မျောကျောက်ကိုအသက်သွင်းတဲ့တော်ဝင်ပညာရှင်သုံးဦး!
Vol. 56 Ch. 837
Venod လေသံကယုံကြည်မှုအပြည့်နှင့်။ ချင်းလင်အားဖြည့်လက်ဖက်ရည်နှင့်သန့်စင်မြက်ကိုတောင် ထည့်ပြောလိုက်သေးသည်။
ဘာပဲဖြစ်ဖြစ် မူလသူ့အစီအစဉ်က ရေပူစမ်းဆေးမှုန့်ကိုရအောင်လုပ်ဖို့၊ ပြီးမှ ချင်းလင်အားဖြည့်လက်ဖက်ရည်နဲ့သန့်စင်မြက်ကိုယ်စားလှယ်ဖြစ်အောင် ဖြည်းဖြည်းချင်းလုပ်ဖို့ပင်။
ထို့ကြောင့် စကားပြောပြီးပြီးချင်း ချင်လင်ကိုပြုံးပြုံးနှင့်ကြည့်ကာ အဖြေစောင့်နေသည်။
"မစ္စတာ Venod... ခင်ဗျားတို့ဟိုရှီနိုကလူတွေက ဒီလိုပဲယုံကြည်မှုလွန်ကဲကြတာလား?''
တစ်ဖက်တွင် ချင်လင်က Venod ကိုသရော်သလိုကြည့်လိုက်သည်။
"ဘာသဘောလဲ လူကြီးမင်းချင်?''
Venod ကပြုံးပြုံးနှင့်ပင်မေးသည်။
ချင်လင်ကရယ်လိုက်ပြီး_
"မစ္စတာ Venod... ခင်ဗျားကယုံကြည်မှုလွန်ကဲရုံတင်မဟုတ်ဘူး... နပ်လည်းမနပ်ဘူး... ကျွန်တော်ပြောချင်တာက ခင်ဗျားကိုကိုယ်စားလှယ်ပေးဖို့ငြင်းတယ်''
သူ့စကားကြောင့် Venod အပြုံးကချက်ချင်းအေးခဲသွားပြီး အရိုင်းဆန်လာသည်_
"လူကြီးမင်းချင်... မင်းကတစ်ဖက်သတ်ကြီးပါလား... ဘာပဲဖြစ်ဖြစ် အင်္ဂလန်နဲ့ဂျာမနီကိုတောင် ရေပူစမ်းဆေးမှုန့်ပေးသေးတယ်လေ''
"အဲဒါ ကျွန်တော်ပေးချင်လို့''
ချင်လင်က ဂရုမစိုက်ဟန်နှင့်ပြောသည်။
"လူကြီးမင်းချင်''
Venod ကမျက်မှောင်ထပ်ကြုတ်သွားပြီး_
"ငါသိသလောက်တော့ ဟိုဘက်ကသံတမန်နည်းနဲ့ဖိအားပေးမှ မင်းကသဘောတူတာဆိုပဲ... ငါတို့ရှင်းကျန့်တယ်ရဲ့သံတမန်နည်းက သူတို့ထက်လျော့မယ်ထင်လား?''
"မစ္စတာ Venod... ခင်ဗျားကခြိမ်းခြောက်နေတာလား?''
နောက်ဆုံးတော့ Venod ဘာလို့ဒီလောက်တောင်ယုံကြည်မှုလွန်ကဲနေလဲ ချင်လင်သဘောပေါက်လိုက်သည်။
ဒီတော့ သူဒီလိုစီစဉ်ထားတာပေါ့။
တစ်ခုခု အထင်လွဲနေပြီထင်တယ်?
သူကဂျာမနီနဲ့အင်္ဂလန်ကိုရေပူစမ်းဆေးမှုန့်ကိုယ်စားလှယ်လုပ်ခွင့်ပေးတာ သူဆန္ဒရှိလို့။ အစကတည်းက ထိပ်ပြောင်နှစ်နိုင်ငံကိုသွင်းပြီး နိုင်ငံခြားငွေရအောင်လုပ်ချင်တာ။ သံတမန်နည်းနဲ့ဘာမှမဆိုင်။
"လူကြီးမင်းချင်... အဲဒါပူးပေါင်းမယ့်နည်းရှာရုံပါ''
Venod က ဂုဏ်ယူသံနှင့်ပြောသည်_
"ငါတို့ရှင်းကျန့်တယ်သားတွေက မဖြစ်နိုင်တာတွေကိုဖြစ်နိုင်အောင်လုပ်ဖို့ နည်းလမ်းရှာတဲ့နေရာမှာတော်တယ်''
"ဒါပေမဲ့ ကျွန်တော်ကဘာလို့ အလကားယုံကြည်မှုလွန်ကဲနေတာလို့ပဲ ထင်နေရတာလဲ?''
ချင်လင်ကရယ်ပြီး ရွဲ့ပြောသည်။
ထိုစကားများက လုံးဝမျက်နှာသာမပေး။
တစ်ဖက်ကခြိမ်းခြောက်နေတာကို ရယ်နေသေးရင် ဒါစိန်ခေါ်နေတာမလား?
Venod က ဒေါသထွက်သွားပြီး_
"လူကြီးမင်းချင်... ကြည့်ရတာ မင်းက ငါတို့ရှင်းကျန့်တယ်ရဲ့နိုင်ငံခြားရေးရာကို ဂျာမနီနဲ့အင်္ဂလန်လောက်မကောင်းဘူးလို့ထင်နေပုံပဲ! ငါတကယ်ဒီလိုမလုပ်ချင်ဘူးနော်''
ခြိမ်းခြောက်ပြန်ပြီ။
ချင်လင်ကအချိန်ထပ်မဖြုန်းချင်သောကြောင့် တဲ့ပြောလိုက်သည်_
"မစ္စတာ Venod... ခင်ဗျားကိုယ်ကိုယ်ယုံကြည်မှုလွန်ကဲနေတာ ပြီးမယ်မထင်တော့ဘူး... အမှန်အတိုင်းပြောရရင် ခင်ဗျားအဆင့်က ရှင်းကျန့်တယ်မှာဘာမှမဟုတ်ဘူး''
"ခင်ဗျားမှာအဆက်အသွယ်ရှိချင်ရှိမယ်... ဒါပေမဲ့ လုံးဝကိုယ်စားမပြုဘူး... ခင်ဗျားကနှစ်ကြိမ်တိုင်တိုင်ခြိမ်းခြောက်မှတော့ ကျွန်တော်ကြည့်နေလို့မရတော့ဘူး... ကျွန်တော့်ရဲ့တုံ့ပြန်မှုကို ခင်ဗျားလက်ခံနိုင်ပါစေလို့ဆုတောင်းပါတယ်''
Venod သဘောမပေါက်သေးခင် ချင်လင်က ဧည့်ခန်းအပြင်ဘက်လမ်းလျှောက်ထွက်သွားသည်။
သူကအပြင်ရောက်သောအခါ နိုင်ငံခြားကိုဖုန်းခေါ်လိုက်သည်။
ဩဇာရှိမိသားစုဝင် Filis Aude ဆီပင်။
ဖုန်းဝင်ဝင်ချင်း ချင်လင်ကအပြတ်ပြောလိုက်သည်_
"မစ္စတာ Filis... ကျွန်တော်တို့ချင်းလင်ကုမ္ပဏီက ခင်ဗျားတို့မိသားစုကိုပစ္စည်းဆက်မပို့နိုင်တော့လို့ အားနာပါတယ်... ရှင်းကျန့်တယ်က Venod ဆိုတဲ့လူတစ်ယောက်က သံတမန်နည်းသုံးပြီး ခင်ဗျားတို့ဆီဆက်မပို့ဖို့ဖိအားပေးတယ်... ဘာပဲဖြစ်ဖြစ် သူကရှင်းကျန့်တယ်ကလေ''
ထိုသို့ပြောပြီး Filis ဘာမှပြန်မပြောနိုင်ခင် ဖုန်းချပစ်လိုက်သည်။
ထို့နောက် တော်ဝင်မိသားစုမှ Wims ဆီဖုန်းဆက်ပြန်သည်_
"မစ္စတာ Wims... အားနာပါတယ်... ခင်ဗျားဆီပစ္စည်းဆက်မပို့နိုင်တော့ဘူး... ရှင်းကျန့်တယ်က လာရှုပ်နေပြီ''
ချင်လင်က ဒီအတိုင်းပြောပြီးဖုန်းချလိုက်သည်။
Wims ကိုပြောခွင့်မပေး။
နောက်ခဏတွင် သူ့ဖုန်းမြည်လာသည်။
Filis နဲ့ Wims။
သူကဖုန်းကိုင်ဖို့စိတ်ကူးမရှိ။ ဧည့်ခန်းထဲကို သရော်ကြည့်နှင့်ကြည့်လိုက်သည်။
သူကနိုင်ငံတကာအိုလံပစ်ကော်မတီအဖွဲ့လေးပဲဟာ၊ ရှင်းကျန့်တယ်မှာ သူဌေးကြီးတောင်မဟုတ်။ သူ့ကိုလာခြိမ်းခြောက်ရအောင် သူ့ကိုယ်သူအထင်ကြီးလွန်းနေတာပဲ။
Aude မိသားစုနဲ့ အင်္ဂလန်တော်ဝင်မိသားစုက သည်းခံနိုင်မလားတော့ သူမသိ။
သည်းမခံနိုင်လောက်။
ရှင်းကျန့်တယ်ရဲ့နိုင်ငံခြားရေးရာကို ပြဿနာတက်အောင်တောင်လုပ်နိုင်သည်။
ဒါသူများလက်နဲ့မြွေဖမ်းတာပဲ။
Aude မိသားစုနဲ့ အင်္ဂလန်တော်ဝင်မိသားစုကို သူ့ထုတ်ကုန်တွေအသည်းအသန်လိုချင်အောင် ဘယ်သူလုပ်ထားလို့လဲ?
သူကဖုန်းချပြီး ချင်းလင်အပန်းဖြေစံအိမ်ထဲလျှောက်သွားလိုက်သည်။
တစ်ဖက်တွင်_
ဂျာမနီ_
Filis က မဝင်သောဖုန်းကိုကြည့်ရင်း စိတ်ပျက်လက်ပျက်ဖြစ်နေသည်။
ရေပူစမ်းဆေးမှုန့်ကိုယ်စားလှယ်ကိစ္စကိုဖြေရှင်းပြီးနောက် မိသားစုထဲတွင် အရေးပါအရာရောက်သောနေရာတွင်နေရသည်။ အခု ရေပူစမ်းဆေးမှုန့်က သူတို့မိသားစုထင်မထားလောက်အောင် အကျိုးအမြတ်ရနေသည်။
အဲဒီရှင်းကျန့်တယ်က Venod ဆိုတဲ့လူထွက်လာပြီး ဒုက္ခပေးမယ်လို့ဘယ်ထင်မလဲ?
သူကချက်ချင်း လူတစ်ယောက်ခေါ်ပြီး ဒေါသထွက်ထွက်နှင့်အမိန့်ပေးလိုက်သည်_
"ရှင်းကျန့်တယ်က Venod ဆိုတဲ့လူကိုရှာစမ်း''
တစ်ချိန်တည်းမှာ_
အင်္ဂလန်_
Wims လည်း သူ့အဖေဆီပြေးလာပြီး ထိုကိစ္စကိုအစီရင်ခံသည်။
"Venod ဆိုတဲ့လူကိုသွားရှာစမ်း... အရှေ့တိုင်းလူငယ်က ငါတို့ကိုစိတ်စမ်းနေပြီ''
တော်ဝင်ဘိုးတော်က ချက်ချင်းအမိန့်ပေးသည်။
ရေပူစမ်းဆေးမှုန့်သဘောတူညီချက်နှင့်စျေးနှုန်းကဂျာမနီထက်အများကြီးနည်းသောကြောင့် ထိပ်ပြောင်များက တော်ဝင်မိသားစုကိုထောက်ခံနှုန်းမှာ အများကြီးတက်လာသည်။
အခုအရှေ့တိုင်းလူငယ်က သူတို့ကိုပစ္စည်းမပို့ချင်တော့အောင် သက်သက်ဒုက္ခပေးတာမလား?
Venod ဘယ်သူလဲ ရှာဖို့မခက်။ ဘာပဲဖြစ်ဖြစ် နိုင်ငံတကာအိုလံပစ်ကော်မတီအဖွဲ့ဝင်များက ပြိုင်ပွဲများကျင်းပရန် နိုင်ငံအသီးသီးတွင်မကြာခဏလူလုံးပြရသည်။
သို့ရာတွင် Aude မိသားစုနှင့်အင်္ဂလန်တော်ဝင်မိသားစုက Venod ၏အချက်အလက်များရပြီးနောက် သူတို့လည်းကြောင်သွားသည်။
ဘာလဲဟ?