မျောကျောက်ကိုအသက်သွင်းတဲ့တော်ဝင်ပညာရှင်သုံးဦး! ၂
Vol. 56 Ch. 838
သူဌေးကြီးတောင် ဒီအရှေ့တိုင်းလူငယ်ကိုမခြိမ်းခြောက်ဘူးဆိုရင် ဒီလူငယ်ကနိုင်ငံအတွက်ဘယ်လောက်အရေးကြီးလဲ သူမသိဘူးလား?
ဒါဦးနှောက်မရှိတာ ဟုတ်တယ်မလား?
နောက်ပိုင်း နှစ်ဘက်လုံးက အရှေ့တိုင်းလူငယ်၏သဘောကိုနားလည်သည်။ ရည်ရွယ်ချက်ကပစ္စည်းမပြတ်ဖို့ဆိုသော်လည်း ဟိုဦးနှောက်မရှိတဲ့ကောင်ကိုသင်ခန်းစာပေးရမည်။
…
ချင်းလင်အပန်းဖြေစံအိမ်_
Venod နှင့် Vassing က ဒေါသထွက်ထွက်နှင့်ပြန်လာကြသည်။
အရှက်ခွဲခံလိုက်ရသလိုပင်။
အဲဒီကောင်က သူတို့ကိုမျက်စိထဲလုံးလုံးမထည့်တာ။
"အဖေ... အခုဘယ်လိုလုပ်ကြမလဲ?''
Vassing ကမျက်မှောင်ကြုတ်ကာပြောသည်။
"အရင်ပြန်ကြတာပေါ့''
Venod ကအေးစက်စက်နှင့်_
"သူတို့ကအကောင်းမှန်းမသိမှတော့ မစ္စတာ Phil ကိုပဲအကူအညီတောင်းကြတာပေါ့... သံတမန်နည်းနဲ့ဖိအားပေးရင် သူခံနိုင်ရည်ရှိမယ်မထင်ဘူး?''
သားအဖနှစ်ယောက်မှာ ရုံချန်းတွင်ဟိုတယ်ခန်းယူရန်စီစဉ်မထားသောကြောင့် အခန်းမရခဲ့။
မင်မြို့တော်တွင် နေရာယူရသည်။

သို့ဖြစ်၍ ချင်းလင်စံအိမ်မှထွက်ပြီး မင်မြို့တော်တန်းပြန်ရသည်။
မင်မြို့တော်ဟိုတယ်ပြန်ရောက်ရောက်ချင်း Venod က နိုင်ငံခြားရေးရာဝန်ကြီးမစ္စတာ Phil ကိုဖုန်းဆက်လိုက်သည်။
ဖုန်းဝင်လျှင် သူကချင်းလင်ကုမ္ပဏီကိုသံတမန်နည်းနှင့်ဖိအားပေးဖို့အကြောင်းပြောမည်အပြု တစ်ဖက်မှမစ္စတာ Phil ၏ဒေါသတကြီးအသံကိုကြားလိုက်ရသည်_
"Venod ငါ့ကိုပြောစမ်း... မင်းဘာတွေလုပ်ထားတာလဲ? မင်းတကယ် ငါတို့ကိုဒုက္ခပေးတာလား?''
ထိုစကားကြောင့် Venod ကကြောင်အမ်းအမ်းနှင့်မေးသည်_
"ဘာဖြစ်လို့လဲ မစ္စတာ Phil?''
ဖုန်းထဲမှ မစ္စတာ Phil ၏အေးစက်စက်အသံထွက်လာပြန်သည်_
"Venod... မင်းကပြန်မေးနေရသေးလား? မင်းကအင်္ဂလန်နဲ့ဂျာမနီကြားသံတမန်ရေးကိုဒုက္ခပေးတဲ့နေရာမှာတော်ပါပေတယ်... မင်းဆီကို FBA ရောက်လာတာစောင့်နေ!''
သူကပြောပြီးပြီးချင်း ဖုန်းချသွားသည်။
Venod မှာကြက်သေသေပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်သွားသည်။
ဂျာမနီနဲ့အင်္ဂလန်ကြား သံတမန်ရေး?
ဘယ်လိုဖြစ်ရတာလဲ?
ဘာရယ်မဟုတ် သူကဟိုလူငယ်ကိုသတိရသွားသည်။
သူလုပ်တာလား?
သူ့မှာဘာရှိလို့လဲ?

ထို့ကြောင့် လူက ကိုယ့်အဆင့်အတန်းကိုယ်သိဖို့လိုသည်။ ကိုယ့်အဆင့်နှင့်လုပ်နိုင်စွမ်းကိုကျော်ပြီးမလုပ်သင့်ပေ။
သုံးရက်ကုန်လွန်သွားသည်။
ချင်လင်ကမနက်အစောကြီးနိုးလာပြီး သူ့ဖုန်းထုတ်ကာ အင်တာနက်သတင်းများဖတ်လိုက်သည်။ ရေပန်းစားရှာဖွေမှုထဲရောက်နေသောနာမည်ကြီးသတင်းတစ်ပုဒ်ကို သူတွေ့လိုက်ရသည်။
နိုင်ငံတကာအိုလံပစ်ကော်မတီအဖွဲ့ဝင်တစ်ဦးကို စည်းမျဉ်းဖောက်ဖျက်ခြင်း၊ လာဘ်စားခြင်းကြောင့် FBA မှစုံစမ်းစစ်ဆေးနေပြီး ထောင်ချခံရတော့မည်ဆိုသောသတင်းပင်။
ဒီအိုလံပစ်ကော်မတီအဖွဲ့ဝင်စစ်ဆေးခံရတာ ဘာကြောင့် တရုတ်ပြည်မှာနာမည်ကြီးခေါင်းစဉ်ဖြစ်လာရသလဲဆိုတာကတော့ ပြီးခဲ့တဲ့အာဆီယံပွဲမှာ အိုလံပစ်ကော်မတီကလွှတ်လိုက်သောလူဖြစ်ပြီး ချင်းလင်အားဖြည့်လက်ဖက်ရည်ကိုတောင်ပိတ်ပင်ခဲ့သောကြောင့်ဖြစ်မည်။
သူ့နာမည်က Venod တဲ့!
သတင်းဖတ်ပြီး ချင်လင်ပြုံးလိုက်သည်။ စည်းမျဉ်းဖောက်ဖျက်ခြင်း၊ လာဘ်စားခြင်းက အကြောင်းပြချက်သက်သက်သာ။ သူသာလျှင် အကြောင်းရင်းကိုသိသည်။ ပြည်တွင်းသတင်းမီဒီယာက အကြောင်းရင်းကိုမသိနိုင်။
ထို့ကြောင့် တစ်ခါတလေ သူတပါးလက်နှင့်မြွေဖမ်းတာ အတော်လေးအသုံးတည့်သည်။
အထူးသဖြင့် ကိုယ်တကယ်လိုအပ်တဲ့ပစ္စည်းတစ်ဖက်လူမှာရှိနေရင် ဖိအားပေးလို့မရ။ စိတ်ကျေနပ်အောင်သာလုပ်ရသည်။
ထို့ကြောင့် တိုင်းပြည်အင်အားတောင့်တင်းသည်ကိုအတော်လေးကျေးဇူးတင်မိသည်။ တိုင်းပြည်သာအင်အားမရှိရင် Aude မိသားစုနှင့်အင်္ဂလန်တော်ဝင်မိသားစုက ဒီလိုစိတ်ကျေနပ်အောင်လုပ်နည်းကိုသုံးစရာလိုမည်မဟုတ်ပေ။
သူလည်း ချူယွဲ့ကိုဖုန်းဆက်ပြီး Filis နှင့် Wims အား ရေပူစမ်းဆေးမှုန့်နောက်တစ်သုတ်ပို့ခိုင်းသည်။
ဘာပဲဖြစ်ဖြစ် သူ့ရည်ရွယ်ချက်အထမြောက်ပြီဖြစ်၍ သူ့စိတ်ကူးကိုဖော်ပြရမည်။
ထိုသတင်းဖတ်ပြီး ချင်လင်စိတ်ခံစားချက်ကောင်းနေသည်။ ရုံးခန်းထဲမှထွက်ပြီးနောက် တော်ဝင်ပညာရှင်လီတို့လမ်းလျှောက်နေသည်ကိုတွေ့သော်လည်း တော်ဝင်ပညာရှင်ကျူး၊ တော်ဝင်ပညာရှင်ဖေးနှင့် တော်ဝင်ပညာရှင်စွန်းတို့ကိုမမြင်။
"တော်ဝင်ပညာရှင်လီ... တော်ဝင်ပညာရှင်ကျူးတို့ရော?''
သူကမေးလိုက်သည်။
တော်ဝင်ပညာရှင်လီကသက်ပြင်းချပြီး_
"သူတို့က မင်းစီစဉ်ပေးထားတဲ့အခန်းထဲမှာ တရုတ်သိပ္ပံအကယ်ဒမီကသုတေသနအဖွဲ့နဲ့အစည်းအဝေးလုပ်နေတာ... သူတို့သုံးယောက်က တို့သုံးယောက်နဲ့မတူဘူး... တို့သုံးယောက်ကဘာသုတေသနမှမရှိသေးတော့ နေ့တိုင်းဒီမှာနေပြီး အားဖြည့်နိုင်တယ်''
"သူတို့သုတေသနပရောဂျက်က အရမ်းအရေးကြီးတယ်... သူတို့သုံးယောက်လုံးစိတ်လောနေလို့ ပြီးခဲ့တဲ့သုံးရက်လုံးလုံးထွက်မလာကြဘူး''
ထိုစကားကြားပြီး ချင်လင်ခေါင်းညိမ့်လိုက်သည်။
သူလည်းအချိန်တန်ပြီဟုခံစားရသည်။
မျောကျောက်ကိုထိန်းရန် သူတို့ဖန်တီးထားသောစမ်းချောင်းထဲ နတ်ဘုရားစမ်းရေထပ်မထည့်ခဲ့။ ထို့ကြောင့် မျောကျောက်အာနိသင်မပြပေ။
အခုရက်ပိုင်းကုန်လွန်ပြီဖြစ်၍ တော်ဝင်ပညာရှင်သုံးဦးကမျောကျောက်အာနိသင်နှင့်ကြုံသင့်ပြီဟုထင်သည်။ တော်ဝင်ပညာရှင်သုံးဦးအတွက်အထောက်အကူဖြစ်မဖြစ်တော့ သူမသိ။
ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် သူစမ်းကြည့်ရမည်။ တိုင်းပြည်အင်အားရှိသည့်အတွက် သူကျေးဇူးတင်မိသေးသည်။
သူမှမထိခိုက်ဘဲ နည်းနည်းတော့ဝင်ပါရမယ်မလား!
သူကတွေးတောရင်း ဝိုင်သိုလှောင်ခန်းထဲဝင်ကာ သူ့ဂိမ်းဇာတ်ကောင်ကို ရေပုံးနှင့်နတ်ဘုရားမစမ်းရေသယ်ခိုင်းသည်။ စမ်းရေဖြည့်ပြီးနောက် စိုက်ခင်းထဲပြန်လာသည်။
ထို့နောက် ချင်လင်ကဂိမ်းထဲဝင်ပြီး နတ်ဘုရားစမ်းရေကိုဂိမ်းအပြင်ထုတ်လာသည်။ ဝိုင်သိုလှောင်ခန်းအပြင်ရောက်သောအခါ လှည်းရှာပြီးမျောကျောက်ဆီတင်သွားသည်။ ထို့နောက် နတ်ဘုရားမစမ်းရေကို သူတို့ဖန်တီးထားသောစမ်းချောင်းထဲလောင်းထည့်သည်။
ဒီတစ်ခါ မျောကျောက်ကိုပြန်ထိပြီး မှတ်ချက်ကြည့်လိုက်သည်:
(မျောကျောက်လိုအပ်ချက်ပြည့်စုံပါပြီ!)
ထိုစာမြင်ပြီး ချင်လင်လည်းပြုံးလိုက်သည်။
အခု ညရောက်အောင်စောင့်ရုံသာ။
ဒါပေမဲ့ တော်ဝင်ပညာရှင်ကျူးတို့ထွက်မလာရင် အာနိသင်ကြုံဖို့အကြောင်းမရှိ။
ထို့ကြောင့် သူကအကြံထုတ်ပြီး အရည်အသွေး ၂ ပင်လယ်ဂဏန်း၊ အရည်အသွေး ၂ ပင်လယ်ငါးနှင့် အရည်အသွေး ၂ ပင်လယ်ပုစွန်ကြီးများကိုဂိမ်းထဲမှထုတ်လာခဲ့သည်။