← Chapters

ထိပ်ပြောင် ခေါင်းဆောင်!

Vol. 56 Ch. 830

ထိပ်ပြောင် ခေါင်းဆောင်!

Vol. 56 Ch. 830

တစ်ခုခုကိုပုံမှန်ဟုယူဆထားပါက သူဘာလုပ်လုပ်၊ ဘာသံသယမှရှိမည်မဟုတ်။

သူတို့မျက်စိထဲတွင်ပုံမှန်ဖြစ်နေသောကြောင့်ပင်။ ဒီလိုမဟုတ်ရင် ပုံမှန်မဟုတ်တော့။

ဒါက ချင်လင်မသိသောအကြောင်းအရာတစ်ခုဖြစ်သည်။ သူသိရင်တောင် သူ့ကိုယ်သူလွှတ်မထားဘဲ ဂရုစိုက်နေဖို့ရွေးဦးမည်။

ချင်လင်က အပန်းဖြေစံအိမ်ထဲအမြန်ရောက်လာသည်။ အထဲတွင် ခရီးသည်များစွာနှင့်သက်ဝင်လှုပ်ရှားနေဆဲ။

ယခုအခါ ချင်းလင်စံအိမ်လာသောခရီးသည်များမှာ အပြင်ထွက်မလည်ရင်တောင် ကျောက်ထိုင်ခုံများ၊ဒန်းများတွင်ထိုင်ကာ ချင်းလင်စံအိမ်လေထုကိုခံစားပြီး အပန်းဖြေကြသည်။

ရုံးခန်းထဲဝင်ဝင်ချင်း မြူးမြူးကြွကြွ'ပန်းသီးလေး'သီချင်းကို ခွေးဟောင်သံနှင့်တွဲပြီးကြားရသည်။

ချင်လင်ကလှမ်းကြည့်လိုက်ရာ ဝမ်ချိုင်ကပန်းသီးလေးသီချင်းနှင့်ဘီလူးစီးသလိုကနေသည်။

ဒီနေ့က မာတီမီဒီယာဌာနမှ ဝမ်ချိုင်၊ မွေးနီ၊ ရှောင်ရွှယ် ကောင်လေးသုံးကောင်၏ဗီဒီယိုရိုက်သောနေ့ပင်။

အခုကောင်လေးသုံးကောင်က နာမည်ကြီးအင်တာနက်ဆယ်လီတိရစ္ဆာန်များဖြစ်နေပြီ။

အရင်ကပန်းကန်ပြားဖမ်းပြိုင်ပွဲတွင်ဝင်ပြိုင်ပြီးနောက် သီချင်းနားထောင်ကာကတတ်သောစွမ်းရည်ကိုရခဲ့သည်(အခန်း ၂၄၅)။ သီချင်း ၁၀ ပုဒ်နားထောင်ပြီးနောက် သီချင်းအလိုက်စည်းချက်နှင့်ကနိုင်သည်။

ဒီအရည်အချင်းကြောင့် ဝမ်ချိုင်၏သီးသန့်အကောင့်မှာ ပရိသတ် ၂၅ သန်းအထိရှိလာသည်။

ကြော်ငြာချင်သူများက ဝမ်ချိုင်နှင့်ခွေးစာကြော်ငြာအပ်ချင်ကြသည်။ ဗီဒီယိုတစ်ပုဒ်ကိုယွမ်လေးငါးသန်းရှိသည်။

လင်းလန်ဇီက သူ့ကိုပြောသော်လည်း သူကသဘောမတူခဲ့။

သူများထုတ်ကုန်တွေကိုသူမယုံသေး။

ပစ္စည်းလှောင်သူကအကျင့်မကောင်းဘဲ ခွေးစာမှာပြဿနာရှိနေရင် တခြားခွေးတွေကိုအန္တရာယ်ပေးရာမကျဘူးလား?

တစ်နေ့ သူကိုယ်ပိုင်တိရစ္ဆာန်အစာလုပ်နည်းနဲ့ ခွေးစာကုမ္ပဏီမဖွင့်နိုင်သရွေ့ပေါ့။

ဝမ်ချိုင်ကကနေပြီး မြေခွေးဖြူရှောင်ရွှယ်ကလည်း ဝမ်ချိုင်နောက်မှခုန်ပေါက်နေသည်။

အပျော်လိုက်ပါခြင်းပင်။

ဒီလောက်အချိန်ယူပြီးမှ သူကရုံးခန်းဝန်ထမ်းများနှင့်ရင်းနှီးလာသည်။ ဒီကလူတွေက သူ့ကိုဒုက္ခမပေးမှန်း၊ မင်းသမီးလေးလိုဂရုစိုက်မှန်း သူသိသွားသည်။ ကြောက်တတ်သောသူ့အကျင့်လည်း အများကြီးပြောင်းလဲသွား၏။

ရှောင်ရွှယ်အကကောင်းတာ၊မကောင်းတာ ကိစ္စမရှိ။ အဓိကက ပြည်သူတွေက ဒီလိုမြင်ကွင်းမျိုးကြည့်ချင်ကြသည်။

ပြည်သူများက ဝမ်ချိုင်ကို 'လျို့ရင်းဟုန်' ခွေးနှင့်ယှဉ်ကြသည်။

တချို့က လျို့ရင်းဟုန်အားကစားလုပ်နေသောဗီဒီယိုများကြည့်နေပုံနှင့် ဝမ်ချိုင်ဘီလူးစီးကနေသည်ကိုကြည့်ရန် TV တစ်လုံးတောင်ဝယ်သည်ဟုတင်ထားကြသည်။

ဘာပဲဖြစ်ဖြစ် လိုင်းပေါ်မှာရူးကြောင်ကြောင်တွေကမရှား။

မွေးနီက ဘေးနားတွင်အခွံမာသီးတစ်လုံးကိုကိုက်နေသည်။ ချင်လင်ကိုတွေ့သောအခါ သုံးလေးကြိမ်ခုန်ပြီး ချင်လင်ပခုံးပေါ်ရောက်လာ၏။ သူ့ကိုလက်ယမ်းပြ၊တကျွိကျွိအော်ပြပြီး ဝမ်ချိုင်ကိုလက်ညိုးထိုးထိုးပြသည်။

ဝမ်ချိုင်ကရုတ်တရက်ရပ်ပြီး မွေးနီကိုမကျေနပ်ပုံနှင့်ဟောင်သည်။

ဒီနှစ်ကောင်ဘာတွေပြောနေမှန်း ချင်လင်မသိသော်လည်း မကောင်းမှန်းတော့သိသည်။

မှန်းစမ်း:

မွေးနီအတွေး: ''ဒီခွေးရူးက သူ့ကိုယ်သူအရှက်ခွဲနေပြန်ပြီ''

ဝမ်ချိုင်: ''ဘယ်သူ့ကိုအရူးခေါ်နေတာလဲ? သတ္တိရှိရင်ဆင်းခဲ့''

ရှောင်ရွှယ်က ချင်လင်ကိုမြင်လျှင် ဝမ်းသာအားရအသံပေးပြီး သူ့ခြေထောက်နားတန်းပြေးလာသည်။ တစ်ချက်ခုန်လိုက်သည်နှင့် သူ့လက်ထဲရောက်လာ၏။

ချင်လင်က ရှောင်ရွှယ်ကိုပွေ့လိုက်သည်။

ကောင်လေးက သူ့ရင်ဘတ်ကိုတိုးဝှေ့ပြီးပွတ်သပ်နေ၏။

မာတီမီဒီယာဌာနဝန်ထမ်းက သူဌေးကိုမြင်ပြီးနှုတ်ဆက်သည်။

ချင်လင်က ကောင်လေးသုံးကောင်နှင့်ခဏဆော့ပြီး ချင်းလင်စံအိမ်ဧည့်ခန်းဘက်ထွက်လာသည်။

ဧည့်ခန်းထဲရောက်သောအခါ လင်းလန်ဇီကအမျိုးသားနှစ်ဦးအား လက်ဖက်ရည်ဖျော်ပြီးဧည့်ခံနေသည်ကိုတွေ့ရသည်။

တစ်ယောက်က နိုင်ငံခြားသား။

ဝမ်တနန်ကို သူမှတ်မိသည်။

သို့ရာတွင် အင်တာနက်ပေါ်ကပုံနှင့်စာလျှင် ဝမ်တနန်ခေါင်းမှာ ဆံပင်အတော်ပေါက်နေပြီ။

ရေပူစမ်းဆေးမှုန့်သုံးထားမှန်း တွေးစရာကိုမလို။ မကြာခင် သူ့ဆံပင်ထူထူမည်းမည်းကိုပြန်ရတော့မည်။

နောက်ပြီး သူ့ဘေးမှနိုင်ငံခြားသားကလည်း ထိပ်ပြောင်နေသည်။ သူကဝမ်တနန်ထက်ပိုပြောင်ပုံရ၏။

ဝမ်တနန်နှင့် Filis Aude က ချင်လင်လမ်းလျှောက်လာသည်ကိုမြင်ပြီးကြောင်နေသည်။

ဝမ်တနန်က ချင်းလင်စံအိမ်မလာခင်လေ့လာထား၍ ဒါအင်တာနက်ဆယ်လီရှောင်ချင်မှန်းသိလိုက်သည်။

Filis Aude က ချင်လင်ကိုမြင်သောအခါ သတင်းလာပို့သူဟုထင်လိုက်သည်။ ဘာပဲဖြစ်ဖြစ် သူကငယ်လွန်းသည်။

လင်းလန်ဇီကမတ်တပ်ထရပ်ပြီး 'သူဌေး'ဟုခေါ်လိုက်မှသာ သူတို့နှစ်ယောက်အံ့အားသင့်သွားသည်။

ဝမ်တနန်က နည်းနည်းတောင်မှင်တက်သွားသည်။

သူ့ကိုယ်သူဉာဏ်ကြီးရှင်ဟု သူအမြဲတွေးခဲ့သည်။ ငယ်ငယ်ရွယ်ရွယ်နှင့် ဖေးရန်၏ဥက္ကဌဖြစ်လာသောကြောင့် သက်တူရွယ်တူများကိုဂရုစိုက်လေ့မရှိ။

သူကအတော်ဆုံး။

ဒါပေမဲ့အခု ချင်လင်ဘယ်သူမှန်းသိပြီး ရုတ်တရက်သဘောပေါက်လိုက်သည်။

ကိုယ့်ထက်တော်တဲ့သူရှိစမြဲဆိုတာ ဘာအဓိပ္ပါယ်လဲ?

အင်တာနက်ပေါ်မှာခန့်မှန်းကြတဲ့ အနာဂတ်ရဲ့သူဌေးကြီး၊ အနာဂတ်ရဲ့အချမ်းသာဆုံးပုဂ္ဂိုလ်က သူ့ထက်အများကြီးငယ်တဲ့ သူ့ရှေ့ကလူငယ်လေးပဲမလား?

တစ်ဖက်လူရှေ့မှာ သူအရမ်းဂုဏ်ယူခဲ့ရတဲ့ CEO ရာထူးက ဘာမှမဟုတ်တော့သလိုပင်။

"သူဌေး... ဒါလူကြီးမင်းဝမ်တနန်ပါ... လူကြီးမင်းဝမ်တနန် ဒါကျွန်မတို့သူဌေး ချင်လင်ပါ''

လင်းလန်ဇီက စမိတ်ဆက်ပေးသည်။

ဝမ်တနန်က နောက်ဆုံးအသိပြန်ဝင်လာပြီး နှိမ့်ချသောစိတ်ထားနှင့်_

"မင်္ဂလာပါ ဥက္ကဌချင်... ခင်ဗျားကအရမ်းငယ်လို့အံ့ဩသွားတာပဲ''

ဒါစီးပွားရေးလောကလည်ပတ်ပုံပင်။

သူဒါကိုကောင်းကောင်းသတိထားမိသည်။

ကိုယ့်ထက်ပိုပြီးအင်အားကောင်းသူကို ဒီလိုစိတ်နဲ့ဆက်ဆံတာအမှားမရှိပေ။

ချင်လင်လည်းထိုင်ပြီး လင်းလန်ဇီကိုလက်ဖက်ရည်ဆက်ဖျော်စေသည်။ တစ်ချိန်တည်းမှာ သူကမေးလိုက်သည်_

"လူကြီးမင်းဝမ်... ခင်ဗျားပြောတဲ့စီးပွားရေးကိစ္စကြိးဆိုတာက?''

ချင်လင်ကလိုရင်းတန်းပြောမှန်း ဝမ်တနန်သိ၍ချက်ချင်းမိတ်ဆက်ပေးသည်_

"လူကြီးမင်းချင်... သူက Filis Aude ပါ... ဂျာမနီက Aude မိသားစုဝင်ပါ... သူ့မိသားစုက ဂျာမနီမှာ ချင်းလင်ရေပူစမ်းဆေးမှုန့်ကိုဖြန့်ဝေခွင့်ရချင်ပါတယ်တဲ့''

"ဂျာမနီ... Aude မိသားစု?''

ချင်လင်က အမှတ်တမဲ့ Filis Aude ကိုကြည့်မိသည်။

ဒါကြောင့် အရမ်းပြောင်နေတာကိုး!

All Chapters