← Chapters

အခန်း ၈၂၇

Vol. 56 Ch. 827

အခန်း ၈၂၇

Vol. 56 Ch. 827

ချင်လင်တစ်မျိုးမြင်မှာစိုး၍ ဝန်ကြီးလုကရှင်းပြသည်_

"သူဌေးချင် စိတ်မရှိပါနဲ့... စီနီယာသုံးယောက်က တာဝန်သိလွန်းနေတာ... သူတို့သုတေသနကလည်း အရမ်းအရေးကြီးတယ်... ရှေ့လျှောက် အာကာသထဲစူးစမ်းရှာဖွေဖို့နဲ့ဆက်စပ်နေတယ်''

"ရုပ်ရှင်တွေထဲကလို အာကာသထဲစူးစမ်းနိုင်မလားဆိုတာကလည်း ဒီတော်ဝင်ပညာရှင်သုံးယောက်ရဲ့သုတေသနအပေါ်မူတည်နေတယ်''

"ပြီးတော့ တော်ဝင်ပညာရှင်သုံးယောက်က ငါတို့ကိုအာကာသစူးစမ်းရှာဖွေရေးထဲရောက်အောင်မလုပ်နိုင်ရင်တောင် သူတို့ရဲ့သုတေသနက နောက်မျိုးဆက်သစ်တွေအတွက်အခြေခံကောင်းပြီး အထောက်အကူဖြစ်လိမ့်မယ်''

ဝန်ကြီးလုကအများကြီးရှင်းပြသည်။ အဓိကမှာ တော်ဝင်ပညာရှင်သုံးဦး၏သုတေသနက အရမ်းအရေးကြီးကြောင်းပြောခြင်းပင်။ သူဌေးချင်ကအမြင်ကျယ်ပြီး စိတ်မပျက်ရမှန်းသူသိသည်။

ဝန်ကြီးလုပြောတာ ချင်လင်သဘောပေါက်သည်။ သူကခေါင်းညိမ့်ပြီး_

"စီနီယာကြီးသုံးယောက်ရဲ့သုတေသနကအရမ်းအရေးကြီးတယ်ဆိုမှတော့ ကျွန်တော်ပူးပေါင်းပေးပါမယ်... ပြီးတော့ စီနီယာကြီးသုံးယောက်ရဲ့သုတေသနစိတ်ကိုလည်း ကျွန်တော်အရမ်းလေးစားပါတယ်''

ထိုအချိန်တွင် တော်ဝင်ပညာရှင်ကျူး၊ တော်ဝင်ပညာရှင်ဖေးနှင့် တော်ဝင်ပညာရှင်စွန်းတို့လည်းဆင်းလာသည်။

သုံးယောက်သားက ဝန်ကြီးလုကိုဂုဏ်ယူပုံနှင့်ကြည့်လိုက်သည်။

ဝန်ကြီးလုနှင့်ခေါင်းဆောင်က သူတို့အာဏာသုံးပြီးဖိအားပေးသည်။

သူတို့ကအလိုက်အထိုက်မလုပ်နိုင်တာမဟုတ်။

တရုတ်သိပ္ပံအကယ်ဒမီမှာ သုတေသနများဦးဆောင်လုပ်နေသောလူကြီးများဖြစ်၍ တိတိကျကျရည်မှန်းချက်ပန်းတိုင်များချမှတ်ခြင်း၊ ဖော်မြူလာများတွက်ချက်ခြင်း၊ မှန်းဆချက်များကိုသက်သေပြခြင်းနှင့် တခြားဦးနှောက်ခြောက်စရာပြဿနာများစဉ်းစားရသည်။

တိတိကျကျစမ်းသပ်ချက်များကို လူငယ်များဆီလွှဲပေးရသည်။ သူတို့ကိုယ်တိုင်စမ်းသပ်မှုလုပ်ရန် သူတို့မှာအင်အားမရှိချေ။

သူတို့နှင့်တွေ့သောအခါ သူတို့ဦးနှောက်နှင့်သူများခြေလက်ဟုပြောတတ်သည်။

ထို့ကြောင့် ခေါင်းဆောင်က ချင်းလင်အပန်းဖြေစံအိမ်လာရန်ဖိအားပေးသောအခါ သူတို့အလုပ်နေရာပြောင်းဖို့သာတတ်နိုင်သည်။ မာတီမီဒီယာနှင့်အဝေးထိန်းဗီဒီယိုကိရိယာများကြောင့် အဝေးကညွှန်ကြားပြီး သုတေသနကိုဦးဆောင်နိုင်သေးသည်။

အရင် အကြီးအကဲချန်နေမကောင်းစဉ်က သူလည်းဒီနည်းသုံးပြီး အချိန်တစ်ခုအထိအဝေးမှဦးဆောင်ပေးခဲ့သည်။

ဝန်ကြီးလုက တော်ဝင်ပညာရှင်သုံးဦးဆင်းလာသည်ကိုမြင်လျှင် အပြေးသွားပြီး_

"စီနီယာကြီးတို့... ဒီမှာလာပြီးအားဖြည့်ခိုင်းတာလေ... ဘာလို့ဒါတွေယူလာတာလဲ?''



တော်ဝင်ပညာရှင်လီ၊ တော်ဝင်ပညာရှင်ဟောင်နှင့် တော်ဝင်ပညာရှင်လင်းတို့က အစောကြီးကတည်းကစောင့်နေသည်။ တော်ဝင်ပညာရှင်သုံးဦးကိုမြင်သောအခါ ချက်ချင်းနှုတ်ဆက်ပြီး စကားပြောကြတော့သည်။

သူတို့အားလုံးက တော်ဝင်ပညာရှင်များပင်။ တော်ဝင်ပညာရှင်လီတို့က သူတို့ကိုတော်ဝင်ပညာရှင်ကြီးဟုခေါ်ကြသော်လည်း သူတို့ကြားမှာရာထူးအဆင့်မရှိ။ အားလုံးက သိပ္ပံသုတေသနမှာ လုပ်ဖော်ကိုင်ဖက်များ၊ ရဲဘော်ရဲဘက်များဖြစ်ကြသည်။

ခဏစကားပြောပြီးနောက် တော်ဝင်ပညာရှင်လီတို့က တော်ဝင်ပညာရှင်ကျူးတို့ကို ချင်လင်ဆီခေါ်လာကာ_

"သူဌေးချင်... ဒါ တော်ဝင်ပညာရှင်ကျူး တော်ဝင်ပညာရှင်စွန်းနဲ့ တော်ဝင်ပညာရှင်ဖေးပါ... အရင်နေ့ကပြောတာ သူတို့လေ''

"စီနီယာကြီးတို့ ကြိုဆိုပါတယ်!''

ချင်လင်ကချက်ချင်း လေးစားသံနှင့်နှုတ်ဆက်သည်။

သိပ္ပံသုတေသနရှေ့တန်းတွင် အမြဲရှိခဲ့သည့်ဒီစီနီယာကြီးသုံးဦးကို သူအမြဲလေးစားခဲ့သည်။

နိုင်ငံအင်အားကောင်းပြီး တည်ငြိမ်အေးချမ်းခဲ့ခြင်းမှာ ဒီသုသေတနသမားများနှင့်အများကြီးဆက်စပ်နေသည်။

ခေတ်သစ်တွင် သိပ္ပံသုတေသနအင်အားက ပြင်ပကမ္ဘာကိုချပြရမည့်နိုင်ငံ၏လက်နက်ပင်။

"ကြိုဆိုပါတယ် သူဌေးချင်!''

"သူဌေးချင်... တို့သုံးယောက်က မင်းနဲ့တွေ့ချင်တာကြာပြီ!''

"သူဌေးချင်က အတော်ငယ်ပြီးအလားအလာရှိတာပဲ''

တော်ဝင်ပညာရှင်ကျူး၊ တော်ဝင်ပညာရှင်ဖေးနှင့် တော်ဝင်ပညာရှင်စွန်းတို့မှာ မလာခင်ကတည်းက ချင်လင်အကြောင်းကြားဖူးသည်။ တကယ်အံ့ဩစရာကောင်းသော ချင်လင်၏အသက်အရွယ်ကိုသိပ်မအံ့ဩတော့။

သို့ရာတွင် ချင်းလင်အပန်းဖြေစံအိမ်ထဲဝင်လာပြီး လုံးဝအံ့ဩသွားသည်။

ချင်းလင်အပန်းဖြေစံအိမ်က အရမ်းကောင်းကြောင်း၊ ရှုခင်းအရမ်းလှကြောင်းကြားဖူးသော်လည်း ထူးထူးခြားခြားခံစားချက်ကိုကိုယ်တွေ့ကြုံနေရပြီ။

အထူးသဖြင့် လေအရည်အသွေးနှင့် နေဝင်ဆည်းဆာအောက်တွင်မြင်ရသောမြက်ခင်းစိမ်းစိမ်းကြောင့် စိတ်သက်သာပြေလျော့ပြီး သောကရှင်းသွားသည်။

ဤသည်က အရည်အသွေး ၂ ခွေးသွားစိတ်မြက်၏အာနိသင်ကြောင့်ပင်။

ထိုအချိန်တွင် သုံးယောက်သားက တစ်လမ်းလုံးဝန်ကြီးလုပြောထားသည်ကိုသတိရသည်။

တော်ဝင်ပညာရှင်လီဆန်းစစ်ထားတဲ့အတိုင်း ဒီအပန်းဖြေစံအိမ်က အမှန်ပင်စိတ်ရောကိုယ်ပါသက်သာစေနိုင်သည်။ ဒီလိုအခြေအနေမျိုးက သိပ္ပံသုတေသနအတွက်အထောက်အကူဖြစ်စေသည်။

အခု သူတို့ကိုယ်တိုင်ကြုံရတော့မှ ရုတ်တရက်မျှော်လင့်ချက်ရောင်ခြည်သမ်းလာသည်။

ညစာစားချိန်တွင် ချင်လင်လည်း တော်ဝင်ဆေးစွပ်ပြုတ်ပြင်ဆင်ပြီး စီနီယာကြီးသုံးဦးကိုကြိုဆိုသည်။

တော်ဝင်ပညာရှင်ကျူး၊ တော်ဝင်ပညာရှင်ဖေးနှင့် တော်ဝင်ပညာရှင်စွန်းတို့က အစားအသောက်ခုံမင်သူများမဟုတ်။ တရုတ်သိပ္ပံအကယ်ဒမီမှာ နိုင်ငံတော်စားသောက်ပွဲကစားဖိုမှူးများပြင်ဆင်ပေးသော တော်ဝင်ဆေးစွပ်ပြုတ်ကိုလည်းစားဖူးသည်။

တော်ဝင်ဆေးစွပ်ပြုတ်က အရမ်းအရသာရှိကြောင်းဝန်ခံရပေမည်။ သုံးလေးကြိမ်သောက်ပြီးနောက် သူ့ခန္ဓာကိုယ်အတွက်ကောင်းမှန်းသေချာခံစားမိသည်။

သို့ရာတွင် ချင်လင်၏အရည်အသွေး ၃ ဆေးစွပ်ပြုတ်ကိုသောက်ပြီး စီနီယာကြီးသုံးဦးမအံ့ဩဘဲမနေနိုင်တော့။

သူဌေးချင်ပြင်ပေးတဲ့ဆေးစွပ်ပြုတ်က နိုင်ငံတော်စားသောက်ပွဲစားဖိုမှူးတွေထက်တောင် ပိုအရသာရှိနေသည်။ စားပြီးတစ်ခဏအတွင်း ပူနွေးသွားသောခံစားချက်က ဟာသမဟုတ်။

ထိုပူနွေးနွေးခံစားချက်က အလွန်နေသာထိုင်သာရှိသည်။

ဒါပေမဲ့ ဆေးစွပ်ပြုတ်က ဒီလောက်မြန်မြန်အာနိသင်ပြနိုင်လို့လား?

ဒီအရှိန်က သူတို့လေ့လာနေတဲ့ဒုံးပျံထက်တောင်ပိုမြန်သေး။

တော်ဝင်ဆေးစွပ်ပြုတ်ကြောင့် ချင်းလင်အပန်းဖြေစံအိမ်အကြောင်း သူတို့သုံးယောက်သိလိုက်ရပြန်သည်။ တော်ဝင်ပညာရှင်လီတို့ဘာကြောင့် ဒီလောက်အထင်ကြီးမှန်းလည်းသဘောပေါက်လိုက်သည်။

ညပိုင်း_

တော်ဝင်ပညာရှင်ကျူးတို့က တော်ဝင်ပညာရှင်လီတို့နောက်လိုက်ပြီး အပန်းဖြေစံအိမ်ဥယျာဉ်ထဲဝင်လာသည်။

ချင်းလင်အပန်းဖြေစံအိမ်ရောက်လာမှတော့ ပါမောက္ခလီခိုင်နှင့်ပန်းချီဆရာကြီးဝူခိုင်တိုးတက်သွားသောနေရာကိုကြည့်ချင်သည်။

မျောကျောက်က ညဘက်အလင်းဖျော့ဖျော့ထွက်နေပြီး ပတ်ဝန်းကျင်ကိုမြူဆိုင်းသလိုလွှမ်းခြုံထားသည်။

သို့ရာတွင် နတ်ဘုရားမစမ်းရေမရှိဘဲ မျောကျောက်ကိုမသုံးနိုင်။

မျောကျောက်အလင်းက အတော်ဝေးဝေးအထိရောက်ပြီး အံ့ဩစရာကောင်းနေသည်။

"ဒီအလင်းထွက်နေတဲ့ကျောက်က ဘာလဲ? ဒီနေရာမှာဖြာနေတဲ့အလင်းက အနုပညာဆန်လိုက်တာ!''

တော်ဝင်ပညာရှင်ကျူးက စူးစမ်းနေသည်။

All Chapters