ထိပ်ပြောင် ခေါင်းဆောင်! ၂
Vol. 56 Ch. 831
ရေပူစမ်းဆေးမှုန့်ထွက်ပြီးနောက် ကမ္ဘာတစ်ဝှမ်းမှထိပ်ပြောင်များအခြေအနေကို သူလေ့လာခဲ့သည်။
ချင်းလင်အားဖြည့်လက်ဖက်ရည်၊သန့်စင်မြက်နှင့် ရေပူစမ်းဆေးမှုန့်ကအဓိပ္ပါယ်ချင်းမတူ။ အရင်ပစ္စည်းနှစ်မျိုး၏အရေးကြီးပုံကိုသိသောကြောင့် နိုင်ငံခြားကိုအလွယ်တကူမရောင်းနိုင်။
သို့ရာတွင် ရေပူစမ်းဆေးမှုန့်ကထူးခြားသည်။ ဆံပင်ရှည်စေသောထုတ်ကုန်ဖြစ်သည်။
အမှန်အတိုင်းဆို နိုင်ငံထဲမှာထိပ်ပြောင်ဘယ်လောက်များများကိစ္စမရှိ။ တချို့က ထိပ်ပြောင်ပြီးမှပိုသန်မာချင်သန်မာလာဦးမည်။
အမှန်ပင်။ ဥပမာ လူငယ်တစ်ယောက်က မူလကအပျော်အပါးမက်ပြီး မိန်းကလေးများနှင့်တွဲချင်သော်လည်း ထိပ်ပြောင်ပြီးနောက်ပိုင်း ဘယ်မိန်းမလှလေးမှ သူ့ကိုဂရုမစိုက်တော့။ ဒီတော့ သူ့ကိုယ်သူလေ့လာဖို့သာစိတ်နှစ်ထားရမည်။ သူကောင်းကောင်းလေ့လာပြီး သိပ္ပံပညာရှင်ဖြစ်ချင်ဖြစ်လာနိုင်သည်။
ဒါထိပ်ပြောင်ပြီး သန်မာလာတာမလား?
ဒီတော့ ဒီပစ္စည်းကိုနိုင်ငံခြားတင်ပို့ပြီး တရုတ်ပြည်မှာဝင်ငွေရှာသလိုရောင်းချနိုင်သည်။
ပြီးတော့ ဒီထိပ်ပြောင်တွေဆံပင်ပေါက်လာရင် သန်မာလာမဲ့အစား အားနည်းကုန်ဦးမည်။ နဂိုကထိပ်ပြောင်၍ အာရုံစိုက်လေ့လာသော်လည်း အခုဆံပင်ပေါက်လာပြီး မိန်းမရှုပ်ကုန်လိမ့်မည်။
ဟာသစကားဆိုသော်လည်း ဂျာမနီမှာ ထိပ်ပြောင်ပြဿနာအတော်ပြင်းထန်သောနိုင်ငံဖြစ်လေသည်။
ကမ္ဘာ့အဆင့်ထိပ်ပြောင်စာရင်းတွင် ချက်ချ်နိုင်ငံက ၄၂.၇၉%၊ စပိန်က ၄၂.၆၀%၊ ဂျာမနီက ၄၁.၂၄%၊ ပြင်သစ်က ၃၉.၂၄%၊ အင်္ဂလန်က ၃၇.၆% နှင့် ထိပ်ပြောင်အများဆုံးနိုင်ငံများဖြစ်ကြသည်။
အာရှဒေသကလည်း အဆင့်ဝင်သည်။ ဂျပန်က ၂၆.၇၈% နှင့်ဗိုလ်စွဲပြီး ရှန်ဟိုင်းတစ်မြို့တည်းက ၂၁.၀၄% နှင့် ဗိုလ်စွဲလေသည်။

ဂျပန်နှင့်ရှန်ဟိုင်းလို အာရှအဆင့်ကိုဂရုစိုက်စရာမလို။
ချက်ချ်၊ စပိန်၊ ဂျာမနီ၊ ပြင်သစ်၊ အင်္ဂလန် အားလုံးက သူပိုက်ဆံရှာနိုင်သောနေရာများပင်။
ပိုက်ဆံရှာဖို့ကြိုးစားတယ်ဆိုရင်တောင် စျေးနှုန်းကပြည်တွင်းစျေးကိုအခြေမခံ။ အသားကုန်ရိတ်ရမည်။
ချင်လင်ကတွေးတောပြီး Filis Aude ကိုကြည့်လိုက်သည်။
အရင်က Aude မိသားစုအကြောင်းဖတ်ဖူးသည်။ ဂျာမနီတွင် နာမည်ကြီးဩဇာရှိမိသားစုတစ်စုဖြစ်ပြီး သူတို့စကားတစ်ခွန်းက ဂျာမနီအပေါ်သက်ရောက်မှုကြီးမားသည်။
Aude မိသားစုက နာမည်ကြီးထိပ်ပြောင်မိသားစုလည်းဖြစ်သည်။ မိသားစုထဲမှကြီးကြီးငယ်ငယ်အားလုံး ထိပ်ပြောင်ကြသည်။
ထိပ်ပြောင်ဗီဇက သူတို့အသွေးအသားထဲစိမ့်ဝင်နေသည်။ ထိပ်ပြောင်သောကြောင့်လည်း သူတို့မိသားစုကအင်အားကြီးပြီး ဩဇာရှိဂျာမန်မိသားစုဖြစ်လာပုံရသည်။
Filis Aude ကလည်း စိတ်လောလောနှင့်_
"လူကြီးမင်းချင်... ကျုပ်တို့ Aude မိသားစုက ခင်ဗျားတို့ချင်းလင်ကုမ္ပဏီရေပူစမ်းဆေးမှုန့်ရဲ့ကိုယ်စားလှယ် တကယ်ဖြစ်ချင်ပါတယ်... လက်ခံပေးပါ... ညှိနှိုင်းချင်တာရှိရင်ပြောပါ''
"မစ္စတာ Filis... အားနာပါတယ်... ကျွန်တော်တို့ချင်းလင်ကုမ္ပဏီရဲ့ထုတ်ကုန်တွေကို နိုင်ငံခြားကိုယ်စားလှယ်မပေးတာသိမှာပါ''
ချင်လင်က ရုတ်တရက်ငြင်းလိုက်သည်။
ငြင်းတာတော့မဟုတ်။ ဘာပဲဖြစ်ဖြစ် သူ့ရည်ရွယ်ချက်က ဒီရေပူစမ်းဆေးမှုန့်ကိုနိုင်ငံခြားစျေးကွက်ပို့ပြီး ဝင်ငွေဖန်တီးဖို့။ ဒါပေမဲ့ တစ်ခါတလေ သူများလိုချင်တယ်ဆိုရုံနဲ့ ကိုယ့်ပစ္စည်းကောင်းတွေကိုပေးလိုက်လို့မဖြစ်ဘူးမလား။

ကိုယ်စားလှယ်ဖြစ်ချင်တိုင်း သဘောတူတယ်ဆိုရင် ကိုယ့်ထုတ်ကုန်တွေမှာ စတိုင်နဲ့အရည်အသွေးရှိသေးလား?
ထို့ကြောင့် တမင်သက်သက်သူ့ကိုခက်ခဲအောင်လုပ်လိုက်သည်။ ပထမဆုံးအကြိမ်နှင့်သဘောမတူချင်။
ဒါ နိုင်ငံခြားသားများအတွက်လှည့်ကွက်သာ။ သူခဏခဏကြားဖူးသည်။ အရင်က သူတို့နိုင်ငံဖွံ့ဖြိုးနေစဉ် နိုင်ငံခြားထုတ်ကုန်လိုချင်ပါက ဒုက္ခအများကြီးရောက်ခဲ့သည်။
အခက်အခဲမရှိဘဲ ခွင့်မပြုနိုင်သော်လည်း ခက်ခဲအောင်လုပ်လို့မရ။ ဘာပဲဖြစ်ဖြစ် ရောင်းအားအတွက်သူတို့ပူစရာမလိုချေ။ သူတစ်ခါငြင်းလိုက်ရင်တောင် တစ်ဖက်ကထပ်လာဦးမည်။
"လူကြီးမင်းချင်... သေချာစဉ်းစားပေးပါဦး''
ချင်လင်ကငြင်းသောကြောင့် Filis စိတ်လောပြီးစိတ်ပူကာ ဖင်တကြွကြွဖြစ်လာ၏။
သူ့ပုံစံကြောင့် ချင်လင်ကအခိုင်အမာပြောလိုက်သည်_
"မစ္စတာ Filis... စိတ်မကောင်းပါဘူး... လက်ရှိကျွန်တော်တို့ထုတ်ကုန်က အကန့်အသတ်ရှိလို့ပါ... ကျေးဇူးပြုပြီး နားလည်ပေးပါ!''
ထို့နောက် ချင်လင်လည်းအလောတကြီးထွက်လာသည်။ သူကစကားပြောခွင့်ထပ်မပေးချင်။ သူတို့ထပ်ပြောရင် သူဉာဏ်များနေရဦးမည်။
ထို့ကြောင့် Filis မှာ ဝမ်တနန်နှင့်သာပြန်ထွက်လာရသည်။ သို့သော် သူလက်မလျှော့။ ဘာပဲဖြစ်ဖြစ် စီးပွားရေးကိုတစ်ခါတည်းနှင့်မရ။ တစ်ဖက်ကစိတ်ပြတ်သောကြောင့်သာ သူ့မိသားစုကိုအကူအညီတောင်းရမည်။
Filis နှင့် ဝမ်တနန်ထွက်သွားပြီးနောက် လင်းလန်ဇီက ချင်လင်အားလောလောနှင့်_
"သူဌေး... သူတို့ထပ်လာရင် ကျွန်မငြင်းလိုက်မယ်''
"မလိုပါဘူး... သူတို့ရောက်ရောက်ချင်း ကျွန်တော့်ကိုအသိပေးပါ''
ချင်လင်ကအမြန်ပြန်ပြောသည်။
“???”
လင်းလန်ဇီ။
ထိုအချိန်တွင် ပြင်ပသတင်းများနှင့်အဆက်အစပ်ရှိသောမာတီမီဒီယာဌာနဝန်ထမ်းတစ်ဦးက အပြေးဝင်လာပြီး_
"မန်နေဂျာလင်း... ကျွန်တော်တို့ဌာနကိုဆက်သွယ်လာပြန်ပြီ... သူဌေးနဲ့တွေ့ချင်လို့တဲ့... အင်္ဂလန်တော်ဝင်မိသားစုရဲ့စီးပွားရေးကိုယ်စားလှယ်တွေတဲ့''
"သူဌေး... ဒါ...''
လင်းလန်ဇီက ချင်လင်ကိုတန်းကြည့်လိုက်သည်။
ချင်လင်ကသတင်းကြားပြီး အံ့ဩသွားသည်။
အင်္ဂလန်တော်ဝင်မိသားစုကိုယ်စားလှယ်က ဂျာမနီမိသားစုထွက်သွားပြီးပြီးချင်း ရောက်လာသတဲ့။
ဒီရေပူစမ်းဆေးမှုန့်ကပဲ အရမ်းနာမည်ကြီးလို့လား၊ ဒါမှမဟုတ် တစ်ကမ္ဘာလုံးကလူတွေပဲတူနေတာလား?
အားလုံးက ဆံပင်ကိုတန်ဖိုးထားကြတာပဲ။