ကုန်တိုက်မှ သူခိုးများ(၁)
Vol. 44 Ch. 647
“မန်နေဂျာကျောက်.. ကိုယ်တိုင် မဖြေရှင်းဘဲ ကျုပ်ကို ဘာလို့ ခေါ်လိုက်တာလဲ..”
ဖုန်းယွီ ပေကျင်းမြို့၊ ထိုင်ဟွာ ကုန်တိုက်ရုံးခန်းအတွင်း ထိုင်နေပေသည်။
“မန်နေဂျာဖုန်း.. တစ်ယောက်ယောက်တော့ ငါတို့ ကုန်တိုက်မှာ ခိုနေပြီ..”
ကုန်တိုက်တွင် သူခိုးရှိနေသည်လော။ ဤသည်မှာ ပုံမှန်သာပင်။ ကမ္ဘာပေါ်ရှိ ကုန်တိုက်တိုင်းတွင် ဖြစ်ရိုးဖြစ်စဉ်သာပင်။
အချို့သော သူခိုးများသည် အခြေအနေအရ အတင်းအကြပ် စေခိုင်းခံရပြီး ရွေးစရာမရှိချေ။ အချို့မှာ ငွေကြေး အချောင်ရလို၍ ဖြစ်သည်။ ကုန်တိုက်မှ တစ်ခုခု ခိုးယူခြင်းမှ ရက်အနည်းငယ် ဝမ်းဝနိုင်ပေသည်။
“အဆင်ရောပြေလား.. ငါတို့ ကုန်တိုက်မှာ သူခိုးတွေ ရှိနေပြီလား..”
“တစ်ယောက်တော့ ဖမ်းမိထားတယ်..”
“သူ့ကို ရဲလက် အပ်လိုက်လေ.. ဘာလုပ်ရမယ်ဆိုတာ ပြောဖို့ လိုသေးလို့လား..”
ဖုန်းယွီ အံ့ဩနေမိသည်။ ဤကုန်တိုက် မန်နေဂျာများသည် ဤအခြေအနေကို မည်သို့ ကိုင်တွယ်ရမည်ကို မသိကြချေ။
“ပုံမှန်ဆိုရင်တော့ ရဲလက်အပ်ဖို့ပါပဲ.. ဟောင်ကောင်မှာလဲ အဲ့လိုပဲ လုပ်ခဲ့တာ.. ဒီမှာ ဒေသခံ တစ်ချို့ကို မေးကြည့်တယ်.. သူတို့ကို ရဲလက်အပ်လိုက်ရင်တောင် အသုံးမဝင်ဘူးတဲ့.. ရဲစခန်းမှာ တစ်ည ချုပ်ပြီး မနက် ပြန်လွှတ်ပေးလိုက်မှာ.. ငါတို့ ကုန်တိုက်မှာ လာခိုးဖို့ လူသစ်တွေတောင် ထပ်ပါလာအုံးမယ်..”
ကုန်တိုက် မန်နေဂျာ ကျောက် ပြောပြလာတော့သည်။
ထိုသူခိုးများသည် အသင်းအဖွဲ့ တစ်ခုဟု ဆိုလိုသည်လော။
သို့ရာတွင် ဥပဒေ ရှိပေသည်။ ခိုးယူမှု မှတ်တမ်းမရှိသော သူများကို ဒဏ်ငွေ သို့တည်းမဟုတ် တစ်ည၊ နှစ်ည ချုပ်နှောင်ထားမည် ဖြစ်သည်။ ထိုသူခိုးများသည် ငွေများခိုး၍ ဒဏ်ကြေး မပေးကြချေ။ တစ်ခုတည်းသော ရွေးချယ်မှုမှာ ချုပ်နှောင်ခံရန်ပင်။ မန်နေဂျာကျောက်သည်လည်း ထိုသူတို့ကို ရဲလက်သို့ မအပ်ချင်တော့ချေ။
“ဒါဆို ဘယ်လိုလုပ်ချင်တာလဲ..”
“သူခိုးကို ငါကိုယ်တိုင် စစ်ဆေးမလို့..”
မန်နေဂျာကျောက် ဖုန်းယွီကို ကြည့်၍ ပြောလိုက်သည်။
မိမိဘာသာ စစ်ဆေးမည်လော။ ထိုကဲ့သို့ ကုန်တိုက်လုံခြုံရေး အစောင့်များသည် ဈေးဝယ်သူများကို စစ်ဆေးမေးမြန်းခြင်း မျိုး မိမိ ကုန်တိုက်တွင် ဖြစ်နေသည်လော။ ဤနည်းလမ်းကို မိမိ ကုန်တိုက်တွင် စတင်ခဲ့သည်ဟုတော့ မကြားလိုချေ။
“အဲ့ သူခိုးတွေကို စစ်ဆေးဖို့ ငါတို့မှာ လုပ်ပိုင်ခွင့်မရှိဘူး.. မင်းလဲ သိပြီးသား နေမှာပါ..”
ဖုန်းယွီ မျက်မှောင်ကြုတ်လိုက်တော့သည်။
မန်နေဂျာကျောက် ဒေါသတကြီးဖြင့်…..
“ဒီကောင်တွေ ငါတို့ ကနု်တိုက်ကနေ ခိုးထားတာလေ.. ဘာလို့မေးလို့ မရရမှာလဲ.. ပြီးတော့ ဒီကောင်တွေ ငါတို့ကို ရဲတိုင်ရဲမှာလား..”
သူခိုးများ ဤသို့ထင်မည်လော။ မှန်ပေ၏။ သူခိုးများသည် ရဲစခန်းသို့ မသွားရဲကြချေ။ အထူးကုသမှု ခံယူပါက ရဲများး စောင့်ကြည့်မှု ခံရပေလိမ့်မည်။ ပုံမှန်အခြေအနေတွင် သူခိုးများ ရဲနှင့်မဆိုင်ချေ။
“ကောင်းပြီလေ.. မင်းပြောသလို လုပ်ကြည့်လိုက်.. ဒါပေမယ့် ဘာပြဿနာမှ မဖန်တီးနဲ့… ငါတို့ ကုန်တိုက် ဂုဏ်သိက္ခာ မထိခိုက်ဖို့ အမြဲသတိထား.. မသေချာရင် အဲ့သူခိုးတွေကို မဖမ်းရဘူး.. ကားတွေ ပြန့်သွားရင် ငါတို့ ကုန်တိုက်မှာ ဘယ်သူမှ ဈေးဝယ်ချင်မှာ မဟုတ်ဘူး..”
“ငါလဲ ဘာလုပ်ရမှန်း မသိသေးဘူး.. သူခိုးကို စစ်ဆေးတော့မယ်.. မင်းကြည့်အုံးမလား..”
ထိုသူအား စစ်ဆေးမည်လော။ ဖုန်းယွီ ဘဝ(၂)ခုစလုံးတွင် ဤသို့ စစ်ကြောမေးမြန်းခြင်းကို တစ်ခါမှ မတွေ့ဖူးချေ။ ဤသည်မှာ စစ်ဆေးမေးမြန်းခြင်း ဖြစ်သော်လည်း ဖုန်းယွီ စူးစမ်းချင်နေမိသည်။
“သူခိုးက ဘယ်မှာလဲ..”
“လုံခြုံရေး ရုံးမှာ.. လုံခြုံရေး အရာရှိတွေ စောင့်ကြည့်နေကြတယ်..”
ထိုင်ဟွာ ကုန်တိုက် လုပ်ငန်းသည် လုံခြုံရေး အရာရှိများအဖြစ် စစ်မှုထမ်းဟောင်းများကို ငှားရမ်းခဲ့သည်။ ထိုစစ်သည်များသည် စစ်တပ်မှ အငြိမ်းစားယူကာ ကောင်းမွန်သည့် လူနေမှုဘဝ ပုံစံရှိနေကြပေသည်။
“အဲ့သူခိုးကို ရိုက်ထားသေးလား…”
“မရိုက်ဘူး.. အာ.. သူခိုးက အမျိုးသမီး..”
အမျိုးသမီးသူခိုးလော။ မည်သို့ပင်ဖြစ်စေ အစောင့်များအနေဖြင့် ထိုအမျိုးသမီးအပေါ် လက်မပါသင့်ချေ။
“သွားကြည့်ရအောင်.. အစောင့်တွေ သူ့ခန္ဓာကိုယ်ကို ရှာထားလား..”
ဖုန်းယွီ ထပ်မေးလိုက်သည်။
ဖုန်းယွီ၏ ယခင်ဘဝတွင် ဂျပန်ဇာတ်ကြမ်းများ ကြည့်ဖူးပေသည်။ ဇာတ်လမ်းအတွင်း အမျိုးသမီးတစ်ဦးကို ဆိုင်လုံခြုံရေးအစောင့် (၃)ယောက်မှ ဖမ်းဆီးခဲ့ပြီး အဝတ်အစားများ ချွတ်ကာ ခန္ဓာကိုယ်ကို ရှာဖွေခဲ့ကြသည်။ ဤသည်မှာ လိင်အရုပ်ဆိုင်မှ ခိုးယူရန် ကြိုးစားခဲ့သဖြင့် စိတ်လှုပ်ရှားစရာ ဇာတ်ကားတစ်ခုပင်။
“မန်နေဂျာဖုန်း…. ကုန်တိုက်မန်နေဂျာ..”
ကုန်တိုက် မန်နေဂျာမှာ နှုတ်ဆက်လာမှုကို ခေါင်းညိတ်ပြရင်း မေးခွန်း ထုတ်လိုက်သည်။
“သူ ဝန်ခံပြီလား..”
“ဝန်မခံဘူး.. သူ့မှာ အပြစ်မရှိကြောင်းပဲ ပြောနေတာ.. ဒါပေမယ့် ကုန်တိုက်လက်ထောက်က သူ ပစ္စည်းတွေ ကိုင်ထားတာ တွေ့ပြီး ထောင့်တစ်ထောင့် ရောက်သွားတော့ အဲ့ပစ္စည်းတွေ ပျောက်သွားရော။ အဲ့ပစ္စည်းတွေ သူ့ကိုယ်ပေါ်မှာ ရှိနေအုံးမျာ သေချာတယ်..”
လုံခြုံရေးအစောင့်တစ်ယောက်သည် ခပ်ဝဝ အမျိုးသမီးကို လက်ညှိုးထိုးပြပေသည်။
“ဘာမှမရှိဘူး.. ငါအစွပ်စွဲခံနေရတာ..”
ထိုအမျိုးသမီး အော်ဟစ်နေပေသည်။
ဖုန်းယွီ ထိုအမျိုးသမီးကို ကြည့်လိုက်သည်။ မျက်လုံးများ မှိတ်တုတ်မှိတ်တုတ်ဖြင့် တုန်လှုပ်ခြောက်ခြားစွာ လှည့်ပတ် ကြည့်နေပေသည်။ အမှန်တကယ် အပြစ်ကင်းသူဖြစ်ပါက ထိုအပြုအမူမျိုး ပြုလုပ်မည် မဟုတ်ချေ။ လုံခြုံရေးအစောင့်၏ တင်ပြချက် မှန်ကန်ပေသည်။ ထိုလူ အပြစ်ရှိရပေမည်။
အတွေးတစ်ခု ဝင်လာမိသည်။ ယခု ရာသီဥတု ပူနေပေသည်။ တရုတ်များမှာ ယနေ့ခေတ် အခြေအနေအရ ပွင့်လင်းမှု နည်းသေးသော်လည်း မည်သူမှာ ထိုသို့သော အင်္ကျီမျိုး မဝတ်ကြချေ။ အများစုမှာ လက်ရှည်များ ဝတ်ကြပေလိမ့်မည်။ ထို့အပြင် ထိုအမျိုးသမီးသည် စကတ်ရှည် ဝတ်ထားသေးသည်။ သူ၏ ဝတ်စားဆင်ယင်မှုမှာ ထူးဆန်းလွန်းလှပေသည်။ ကုန်တိုက်လက်ထောက် သူ့ကို သတိထားမိသည်မှာ အံ့ဩစရာ မရှိချေ။
ဖုန်းယွီ ယခင်ဘဝမှ သတင်းတစ်ပုဒ်ကို ရုတ်တရက် သတိရသွားသည်။ ဈေးဝယ်သူ တစ်ယောက်သည် အချိုရည် ပုံးတစ်ပုံးကို သူ့ပေါင်ကြားတွင် ဝှက်ကာ ဆိုင်အတွင်မှ ပြန်ထွက်ရန်မှာ သာမန်အတိုင်း (၁)စက္ကန့်ပင် မပြည့်ချေ။
ထိုသတင်း ထွက်ပေါ်လာပြီးနောက် သူခိုးများသည် ထိုနည်းကို အတုယူရန် ကြိုးစားခဲ့ကြသော်လည်း အဖမ်းခံခဲ့ရပေသည်။ အဘယ့်ကြောင့်ဆိုသော ကုန်တိုက်များတွင် CCTV များ ရှိနေခြင်းကြောင့်ဖြစ်သည်။
ဖုန်းယွီသည် ကုန်တိုက်များတွင် CCTV တပ်ရန် စဉ်းစားဖူးပေသည်။ ကင်မရာများမှာ ရှင်းလင်းပြတ်သားပြီး ဈေးသိပ်မကြီးသော်လည်း သူခိုးများစွာကို တားဆီးနိုင်ပေလိမ့်မည်။
သို့ရာတွင် တရုတ်များသည် စောင့်ကြည့်နေသည်ကို မကြိုက်ကြချေ။ ဖုန်းယွီသည် ယခင်ဘဝက Walmart မှ ဖောက်သည်များ ဆုံးရှုံးခြင်းနှင့်ပတ်သက်၍ ကောလဟလ တစ်ခု ကြားဖူးထားပေသည်။ Walmart သည် ၎င်းတို့ ကုန်တိုက်များတွင် CCTV များတပ်ဆင်ထားခြင်းကြောင့် ဖောက်သည်များ ဆုံးရှုံးခဲ့ခြင်းပင်။
ထိုကောလာဟလ မှာ မမှန်သော်လည်း အကျိုးအကြောင်း သင့်ပုံ ပေါ်ပေသည်။ ဖုန်းယွီသည် ကုန်တိုက်ကို စောင့်ကြည့်နေပြီး လုံခြုံရေးအစောင့်များသည် ဖောက်သည်များကို CCTV မှတစ်ဆင့် စောင့်ကြည့်နေပါက ဈေးဝယ်သူများ စိတ်မသက်မသာ ခံစားရပြီး ဈေးဝယ်ချင်မည် မဟုတ်တော့ကြောင်း ဖုန်းယွီ သေချာသိနေပေသည်။
လုံခြုံရေးအစောင့်များသည် ပုံရိပ်များကို တစ်ချိန်လုံး စောင့်ကြည့်နေမည် မဟုတ်ကြောင်း လူအများသိရှိသွားစေရန် အချိန် (၈)နှစ်မှ (၁၀)နှစ်ခန့်အထိ စောင့်ခဲ့ရပေသည်။ ထိုအချိန်က ဆိုင်များတွင် CCTV မတပ်လျှင်သာ ထူးဆန်းနေပေလိမ့်မည်။
ထိုင်ဟွာ ကုန်တိုက်တွင် CCTV တပ်ဆင်ထားခြင်းမရှိသည့်အပြင် ထိုအမျိုးသမီးသည် ကုန်တိုက်မှ ခိုးသွားကြောင်း သက်သေပြစရာ အထောက်အထားမရှိချေ။ သူ့ကို ရှာဖွေခြင်းသည်သာ အကောင်းဆုံး ဖြေရှင်းချက်ဖြစ်ပေသည်။ ဖုန်းယွီအနေဖြင့် ဤအမျိုးသမီးသည် သူ့အင်္ကျီအောက်တွင် ပစ္စည်းများ ဝှက်ထားသည်ဟု ယုံကြည်ထားပေသည်။
“မင်းမှာ အပြစ်မရှိဘူးလို့ ပြောလိုက်တာလား.. ကျုပ် ရဲစခန်းကို ဖုန်းဆက်ပြီး အမျိုးသမီး အရာရှိကို ခေါ်လိုက်မယ်.. အမျိုးသမီးအရာရှိက မင်းခန္ဓာကိုယ်ကို ရှာလိမ့်မယ်.. ဒါဆို မင်းမှာ အပြစ်ရှိမရှိ အဖြေပေါ်ပြီပေါ့..”
ဖုန်းယွီ တည်ငြိမ်စွာဖြင့် ပြန်ဖြေလိုက်သည်။ ထပ်မံ၍ မန်နေဂျာ ကျောက်မှလည်း..
“မင်းကို မတရား စွပ်စွဲမိတာဆိုရင် လျော်ကြေးပေးမယ်.. ဒါပေမယ့် အခုအချိန်ထိ ပစ္စည်းတွေ ခိုးထားတာ ဝန်မခံရင်တော့ ငါတို့ကို အပြစ်မတင်နဲ့..”
ထိုအမျိုးသမီး မျက်နှာအမူအရာ ပြောင်းသွားတော့သည်။
“ငါ့ကို ချုပ်ထားဖို့ ဘာအခွင့်အရေးရှိလို့လဲ.. နင်တို့က ရဲတွေမဟုတ်ဘူး.. ဘေးဖယ်စမ်း .. ငါအပြင်ထွက်မယ်..”
လုံခြုံရေး အစောင့်(၂)ယောက်က ခြေတစ်လှမ်းစီရွှေ့ရင်း ထိုအမျိုးသမီးကို ပိတ်ထားလိုက်သည်။
“ရဲတွေ ရောက်မလာခင် မင်း အပြင်သွားခွင့်မရှိဘူး.. စောစောက ပြောထားသလိုပဲ မင်းကို မတရားစွပ်စွဲမိရင် ငါတို့ လျော်ကြေးပေးမယ်.. အခု နောက်ဆုံးအခွင့်အရေး တစ်ခုပေးမယ်.. မင်းခိုးထားသမျှ ပစ္စည်းတွေ ထုတ်ပေးလိုက်.. ပြီးတော့ ငါတို့ ထိုင်ဟွာကုန်တိုက်နဲ့ ဝေးဝေးနေဖို့ မင်းလူတွေကို ပြောလိုက်..”
ကုန်တိုက် မန်နေဂျာ ကျောက် ပြောလိုက်တော့သည်။
ကုန်တိုက်မန်နေဂျာကျောက်သည် ထိုအမျိုးသမီးကို စစ်ဆေးလိုသည့် အကြောင်းအရင်းကို ဖုန်းယွီ နားလည် သွားတော့သည်။
-------*****--------
ဘာသာပြန်သူ . (ငတက်ပြား)