မျောကျောက်ကိုအသက်သွင်းတဲ့တော်ဝင်ပညာရှင်သုံးဦး! ၃
Vol. 56 Ch. 839
အရည်အသွေး ၂ ပင်လယ်စာ။
အရမ်းကြီး။ အရမ်းဆွဲဆောင်မှုရှိ။
ပြီးတော့ သူ့မှာငါးနှင့်အခွံမာချက်နည်းရှိသည့်အပြင် အရည်အသွေး ၂ ဆေးပင်များနှင့် အရသာအရှိဆုံး အရည်အသွေး ၃ တော်ဝင်ဆေးစွပ်ပြုတ်လည်းလုပ်နိုင်သည်။
သူကထိုပစ္စည်းများကို တော်ဝင်ပညာရှင်လီတို့မမြင်မြင်အောင်ပြထားသည်။
"သူဌေးချင်''
တော်ဝင်ပညာရှင်လီက_
"ဂဏန်းတွေ ငါး ပုစွန်တွေကကြီးလိုက်တာ... သာမန်တော့မဟုတ်ဘူးမလား?''
ချင်လင်ကပြုံးပြီး ရှင်းပြသည်_
"တော်ဝင်ပညာရှင်လီပြောတာမှန်တယ်... ဒါတွေအားလုံးက ရှားပါးပင်လယ်စာတွေပါ... သက်တမ်းလည်းရင့်တယ်... တော်ဝင်ပညာရှင်ကြီးသုံးယောက်ကအရမ်းပင်ပင်ပန်းပန်းလုပ်နေလို့ ကျွန်တော်နည်းနည်းချက်ထားတာ... ဒီညတော်ဝင်ဆေးစွပ်ပြုတ်လုပ်ပြီး အားပေးဦးမှာ''
"သူဌေးချင်... မင်းကသူတို့သုံးယောက်အတွက်ပဲလား!''
တော်ဝင်ပညာရှင်ဟောင်က စသည်။
"တော်ဝင်ပညာရှင်ဟောင်တို့သုံးယောက်ကို ချန်ထားလို့ဘယ်ဖြစ်မလဲ?''
ချင်လင်ကပြောသည်_
"ကျွန်တော်အခု ပင်လယ်စာတွေလုပ်လိုက်ပါဦးမယ်... ညကျရင် တော်ဝင်ပညာရှင်ကြီးသုံးယောက်ကိုဖိတ်ပေးပါဦးဗျာ''
"ဒီကိစ္စလေးက တို့တာဝန်ထား''
တော်ဝင်ပညာရှင်ဟောင် ပြုံးလိုက်သည်။
သူ့ရည်ရွယ်ထားသည့်အတိုင်းဖြစ်၍ ချင်လင်က တော်ဝင်ပညာရှင်ကြီးသုံးဦးကို သူကိုယ်တိုင်မဖိတ်တော့။ ညကျရင် အကြောင်းတစ်ခုခုပြပြီး တော်ဝင်ဆေးစွပ်ပြုတ်ကိုပန်းခြံထဲယူသွားကာ မျောကျောက်အာနိသင်ပြဖို့သာစောင့်ရတော့မည်။ အဲဒီနောက် တော်ဝင်ပညာရှင်သုံးဦးကို ဒုံးပျံအကြောင်းပြောဖို့လမ်းကြောင်းပေးမည်။
သို့ရာတွင် တော်ဝင်ပညာရှင်လီပြောလာသောစကားကြောင့် သူအံ့ဩမိလေသည်_
"သူဌေးချင်... ညစာကိုပန်းခြံထဲစားကြရင်မကောင်းဘူးလား? စံအိမ်မှာထမင်းစားနေရင်း အပြင်ပတ်ဝန်းကျင်ကိုတစ်ခါမှမခံစားဖူးဘူး... တစ်ခါတလေ အစားစားရင်း လေညှင်းခံတာလည်း သာယာမှုတစ်မျိုးပဲ''

"ကောင်းပါပြီ... တော်ဝင်ပညာရှင်လီပြောသလိုလုပ်ပါမယ်''
ချင်လင်က အတိုင်းထက်အလွန်ပင်။ သူအိပ်ငိုက်နေတုန်း တော်ဝင်ပညာရှင်လီကခေါင်းအုံးပေးလာသည်။
တော်ဝင်ဆေးစွပ်ပြုတ်ကို ထူးထူးခြားခြားပင်လယ်ဂဏန်း၊ ပင်လယ်ပုစွန်၊ ပင်လယ်ငါးများနှင့်လုပ်ထားသည်ဆို၍ တော်ဝင်ပညာရှင်ကျူးတို့အတော်စိတ်ဝင်စားနေသည်။
ထို့ကြောင့် တော်ဝင်ပညာရှင်လီတို့ပြောနေကြစဉ် တော်ဝင်ပညာရှင်ကြီးသုံးယောက်လည်းထွက်လာကြသည်။ သူတို့ကပန်းခြံထဲသွားပြီး ကျောက်စားပွဲပတ်ပတ်လည်တွင်ထိုင်ကာ စောင့်နေကြသည်။
ပန်းခြံကျောက်စားပွဲမှာ လူ ၆ ယောက်အသာလေးထိုင်နိုင်သည်။
တော်ဝင်ပညာရှင်ကျူး: "ဒီပန်းခြံရှုခင်းက အရမ်းလှတာပဲ''
တော်ဝင်ပညာရှင်စွန်း: ''တို့သုံးယောက်က သွားရည်မထိန်းနိုင်လို့... အသံကြားတာနဲ့ထွက်လာတာ''
တော်ဝင်ပညာရှင်လီ: ''အမှန်ပဲ... နှစ်ခုပေါင်းရင် ပြီးပြည့်စုံပြီ... ဒီမှာစားရရင် အရမ်းခံစားလို့ကောင်းမှာပဲ... တော်ဝင်ပညာရှင်လီအကြံပေးတာမဆိုးဘူး''
တော်ဝင်ပညာရှင်များစကားပြောနေရင်း ညစာစားချိန်ကျလာသည်။ သူဌေးချင်ဘက်ကဘာမှအသံမကြားသေး။ စားပွဲထိုးနှစ်ဦးက အသီးအနှံများနှင့်ရောက်လာသည်။
တစ်ယောက်က အားတုံ့အားနာနှင့်အပြေးလာပြီး_
"တော်ဝင်ပညာရှင်ကြီးတို့... သူဌေးကတောင်းပန်ခိုင်းလိုက်ပါတယ်... ဟိုမှာကိစ္စလေးနည်းနည်းရှိလို့ တော်ဝင်ဆေးစွပ်ပြုတ်ပို့တာနောက်ကျမယ်တဲ့... အသီးလေးတွေ အရင်စားထားပါဦး''

တချို့ကသဘောပေါက်ပြီး နားလည်ကြောင်းချက်ချင်းဖော်ပြသည်။
အချိန်ကုန်လွန်သွားပြီး ကောင်းကင်ကလုံးဝမှောင်ကျလာသည်။ သူတို့ဖန်တီးထားသောစမ်းရေထဲမှမျောကျောက်လည်း အလင်းဖျော့ဖျော့ထွက်လာပြီး တော်ဝင်ပညာရှင်ကျူးတို့နှင့်ပန်းခြံတဝက်လောက်ကိုဖုံးလွှမ်းသွားသည်။
ပတ်ဝန်းကျင်က ရုတ်တရက်စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းဆန်ဆန်ဖြစ်လာ၏။
"အာ... ဒီညဘာလို့ အလင်းကနည်းနည်းထူးခြားနေသလိုခံစားရတာလဲ?''
တော်ဝင်ပညာရှင်ကျူးက နည်းနည်းဇဝေဇဝါဖြစ်နေသည်။
တော်ဝင်ပညာရှင်ဖေးနှင့်တော်ဝင်ပညာရှင်စွန်းက အမှတ်တမဲ့သူ့ကိုကြည့်လိုက်သည်။ သူတို့လည်းအလင်းရောင်ကထူးခြားသည်ဟုခံစားရသည်။ သို့သော် ဘယ်လိုထူးမှန်းမသိ။
ပြောမပြတတ်သော ခံစားချက်ပင်။
တော်ဝင်ပညာရှင်လီတို့က ဘာမှထွေထွေထူးထူးမခံစားရ။
တော်ဝင်ပညာရှင်လီ: "တော်ဝင်ပညာရှင်ကျူး... ခင်ဗျားတို့ကအပြင်မထွက်တာ သုံးရက်ရှိပြီ''
တော်ဝင်ပညာရှင်ဟောင်: ''ဟုတ်တယ်... တစ်ရက်ခြားရင် သုံးနှစ်လိုပဲ''
သူတို့အပြောကို တော်ဝင်ပညာရှင်ကျူးကလက်ခံလိုက်ရသည်။ ဘာပဲဖြစ်ဖြစ် တချို့အရာတွေကိုရက်ပိုင်းလောက်မမြင်လိုက်ရရင် ဝတ္ထုဆန်လာသည်။
ဆေးစွပ်ပြုတ်က ရောက်မလာသေးသောကြောင့် သူကတော်ဝင်ပညာရှင်ဖေးနှင့်တော်ဝင်ပညာရှင်စွန်းအား_
"ခင်ဗျားတို့နှစ်ယောက်ရော တို့ဒုံးပျံရဲ့တွန်းကန်အားကိုပြုပြင်နိုင်မယ်ထင်လား?''
ထိုအခိုက် တော်ဝင်ပညာရှင်ကျူးကပြောနေစဉ် ရုတ်တရက်ကြောင်သွားပြီး သူ့စိတ်ထဲလျှပ်တပြတ်အတွေးဝင်လာ၍ ပါးစပ်အဟောင်းသားဖြစ်သွားသည်။
ဒီဒုံးပျံပရောဂျက်အပေါ် အရင်လုပ်ထားသောသုတေသနက သူ့မျက်လုံးထဲထင်ရှားသည်ထက်ထင်ရှားလာသည်။