ငွေအတွက် ကတ်များ ရောင်းခြင်း (၄)
Vol. 44 Ch. 656
ထို့နောက် အစည်းအဝေးတွင် ကတ်များ၏ ဈေးကွက်ချဲ့ထွင်မှုကို စတင်ဆွေးနွေးကြတော့သည်။
ကြော်ငြာသည်လည်း မရှိမဖြစ် ပါဝင်ပေလိမ့်မည်။ သို့ရာတွင် မည်သို့သော မီဒီယာကို သုံးသင့်သနည်း။ မည်သည့် ကြော်ငြာအမျိုးအစားက ပို၍ သင့်တော်သနည်း။
“မြို့တော် ရုပ်မြင်သံကြားဌာနတွေမှာ ကြော်ငြာတာ လုံလောက်မယ်ထင်တယ်.. တစ်လအတွင်း မြို့တော်ထဲမှာ ရှိသမျှလူတိုင်း ကျုပ်တို့ရဲ့ အသင်းဝင်ကတ်နဲ့ ဈေးဝယ်ကတ်တွေ အကြောင်း သိသွားလိမ့်မယ်.. ပြီးတော့ အဲ့ ရုပ်မြင်သံကြားဌာနက ကြော်ငြာပေါက်ဈေးတွေက ဈေးသက်သာတယ်.. ကုန်တိုက် မဖွင့်ခင်ကတည်းက သူတို့နဲ့ ကြော်ငြာခဲ့တာ ရလဒ်တွေ ကောင်းတယ်..”
ဖူကွမ်းကျန့် ထပြောလိုက်သည်။
လီကျယ်ခိုင်တွင်လည်း အမြင်မတူသည်က ရှိနေပေသည်။
“မြို့တော် ရုပ်မြင်သံကြားဌာနမှာ ကြော်ငြာတာက ငွေဖြုန်းတီးသလိုပဲ.. ဒီဖြစ်ရပေ လူတွေကို အသိပေးယုံပဲ လိုတာ.. လက်ကမ်း စာစောင်တွေ ကမ်းလိုက်တာက အရိုးရှင်းဆိုးနဲ့ အထိရောက်ဆုံးနည်းလို့ ထင်တယ်.. အခုဆို လက်ကမ်းစာစောင်တွေ ကမ်းဖို့ လူတော်တော်များများ ခန့်ထားတယ်လေ.. ကြော်ငြာခလဲ သက်သာတာပေါ့..”
လီကျယ်ခိုင် ပြောစကားကို ဖူကွမ်းကျန့်မှ ချက်ချင်းပင်..
“လက်ကမ်းစာစောင်တွေကြီးပဲ မှီခိုနေလို့ မရဘူး.. ငါတို့က အထူးVIP ကတ်တွေနဲ့ တန်ဖိုးမြင့် ဈေးဝယ်ကတ်တွေ ရောင်းမှာလေ.. ပစ်မှတ်ထားတာက ဖောက်သည်ကြီး ဈေးကွက်ကို.. လမ်းမပေါ်မှာ လက်ကမ်းစာစောင် ယူနေတဲ့ ဖောက်သည်ကြီးတွေ တွေ့ဖူးလို့လား.. အကုန်လုံးက ကားတွေနဲ့ တဝီးတီး ဖြစ်နေတာ..”
“လက်ကမ်းစာစောင်တွေကို သူတို့ကာပေါ် တင်ပေးလို့ရတယ်လေ.. လေကာမှန်ပေါ်မှာ လက်ကမ်းစာစောင် ကပ်ထားတဲ့ ကားတွေ အများကြီးတွေဖူးတယ်..”
လီကျယ်ခိုင်မျာမူ ကန်ငြင်းနေပေသည်။
“အင်း.. မင်းဆိုရင်ရော အဲ့စာစောင် ဖတ်မှာလား.. အဲ့ လက်ကမ်းစာစောင်ကို လွှင့်ပစ်ရင်ပစ် မပစ်ရင် အမှိုက်ပုံထဲ ထည့်လိုက်လိမ့်မယ်.. ဘယ်သူမှ ကားထဲ ထည့်မှာမဟုတ်ဘူး.. အကောင်းဆုံးနည်းလမ်းက ငါတို့ ကုန်တိုက်တွေအပြင်မှာ ကြော်ငြာဖို့ပဲလို့ ထင်တယ်.. လေမှုတ် အရုပ်ကြီးတွေနဲ့ အသံချဲ့ စက်တွေ သုံးလို့ရတယ်.. ကုန်ကျစရိတ်နည်းပြီး ထိရောက်မှုလဲ ရှိတယ်.. ဖောက်သည်တွေကိုတောင် ပိုပြီး ဆွဲဆောင်နိုင်အုံးမယ်.. ကုန်တိုက်မှာ ကျုပ်တို့ရဲ့ စနစ်တွေနဲ့ ပိုစတာတွေပေါ်မှာလဲ ကြော်ငြာထားရတယ်..”
ဖူကွမ်းကျန့်၏ အယူအဆကို ရှေးယိုးစွဲဟု ယူဆခဲ့သည်။ ဤသည်က ဟောင်ကောင်တွင် သူတို့မိသားစု ကျင့်သုံးလျှက် ရှိပြီး အတော်လေး အသုံးဝင်ပေသည်။ သို့ရာတွင် ဖူကွမ်းကျန့်မှာမူ သူ့မိသားစုသည် ဟောင်ကောင် ရုပ်မြင်သံကြားဌာနတွင် ကြော်ငြာကြေး အကုန်အကျ များလွန်းသဖြင့် ဤနည်းလမ်း သုံးနေကြောင်း မသိခဲ့ချေ။
သို့ရာတွင် တရုတ်နိုင်ငံ၌ ကြော်ငြာခ မြင့်မားခြင်း မရှိသည့်အပြင် ထိုင်ဟွာကုန်တိုက်တွင် ပြိုင်ဖက် မရှိချေ။ ထိုင်ဟွာ ကုန်တိုက်သည် ယခုမှ ဖွင့်လှစ်ထားပြီး ဖောက်သည် စီးဆင်းမှုသည်ပင် မတည်ငြိမ်သေးချေ။ ထို့ကြောင့် ဖုန်းယွီသည် ရုပ်မြင်သံကြားတွင် ကြော်ငြာရန် ပိုမို စိတ်ဝင်တစားရှိနေပေသည်။
မြို့တော် ရုပ်မြင်သံကြားဌာနတွင် ကြော်ငြာရန် မထိုက်တ်ချေ။ အသံလွှင့်ဌာနနှင့် သတင်းစာများတွင် ကြော်ငြာသင့် ကြောင်း ဖုန်းယွီ ခံစားနေမိသည်။
“ရေဒီယိုနဲ့ သတင်းစာတွေကနေ ကြော်ငြာတာ အကောင်းဆုံးဖြစ်မယ် ထင်တယ်.. ပထမ အချက်က မြို့တော် ရုပ်မြင်သံကြားလိုင်းတွေကို လူတွေ ကြည့်တာ တော်တော်နည်းတယ်.. စီးပွားရေးသမားတွေက တီဗွီ ထိုင်ကြည့်နေဖို့ အချိန်မရှိဘူး.. သူတို့က အလုပ်ထဲမှာ သတင်းစာဖတ်မယ်.. ဒါမှမဟုတ် ကားမောင်းရင်း ရေဒီလို နားထောင်ဖို့ပဲ လုပ်မှာ… အလုပ်ပြီးရင် ဖောက်သည်တွေနဲ့ဖြစ်ဖြစ် အပန်းဖြေကြလိမ့်မယ်.. လက်တစ်ဆုပ်စာ လောက်ပဲ တီဗွီ ကြည့်လိမ့်မယ်.. တီဗွီကြည့်မယ်ဆိုရင်တောင် CCTV ပဲကြည့်ဖြစ်တာ..”
“လက်ရှိအခြေအနေမှာ သတင်းစာက ပင်မသတင်း အရင်းအမြစ်ပဲ.. မင်းက အလုပ်သမား၊ စီးပွားရေးသမား၊ နိုင်ငံ့ ဝန်ထမ်း၊ သာမန်လူ ဘာပဲဖြစ်ဖြစ် သတင်းစာဖတ်ကြတာပဲ.. ငါတို့ ကုမ္ပဏီမှာတောင် သတင်းစာက နေရာတိုင်းမှာ ရှိတယ်..”
“အစ်ကိုဖုန်း.. မင်း စာတတ်မြောက်မှု အဆင့်ကို ကြည့်ဖူးလား.. စာမတတ်သူတွေ အများကြီး ရှိသေးတဘ်..”
ဖူကွမ်းကျန့် သတိပေးလိုက်သည်။
ဖူကွမ်းကျန့်သည် တရုတ်နိုင်ငံတွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ပြီး စာမတတ်သူ အများအပြား တွေ့ခဲ့ရသည်။ တစ်ချို့သော ခေါင်းဆောင်များပင် စာမတတ်ကြချေ။ သတင်းစာများသည် ပင်မ မီဒီယာဖြစ်ကောင်း ဖြစ်နိုင်သော်လည်း ၎င်းတို့ကို မဖတ်သူများ ရှိသေးသည်။
“စာမတတ်သူတွေ ရှိမယ်ဆိုတာ သိပါတယ်.. ဒါပေမယ့် အများစုက ကျေးလက်နဲ့ နယ်ကလူတွေပဲ.. မြို့တွေမှာတော့ သိပ်မများဘူး.. မင်းလဲ တရုတ်မှာ နေလာတာ တော်တော်ကြာပြီကို.. စာမတတ်သူ ဘယ်လောက် များများ တွေ့ဖူးလို့လဲ.. မြို့ကြီးတွေမှာ အရွယ်ရောက်သူတွေအတွက် ညကျောင်းတွေကို ဟိုးနှစ်တွေကတည်းက စီစဉ်ပေးထားတာ.. မြို့တွေမှာ စာမတတ်သူတွေ ရှိသေးတယ်ဆိုတာ ဝန်ခံတယ်.. ဒါပေမယ့် လက်တဆုပ်စာ လောက်ပါပဲ.. အဲ့ဒီအတွက်လဲ ငါတို့က ကြော်ငြာတွေကို သပ်သပ် လုပ်လို့ရတယ်လေ..”
“သတင်းစာကြော်ငြာတွေ မတူဘူးလား..”
လီကျယ်ခိုင် မျက်မှောင်ကြုတ်လိုက်သည်။
“ဥပမာပြောရရင် ငါတို့က ကြော်ငြာထဲမှာ ဟာသတွေ ထည့်လို့ရတယ်.. ဒီမှာရှိတဲ့ သူတွေလဲ ကာတွန်း ဖတ်ဖူးကြတာပဲမို့လား..”
ဖုန်းယွီ မေးလိုက်သည်။
“အင်း..”
ဖူးကွမ်းကျန့် စိတ်လှုပ်ရှားစွာ လက်မြှောက်လိုက်သည်။ သိ့ရာတွင် အားလုံး သူကို စိုက်ကြည့်နေသည်ကို သတိထားမိကာ လက်ပြန်ချလိုက်ရသည်။
“ငါ ဟာသတွေ အရမ်းဖတ်တယ်.. ငါအကြိုက်ဆုံးပဲ..”
“အစ်ကိုဖုန်း ဒီမှာ အလုပ်လုပ်နေတဲ့သူတွေ ကာတွန်းဖတ်ဖို့ အချိန်ရမယ်ထင်လား.. ဒါတွေက ကလေးတွေ အတွက်ပဲလေ..”
လီကျယ်ခိုင် ထပြောရင်း ဖူကွမ်းကျန့်ကို တစ်ချက်ကြည့်လိုက်သေးသည်။
ဖူကွမ်းကျန့်သည်လည်း ဒေါသထွက်သွားကာ ပြန်လည်၍ ဘုကြည့် ကြည့်လိုက်သည်။ မည်သို့သော ဟောင်ကောင် သားသည် အရင်က မဖတ်ဖူးသနည်း။ မိမိကိုယ်ကို ဟောင်ကောင်သားဟု ခေါ်ဝံ့သေးသည်လော။
“အဲ့လိုမျိုး တိုက်ခိုက်တဲ့ ကာတွန်းတွေအကြောင်း ငါမပြောပါဘူး.. အဲ့ဒီ လေးကွက်ကြား ကာတွန်းတွေကို အားလုံး မြင်ဖူးကြလား.. ရိုးရှင်းပြီး ရယ်စရာ ဇာတ်လမ်းတစ်ခုအတွက် အကွက်လေးကွက်ပဲ သုံးထားတယ်.. ဥပမာကွာ ပထမဆုံးအကွက်မှာ လမ်းတစ်လျှောက် ကားရပ်နားဖို့ နေရာရှာနေတဲ့ အမျိုးသား တစ်ယောက်ကို ပြလို့ရတယ်.. နောက်တစ်ကွက်မှာ ငါတို့ ကားပါကင်ကို တခြားတစ်ယောက် ကားမောင်းဝင်လာတာပြပြီး ပထမလူက ငွေဖြုန်းတီး လို့ လှောင်နေတာ ပြမယ်.. တတိယ အကွက်မှာ ကားပါကင်ထိုးတဲ့သူက သူ့အထူးVIP ကတ် ထုတ်ပြမယ်.. နောက်ဆုံး အကွက်မှာ ကာပါကင် ရပ်ထားတဲ့ အမျိုးသား ထွက်သွားပြီး သူ့အထူး VIP ကတ်နဲ့ ကားပါကင် အလကား ထိုးထားတဲ့ နေရာကို ပြလို့ရတယ်..”
ဖူကွမ်းကျန့်နှင့် ကျန်လူများ ဖုန်းယွီပြောစကားကို ကြားပြီး မျက်မှောင်ကြုတ်လိုက်ကြသည်။ ဤသည်မှာ အသင်းဝင် ကတ်၏ အကျိုးကျေးဇူးကို ပြသရာရောက်သည့်အပြင် စိတ်ဝင်စားစရာလဲ ကောင်းမည့်ပုံပင်။ လူတော်တော် များများ သတင်းစာဖတ်သည့်အခါ ရုပ်ပုံများကို အလေးထားကြည့်ကြပေသည်။ သို့ရာတွင် ဤသည်က အလုပ်ဖြစ်မလား မသေချာချေ။
“ငါက ဥပမာအနေနဲ့ တစ်ခုပဲပြောတာပါ.. ဒါကို လုပ်ဖို့ ကျွမ်းကျင်ပညာရှင်တွေကို ငှားရမယ်.. ဒါပေမယ့် ဒီကြော်ငြာ အမျိုးအစားက လူတွေကို အလွယ်တကူ ဆွဲဆောင်နိုင်ပြီး လူတွေ ချက်ချင်း မှတ်မိသွားကြလိမ့်မယ်ဆိုတာ အာမခံတယ်.. စာရွက်ပေါ်မှာ ကြော်ငြာခြင်းရဲ့ နောက်ထပ် အားသာချက်က ကြော်ငြာကွက်တွေကို တစ်ရက်ချင်း၊ ဒါမှမဟုတ် တစ်ပတ်လုံးစာ ဝယ်လို့ရတယ်.. တီဗွီကြော်ငြာမှာဆို အကွက်တွေကို အနည်းဆုံး တစ်လစာ ဝယ်ရမှာလေ.. ဒီလိုကြော်ငြာမျိုး ဖန်တီးတော့မယ့် ဒီဇိုင်းကုမ္ပဏီ တစ်ခု ငါသိတယ်..”
“အဲ့ဒါဟုတ်တယ်.. ငါတို့တွေ ဈေးနှုန်းမြင့်မြင့် မပေးရင် တီဗွီဌာနတွေက ရက်တို ကြော်ငြာခွင့်မပေးဘူး.. ဒါပေမယ့် ငါတို့ ကုန်ကျစရိတ်ကတော့ တိုးလာအုံးမှာပဲ..”
ဒု-အထွေထွေ မန်နေဂျာတစ်ယောက် ထပြောလာသည်။
“နောက်မီဒီယာတစ်က ရေဒီလိုပေါ့.. ရေဒီယို ကြော်ငြာတွေကို မနက်ပိုင်းနဲ့ ညနေပိုင်းတွေမှာ အများဆုံး ထုတ်လွှင့်သင့်တယ်.. ကျုပ်တို့ ပစ်မှတ်က ကားမောင်းသူတွေနဲ့ ခရီးသည်တွေပဲ.. လူတော်တော်များများ ကားမောင်းရင်းနဲ့ ရေဒီယို နားထောင်လေ့ရှိတယ်လေ..”
ယခုအချိန်တွင် ကားများ၌ တပ်ဆင်ထားသည့် စံပြစက်မှာ ကားရေဒီယိုဖြစ်ပေသည်။ CD ဖွင့်စက် တပ်ဆင် ထားသည့် ကားများကို ဇိမ်ခံကားများဟု သတ်မှတ်ကြသည်။
ဖုန်းယွီ ယခုဘဝသို့ ပြန်မရောက်မှီတွင်ပင် ရေဒီယိုနားထောင်သူ တော်တော်များပေသည်။ ကားအတွင်း DVD စက် တပ်ဆင်ထားလျှင်ပင် ရေဒီယိုနားရသည်ကို ပိုနစ်သက်ကြပေသည်။ ထို့ကြောင့် ရေဒီယိုတွင် ကြော်ငြာခြင်းသည် အထိရောက်ဆုံး နည်းလမ်းဖြစ်သည်။
“ရေဒီယိုမှာ ကြော်ငြာတွေအတွက် မှတ်မိလွယ်တဲ့ အသံရှင်ကို ရှာရမယ်.. အင်း.. တစ်ယောက် အကြံပေးရရင်တော့ ကျောက်ကျောင်းရှင်းပဲ.. ကျုပ် အရင်က သူနဲ့ တွဲလုပ်ဖူးတဲ့အပြင် ဈေးလဲ သိပ်မကြီးဘူး..”
ဖူကွမ်းကျန့်မှ..
“ငါတို့ရဲ့ ရေဒီယိုကြော်ငြာတွေ အချိန်ဘယ်လောက် ကြာသင့်လဲ.. ဘာတွေ ပါသင့်လဲ..”
“ငါတို့တွေ ရေဒီယိုကြော်ငြာတွေအတွက် အချိန်ကြာကြာ သုံးလို့ရတယ်.. ငါတို့ ကတ်တွေမရောင်းတော့ရင်တောင် ငါတို့မှာရှိတဲ့ တခြားထုတ်ကုန်တွေကို ကြော်ငြာဖို့ အဲ့အကန့်တွေကို သုံးလို့ရတယ်လေ.. ငါတို့ကတ်တွေ ရောင်းဖို့ အခွင့်ရေးကောင်း ရောက်လာတော့မှာ.. မကြာခင်ပဲ ဆရာများနေ့ လာတော့မယ်လေ..”
-------*****--------
ဘာသာပြန်သူ . (ငတက်ပြား)