ရဲ့ ဆေးဆိုင်ကို မနေ့ကလာ လိုက်ရမှာ မနေ့ကရှိသေးပေမဲ့ ဒီနေ့ကျမရတော့ဘူး”

“မင်းက ဂေါင်မျိုးနွယ်နဲ့ရင်းနှီးတာလား” ဒုသခင်ထောင်သည် တစ်လုံး ချင်းမေးလေသည်။

“မရင်းနှီးပါဘူး သူတို့က ကျွန်မကိုကူညီရုံကူညီတာပါ ဒါပေမဲ့ အပြင် လောကကြီးက အန္တရာယ်များလို့ ဘယ်သူ့ကိုမှမယုံနဲ့လို့ အမေကအမြဲတမ်း ပြောပါတယ်၊ ကျွန်မ သူတို့ကိုကျေးဇူးတင်ပေမဲ့ ရင်းနှီးအောင်မနေပါဘူး” ရှီမာယူယူ ဆက်ပြောလေသည် “ကျွန်မ ရှင့်မေးခွန်းတွေကို အကုန်ပြန်ဖြေပြီး ပြီ ရှင့်မှာ တကယ်ပဲငွေရေပင်ရှိတာလား”

ဒုသခင်ထောင်သည် ရှီမာယူယူ၏ ယုံလွယ်သော အကြည့်များကို မြင် သောအခါ ပြုံးလိုက်သည်။ သူမသည် တခြားသူများ၏ အကာအကွယ်ပေးမှုကို ခံထားရသည်ဟု ထင်ထားသည်။ သို့သော် သူမသည် သူစိမ်းတစ်ယောက်ကို အလွယ်တကူပင် သတင်းပေးလိုက်သည်။ ဒီလူကတကယ်ပဲ ရိုးသားတာပဲ။

“မင်းလိုချင်တဲ့ ငွေရေပင်ငါ့မှာရှိပါတယ်”

“တကယ်လား ကျွန်မကိုပေးလို့ရမလား ကျွန်မအဲဒါကို ဈေးကြီးပေးနိုင်ပါ တယ်” ရှီမာယူယူသည် ပျော်ရွှင်စွာ ပြောလေသည်။

ဒုသခင်ထောင်သည် သူမကိုစိုက်ကြည့်ပြီးပြောလိုက်သည် “ငါက ဘယ်သူလဲဆိုတာသိလား”

ရှီမာယူယူသည် ခေါင်းခါယမ်းလိုက်ပြီး သူမဘာသာတွေးနေလိုက်သည်။ သိရင်တောင် ရှင့်ကိုပြောမှာမဟုတ်ဘူး….

“ငါက ထောင်မျိုးနွယ်က ဒုသခင်ပဲ”

ရှီမာယူယူ မျက်တောင်များခတ်လိုက်သည်။ သူမ မျက်လုံးများသည် သိသိသာသာပြောနေသည်… ရာထူးကလည်း မြင့်လိုက်တာ။

“ထောင်မျိုးနွယ်ရဲ့ မိသားစုခေါင်းဆောင်က ငါ့ရဲ့ဒုတိယအစ်ကိုအရင်းပဲ” ဒုသခင်ထောင် ပြောလေသည်။

“ဝါး ဒါဆိုရင် ရှင်ကအားမကောင်းဘူးလား” ရှီမာယူယူသည် အခုမှပင် သတိပြန်ဝင်လာသည်။ “ဒုသခင်ထောင် ရှင်က ဒီလောက်ရာထူးမြင့်မှတော့ ဆေးပင်တွေကို သိပ်ဂရုစိုက်မှာမဟုတ်ဘူးမလား၊ ကျွန်မမှာ ဝိညာဉ်ကျောက် တွေအများကြီးရှိတယ် အဲဒါကိုဈေးပေးပြီးဝယ်နိုင်ပါတယ်”

သူမ ဂရုတစိုက်ရှိပုံကိုမြင်ပြီး ဒုသခင်ထောင်သည် သူမကိုပိုသဘောကျ သွားကာ ရယ်မောလိုက်သည် “ငါ့မှာ ဝိညာဉ်ကျောက်မရှိဘူးလို့ထင်နေတာ လား”

ရှီမာယူယူသည် ရှက်ရွံ့သွားသည် “ဒီလိုကြည့်တော့လည်း ရှင့်မှာ ဝိညာဉ် ကျောက်မနည်းပါဘူး၊ ကျွန်မကိုဆေးပင်ပေးလိုက်လေ ဒီကြင်နာမှုကို မမေ့ပါ ဘူး”

“ပေးရမယ်ဟုတ်လား မဟုတ်ဘူး ငါက အကျိုးမရှိဘဲ ဘယ်သူ့ကိုမှ ဘာမှ မပေးဘူး၊ ငါ မင်းနဲ့အပေးအယူလုပ်လို့ရတယ်”

“အပေးအယူဟုတ်လား” ရှီမာယူယူ အံ့ဩသွားသည် “ဒုသခင်ထောင် ရှင်က ရာထူးကြီးပြီး အရေးကြီးတဲ့လူပဲ ရှင်သဘောကျလောက်မယ့်ဟာ ကျွန်မ မှာမရှိမှာပဲစိုးရတယ်”

သူမ ပြောပြီးသည်နှင့် ဆေးပင်တချို့နှင့် ရှားပါးသော သတ္တုရိုင်းများကို ထုတ်ပြီး သူ့ကိုမျက်လုံးဝိုင်းဝိုင်းလေးဖြင့် ကြည့်လိုက်ည်။

“ဒါကကျွန်မမှာရှိတဲ့ တန်ဖိုးအကြီးဆုံးပစ္စည်းတွေပဲ၊ ကြည့်ကြည့်ပါ ဘယ်တစ်ခုက အပေးအယူလုပ်လို့ရမလဲဆိုတာ”

ဒုသခင်ထောင်သည် သူမထုတ်လာသော ပစ္စည်းများကို သာမာန်ကာလျှံ ကာကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည် “မင်းရဲ့ပစ္စည်းတွေအကုန်လုံးက… တန်ဖိုးမရှိဘူး”

ရှီမာယူယူ၏ မျက်နှာမှာ စိတ်ပျက်အားလျော့မှုများ ပြည့်သွားတော့ သည်။

“တကယ်တော့…”

“ဒါပေမဲ့…. မင်းမှာ ပေးစရာမရှိတာတော့ မဟုတ်ဘူး” ဒုသခင်ထောင် ပြောလိုက်သည်။

“တကယ်လား၊ ဒုသခင်ထောင်က ဒီပစ္စည်းတွေထဲမှာ ဘာကိုစိတ်ဝင်စား လဲဆိုတာသိလို့ရမလား” သူမသည် မျက်နှာသေးသေးလေးသည် ကြည်လင် သွားကာ သူ့ကို ပြုံးပြီးကြည့်လိုက်သည်။

ဒုသခင်ထောင်သည် သူမကိုကြည့်ပြီး ဘာမှမပြောပေ။

ရှီမာယူယူ၏ မျက်နှာမှအပြုံးသည် တဖြည်းဖြည်းဖျော့သွားကာ နောက်သို့ခြေတစ်လှမ်းဆုတ်လိုက်သည် “ရှင် ရှင်… ဘာလို့ကျွန်မကိုစိုက်ကြည့် နေတာလဲ”

“မိန်းကလေး မင်းကဉာဏ်ကောင်းတာပဲ” ဒုသခင်ထောင်သည် သူမ၏ မိသားစုနောက်ခံအကြောင်း မေးပြီးလေသည်။ သူမကို သိသည့်လူမရှိပေ။ သူ အဲဒါကိုဘာလို့အခွင့်အရေးမယူရမှာလဲ။

“ရှင်စဉ်းစားနေတာက… ရှင်က…” ရှီမာယူယူသည် ကြောက်လန့်ကာ ဝင်ပေါက်သို့ရောက်သည်အထိ နောက်သို့ဆက်ဆုတ်သွားလေသည်။

“ဒီအပေးအယူကို ဘယ်လိုထင်လဲ၊ မင်း ငါ့နောက်ကိုလိုက်ရင် ငွေရေပင် နဲ့ တစ်ဘဝလုံခံစားရမယ့် စည်းစိမ်တွေပေးမယ် ဘာပြောချင်သေးလဲ” သူပြော ပြီးသည်နှင့် သေတ္တာတစ်လုံးထုတ်ကာ သူမကိုပြသလိုက်သည်။

ရှီမာယူယူသည် သေတ္တာထဲမှ ဆေးပင်ကိုမြင်သည်နှင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။

“မင်းသာ ဆန္ဒရှိရင် ဒီငွေရေပင်က မင်းဟာပဲ မင်းအဖေကိုကုဖို့ သမားတော်လည်း ငါပို့ပေးနိုင်တယ် မင်းမျိုးနွယ်ကလည်း ထောင်မျိုးနွယ် လက်အောက်မှာ အမြင့်ကိုတက်နိုင်မယ်” ဒုသခင်ထောင်သည် ဆွဲဆောင်သည့် လေသံဖြင့် နူးညံ့စွာပြောလေသည်။

ရှီမာယူယူသည် တင်းကြပ်စွာမျက်မှောင်ကြုတ်လိုက်သည်။ သူမသည် ဖခင်ဖြစ်သူကိုကယ်ချင်သော်လည်း တစ်ချိန်တည်းမှာပင် သူ၏ အပေးအယူကို သဘောမတူချင်ပေ။

ဒုသခင်ထောင်သည် စကားမပြောတော့ဘဲ သူမအတွေးများနေသည်ကို ကြည့်ပြီး ပျော်မွေ့နေလေသည်။

ခဏကြာပြီးနောက် ရှီမာယူယူ ပြောလာသည် “တောင်းပန်ပါတယ် ကျွန်မ ရှင့်အပေးအယူကိုသဘောမတူနိုင်ဘူး”

“ဘာလို့လဲ” ဒုသခင်ထောင်သည် မအံ့ဩတော့ပေ “မင်းအဖေကိုကယ် ချင်တယ်လို့ပြောတာမဟုတ်ဘူးလား ငွေရေပင်ကိုမလိုချင်တော့ဘူးလား”

“လိုချင်ပါတယ် ဒါပေမဲ့ ရှင့်ကမ်းလှမ်းချက်ကို သဘောမတူနိုင်ဘူး ဒီ ဆေးပင်ကိုဘယ်လိုရလာလဲဆိုတာကို ကျွန်မအဖေသိရင်လည်း သဘောကျမှာ မဟုတ်ဘူး” ရှီမာယူယူ ဆက်ပြောလေသည် “ဒုသခင်ထောင် အပေးအယူကို ပြောင်းပေးလို့ရမလား”

“ဒါဆိုရင် တခြားနေရာမှာရှာကြည့်တာပေါ့” ရှီမာယူယူသည် ပြောပြီး သည်နှင့် ထွက်သွားဟန် ပြင်လေသည်။

သို့သော် သူမ တံခါးဖွင့်လိုက်သည်နှင့် အစောင့်နှစ်ယောက်သည် သူမကို ခံစားချက်မဲ့စွာဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရတော့သည်။

***

All Chapters