ပစ္စည်းပို့စရာမလို! ရှင်းကျန့်တယ်ကလူများ! ၂
Vol. 56 Ch. 835
ဟင်းသီးဟင်းရွက်များ၏ဆေးဖက်ဝင်အာနိသင်ကိုစမ်းသပ်ရန် မင်မြို့တော်ဆေးဝါးစစ်ဆေးရေးဌာနသို့ပို့မည်ဟု သူစီစဉ်ထားသည်။
ဒီလိုအလုပ်ကိစ္စနှင့်ခရီးထွက်ခြင်းမျိုးက ကွင်းဆင်းအလုပ်ပင်။
စံအိမ်တွင် မာတီမီဒီယာဌာနဖွင့်ပြီးနောက် ပြင်ပဆက်သွယ်ရေးနှင့်ကွင်းဆင်းအလုပ်ကဲ့သို့ကျွမ်းကျင်သူလိုအပ်သောနေရာများကိုလည်း မာတီမီဒီယာဌာနနှင့်တွဲဖက်ပေးထားသည်။
လင်းလန်ဇီလည်း အပန်းဖြေစံအိမ်ထဲအမြန်ရောက်လာပြီးမေးသည်_
"သူဌေး... ဘာညွှန်ကြားစရာရှိလို့လဲ?''
ချင်လင်က မိတ္တူဆွဲထားသောအချက်အလက်များကိုလင်းလန်ဇီအားပေးရင်း_
"ယွီရွှေ့ဆီသွားပြီး လတ်လတ်ဆတ်ဆတ်ဟင်းသီးဟင်းရွက်တွေတောင်းလိုက်ပါ... ပြီးရင် အဲဒီဟင်းသီးဟင်းရွက်တွေရဲ့ဆေးဖက်ဝင်အာနိသင်ကိုစစ်ဆေးဖို့ မင်မြို့တော်ဆေးဝါးဌာနကို ကွင်းဆင်းကိုယ်စားလှယ်တစ်ဦးလွှတ်လိုက်ပါ''
ဒီဆွဲဆောင်ချက်မကောင်းဘူးလား? ဟင်းသီးဟင်းရွက်တွေက ရောဂါကုသနိုင်ပြီး အာနိသင်အရမ်းကောင်းသည်။ ဒီအချက်ကြောင့် ချင်းလင်စံအိမ်မှပစ္စည်းများကို အဆင့်အတန်းပိုမြင့်စေပြီး ပိုစိတ်ဝင်စားလာကြမည်။
အရင် ဂိမ်းထဲမှထုတ်လာသော အရည်အသွေး ၁ နှင့် ၂ ဟင်းသီးဟင်းရွက်များကို ခရီးသည်အများစုက အရသာရှိသည်ဟုသာထင်ကြသည်။ ဒီအပိုင်းမှာမကြော်ငြာရသေးသောကြောင့် ထိုဟင်းသီးဟင်းရွက်များမှာ ဆေးဖက်ဝင်အာနိသင်ရှိမှန်းမသိကြ။
ချင်းလင်စံအိမ်ဝန်ထမ်းများတောင် ဆေးဖက်ဝင်အာနိသင်ရှိမှန်းမသိချေ။
အဓိကက ဆေးဖက်ဝင်အာနိသင်ကိုဖြစ်သလိုကြော်ငြာ၍မရ။ နောက်ပြီး ဂိမ်းထဲမှထုတ်လာခြင်းဖြစ်၍ အရင်းအမြစ်မရှိသောကြောင့် ဒီအကြောင်းမစဉ်းစားခဲ့ပေ။
သို့သော် အခုကမတူ။ အရည်အသွေး ၁ ဟင်းသီးဟင်းရွက်များမှာအရင်းအမြစ်ရှိလာပြီ။ ထို့ကြောင့် ဆေးဝါးစစ်ဆေးရေးဌာနသွားပြီး အစစ်ဆေးခံနိုင်သည်။ စမ်းသပ်မှုအောင်မြင်ပါက အသိအမှတ်ပြုခံရမည်။
ထို့နောက် ဘရန်းတပ်ပြီး ထိုအရည်အသွေး ၁ ဟင်းသီးဟင်းရွက်များ၏အာနိသင်ကို အရောင်းပလက်ဖောင်းများတွင်ကြော်ငြာနိုင်သည်။
အဲဒီအချိန်ကျရင် တကယ်အဆင့်အတန်းရှိပြီ။
ရှေ့လျှောက် သွေးတွင်းအဆီဓာတ်များတယ်လို့ပြောကြမလား? ဆေးရုံသွားပြီး ယွမ် ၂၀၀၀ ဖိုး IV ဆေးချိတ်ရင်ချိတ်၊ ချင်းလင်စံအိမ်သွားပြီး ခရမ်းသီးနှစ်ရက်လောက်စားချင်လည်းစားမည်။ အာနိသင်က ဆေးရုံမှာ IV ချိတ်တာထက်မလျော့ရင် ဝမ်းသာရလိမ့်မည်။
ကျောက်ကပ်အားနည်းနေတာလား? အရူးလား? ပိုက်ဆံရှိရင် ချင်းလင်စံအိမ်သွားပြီး ရုံးပတီသုံးလေးခါစားလိုက်ပေါ့။
ဒါစိတ်ကူးယဉ်သက်သက်ဟု တွေးကောင်းတွေးနိုင်သည်။

သူဌေးပေးသောအချက်အလက်များကိုကြည့်ပြီး လင်းလန်ဇီနည်းနည်းကြောင်သွားသည်။
ခရမ်းသီးမှာ ဒီလိုဆေးဖက်ဝင်တဲ့အာနိသင်တွေရှိလို့လား?
ပြီးတော့ မုန်လာဥဖြူတွေ... နွေရာသီမှာ ဝက်နံရိုးနဲ့မုန်လာဥဖြူက အပူလျှော့ချပေးနိုင်ပေမဲ့ ဆေးဖက်ဝင်အာနိသင်မရှိဘူးမလား? အပူလျှော့ချပေးတာ၊ သွေးတိတ်တာ၊ အစာကြေစေတာ၊ အသားအရေတင်းတာ ဒါတွေအတွက် ဆေးဖက်ဝင်အာနိသင်ကိုလည်းစစ်ထားသေးတယ်?
အရင်ကဒါမျိုး ဘယ်သူမှလုပ်ဖူးမယ်မထင်?
ဒါပေမဲ့ သူဌေးကလုပ်ဆိုမှတော့ ချက်ချင်းခေါင်းညိမ့်ပြီး သွားလုပ်ရုံသာ။
ဒီဟင်းသီးဟင်းရွက်တွေက ပါမောက္ခလီခိုင်ရဲ့ထုတ်ကုန်အသစ်ဆိုရင် ဒီလိုအာနိသင်ရှိတာမဆန်းပေ။
မာတီမီဒီယာဌာနပြန်ရောက်သောအခါ လင်းလန်ဇီလည်း မိန်းကလေးတစ်ယောက်ကိုလှမ်းခေါ်ပြီး_
"ကျိုးဟုန်... ဒီတစ်ခါ မင်မြို့တော်ကိုအလုပ်ကိစ္စနဲ့ခရီးထွက်ရမယ်''
"မန်နေဂျာ... ဘာလုပ်ရမှာလဲ?''
ကျိုးဟုန်ကခေါင်းညိမ့်ပြီးမေးသည်။ ကွင်းဆင်းကိုယ်စားလှယ်တစ်ဦးအနေနှင့် မဖြစ်မနေအလုပ်ကိစ္စနှင့်ခရီးသွားရသည်။ ချင်းလင်စံအိမ်တွင် သူမကအားသည်ဟုပြောရမည်။
လင်းလန်ဇီလည်း ချင်လင်၏တောင်းဆိုချက်ကိုတစ်ဆင့်ပြန်ညွှန်ကြားလိုက်သည်_
"အချိန်ကျရင် သူဌေးရဲ့စာရွက်နဲ့ ဆေးဝါးစစ်ဆေးရေးဌာနသွားဖို့လိုမယ်''
ဟင်းသီးဟင်းရွက်တွေယူပြီး မင်မြို့တော်ဆေးဝါးစစ်ဆေးရေးဌာနသွားရမယ်ဆိုတော့ ကျိုးဟုန်ဘာပြောရမှန်းမသိတော့။
တစ်နည်းဆိုသော် ဒီအခြေအနေမှာ ဘယ်သူမဆိုနည်းနည်းကြောင်သွားလိမ့်မည်။
…
နောက်တစ်နေ့_
ချင်လင်မှာ မနက်ပိုင်းလုပ်စရာမရှိ၍ ကျောက်မိုချင်းကိုအဖော်ပြုပေးနေသည်။ သူမဝမ်းဗိုက်ကိုကိုင်မကြည့်ဘဲမနေနိုင်။ အထဲကသက်ရှိလေးကိုခံစားမိသလိုလိုပင်။

"ဒီမနက် ကုန်သွားမသယ်တော့ဘူးလား?''
ကျောက်မိုချင်းက သိချင်စိတ်နှင့်မေးလိုက်သည်။ မနက်တိုင်း သူ့ယောက်ျားကိုယ်တိုင်ပစ္စည်းသွားသွားသယ်သည်ကိုသံသယရှိသော်လည်း သူတို့နှစ်ဦးကြားယုံကြည်မှုကြောင့် ဘယ်တော့မှမမေးခဲ့။
လင်နှင့်မယားအကြား အရေးအကြီးဆုံးက ယုံကြည်မှုပင်။
ပြီးတော့ သူမအပေါ်အချစ်သည်းသောယောက်ျားအပေါ်မကျေနပ်စရာ ဘာမှမရှိ။
ချင်လင်နှင့်ချစ်ကျွမ်းဝင်ချိန်ကစပြီး ချင်လင်ကအမြဲဘေးမှာရှိပေးခဲ့သည်။
အခု ပိုက်ဆံနှင့်ဂုဏ်ရှိချိန်မှာတောင် သူမအပေါ်အချစ်ကနည်းနည်းမှမလျော့ခဲ့။ ငွေနည်းနည်းရှာနိုင်ရုံနှင့်မောက်မာတတ်သောတချို့ယောက်ျားများလိုမဟုတ်။ သူတို့က အပြင်မှာလှည့်စားတတ်ကြသည်။
သူမစိတ်ထဲတွင် သူမယောက်ျားက ယောက်ျားကောင်းတို့၏စံပြဖြစ်သည်။
ချင်လင်ကကျောက်မိုချင်းကိုအဖော်ပြုပြီး မနက်စာစားပေးသည်။ လင်းဖန်က ကျောက်မိုချင်းကိုစိတ်ပူပြီး ဘယ်လိုနေလဲမေးတတ်သည်။ အခု သူမကိုထိမိမှာ၊တိုက်မိမှာ အတော်စိုးရိမ်နေသည်။
မြေခွေးဖြူရှောင်ရွှယ်၊ ဝမ်ချိုင်နှင့် မွေးနီတို့ကိုတောင် နှစ်မီတာလောက်ဝေးဝေးမှာထားပြီး အနားကပ်ခွင့်မပေး။
မနက်စာစားပြီးနောက် ချင်လင်ကိုယ်တိုင် ကျောက်မိုချင်းကိုစံအိမ်လိုက်ပို့သည်။ သူကကျောက်မိုချင်းကိုနားစေချင်သော်လည်း သူမကအအားမနေချင်သောကြောင့် ဖိအားမပေးတော့။
သန္ဓေအားဆေးလည်းရှိ၍ သူမအလုပ်ပန်းမှာစိုးရိမ်စရာမလိုချေ။
ကျောက်မိုချင်းရုံးခန်းနားရောက်ရုံရှိသေး၊ လင်းလန်ဇီဖုန်းဆက်လာပြန်သည်။ သူကဖုန်းတန်းကိုင်ပြီး_
"ကျွန်တော် မိုချင်းရုံးခန်းထဲမှာ''
လင်းလန်ဇီလည်း ချက်ချင်းရုံးခန်းထဲရောက်လာသည်။
"ဘာဖြစ်လို့လဲ? အရေးကြီးလား?''
ချင်လင်ကမေးလိုက်သည်။
လင်းလန်ဇီက အစီရင်ခံသည်_
"ရှင်းကျန့်တယ်က သူဌေးကိုတွေ့ချင်တဲ့လူတစ်ယောက်ရှိတယ်... Venod တဲ့... နိုင်ငံတကာအိုလံပစ်အဖွဲ့ဝင်ပါ''
ချင်လင်က Venod နာမည်ကိုကြားဖူးသလိုလိုဖြစ်နေစဉ် နိုင်ငံတကာအိုလံပစ်ကော်မတီအဖွဲ့ဝင်ဟုကြားလိုက်သောအခါ ချက်ချင်းမှတ်မိသွားသည်။
အရင်အာဆီယံပွဲတုန်းက ချင်းလင်အားဖြည့်လက်ဖက်ရည်အစွမ်းထက်လွန်းသောကြောင့် ဂျပန်လိုအာရှနိုင်ငံများနှင့် ရှင်းကျန့်တယ်မှာ လဲကျမတတ်ပင်။
ထို့နောက် ချင်းလင်အားဖြည့်လက်ဖက်ရည်အပိတ်ခံရသည်။ ဒါရိုက်တာရန်ပေးသောသတင်းအရ ပိတ်ပင်ရန်အဆိုပြုသူက Venod ဖြစ်သည်။
ပိုပြီးရယ်စရာကောင်းတာက ချင်းလင်အားဖြည့်လက်ဖက်ရည်ကိုယ်စားလှယ်လုပ်ချင်တဲ့ကုန်သည်က ရှင်းကျန့်တယ်က၊ Venod နဲ့အမျိုးတော်ပုံရသည်တဲ့။