← Chapters

လှည့်ကွက်များ (၂)  

Vol. 44 Ch. 650

လှည့်ကွက်များ (၂)  

Vol. 44 Ch. 650

စခန်းမှူးလီ အေးအေးဆေးဆေးပင်…

“အဲ့အရွယ်အစားနဲ့ ရာဇဝတ်ကောင်က ကျုပ်ရှေ့မှာ သူ့ကိုယ်သူ အစ်ကို လို့အခေါ်ခံနေတော့ ကျုပ်မြင်ချင်လိုက်တာ..”

ဖုန်းယွီ၊ စခန်းမှူးလီနှင့် ကုန်တိုက်မန်နေဂျာကျောက် တို့သည် မန်နေဂျာရုံးခန်းသို့ ထွက်သွားလိုက်ကြသည်။

အစ်ကိုဟေး ဆိုသူမှာ ဝမ်သောင်ကျွင်းထက် ပိုထွားကာ ပိုသန်မာသည့်ပုံပင်။ ထိုသူ့အရပ်မှာ (၁.၉)မီတာ ကျော်ပေသည်။

စခန်းမှူးလီမှ ရုတ်တရက်..

“မင်း အစ်ကိုဟေးမဟုတ်ဘူး… မင်းခေါင်းဆောင် ဘယ်မျာလဲ..”

ဖုန်းယွီနှင့် မန်နေဂျာကျောက်တို့ စိတ်ရှုတ်သွားသည်။ ထိုလူသည် အစ်ကိုဟေး မဟုတ်သည်လော။ ဤသည်ကို စခန်းမှူးလီ မည်သို့ သိသနည်း။ စခန်းမှူးလီသည် အစ်ကိုဟေးအား ယခင်က တွေ့ဖူးထားသည်လော။ မဖြစ်နိုင်ချေ။ အစ်ကိုဟေးနှင့် တွေ့ဆုံးဖူးပါက စောစောက ပြောပြလောက်ပေလိမ့်မည်။

တာ့ကျွမ်းသည် ရဲဝတ်စုံဖြင့် စခန်းမှူးကို မြင်လိုက်ရသည့်အခါ အံ့အားသင့်သွားသည်။ ရဲများ ဤနေရာတွင် မည်သည့်အတွက် ရှိနေရသနည်း။ အစ်ကိုကြီး ဟေးမှ ရဲများအကြောင်း ဘာမှ မပြောလိုက်ချေ။ တာ့ကျွမ်းအား ယင်းကျီကို ပြန်ခေါ်လာရန်သာ ပြောထားပေသည်။ ဤရဲအရာရှိအား ကြည့်ရသည်မှာ အဆင့်မြင့် ရဲအရာရှိ တစ်ဦး ပုံစံပေါ်နေပေသည်။

“အစ်ကိုကြီး ဟေးဆိုတာ ငါပဲ.. မင်းက ဘယ်သူလဲ..”

တာ့ကျွမ်း တည်ငြိမ်ဟန်ဆောင်ကာ မေးလိုက်သည်။ သို့ရာတွင် သူ့အမူအရာမှာ သဘာဝမကျဘဲ တံခါးဘက်သို့ ကြည့်နေပေသည်။ သူ့ခန္ဓာကိုယ်က သူ့ကို သစ္စာဖောက်နေပေသည်။ လွတ်မြောက်ရန် နည်းလမ်း တွေးနေပေပြီ။

“မင်း ဘာကောင်မှ မဟုတ်ဘူး.. ဟန်ဆောင်မနေနဲ့တော.. တစ်ချက်ကြည့်လိုက်တာနဲ့ သိတယ်.. မင်းခေါင်းဆောင် ဘယ်မှာလဲသာ ငါ့ကိုပြော.. မင်းကို သူ့အယောင်ဆောင်ဖို့ လွှတ်လိုက်တာလား..”

စခန်းမှူးလီ မေးလိုက်သည်။

စိတ်ကစားပွဲသည် တစ်ဖက်သားကို အမြန်ဆုံးဖြင့် ဖွင့်ဟလာစေရန် အရိုးရှင်းဆုံးနည်းလမ်း ဖြစ်ပေသည်။ စခန်းမှူးလီသည် ဖုန်းယွီအား ကူညီရန် လာခဲ့သည့်အတွက် ပြဇာတ်တစ်ခု ကပြရပေတော့မည်။

မည်သည်တို့ကို ဖမ်းရမည်နည်း။ အကယ်၍ တစ်ယောက်ယောက်ကို ဖမ်းရမည်ဆိုပါက ဂိုဏ်းခေါင်းဆောင်နှင့် အဖွဲ့ဝင်အားလုံးကို ဖမ်းရပေလိမ့်မည်။ သို့မှသာ ကြီးကျယ်သော အကျိုးဆောင်မှုတစ်ခု ဖြစ်ပေလိမ့်မည်။

ကံကောင်းသည်မှာ စခန်းမှူးလီသည် စွမ်းဆောင်ရည်ရှိပေသည်။ သူသည် အဆက်အသွယ်ကောင်းများကြောင့် ဤရာထူးသို့ ရရှိလာသူ မဟုတ်ချေ။ အတွေ့အကြုံများကာ ဤသို့သော ရိုးရှင်းသည့် လှည့်ကွက်ကလေးကိုပင် မထုတ်ဖော်နိုင်ပါက ဝတ်စုံဝတ်ထားသည်မှာ အလဟသ ဖြစ်ရပေတော့မည်။

ထိုလူ၏ အရွယ်အစားမှာ အလွန်ကြီးမားနေပြီး ပစ္စည်းများခိုးဝှက်ရန် လူများအကြား မည်သို့ရောနှော နေနိုင်မည်နည်း။

“မင်းဘာတွေပြောနေလဲဆိုတာ ငါမသိဘူး.. ယင်းကျီ ဘယ်မှာလဲ.. ငါသူ့ကို လာခေါ်တာ..”

တာ့ကျွမ်း ခပ်မာမာပင် ပြန်ပြောနေပေသည်။

ဖုန်းယွီ သူ့လက်ကိုင်ဖုန်းအား ထုတ်၍ ယင်းကျီပေးထားသည့် နံပတ်ကို နှိပ်လိုက်သည်။ ဖုန်းသံသည် ထိုလူ့ထံမှ ထွက်လာပေသည်။

တာ့ကျွမ်း လက်ကိုင်ဖုန်းအား ထုတ်၍ ဖုန်းယွီကို ပြလိုက်သည်။

“အစ်ကိုဟေးဆိုတာ ငါပါလို့ ပြောနေတယ်လေ.. ယင်းကျီ ဘယ်မှာလဲ.. ငါ ဒီကို ရောက်လာတာနဲ့ သူ့ကို လွှတ်ပေးမယ်ဆို..”

“စောစောလေးကမှ ငါမင်းနဲ့ ဖုန်းပြောထားတာ ငါ့အသံမမှတ်မိဘူးလား..”

ကုန်တိုက် မန်နေဂျာကျောက် ရုတ်တရက် ဝင်ပြောလိုက်သည်။

“ဟုတ်တော့ဟုတ်တယ်.. ဒါပေမယ့် ဖုန်းထဲက ရှင်းရှင်းလင်းလင်း မကြားရဘူးလေ..”

တာ့ကျွမ်း သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင် အစွမ်းကုန် ကြိုးစားနေပေသည်။

ယခုမူ ထိုလူသည် အစ်ကိုဟေး မဟုတ်မှန်း အားလုံးသိနေပေပြီ။ ယခုခေတ် လက်ကိုင်ဖုန်းများ၏ အသံအရည် အသွေး အကောင်းကြီးမဟုတ်သော်လည်း ကုန်တိုက်မန်နေဂျာကျောက်၏ လေသံမှာ မန်ဒရင်းလေသံဖြစ်ပြီး ဖုန်းယွီ၏ လေသံနှင့် အလွန်ကွာခြားပေသည်။ ဤသို့ ကွာခြားမှုကို မည်သူမဆို ပြောနိုင်ပေသည်။

“မင်းခေါင်းဆောင်ကို ခေါ်လိုက်.. သူရောက်မလာရင် မြို့တစ်မြို့လုံး ဝရမ်းကပ်လိုက်မယ်..”

စခန်းမှူးလီ ရယ်မောရင်း ပြောလိုက်တော့သည်။

ဤပုဂ္ဂိုလ်၏ ဉာဏ်ရည်လောက်ဖြင့် ဂိုဏ်းတစ်ခုတွင် ခေါင်းဆောင် ဖြစ်နိုင်မည်လော။ သူခိုးဂိုဏ်းခေါင်းဆောင်သည် အလွန်ထက်မြက်သူ ဖြစ်ရပေလိမ့်မည်။ သို့မဟုတ်ပါက နောက်လိုက်များကို မည်သို့ ထိန်းကျောင်းနိုင်မည်နည်း။ ဤလူမှာမူ မိုက်မဲလွန်းပေသည်။ အကယ်၍ ဤလူသာ ခေါင်းဆောင် ဆိုပါက မည်သူမှ သူ့နောက်လိုက်ချင်မည် မဟုတ်ချေ။

“အစ်ကိုဟေးဆိုတာ ငါပဲ..”

တာ့ကျွမ်းမှာမူ အခိုင်အမာသာ ပြောနေပေသည်။

“မင်းတို့ ခေါင်းဆောင်က အရပ်မရှည်ဘူးလို့ အဲ့အမျိုးသမီး ပြောထားတယ်.. ခေါင်းဆောင်အဖြစ် တစ်ယောက်ယောက်ကို အယောင်ဆောင်ခိုင်းမယ်ဆိုလဲ လုံးတူဒေါက်တူ ရှာသင့်တယ်.. မင်းနဲ့ မင်းခေါင်းဆောင် အရွယ်အစား ကွာလွန်းအားကြီးတယ်.."

စခန်းမှူးလီ အသာအယာပင် ပြောလိုက်သည်။

ယင်းကျီ ဘာမှ ပြောမထားချေ။ ဤသည်အားလုံးကို စခန်းမှူးလီ ကောက်ချက်ဆွဲထားခြင်းပင်။ အစ်ကိုဟေး ဆိုသည်မှာ မည်သူမှန်း မသိသော်လည်း အရမ်(၁.၉)မီတာရှိ ထိုရာဇဝတ်ကောင်ကို မမှတ်မိချေ။ ထို့အပြင် ဤသူခိုးမှာ အရွယ်အစားအရ ထင်ရှားလွန်းနေပေသည်။ ပြတင်းပေါက်မှပင် သူကိုယ်သူ မနည်းထွက်ရပေလိမ့်မည်။

ထို့ကြောင့် စခန်းမှူးလီသည် အစ်ကိုဟေးကို အရပ်ပုသည်ဟု ပြောဝံ့ခြင်းဖြစ်သည်။

စခန်းမှူးလီ စကားဆုံးသည်နှင့် ထိုလူ၏ မျက်နှာ ပြောင်းလဲသွားတော့သည်။

“ဘာကိစ္စရှိလို့လဲ.. ငါ့ခေါင်းဆောင် အရမ်းအလုပ်ရှုတ်နေတယ်.. ငါ့ကို သူ့ကိုယ်စား လွှတ်လိုက်တာ..”

“မင်း သူ့ကိုယ်စား လာလို့မရဘူး.. မင်းခေါင်းဆောင်ကို ဆက်သွယ်လို့ ရအုံးမှာပါ.. သူ့ကို ဒီခေါ်လိုက်.. ငါ သူ့နဲ့ စကားပြောမယ်..”

တာ့ကျွမ်း တုံ့ဆိုင်းနေပေသည်။ အစ်ကိုဟေးကို ဆက်သွယ်ရမည်လော။ သို့ရာတွင် ထိုလူသည် အစ်ကိုဟေးကို မြို့တော် ဝရမ်းစာရင်းတွင် ထည့်မည်ဟု ပြောနေပေသည်။ ဆိုလိုသည်မှာ မြို့တော် ရဲဌာနမှ တစ်ယောက်ယောက် ဖြစ်ပေလိမ့်မည်။ ထိုလူသည် အစ်ကိုဟေးနှင့် စကားပြောချင်နေပေသည်။ ညှိနှိုင်းမှု ပျက်စီးကာ အစ်ကိုဟေးကို ဖမ်းသွားပါက မည်သို့ ဖြစ်လာနိုင်မည်နည်း။

“မင်းဘာလိုချင်လဲ ငါ့ကိုပြောလိုက်.. အစ်ကိုဟေးကို သတင်းပို့ပေးမယ်..”

“မင်းကိုယ်မင်း ဘာထင်နေလဲ.. သူ့ကို ဖုန်းဆက်ပြီး ငါလီချန်းရှန် ရောက်နေတယ် ပြောလိုက်.. (၁၀)မိနစ်အတွင်း ဒီနေရာကို လာဖို့ပြော.. ရောက်မလာရင် နောက်ဆက်တွဲ ဆိုးကျိုးတွေ ခံစားရမယ်မှတ်..”

တာ့ကျွမ်းလည်း ကြောက်လန့်သွားသည်။ ထို့နောက် လက်ကိုင်ဖုန်းဖြင့် နံပတ်တစ်ကို လှမ်းခေါ်ကာ..

“အစ်ကိုဟေး.. ငါရောက်နေပြီ.. အာ…. ညီမယင်းကို မတွေ့ရသေးဘူး.. ဒီမှာ ရဲအရာရှိတစ်ယောက်ရှိတယ်.. သူ့နာမည်က လီကျန်းရှန် လို့ပြောတယ်.. မင်းကို (၁၀)မိနစ်အတွင်း ဒီကို လာစေချင်တယ်…. အင်း.. ငါသိပြီ..”

ဖုန်းချပြီးနောက် တာ့ကျွမ်း စခန်းမှူးလီဘက်လှည့်ကာ..

“အစ်ကိုဟေး လာနေပြီ.. ငါ ညီမယင်းကို တွေ့လို့ရမလား..”

ယင်းကျီကို ရုံးခန်းအတွင်းခေါ်သွားကာ တာ့ကျွမ်းကို တွေ့ရသည့်အတွက် အံ့ဩသွားပေသည်။ တာ့ကျွမ်း မည်သည့် အတွက် ဤနေရာတွင် ရှိနေသနည်း။ အစ်ကိုဟေး မည်သည့်နေရာ ရောက်နေသနည်း။

“အစ်ကိုဟေး မလာရဲလောက်ဘူး.. ပြေးပြီ… သူ့လို လူမျိုးနောက် လိုက်ဖို့ ထိုက်တန်လို့လား..”

စခန်းမှူးလီ စိတ်ပညာ ဗျူဟာများ ဆက်လက် လုပ်နေပေသည်။

ယင်းကျီ ဘာမှ မတုန့်ပြန်မှီ စခန်းမှူးလီမှ ယင်းကျီအား လွတ်ပေးရန် အမျိုးသမီး ရဲအရာရှိကို ပြောလိုက်သည်။ ယင်းကျီနှင့် တာ့ကျွမ်းတို့သည် အတူတူ ဖမ်းချုပ်ထား၍ မရပေ။ စခန်းမှူးလီသည် အစ်ကိုဟေးနှင့် ပတ်သက်၍ အထောက်အထားများရရန် ၎င်းတို့ကို အသုံးချရန် လိုအပ်နေပေသည်။

ယင်းကျီ၏ တုန့်ပြန်မှုအရ ဤရုံးခန်းအတွင်းရောက်နေသူသည် အစ်ကိုဟေး မဟုတ်ကြောင်း စခန်းမှူးလီ သေချာသွားပေပြီ။ သူ့ ကောက်ချက်ဆွဲမှု မှန်ကန်နေပေသည်။

*******

အစ်ကိုဟေး ဖုန်းချပြီးနောက် ခန စဉ်းစားလိုက်သည်။ ထို့နောက် ဖုန်းဆက်လက်ပြန်သည်။ ထိုဖုန်းဆက်ပြီးနောက် အစ်ကိုဟေး၏ လက်များ တုန်ရီလာတော့သည်။

လီကျန်းရှန်သည် ခရိုင်ရဲမှူးဖြစ်ပြီး မြို့တော်ရဲဌာန လက်ထောက် အကြီးအကဲလည်း ဖြစ်ပေသည်။ ဤသည်မှာ ကုန်တိုက် တစ်ခုမှ ခိုးယူခြင်းသာ ဖြစ်ပေသည်။ ဤအဆင့်ရှိသူတစ်ယောက် ပေါ်လာရန် လိုအပ်သည်လော။

ယင်ကျီကို ထိုင်ဟွာကုန်တိုက်သို့ သွားခိုင်းခြင်းအား အစ်ကိုဟေး နောင်တရနေမိသည်။ လီကျန်းရှန်ကဲ့သို့သောသူမှ ပစ်မှတ်ထားခံရခြင်းသည် ဆိုးရွားသော အကျိုးဆက်များ ဖြစ်လာပေလိမ့်မည်။ သို့ရာတွင် ခေတ္တစဉ်းစားပြီးနောက် ဤသည်မှာ အလစ်သုတ်ခြင်းလေး တစ်ခုသာ ဖြစ်ပေသည်။ လီကျန်းရှန်သည် တခနသာ ပြစ်တင်ဆုံးမလောက်ပြီး အချုပ်ခန်းအတွင်း တစ်ည နှစ်ညခန့်သာ ကြာလောက်ပေသည်။ သူပြန်လွတ်လာပါ ထိုင်ဟွာ ကုန်တိုက်ကို လက်ရှောင်တော့မည် ဖြစ်သည်။

မှန်ပေ၏။ စိတ်ထားအမှန်ဖြင့် ကိုယ်တိုင်သွားရောက်ကာ အမှားဝန်ခံရပေလိမ့်မည်။ ဆန့်ကျင်စရာ အကြောင်းမရှိချေ။

********

“မင်္ဂလာနေ့လည်ခင်းပါ ခေါင်းဆောင်ကြီး.. ကျုပ်က ဟေးကျီပါ.. ကျုပ်ကို ရှောင်ဟေးလို့ ခေါ်လို့ရပါတယ်.. ဒီတစ်ကြိမ်မှာ ကျုပ်မိန်းမ အပြစ်ရှိပါတယ်.. သူ့ကို သင်ခန်းစာ ကောင်းကောင်း ပေပြီး နောက်တစ်ကြိမ် ထပ်မခိုးတော့ဖို့ ကတိပေးပါတယ်..”

အစ်ကိုဟေး ရုံးခန်းအတွင်း ဝင်ရောက်လာကာ တောင်းပန်စကား ဆိုတော့သည်။

“ရှောင်ဟေးလား.. မင်းနာမည်အရင်း ပြောစမ်းပါအုံး..”

စခန်းမှူးလီ အော်လိုက်သည်။

“ကျုပ်နာမည် ချင်းကျင်းပါ.. ကျုပ်မျက်နှာက မည်းနေတော့ လူတွေက ကျုပ်ကို နာမည်ပြောင် ပေးထားတာပါ..”

“ချင်းကျင်း တဲ့လား.. မင်းမိဘတွေ နာမည်ပေးတတ်သားပဲ.. မင်းစောစောက ပြောတဲ့အတိုင်းဆို ဒီကိုလာခိုးတာက သူ့ဆုံးဖြတ်ချက်ပေါ့.. မင်းနဲ့ မဆိုင်ဘူးပေါ့..”

စခန်းမှူးလီ လှောင်ပြောင်လိုက်သည်။

“ကျုပ် သတိမထားမိလိုက်လို့ပါ.. ကျုပ်က သစ်ရွက်လှန်ရင်း.. ဗွီဒီယိုခန်း ရောက်နေလို့ပါ…”

ဗွီဒီယိုခန်း ဟူသည့် စကားကြားသည့်အခါ စခန်းမှူးလီ မျက်လုံးများ တောက်ပလာတော့သည်။ ဤသည်မှာ အပြစ်တင်ရန် ပိုလွယ်ကူပေလိမ့်မည်။

-------*****--------

ဘာသာပြန်သူ . (ငတက်ပြား)

All Chapters