← Chapters

မရှုပ်ဘူးမလား?

Vol. 56 Ch. 840

မရှုပ်ဘူးမလား?

Vol. 56 Ch. 840

တော်ဝင်ပညာရှင်ကျူးကရုတ်တရက်ကြောင်သွားပြီး အတော်ကြာကြာစကားမပြောနိုင်။

တော်ဝင်ပညာရှင်လီတို့က ဇဝေဇဝါနှင့်ကြည့်နေသည်။

"တော်ဝင်ပညာရှင်ကျူး... ဘာဖြစ်လို့လဲ?''

တော်ဝင်ပညာရှင်လီကမေးသည်။

တော်ဝင်ပညာရှင်ကျူးက မဖြေ။ သူကရုတ်တရက်အတွေးပေါက်ပြီး တော်ဝင်ပညာရှင်စွန်းနှင့်တော်ဝင်ပညာရှင်ဖေးကိုအမြန်ပြောလိုက်သည်_

"လောင်စွန်း... လောင်ဖေး... ဒုံးပျံရဲ့တွန်းကန်အားနဲ့စွမ်းအင်သိုလှောင်မှုတိုးဖို့ ΔV= fc ×ln (M+P)/M) ကို delta V= fc ×ln (M+P)/M) ဒါမှမဟုတ် (M+P)/M = e^(delta V/fc) V =& gt; ပြောင်းနိုင်မယ်ထင်လား?''

တော်ဝင်ပညာရှင်စွန်းနှင့်တော်ဝင်ပညာရှင်ဖေးလည်းကြောင်သွားသည်။ သူတို့ကရုတ်တရက်အကြံရလာသည်။

"လောင်ကျူး... ရမယ်ထင်တယ်''

တော်ဝင်ပညာရှင်စွန်းကခဏတွေးပြီး ခေါင်းညိမ့်လိုက်သည်။

"စမ်းကြည့်မယ်!''

တော်ဝင်ပညာရှင်ဖေးက ချက်ချင်းထပြောသည်။

ထိုအခိုက်တွင် စိတ်ကူးရလာသောအယူအဆက လုံးဝမယုံနိုင်စရာပင်။

တော်ဝင်ပညာရှင်ကျူးစကားနားထောင်ပြီးနောက် ဖြစ်နိုင်သောပြောင်းလဲမှုအမျိုးမျိုးက သူတို့စိတ်ထဲဖြတ်ခနဲဝင်လာသည်။

"လောင်စွန်း... သုတေသနကွန်ပျူတာသွားယူပါဦး... ငါတွက်ချက်ကြည့်ဖို့ သုတေသနဆော့ဖ်ဝဲသုံးချင်တယ်''

လီခိုင်လိုပင် တော်ဝင်ပညာရှင်ကျူးကငုတ်တုတ်ထိုင်ချပြီး ကျောက်တုံးနှင့်မြေပေါ်တွင်စရေးတော့သည်။ တစ်ချိန်တည်းမှာ သူက_

"တရုတ်သိပ္ပံအကယ်ဒမီကို VC ခေါ်ပြီး တစ်ခါတည်းသူတို့ကိုပါ သုတေသနတွက်ချက်ခိုင်းပါ''

ဒီလိုစိတ်ကူးစိတ်သန်းမျိုးကို လျှပ်တပြတ်ပျောက်သွားမှာစိုး၍ သူချက်ချင်းမှတ်တမ်းတင်ထားချင်သည်။ မဟုတ်ရင် နည်းနည်းလောက်ပေါ့လျော့တာနှင့် ရလဒ်ကလုံးဝခြားနားသွားနိုင်သည်။



တော်ဝင်ပညာရှင်လီတို့က နည်းနည်းဇဝေဇဝါဖြစ်နေကြသည်။

ဒီလိုမြင်ကွင်းမျိုးမြင်ဖူးတာ ဒါဒုတိယအကြိမ်ပင်။ အရင်က ပါမောက္ခလီခိုင်၊ အခု တော်ဝင်ပညာရှင်ကျုး။

ကြည့်ရတာ သူတို့ခန့်မှန်းချက်ကမှန်ပုံရသည်။

ဒီစံအိမ်ပတ်ဝန်းကျင်၊ လေထု၊ အမျိုးမျိုးသောဝန်ဆောင်မှုများ၊ ဆေးစွပ်ပြုတ်နှင့် အနားယူအားဖြည့်ခြင်းက လူတစ်ယောက်ကိုအကောင်းဆုံးအနေအထားရောက်စေသည်။ စိတ်ရောကိုယ်ပါအနားရပြီး ပုံမှန်ကန့်သတ်ချက်ထက်ကျော်လွန်၍အလွယ်တကူလုပ်နိုင်လာသည်။

တော်ဝင်ပညာရှင်စွန်းနှင့်တော်ဝင်ပညာရှင်ဖေးက တော်ဝင်ပညာရှင်ကျူးညွှန်ကြားသည့်အတိုင်း တုံ့ဆိုင်းမနေဘဲစံအိမ်ထဲဝင်လာကြသည်။

တော်ဝင်ပညာရှင်စွန်းက မာဟုန်ကိုလူခေါ်ပြီး သုတေသနကွန်ပျူတာကြီးကို ပန်းခြံထဲသယ်လာခိုင်းသည်။

တော်ဝင်ပညာရှင်ဖေးကလည်း တရုတ်သိပ္ပံအကယ်ဒမီကို VC ခေါ်သည်။ သူကစကားပြောစက်ကို တော်ဝင်ပညာရှင်စွန်းဆီလွှဲပေးသည်။ တော်ဝင်ပညာရှင်ကျူးတွက်ချက်ပြီးလျှင် သုံးဖက်လုံးတစ်ပြိုင်တည်းဆက်သွယ်ကြမည်။

မကြာမီ သုတေသနကွန်ပျူတာကိုပန်းခြံထဲရွှေ့လာသည်။

လီခိုင်အတိုင်း တော်ဝင်ပညာရှင်ကျူးကဖော်မြူလာကိုအမြန်ချရေးပြီး သုတေသနကွန်ပျူတာထဲထည့်သည်။

သူ့ဘေးတွင် တော်ဝင်ပညာရှင်ဖေးကစကားပြောစက်နှင့် တော်ဝင်ပညာရှင်စွန်းဆီအခြေအနေကိုတင်ပြနေသည်။

သုတေသနကွန်ပျူတာနှင့်မာတီမီဒီယာထိန်းချုပ်ကိရိယာများကိုချိတ်ဆက်ထားသောကြောင့် တော်ဝင်ပညာရှင်ကျူးရေးသမျှဖော်မြူလာအချက်အလက်များကို တော်ဝင်ပညာရှင်ဖေးကလည်း သူ့အခန်းထဲမှကြည့်နိုင်သည်။

တော်ဝင်ပညာရှင်ကျူးက ဖော်မြူလာကိုကွန်ပျူတာထဲထည့်ကာတွက်ချက်ရင်း မျက်နှာပေါ်ပြုံးရိပ်သမ်းလာသည်။



တစ်ချိန်တည်းမှာ_

တရုတ်သိပ္ပံအကယ်ဒမီအထူးဒုံးပျံသုတေသနဌာန၌_

မာတီမီဒီယာအစည်းအဝေးခန်းထဲတွင် တော်ဝင်ပညာရှင်စွန်းကစုဝေးရန်ညွှန်ကြားထားသောသုတေသနသမားများမှာ တော်ဝင်ပညာရှင်ကျူးတင်သွင်းသောနောက်ဆုံးသုတေသနအချက်အလက်များကိုကြည့်နေကြသည်။

ထို့နောက် နောက်ဆုံးသုတေသနအချက်အလက်အတိုင်း သုတေသနကိုစတင်တွက်ချက်သည်။

တရုတ်သိပ္ပံအကယ်ဒမီကလူများမှာ ကိရိယာကိုကြည့်ရင်း စိတ်လှုပ်ရှားပုံပေါက်လာသည်။

သုတေသနတွက်ချက်မှုကအဆင်ပြေသောကြောင့် တော်ဝင်ပညာရှင်ကျူး၏စိတ်ကူးအသစ်နှင့်ဦးတည်ချက်က လုံးဝဖြစ်နိုင်ချေရှိသည်။

ဒီအတိုင်းဆိုရင် လျှောက်လွှာရေးပြီး ခေါင်းဆောင်ကိုအသိပေးကာ ရုပ်ပိုင်းသုတေသနစတင်၍ အစိတ်အပိုင်းအသီးသီးထုတ်လုပ်ရန်ပြင်ဆင်ထားနိုင်သည်။

ဒီလောက်အကြာကြီးတန့်နေသောပြဿနာကို တော်ဝင်ပညာရှင်က ချင်းလင်အပန်းဖြေစံအိမ်ရောက်သွားပြီးဖြေရှင်းနိုင်မည်ဟု လုံးဝမထင်မိပေ။

ချင်းလင်အပန်းဖြေစံအိမ်က အင်တာနက်မှာပြောကြသလို တကယ်ပဲဉာဏ်အလင်းပွင့်တဲ့နေရာလား?

နောက်ပြီး ရှင်းကျန့်တယ်က အာကာသဒုံးပျံလွှတ်တင်ရေးတွင်အဆင့်တက်တော့မည်ဟုပြောနေသော်လည်း ၎င်းနှင့်ဆက်စပ်သောသုတေသနရော သတင်းပါမကြားရ။

သူတို့ကအရင်အဆင့်တက်ပြီး သုတေသနလုပ်နိုင်ရင် အတော်အရေးပါလိမ့်မည်။

ရှင်းကျန့်တယ်က နည်းဗျူဟာလက်နက်များနှင့် ခေတ်မီအဆင့်မြင့်လက်နက်အမျိုးမျိုးသုံးပြီး မတန်တဆလုပ်သည်။ ဒီအပိုင်းမှာ တခြားနိုင်ငံများက သူတို့လောက်မတော်ကြ။

မိမိနိုင်ငံကအမြဲနောက်ကောက်ကျကျန်ခဲ့ပြီး အမီလိုက်နေရသောအခြေအနေမှာရှိသည်။

သူတို့သာ ဒုံးပျံသုတေသနမှာတစ်ဆင့်တက်ပြီး ဟိုရှီနိုကိုဦးဆောင်နိုင်ရင် သူတို့နည်းပညာကလိုက်မီသည့်အပြင် ကျော်တောင်တက်သွားဦးမည်။

ဒီအချက်က အတော်အရေးပါပြီး လူတွေကိုလှုံ့ဆော်မှုပေးကာ ရှင်းကျန့်တယ်ကိုရိုက်ခတ်သွားလိမ့်မည်။

ထိုအချိန်တွင် ဘယ်သူမှသတိမလွတ်ရဲ။ သုတေသနသရုပ်ပြမှုအပေါ်အာရုံစိုက်ထားကြသည်။

ချင်းလင်အပန်းဖြေစံအိမ်_

ချင်လင်ကဆေးစွပ်ပြုတ်လုပ်ပြီးသောအခါ အပြင်သယ်သွားခိုင်းသည်။ သူစံအိမ်ထဲရောက်သောအခါ အလုပ်ရှုပ်နေသောတော်ဝင်ပညာရှင်ကျူးနှင့်တော်ဝင်ပညာရှင်ဖေးကိုတွေ့လိုက်ရသည်။

ဘာတွေဖြစ်နေလဲ သူချက်ချင်းသဘောပေါက်သည်။

ကြည့်ရတာ သူဘာမှအားထုတ်စရာမလိုတော့။ တော်ဝင်ပညာရှင်ကျူးတို့က မျောကျောက်အာနိသင်နှင့်ကြုံပြီးကြပြီ။

တော်ဝင်ပညာရှင်လီက ချင်လင်ကိုမြင်သောအခါ ချက်ချင်းရောက်လာပြီးတိုးတိုးပြောသည်_

"သူဌေးချင်... တော်ဝင်ပညာရှင်ကျူးတို့က ရုတ်တရက်စိတ်ကူးရသွားကြတာ... သူတို့ကိုအနှောင့်အယှက်မဖြစ်စေနဲ့... ဒါတွေ သူတို့ဘေးနားကကျောက်စားပွဲပေါ်တင်ထားလိုက်ပါ''

ချင်လင်ကခေါင်းညိမ့်ပြီး ဆေးစွပ်ပြုတ်ကိုဘေးနားရှိကျောက်စားပွဲပေါ်တင်ခိုင်းသည်။ ထို့နောက် သူတို့ကိုထွက်သွားခိုင်းလိုက်၏။

ထို့နောက် တော်ဝင်ပညာရှင်လီ၊ တော်ဝင်ပညာရှင်လင်းနှင့် တော်ဝင်ပညာရှင်ဟောင်တို့လည်း ကျောက်စားပွဲတွင်ထိုင်လိုက်ကြသည်။ သူတို့ကအရသာရှိသောတော်ဝင်ဆေးစွပ်ပြုတ်ကိုစားသောက်ရင်း တော်ဝင်ပညာရှင်ကျူးတို့အလုပ်ရှုပ်နေသည်ကိုထိုင်ကြည့်ကြသည်။

သူတို့အဖို့တော့ ကြည်နူးစရာပင်။

တော်ဝင်ပညာရှင်ကျူးတို့က ဖော်မြူလာများကိုကောက်ချက်ချပြီး ဖြစ်နိုင်ခြေကပိုသေချာလာသောကြောင့် သူတို့လည်း ညမလွန်ခင် သိပ္ပံသုတေသနကိုဝမ်းသာအားရစိတ်နှစ်ပြီးလုပ်ကြသည်။

နောက်နေ့မနက် ပန်းခြံထဲတွင် တော်ဝင်ပညာရှင်ကျူး စိတ်လှုပ်ရှားပြီးအော်သံကိုကြားရသည်။

အမှန်ပင်။ တော်ဝင်ပညာရှင်ကျူးတို့က မျောကျောက်၏လှုံ့ဆော်မှုကြောင့် ပန်းခြံထဲတွင်တစ်ညလုံးအဖြေထုတ်တွက်ချက်ခဲ့လေသည်။

All Chapters