ဘွဲ့လွန် စာတမ်း တစ်ခုရရန် လွယ်ကူပေသည်
Vol. 44 Ch. 658
“ဖုန်းယွီ .. ငါ ဘွဲ့လွန် အရည်အချင်းစစ် စာမေးပွဲ ဝင်ဖြေချင်တယ်.. ဘွဲ့လွန်ပြီးသွားတဲ့ သူတွေက ကျောင်းမှာ သင်ကြာရေး အကူအဖြစ် စာရင်းသွင်းလို့ရတယ်လို့ နည်းပြကပြောတယ်.. သူကိုယ်တိုင်လဲ အဲလိုပဲ..”
လီန ဖုန်းယွီ ရင်ခွင်ထဲမှနေ၍ ပြောလိုက်သည်။
“နင် ဘွဲ့လွန်ကျောင်းသာ ဖြစ်ချင်တာလား.. ဘာလို့ စာမေးပွဲဖြေနေရအုံးမှာလဲ.. နင့် တက္ကသိုလ်မှာ ထောက်ခံတဲ့သူ မရှိလို့လား.."
ဖုန်းယွီ ဤသည်ကို အရေးကြီး ကိစ္စအဖြစ် ထင်ထားပေသည်။ သူသည်လည်း ပညာများ ဆက်လက် သင်နေရုံပင်။ လီနမၑှာ စာကျက်ရသည်ကို သဘောကျနေယုံပင်။ မည်သည့်အတွက် ကိစ္စကြီးတစ်ခု ဖြစ်မည်နည်း။
တက္ကသိုလ်ကထိကများသည် အထက်တန်းဆရာများထက် ပို၍ သာယာပေသည်။ အထက်တန်း ကျောင်းသူ ကျောင်းသားများသည် ရက်စက် ကြမ်းကြုတ်ပြီး လီန၏ စရိုက်ဖြင့် ကိုင်တွယ်နိုင်မည် မဟုတ်ချေ။
“ငါတို့ဆီမှာ အကြံပြုချက်တွေ ရှိတယ်.. ဒါပေမယ့် ငါ့အတွက် အခွင့်အရေးမရှိဘူး.. တက္ကသိုလ်က ကထိကတွေနဲ့ မရင်းနှီးဘူးလေ.. အကြံပြုချက်တွေဆိုတာ ရလဒ်တွေအပေါ်မှာ အခြေမခံဘူးလို့လဲ ငါကြားထားတယ်.. ဆရာတွေ အကြံပြုချင်လား မပြုချင်လားဆိုတာ သူတို့အပေါ်ပဲ မူတည်တယ်..”
လီန၏ ရလဒ်များသည် ကျောင်းအတွင်း ထိပ်ဆုံးမှ ပါဝင်ပေသည်။ အကြံပြုချက်သည် ရလဒ်အပေါ်တွင် အခြေခံ ပါက တစ်ခုခု ရမည်ဖြစ်သည်။ သို့ရာတွင် ဘွဲ့လွန် အကြံပြုချက်များသည် ကျောင်းသား၏ ရလဒ်များကိုသာ ကြည့်သည် မဟုတ်ချေ။ ကထိကနှင့် ဆရာများ၏ အကြံပြုချက်များပေါ်တွင်လည်း မူတည်ပေသည်။
“အခုတက်နေတဲ့ သင်တန်းက ကထိကရဲ့ နာမည် ဘယ်သူလဲ.. သူ့မှာ ဘာဝါသနာတွေ ရှိလဲ..”
“သူ ဘာကြိုက်လဲတော့မသိဘူး.. နာမည်ကောင်းတော့ ရှိထားတယ်..”
“ပြောချင်တာက အဲ့ကထိက အတ္တမရှိဘဲ ဖြောင့်မတ်တဲ့သူပေါ့လေ..”
“အဲ့လိုလဲ မထင်မိဘူး.. လူတွေဟာ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်အောင် နေသင့်တယ်လို့ သူ့ဟောပြောပွဲ တစ်ခုမှာ ပြောဖူးတယ်.. အဲ့တုန်းက သူသာ သဘောထား မပျော့ပြောင်းရင် သူ့သူငယ်ချင်းတွေနဲ့ နွားတင်းကုတ်ထဲ သေပြီးနေလောက်ပြီ..”
ဖုန်းယွီ ဤစကားကြားသည်နှင့် ထိုကထိကကို မည်သို့ ဖြေရှင်းရမည်ကို သိသွားတော့သည်။
ဖုန်းယွီ ကုတင်ပေါ်မှ ဆင်းကာ ဧည့်ခန်းသို့ သွားလိုက်သည်။ သူ့အိတ်အတွင်းမှ ဈေးဝယ်ကတ် (၇)ကတ်၊ (၈)ကတ်ခန့် ထုတ်လိုက်ပြီး …
“အဲ့ ကထိကနဲ့ ဌာနမှူးတွေကို တစ်ကတ်စီပေးလိုက်.. နင့် နည်းပြဆရာနဲ့ ကျန်တဲ့ ဆရာတွေကိုလဲ တစ်ကတ်စီပေါ့.. ကတ်တွေ ပိုနေရင် အဲ့ ကထိကကိုပဲ အကုန်ပေးလိုက်.. အကြံပြုချက် လိုချင်တယ်ဆိုတာ သေချာပြောလိုက်..”
လီန အံ့ဩသွားသည်။
“နင် ငါ့ကို လာဘ်ထိုးခိုင်းနေတာလား.. အဲ့ကိစ္စ နင်ဘယ်လို လုပ်မှာလဲ..”
ဖုန်းယွီ လီနကို ချက်ချင်းပင် ဦးနှောက်ဆေးရန် လုပ်တော့သည်။
“ဒါကို လာဘ်ထိုးတယ်လို့ ပြောလို့မရဘူး.. နောက်နှစ်ရက်ဆို ဘာနေ့လဲ နင်သိလား..”
“ဆရာများ နေ့လေ..”
“အေးလေ.. ဆရာများနေ့.. ဆရာတွေကို ဂါရဝပြုတာ ပုံမှန်ပဲကို.. ဒီဓလေ့ ဟိုးအရင်ထဲက ရှိလာတာကို.. အရင်တုန်း ကဆို ကျောင်းသားလက်ခံဖို့တောင် လက်ဆောင်ပေးရသေးတာ.. ကျောင်းလခပေးရတဲ့အပြင် အလုပ်တွေတောင် လုပ်ပေးရသေးတယ်.. ဒါတောင် အဲ့ဆရာက ဆူပူကြိမ်းမောင်းချင်သေးတာ.. ဆရာ့ မွေးနေ့ ဒါမှမဟုတ် ဆရာ့ဇနီး မွေးနေ့တွေဆိုလဲ လက်ဆောင်ပေးရသေးတာပဲ.. နင်ရော ဆရာ့မွေးနေ့မှာ လက်ဆောင် မပေးဖူးသေးဘူးလား.. ညစာရော ကျွေးဖူးလား.. ဒါကြောင့် အခုလာမယ့် ဆရာများနေ့မှာ ကျေးဇူးတင်ကြောင်း ပြသင့်တယ်လေ..”
“နင်ပြောသလိုမျိုး ငါ့ဆရာတွေကို ထမင်းဖိတ်ကျွေးယုံနဲ့ အဆင်ပြေပါတယ်.. ပြီးတော့ ဒီကတ်တွေက ဘာလဲ.. ဈေးဝယ်ကတ်တွေလား.. သတင်းစာကြော်ငြာမှာ ပါလာတဲ့ ထိုင်ဟွာကုန်တိုက်ရဲ့ ဈေးဝယ်ကတ်တွေလား.. တန်ဘိုးကလဲ ယွမ်(၅၀၀၀)တောင်.. အရမ်းများတယ်.. ငွေအမောင့် များလွန်းတယ်.. အဲ့လောက်ကြီးဆို ငါ့ရဲ့ ကျေးဇူးတင်မှု မပြတော့ဘူး..”
လီန ကတ်များကို စားပွဲပေါ်သို့ ချက်ချင်း ပြန်တင်လိုက်သည်။
“ငါပြောတာ နားထောင်စမ်းပါ.. ပေးလို့ ကောင်းတယ်.. နင် သူတို့ဆီက အသိပညာတွေ ရထားပြီး သူတို့ဆီက အကျင့်ဆိုးတွေ ယူမထားဘူးလေ.. စဉ်းစားကြည့်ပေါ့.. သူတို့ကို နင်လက်ဆောင်မပေးလဲ ကျန်တဲ့သူတွေ ပေးနေကြတာပဲ.. အဲ့လိုသာဆို နင့်အခွင့်အရေး လက်လွတ်သွားလိမ့်မယ်.. ဆရာတစ်ယောက် ဖြစ်ဖို့ဆိုတာ နင့် အိပ်မက်ပဲလေ.. နင် အနာဂတ် မျိုးဆက်တွေကို ပညာသင်ပေးချင်ပေမယ့် နင့်လို ကျောင်းသားတွေကို ဆရာတွေအဖြစ် များများထားနိုင်ရင် မကောင်းဘူးလား..”
ဖုန်းယွီကမူ ဦးနှောက်ဆေးမြဲ ဆေးနေပေတော့သည်။
“တုန့်ဆိုင်းမနေနဲ့တော့.. အဆင်ပြေသွားပြီ.. မနက်ဖြန် ကျောင်းသွားရင် ဆရာတွေဆီ သွားတွေ့ပြီး ဒီလက်ဆောင်တွေ ပေးလိုက်.. ဘွဲ့လွန်ဝင်ခွင့် စာမေးပွဲအတွက် စားပွဲထိုင်ရတာ အရမ်းပင်ပန်းတယ်.. အကြံပြုချက် ယူလိုက်တာ အကောင်းဆုံးပဲ.. စာမေးပွဲအတွက် ပြင်ဆင်ချိန်မှာ အပြင်ထွက်လည်လို့ရသေးတယ်.. ဟိုးအရင်က တက္ကသိုလ် အင်ပါယာကို ခံစားလို့ရအောင် လာမယ့်အပတ် ကောင်ကျီကျန်းကို သွားကြည့်ရအောင်..”
လီန ပြောစရာ စကားမဲ့စွာဖြင့် ဖုန်းယွီကို ကြည့်နေမိသည်။ ဖုန်းယွီသည် ရည်မှန်းချက်မရှိသူ တစ်ယောက်ပုံ ဖြစ်နေသော်လည်း သူ့လုပ်ငန်းများမှာ ကောင်းမွန်နေပေသည်။ သူ့ ကုမ္ပဏီများသည် နိုင်ငံခြားသို့ပင် ချဲ့ထွင်ထားသည်။ သို့ရာတွင် လီနကို ရည်မှန်းချက် ကြီးသူတစ်ယောက်ဟု တံဆိပ်ကပ်ထားသော်လည်း စာကျက်ရန် မတိုက်တွန်းဘဲ လျောက်လည်ရန်သာ ပြောနေပေသည်။ ဖုန်းယွီသည် ဖြောင့်မတ်သူ တစ်ယောက်လော။ ထိုသို့မဟုတ်ပြန်ပေ။ လီနကို အဆက်အသွယ်များသုံး၍ အိမ်နောက်ဖေးမှ သွားခိုင်းတတ် သေးသည်။ သို့ရာတွင် မည်သူမဆို ဖုန်းယွီကို မတရာသူဟု ခေါ်ဆိုပါက ဖုန်းယွီသည် ကျောင်းများစွာတွင် ကျောင်းအဆောက်အဦးများစွာ လှူဒါန်းခဲ့ကြောင်း လီနပြန်လည်ချေပမည်သာပင်။
“နန .. ငါ ဗိုက်ဆာတယ်..”
ဖုန်းယွီ လီနအား သနားစရာ ပုံစံဖြင့် ကြည့်နေပေသည်။
“ဒီနေ့ ကုန်ခြောက်တွေ ဝယ်မထားမိဘူး.. အိမ်မှာ ထမင်းရည်ပဲရှိမှာ.. ရေခဲသေတ္တာထဲမှာတော့ ကြက်ဥ တစ်လုံး ကျန်သေးတယ်..”
“အဲ့ဒါတွေတော့ မစားချင်ပါဘူး.. နင့်ကိုပဲ စားတော့မယ်.. လာ..လာ.. ဘွဲ့လွန် ထောက်ခံချက် ရယူခြင်း ကြိုပြီး ဂုဏ်ပြုပေးမယ်..”
“ဘယ်လို ဆင်ခြေကြီးလဲ.. နင်.. မ.. လုပ်.. နဲ့……”
*********
လီန လက်ဆောင်များ မပေးချင်ချေ။ နောက်ဆုံးအချိန်ထိ ငြင်းဆိုနေပေသည်။ ထို့ကြောင့်ပင် ဖုန်းယွီသည် သူ့ကိုယ်စား လုပ်ရပေတော့မည်။ လီနအတွက် အတားအဆီးမှန်သမျှ အားလုံး ရှင်းပေးသွားမည်ပင်။
ဖုန်းယွီအနေဖြင့် လီန တက္ကသိုလ်ကို ဘာမှ လှူစရာမလိုဟု ခံစားမိထားသည်။ ဤသည်ထက် အများကြီး ပိုမို ကုန်ကျပေတော့မည်။ ထို့အပြင် ယခုနှစ်တွင် အလယ်တန်းနှင့် အထက်တန်းကျောင်းများသို့ လှူဒါန်းရန် စီစဉ်ထားသေးသည်။ ဤပြဿနာကို ယွမ်(၁၀၀၀၀၀)အောက်သာ သုံး၍ ဖြေရှင်းနိုင်ပေသည်။ မည်သည့်အတွက် သန်းဂဏန်းအထိ သုံးမည်နည်း။
ထို့အပြင် ပညာရေး တက္ကသိုလ်တွင် ဘွဲ့လွန်သင်တန်း အနည်းငယ်သာ ရှိပေသည်။ တက္ကသိုလ်သည် ဝန်ကြီးဌာနမှ လစာနှင့် ရန်ပုံငွေ အလုံအလောက် ရရှိထားပေသည်။
“မင်္ဂလာပါ ဆရာဆု.. ကျုပ် လီနရဲ့ ဝမ်းကွဲအစ်ကို ဖုန်းယွီပါ.. တစ်ခုလောက် ဆွေးနွေးချင်လို့ပါ..”
“အိုး မစ္စတာဖုန်း.. တွေ့ရတာ ဝမ်းသာပါတယ်.. ငါ ဘာများ ကူညီပေးရမလဲ..”
နည်းပြစု မေးလာလေသည်။
“ဆရာများနေ့မှာ ကျွန်တော်တို့ ဓလေ့အရ ဆရာတွေကို ညစာကျွေးချင်လို့.. ဘယ်အချိန်လောက် အားမလဲမသိဘူး..”
ဆရာစု အံ့ဩသွားသည်။ မွေးရပ်မြေ ဓလေ့ထုံးစံလော။ အရှေ့မြောက်ပိုင်းတွင် မည်သည့်အချိန်မှစ၍ ဤဓလေ့မျိုး ရှိခဲ့သနည်း။ မိမိသည်လည်း အရှေ့အမြောက် အရပ်သားပင်။ ထိုသို့ ရှိမှန်း မသိခဲ့ချေ။
“ညစာ ဖိတ်ကျွေးစရာ မလိုပါဘူးလေ.. လီနက ကျောင်းမှာ တော်တော် တော်တာ.. ပြီးခဲ့တဲ့ ရက်ကပဲ သူ့ကို ဘွဲ့လွန် သင်တန်း ဆက်တက်ဖို့ အကြံပေးထားတယ်..”
“သူ ဆက်တယ်မယ်လို့ပြောပါတယ်.. ဒီကျောင်းမှာ ဘွဲ့လွန်အကြံပြုချက်တွေ ရှိမှာပါ.. လီနကို ဘယ်လိုမြင်လဲ..”
“ဒီကိစ္စတွေ ပြောဖို့ ငါ့မှာ အရည်အချင်းမရှိပါဘူး.. ဒါက ဌာနမှူးနဲ့ ကထိကတွေပဲ ဆုံးဖြတ်နိုင်တာ..”
ဖုန်းယွီ အိမ်နောက်ဖေးမှ သွားလိုကြောင်း မြင်သည့်အခါ မျက်နှာအမူအရာ ပြောင်းသွားတော့သည်။
“ကျွန်တော် ဌာနမှူးနဲ့ ကထိကတို့နဲ့လဲ စကားပြောမှာပါ.. ဒီနေ့ ဆရာ့ကို လာတွေ့တာက လီနကို ပြုစုပေး ခဲ့လို့ ကျေးဇူးတင်ဖို့လာတာပါ.. ညစာ စားဖို့ အချိန်မရှိလဲ ဖြစ်ပါတယ်.. အခု ကျွန်တော် ပြန်တော့မယ်.. ဆရာကို နောက်တစ်ကြိမ် လာတွေ့ပါအုံးမယ်..”
ဖုန်းယွီ ထွက်သွားလိုက်သည်။ ဆရာစု ဖုန်းယွီ တံခါးဆီသို့ လျောက်သွားသည်ကို ကြည့်နေလိုက်သည်။ မိမိထိုင်ခုံသို့ ပြန်ရောက်သည့်အခါ စားပွဲပေါ်တွင် ကတ်တစ်ခု ရှီနေသည်ကို သတိပြုမိလိုက်သည်။
ကောက်ကိုင်ကြည့်လိုက်သည့်အခါ ဟိုင်ဟွာကုန်တိုက်၏ ဈေးဝယ်ကတ် ဖြစ်နေပေတော့သည်။ ဤကတ်ကို သတင်းစာနှင့် ရေဒီယိုတွင် ကြေငြာထားပေသည်။ မြတ်စွာဘုရား.. ကတ်တန်ကြေးမှာ ယွမ်(၅၀၀၀)ကြီးတောင်ပင်။
ဆရာစု ထိတ်လန့်သွားသည်။ ယွမ်(၅၀၀၀)။ ဤသည်ကို ဖုန်းယွီ တမင်ရည်ရွယ်၍ ထားခဲ့ခြင်း ဖြစ်နိုင်ပေသည်။ ဤကိစ္ မိမိမကူညီနိုင်ချေ။ အကြံပြုချက်အတွက် လီနအမည်ကို တင်သွင်းပေးခြင်းသာ မိမိလုပ်ပိုင်ခွင့် အကုန် ဖြစ်ပေသည်။ ဤသည်မှာ ဌာနမှူးနှင့် ကထိကတို့သည်သာ ဆုံးဖြတ်နိုင်သည်ဟု ပြောထားပေသည်။
-------*****--------
ဘာသာပြန်သူ . (ငတက်ပြား)