← Chapters

စောင့်မျှော်နေသည့် စာ

Vol. 44 Ch. 646

စောင့်မျှော်နေသည့် စာ

Vol. 44 Ch. 646

နွေရာသီ ကျောင်းပိတ်ရက် ဖြစ်သော်လည်း ကျိုးခယ်ရှင်းသည် နေစဉ် ကျောင်းတက်နေဆဲ ဖြစ်ပေသည်။ သမီးသူ စာသင်ကြားရေး ကြိုးစားနေသည်ကို သိလိုက်ရသည့်အတွက် မိဘများ ဝမ်းသာနေပေသည်။

သို့ရာတွင် ကျိုးခယ်ရှင်း၏ မိဘများအနေဖြင့် သူ့ကို တက္ကသိုလ်ဝင်ခွင့် စာမေးပွဲများ နီးနေသော်လည်း ပင်ပန်းနွယ်နယ် နေခြင်းမျိုး မဖြစ်စေလိုကြချေ။

“ရှင်းရှင်း.. ဒီနေ့ မိုးရွာနေတယ်.. ကျောင်းမသွားနဲ့လေ.. အိမ်မှာနေချင်နေ.. သူငယ်ချင်းတွေနဲ့ အပြင်သွားချင်သွားပေါ့..”

“အမေ.. သမီး အဆင်ပြေပါတယ်.. မိုးရွာလဲ ကျောင်းတက်လို့ရတာပါပဲ..”

ကျိုးခယ်ရှင်း ကျောင်းလွယ်အိတ်နှင့် ထီးတစ်လက်ကိုင်ကာ ကျောင်းသို့ ထွက်လာတော့သည်။

ကျိုးခယ်ရှင်း ကျောင်းပိတ်ရက်များတွင် စာမေးပွဲအတွက် ပြင်ဆင်ရန် နေ့စဉ်ကျောင်းသွားခဲ့သည်။ သို့ရာတွင် ထို့ထက် ပိုအရေးကြီးသည့် ကိစ္စတစ်ခု ရှိနေသေးသည်။ ဤသည်မှာ စာတစ်စောင် မျှော်နေခြင်းဖြစ်သည်။

တစ်နှစ်လျှင် သူ့အတွက် စာ (၂)စောင် (၃)စောင် ရပေမည်။ သို့ရာတွင် (၂)နှစ်အတွင်း ထို’ကမ္ဘာပေါ်တွင် ဒုတိယ အချောဆုံး လူ’ သည် ဟောင်ကောင်တက္ကသိုလ်သို့ ဖလှယ်ရေးကျောင်းသား အဖြစ်သွားရောက်ခဲ့သဖြင့် စုစု ပေါင်း စာ(၃)စောင်သာ ရခဲ့သည်။

ကမ္ဘာပေါ်တွင် ဒုတိယ အချောဆုံး လူသည် မကြာခင်က ပေကျင်းသို့ ပြန်လည်မည် ဖြစ်ကြောင်း နောက်ဆုံး စာတွင် ပါရှိပေသည်။ သူပြန်ရောက်သည်နှင့် စာရေးလိုက်မည်ဟုလည်း ပါဝင်ပေသည်။ သို့တိုင်အောင် ယခုထိ စာရောက်မလာသေးချေ။

အမြန်ဆုံး စာလက်ခံနိုင်ရန် ကျိုးခယ်ရှင်း နေ့စဉ် ကျောင်းတက်နေခဲ့သည်။ ကျောင်းတွင် ပြင်ဆင်မှုများ ပြုလုပ် နေသည်ဟုသည် မိဘများနှင့် သူငယ်ချင်းများကို ပြောပြထားပေသည်။

“သမီးရေ.. မေးမနေနဲ့.. ဒီနေ့လဲ မင်းအတွက် စာမရှိသေးဘူး..”

ကျောင်းစောင့်ကြီး မစ္စတာလီ ပြောလာလေသည်။

ကျိုးခယ်ရှင်း စိတ်ပျက်သွားသည်။ ခေါင်းငုံ့ကာ စာသင်ခန်းဆီသို့ တဖြည်းဖြည်း လျှောက်လာတော့သည်။ မည်သည့် အတွက် စာမရောက်သေးသနည်း။ မိမိအား မေ့သွားသည်လော။ မိမိအား လိုသုံးအဖြစ်သာ သုံးချင်နေသည်လော။ သို့ရာတွင် နောက်ဆုံး စာထဲတွင်ပင် ပျော်စရာ စကားလုံးများ ပါဝင်နေသေးပေသည်။

ကျိုးခယ်ရှင်း စာသင်ခန်းထဲတွင် တစ်ယောက်တည်း ရှိနေပေသည်။ ယနေ့ မိုးရွာနေပြီး အတန်းဖော် တစ်ယောက်မှ ကျောင်းမတက်ကြချေ။ ကျိုးခယ်ရှင်း ထိုင်ခုံတွင် ထိုင်ကာ သမိုင်းစာအုပ် ထုတ်လိုက်သည်။ စာအုပ်အတွင်း စာအနည်းငယ်ရှိပေသည်။

စာမျာကို ထုတ်၍ စတင်ဖတ်လိုက်သည်။ သူသည် ဤစာများကို အကြိမ်ပေါင်းများစွာ ဖတ်ပြီးသည့်အတွက် စာရွက် အနားများပင် တွန့်ကွေးလာပေသည်။

ကျိုးခယ်ရှင်းအနေဖြင့် စာပါ စကားလုံးများအားလုံးကို အလွတ်ရွတ်နိုင်သည်အထိ မှတ်မိနေသော်လည်း ဖတ်ချင် နေဆဲပင်။ ကမ္ဘာပေါ်တွင် ဒုတိယ အချောဆုံး လူ ၏ လက်ရေးကို တုပနိုင်သည်အထိ ဖတ်နေပေသည်။

စာများဖတ်ပြီးနောက် ဂရုတစိုက်ပြန်ခေါက်ကာ သမိုင်းစာအုပ်အတွင်း ပြန်ညှပ်ကာ သိမ်းထားလိုက်သည်။ ထို့နောက် ပထဝီစာအုပ်ထုတ်ကာ စတင်လေ့လာနေတော့သည်။

********

နောက်တစ်နေ့တွင်လည်း မိုးဆက်ရွာနေပေသည်။ သို့တိုင်အောင် ကျိုးခယ်ရှင်း ကျောင်းဆက်တက်မြဲပြင်။ စာကို လွတ်မသွားချင်ပေ။

ကျိုးခယ်ရှင်း ကျောင်းတံခါးသို့ ရောက်သည်နှင့် မစ္စတာလီ လုံခြုံရေး အခန်းတွင်းမှ ပြေးထွက်လာကာ..

“ဟေ့ … ကောင်မလေး.. မင်းစာ ဒီမှာဟေ့…”

မိမိစာလော။

ဤအခိုက်အတန့်သည် ကျိုးခယ်ရှင်း ဘဝတွင် အပျော်ရွှင်ဆုံး အချိန်ဖြစ်သည်။ ထိုစာကို စောင့်နေရသည်မှာ အချိန် ကြာနေပေပြီ။

ကျိုးခယ်ရှင်း လုံခြုံရေးခန်းသို့ အပြေးလေးသွားလိုက်သည်။ အရှိန်ဖြင့် ပြေးသွားမိပြီး ထီးနှိမ့်ရန်ပင် မေ့သွားကာ သူ့အပေါ်ကျရောက်လာသည့် မိုးရေစက်များကိုပင် ဂရုမစိုက်အားတော့ချေ။ သူ့ကျောင်း ဝတ်စုံနှင့် ဆံနွယ်များသည် မိုးကြောင်း အနည်းငယ် စိုစွတ်သွားခဲ့ချေသည်။ သာမန်အားဖြင့်မူ မိုးရွာနေစဉ် မြေပြင်ပေါ်ရှိ ဗွက်အိုင်များကို ရှောင်ကွင်း၍ ဂရုတစိုက် လမ်းလျှောက်လေ့ရှိသည်။ သို့ရာတွင် ယခုမူ ဂရုမစိုက်နိုင်တော့ချေ။ လုံခြုံရေးအခန်းသို့ အပြေးလာစဉ်အတွင်း ဖိနပ်များပင် စိုစွတ်သွားတော့သည်။

“အဘိုးလီ.. သမီးစာပေး…”

လုံခြုံရေးအဘိုးကြီး မစ္စတာလီထံ အော်ဟစ်တောင်းလိုက်တော့သည်။

“ဒါ ပြီးခဲ့တဲ့လက ရတဲ့ မျက်နှာသုတ်ပုဝါ.. တခါမှ မသုံးရသေးဘူး.. ရေစိုတာတွေ အရင်သုတ်လိုက်အုံး.. ရေစိုသွားရင် စာက ပျက်သွားအုံးမယ်..”

အဘိုးကြီးလီ ရယ်မောကာ အဖြူရောင် မျက်နှာသုတ်ပုဝါ အသစ်တစ်ထည်ကို ကျိုးခယ်ရှင်းအား ပေးလိုက်သည်။

ကျိုးခယ်ရှင်းသည်လည်း စာကိုရေစို၍ ပျက်စီးသွားမည်ဆိုသည့် စကားကြားမှသာ စာကိုင်မည့် လက်ကို ပြန်ရုတ်ကာ မျက်နှာသုတ်ပုဝါကို ယူကာ လက်များတဝိုက်ကို အလေးထား၍ ရေစက်များ သုတ်လိုက်သည်။

“ဒီမှာ ရေနွေးသောက်လိုက်.. အအေးမိအောင်လဲ သတိထားအုံး..”

“ကျေးဇူးတင်ပါတယ် အဘိုးလီ.. ရေနွေးမသောက်တော့ပါဘူး.. စာသင်ခန်းထဲကို သွားတော့မယ်..”

ကျိုးခယ်ရှင်း စားပွဲပေါ်မှ စာတစ်စောင်ကို ဆွဲယူကာ ကျောင်းလွယ်အိတ်ထဲမှ စာအုပ်များအကြား ထည့်ကာ ထီးဖွင့်လိုက်သည်။ ထို့နောက် အတန်းဆီသို့ အမြန်လျှောက်လာတော့သည်။

မစ္စတာလီ ခေါင်းခါလိုက်တော့သည်။ စာတစ်စောင်ကိုသာ နေ့တိုင်း မေးနေပေသည်။ ယခု သူမေးသည့် စာရသွားချေပြီ။ သို့တိုင်အောင် ဤမျှ စိတ်လှုပ်ရှားစရာ မလိုချေ။ စာသည်လည်း ပျံထွက်သွားမည် မဟုတ်ချေ။

ကျိုးခယ်ရှင်း စာသင်ခန်းသို့ အပြေးသွားကာ တံခါးသော့များ ဖွင့်လိုက်သည်။ စာသင်ခန်းအတွင်း တစ်ယောက်မှ မရှိချေ။ တံခါးပြန်ပိတ်ကာ ထိုင်ခုံသို့ သွားလိုက်တော့သည်။ စာဖတ်ရန် အချိန်မစောင့်လိုတော့ချေ။

သို့တိုင်အောင် စာအုပ်ကြားမှ စာထုတ်မဖတ်မှီ လက်ကိုင်ပုဝါဖြင့် လက်ကို အရင်သုတ်လိုက်သည်။

စာအိတ်ပေါ်တွင် မြင်နေကျ လက်ရေးတစ်ခု တွေ့ရသည်။ စာအိပ်ပေါ်တွင် ရေးထားသည့် အမည်မှာ ‘ကမ္ဘာပေါ်တွင် ဒုတိယ အချောဆုံးလူ’ ဟူ၍ ဖြစ်တော့သည်။

ကျိုးခယ်ရှင်း စာမဖတ်မှီ ပြုံးပင် ပြုံးမိတော့သည်။ စာအိတ်ကို သေချာဖွင့်၍ စာထုတ်လိုက်သည်။

စာမျက်နှာ (၂)မျက်နှာသာပါပေသည်။ ကျိုးခယ်ရှင်း စာကို စ၍ ဖတ်လိုက်တော့သည်။

ဟောင်ကောင် တက္ကသိုလ်က ပြန်လာပြီ။ နောက်ဆို ဒီလိပ်စာကို သုံးလို့ရပြီ။ ကိုယ့်ဒေသကိုယ် ပြန်ရောက်လာတာ အရမ်းပျော်ဖို့ကောင်းတာပဲ။…*+-*+--*

စာမျက်နှာ (၂)ခုရှိ စာကို ဖတ်ပြီးနောက် ကျိုးခယ်ရှင်း မလုံလောက်ဟု ခံစားနေရဆဲပင်။ ပိုဖတ်ချင်နေပေသည်။ စာအိတ်ကို ကောက်ကိုင်ကာ အထဲသို့ ကြည့်လိုက်မိသည်။ ဗလာနတ္ထိပင်။

စာကို (၂)ကြိမ် ထပ်ဖတ်ကာ ပြန်စာရေးရန် အိတ်ထဲမှ စာရွက်တစ်ရွက် ထုတ်ယူလိုက်တော့သည်။

‘ကမ္ဘာပေါ်မှာ ဒုတိယ အချောဆုံး လူ’ မင်းအခု ကမ္ဘာပေါ်မှာ အချောဆုံးလူ ဖြစ်ပြီလား။ ဟောင်ကောင်က တော်တော် လူစည်ကားတဲ့ မြို့လို့ ပြောဖူးတယ်နော်။ ပေကျင်းကို ပြန်ရတာတောင် စိတ်ပျက်နေပြီလား။ ဘွဲ့ရရင် ဟောင်ကောင်မှာ အလုပ် လုပ်မှာလား။

ပြီးခဲ့တဲ့ အစမ်းစာမေးပွဲမှာ ဒုတိယ ရလိုက်တယ်။ ပထမ ရတဲ့သူနဲ့ (၁)မှတ်ပဲ ကွာသွားတာ။ မေးခွန်းကို ဘယ်လိုဖြေရမယ်မှန်း သိပေမယ့် မှားသွားသေးတာပဲ။

ငါရော ပေကျင်းမှာ တက္ကသိုလ် တက်နိုင်မယ်ထင်လား။ ငါတို့ကျောင်းက နာမည်ကြီး အထက်တန်းကျောင်း မဟုတ်ဘူး။ နာမည်မကြီးတဲ့ အတန်းတွေကို လျှောက်ရင်တော့ လက်ခံနိုင်ချေများတယ်တဲ့။ အဲ့လိုပဲ လျှောက်လိုက်သင့်လား။……………

**********

ကျိုးခယ်ရှင်း စာကိုပြီးအောင်ရေးကာ စာလုံးပေါင်းသတ်ပုံနှင့် အမှားများကို နှစ်ကြိမ်ပြန် စစ်လိုက်သည်။ (ဘာသာပြန်သူကိုယ်တိုင် ရေးပြီး ပြန်စစ်ဖို့ အချိန်မပေးနိုင်တာ ရှက်စရာပဲဗျာ…) စာမေးပွဲ ထိုင်ဖြေနေသကဲ့သို့ပင်။ ရေးထားသည့် မှင်များ ခြောက်အောင် လေဖြင့် အသာမှုတ်၍ စာကို ဂရုတစိုက် ခေါက်လိုက်သည်။

ကျိုးခယ်ရှင်းသည် ဖုန်းယွီနှင့် မတူချေ။ ဖုန်းယွီက စာကို နှစ်ကြိမ်ခေါက်၍ စာအိတ်ထဲ ထည့်ခြင်းဖြစ်သည်။ ကျိုးခယ်ရှင်းသည် ငယ်စဉ်ကတည်းက သင်ယူခဲ့သည့် ပုံစံဖော် စာရွက်ခေါက်နည်းစနစ်များကို သုံး၍ ခေါက်ခြင်း ဖြစ်သည်။ သူ့စာကို ယောက်ျားလေး တစ်ယောက်ပုံစံ ခေါက်လိုက်သည်။ စာရွက်ခေါက်ခြင်းကို ကျွမ်းကျွမ်း ကျင်ကျင် မဟုတ်သော်လည်း ပိုလှသွားသည်ဟု ခံစားနေမိဆဲပင်။

ယခင်ကလည်း သူကိုယ်တိုင် ဖန်တီးထားသည့် စာအိပ်အတွင်း စက္ကူလူသား ထည့်ပေးလိုက်သေးသည်။ လိပ်စာနှင့် တံဆိပ်တုံးကို စာအိပ်ပေါ်တွင် ဖြည့်ထားပြီးဖြစ်သည်။ စာအိတ်ကို ကော်ကပ် ချိတ်ပိတ်ကာ အပြန်အလှန် ပြန်လည် စစ်ဆေးပြီးမှ သိမ်းလိုက်တော့သည်။

“မင်္ဂလာပါ အဘိုးလီ..”

“ဒီနေ့ စောစောပြန်မလို့လား.. အအေးမမိအောင် ရေနွေးများများသောက်ဖို့ မမေ့နဲ့နော်.. စာသင်ယုံတင် မရဘူး ကျန်းမာရေးလဲ အရေးကြီးတယ်..”

အဘိုးလီ ကျိုးခယ်ရှင်းအား လက်ပြနှုတ်ဆက်လိုက်သည်။ ယနေ့ ကျောင်းတွင် (၁)နာရီခန့်သာ နေ့သွားပေသည်။ ထုံးစံဆိုလျှင် များသောအားဖြင့် ကျောင်း၌ အနည်းဆုံး (၂)နာရီလောက် နေတတ်သည်။

ကျိုးခယ်ရှင်းသည် စာအပ်များပင် ထိမကြည့်ဘဲ စာဖတ်ခြင်း၊ စာရေးခြင်းဖြင့်သာ ပြန်လည် ထွက်လာကြောင်း အဘိုးလီ အတွေ့အကြုံများအရ သေချာ သိနေပေသည်။

မိုးသည်လည်း ရွာကောင်းနေဆဲပင်။ ကျိုးခယ်ရှင်း ရေစိုသွားမည် စိုးရိမ်သဖြင့် စာပုံးအတွင်း မထည့်ချင်ချေ။ စာတိုက်အတွင်းသို့ဝင်၍ ဝန်ထမ်းတစ်ဦးထံ စာပို့ခဲ့လိုက်သည်။

အပြန်လမ်းတွင် ကျိုးခယ်ရှင်းတစ်ယောက် ‘ကမ္ဘာပေါ်တွင် ဒုတိယ အချောဆုံးလူ’ သည် သူ့စာလက်ခံရရှိသည်နှင့် မည်သို့ တုံ့ပြန်မည်ကို တွေးနေမိတော့သည်။

-------*****--------

ဘာသာပြန်သူ . (ငတက်ပြား)

All Chapters