အခန်း ၈၂၈
Vol. 56 Ch. 828
"ချင်းလင်ဓာတ်ခွဲခန်းက သုတေသနလုပ်ထားတယ်''
တော်ဝင်ပညာရှင်လီက ရှင်းပြသည်_
"သာမန်အလင်းထွက်တဲ့ကျောက်တုံးပါပဲ... ဘာရောင်ခြည်ထိခိုက်မှုမှမရှိဘူး''
"အင်း!''
တော်ဝင်ပညာရှင်ကျူးကခေါင်းညိမ့်ပြီး သိပ်မစပ်စုတော့။
ထို့နောက် တော်ဝင်ပညာရှင်ကျူးတို့က ပါမောက္ခလီခိုင် ဖော်မြူလာများ၊ အချက်အလက်များချရေးခဲ့သောနေရာကိုလည်းကြည့်လိုက်သည်။
သူတို့အတွက်တော့ ဒီလိုသိပ္ပံသုတေသနအဖြစ်အပျက်မျိုးက စိတ်ဝင်စားစရာပင်။
နတ်ဘုရားမစမ်းရေမရှိသောကြောင့် မျောကျောက်ကအာနိသင်မပြနိုင်၍ သူတို့ဘာမှမတိုးတက်နိုင်။
အပန်းဖြေစံအိမ်အတွင်း ဒုတိယထပ်၊လူသွားလမ်းထောင့်ဘေး၊အခန်းနှစ်ခန်းထဲတွင် ဝန်ကြီးလုမှာ တော်ဝင်ပညာရှင်သုံးဦး၏ကိရိယာများတပ်ဆင်ရင်းအလုပ်ရှုပ်နေသည်။
ကိရိယာများပြင်ဆင်ပြီးသောအခါ ဝန်ကြီးလုကထွက်လာပြီး ချင်လင်အားတည်တည်ငြိမ်ငြိမ်နှင့်_
"သူဌေးချင်... အထက်လူတွေက ကျုပ်ကိုမျက်နှာပြောင်ပြောင်နဲ့တောင်းဆိုခိုင်းတာရှိတယ်''
"ပြောပါ ဝန်ကြီးလု!''
ဝန်ကြီးလု၏မျက်နှာတည်တည်ကိုကြည့်ပြီး ချင်လင်လည်းခေါင်းညိမ့်လိုက်သည်။
"သူဌေးချင်''
ဝန်ကြီးလုကပြောသည်_
"တော်ဝင်ပညာရှင်သုံးယောက် အပန်းဖြေစံအိမ်မှာအားဖြည့်နေတုန်း အပြင်လူတွေကိုနေရာမဖွင့်ပေးပါနဲ့လား? ဒီအတွက် အထက်လူတွေကလျော်ကြေးပေးပါလိမ့်မယ်''
"ပြီးတော့ အထက်လူတွေက မင်းရဲ့စံအိမ်မှာအလုပ်လုပ်ဖို့သီးသန့်လူတချိူ့လွှတ်ချင်တယ်... သူဌေးချင် အထင်မလွဲပါနဲ့... ဒီကလူတွေနဲ့အစားထိုးဖို့မဟုတ်ပါဘူး... တော်ဝင်ပညာရှင်သုံးဦးက အရေးကြီးလို့ပါ''
"သူတို့ဦးဆောင်နေတဲ့သုတေသနကလည်း အရေးကြီးတယ်... တကယ်လို့ ချင်းလင်အပန်းဖြေစံအိမ်မှာဉာဏ်ပွင့်သွားတာကို အပြင်လူတွေတွေ့သွားရင် တချို့ကစိတ်မထိန်းနိုင်ဘဲလျှောက်လုပ်ကြလိမ့်မယ်''
"သူဌေးချင် စိတ်မပူပါနဲ့... ဒီလူတွေက အပန်းဖြေစံအိမ်ရဲ့အလုပ်တွေကိုမထိခိုက်စေရပါဘူး... မင်းနဲ့ပူးပေါင်းလုပ်ဆောင်ပါလိမ့်မယ်... မင်းညွှန်ကြားစရာရှိရင်လည်း စည်းမျဉ်းမဖောက်ဖျက်ဘဲလုပ်ပေးပါလိမ့်မယ်''
ဝန်ကြီးလုစကားနားထောင်ပြီး ဘာကြောင့်အလုပ်လာလုပ်ကြမှာလဲ ချင်လင်ခန့်မှန်းမိသည်။ ဘာပဲဖြစ်ဖြစ် ရုပ်ရှင်တွေကြည့်ထားတာအလကားမဟုတ်။ လီလျန်ကျယ်ရုပ်ရှင်ထဲမှာ ဒီလိုသရုပ်ဆောင်ခဲ့ဖူးသည်။
ပြီးတော့ ဝန်ကြီးပြောချင်တာ ချင်လင်သဘောပေါက်သည်။
သူ့ချင်းလင်အပန်းဖြေစံအိမ်တွင်အားဖြည့်နေသောတော်ဝင်ပညာရှင် ၆ ဦးရှိပြီး အလွန်အရေးကြီးသောသုတေသနတာဝန်ခံများဖြစ်သည်။ တော်ဝင်ပညာရှင်ကြီးသုံးဦးတောင်ပါသည်။
ဒါကိုလူတချို့သိသွားရင် စိတ်ကူးပေါက်ရာလျှောက်လုပ်ပြီး ပိုက်ဆံရှာလိမ့်မည်။
ပြီးတော့ တော်ဝင်ပညာရှင်သုံးဦးရဲ့ဒုံးပျံသုတေသနက နိုင်ငံအသီးသီးမှာအခက်ကြုံနေရသည်။ သူကမျောကျောက်သုံးပြီးကူညီပေးနိုင်ရင် သေချာပေါက်တိုးတက်သွားလိမ့်မည်။
နိုင်ငံခြားသားတွေဒီအကြောင်းစုံစမ်းရင် စီရင်စုငယ်လေးကအပန်းဖြေစံအိမ်တစ်ခုမှာမှန်းသိသွားမည်။ ဘာတွေဖြစ်နေလဲ ခန့်မှန်းရပိုလွယ်သွားပြီ။
ထိုအကြောင်းတွေးရင်း ချင်လင်ကချက်ချင်းခေါင်းညိမ့်ကာ_
"ဝန်ကြီးလုပြောတာ သဘောပေါက်ပါတယ်!''
"နားလည်ပေးတဲ့အတွက်ကျေးဇူးပါပဲ သူဌေးချင်!''
ဝန်ကြီးလုက သက်ပြင်းချလိုက်သည်။ တကယ်တော့ သူမပြောဘဲချန်ထားတာရှိသည်။ ဒါကလည်း သူဌေးချင်ကိုကာကွယ်ပေးဖို့ဖြစ်သည်။
သူဌေးချင်မှာ စီးပွားရေးဦးစီးဦးဆောင်ထက်ပိုသောအလားအလာမျိုးတွေ့ရခြင်းကြောင့်ပင်။
သူတို့ခန့်မှန်းချက်အတိုင်း ချင်းလင်အပန်းဖြေစံအိမ်က တော်ဝင်ပညာရှင်သုံးဦးကိုတိုးတက်အောင်လုပ်ပေးနိုင်ပြီး ချင်းလင်အပန်းဖြေစံအိမ်ဆောက်တဲ့သူကိုအပြင်လောကကသိသွားရင် ဘယ်လိုဖြစ်မလဲ?
သူ့ကိုမိသွားရင် နောက်ထပ်ချင်းလင်စံအိမ်ဆောက်နိုင်ပါ့မလား?
နောက်တစ်နေ့တွင် ဝန်ကြီးလုက လူ ၁၀ ယောက်ကျော်နှင့်သူ့ရုံးခန်းထဲရောက်ချလာသောကြောင့် ချင်လင်အံ့ဩသွားသည်။
ထို ၁၀ ယောက်ကျော်တွင် ယောက်ျားရောမိန်းမပါပါပြီး သူထင်ထားသည်နှင့်နည်းနည်းလွဲနေသည်။ သူတို့အားလုံးကသာမန်လူများနှင့်တူနေ၏။
သာမန်အလုပ်လာလျှောက်သောလူများအတိုင်းပင်။
ဝန်ကြီးလုသာကြိုမပြောထားရင် ဒီလူတွေဘယ်သူမှန်းသိမှာတောင်မဟုတ်။