ပစ္စည်းပို့စရာမလို! ရှင်းကျန့်တယ်ကလူများ!
Vol. 56 Ch. 834
Venod က သူ့ဖုန်းထုတ်ပြီးဆက်သည်။
နိုင်ငံတကာအိုလံပစ်အဖွဲ့ဝင်တစ်ဦးအနေနှင့် နိုင်ငံတကာပွဲများတွင် နိုင်ငံအသီးသီး၏ နိုင်ငံခြားရေးရာနှင့်အဆက်အစပ်လုပ်ရသည်။ ဟိုရှီနိုနှင့်သံတမန်ဆက်ဆံရေးကောင်းကောင်းရှိသည်။
သူတို့ကိုအရင်ဆုံးဖုန်းဆက်ပြီး ဆက်သွယ်ရမည်။ ပြီးမှ ချင်းလင်ကုမ္ပဏီကိုဖိအားပေးပြီး မရသည့်အဆုံး သံတမန်နည်းသုံးမည်။
အရင်ဆုံး ချင်းလင်ကုမ္ပဏီကို ကိုယ်စားလှယ်လုပ်ခွင့်ပေးဖို့ဖိအားပေးမည်။ သံတမန်နည်းသုံးစရာမလိုရင် ဘယ်သူ့ကိုမှကျေးဇူးကျွေးတင်စရာမလိုပေ။
ဒါ အကောင်းဆုံးအဆုံးအသတ်ပင်။
ဒီနည်းနဲ့အလုပ်မဖြစ်ရင်တော့ ကျေးဇူးကျွေးတင်တော့မည်။ ရှင်းကျန့်တယ်ကသံတမန်နည်းသုံးရင် ဂျာမနီနဲ့အင်္ဂလန်ထက်မလျော့ဟု သူယုံကြည်ထားသည်။
Venod ကဖုန်းဝင်ဝင်ချင်း အားတက်သရောနှင့်_
"မစ္စတာ Phil... ဒီညအားလား? ညစာဖိတ်ကျွေးချင်လို့''
Venod ကပြုံးပြုံးနှင့်ဖုန်းချလိုက်သည်။
ထိုညက မစ္စတာ Phil ကိုဧည့်ခံပြီး နောက်တစ်နေ့တွင် အရှေ့တိုင်းသို့လေယာဉ်လက်မှတ်ဖြတ်လိုက်လေသည်။
…
ချင်းလင်အပန်းဖြေစံအိမ်_
ချင်လင်က သူ့ရုံးခန်းထဲတွင် ဂိမ်းထဲမှနေ့စဉ်အလုပ်များအပြီးဖြတ်နေသည်။ ဒီနေ့ဘာမှမယ်မယ်ရရမရှိသောကြောင့် ဖုန်းထုတ်ပြီးသတင်းကြည့်လိုက်သည်။

ဒီရက်ပိုင်း လီခိုင်၊ ဝူခိုင်နှင့် ချင်းလင်အပန်းဖြေစံအိမ်ဗီဒီယိုများ ရေပန်းစားမှုပြန်ကျလာပြီး နံပါတ်တစ်ပန်းချီဆရာဝူခိုင်က နာမည်ကြီးဖို့ဖြစ်လာသည်။
သူ့ကိုယ်သူသိပ်မကြော်ငြာချင်သော်လည်း နာမည်ကြီးလွန်း၍ မလွတ်နိုင်ဖြစ်နေသည်။
ဒီတော့မှ အင်တာနက်ပေါ်တွင်အလွန်နာမည်ကြီးနေသောလန်ကျွင်းထက်ပိုတော်သောပန်းချီဆရာရှိမှန်း အားလုံးသိသွားသည်။
နောက်ပြီး ဆရာဝူခိုင်ပန်းချီကားထဲမှအနုပညာအယူအဆနှင့်အသက်ဝင်ပုံက ဓာတ်ပုံရိုက်ထားသည်နှင့်တူနေသောလန်ကျွင်းထက် လုံးဝကောင်းသည်။
လန်ကျွင်းလက်ရာညံ့သည်ဟုပြောခြင်းမဟုတ်သော်လည်း အသက်ဝင်ပြီးရသမြောက်သောပန်းချီကားက အေးစက်စက်ဓာတ်ပုံထက်ပိုကောင်းသည်။
ရေပန်းစားခေါင်းစဉ်အားလုံးက ဖျော်ဖြေရေးဗီဒီယိုများဖြစ်သော်လည်း သူဌေးကြီးဆိုသောအင်တာဗျူးဗီဒီယိုတစ်ပုဒ်ကိုမြင်ပြီး သူအံ့ဩသွားသည်:
"အခု ပစ္စည်းဥစ္စာက သူဌေးကြီးအတွက်အရေးပါသေးလား?''
"အရေးမကြီးပါဘူး... အခု ကြီးပွားရေးနောက်မလိုက်ဘူး... စိတ်အေးချမ်းမှုကိုလိုက်နေတာ''
"ထွီ!''
ချင်လင်ကကြိတ်ဆဲလိုက်သည်။
ခင်ဗျားမှပိုက်ဆံမမက်ရင် ဘယ်သူမက်မလဲ?
ဒါပေမဲ့ သူဘာတတ်နိုင်မလဲ?
ဟိုကသူဌေး၊ အောင်မြင်ထားတဲ့လူဆိုတော့ ပြောချင်ရာပြောပေါ့။
ချင်လင်ကအာရုံနောက်သွားပြီး ဖုန်းတန်းချလိုက်သည်။
ခဏအကြာ ယွီရွှေ့ရောက်လာပြီး အစီရင်ခံသည်_
"သူဌေး... အရင်ကကျွန်တော်တို့စိုက်ထားတဲ့အရည်အသွေးမြင့်ဟင်းသီးဟင်းရွက်တွေရပါပြီ''

"သွားကြည့်ရအောင်!''
ချင်လင်ကစိတ်ဝင်စားသွားပြီး ယွီရွှေ့နောက်လိုက်ကာ စိုက်ခင်းထဲရောက်လာသည်။
ယွီရွှေ့ပြောတဲ့အရည်အသွေးမြင့်ဟင်းသီးဟင်းရွက်က ချင်းလင်ဓာတ်ခွဲခန်းတွင်မျိုးစိတ်ပြောင်းထားသောအရည်အသွေး ၁ ဟင်းသီးဟင်းရွက်များဖြစ်သည်။ အထူးမြေကြီးကြောင့် အခုစံအိမ်ထဲတွင် အရည်အသွေး ၁ ဟင်းသီးဟင်းရွက်အများကြီးရှိနေပြီ။
နောက်ပြီး ဒီဟင်းသီးဟင်းရွက်များကိုကြော်ငြာလေ့မရှိ။ ချင်းလင်စံအိမ်ထဲအကုန်စိုက်ထားသော်လည်း ချင်းလင်စံအိမ်အတွက်သာအဓိကဖြစ်သည်။
ဒီလိုနှင့် ချင်းလင်စံအိမ်မှာ အရည်အသွေးမြင့်ပါဝင်ပစ္စည်းများကို အမြဲထိန်းသိမ်းထားနိုင်မည်။
နောက်ပြီး စံအိမ်စိုက်ခင်းကကြီးကြီးလာ၍ စံအိမ်၏နေ့စဉ်လိုအပ်ချက်ကို လုံးဝဖြည့်ဆည်းပေးနိုင်သည်။
ချင်လင်က ယွီရွှေ့နှင့်စိုက်ခင်းထဲရောက်လာသည်။ ပထမဆုံးက ခရမ်းသီးစိုက်ခင်း။ အရည်အသွေး ၁ ခရမ်းသီးများက သာမန်ခရမ်းသီးထက်သိသိသာသာပိုကြီးသည်။
ခရမ်းသီးပုံစံကလည်း ပိုလှသည်။ သာမန်ခရမ်းသီးအရောင်နှင့်မတူဘဲ အရည်အသွေး ၁ ခရမ်းသီးကအရောင်ပိုဖျော့သည်။
ခရမ်းသီးက ပစ္စည်းကောင်းဖြစ်ပြီး ချက်နည်းအမျိုးမျိုးရှိသည်။ အထူးသဖြင့် ခရမ်းသီးဖုတ်ပင်။ ခရမ်းသီးကိုလှီး၊ ပြားနေအောင်ဖြန့်ကာ ကြက်သွန်ဖြူထောင်းနှင့်နှပ်၊ ကြက်ဥအကာနည်းနည်းထည့်လိုက်ရင် ပြီးပြည့်စုံသွားပြီ။
ထို့နောက် ချင်လင်ကယွီရွှေ့နောက်လိုက်ပြီး တခြားသီးနှံများကိုလိုက်ကြည့်သည်။ မုန်လာဥဖြူ၊ မုန်ညင်း စသဖြင့် အရည်အသွေး ၁ ဟင်းသီးဟင်းရွက် ၇ မျိုး၊ ၈ မျိုးရှိသည်။
ထို့အပြင် မရင့်သေးသောတခြားသီးနှံများလည်းရှိသည်။ ချင်းလင်ဓာတ်ခွဲခန်းက မျိုးစိတ်ပြောင်းထားသောဟင်းသီးဟင်းရွက်အမျိုးအစား အများကြီးဖြစ်နေပြီ။
ချင်းလင်ဓာတ်ခွဲခန်းကလည်း အရည်အသွေး ၁ ဟင်းသီးဟင်းရွက်များကိုသုတေသနထပ်လုပ်ပြီး အရည်အသွေးအမျိုးအစားအသစ်များဖွံ့ဖြိုးအောင်လုပ်ချင်သည်။
ချင်းလင်ဓာတ်ခွဲခန်းက အမျိုးအစားအသစ်တွေထပ်ဖွံ့ဖြိုးအောင်လုပ်နိုင်ရင် ဒီအရည်အသွေး ၁ သီးနှံများကိုကြော်ငြာဖို့စဉ်းစားမည်။
အဲဒီအချိန်ကျရင် ချင်းလင်စံအိမ်ရဲ့သီးသန့်ထုတ်ကုန်ဖြစ်မည်။
ချင်းလင်စံအိမ်၏အရည်အသွေးမြင့်ပစ္စည်းများမှာ အမြဲအာရုံစိုက်ခံရသည်။
အခုဟင်းသီးဟင်းရွက်တွေရင့်ရင် စံအိမ်ရဲ့နေ့စဉ်လိုအပ်ချက်ကိုဖြည့်ဆည်းနိုင်ပြီ။ တစ်နည်းဆိုသော် သူပစ္စည်းပို့သမားဘဝက အနားယူနိုင်ပြီ။
လက်ရှိသူ့အခြေအနေနှင့် သူကိုယ်တိုင်ထရပ်ကားမောင်းပြီး နေ့တိုင်းပစ္စည်းပို့တာ နည်းနည်းထူးဆန်းနေသည်။
ချင်လင်က ယွီရွှေ့အား ဟင်းသီးဟင်းရွက်နည်းနည်းစီခူးခိုင်းပြီး အပန်းဖြေစံအိမ်ထဲယူလာသည်။
ဒီဟင်းသီးဟင်းရွက်တွေရဲ့မှတ်ချက်ကို သူကိုယ်တိုင်ကြည့်ရမှ စိတ်သက်သာရာရမည်။
သူကရုံးခန်းထဲပြန်လာပြီး တံခါးလော့ချလိုက်သည်။ ဟင်းသီးဟင်းရွက်များကိုဂိမ်းထဲယူသွားကာ မှတ်ချက်ကြည့်လိုက်၏:
(မုန်ညင်း: အရည်အသွေး ၁)
(မျိုးစိတ်ပြောင်းထားသော ဟင်းသီးဟင်းရွက်ဖြစ်သည်။
အရသာ +၁၊ အပူကင်းပြီးအဆိပ်ပြေစေခြင်း +၁၊ အရောင်ကျစေခြင်း +၁၊ သွေးတွင်းအဆီကျစေခြင်း +၁)
(မုန်လာဥဖြူ: အရည်အသွေး ၁)
【……】
(... : အရည်အသွေး ၁)
(... : အရည်အသွေး ၁)
…
ရလဒ်က စိတ်မပျက်ရ။ ထိုမျိုးစိတ်ပြောင်းသီးနှံများအားလုံး အရည်အသွေး ၁ ရှိသည်။ အရသာနှင့်အထိအတွေ့ကောင်းလာရုံသာမက ဆေးဖက်ဝင်အာနိသင်လည်းရှိလာသည်။
လက်တွေ့ ဒီဟင်းသီးဟင်းရွက်များက သာမန်ဟင်းသီးဟင်းရွက်မဟုတ်တော့။ အရည်အသွေး၊ အာနိသင်နှင့် ပါဝင်ပစ္စည်းများကို ဆေးဖက်ဝင်ပစ္စည်းအဖြစ်လုံးဝအသုံးချနိုင်သည်။
ထိုအတွေးနှင့် ချင်လင်ကချက်ချင်းကွန်ပျူတာတွင်စာရိုက်ပြီး အချက်အလက်များထုတ်လိုက်သည်။ နောက်ဆုံး လင်းလန်ဇီကိုဖုန်းဆက်လိုက်သည်။