ဆရာများနေ့ / ဆရာများနေ့၏ ဒုက္ခတစ်မျိုး
Vol. 44 Ch. 657
(၁၉၈၈၅)ခုနှစ်မှစ၍ နှစ်စဉ် စက်တင်ဘာလ (၁၀)ရက်နေ့သည် ဆရာများ နေ့အဖြစ် တရုတ်အစိုးရမှ ကြေငြာခဲ့သည်။ ဖုန်းယွီ ယခုဘဝ ပြန်မရမှီအထိ ထိုရက်စွဲကို မှတ်မိနေပေသည်။
ဆရာများနေ့၏ ရည်ရွယ်ချက်မှာ လူ့အဖွဲ့အစည်းအတွက် ဆရာများ၏ ပံ့ပိုးကူညီမျုကို ကျေးဇူးတင်ကြောင်း ဖော်ပြခြင်းပင်။ ဗရမ်းဗတာ အခြေအနေများတွင် ဆရာများသည် ‘စိတ်ဆိုးနေသော လူအို (၉)ယောက်’ ကြောင့် ဝေဖန်ခံရပြီး လွှမ်းမိုးမှုများ ဆိုးရွားကြောင်း သတ်မှတ်ခံခဲ့ရပေသည်။ ထိုအချိန်က ဆရာဆရာမများသည် ကျောင်းသားများကို ရိုက်နှက်ဆုံးမခြင်း၊ နွားတင်းကုတ်တွင်ထားကာ လည်ပင်းတွင် တံတွေးခွက်ဆွဲထားခြင်း၊ စသည့် အရှက်ရစရာများ လုပ်ခဲ့ကြပေသည်။
ဗရမ်းဗတာ ကာလအပြီး ဆရာဆရာမ များကို ပြည်သူများ လေးစားစေရန် အစိုးရက တိုက်တွန်းနေသော်လည်း ကျောင်းသားနှင့် မိဘများ၏ ရိုက်နှက်ခြင်းခံရသော ဆရာ ဆရာမ များပင်ရှိနေပေသည်။ ထို့အတွက် ဆရာ ဆရာမ များ ကန့်ကွက်ကြတော့သည်။
ဤသို့ဖြင့် ဆရာများနေ့ကို အစိုးရမှ သတ်မှတ်နိုင်ရန် နေ့ရက်ကို အကြိမ်ကြိမ် ဆွေးနွေးခဲ့ကြသည်။
နောက်ဆုံး၌ စက်တင်ဘာလ (၁၀)ရက်နေ့ကို သတ်မှတ်လိုက်တော့သည်။ စာသင်နှစ် အသစ်စချိန်ဖြစ်သဖြင့် ထိုရက်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်ပေသည်။
တရုတ်အစိုးရသည် ဆရာများကို ထောက်ခံကြောင်း ပြသရန် မူဝါဒများလည်း ထုတ်ဖော်ခဲ့သေးသည်။ ဥပမာ အားဖြင့် ဆရာများအတွက် သက်သာချောင်ချိရေးနှင့် အကျိုးခံစားခွင့်များ ပိုမိုကောင်းလာြခင်း၊ ဆုပေးခြင်း၊ ၎င်းတို့၏ အကဲဖြတ်စနစ်သို့ ပြောင်းလဲခြင်း၊ အိမ်ရာများ ပြုပြင်ပြောင်းလဲပေးခြင်း၊ ဆေးဝါးကုသမှုများ စသည်ဖြင့် အရင်းအမြစ်များစွာ ပညာရေး ကဏ္ဍသို့ ခွဲဝေပေးခဲ့ပေသည်။
ဖုန်းယွီသည် ယခုဘဝသို့ ပြန်လည်မရောက်မီအထိ ဆရာများသည် ထိုအကျိုးကျေးဇူးများနှင့် ကောင်းကျိုးများ ခံစားကြရဆဲဖြစ်သည်။
၎င်းတို့ကို ဆရာများအတွက် ယခင်ကတည်းက အကောင်အထည်ဖော်ခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ဆရာတော်တော်များများ ပြောင်းလဲ လာကြတော့သည်။
ဆရာများ၏ အဆင့်အတန်း မြင့်မားလာသည်နှင့်အမျှ မိဘတို့သည် သားသမီးများ အောင်မြင်ရန် တစ်ခုတည်းသော နည်းလမ်းမှာ ပညာသင်ကြားခြင်းဟု သတ်မှတ်လာကြတော့သည်။ သားသမီးများ ပညာတတ်ပါက လယ်လုပ်ခြင်း၊ သို့တည်းမဟုတ် လုပ်ခလစာ နည်းပါးသော အလုပ်သမားများ ဖြစ်ရန် မလိုအပ်တော့ချေ။ အရာရှိများ သို့တည်းမဟုတ် ခေါင်းဆောင်များ ဖြစ်ကာ ရုံးများတွင် အလုပ်လုပ်နိုင်ပေသည်။
မိမိတို့ သားသမီးများကို ကောင်းမွန်စွာ ပြုစု စောင့်ရှောက်စေရေးအတွက် မိဘများသည် ဆရာများ ကျေနပ်စေရန် အစွမ်းကုန် ကြိုးစားကြတော့သည်။ ယနေ့ခေတ်တွင် အရည်အချင်း အစစ်အမှန်ဖြင့် သင်ကြားခြင်း သို့တည်းမဟုတ် အရည်အသွေးရှိသော ပညာရည်စနစ် မရှိချေ။ အရေးကြီးသည်မှာ ရလဒ်များပင် ဖြစ်သည်။
ထို့အပြင် ယခင်နှစ်များတွင် ချမှတ်ခဲ့သည့် မူဝါဒများအရ တက္ကသိုလ် ဘွဲ့ရများကို အစိုးရဝန်ထမ်းအဖြစ် ခေါ်ယူမည် ဖြစ်ပြီး ဘွဲ့ရပြီးသည်နှင့် ခေါင်းဆောင် ဖြစ်လာမည် ဖြစ်သည်။
ထို့ကြောင့် ဆရာ ဆရာမ များအပေါ် တဖြည်းဖြည်း လေးစားလာကာ သဘောကျ လာကြသည်။ မိဘများသည် သားသမီးများ၏ ဆရာများ သဘောကျစေရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားကြတော့သည်။ မိဘတိုင်းမှာ မိမိတို့ သားသမီးများကို ဆရာများ အထူးဂရုစိုက်စေချင်ကြသည်။
ဥပမာအားဖြင့် ကျောင်းသားများသည် မေးခွန်းတစ်ခု သို့တည်းမဟုတ် ဘာသာရပ် တစ်ခု နားမလည်ပါက ကျောင်းဆင်းချိန်တွင် ဆရာထံ သွား၍ မေးနိုင်ပေသည်။ ကျောင်းသားသည် ကျောင်းမတက်ရန် အနိုင်ကျင့် ခံရကြောင်း သေချာပါက ဆရားများ မှတ်တမ်းတင်ထားပေလိမ့်မည်။
ဤသို့ဖြစ်ပါက မိဘများ မည်သို့ လုပ်သင့်သနည်း။ သားသမီးများကို ပြုစုစောင့်ရှောက်ပေးရန် ဆရာများကိုသာ အားကိုးရပေသည်။ သို့ရာတွင် ကျောင်းသားများနှင့် ပြည့်နှက်နေသည့် ကျောင်းခန်းအတွင်း ဆရာ တစ်ယောက်သည် မိမိ သားသမီးအား မည်သည့်အတွက် ဂရုစိုက်သင့်သနည်း။
ဆရာ့ကို လက်ဆောင် ပေးရန်သာပင်။
လက်ဆောင် များများ ပေးနိုင်ပါက အန္တရာယ်မရှိဟု တရုတ်တွင် ဆိုရိုးစကား တစ်ခု ရှိပေသည်။ ထို့အပြင် ရှေးယခင် ကတည်းမှ ဆရာများအား လက်ဆောင်ပေးခြင်း၊ သို့တည်းမဟုတ် ကျွေးမွေးဧည့်ခံခြင်း တို့ကို ပြုလုပ်ပေးရန် လိုအပ်ပေသည်။ ရှေးရိုးအစဉ်အလာများအတိုင်းသာ လိုက်နာခဲ့ကြသည်။
ထို့ကြောင့် ဆရာ၊ ဆရာမများသည် အစိုးရ၏ အထူးအလေးပေးခြင်းကို ခံရယုံသာမက မိဘများ၏ စောင့်ရှောက်မှု ကိုလည်း ရကြပေသည်။ ဤကာလသည် ကျောင်းသားများ ကျောင်းတွင် ကိုယ်ထိလက်ရောက် ပြစ်ဒဏ်ခံရဆဲ ကာလ ဖြစ်နေပေသည်။ နိုင်ငံတော် ကောင်စီမှ ပညာရေးဝန်ကြီးအား ပြစ်တင်ရှုတ်ချသည့်ခါ ညစာစားကြရင်း နှစ်နှင့်ချီအောင် ကြာမြင့်တတ်ပေသည်။ ထိုအချိန်မှ စ၍ ဆရာ၊ ဆရာမများသည် ကျောင်းသားများအား ကာယပိုင်း ဆိုင်ရာ အပြစ်ပေးခြင်း မပြုရန် စည်းကမ်းချက်တစ်ခု ချမှတ်ခဲ့ပေသည်။ သို့ရာတွင် အချို့သော ဆရာများသည် တံခါးပိတ်၍ ပြုလုပ်နေကြဆဲပင် ဖြစ်တော့သည်။
(၂၀၀၀)ခုနှစ်နောက်ပိုင်းတွင် လူနေမှုဘဝ ပိကောင်းလာပြီး ပညာရေးမြင့်မားမှု မရှိလျှင်ပင် ငွေရှာနိုင်ကြောင်း လူတော်တော်များများ သိလာကြသည်။ ထိုအချိန်သည် မိဘများမှ ဆရာများထံ မိမိကလေးအား ဂရုစိုက်ရေး၊ အမှား ရှိပါက ရိုက်နှက်နိုင်ကြောင်း ပြောသည့်အချိန်ကာလ ပြောင်းလဲသွားကာ၊ မိမိကလေးအား ဂရုစိုက်ရန်၊ အမှားကျူးလွန်ပါက မိမိအား အသိပေးရန်၊ ကျောင်းတွင် အနိုင်ကျင့် မခံရရေးသာ ဦးတည်၍ ကျေးဇူးတင်သည့် အမှတ်အသားအနေဖြင့် ရေလောင်းလာကြခြင်းပင်။
ကလေးများအတွက် ကဲကဲလှုပ်သူများလည်း ရှိပေသည်။ အများစုမှာ ကလေး၏ အဘိုးအဘွားများပင်။ ဆရာတစ်ယောက်မှ ထိုကလေးအား လက်ညှိုးဖြင့် ထိုးပြမိလိုက်လျှင်ပင် အဘိုးအဘွားများ ထိုဆရာထံ သွားရောက် တတ်ကြပေသည်။
အစပိုင်းတွင် ဆရာများအတွက် အသုံးအများဆုံး လက်ဆောင်မှာ ဖောင်တိန် သို့တည်းမဟုတ် ကတ်များ ဖြစ်သည်။ ငွေကြေး သိပ်မတန်ချေ။ ဤသည်က သဘောတစ်ခုသာပင်။ သို့ရာတွင် နောက်ပိုင်း၌ လူအများသည် ဆရာများကို ကြက်ဥ၊ အသား၊ အစားအသောက်လက်မှတ် စသည်များ ပေးလာကြသည်။
အချိန်ကြာလာသည်နှင့်အမျှ လက်ဆောင်တန်ဘိုး ကြီးလာတော့သည်။ ကလေးကို အထူးဂရုစိုက်ရန် စက်ဘီးနှင့် အိမ်သုံးပစ္စည်းများပါ ဆရာများအား ပေးလာကြတော့သည်။
ဆရာ တော်တော်များများသည် ဈေးကြီးသည့် လက်ဆောင်များ လက်ခံလေ့ရှိကြသည်။ ဖောင်တိန် သို့တည်းမဟုတ် ကတ်များ လက်မခံချင်ကြတော့ချေ။ တန်ဘိုးကြီး လက်ဆောင်များသာ မျှော်လင့် ကြတော့သည်။
ဖြောင့်မတ် မှန်ကန်သည့် ဆရာများ ရှိနေဆဲဖြစ်ပြီး လက်ဆောင်မရလျှင်ပင် ကျောင်းသားများ ပညာတတ်မြောက် စေရေး အစွမ်းကုန် ကြိုးစားနေကြပေသည်။ သို့ရာတွင် လူအများသည် သင်ကြားရေးကို အလုပ်သဘော တစ်ခုအဖြစ်သာ သဘောထားလာသည့်အခါ ဆရာများ၏ အရည်အသွေး ကျဆင်းလာတော့သည်။ ဆရာများ နေ့သည် လက်ဆောင် အများဆုံး ရရှိသူအား စောင့်ကြည့်ကြသည့် ဆရာ၊ ဆရာမများ ယှဉ်ပြိုင်ရာနေ့ ဖြစ်လာတော့၏။
တစ်ယောက်ယောက်မှာ ပြောဖူးပေသည်။ မည်သူ လက်ဆောင်ပေးခြင်းဖြစ်ကြောင်း ဆရာများ မမှတ်မိကြချေ။ သို့ရာတွင် မည်သည့် ကျောင်းသာမိဘများသည် သူ့ကို လက်ဆောင်မပေးကြောင်းကိုမူ မှတ်မိပေလိမ့်မည်။ ဆရာများသည် ကျောင်းသာကို မှတ်မိစေရန် လက်ဆောင်၏ တန်ဖိုး ကြီးရပေလိမ့်မည်။
ယခုခေတ်တွင် ဆရာများသာမက လူအများကပါ ဤအလေ့အထသည် ပုံမှန်ဖြစ်ကြောင်း ယူဆကြပေသည်။ မိဘ များသည် ဆရာများကို လက်ဆောင်ပေးရသည်မှာ သာမန်ဟုပင် ထင်လာကြသည်။ လက်ဆောင် မယူသင့်ဟု မည်သူမှ မတွေးမိကြတော့ချေ။
သို့ရာတွင် မည်သို့သော လက်ဆောင်များ ပေးသင့်သနည်း။ ဤသည်က လူတိုင်းအတွက် ခေါင်းခဲစရာပင်။ စက်ဘီး ပေးချင်သည်လော။ သို့ရာတွင် ပိုင်ဆိုင်ပြီး ဖြစ်နေပေသည်။ နောက်ထပ် စက်ဘီးတစ်စီး ပိုလာ၍ မည်သို့ အသုံးဝင်မည်နည်း။ ဈေးကြီးသည့် လက်ဆောင် ပေးချင်သော်လည်း မတတ်နိုင်ချေ။ ဈေးသက်သက်သာသာ နှင့်လည်း မပြီးပေ။ အရက်၊ စီးကရက် များလော။ ဆရာ မသောက်ပါက မည်သို့လုပ်မည်နည်း။
ငွေပေးခြင်းသည် တိုက်ရိုက်ဖြေရှင်းခြင်း နည်းလမ်းဖြစ်သော်လည်း ပြဿနာ များစွာရှိပေသည်။ ငွေကြေးသည် အခြားပစ္စည်းများလောက် မထင်ရှားချေ။ ယွမ်(၁၀၀၀)သည် ယွမ်(၁၀၀)တန် ငွေစက္ကူ(၁၀)ရွက်သာပင်။ စာအိတ်အတွင်း ပါ၍ပါမှန်းပင် မခံစားရချေ။
သို့ရာ၌ ငွေ(၁၀၀၀)ဖြင့် ဈေးဝယ်ပါက သိသာပေလိမ့်မည်။ မိဘ အများစုသည် ယွမ်(၁၀၀၀) မတတ်နိုင်ကြချေ။ မိဘ အများစု တတ်နိုင်သည်မှာ မိမိတို့ လစာ တစ်လစာ အသုံးချလိုကြခြင်းပင်။ ယွမ် ရာဂဏန်းမျှသာ ဝင်ငွေ ရှိသည် မဟုတ်ပေလော။
မိဘများအနေဖြင့် ဆရာများထံ တိုက်ရိုက် စာတိုရေးပေးလျှင်လည်း ကောင်းမည် မဟုတ်ချေ။ ဆရာ တော်တော် များများသည်လည်း မိဘများထံမှ ငွေကြေး တိုက်ရိုက် လက်မခံဝံ့ကြချေ။ ဆရာများအား အခြားမိဘများမှ မိမိတို့ထက် ပိုပေးနိုင်မည်ကိုလည်း စိုးရိမ်နေကြပေသည်။
ထို့ကြောင့် ဆရာများနေ့တွင် မိဘများစွာ ဒုက္ခရောက်ကြရသည်။
မည်သည့် လက်ဆောင် ပြင်ဆင်ရမည်နည်း။ မည်မျှ သုံးရမည်ကို အားလုံးနီးပါး မသိကြချေ။
ယခုမူ ဈေးဝယ်ကတ်များသည် ထိုပြဿနာကို ဖြေရှင်းပေးနိုင်ပေလိမ့်မည်။
ဆရာများအား ဈေးဝယ်ကတ်ပေးခြင်းသည် မင်္ဂလာဆောင်တွင် စာအိတ်နီ ပေးခြင်းနှင့် အတူတူသာပင်။ ပေးရမည့် ပမာဏကို ဆွေးနွေးနိုင်ပေသည်။ ပစ္စည်းတစ်ခု ပေးသည်နှင့်မတူချေ။ သူတပါးနှင့် အတူတူ ပေးမည့်သူ မရှိချေ။
ဆရာများသည် ဈေးဝယ်ကတ်များကို သုံး၍ ကြိုက်နှစ်သက်ရာ ဝယ်ယူနိုင်ပေသည်။ ဆရာများအနေဖြင့် ငွေသား ပွင့်ပွင့်လင်းလင်း လက်မခံရဲချိန်တွင် ငွေသားမဟုတ်သည့် ကတ်ဖြစ်ပေသည်။ ကတ်သေးသေးလေး ဖြစ်သည့်အတွက် မိဘများသည့် ဆရာအိတ်အတွင်း သို့တည်းမဟုတ် လက်အတွင်းသို့ မသိမသာ ထည့်ပေး၍ ရပေသည်။
ဤသည်မှာ တရုတ်နိုင်ငံတွင် လက်ရှိကျင့်သုံးနေပြီး လာမည့် နှစ်အနည်းငယ်အထိ ပြောင်းလဲသွားမည် မဟုတ်ချေ။
စာသင်နှစ် စပေတော့မည်။ ကျောင်းသား တော်တော်များများသည်လည်း ဤသည်ကို စောင့်မျှော်နေကြပေသည်။ ဆရာများသည်လည်း အတူတူသာပင်။
-------*****--------
ဘာသာပြန်သူ . (ငတက်ပြား)