← Chapters

လှည့်ကွက်များ (၁)

Vol. 44 Ch. 649

လှည့်ကွက်များ (၁)

Vol. 44 Ch. 649

“တာ့ကျွမ်း လာအုံး.. ကျုပ်နဲ့ လိုက်ခဲ့…”

အစ်ကိုဟေးသည် ယင်းကျီအား သွားကယ်မည်ဖြစ်သော်လည်း တစ်ယောက်တည်း မသွားချေ။ တာ့ကျွမ်းသည် သူ့နောက်လိုက်များထဲမှ တစ်ယောက်ဖြစ်ပြီး မည်သို့ ခိုးရမည်ကို မသိချေ။ သို့ရာတွင် အရပ်ရှည်ကာ သန်မာပေသည်။ အများအားဖြင့် သူတို့အုပ်စုထဲမှ တစ်ယောက်ယောက် အဖမ်းခံထိပါက ပေါ်လာပေလိမ့်မည်။ ပုံမှန်အားဖြင့် သက်တော်စောင့် တစ်ယောက်လိုသာပင်။

တာ့ကျွမ်းသည် အစ်ကိုဟေးအပေါ် အလွန်သစ္စာရှိပေသည်။ အစ်ကိုဟေး အမိန့်ပေးလာပါက လူတစ်ယောက်ကို ဓားနှင့်ထိုးရန်လည်း ဝန်မလေးချေ။ သို့ရာတွင် ဤတစ်ကြိမ်၌ အစ်ကိုဟေး တာ့ကျွမ်းကို သက်တော်စောင့်အဖြစ် မတောင်းဆိုခဲ့ချေ။

ဖုန်းယွီသည် စခန်းမှူး လီနှင့် စကားပြောပြီးနောက် ယင်းကျီ အံ့အားသင့်သွားသည်။ ထိုလူ လုံးဝမယုံကြည်ရချေ။ အစ်ကိုဟေးကို ဖမ်းလိုက်ပါက ပြီးသွားပေလိမ့်မည်။ အစ်ကိုဟေးအား အခြားရာဇဝတ်မှုများအတွက် အလိုရှိနေဆဲ မဟုတ်ပေလော။

“ဘယ်သူ့ကို ခေါ်နေတာလဲ.. နင်ဘာလုပ်ချင်နေတာလဲ…”

ယင်းကျီ ထအော်လိုက်ပြန်သည်။

“ဌာနခွဲ စခန်းမှူးလီလေ… ရဲစခန်း သေးသေးလေးတွေဆို မင်းတို့ကို ဘာမှ လုပ်နိုင်မှာမဟုတ်ဘူး.. ဒီတော့လဲ မင်းတို့ကို ကိုင်တွယ်ဖို့ အထက်ရုံးက တစ်ယောက် ခေါ်ရတော့တာပေါ့… ငါ နင့်ကို တကယ်ကြီး လွှတ်ပေးလိုက်မယ် ထင်နေတာလား.. မင်းတို့ ခေါင်းဆောင်ကို ခေါ်ထုတ်ချင်လို့ နင့်ကို ငါးစာချလိုက်တာပဲ..”

ဖုန်းယွီအနေဖြင့် သူကလိန်ကျလိုက်ခြင်းအား ပြန်လည်ပြောပြရန် ရှက်ရွံ့မနေချေ။

ဖုန်းယွီသည် သူတော်စင် မဟုတ်ချေ။ ထိုသူများ ခိုးရသည့် အကြောင်းအရင်းကိုလည်း သူဂရုမစိုက်ချေ။ အရာရာ တရားမျှတမှု ဟူသည့် ဆောင်ပုဒ်ကိုလည်း ကိုင်ဆွဲမထားချေ။ ထိုလူများသည် ထိုင်ဟွာကုန်တိုက်ကို ပစ်မှတ် မထားသင့်ကြောင့် သူခိုးဂိုဏ်းအားလုံးကို အသိပေးနိုင်ရန် ဤကိစ္စကို အသုံးချရပေလိမ့်မည်။

မန်နေဂျာကျောက်ကမူ ဖုန်းယွီအား ဤသူခိုးကို သင်ခန်းစာပေးကာ ထိုင်ဟွာကုန်တိုက်နှင့် ခပ်ဝေးဝေးတွင် နေစေချင်ကြောင်း ပြောလာပေသည်။ သို့ရာတွင် ဖုန်းယွီ၏ နည်းလမ်းမှာ ပိုသေချာပေသည်။

စခန်းမှူးလီသည် (၁၅)မိနစ်အတွင်း ရောက်လာပေသည်။ ဖုန်းယွီ ထိုသူအား မည်သို့ သိထားသနည်း။ ဖုန်းယွီသည် အတွင်းရေးမှူးကျန်းနှင့် ညစာစားနေစဉ် တစ်ကြိမ်တွေ့ဖူးပေသည်။ အတွင်းရေးမှူးကျန်းသည် ပေကျင်းမြို့၏ တရားစီရင်ရေး မဏ္ဍိုင်တစ်ခုလုံးကို တာဝန်ယူထားပြီး ရဲဌာန၏ ဒုရဲချုပ်မှ အထက်လူကြီးအဖြစ် တိုက်ရိုက် တာဝန် ယူထားသည်။ အတွင်းရေးမှူးကျန်းသည် ပေးကျင်းမြို့တော်တွင် သူ့စကားများသည် ပေကျင်းမြို့တော် ပါတီ အတွင်းရေးမှူး ထက် ပို၍ ဩဇာ သက်ရောက်ပေသည်။

အတွင်းရေးမှူးကျန်းသည် ပမ့်မြို့တော်မှ ဖြစ်ပြီး မန်နေဂျာဖုန်းသည်လည်း ပမ့်မြို့တော်မှ ဖြစ်ပေသည်။ နှစ်ဦးစလုံး အဆက်အသွယ်များ ရှိနေမည်ကို စခန်းမှူးလီ သိနေပေသည်။ ထိန်းလန့်စရာ ကောင်းသည်မှာ ထိုင်ဟွာကုန်တိုက် ဖွင့်ပွဲအခမ်းအနားတွင်း ခရိုင်(၃)ခုမှ ရဲချုပ်(၃)ယောက် ဖိတ်ကြားခဲ့သည်။ အထက်လူကြီးများသည် ပေကျင်း ရဲဌာနအား ထိုင်ဟွာကုန်တိုက်များကို ဂရုစိုက်စေလိုကြောင်း သဘောထား ပြသထားကြပေသည်။

ယခုမူ ဖုန်းယွီသည် အုပ်စုတစ်ခုမှ ထိုင်ဟွာကုန်တိုက်အား ပစ်မှတ်ထားကာ အဖွဲ့ဝင်တစ်ဦး ဖမ်းမိထားကြောင်း ပြောလာလေသည်။ စခန်းမှူးလီ အလျင်အမြန် ကိုင်တွယ်ရန်မှအပ ရွေးစရာမရှိတော့ချေ။

သူခိုးကို ကိုယ်တိုင်ကိုယ်ကျ မေးမြန်းကာ ထိုအဖြစ်အပျက်များကို သေချာကိုင်တွယ်ရပေမည်။

“မန်နေဂျာဖုန်း… ဒါ သူခိုးလား..”

စခန်းမှူးလီ မေးလိုက်သည်။

“ဟုတ်ပါတယ်.. သူခိုးထားတာတွေ သူ့ကိုယ်ပေါ်မှာ ရှိနေသေးတယ်.. ကျုပ်တို့မှာ အမျိုးသမီးလုံခြုံရေး အရာရှိ မရှိလို့ သူ့ကို ရှာဖွေရေး မလုပ်ရသေးဘူး..”

ဖုန်းယွီ ရှင်းပြလိုက်သည်။

“ပြဿနာမရှိဘူး.. ငါ အမျိုးသမီး ရဲအရာရှိတစ်ယောက် ခေါ်လာတယ်.. ရှောင်စု သူကို သွားရှာလိုက်.. အတွင်းထဲမှာ ပစ္စည်းဘယ်လောက်တောင် ဝှက်ထားလဲဆိုတာ ငါသိမြင်ချင်သေးတယ်..”

စခန်းမှူးလီ သူ့လက်ရမ်းပြရင်း ရဲဝတ်စုံဝတ်ထားသည့် အမျိုးသမီးအရာရှိကို ယင်းကျီထံ လွှတ်လိုက်သည်။

“နင်ဘာလုပ်နေတာလဲ.. သူဌေး.. ခေါင်းဆောင်ဟေး ရောက်လာရင် ငါ့ကို လွှတ်ပေးမယ်ဆို..”

ယင်းကျီ အော်နေတော့သည်။

ဖုန်းယွီ ယင်းကျီကို တစ်ချက်ကြည့်ကာ..

“နင့်ခေါင်းဆောင်ကို ခေါ်ဖို့ နင့်ကို သဘောတူ ခွင့်ပေးခဲ့တယ်.. ဒါပေမယ့် နင့်ခေါင်းဆောင် ရောက်လာရင် နင့်ကို လွှတ်ပေးမယ်လို့ ငါမပြောဖူးပါဘူး.. နင် ငါ့စကားတွေကို နားလည်မှု လွဲနေပြီထင်တယ်..”

ယင်းကျီ တစ်ခုခု ပြောချင်နေသော်လည်း အမျိုးသမီး ရဲအရာရှိမှ သူ့ကို ချုပ်ထားလိုက်သည်။ သူ့ခန္ဓာကိုယ်ကို ရှာဖွေမှု စမလုပ်ရသေးချင်မှာပင် ပစ္စည်းများ ထွက်ကျလာတော့သည်။

ယင်းကျီသည် သူခိုးထားသည့် ပစ္စည်းများကို ချိတ်များသုံး၍ ဝှက်ထားခြင်းဖြစ်သည်။ ရုတ်တရက် ဖမ်းချုပ်မှုသည် အဝတ်အစားအောက်မှ ချိတ်တစ်ချို့ ပြုတ်ကာ ပစ္စည်းများ ထွက်ကျလာခြင်းဖြစ်သည်။

ဘီယာ၊ ဝက်ပေါင်ခြောက်၊ ဘေ့စ်ဘောဦးထုပ်၊ လက်ဖက်၊ ခေါင်းလျှော်ရည်……….

အမျိုးသမီး ရဲအရာရှိက ယင်းကျီ၏ အင်္ကျီကို ဆွဲဖွင့်လိုက်ရာ အားလုံး အံ့ဩသွားတော့သည်။

အားလုံးသည် ယင်းကျီ သူခိုးထားသမျှ ပစ္စည်းများအား ကုတ်အင်္ကျီအောက်တွင် သိမ်းထားမည်ဟု တွေးထားကြ ခြင်းပင်။  သို့ရာတွင် သူ့အင်္ကျီအောက်၌ ပစ္စည်းများကို ကြိုးချိတ်များဖြင့် သုံးထားပေသည်။

ထိုယင်းကျီသည် ပိန်သွယ်သွယ် အမျိုးသမီးဖြစ်ပေသည်။ သို့ရာတွင် ကုတ်အင်္ကျီ ဝတ်ထားသည်နှင့် အကိတ်မ တစ်ယောက်ကဲ့သို့ပင်။ ထိုအင်္ကျီမှာ ပစ္စည်းအများအပြား ချိတ်ထားပေသည်။ ပစ္စည်းများကို အင်္ကျီအောက်တွင် ထား၍ အတုရောင်းသူနှင့်ပင် တူနေသေးတော့သည်။

ပစ္စည်းအားလုံးကို သူ့အင်္ကျီမှ ဖြုတ်ချပြီးနောက် အခန်းအတွင်းရှိလူတိုင်းသည် ယင်းကျီ၏ စကတ်ရှည်ကြီးကို စိုက်ကြည့်နေကြသည်။ ရှည်လျား ပွယောင်းသော စကတ် ဖြစ်ပေသည်။

“နင်တို့တွေ ဘာလုပ်နေကြတာလဲ.. ငါက မိန်းကလေးနော်..”

ယင်းကျီ ထအော်ပြန်သည်။

စခန်းမှူးလီသည် အမျိုးသမီးရဲအရာရှိမှ ယင်းကျီ၏ စကတ်ကို ချွတ်နေခြင်းအား တား၍..

“ငါနင့်ကို အခွင့်အရေးပေးမယ်.. နင်ကိုယ်တိုင် ဝန်ခံလိုက်.. ငါ အင်အားသိပ်မသုံးချင်ဘူး.. ငါတို့မှာ သက်သေတွေလဲ ရှိနေပြီ..”

ယင်းကျီ တွေ့ကြုံခဲ့ဖူးသမျှ အမြင့်ဆုံး ရဲအရာရှိမှာ စခန်းငယ်လေးများမှ စခန်းမှူးများဖြစ်ပေသည်။ ဤသည်မှာ ခရိုင်စခန်းမှူးနှင့် ပထမဆုံးအကြိမ် တွေ့ဖူးခြင်းပင်။ ထိုဝတ်စုံနှင့် အမူအရာအရ ယင်းကျီ ကလန်ကဆန် မလုပ်ရဲချေ။

“ငါကိုယ်တိုင် ထုတ်ပေးမယ်..”

ဖုန်းယွီနှင့် ကျန်လူများ အံ့ဩဖွယ်ရာများ တွေ့လိုက်ရသည်။ စကတ်ရှည်သည် ပစ္စည်းများစွာ သိမ်းထားနိုင်မည်ဟု ထင်မထားကြချေ။ အထူးတင်သွင်းလာသည့် (၅)လီတာဆံ့ ဘီယာပုလင်းကြီး တစ်လုံး၊ ပဲပုပ်ဆီ ပုလင်းကြီးနှင့် အခြားသော အရွယ်အစားကြီး ပစ္စည်းများဖြစ်တော့သည်။ ထိုပစ္စည်းများအားလုံး ယင်းကျီ၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေပေသည်။ ဤသည်ကိုပင် သူမည်သို့ မတ်တပ် ရပ်နိုင်နေသနည်း။

ကြမ်းပြင်ပေါ်တွင် ပစ္စည်းမျိုးစုံ ရှိနေပေသည်။ ဤပစ္စည်းများ၏ စုစုပေါင်း တန်ဖိုးမှာ ယွမ်(၁၀၀၀)ကျော်ပေသည်။ အထူး တင်သွင်းထားသည့် ပစ္စည်းများမှာ ဈေးပိုကြီးကာ ယင်းကျီသည် အထူးသွင်းကုန် တော်တော်များများ ရွေးထားပေသည်။

“ဒီပစ္စည်းတွေရဲ့ စုစုပေါင်းတန်ဖိုးက (၁၃၂၆.၅၃)ယွမ်ပါ..”

ကုန်တိုက်ဝန်ထမ်းတစ်ယောက်က ထိုပစ္စည်းများ၏ တန်ဖိုးကို တွက်ချက်ပေးလာသည်။

ဖုန်းယွီသည် ယင်းကျီအား သူကျူးလွန်ခဲ့သမျှ ဝန်ခံကာ လွှတ်ပေးလိုက်ချင်သည်။ မှော်ပညာရှင် တစ်ယောက် အလား ဖြစ်နေပေသည်။ မှော်ဆရာများပင် ဤမျှလောက် သိုဝှက်ထားနိုင်မည် မဟုတ်ချေ။

“ပစ္စည်းတန်ဖိုးက ယွမ်(၁၀၀၀)ကျော်ဆိုတာရယ်.. နင့်ရဲ့ အရင်အမှု မှတ်တမ်း ဟောင်းတွေကြောင့်ရယ်.. နင့်ကို ထောင် (၁၅)ရက်ကျော် ချလို့ရပြီ..”

စခန်းမှူးလီ ပေါ့ပေါ့ပါးပါးသာ ပြောလိုက်သည်။

“ငါ.. ငါ.. အရှုံးပေးပါပြီ..”

ယင်ကျီ တုန့်ပြန်ရန် ကြိုးစားနေသေးသည်။

“ပါးစပ်ပိတ်ထားစမ်း.. နင့်မှာ ခြေအကောင်း လက်အကောင်းတွေနဲ့ လျှောက်ခိုးနေတယ်ပေါ့.. နင့်မိသားစုကိုတော့ တော်တော်လေး ဂုဏ်ယူမိသွားပြီ.. တစ်မျိုးစဉ်းစားကြည့်လိုက်တော့… နင့်ကို ပြုပြင်ပြောင်းလဲနိုင်အောင် ရဲဘက်စခန်း ပို့လိုက်တာ ကောင်းမယ်ထင်တယ်..”

စခန်းမှူးလီ ပြောပြီးသည်နှင့် ဖုန်းယွီ၏ တုန့်ပြန်မှုကို လျှို့ဝှက်စွာ ကြည့်နေပေသည်။ ဤသည်မှာ သူချမှတ်နိုင်သည့် အပြင်းထန်ဆုံး ပြစ်ဒဏ်ဖြစ်ပေသည်။ ဖုန်းယွီ မကျေနပ်သေးပါက တခြားနည်းလမ်းများ ရှာရပေအုံးတော့မည်။

စခန်းမှူးအား ဖုန်းယွီ ခေါင်းညိတ်ပြလိုက်သည်။ လက်ရှိ ဥပဒေများနှင့် ပတ်သက်၍ သေသေချာချာ မသိသော်လည်း ခိုးမှုမှာ ကြီးလေးသော ရာဇဝတ်မှုအဖြစ် မသတ်မှတ်ကြောင်း သိနေပေသည်။ ယင်းကျီအား ကြီးလေးသော ပြစ်ဒဏ်များ ချမှတ်ရန် နည်းလမ်းမရှိချေ။ ပြုပြင်ပြောင်းလဲရေးသည်သာ အပြင်းထန်ဆုံး ပြစ်ဒဏ် ဖြစ်နေလောက်သည်။ သို့ဖြစ်၍ ဖုန်းယွီ မေးခွန်းတစ်ခုသာ မေးကြည့်လိုက်သည်။

“ပြုပြင်ပြောင်းလဲရေးကာလ ဘယ်လောက်ကြာနိုင်လဲ..”

“ကာလ သတ်သတ်မှတ်မှတ်တော့မရှိဘူး.. သူ့တိုးတက်မှုအပေါ် မူတည်ပြီး သူကောင်းကောင်း လုပ်နိုင်ရင်တော့ တစ်လလောက်နဲ့ လွတ်နိုင်မှာပါ..”

စခန်းမှူးလီ ဖုန်းယွီမျက်နှာအမူအရာ ပြောင်းသွားသည်ကို မြင်လိုက်သည်နှင့် ချက်ချင်းပင်..

“နောင်တမရလို့ ရဲဘက်စခန်းမှာ နှစ်နဲ့ချီ ကြာနေတဲ့သူတွေလဲ ရှိတယ်..”

ယင်းကျီ လဲကျလုမတတ် ဖြစ်သွားသည်။ ရဲဘက်စခန်းတွင် နှစ်နှင့်ချီ ကြာနိုင်သည်လော။ ခိုးထားသည့် ပစ္စည်း အနည်းငယ်လေးဖြင့် မိမိအား ပြင်းပြင်းထန်ထန် အပြစ်ပေးချင်နေသည်လော။

ယင်းကျီ ပထမဆုံးအကြိမ် နောင်တရမိသွားသည်။ ခိုးမိသည်ကို နောင်တမရချေ။ ထိုင်ဟွာ ကုန်တိုက်သို့ လာရောက် ခိုးမိခြင်းကို နောင်တ ရနေခြင်းပင်။

ထိုအချိန်၌ လုံခြုံရေး အရာရှိတစ်ယောက် ဝင်လာကာ ဖုန်းယွီအား..

“မန်နေဂျာဖုန်း.. အပြင်မှာ အစ်ကိုဟေးလို့ပြောတဲ့ ထောင်ထောင်မောင်းမောင်း အမျိုးသားတစ်ယောက် ရောက်နေတယ်.. သူမိတ်ဆွေကို လာခေါ်တာတဲ့..”

နောက်ဆုံး၌ အဓိက ဇာတ်ဆောင် ရောက်လာပေပြီ။ ဖုန်းယွီ၏ မျက်နှာပြင်၌ တင်းမာသည့် အပြုံးတစ်ခု ရှိနေပေသည်။

-------*****--------

ဘာသာပြန်သူ . (ငတက်ပြား)

All Chapters