← Chapters

လူတိုင်း ဈေးဝယ်ကတ်များ ပေးနေကြသည် (၂)

Vol. 44 Ch. 660

လူတိုင်း ဈေးဝယ်ကတ်များ ပေးနေကြသည် (၂)

Vol. 44 Ch. 660

ဆရာများနေ့၏ အဓိပ္ပါယ်ကား ပြောင်းလဲသွားချေပြီ။

လူတော်တော်များများမှ ယနေ့သည် ဆရာများ၏ ကျေးဇူးဂုဏ်ဆောင်နေ့ဟု ပြောဖူးကြပေသည်။ ဤနေ့ကို ရှေးခေတ် အလုပ်အကိုင်နှင့် ဆရာများ၏ဘဝ၊ အလုပ်အကိုင် တိုးတက်စေရန်အတွက် ဤရက်ကို သတ်မှတ်ခဲ့ကြသည်။ ယခုမူကား ဆရားများကို လက်ဆောင်များ ပေးသည့်နေ့ ဖြစ်လာပေသည်။

မိဘများသည်လည်း အချင်းချင်း ယှဉ်ပြိုင်နေကြပေသည်။ အခြားသူထက် ပိုမိုဈေးကြီးသည့် လက်ဆောင်များ မပေးနိုင်လျှင်ပင် အခြားသူအောက် တန်ဘိုးနည်းသည့် လက်ဆောင်များ မပေးကြချေ။ ဆရာများအားလုံး ယနေ့ လက်ဆောင်ငွေ အများအပြား လက်ခံရရှိကြပေတော့မည်။

ပြီးခဲ့သည့် နှစ်ပိုင်းက ဆရာများနေ့တွင် စီးကရက် သို့တည်းမဟုတ် လက်ဖက်ရွက်များ လက်ခံရရှိကြသည်။ အချို့မှာ ကြက်သားပေါက်များပင် လက်ခံရရှိကြပေသည်။ ထိုသို့သော လက်ဆောင်များမှာ အသုံးမဝင်ချေ။ သို့ရာတွင် ယခုနှစ် ဆရာများနေ့တွင်မူ မတူညီတော့ချေ။ အထူးသဖြင့် အချို့ မြို့များတွင် ဆရာများသည် ထိုင်ဟွာကုန်တိုက် ဈေးဝယ်ကတ်များ လက်ခံရရှိကြပေ၏။

မိဘများ ကြိုတင်၍ ဆွေးနွေးတိုင်ပင်ထားကြသည်လားပင် မပြောတတ်တော့ခေ။ ဈေးဝယ်ကတ်များ၏ တန်ဘိုးများ အများအားဖြင့် တူညီကြပေသည်။ ဌာနမှူးများမှာ အများဆုံး လက်ခံရရှိပေသည်။ ဆရာများမှလည်း ထိုကတ်များကို လျှို့ဝှက်ထာကြပေသည်။ ဖြစ်ပျက်နေသမျှကို လူတိုင်းသိသော်လည်း လက်ခံရရှိမှု စုစုပေါင်း ပမာဏကို မည်သူမှ ထုတ်ဖော်ပြောဆိုမည် မဟုတ်ချေ။ မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ ဂုဏ်ယူစရာ တစ်ခု မဟုတ်ချေ။

သို့ရာတွင် ထိုကိစ္စများ ပြီးသွားသည့်အခါ ဆရာများသည် ထိုင်ဟွာကုန်တိုက်တွင် အချင်းချင်း ယှဉ်ပြိုင်နေကြတော့သည်။

ဈေးဝယ်ကတ်များ ရရှိပြီးနောက် ဆရာများ ပထမဆုံး ပြုလုပ်သည့်အရာမှာ ၎င်းတို့၏ ဇနီး/ခင်ပွန်းများနှင့်အတူ ထိုင်ဟွာကုန်တိုက်သို့ သွားရောက်ကြခြင်းပင်။ ဤကတ်များသည့် ကန့်သတ်ထားသည့် ကာလအတွင်း၌သာ အကျုံးဝင်ပေသည်။

ဆရာများသည် မိမိတို့ လုပ်ဖော်ကိုင်ဖက်များနှင့် ဆုံတွေ့ကြစဉ် ရှက်ရွံ့စွား ပြုံးပြတတ်ကြသည်. သို့ရာတွင် ထိုသို့ ပြုလုပ်သည်မှာ ထိုင်ဟွာကုန်တိုက်တွင် မဟုတ်ဘဲ ကျောင်းဝင်းအတွင်း ရှိနေစဉ် ဖြစ်ပေသည်။ ကျောင်းရှိ ဆရာများ အားလုံးနီးပါး ကုန်တိုက်အတွင်း ရှိနေကြပြီး ဈေးဝယ်လှည်းများတွင် VCD စက်ကဲ့သို့တော့ တန်ဖိုးကြီး ပစ္စည်းများနှင့် ပြည့်နေကြပေသည်။ ဆိုလိုသည်မှာ အခြားသော ဆရာများသည်လည်း ဈေးဝယ်ကတ် အများအပြား ရထားကြပေသည်။

အားလုံးမှာ အတူတူနှင့်အနူနူဖြစ်၍ မည်သို့ ရှက်စရာ အကြောင်းရှိမည်နည်း။ ဖာသိဖာသာဖြင့် အတူတူ ဈေးဝယ်ကြတော့သည်။

“ဆရာနျို ဟိုဘက်မှာ ပေါင်းအိုးကောင်းကောင်းလေးတွေ ရောင်းတယ် အတူသွားကြည့်ကြမလား…”

“ကောင်းသားပဲ.. အော်.. အဲ့ VCD စက်ကလေး ကောင်းလား.. ငါလဲ ယူမလားလို့ စဉ်းစားနေတာ..”

“ဟုတ်တယ်.. ဒါက လေနှင့်မိုး အမှတ်တံဆိပ်လေ.. ကမ္ဘာကျော် အမှတ်တံဆိပ် တစ်ခုပေါ့.. တခြားသူတွေ အတုယူကြပေမယ့် ဘယ်သူမှ ကျော်မတက်နိုင်တာ သူတို့ အနေအထားပဲလေ..”

“VCD စက်တွေ ဘယ်မှာ ထားတာလဲ.. ငါလဲလိုချင်လိုက်တာ..”

ဆရာနျို မျက်မှောင်ကြုတ်လိုက်သည်။ ထိုဆရာစွန်းသည် ယနေ့ ဈေးဝယ်ကတ် အများအပြား ရထားပုံပင်။ သို့ရာတွင် ဆရာ စွန်းသည် ဆရာတစ်ယောက်ဖြစ်သဖြင့် မိဘများမှ စိတ်ကျေနပ်အောင် ပြုလုပ်မည်မှာ အမှန်ပင် ဖြစ်သည်။

“ဟိုဘက်က ထမင်းပေါင်းအိုးဘက် အရင်သွားရအောင်လေ.. ပြီးမှ VCD စက်နေရာ ပြပေးမယ်..”

ငွေပေးချေမှုများအတွင်း ရင်းနှီးသော မျက်နှာပေါင်းများစွာ တွေ့ရပေသည်။ အချို့မှာ တစ်ကျောင်းတည်းမှ လုပ်ဖော် ကိုင်ဖက်များဖြစ်ပြီး အချို့မှာ အခြားကျောင်းများမှ ဆရာများဖြစ်ပေသည်။ ပညာရေးဌာနမှ ခေါင်းဆောင် အချို့ပင် ရောက်လာသည်ကို တွေ့ရပေသည်။

*********

ရှောင်လီသည် ထိုင်ဟွာကုန်တိုက်တွင် ငွေကိုင်တစ်ဦးဖြစ်သည်။ ထိုသို့ လုပ်ရသည်ကို အရမ်းပျော်နေပေသည်။ သူ့အလုပ်မှာ အလွန်ခက်ခဲသော်လည်း ရသည့်လစာမှာ မိဘများထက် အများကြီး ပိုနေပေသည်။

ယနေ့ မတူသည်ကို သတိထားမိပေသည်။ ငွေပေးချေသည့် ဖောက်သည် တော်တော်များများ တစ်ယောက်နှင့် တစ်ယောက် သိနေကြပေသည်။ ဤနေရာသည် မြို့ကြီးတစ်မြို့ဖြစ်သော်လည်း ပေကျင်း၊ ရှန်ဟိုင်းတို့လောက် မကျယ်သော်လည်း လူဦးရေး သန်းနှင့်ချီ နေထိုင်ကြပေသည်။ ဤသည်မှာ တိုက်ဆိုင်မှု တစ်ခုပေလော။

ဤသည်မှာ ထိုင်ဟွာကုန်တိုက်ကြောင့် ဖြစ်နိုင်သလို ထိုလူများသည် မိတ်ဆွေများ ဖြစ်ခြင်းကြောင့်လော။

သို့ရာတွင် ထိုလူများသည် အချင်းချင်း ဆရာ၊ ဆရာဟု ခေါ်နေကြပေသည်။ ထိုလူ အများစုသည် ဆရာများ ပေလော။ ထိုင်ဟွာကုန်တိုက်သည် ယနေ့အတွက် ဆရာများ၏ ဦးစားပေး ဖြစ်နေပေသည်။

ငွေပေးချေသည့်အခါ ရှောင်လီ အံ့ဩ သွားတော့သည်။ ဈေးဝယ်ကတ်များ။ လူတိုင်း ဈေးဝယ်ကတ်များဖြင့် ငွေပေးချေနေပေသည်။

မည်သည့်အတွက်ကြောင့်နည်း။ ဈေးဝယ်ကတ်၏ တန်ဖိုး မလုံလောက်၍လော။ ပြဿနာမရျိချေ။ မည်သည့် ငွေအမောင့်ရှိ ကတ်မဆို သုံးနိုင်ပေသည်။ မိမိတွင် နောက်တစ်ကတ်ရှိနေသေးပေသည်။ မလုံလောက်ပါက နောက်ထပ် နောက်ထပ် ရှိနေပေသေးသည်။

ဈေးဝယ်သူ ထက်ဝက်ကျော်သည် ဈေးဝယ်ကတ်များဖြင့် ပေးချေကြပြီး အများစုမှာ ဈေးဝယ်ကတ် တစ်ခုမက ရှိနေကြပေသည်။

ရှောင်လီ တွေ့မြင်ရသည့် တန်ဖိုးအနည်းဆုံး ဈေးဝယ်ကတ်မှာ ယွမ်(၅၀၀)ဖြစ်ပြီး တန်ဖိုး အမြင့်ဆုံးမှာ ယွမ် (၅၀၀၀)တန်ကတ် ဖြစ်ပေသည်။ ထိုလူအများစုမှာ ဆရာများ ဖြစ်သည်။

မည်သည့်ကျောင်းကနည်း။ မည်သည့် အကျိုးကျေးဇူးများ ရခဲ့ပေသနည်း။ ဆရာများနေ့တွင် ဆရာများအားလုံး ဈေးဝယ်ကတ်များသာ ရခဲ့ကြသည်လော။ ထိုကျောင်းမှာလည်း လူအင်အား တော်တော် များလောက်ပေသည်။ ဆရာများ၏ ပျမ်းမျှလစာမှာ ယွမ်(၅၀၀)ပင် မရှိချေ။ တက္ကသိုလ်ရှိ ဆရာများသည် အနည်းငယ် ပိုရနိုင်သော်လည်း ယွမ်(၅၀၀)ခန့်သာ ရှိပေသည်။ ပါမောက္ခများမှာမူ ပိုရနိုင်ပေလိမ့်မည်။

သို့တိုင်အောင် ပါမောက္ခများသည်ပင်လျှင် မည်မျှ ပို၍ရနိုင်မည်နည်း။ ၎င်းတို့၏ ဈေးဝယ်ကတ်များကို မည်သည့် နေရာမှ ရလာသနည်း။ တစ်ယောက်ချင်းစီတွင် မည်သည့်အတွက် ကတ်များစွာ ရှိနေကြသနည်း။

ရှောင်လီ နားမလည်သလို သိချင်စိတ်လဲ ဖြစ်နေမိသည်။ သို့ရာတွင် အလုပ်ချိန်အတွင်း ဖောက်သည်ဝန်ဆောင်မှုမှာ အရေးအကြီးဆုံးဖြစ်၍ ဖောက်သည်များနှင့် အလာပသလာပ ပြောမနေသင့်ချေ။ ဖောက်သည် အများစုသည်လည်း ငွေကိုင်များနှင့် စကားစမြည် မပြောချင်ကြချေ။

ရှောင်လီ တိတ်ဆိတ်စွာဖြင့်ပင် အလုပ် ဆက်လုပ်နေပေသည်။ ကတ်များကို စက်တွင် ပွတ်ဆွဲလျှက် ပစ္စည်းတန်ဘိုး အတိုင်း ကတ်အတွင်းရှိ လက်ကျန်ငွေများ ကုန်ဆုံးစေနေပေတော့သည်။ တနေကုန် ဤသည်ကိုသာ တနေကုန် ထပ်ကာထပ်ကာ လုပ်နေရပေသည်။

ယနေ့ အခြားနေများထက် ပို၍ ပင်ပန်းပေသည်။ ပိတ်ရက်မဟုတ်သော်လည်း လူစုလူဝေးမှာ ပိတ်ရက်ထက်ပင် ပိုများနေပေသေးသည်။ ထို့အပြင် ဝယ်ယူခဲ့သည့် ပစ္စည်းအများစုမှာ တန်ဖိုးကြီး ပစ္စည်းများ ဖြစ်ကြသည်။ ဖောက်သည် များသည် အရက်နှင့် စီးကရက်ကဲ့သို့သော ပစ္စည်းများဝယ်ယူလျှင်ပင် တန်ဖိုးကြီး အမှတ်တံဆိပ်များ သာဝယ်ကြပေသည်။ ဤမြို့အတွင်း၌ ရုတ်တရက် လူချမ်းသာများ တိုးလာသကဲ့သို့ ခံစားလိုက်ရပေသည်။

ရှောင်လီသည် ထိုင်ဟွာကုန်တိုက်၌ (၁)ကျော် အလုပ်လုပ်ခဲ့ပေပြီ။ ဖွင့်ပွဲနေ့တွင်ပင် ဤမျှလောက် တန်ဖိုးကြီး ပစ္စည်းများ မရောင်းချခဲ့ရချေ။ ယွမ်ထောင်ဂဏန်း တန်ဖိုးရှိ ဖိလစ် ရောင်စုံရုပ်မြင်သံကြားစက် များဆိုလျှင် ကုမ္ပဏီ ပါကင်ထဲမှ ဆင်ပေါ်သို့ တလွှားလွှား ပို့ဆောင်ပေးနေရပေသည်။

ထိုင်ဟွာကုန်တိုက်ရှီ သယ်သူပို့ဆောင်ရေး လုပ်သားများမှာ အရူးများကဲ့သို့ လုပ်ကိုင်နေကြရသည်။ ယနေ့ ၎င်းတို့ ပို့ပေးရသည်မှာ ယခင်အပတ် တစ်ပတ်လုံးစာထက်ပင် ပိုများပေသည်။

သို့ရာတွင် ထိုပို့ဆောင်ရေးဝန်ထမ်းများ ပြုံးရွှင်နေကြပေသည်။ ပိုဆောင်မှု များလေလေ ဝင်ငွေပိုများလေလေ ဖြစ်သောကြောင့်ပင်။ ထိုအချိန်၌ ထိုင်ဟွာကုန်တိုက်တွင် အခမဲ့ ပို့ဆောင်ရေး ဝန်ဆောင်မှု မရှိသေးချေ။ ပို့ဆောင်ခများ ကောက်ခံခဲ့ပေသည်။ အခကြေးငွေ မမြင့်မားသော်လည်း ဈေးဝယ်သူ အများစုသည် ဝယ်ယူထားသည့် ပစ္စည်းများကို မိမိတို့ကိုယ်တိုင်ပင် မနိုင်ခြင်းမရှိချေ။ ၎င်းတို့ပစ္စည်းများ သယ်ယူရန် ကားတစ်စီး လိုအပ်နေပေသည်။

ထိုင်ဟွာကုန်တိုက်ရှိ ပို့ဆောင်ခသည် အပြင်ဘက် အငှားယဉ်၊ ဆိုင်ကယ် များထက် ဈေးသက်သာပြီး တပ်ဆင် ပေးသည့် ဝန်ဆောင်မှုများလည်း ပါဝင်ပေသည်။ ပစ္စည်းပို့ဆောင်စဉ်အတွင်း ထိခိုက်မှုရှိပါက ထိုင်ဟွာကုန်တိုက်မှ တာဝန်ယူကာ ဈေးဝယ်သူအား လျော်ကြေးပေးမည်ဖြစ်သည်။

ယွမ်ထောင်ချီ တန်ကြေးရှိ ပစ္စည်းများ ဝယ်ယူရာတွင် မည်သူမှ မထိခိုက်စေလိုကြချေ။ ဈေးဝယ်သူများသည် ပို့ဆောင်ခပေးချိန် ဈေးနှိမ်ပေးတတ်ကြသော်လည်း အိမ်သို့သယ်ယူသည့်အချိန် ပစ္စည်းများ ပျက်စီးသွားပါက အသည်းကွဲရမည်သာပင်။

******

“မန်နေဂျာ.. ကျွန်တော်တို့ ဒီနေ့အတွက် စုစုပေါင်းရောင်းအားစာရင်း ရပါပြီ.. ဒီနေ့ ဈေဝယ်တဲ့သူ (၈၅)ရာခိုင်နှုန်းက ကတ်တွေနဲ့ ပေးချေထားပါသည်။ စုစုပေါင်း ပမာဏကလဲ ပြီးခဲ့တဲ့အပတ် စုစုပေါင်း ပမာဏထက် ပိုများတယ်..”

ကုန်တိုက်မန်နေဂျာ ခေါင်းညိတ်လိုက်သည်။

“မန်နေဂျာဖုန်းရဲ့ အကြံဉာဏ်က အရမ်းအံ့ဩဖို့ကောင်းတယ်.. အရောင်းမြင့်တင်ရေးတွေ မရှိတာတောင် အရောင်းမြှင့်တင်ရေး ကာလထက် ပိုဈေးရောင်းကောင်းသေးတယ်.. ဒါပေမယ့် ဒါ ပထမဆုံးနေပဲ ရှိသေးတယ်.. နောက်နေ့တွေ ထပ်လာလိမ့်အုံးမယ်..”

ဈေးဝယ်ကတ် လက်ခံရရှိထားသူများအားလုံး ယနေ့တစ်ရက်အတွင်း စုံညီစွာ မလာရောက်နိုင်ကြကြောင်း မန်နေဂျာ နားလည်ထားပေသည်။ နက်ဖြန်တွင် ကုန်တိုက်သို့ လာရောက်နိုင်ကြပေသည်။ သို့ရာတွင် ပြဿနာ မရှိချေ။ ဈေးဝယ်ကတ်များတွင် ကုန်ဆုံးရက်ပါဝင်ပြီး ဈေးဝယ်သူများအနေဖြင့် ထိုရက်မတိုင်မှီ အပြီးသတ် ဝယ်ကြရပေလိမ့်မည်။

ဖုန်းယွီသည် ဈေးဝယ်ကတ်များအတွက် (၃)လ သတ်မှတ်ထားလိုသော်လည်း ဖူကွမ်းကျန့်နှင့် ကျန်လူများက (၁)လ သက်တမ်းပင် မလိုကြောင်း ခံစားနေရပေသည်။ ဆရာများ နေ့မှလွဲ၍ တစ်လအတွင်း အခြားပွဲတော်များ ရျိနေပေသေးသည်။ တစ်လတည်းတွင်ပင် ပွဲတော်(၃)ခုရှိကာ ထိုလူများသည် ၎င်းတို့ကတ်များရှိ တန်ဖိုးများကို အသုံးမပြုနိုင်ပေ။

ဖုန်းယွီမှလည်း သဘောတူလိုက်သည်။ ဈေးဝယ်သူများသည် သူတို့ မျှော်လင့်ထားသည့်အတိုင်း ပြုမူလာကြသည်။ ဤဈေးဝယ်သူများသည် ဈေးဝယ်ကတ်ဖြင့် ပစ္စည်းများ ဝယ်ယူမှုအတွက် ရှက်နေစရာ မလိုချေ။

ထိုင်ဟွာကုန်တိုက်မှာ နောက်ထပ် ဈေးဝယ်ကတ်များ ထုတ်လုပ်ရောင်းချရန် အချိန်တန်ပေပြီ။

-------*****--------

ဘာသာပြန်သူ . (ငတက်ပြား)

All Chapters