← Chapters

အခန်း ၈၂၆

Vol. 56 Ch. 826

အခန်း ၈၂၆

Vol. 56 Ch. 826

နောက်တစ်ညကုန်လွန်သွားသည်။

မင်စီရင်စုတွင် ယွီဟုန်ကအိပ်ရာနိုးလာပြီး လုပ်နေကျအတိုင်းဖုန်းဖွင့်လိုက်သည်။ ပထမဆုံးဗီဒီယိုက ချင်းလင်အပန်းဖြေစံအိမ်အကြောင်းဖြစ်နေပြန်သည်။

ဒီရက်ပိုင်း ချင်းလင်အပန်းဖြေစံအိမ်က လုံးဝနာမည်ကြီးနေသည်။

သို့ရာတွင် သူကပါမောက္ခလီခိုင်၏အပူချိန်နိမ့်မျိုးစိတ်သုတေသနကိုစောင့်စားနေသည်။ သူကသီးနှံများကြိုက်တတ်သော်လည်း အတော်များများက ရာသီတိုင်းမရတတ်။

ထို့အပြင် အစိမ်းရောင်မှန်လုံအိမ်ကုန်ကျစရိတ်ကအလွန်မြင့်၍ ရာသီချိန်မဟုတ်ဘဲဘယ်သူမှမစိုက်ချင်ကြပေ။

ပါမောက္ခလီခိုင်ရဲ့အပူချိန်နိမ့်သုတေသနသာအောင်မြင်ရင် သူစားချင်တဲ့သီးနှံကိုရာသီမရွေးစားနိုင်ပြီ။

ဒီလိုနည်းပညာမျိုးကိုဖန်တီးနိုင်တဲ့ပါမောက္ခလီခိုင်က တကယ်အံ့ဩဖို့ကောင်းသည်။

ယွီဟုန်ကဗီဒီယိုများလျှောက်ကြည့်ပြီး သန့်စင်မြက်အိုးကိုရေလောင်းရန် ကုတင်နားလျှောက်လာသည်။ သူကံကောင်း၍သာ လိုင်းပေါ်ကဝယ်နိုင်ခဲ့သည်။

ဒီသန့်စင်မြက်အိုးကြောင့် သူ့ကုတင်နားဝန်းကျင်လေက ပိုကောင်းလာသည်။

ထို့နောက် သူကမီးဖိုနားလျှောက်သွားသည်။ ခေါက်ဆွဲပြုတ်မည်အပြုတွင် ချင်းလင်ဆော့မရှိတော့မှန်းသတိထားမိသည်။

သူက ခရမ်းချဉ်ဆော့ကြိုက်သည်။ မနက်ပိုင်း ခေါက်ဆွဲပြုတ်ပြီး ဆော့နှင့်စားလေ့ရှိသည်။ ၁၅ ယွမ်ပေးရပြီးဗိုက်မဝသော အောက်ထပ်ကခေါက်ဆွဲနှင့်စာလျှင် ဒါကပိုပြီးအကုန်အကျသက်သာသည်။

မတတ်နိုင်။ အောက်ထပ်ကစူပါမားကတ်သွားပြီး ဆော့ပုလင်းအသစ်ဝယ်ရသည်။ စူပါမားကတ်ရောက်သောအခါ အရင် ၁၅ ယွမ်ပုလင်းထက်စျေးပိုကြီးသော ယွမ် ၃၀ တန်ချင်းလင်ဆော့အသစ်ကိုမြင်ပြီး အံ့ဩသွားသည်။

ဒီတော့မှ ချင်းလင်အစားအသောက်ကုမ္ပဏီက ဆော့အသစ်ထွက်မည်ဆိုတာ သူသတိရသည်။ နိုင်ငံခြားဆော့ဘရန်းနှစ်ခုနှင့်စီးပွားရေးတိုက်ပွဲအပြီး ထုတ်ကုန်အသစ်အကြောင်းသတင်းမကြားခဲ့။ ဘာသံမှမကြားဘဲထွက်နေမည်ဟုမထင်မိပေ။

ယွီဟုန်မှာ ချင်းလင်ဆော့၏အမာခံပရိသတ်တစ်ဦးဖြစ်၍ သူနေ့စဉ်လုပ်အားခ၏သုံးပုံတစ်ပုံနှင့်ညီမျှသောဆော့အသစ်ကို သုံးပုလင်းတန်းဝယ်ချလာသည်။

အိမ်ရောက်လျှင် ခေါက်ဆွဲချက်ချင်းပြုတ်ကာ ဆော့အသစ်ဖွင့်ပြီး စားတော့သည်။

"ဘုရားရေ... အရသာရှိလှချည်လား?''

ယွီဟုန်ကမြည်းပြီးရေရွတ်လိုက်သည်။ ဒီဆော့အသစ်အရသာကို အရင်ထုတ်ကုန်တွေမယှဉ်နိုင်။

အရသာအဆင့်ချင်းမတူ။ ထိုအချိန်တွင် သူ့ခေါက်ဆွဲပြုတ်က ကြယ်ပွင့်စားဖိုမှူးတွေရဲ့ဟင်းပွဲထက်တောင်ပိုအရသာရှိနေသလိုခံစားလိုက်ရသည်။

တိမ်တွေပေါ်လွင့်နေသလိုပင်။

အဝစားပြီးနောက် အိမ်မှထွက်လာခဲ့သည်။ စူပါမားကတ်ရောက်သောအခါ အထဲဝင်ပြီး ချင်းလင်အားဖြည့်လက်ဖက်ရည်သုံးလေးပုလင်းဝယ်ခဲ့သည်။

ပြင်ဆင်ရေးအလုပ်သမားဖြစ်၍ အလုပ်လုပ်ရန်ကိုယ်ခံအားအပြည့်ရှိဖို့လိုသည်။ ဒီလိုနှင့် အလုပ်စောစောအပြီးသတ်ပြီး သူ့ကောင်မလေးနှင့်အပြင်ထွက်လည်ပတ်နိုင်မည်။

ကုမ္ပဏီက သူ့အမှတ်အသားဖြစ်လာသလိုတောင်ခံစားရသည်။ ချင်းလင်သန့်စင်မြက်နဲ့အိပ်၊ ချင်းလင်အားဖြည့်လက်ဖက်ရည်သောက်ပြီးအလုပ်လုပ်၊ ပြီးတော့ ချင်းလင်ဆော့နှင့်ထမင်းစား။

သူကြည့်သမျှဗီဒီယိုအားလုံးကလည်း ချင်းလင်ကုမ္ပဏီက။ ရှေ့လျှောက် သူစားမယ့်အသီးတွေတောင် ချင်းလင်ကုမ္ပဏီကပျိုးထောင်တာဖြစ်လိမ့်မည်။

ယွီဟုန်တင်မဟုတ်။ သာမန်လူအတော်များများကလည်း သူတို့နေ့စဉ်ဘဝတွင် ချင်းလင်ကုမ္ပဏီထုတ်ကုန်တစ်မျိုးပြီးတစ်မျိုးနှင့်ဆက်စပ်လာကြောင်း သတိထားမိသည်။ အထူးသဖြင့် မင်စီရင်စုမှလူများပင်။

ချင်းလင်ထုတ်ကုန်များက တကယ်အသုံးတည့်သောကြောင့် ချင်းလင်ထုတ်ကုန်အားလုံးနီးပါးကိုအသိအမှတ်ပြုထားပြီး တခြားထုတ်ကုန်မသုံးချင်အောင်ဖြစ်လာသည်။

…

ချင်းလင်အပန်းဖြေစံအိမ်_

ညနေပိုင်းတွင် ချင်လင်ကတန့်ကွမ်းကိုဧည့်ခံနေသည်။ သူက အသစ်ထွက်ထားသောခရမ်းချဉ်ဆော့အကြောင်းတင်ပြရန်လာခြင်းပင်။ သို့ရာတွင် အထူးတလည်ကြော်ငြာထားခြင်းမရှိ။ ပထမအချက်အနေနှင့် မလိုသောကြောင့်ဖြစ်ပြီး ဒုတိယအချက်မှာ ထုတ်ကုန်ကအကန့်အသတ်ရှိသောကြောင့်ပင်။

သို့ဆိုရင်တောင် ဆော့အသစ်က တစ်နေ့တည်းအကုန်ရောင်းထွက်သွားသည်။

ကုန်ကြမ်းအတွက်က ချင်လုံ၏စိုက်ခင်းကိုသာအားထားနေရသောကြောင့် မတတ်နိုင်။ တခြားစိုက်ခင်းတွေမှည့်တာနှင့် ခရမ်းချဉ်ဆော့ကိုအကြီးအကျယ်ထုတ်မည်။ ပစ္စည်းပြတ်မှာပူစရာမလိုတော့။

အချိန်ကျရင် အရည်အသွေး ၁ ခရမ်းချဉ်ဆော့ကိုထုတ်လုပ်ပြီးတံဆိပ်တပ်ရန် စီးပွားဖက်မိုးကောင်းကင်ကုမ္ပဏီကိုလက်လွှဲပေးမည်။

သူတို့က အရည်အသွေး ၂ ဆော့ထုတ်ဖို့အာရုံစိုက်ရန်သာရှိသည်။

တန့်ကွမ်းအစီရင်ခံချက်ကိုနားထောင်ပြီးနောက် အပြင်လိုက်ပို့မည်အပြုတွင် သူ့ဖုန်းမြည်လာသည်။ သူကဖုန်းကြည့်လိုက်ရာ ဝန်ကြီးလုဖုန်းထပ်ဆက်ခြင်းဖြစ်၍_

"ဝန်ကြီးလု... တော်ဝင်ပညာရှင်သုံးဦးရောက်လာပြီလား?''

"အင်း ရောက်ပြီ... သူဌေးချင်ကိုညစာပြင်ခိုင်းရမှာပဲ''

ဝန်ကြီးလုအသံကိုလည်းကြားရသည်။

သို့ရာတွင် ဝန်ကြီးလုအသံက မတတ်သာပုံနှင့်။ ကြည့်ရတာ တစ်ခုခုဖြစ်ထားပုံရသည်။

"ဥက္ကဌချင်အလုပ်များနေတာ... ကျွန်တော်ပြန်လိုက်ပါမယ်''

ချင်လင်ဖုန်းချပြီးနောက် တန့်ကွမ်းကပြောသည်။ ထို့နောက် အလိုက်တသိထွက်ပြီး စံအိမ်အပြင်လမ်းလျှောက်သွားသည်။

နေဝင်ပြီးချိန်တွင် ချင်လင်ကဝန်ကြီးလုနှင့်တော်ဝင်ပညာရှင်သုံးယောက်ကို ချင်းလင်အပန်းဖြေစံအိမ်မှကြိုနေသည်။

သို့ရာတွင် ကားတန်းရှည်ကြီး ချင်းလင်အပန်းဖြေစံအိမ်ထဲဝင်လာပြီး တချို့ကားများတွင် 'အစောင့်အကြပ်'ဟုတောင်စာကပ်ထား၍ ချင်လင်နည်းနည်းကြောင်သွားသည်။

ဝန်ကြီးလုက စီနီယာသုံးဦးကိုလာပို့ရင် အလွန်ဆုံးမှကားနှစ်စီးဟုထင်ခဲ့သည်။

ဘာပဲဖြစ်ဖြစ် တော်ဝင်ပညာရှင်လင်းနဲ့တော်ဝင်ပညာရှင်ဟောင်ကိုလာပို့တုန်းက လူမသိသူမသိပဲလေ။

ဒီတစ်ခါကျ ယာဉ်တန်းနဲ့။ အစောင့်အကြပ်ယာဉ်တွေတောင်ပါတယ်။

ဘာလဲဟ?

ဒါပေမဲ့ ဒီအခြေအနေမှာ သူတို့စံအိမ်အပြင်မှာသာရပ်နေရသည်။

ဝန်ကြီးလုလည်း မတတ်သာဘဲ ကားပေါ်မှဆင်းလာသည်။ သူကချင်လင်ကိုမြင်မြင်ချင်း ချက်ချင်းရောက်လာကာ_

"သူဌေးချင်... ဒီတစ်ခါနေရာပိုပြင်ခိုင်းတာ ဒုက္ခပေးမိပြီထင်တယ်... စီနီယာသုံးဦးက ဒီလိုလုပ်မယ်လုံးဝမထင်လို့ပါ''

"ဝန်ကြီးလု... ဒါဘာတွေလဲ?''

ချင်လင်က စူးစမ်းလိုက်သည်_

"အစောင့်အကြပ်တွေတောင်ပါတယ်?''

ဝန်ကြီးလုကရှင်းပြသည်_

"မာတီမီဒီယာကိရိယာတန်းရှည်ကြီးပေါ့... အထူးသုတေသနကွန်ပျူတာနဲ့ ငါနားမလည်တဲ့ကိရိယာတွေပါတယ်... စီနီယာသုံးယောက်ကိုချင်းလင်အပန်းဖြေစံအိမ်မှာအနားယူခိုင်းတာ... ဒါပေမဲ့ သူတို့ကဒီမှာအလုပ်လုပ်မယ့်ပုံပဲ... တကယ်စိတ်ညစ်စရာ''

All Chapters