← Chapters

အသွင်တူခြင်းပေါင်း!

Vol. 56 Ch. 829

အသွင်တူခြင်းပေါင်း!

Vol. 56 Ch. 829

ဒီအချက်နဲ့တင် ဒီလူတွေကထူးခြားကြောင်း ချင်လင်သိလိုက်သည်။ သူကလည်း_

"အားလုံးကိုကြိုဆိုပါတယ်... ရှေ့လျှောက်ဂရုစိုက်ပေးကြပါ... ပြောစရာရှိရင် ကျွန်တော့်ကိုပြောနိုင်ပါတယ်... ကျွန်တော်တတ်နိုင်တာမှန်သမျှ အားလုံးပြေပြေလည်လည်ဖြစ်အောင်လုပ်ပေးမယ်''

လူအုပ်ထဲမှသက်လတ်ပိုင်းလူတစ်ယောက်ထွက်လာပြီး_

"သူဌေးချင်... ကျွန်တော်တို့အတွက်လေ့ကျင့်ရေးအခန်းကြီးကြီးတစ်ခန်းပြင်ဆင်ပေးပါ... ပြီးရင် လေ့ကျင့်ရေးကိရိယာတွေကျွန်တော်တို့ဝယ်လိုက်ပါမယ်''

သက်လတ်ပိုင်းလူက နှုတ်ခမ်းမွေးစစနှင့် ခန္ဓာကိုယ်တောင့်တင်းသည်။ ဂျင်ဆော့ထားသူများလိုကြွက်သားထွက်မနေသော်လည်း တောင့်တောင့်ဖြောင့်ဖြောင့်ရှိသည်။

သူက ဒီလူတွေရဲ့တာဝန်ခံဖြစ်မည်။

"သူဌေးချင်... သူ့နာမည်က မာဟုန်ပါ''

ဝန်ကြီးလုကရှင်းပြသည်_

"သူကဒီလူတွေရဲ့ခေါင်းဆောင်ပါ... နောက်ကျရင် သူ့ကိုခိုင်းလိုက်ရုံပါပဲ''

ချင်လင်ကခေါင်းညိမ့်ပြီး မာဟုန်ဘက်လှည့်ကာ_

"ရှေ့လျှောက် ခင်ဗျားကိုဒုက္ခပေးရမှာပဲ ခေါင်းဆောင်မာ... စံအိမ်ထဲမှာ အထူးခန်းတစ်ခန်းရှိပါတယ်... အရမ်းကျယ်တယ်... ခင်ဗျားအချိန်မရွေးသုံးနိုင်ပါတယ်''

"ကျေးဇူးတင်ပါတယ် သူဌေးချင်''

မာဟုန်လည်း ရိုရိုသေသေခေါင်းညိမ့်လိုက်သည်။

ထို့နောက် ချင်လင်ကကောင်းယောင်ယောင်ကိုဖုန်းဆက်ပြီး မာဟုန်တို့အတွက်အလုပ်စီစဉ်ခိုင်းသည်။

ဒီလူတွေရဲ့အချက်အလက်နဲ့စာရင်းသွင်းဖို့က အမှန်ပေးလို့မဖြစ်။

ထို့ကြောင့် အပေါ်ယံအချက်အလက်များပေးရန် ဝန်ကြီးလုဆီတောင်းပြီး HR ဌာနပို့လိုက်မည်။

အပန်းဖြေစံအိမ်ထဲလူလောက်ရဲ့သားနဲ့ သူဌေးကဘာလို့လူတွေအများကြီးခန့်နေမှန်း ကောင်းယောင်ယောင်မသိသော်လည်း သိပ်မေးမနေဘဲ ထိုလူများအတွက်စီစဉ်ပေးလိုက်သည်။ အများစုကို စားဖိုဆောင်အလုပ်သင်နှင့်စားပွဲထိုးအဖြစ်ထားသည်။

ရက်ပိုင်းကုန်လွန်သွားသည်။

စံအိမ်ထဲတွင် မာဟုန်တို့ကျန်ခဲ့ပြီး ဝန်ကြီးလုပြန်သွားလေပြီ။ သူတို့ကသာမန်ဝန်ထမ်းများလိုအလုပ်လုပ်ပြီး စံအိမ်ဝန်ထမ်းများနှင့်ရင်းနှီးလာသည်။

မာဟုန်က အပန်းဖြေစံအိမ်ဘက်မကြာခဏပတ္တရောင်လှည့်တတ်သော လုံခြုံရေးခေါင်းဆောင်ချန်တပေနှင့်ရင်းနှီးလာသည်။ အချင်းချင်းလက်ချင်းချိတ်ပြီးတောင် ဆေးလိပ်သောက်ကြသည်။



လုံခြုံရေးခေါင်းဆောင်အသစ်က ကြည့်ကောင်းမှန်းသာ ချန်တပေသိသည်။ မည်သူမည်ဝါဖြစ်ကြောင်း သူမသိချေ။

ရုံးခန်းထဲ၌_

ချင်လင်ကသူ့စိတ်ထဲမှဂိမ်းကိုကြည့်နေသည်။ ဒီနေ့တာဝန်များအပြီးတွင် နံ့သာနီနှင့်အရည်အသွေး ၂ အလှမွေးငါးရလိုက်သည်။ ထိုစဉ် လင်းလန်ဇီကဖုန်းဆက်လာပြီး_

"သူဌေး... ဝမ်တနန်ဆိုတဲ့လူက ရှင့်ကိုတွေ့ချင်လို့တဲ့... နိုင်ငံခြားသားတစ်ယောက်လည်းခေါ်လာတယ်... ကြီးကြီးမားမားစီးပွားရေးကိစ္စဆွေးနွေးစရာရှိတယ်တဲ့''

"ဝမ်တနန်?''

ချင်လင် နည်းနည်းဇဝေဇဝါဖြစ်သွားသည်။

သူဘယ်သူမှန်းမသိသောကြောင့် သူ့ကွန်ပျူတာဘက်လှည့်ပြီး အင်တာနက်ပေါ်တွင်ဝမ်တနန်ကိုရိုက်ရှာကြည့်သည်။

အခု သူ့ကိုတွေ့ချင်တိုင်းတွေ့လို့မရ။ မဟုတ်ရင် လူတိုင်းက စီးပွားရေးကိစ္စကြီးရှိပါတယ်ပြောပြီး သူ့အခန်းဝရောက်ရောက်လာရင် သေအောင်အလုပ်ရှုပ်မယ်မလား?

တစ်ဖက်ကဝမ်တနန်မှာ အင်တာနက်ပေါ်တွင်အချက်အလက်အများကြီးရှိသည်။ လူငယ်မျိုးဆက်တွင် ရှားရှားပါးပါးစီးပွားရေးလုပ်ငန်းရှင်ဟုသိကြသည်။ ငယ်ငယ်ရွယ်ရွယ်နှင့် နန်ဟူဖေးရန်အဖွဲ့၏ဥက္ကဌဖြစ်နေပြီ။

ဖေးရန်အဖွဲ့၏ပိုင်ဆိုင်မှုက နည်းနည်းနောနောမဟုတ်။ ချန်ရှန်းဖေ၏ထျန်းဟိုင်အဖွဲ့ထက်တောင်များသေးသည်။ ဤသည်က ဝမ်တနန်၏လုပ်နိုင်စွမ်းကိုသက်သေပြနေခြင်းပင်။

ဒါပေမဲ့ ဒီလူကဒီလောက်ငယ်ငယ်နဲ့ထိပ်ပြောင်နေပြီလား?

ထိပ်ပြောင်ကိုကြည့်ရင်း ဘာစီးပွားရေးကြီးလဲ သူခန့်မှန်းမိသည်။ ရေပူစမ်းဆေးမှုန့်ဖြစ်မည်။

ချင်လင်ကခဏတွေးကြည့်ပြီး ဖုန်းထဲသို့_

"မန်နေဂျာလင်း... သူ့ကိုစံအိမ်ကဧည့်ခန်းထဲခေါ်သွားပေးပါ... ကျွန်တော်လာခဲ့မယ်''

"ကောင်းပါပြီ သူဌေး!''

လင်းလန်ဇီကပြန်ဖြေသည်။

ချင်လင်ကဖုန်းချပြီး အပန်းဖြေစံအိမ်အပြင်လျှောက်သွားသည်။ စံအိမ်အတွင်းတွင် လင်းနှင့်လျိုတို့အမျိုးသမီးသုံးဦးက ကလေးများချီ၍ဧည့်ခန်းထဲထိုင်ကာ ဆိုင်မှဝယ်လာသော အရည်အသွေး ၂ သီးနှံများစားနေကြသည်။



သူတို့အတွက်တော့ ချင်းလင်အပန်းဖြေစံအိမ်ထဲအနားယူအားဖြည့်ခြင်းက နတ်စည်းစိမ်အလားပင်။

ချင်လင်ကိုမြင်သောအခါ သူတို့လည်းနှုတ်ဆက်လိုက်သည်။

ချင်လင်ကပြန်နှုတ်ဆက်ပြီး ဧည့်ခန်းထဲမှထွက်လာရာ တော်ဝင်ပညာရှင်လီ၊ တော်ဝင်ပညာရှင်လင်းနှင့် တော်ဝင်ပညာရှင်ဟောင်တို့ကို တော်ဝင်ပညာရှင်ကြီးများနှင့်အတူတွေ့ရသည်။ သူတို့က အပန်းဖြေစံအိမ်မှအရည်အသွေး ၂ သန့်စင်မြက်ကိုလေ့လာကြည့်ရှုနေကြ၏။

"တို့နားဝန်းကျင်လေထုကို ဘယ်လိုပြောရမလဲမသိဘူး''

တော်ဝင်ပညာရှင်ကျူးကသက်ပြင်းချသည်။

"အင်း... ပါမောက္ခလီခိုင်ရဲ့မျိုးစိတ်သုတေသနက ပြိုင်ဘက်ကင်းပဲ... သန့်စင်မြက်က တရုတ်သိပ္ပံအကယ်ဒမီကသီးနှံမျိုးစိတ်သုတေသနဌာနထက်ပိုပြီးအဖိုးတန်တယ်လို့ပြောလို့ရတယ်''

တော်ဝင်ပညာရှင်ဖေးကလည်း ချီးကျူးသည်။

တဖြည်းဖြည်းနှင့် ပါမောက္ခလီခိုင်က အင်တာနက်ပေါ်တွင်ဂန္တဝင်ဖြစ်လာပြီး တရုတ်သိပ္ပံအကယ်ဒမီမှစီနီယာများ၏အသိအမှတ်ပြုခံလာရသည်။

ထိုစကားကြောင့် ချင်လင်နည်းနည်းဝမ်းသာသွားသည်။

အစ်ကိုလီရဲ့အကာအကွယ်က ကြီးသထက်ကြီးလာပြီ။

"သူဌေးချင်!''

တော်ဝင်ပညာရှင်လီက ချင်လင်ကိုမြင်လျှင်ပြုံးပြီးလက်ယမ်းပြသည်။

တခြားတော်ဝင်ပညာရှင်များလည်း အတူတူပင်။

"စီနီယာတို့... ညကျရင် တော်ဝင်ဆေးစွပ်ပြုတ်လုပ်ပေးပါမယ်''

ချင်လင်ကပြုံးပြုံးနှင့်ပြောပြီး အပန်းဖြေစံအိမ်မှထွက်လာသည်။

တော်ဝင်ပညာရှင်လီက သူ့ကိုကြည့်ရင်း_

"ဒီသူဌေးချင်က အံ့ဩစရာပဲ... ဒီလောက်ငယ်ငယ်နဲ့ လုပ်ငန်းကြီးလုပ်နိုင်နေပြီ... နောက်လေးငါးနှစ်ဆို ဘယ်စီးပွားရေးသမားမှသူ့ကိုမယှဉ်နိုင်မှာစိုးတယ်''

အထူးသဖြင့် ထိပ်တန်းလက်ရာမျိုးရှိပြီး တရုတ်တိုင်းရင်းဆေးကိုထဲထဲဝင်ဝင်နားလည်သည်။ ပြည်တွင်းတရုတ်တိုင်းရင်းဆေးမိသားစုများတောင် ဆေးစွပ်ပြုတ်နှင့်ဆေးဖက်ဝင်ဝိုင်တွင် သူ့ကိုမယှဉ်နိုင်ပေ။

တော်ဝင်ပညာရှင်ကျူးကထောက်ခံသည်_

"လူတွေကအသွင်တူခြင်းပေါင်းကြတာပဲ... မဟုတ်ရင် ပါမောက္ခလီခိုင်ရဲ့လုပ်ရည်ကိုင်ရည်နဲ့ သူဌေးချင်နဲ့ဘာလို့ဒီလောက်ရင်းနှီးနေလဲ? သူတို့ကညီအစ်ကိုတွေနဲ့တောင်တူသေးတယ်... နှစ်ယောက်လုံးကသာမန်လူမလုပ်နိုင်တဲ့အရည်အချင်းတွေရှိကြတယ်... သူတို့တစ်ယောက်ကိုတစ်ယောက်အသိအမှတ်ပြုပြီး တန်ဖိုးထားကြတာ''

တော်ဝင်ပညာရှင်စွန်းက သက်ပြင်းချပြီး_

"အဓိကက သူဌေးချင်ကငယ်လွန်းတာပဲ... ပါမောက္ခလီခိုင်ကလည်း သူ့အတွက်အရေးကြီးတယ်... တိုင်းပြည်မှာ ဒီလိုလူငယ်တွေရှိတာကောင်းတဲ့ကိစ္စပဲ''

တခြားသူများက ခေါင်းညိမ့်ထောက်ခံသည်။

ဟုတ်တယ်။ ဒါကောင်းတဲ့ကိစ္စ။

လီခိုင်တင်မဟုတ်၊ စီနီယာများပါ ချင်လင်ကိုရင်းနှီးနေကြလေသည်။

All Chapters