ထောင်မျိုးနွယ်သို့ဝင်ခြင်း
Vol. 115 Ch. 1610
ရှီမာယူယူသည် သူတို့ကို တွန်းပစ်ရန်ကြိုးစားသော်လည်း တွန်းမရပေ။
“ဖယ်” သူမသည် သူတို့ကိုစိုက်ကြည့်ရင်း ပြောလိုက်သည်။
“ဟားဟား… ငါ့အမိန့်မပါရင် သူတို့ကလှုပ်မှာမဟုတ်ဘူး” ဒုသခင်ထောင် သည် ရယ်မောလေသည်။
ရှီမာယူယူ လှည့်ပြီးသူ့ကိုကြည့်ကာ ခပ်မာမာပင်ပြောလိုက်သည် “ရှင်က ဘာလုပ်ချင်တာလဲ”
“ငါ့ရည်ရွယ်ချက်က သိသာနေတာပဲ ရှင်းပါတယ်” ဒုသခင်ထောင် ပခုံး တွန့်လေသည်။
“ဒီငွေရေပင်ကို မလိုတော့ဘူး ကျွန်မကိုလွှတ်ပေးပါ” ရှီမာယူယူ ပျာယာ ခတ်သွားသည်။
“ဒီကိုလာပြီးမှတာ့ ထွက်သွားနိုင်မယ်လို့ထင်နေလား”
“ဒီနေရာက လက်ဖက်ရည်ဆိုင်ပဲ၊ ကျွန်မအော်လိုက်တာနဲ့ တခြားသူတွေ သတိထားမိပြီး ဒုသခင်ထောင်ဆိုတဲ့နာမည်က ယိမ်းယိုင်သွားမှာပဲ၊ ပြီးတော့ ဇာမဏီမြို့တော်မှာ ရှင်တို့မျိုးနွယ်တစ်ခုပဲရှိတာမဟုတ်ဘူး” ရှီမာယူယူ အော် လိုက်သည်။
“အယ်မယ် ငါ့ကိုခြိမ်းခြောက်နေတာလား” ဒုသခင်ထောင်သည် ရယ်ကွဲ လေတော့သည် “နာမည်ဟုတ်လား… ဇာမဏီမြို့မှာ ငါ ဒုသခင်ထောင်က ဘယ်လိုနာမည်ရှိလဲ မင်းသိလား၊ အော်ချင်ရင်လည်း ကျယ်ကျယ်လေးအော် လိုက်လေ၊ ဘယ်လိုပဲဖြစ်ဖြစ် ဇာမဏီမြို့တော်မှာ ငါဘယ်သူလဲဆိုတာကို မသိ တဲ့လူမရှိဘူး၊ ငါ မင်းကို အိမ်အထိခေါ်သွားရင်တောင် ငါ့နာမည်မှာ နောက်ထပ် အမှတ်အသားတစ်ခု ထပ်ထည့်လိုက်တာပဲရှိမှာ”
“ရှင်…” ရှီမာယူယူသည် သူ၏ စကားများကြောင့် ထိတ်လန့်သွားတော့ သည်။
“ဟုတ်ပြီ ဒီသခင်ကြီးက ဒီနေ့လုပ်စရာတွေရှိသေးတယ် မင်းနဲ့ ကစားပေး ဖို့အချိန်မရှိဘူး၊ ဒီနေ့ မင်းကတိပေးချင်ရင် ကတိပေးလိုက်၊ ကတိမပေးချင် လည်းပေးရမှာပဲ” ဒုသခင်ထောင် ခြိမ်းခြောက်လေသည်။
“အိပ်မက်မက်နေလိုက်” ရှီမာယူယူ ပြောပြီးနောက် တံခါးမှ အစောင့်ကို တိုက်ခိုက်ရန် ကြိုးစားသော်လည်း နှစ်ကွက် သုံးကွက်နှင့်တင် အရှုံးပေးလိုက်ရ သည်။
ဒုသခင်ထောင်လျှောက်လာသည်ကို သူမ မြင်သောအခါ ဒေါသတကြီး အော်လိုက်သည် “ရှင်တို့ လုပ်ချင်တဲ့အတိုင်း လုပ်ခွင့်ပေးမှာမဟုတ်ဘူး”
ထိုသို့ပြောပြီးနောက် သူမကိုယ်သူမ ပေါက်ကွဲစေရန် ဝိညာဉ်စွမ်းအင် စတင်လှုပ်ရှားလိုက်သည်။
“အိပ်မက် မက်နေလိုက်”
ဒုသခင်ထောင်သည် သူမ အကျင့်မှာ အကြမ်းဖက်တတ်မည်ဟု ထင်မထားပေ။ သူသည် လျှပ်တပြက်ဖြင့် သူမ ဘေးသို့ချက်ချင်းရောက်သွား ကာ သူမလည်ပင်းအား ညှစ်လိုက်သည်။ ရှီမာယူယူသည် ချက်ချင်းပင် ခွေယိုင် လဲသွားတော့သည်။
သူမ မေ့မလဲခင်တွင် ရှီမာယူယူသည် နောက်ဆုံးစာလုံးများကို ကြား လိုက်ရသည်။ သူမသည် အညံ့မခံတတ်သည့် ကြောင်လေးဖြစ်ရာ သူမကို သေချာစွာ ထိန်းကျောင်းရမည်ဟု သူ ပြောလိုက်သည်။
သူမလက်ပေါ်မှ အနီစက်သည် အရောင်ရင့်လာပြီးနောက် ပြန်မှိန်သွား လေသည်။
“ဒုသခင်” တံခါးမှလူသည် ရှီမာယူယူ ကိုယ့်ကိုယ်ကို စတေးလိုက်မည် ဟုထင်မထားပေ။ သူ တုံ့ပြန်နိုင်ချိန်တွင် သူမသည် သူ့ရင်ခွင်ထဲလဲကျသွားပြီ ဖြစ်သည်။
“အရင်ဆုံး မျိုးနွယ်ကိုပြန်ပြီး သူမကို ထားဖို့နေရာချရမယ်” ဒုသခင် ထောင်သည် လူကိုပြန်ယူချီလိုက်သည်။ သူ့ခံစားချက်မှာ မကောင်းလှပေ။ သူ သည် ထိုအလှလေးကို ကိုယ်တိုင် ပြန်ပို့ရန် ဆုံးဖြတ်လိုက်သည်။
….
“ရူးမိုက်တဲ့ ကောင်မလေး ရူးမိုက်တဲ့ ကောင်မလေး”
ရှီမာယူယူသည် သူမဘေးတွင် လှုပ်ရှားနေသော လူကိုအာရုံခံမိသည်။ သူမသည် တဖြည်းဖြည်းအသိစိတ်ရလာသည်။ သူမ မျက်လုံးဖွင့်လာချိန်တွင် သူမ၏ပုံစံငယ်လေးကို တွေ့လိုက်ရသည်။
“မီအာလား ဒီမှာဘာလုပ်နေတာလဲ” သူမသည် လည်ပင်းကိုပွတ်လိုက် သည်။ ဒါအရမ်းကို နာတာပဲ။
“ထောင်မျိုးနွယ်ကို ရောက်တာနဲ့ နှိုးဖို့ပြောထားတယ်မလား” မီအာသည် အိပ်ရာပေါ်တွင် လှဲနေရင်း သူမ၏ ဗိုက်ကိုပုတ်နေသည်။
“ဪ ဟုတ်သားပဲ ငါ မေ့သွားတယ်” ရှီမာယူယူသည် သူ့ကို ထို ညွှန်ကြားချက် ပြောထားသည်ကို သတိရသွားသည်။
“ငါပြောတယ် အရူးမလေး လွန်နေပြီ… အခုသရုပ်ဆောင်တာကို ဘာလို့ တားတာလဲ” မီအာ ဒေါသထွက်လေသည် “တကယ်ပဲ မင်းတစ်ခုခုဖြစ်သွားနိုင် တာမသိဘူးလား ငါက မင်းနဲ့လိုက်သေရမှာလား”
“ငါက ဒီကိုအရေးကြီးကိစ္စလာလုပ်တာလေ၊ မင်းလှုပ်ရှားလိုက်ရင် ငါက ဘာလုပ်ရဦးမှာလဲ” ရှီမာယူယူ မတ်တတ်ထလိုက်သည်။ သူမသည် မှန်ထဲမှ သူမကိုယ်သူမကြည့်ပြီး လက်ဆန့်ထုတ်ကာ ဆံပင်ကိုရှုပ်အောင်ဖွလိုက်သည် “စိတ်ချပါ ငါက ငါ့အသက်ကိုတော့ လောင်းကြေးမထပ်ပါဘူး၊ မင်း ငါ့ကိုစိတ်ပူ တာ ငါသိပါတယ်”
သူမလက်ထဲတွင် အသက်ပေါင်းများစွာရှိသည်။ သူမက ဘယ်လိုလုပ် အလွယ်တကူသေနိုင်မှာလဲ။
“ဟင်း ဘယ်သူက မင်းကိုစိတ်ပူနေလို့လဲ” မီအာသည် အိပ်ရာပေါ်မှ တွယ်ဆင်းသွားသည် “နောက်တစ်ခုက ငါတို့ ဘာလုပ်မှာလဲ”
“ငါပဲ ငါတို့မဟုတ်ဘူး” ရှီမာယူယူသည် မီအာအား နက်နဲစွာကြည့်လိုက် သည်။ ထိုမျက်လုံးများသည် သူ့ကိုမှင်တက်သွားစေကာ သူမေးလိုက်သည် “ဘာမကောင်းတာတွေ စဉ်းစားနေတာလဲ”
“မကောင်းတာလုပ်ဖို့ ဘယ်လိုလုပ်စဉ်းစားနိုင်မှာလဲ” ရှီမာယူယူ ပြော လိုက်သည် “ဒီအတိုင်းပဲ ငါလုပ်ဖို့လိုနေတဲ့ကိစ္စလေးရှိလို့ပါ”
“ငါငြင်းတယ် ကြည့်လိုက်တာနဲ့ မင်းမှာအကြံကောင်းမရှိတာကိုသိတယ်”
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” ရှီမာယူယူ သွားဖြဲလိုက်သည် “ငါက မင်းကို ကူညီပေးစေချင်ရုံပါ”
“ဘာ”
“အရမ်းလွယ်တယ် မင်းက ငါ့လိုဟန်ဆောင်ပြီး ဒီမှာနေပေး၊ တခြား ဘာမှလုပ်ဖို့မလိုဘူး”
“အိပ်မက်မက်နေလိုက်” မီအာသည် ချက်ချင်းပင် ငြင်းဆန်လေသည် “အဲဒီရွံစရာအကောင်ကို ငါ့ကိုရှင်းခိုင်းဖို့ စဉ်းတောင်မစဉ်းစားနဲ့”
“ဒါပေမဲ့ ငါကသတင်းစုံစမ်းဖို့ သွားချင်တယ်လေ ငါ မင်းကိုပဲအားကိုးရ တော့မှာ”
“ငါမလုပ်ချင်ဘူး ဟိန်းသံထောင်ချီကိုပဲ သွားရှာလိုက် သူလည်း မင်းလို မျိုး ရုပ်ပြောင်းနိုင်တာပဲ” မီအာသည် သဘောတူရန်ငြင်းဆန်လေသည်။
အဲလူသာ အချိန်မှီပြန်လာရင် သူက သူမလိုမျိုး ဟန်ဆောင်နေရမှာ မဟုတ်ဘူးလား။
“ဟိန်းသံထောင်ချီက ငါနဲ့ကပ်နေမှရမှာလေ သူ့ကိုဒီမှာထားသွားလို့မရ ဘူး” ရှီမာယူယူ ပြောလိုက်သည် “စိတ်ချပါ နောက်ကျရင် ငါ ထင်ယောင်ထင် မှား တည်ဆောက်မှုလုပ်လိုက်မယ် သူဝင်လာတာနဲ့ သူ ထင်ယောင်ထင်မှားထဲ ဝင်သွားလိမ့်မယ်”
“ဒါဆိုလည်း အဲလိုလုပ်လိုက် သူ့ကိုရှင်းဖို့ ထင်ယောင်ထင်မှားကိုသာ သုံး လိုက်တော့”
“ဒါပေမဲ့ ဒီထင်ယောင်ထင်မှားက မင်းမရှိရင် လုပ်မရဘူး မဟုတ်ရင် အလုပ်ဖြစ်မှာမဟုတ်ဘူး” ရှီမာယူယူသည် စိတ်ရှည်စွာဖြင့် ရှင်းပြသည်။ “ထင်ယောင်ထင်မှား တည်ဆောက်မှုထဲကလူက စကားပြောရဦးမှာ အဲဒါက မင်း ဖြစ်နေဖို့လိုတယ် ပြီးတော့ သူတို့အပြင်ရောက်လို့ အထဲက ငါ့ရောင်ဝါကို အာရုံမခံမိရင် ထောင်ချောက်ထဲကျမှာမဟုတ်ဘူး၊ လိမ္မာတဲ့မီအာလေး ငါ့ကို ဒါ နဲ့မကူညီနိုင်ရင် ငါ တကယ်ဒုက္ခရောက်လိမ့်မယ်”
“သူတို့က တကယ်ပဲ ငါ့ကိုမထိဘူးလား” မီအာ၏ မျက်လုံးများသည် တွန့်ဆုတ်မှုများဖြင့် ပြည့်နေသည်။ ထိုမိန်းကလေးသည် သူ့ကို ရောင်းစားလိမ့် မည်ဟု သူအမှန်တယ် တွေးမိသည်။
“တကယ်ပြောတာ ငါ ကောင်းကင်ကိုတိုင်တည်ပြီး ကျိန်ပြရမှာလား” ရှီမာယူယူသည် သူ့ကို မတတ်သာစွာ ကြည့်လိုက်သည်။ ထိုကဲ့သို့ ကျိန်ဆိုမှုကို ဖောက်ဖျက်လိုက်ပါက မည်သို့ဖြစ်မည်ဟု သူမ တိတ်တိတ်လေး တွေးနေမိ သည်။
“သူ ငါ့ကိုထိရဲရင် သတ်ပစ်မှာပေါ့” မီအာသည် လူသတ်မည့် ရည်ရွယ် ချက်အပြည့်ဖြင့် ပြောလိုက်သည်။ သို့သော် ထိုစကားမှာ ထုတ်မပြောသည့် ခွင့်ပြုချက်တစ်ခုဖြစ်သည်။
“ကောင်းပြီလေ မင်းသဘောအတိုင်းပဲ” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ မင်းစိတ်ချပါ ထောင်ယိရွှမ် ပြောသလိုဆိုရင် ဒုသခင်ထောင်က မိန်းကလေးကို ဖိအားပေးတာတော့မရှိဘူး မင်းသဘောမတူသရွေ့မင်းကို ဘာမှလုပ်မှာမဟုတ်ဘူး”
“အဲလိုဆို ပိုကောင်းတာပေါ့” မီအာနှာရှုတ်လေသည် “အဲတော့ ငါ ဒီမှာ နေရင် မင်းကဘာလုပ်မှာလဲ”
“ငါက ထောင်ယိရွှမ်ပြောတဲ့ အဆိပ်သခင်ကိုရှာပြီး အဆိပ်ဖြေဆေး တောင်းရမယ်” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ လမ်းပြမယ့်လူရှာဖို့လို တယ်”
“မြန်မြန်ပြန်လာနော်၊ ငါ မင်းကို နှစ်ရက်ပဲ ကူညီပေးနိုင်တယ် အဲအချိန် ထိ ဖြေရှင်းမပြီးသေးရင်တော့ ငါဂရုမစိုက်တော့ဘူး”
“နှစ်ရက်ကတော့ အချိန်မလောက်ဘူး”
“ဒါဆိုလည်း တစ်ရက်”
“မီအာ အဲလိုမလုပ်ပါနဲ့”
“မင်း မြန်မြန်လုပ်ရမယ်”
“….”
ရှီမာယူယူ သက်ပြင်းချပြီး အိမ်ပတ်ပတ်လည်ကို အတားအဆီး ချလိုက် သည်။ မီအာ သူမပုံစံအသွင်ပြောင်းလိုက်သည်ကို ကြည့်ပြီးနောက် ဟိန်းသံ ထောင်ချီကိုခေါ်ပြီး ပေါင်းစပ်လိုက်သည်။ သူမသည် တံခါးဖွင့်ကာ ပြောင်ပြောင်တင်းတင်းပင် ထွက်ခဲ့လိုက်သည်။
သူမ ခြံဝန်းမှ ပျောက်သွားသည်နှင့် တံခါးမှ အစောင့်သည် ရေရွတ်လိုက် သည် “ငါ ခုနက စိတ်လွတ်သွားသလိုပဲ မင်းရော”
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ငါတို့က တစ်ချိန်လုံး ဒီလိုပဲမဟုတ်ဘူးလား” တခြားတစ်ယောက် ပြန်ဖြေလေသည်။
“ဒုသခင်ပြန်ခေါ်လာတဲ့ ကောင်မလေးက တကယ်ဖြူစင်တယ် သူမ အသက်မရှည်မှာတော့ နှမြောဖို့ကောင်းတယ်”
“ပါးစပ်ပိတ်ထား ဒုသခင်ကိစ္စကို မင်းကပြောရဲသေးတာလား ဒုသခင်က မင်းကိုခွေးစာကျွေးပစ်လိမ့်မယ်”
ထိုလူသည် ကြောက်လန့်သွားကာ စကားမပြောဘဲ ခေါင်းညိတ်လေ သည်။
သူတို့သည် အိမ်ထဲကိုကြည့်လိုက်ရာ ရှီမာယူယူ အထဲတွင်ရှိနေသေးသည် ကို အာရုံခံမိသောအခါ ဒုသခင်မှ သူမကို မျက်စိကျသွားသည်ကို သနားသည်ဟု တိတ်တိတ်လေးတွေးနေကြသည်။ သူမ၏ အနာဂတ်နေ့ရက်များမှာ ခက်ခဲ သွားပေတော့မည်။
သို့သော် ဒုသခင်သည် သူတို့လက်တုံ့ပြန်နိုင်သည့်လူမျိုးမဟုတ်ပေ။ သူမ သည် သနားစရာကောင်းသော မိန်းကလေးတစ်ဦးဖြစ်သည်ဟုသာ သူတို့ ပြော နိုင်တော့သည်။
***