Chapters

ပစ္စည်းပို့စရာမလို! ရှင်းကျန့်တယ်ကလူများ! ၃

Vol. 56 Ch. 836

ပစ္စည်းပို့စရာမလို! ရှင်းကျန့်တယ်ကလူများ! ၃

Vol. 56 Ch. 836

Venod က သူ့ဆီလာရဲမည်ဟု မထင်မိ။

သူကအရူးမဟုတ်။ တစ်ဖက်ကရည်ရွယ်ချက်ကို သူရိပ်မိသည်။ အင်္ဂလန်နှင့်ဂျာမနီအဖွဲ့က ရေပူစမ်းဆေးမှုန့်ရသွားသောကြောင့် သူတို့အခွင့်အရေးရှိသည်ဟုထင်နေသည်။

"သူ့ကိုဧည့်ခန်းထဲခေါ်လိုက်''

ချင်လင်က လင်းလန်ဇီကိုမှာလိုက်သည်။

သူ အဲဒီ Venod နဲ့တွေ့ချင်သည်။ သူ့ကိုယ်စားလှယ်တော့ဖြစ်မှာမဟုတ်။ ဟိုရှီနိုရဲ့ရေပူစမ်းဆေးမှုန့်ကိုယ်စားလှယ်လုပ်မယ်ဆိုရင်တောင် သူ့ကိုဒီလိုနေရာမပေး။

ဂျာမနီနဲ့အင်္ဂလန်ကလူတွေက ဩဇာရှိတဲ့မိသားစု၊တော်ဝင်မိသားစုဝင်တွေ။ သူလိုနိုင်ငံတကာအိုလံပစ်ကော်မတီအဖွဲ့ဝင်က ဘာမလို့လဲ?

ဒီလူဘယ်လောက်မျက်နှာပြောင်မလဲ သူကကြည့်ချင်ရုံသာ။

"ကောင်းပါပြီ သူဌေး!''

လင်းလန်ဇီကခေါင်းညိမ့်ပြီး အစီအစဉ်ဆွဲရန် ရုံးခန်းအပြင်လျှောက်သွားသည်။

ခဏအကြာ ချင်လင်လည်း ရုံးခန်းထဲမှထွက်ပြီးဧည့်ခန်းထဲသွားသည်။

သူဝင်ဝင်ချင်း လူဖြူနှစ်ယောက်ကိုတွေ့ရသည်။

လင်းလန်ဇီက သူတို့သားအဖအတွက်လက်ဖက်ရည်ဖျော်ပေးနေ၏။

Venod က ချင်လင်ကိုမြင်လျှင် တန်းမေးသည်_

"မင်းတို့သူဌေး ဘယ်အချိန်လာမှာလဲ? ငါတို့သူနဲ့အရေးကြီးကိစ္စဆွေးနွေးစရာရှိတယ်... မင်းနဲ့အချိန်ဖြုန်းမနေနိုင်ဘူး''

ချင်လင်ကထိုစကားကြားပြီး သရော်ကြည့်နှင့်ကြည့်ကာ Venod တို့သားအဖနှင့်မျက်နှာချင်းဆိုင်တွင်ဝင်ထိုင်လိုက်သည်။

သူ့ပုံစံကြောင့် Venod တို့သားအဖကအနှောင့်အယှက်ဖြစ်သလို မျက်မှောင်ကြုတ်လိုက်သည်။

"လူကြီးမင်း... ဒါကျွန်မတို့သူဌေး ဥက္ကဌချင်ပါ''

လင်းလန်ဇီကပြောပြသည်။

ထိုစကားကြောင့် Venod နှင့် Vassing က လုံးဝကြောင်ပြီး မယုံနိုင်ပုံပေါက်သွားသည်။

သူတို့ကိုနှစ်ခါငြင်းခဲ့တဲ့သူက ဒီလောက်ငယ်တယ်ဆိုတာမယုံနိုင်၊ ခရမ်းချဉ်ဆော့ဘရန်းနှစ်ခုကိုလက်ပေါ်တင်ကစားခဲ့သူက ဒီလောက်ငယ်တယ်ဆိုတာလည်းမယုံနိုင်။

သူတို့ဟိုရှီနိုမှာ ဒီအရွယ်လောက်ဆို နိုက်ကလပ်တွေ၊ပါတီတွေ လျှောက်တက်နေတုန်းရှိဦးမည်။

သို့သော် နောက်မှ Venod ကပိုပြီးစိတ်သက်သာရာရသွားသည်။ သူ့အသက်ကြောင့်လည်း နောက်ဆက်တွဲတွေကိုမစဉ်းစားဘဲ ရှင်းကျန့်တယ်ကိုငြင်းခဲ့တာဖြစ်မည်။

ဘာပဲဖြစ်ဖြစ် သူတို့နိုင်ငံမှာ 'အမျိုးသားရေးစိတ်ဓာတ်ရှိသောလူငယ်' ဟူသည့်ဝေါဟာရရှိသည်။

ဒီလိုအမျိုးသားရေးစိတ်ဓာတ်ရှိသောလူငယ်မျိုးက နောက်ဆက်တွဲကိုမစဉ်းစားဘဲ ကိုယ်စိတ်ထဲရှိသလိုလုပ်တတ်သည်။ သူတို့က အဓိကအားဖြင့် ရှင်းကျန့်တယ်နှင့်ဂျပန်ကိုရန်လိုတတ်သည်။

တစ်နည်းပြောရရင် ဒီလိုလူမျိုးကဦးနှောက်မရှိ။ နိုင်ငံတစ်နိုင်ငံကမငြိမ်းချမ်းခင် အကျိုးအကြောင်းစဉ်းစားဖို့၊ အကျိုးအမြတ်ကြည့်ဖို့လိုသည်။

'ထာဝရမိတ်ဆွေမရှိ၊ ထာဝရအကျိုးသာရှိသည်' ဆိုသော သူတို့နိုင်ငံဆိုရိုးစကားတောင် သူတို့နားလည်ပုံမရ။

ဒါပေမဲ့ ဒီလိုလူငယ်တွေကြောင့်လည်း ဟိုဖက်ကသံတမန်နည်းနဲ့ဖိအားပေးတာဖြစ်မည်။ သံတမန်ကိစ္စဖြစ်သွားသည်နှင့် တစ်ဖက်ကစိတ်အခြေအနေ ခံနိုင်ရည်ရှိတော့မည်မဟုတ်။

ဘာပဲဖြစ်ဖြစ် သူကငယ်သေးသည်။ အမျိုးသားရေးစိတ်ဓာတ်ရှိသောလူငယ်က အမျိုးသားရေးစိတ်ဓာတ်ရှိသောလူငယ်သာ။

ကံမကောင်းစွာပင် သူကပြဿနာတချို့ကိုမြင်နိုင်လောက်သောအရပ်မျိုးမရှိသည့် အားကစားသမားသက်သက်ဖြစ်နေသည်။

ဩဇာကြီးမိသားစုဝင် Filis နှင့် တော်ဝင်မိသားစုမှ Wims ဒီလာတုန်းကတောင် သူ့လောက်ယုံကြည်ချက်မရှိ။

Venod က တစ်ဖက်သားစိတ်ကိုအမိဖမ်းနိုင်ပြီအထင်နှင့် ယုံကြည်ချက်ရှိရှိပြောလိုက်သည်_

"လူကြီးမင်းချင်... တွေ့ရတာဝမ်းသာပါတယ်... အရင်ဆုံး ငါလာရတဲ့ရည်ရွယ်ချက်ကိုပြောပြချင်ပါတယ်... မင်းကုမ္ပဏီရဲ့ရေပူစမ်းဆေးမှုန့်က အရမ်းနာမည်ကြီးနေတာ... ငါတို့ရှင်းကျန့်တယ်မှာစျေးကွက်အကြီးကြီးရှိတယ်... အဲဒါကြောင့် ရေပူစမ်းဆေးမှုန့်ရဲ့ကိုယ်စားလှယ်ဖြစ်ချင်လို့ပါ''

"ပြီးတော့ ငါတို့ကောင်းကောင်းပူးပေါင်းလို့ရပြီဆိုရင် ချင်းလင်အားဖြည့်လက်ဖက်ရည်နဲ့သန့်စင်မြက်လိုင်စင်ကိစ္စကိုလည်းလုပ်ပေးမယ်''

"ငါ့ကိုယုံ... ငါတို့ရှင်းကျန့်တယ်မှာ စျေးကွက်ကြီးကြီးရှိတယ်... လုံးဝစိတ်မပျက်စေရဘူး''