လှည့်ကွက်များ (၃)
Vol. 44 Ch. 651
ယနေ့ခေတ် ဗွီဒီယိုခန်းဖွင့်ထားသူများမှာ များသောအားဖြင့် မသန့်ရှင်းကြချေ။ ထိုသူများသည် ကြီးလေးသည့် ရာဇဝတ်မှုများ မကျူးလွန်ကြသော်လည်း အများစုမှာ ညစ်ညမ်းဇာတ်လမ်းများ ထုတ်လွှင့် ပြသကြပေသည်။
ဤသည်ကို ပြစ်မှု တစ်ခုအဖြစ် ယူဆနိုင်ပြီး တရားရုံးတွင်လည်း တရားစွဲဆိုနိုင်ပေသည်။ သူ့ရှေ့မှ လူသည်လည်း လူကောင်းတစ်ယောက် မဟုတ်ကြောင်း စခန်းမှူးလီ သိနေပေသည်။
သို့ရာတွင် ထို ချင်းကျင်းသည် သူ့ဗွီဒီယိုခန်းအား ပြောပြဝံ့သည့်အတွက် ထိုတရားမဝင်ပစ္စည်းများအားလုံး သိမ်းဆည်းထားလောက်ပေပြီ။ စခန်းမှူးလီ စီးနင်းမှု ပြုလုပ်ခဲ့လျှင်ပင် အချိန်ဖြုန်းရာ ရောက်ပေလိမ့်မည်။
“ချင်းကျင်း မင်းဗွီဒီခန်းမှာလဲ အဲလို ဇာတ်ကားတွေ ရှိတယ်ပေါ့..”
“လုံးဝ မရှိပါဘူး.. ကျုပ် ဗွီဒီယိုခန်းမှာ vcd တွေပဲ ဖွင့်တာ.. ပြီးတော့ အဲ့ VCD တွေကအားလုံးလဲ မူရင်းတွေကြီးပဲ..”
ချင်းကျင် အမြန်ပြန်ဖြေလိုက်သည်။
“ကောင်းတယ်.. ဘယ်နှစ်ခါ ဝင်ဖူးလဲ..”
စခန်းမှူးလီ ရုတ်တရက် ကောက်မေးလိုက်သည်။
“(၆)ကြိမ်… ဒါလဲ ပြီးခဲ့တဲ့ တစ်နှစ်ကျော်လောက် ကြာသွားပြီ.. ကျုပ် လူကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစား နေပါတယ်..”
(၆)ကြိမ်လော။ ဤအရေအတွက်ဖြင့် ပြစ်မှုကျူးလွန်သူအဖြစ် သတ်မှတ်၍ ရပေသည်။ သစ်ရွက်လှန်ခြင်းမှာလည်း ပြစ်မှုကျူးလွန်သူများဖြစ်ကြောင်း သုတေသန ပြုခဲ့ပေသည်။ ၎င်းတို့ နည်းလမ်းဟောင်းအရ နိုင် နိုင်ချေ (၁)ရာခိုင်နှုန်းပင် မရှိချေ။ ၎င်းတို့ ကျူးလွန်သည့် ရာဇဝတ်မှုများမှ လွှတ်မြောက်တိုင်း ပိုဆိုးလာကြပေမည်။ စခန်းမှူးလီ ထပ်မမေးတော့ဘဲ ဖုန်းယွီမှ ရုတ်တရက် မေးလိုက်သည်။
“မင်း ဗွီဒီယိုခန်းက ဘယ့်နှယ့်လဲ..”
“တော်တော် ကောင်းပါတယ်.. လူတွေ နေ့တိုင်းလာတော့ အခန်းငှားရတာ ကောင်းတယ်..”
ချင်းကျင်းမှာ မည်သူမှန်းမသိသော်လည်း စခန်းမှူးလီအနားတွင် ထိုင်နေသူမှာ သာမန်လူ မဟုတ်လောက်ချေ။
“အခွေငှားခ ဘယ်လောက်သွင်းထားလဲ.. ရုပ်ရှင်ကြည့်ဖို့ ဘယ်လောက်သွင်းထားလဲ.. မင်း ဗွီဒီယိုခန်းမှာ စုစုပေါင်း အခွေ ဘယ်လောက်ရှိလဲ.. မင်းဗွီဒီယိုခန်းမှာ ကပွဲခန်းမ ဒါမှမဟုတ် နိုက်ကလပ်ရှိလား.. VCD စက်တွေသုံးလား.. အော်.. ဒါနဲ့ မင်း VCD စက်က ဘာတံဆိပ်လဲ..”
ဖုန်းယွီ မေးခွန်းများ ဆက်တိုက်မေး၍ အခန်းအတွင်းရှိ လူများ အံ့အားသင့်သွားကြသည်။ မန်နေဂျာဖုန်း မည်သည်ကို လုပ်နေသနည်း။ စခန်းမှူးလီ စိတ်ရှုတ်သွားသည်။ ဖုန်းယွီသည် ထူးဆန်းသော မေးခွန်းများဖြင့် သူမေးနေသည်ကို မည်သည့်အတွက် နှောက်ယှက်သနည်း။
ဖုန်းယွီသည် ဗွီဒီယိုခန်းဖွင့်ကာ ဈေးကွက်နားလည်သူနှင့် တွေ့ဆုံးရန် ခက်ခဲပေသည်။ လေနှင့်မိုး လျှပ်စစ်ပစ္စည်းသည် ဖုန်းယွီ၏ ကလေးတစ်ယောက် ပမာပင်။ သူ့အနေဖြင့် ကုမ္ပဏီအတွက် အများအပြား ကြိုးပမ်းခဲ့ပြီး ထိုကုမ္ပဏီသည် အခြားလျှပ်စစ် ကုမ္ပဏီများ အားလုံးရှေ့တွင် ရပ်တည်ခဲ့သော တရုတ်နိုင်ငံ၏ ပထမဆုံး ကုမ္ပဏီ ဖြစ်ပေသည်။ ဖုန်းယွီ မည်သည့် အမှားမှ အဖြစ်မခံနိုင်ချေ။
“အခွေငှားခက တစ်ရက်ကို ဆင့်(၂၀)၊ ရုပ်ရှင်ကြည့်တာက ဆင့်(၂၀)ပါ.. ဗွီဒီယိုခန်း အားလုံး တပြေးညီပဲ ကောက်ခံပါတယ်.. ကျုပ်တို့ ဗွီဒီယိုခန်းမှာ အခွေပေါင်း (၁၀၀၀)ကျော်ရှိတယ်.. အတိအကျတော့ မမှတ်မိတော့ဘူး.. VCD စက်တွေကို သုံးတာက အနားပတ်ဝန်းကျင်မှာ နည်းနည်းပဲရှိတယ်.. သူတို့ လုပ်ငန်းတွေလဲ တော်တော် ကောင်းတယ်.. ကျုပ်ကတော့ လေနှင့်မိုး VCD စက် သုံးတာပါ.. အဲ့ဒါက ကမ္ဘာကျော် အမှတ်တံဆိပ် တစ်ခုလေ..”
ချင်းကျင်းသည်လည်း ဖုန်းယွီ အဘယ့်ကြောင့် ဤမေးခွန်းများ မေးသည်ကို စိတ်ရှုတ်သွားသည်။ သို့ရာတွင် ရိုးရိုးသားသားသာ ပြန်ဖြေလိုက်သည်။ သူ့ဘက်မှ သဘောထား အမှန်ပြသပါက ထိုလူများသည် သူနှင့် သူ့လူများကို ပြန်လွှတ်လိမ့်မည်ဟု ယူဆထားပေသည်။
ဤသည်မှာ ရုပ်ရှင်လက်မှတ်များထက် များစွာ ဈေးသက်သာပြီး ရွေးစရာလည်း များပေသည်။ တရုတ်ရုပ်ရှင်များ ရုပ်ရှင်ရုံတွင် ငွေမရှာနိုင်သည်မှာ အံ့ဩစရာမရှိချေ။ ရုပ်ရှင် အရည်အသွေးကြောင့် မဟုတ်ဘဲ ဗွီဒီယိုခန်းများက တရုတ်ရုပ်ရှင်လုပ်ငန်းကို အလွန်ထိခိုက်စေပေသည်။
နိုက်ကလပ်နှင့် ဘာခန်းတို့သည်လည်း ပိုများလာပေသည်။ ဆိုလိုသည်မှာ နောင်တွင် VCD ရောင်းအား ကောင်းလာပေလိမ့်မည်။
“စုစုပေါင်း လူဘယ်နှစ်ယောက်ရှိလဲ..”
ဖုန်းယွီ ထပ်မေးလိုက်သည်။
ဖုန်းယွီမေးခွန်းကြောင့် စခန်းမှူးကျား ပို၍ပင် စိတ်ရှုတ်ထွေးသွားသည်။ စောစောက မေးခွန်းများသည် ဘာတွေနည်း။ ခေါင်းစဉ်ကို မည်သို့ ပြောင်းသွားသနည်း။ ဖုန်းယွီစိတ်ထဲတွင် မည်သည်များ ရှိနေသည်ကို အခန်းအတွင်း၌ သိရှိသူမှာ မန်နေဂျာကျောက်သာ ရှိပေသည်။ ဖုန်းယွီသည် လေနှင့်မိုး VCD စက် ပိုင်ဆိုင်သူ ဖြစ်ကြောင်း သူသိထားပေသည်။
ချင်းကျင်းသည် ဖုန်းယွီ၏မေးခွန်းများကို ကလိန်မကျရဲချေ။ သို့ရာတွင် တုန့်ပြန်နိုင်ပေသည်။ ဤမေးခွန်း မေးလာမည်ကို ကြိုတင် ခန့်မှန်းထားသောကြောင့် ဖြစ်သည်။
“ကျုပ်တို့ (၃)ယောက်ပဲရှိတယ်.. ကျုပ်ရယ်.. တာ့ကျွမ်းရယ်.. ယင်းကျီရယ်.. (၃)ယောက်ပဲ ဒီ ဗွီဒီယိုဖွင့်တာ.. ယင်းကျီ ခင်ဗျားဆီ ဝင်ခိုးမယ်လို့ ကျုပ်လဲ မသိဘူးလေ.. တကယ်ကို စိတ်မကောင်းပါဘူး.. ယင်းကျီ သူ့အပြစ်သူ ခံစေရပါမယ်..”
“မင်း ဗွီဒီယိုခန်းက လုပ်ငန်း တော်တော်ကောင်းပုံပဲ.. လက်ကိုင်ဖုန်းတွေတောင် ကိုင်နိုင်တယ်နော်..”
ဖုန်းယွီ ပြုံးရင်း မေးလိုက်သည်။
ဗွီဒီယိုခန်းပိုင်ရှင်သည် လက်ကိုင်ဖုန်းအမှန်တကယ် တတ်နိုင်ပါသည်လော။ လက်ကိုင်ဖုန်း ဈေးနှုန်းများ ကျဆင်း နေသော်လည်း ယွမ်(၂၀၀၀၀)ခန့် ရှိသေးသည်။ ဤသည်မှာ သာမန်လူတစ်ယောက်၏ (၂)နှစ်စာ လစာနှင့် ညီမျှ ပေသည်။
စခန်းမှူးလီ ချက်ချင်း သဘောပေါက်သွားသည်။
“ခိုးထားတဲ့ ပစ္စည်းတန်ဘိုးက (၁၀၀၀)ကျော်နေတော့ ဒဏ်ငွေ ယွမ်(၅၀၀၀)နဲ့ အနည်းဆုံး (၁၅)ရက် ထောင်ကျမယ်.. ဒဏ်ငွေ ပေးဆောင်ဖို့ ပြင်ထားပါ..”
ယွမ် (၅၀၀၀)။
ချင်းကျင်း အံ့အားသင့်သွားတော့သည်။ မည်သည့်အတွက် ဤမျှ ဒဏ်ကြေးမြင့်နေရသနည်း။ ယခင်ကဆိုလျှင် ဒဏ်ကြေးသည် (၂၀၀)(၃၀၀)သာရှိပေသည်။ ယွမ်(၂၀၀)(၃၀၀)သည် အလွန်မြင့်သည်ဟု ခံစားနေရသည်။ အချို့ သူခိုးများဆိုလျှင် တစ်ပတ်အတွင် ဤပမာဏရရန် မခိုးနိုင်ကြချေ။ ထို့နောက် မိမိတို့ နောက်လိုက်တစ်ယောက် ဖမ်းမိပါက ဒဏ်ငွေပေးဆောင်မည့်အစား ထောင်ကျရန် ရွေးချယ်ကြပေသည်။
ချင်းကျင်းသည် သူ့လက်ကိုင်ဖုန်းကို ကြည့်လိုက်သည်။ သူဝယ်ယူခဲ့ခြင်းမဟုတ်ချေ။ ခိုးလာခြင်းသာဖြစ်သည်။ နံပတ်များ ပြောင်းလဲရန် ခက်သော်လည်း မဖြစ်နိုင်သည်တော့ မဟုတ်ချေ။ ချင်းကျင်းသည် လက်ကိုင်ဖုန်းဝယ်ရန် ငွေကုန်မခံနိုင်ချေ။
“ဘာမှားလို့လဲ.. မင်းမှာ ယွမ်(၅၀၀၀)မရှိဘူးလား.. မင်းလက်ကိုင်ဖုန်းက တခြားလူဆီက ခိုးလာတာလား.. အာ.. ဒီ လက်ကိုင်ဖုန်းအတွက် ပြေစာရှိသေးလား.. ခိုးယူလာတဲ့ တန်ဘိုးက ယွမ် (၁၀၀၀၀)ကျော်ရင် ပြစ်ဒဏ်ပိုကြီး လိမ့်မယ်..”
စခန်းမှူးလီ စားပွဲခုံ ခေါက်ရင်း ပြောလိုက်သည်။
“ဒါက တစ်ပတ်ရစ် လက်ကိုင်ဖုန်းပါ.. ပြေစာ မရှိပါဘူး.. ကျုပ်မှာ ယွမ် (၅၀၀၀)လဲမရှိဘူး.. သူ့အပြစ် သူခံဖို့ ရဲလက်ပဲ အပ်လိုက်ပါ့မယ်..
ချင်းကျင်း လှည့်ထွက်ရန် ကြိုးစားလိုက်သည်။
“မင်းသွားတော့မလို့လား.. ခနစောင့်ပါအုံး.. လျိုထျန်း ဝင်လာခဲ့..”
စခန်းမှူးလီ တံခါးဘက်သို့ လှမ်းအော်လိုက်သည်။
ရဲအရာရှိတစ်ယောက် အခန်းအတွင်း ဝင်လာကာ စခန်းမှူးလီအား အလေးပြုလျှက်..
“ဆရာ.. အားလုံး ရောက်ပါပြီ…”
“အဆင်ပြေတယ်.. ဟိုအကောင်ကြီးကလွဲပြီး အားလုံး ဖမ်းထားလိုက်.. ကြံရာပါတွေလဲ မလွတ်စေနဲ့.. ရှောင်စု.. အဲ့အမျိုးသမီးနဲ့ ပစ္စည်းတွေ အားလုံးသယ်ဖို့ တစ်ယောက်ခေါ်လိုက်.. ခိုးရာပါ ပစ္စည်းဝယ်တဲ့သူတွေကိုလဲ ဖမ်းလိုက်..”
“ဟုတ်ကဲ့ပါ ဆရာ..”
ချင်းကျင်း မျက်လုံးများ ပြူးကျယ်သွားတော့သည်။ ဤသည်မှာ မည်သည့် အဓိပ္ပါယ်နည်း။ မိမိတို့ အားလုံးကို ဖမ်းချင်နေသည်လော။
“သခင်လေး ငါ ဘာအမှားလုပ်မိလို့လဲ.. ငါ့ကို ဘာလို့ ဖမ်းတာလဲ..”
“မင်း ဘာအမှားလုပ်ထားတယ်ဆိုတာ မင်းသိပါတယ်.. ဟိုအမျိုးသမီး မင်းလုပ်ခဲ့သမျှအားလုံး ဝန်ခံပြီးပြီ.. မင်း လှိမ့်နေသမျှ ငါယုံနေတယ်များ ထင်နေလား.. မင်းရဲ့ ကြံရာပါတွေ မလန့်ရအောင် မင်းကို နောက်တံခါးကနေပဲ ခေါ်ထုတ်သွားလိုက်မယ်..”
စခန်းမှူးလီ ဒေါသထွက်နေပေသည်။ သူသည် ခရိုင်တစ်ခု၏ ရဲချုပ်ဖြစ်ပြီး နောက်တံခါးမှ ထွက်ခဲ့ရလေသည်။
ယခုမူ ၎င်းတို့အသိုက်သို့ သွားကာ လူအားလုံး ဖမ်းဆီးနိုင်ရန် တာ့ကျွမ်း လှုပ်ရှားပေလိမ့်မည်။
ချင်းကျင်းသည် လှည့်စားခံရကြောင်း သိလိုက်ရသည်။ သူအဖမ်းခံရပြီး တာကျွမ်း လွှတ်မြောက်သွားပြီးနောက် ဘာလုပ်ရမှန်း မသိဖြစ်သွားတော့သည်။ အကူအညီတောင်းရန် တာ့ကျွမ်းသည် အခြားသော ဂိုဏ်းဝင်များကို သေချာပေါက် ရှာဖွေလိမ့်မည်။
ဤနည်းဖြင့် ရဲများသည် ၎င်းတို့အားလုံးကို ဖမ်းဆီးနိုင်ပေလိမ့်မည်။
အရုပ်ဆိုးဆုံး အပိုင်းမှာ ယင်းကျီသည် မိမိအား မည်သည့်အတွက် သစ္စာဖောက်သနည်း။ ယင်းကျီသည် သူဝှက်ထားသည့် နေရာများကို သိသော တစ်ဦးတည်းသောသူဖြစ်သည်။ အကယ်၍ ယင်းကျီ သစ္စာဖောက်မည်ကို ကြိုသိပါက မိမိလျှို့ဝှက်ချက်များ ပြောပြမည် မဟုတ်ချေ။
သူဝှက်ထားသည့် အိတ်၏ တန်ဖိုးမှာ အရမ်းကြီးပေသည်။ သေချာပေါက် ထောင်ထဲတွင် အချိန်ကြာပေတော့မည်။ အဖွဲ့နှင့် ပတ်သက်သည့် မည်သည့် ရာဇဝတ်မှုမဆို ပြစ်ဒဏ်သည် အလွန်ပြင်းထန်ပေလိမ့်မည်။
ချင်းကျင်းသည် ကုန်တိုက်သူဌေးနှင့် ညှိနှိုင်းရန် ဤနေရာသို့ ရောက်လာရသည်ဟု ထင်ခဲ့ပြီး အများဆုံးမှာ ဤကုန်တိုက်သို့ နောက်တစ်ကြိမ် ခြေဦးမလှည့်ခိုင်းခြင်းလောက်သာ တွေးထင်ထားခဲ့သည်။ ကုန်တိုက်မှ သူတို့ကို ငွေကြေးပင် အနည်းငယ်ပေး၍ ထွက်သွားခိုင်းနိုင်သေးသည်။
သို့ရာတွင် လက်တွေ့ဘဝ၌မူ……
-------*****--------
ဘာသာပြန်သူ . (ငတက်ပြား)