← Chapters

အခန်း (၁၄၃)

Vol. 11 Ch. 143

အခန်း (၁၄၃)

Vol. 11 Ch. 143

သာ့ချောင်သည် သိချင်စိတ်အပြည့်ဖြင့် စိုက်ကြည့်ကာ မေးခဲ့သည်။ "အကိုကြီးဟော်ချီရဲ့ မျက်နှာက ဘာလို့ နီနေတာလဲ?"

ဟော်ချီ၏ မျက်နှာက ပူလာသည်။ "... အခုနက အဝေးပြီး လျှောက်လာထားလို့ နည်းနည်း ပူနေတယ်။ ​​ဒါနဲ့ မင်းဘာဆက်လုပ်မလဲ?"

သာ့ချောင်သည် နေရောင်အောက်တွင် သူ့နားရွက်များ လျင်မြန်စွာ အနီရောင်ပြောင်းသွားသည်ကို တွေ့လိုက်ရသည်။ သူမသည် ရယ်စရာကောင်းသည်ဟု ခံစားရသည်။ "အဖွားကို ပြောပြချင်တယ်!"

ဟော်ချီသည် သူမ၏ ဆုံးဖြတ်ချက်ကို လက်ခံသည်။ သာ့ချောင်၏ အဖွားသည် ကျိုးကြောင်းဆီလျော်ပြီး ကြီးစိုးသည်။ ရှောင်ချောင်၏ လှည့်ကွက်တွေကို သူမက အောင်မြင်စေမည် မဟုတ်ပေ။

သူတို့နှစ်ဦးသည် ဟင်းရွက်ရိုင်းများကို ဆက်လက်ကောက်ယူရန် ပြန်မသွားမီ မြေကြီးကို ပြန်မြှုပ်လိုက်ကြသည်။

ရွာသူရွာသားများသည် ဒီဘက်တွင် ရွှင်မြူးနေကြသည်။ အသီးအနှံနဲ့ ငါးတွေ အများကြီးပဲ။ နှစ်သစ်မှာတောင် ဒီလောက်မရှိဘူး!

ပျော်ရွှင်ခြင်းအပြင် လူတိုင်းက နောင်တနှင့် သက်ပြင်းချကြသည်။ စောစောကတည်းက အဲဒီလို ဝင်ပေါက်ကို ဘာကြောင့် ရှာမတွေ့တာလဲ?

အနောက်ဘက်သစ်တော၏ အခြားဝင်ပေါက်တွင်ထောင်ချောက်ကို လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းကတည်ဆောက်ခဲ့သည်။ ထိုအချိန်တုန်းက တောင်တန်းတွင် မြူခိုးများ သိပ်မရှိသေးပေ။ နောက်ပိုင်းတွင် မြူခိုးများ ပိုများလာသည့်အခါ ဘယ်သူမှ ပေါ့ပေါ့ဆဆ မဝင်ရဲကြတော့ပေ။

ဒီအကြိမ်က တကယ်ကို ရိတ်သိမ်းချိန်ပင်။ အိမ်ထောင်စုတိုင်းတွင် အနည်းဆုံး ငါးနှစ်ကောင်နှင့် သစ်သီး ဆယ်ဂျင်းတို့ကို ရသည်။ ထွားကျိုင်းသော ငါးကြင်းများကို ကြည့်ပြီး လူတိုင်းက တံတွေးမျိုချလိုက်ကြသည်။

ဟော်ချီ၏ မိသားစုသည် လမ်းကို ဦးဆောင်ရာတွင် ပါဝင်ကြောင့် ငါးတစ်ကောင်နှင့် သစ်သီးနှစ်ဂျင်းကို ခွဲဝေရရှိသည်။

ဝမ်ရွှေရှန်သည် လူတိုင်းကို နေရာတိုင်းတွင် မပြန့်စေရန် အထူးညွှန်ကြားထားသည်။ အခြားထုတ်လုပ်ရေးအဖွဲ့များမှ လူများ သိရှိပါက ဤသစ်တောရှိ အရာများကို နောင်တွင် ရပ်ရွာမှ သိမ်းယူသွားမည်ဖြစ်သည်။

ကိုယ့်အကျိုးစီးပွားကို အလေးထားသည့်အတွက် ဘယ်သူမှ ကန့်ကွက်မည် မဟုတ်ပေ။ သူတို့အားလုံး ရင်ဘတ်ကို ဖိပြီး ဘယ်တော့မှ မပြောကြဘူးဟု ကတိပြုကြသည်။

နောက်ကျသွားပြီ။ ဝမ်ရွှေရှန်က အစည်းအဝေးကိုအဆုံးသတ်ပြီး အားလုံးက ချက်ပြုတ်ရန် အိမ်ပြန်ကြသည်။

...

ချောင်မိသားစုက ငါးသုံးကောင်ရတယ်။ ထိုညတွင် နှစ်ကောင်ကို တိုဟူး​နှင့် စွပ်ပြုတ်ပြုလုပ်ရန် အသုံးပြုကြသည်။

ပထမဦးစွာ ငါးများကို သန့်စင်သည်။ ထို့နောက် အပိုင်းပိုင်း ပိုင်းဖြတ်သည်။ ဒယ်အိုးထဲရှိ ဆီပူလာလျှင် ပါးပါးလှီးထားသော ကြက်သွန်ဖြူနှင့် ဂျင်းတို့ ထည့်ပြီး အနံ့ထွက်လာသည်အထိ ကြော်သည်။ ပါးပါးလှီးထားသောငါးကို လောင်းထည့်ပြီး ရွှေရောင်ရသည်အထိကြော်သည်။ ဟင်းခတ်အမွှေးအကြိုင်များကို ချိန်ညှိပြီး ငရုတ်သီးချဉ်အနည်းငယ်ထည့်ကာ အသီးအရွက်များကိုလည်း ထည့်သည်။ လုံလုံလောက်လောက် ပြုတ်ပြီးသည်နှင့် တိုဟူးကို ဖြတ်ထည့်သည်။ ဆယ်မိနစ်လောက်ပြုတ်ပြီးနောက် ပြီးပြီ။

ရေတံခွန်အောက်မှာ မွေးမြူထားသည့် ငါးကြင်းများက အလွန်နူးညံ့သည်။ မြေကြီးအရသာ လုံးဝ မပါပေ။ တို့ဟူးတို့ကလည်း အရမ်းအရသာရှိသည်။ ထိုညတွင် ချောင်မိသားစုသည် လျှာကို မျိုချလုနီးပါးဖြစ်ခဲ့သည်။

ဝမ်ချွမ်ကျီသည် ထမင်းခြောက်ပန်းကန်လေးလုံးကို သူမဘာသာ စားသည်။ ငါးက အရမ်းနူးညံ့လွန်းသဖြင့် မျက်ရည်ကျလုမတတ်ပင်။ ကိုယ်ဝန်ရှိလာပြီးနောက် အသားမစားနိုင်ခဲ့ပေ။ အခု ဒီထူးဆန်းသည့် ပြဿနာက နောက်ဆုံးတော့ ပျောက်ကင်းသွားပြီ။

သူမသည် မီးတွင်းနေရဆဲဖြစ်သောကြောင့် ထမင်းစားပြီးနောက် ပန်းကန်လုံးအား သမီးများဆီ တွန်းပို့လိုက်သည်။

သူမအနားမှာရှိနေသည့် တုန်းယွမ်လေးကို ကောက်ယူလိုက်သည်။ "အမေရဲ့ ချစ်ရတဲ့ ရတနာလေး။ အိုး ဘယ်လိုလုပ် ဒီလောက်စားနိုင်တာလဲ? အမေရဲ့ ရတနာလေး ပီသတာပဲ!"

သူမလက်ထဲက သမီးလေးကို ကြည့်လိုက်သည်။ သူမ၏မျက်နှာသည် မိခင်မေတ္တာတရားများဖြင့် တောက်ပနေသည်။ ဝင်လာသော ချောင်ကျန်းကော်က တုန်ယင်သွားသည်။

သူ့မိန်းမက မကြာသေးခင်ကမှ ထူးထူးခြားခြား ဖြစ်နေသည်။

ဝမ်ချွမ်ကျီသည် သမီးများထက် သားကို ဦးစားပေးသော မိသားစုတွင် မွေးဖွားခဲ့သည်။ သူမကိုယ်တိုင်လည်း အတူတူပင်။ ချောင်တုန်းဟယ်နှင့် ချောင်တုန်းယင် မွေးတုန်းက သူမက နေ့တိုင်း မျက်နှာမဲနေသည်။ သူမသည် အနာဂတ်တွင် သားလေးမမွေးနိုင်တော့မည်ကို စိုးရိမ်နေသည်။

စတုတ္ထမြောက်ကလေးသည် အခြားသမီးတစ်ဦးဖြစ်သည်။ အားလုံးက သူမကို စိတ်ဆိုးမည်ဟု ထင်နေကြသည်။ သူမသည် ခြားနားသော လူတစ်ယောက်ဖြစ်သွားကြောင်း မည်သူသိသနည်း။

သူမသမီးကို နေ့တိုင်း ပွေ့ဖက်ပြီး အဖိုးတန် ရတလေးဟု ခေါ်သည်။ သူမသည် မည်မျှ လှပပြီး ထက်မြက်ကြောင်း ပြောသည်။ မသိပါက သူမက ရပ်ရွာတစ်ခုလုံးတွင် အလှဆုံးကလေးဖြစ်ပုံပင်။ တုန်းယွမ်လေး ငိုပြီး ဗိုက်ဆာသည်ဖြစ်စေ သူမသည် စိတ်ရှည်သည်။ ထိုအချိန်က အန်းပင်းအား မျက်နှာသာပေးမှုကို တူညီလုနီးပါးပင်။

သူမရဲ့ လက်ရှိအခြေအနေက ပုံမှန်မဟုတ်ပါလား?

ချောင်ကျန်းကော်က မေးသည်။ "မိန်းမရယ်၊ ဘာလို့ မကြာသေးခင်ကမှ မင်းရဲ့အသံကို ဖမ်းညှစ်ခံရတဲ့ ပုံစံမျိုးနဲ့ ပြောနေတာလဲ? မင်း စိတ်တိုနေတာလား?"

ဝမ်ချွမ်ကျီက ဒေါသနှင့် မျက်နှာ နီရဲသွားသည်။ "ချောင်ကျန်းကော်၊ ရှင့်ရဲ့ ခွေးပါးစပ်ကနေ ဆင်စွယ်ကို နေ့တိုင်း ဘာလို့ မထွေးနိုင်တာလဲ?"

ချောင်ကျန်းကော် - "ငါ့မှာ ခွေးပါးစပ် မရှိဘူး၊ ဒါကြောင့် ဆင်စွယ်ကို ထွေးလို့ မရဘူး။ ခွေးပါးစပ်မှာ ဆင်စွယ်လည်း မရှိဘူး။ မိန်းမ၊ နောက်ခါကျရင် မဟုတ်တဲ့ စကားတွေ မပြောနဲ့။ မင်းက ပညာမတတ်ဘူးလို့ ထင်ရတယ်!"

ဝမ်ချွမ်ကျီ - "..."

အစကတည်းက သူမက ပညာမတတ်ပေ။

ဝမ်ချွမ်ကျီက အသက်ပြင်းပြင်းရှူပြီး အကြောင်းအရာကို ပြောင်းလိုက်သည်။ "ကျန်းကော်၊ ကျွန်မ တုန်းယွမ်ကို နာမည်ကောင်းလေး ပေးလိုက်တယ်"

တုန်းယွမ်၏ နာမည်က မကောင်းဘူးဟု သူမ ခံစားရသည်။ ချစ်စရာကောင်းပြီး ယောက္ခမတို့ အကြိုက်တွေ့စေရန် သာ့ချောင်ကဲ့သို့သော စကားလုံးနှစ်လုံးကို အသုံးပြုသင့်သည်။

ချောင်ကျန်းကော်က ရယ်သည်။ "မိန်းမ၊ မင်းနာမည်တောင် မမှတ်မိတာ။ မင်းဘယ်လိုလုပ် နာမည်ကောင်းပေးနိုင်မှာလဲ?"

ဝမ်ချွမ်ကျီက သူ့ကို ရိုက်သည်။ "... စာမတတ်ရင် နာမည်ကောင်းကောင်း မရွေးနိုင်ဘူးလို့ ဘယ်သူက ပြောတာလဲ? သမီးရဲ့ နာမည်ကို ထျန်းထျန်းဆိုပြီး ပြောင်းချင်တယ်။ ဒီနာမည်ကို ဘယ်လိုထင်လဲ? မကောင်းဘူးလား?"

"ဟာဟားဟား..." ချောင်ကျန်းကော်က နာမည်ကိုကြားပြီး ခွေးတစ်ကောင်လို ရယ်မောလိုက်သည်။ "မိန်းမ၊ သူမကို သာ့နျိုလို့ပဲ ခေါ်လိုက်တော့"

သူ့သမီးလေး၏ ရုပ်ရည်မလှသည်ကို မငြိုငြင်သော်လည်း သူမက ရုပ်ရည်မလှသည်မှာ အမှန်ပင်။

သာမန်ကလေးက ပထမမွေးတုန်းကသာ ရုပ်ဆိုးသည်။ အဘိုးကြီးလို အရေပြားတွန့်သည်။ သို့သော် ကြီးထွားလာပြီး ရက်အနည်းငယ်အတွင်းမှာ ပိုလှပလာလိမ့်မည်။ သို့သော် တုန်းယွမ်လေးသည် ကြီးပြင်းလာပြီးနောက် ပို၍ပင် ရုပ်ဆိုးလာသည်။

သူမ ကြီးပြင်းလာတာနဲ့အမျှ ဝမ်ချွမ်ကျီနဲ့ ပိုတူလာသည်။ သူမ၏ အသားအရေသည် နဂိုကတည်းက မည်းသည်။ နှာတံကြီးပြီး ပါးစပ်ကြီးသည်။ ထိုမိန်းကလေး၏အမည်မှာ ထျန်းထျန်းလား? လှတဲ့သူကို သာ့ကျွမ်း သို့မဟုတ် ကော်တန်းဟု အမည်ပေးခြင်းနှင့် တူညီသော အကျိုးသက်ရောက်မှုရှိသည်။ တော်တော် ကွာခြားသည်။

ဝမ်ချွမ်ကျီက ဒေါသထွက်လွန်းသဖြင့် မျက်နှာက နီရဲလာသည်။ "ချောင်ကျန်းကော်၊ ဒါက ရှင့်ရဲ့သမီးအရင်းပဲ။ အဖေဖြစ်ပြီး ဒီလိုပြောရတာ စိတ်မထိခိုက်ဘူးလား?"

ချောင်ကျန်းကော်က လက်နှင့် ရင်ဘတ်ကို ထိသည်။ "ဟုတ်တယ်၊ လုံးဝမနာပါဘူး" ဟု အတည်ပြုသည်။

ဝမ်ချွမ်ကျီ - "...ထျန်းထျန်းက မကောင်းဘူးထင်ရင် ယွမ်ယွမ်၊ ချောင်ယွမ်ယွမ်လို့ ခေါ်မယ်"

ချောင်ကျနကော်က ခေါင်းကုတ်လိုက်သည်။ "သူ့အစ်မနှစ်ယောက်နဲ့ မတူတော့ဘူးပေ့ါ"

ဝမ်ချွမ်ကျီက သေချာနေသလို ပြောလိုက်သည်။ "ဒါဆို တုန်းဟယ်နဲ့ တုန်းယင်တို့ကို အတူတူပြောင်းကြမယ်။ ချောင်ဟယ်ဟယ်နဲ့ ချောင်ယင်ယင်လို့ ပြောင်းလိုက်!"

ဝင်လာသော ချောင်တုန်းဟယ်နှင့် ချောင်တုန်းယင်တို့သည် လှမ်းကြားလိုက်ကြသည်။ "မလိုချင်ဘူး" ဟု ချက်ချင်းပင် တညီတညွတ်တည်း ပြောကြသည်။

အဲဒီနာမည်က ဘယ်လိုတောင် ဆိုးရွားလိုက်လဲ?

ချောင်ယင်ယင်က မဆိုးပါဘူး။ ဒါပေမယ့် ချောင်ဟယ်ဟယ်က ဘာကြီးလဲ?

သူမနာမည်ပြောင်းရန် စဉ်းစားရင်း ချောင်တုန်းဟယ်က သူမအမေကို ဒုတိယအကြိမ်အဖြစ် ထိပ်တိုက် ရင်ဆိုင်သည်။

ဝမ်ချွမ်ကျီက ဒေါသတကြီး အံကြိတ်ရင်း ပြောသည်။ "နင် မလိုချင်ရင်တောင်မှ လုပ်ရမယ်။ ကလေးတစ်ယောက်အနေနဲ့ မင်းမိဘတွေပေးသမျှကိုပဲ သုံးရမယ်။ ဘယ်နေရာကို လာဆုံးဖြတ်နေတာလဲ?"

ချောင်တုန်းယင်က မျက်လုံးလှိမ့်ပြီး ပြန်ဖြေသည်။ "အမေ၊ သမီးနာမည်ကို ဝမ်ရှကျူဆိုပြီး ပြောင်းချင်ရင် ပြောင်းခွင့်ပြုမယ်!"

ဝမ်ချွမ်ကျီက ဒေါသအရမ်းထွက်ပြီး မျက်နှာတစ်ပြင်လုံး နီရဲသွားသည်။ "သောက်ကောင်မလေး။ ငါ့ကို တကယ်ဒေါသထွက်အောင် လုပ်နေတယ်။ ကျန်းကော်၊ ရှင့်ရဲ့သမီးနှစ်ယောက်ကို ထိန်းပေး!"

သို့သော် ချောင်ကျန်းကော်က ခွေးတစ်ကောင်လို ရယ်နေပြန်သည်။ "ဟားဟား၊ မင်းတို့ သားအမိတွေ ဘာလို့ နာမည်တူတူ ပြောင်းလိုက်ပါလား?"

ဝမ်ချွမ်ကျီသည် ငါးပူတင်းကဲ့သို့ ပေါက်ကွဲသွားသည်။

ပင်မအခန်းထဲတွင်...။ သာ့ချောင်က ဒီနေ့ တွေ့ရှိချက်များကို လူကြီးတွေကို ပြောပြသည်။ ကြားလိုက်ရပြီး လူတိုင်းက အံ့သြသွားသည်။

ရှောင်ချောင်မှာ လှည့်စားတတ်သည့် စိတ်ရှိမှန်း သူတို့သိသော်လည်း သူမကို ဒီလောက်ထိ ဆိုးရွားမည်ဟု မမျှော်လင့်ထားကြပေ။

အေးစက်သော မျက်နှာဖြင့် ချောင်ရှို့ကျီက ပြောခဲ့သည်။ "ငါတို့လည်း ဒီလိုအရေးကြီးတဲ့ ကိစ္စကို လျစ်လျူရှုတဲ့အထိ သတိလက်လွတ်ဖြစ်ခဲ့တယ်!"

ချောင်ဟုန်းရှက အံ့အားသင့်သွားသည်။ "ပြောပါဦး၊ ဒီကလေးက ဘယ်လိုကြီးပြင်းလာတာလဲ? ဒီအရွယ်မှာ လူတိုင်းကို လှည့်စားဖို့ ဒီလှည့်ကွက်တွေကို ဘယ်လိုအသုံးချရမလဲဆိုတာ သိတယ်။ သူ ဒီထက်ပိုကြီးလာရင် ဘယ်လိုဖြစ်မလဲ?"

လင်းဟွေ့သည် သူမ၏ ဗိုက်ကို ပွတ်လိုက်ပြီး စကားမပြောပေ။ သူမကို ချောင်အိမ်ကို ပြန်လာခွင့်မပေးရန် စိတ်မာမိသည့်အတွက် အရမ်းပျော်သွားသည်။ ဒီလိုမှမဟုတ်လျှင် ဒီလိုကပ်ဘေးနဲ့ ဘယ်လိုလုပ်ပြီး အေးအေးဆေးဆေး အိပ်နိုင်မှာလဲ?

သူမအမေ၏ လုပ်ရပ်ကို မြင်ပြီး သာ့ချောင်က ပြေးလာသည်။ သူမ ဗိုက်ပေါ်သို့ ဖြည်းဖြည်းလေး မှီလိုက်ပြီး တိုးတိုးလေး ပြောသည်။ "မောင်လေးတို့ရေ၊ အစ်မက အစ်မကြီးပါ။ ဒီနေ့ လိမ္မာရဲ့လား?"

လင်းဟွေ့၏ အကြည့်များက ပျော့ပြောင်းသွားသည်။ "သူတို့က အရမ်းကောင်းတယ်။ သူတို့အတွက် စံနမူနာပြဖို့ သမီးလို အစ်မကောင်းတစ်ယောက်ရှိလို့ ဖြစ်ရမယ်"

ထိုစကားကို ကြားလိုက်သောအခါ သာ့ချောင် နှလုံးသားသည် ဂုဏ်ယူမီုများ ပြည့်လာပြီး မျက်လုံးများက တောက်ပလာသည်။

ချောင်ဟုန်းရှက ခဏရပ်ပြီး မေးသည်။ "အဖေ၊ အမေ၊ သူ့ကို လူတိုင်းရှေ့မှာ ထုတ်ပြချင်လား?"

ရွယ်ချွမ်က ခဏစဉ်းစားပြီး ခေါင်းခါလိုက်သည်။ "ဒါက မသင့်တော်ဘူးထင်တယ်"

ဒီလိုရှင်းပြလျှင် လူတိုင်းက ယုံမည် မဟုတ်ပေ။ ရှောင်ချောင်သည် ခုနစ်နှစ်အရွယ်သာရှိသေးသော ကလေးတစ်ဦးဖြစ်သည်။ လူတိုင်းက ရှောင်ချောင်ကို မကျွေးမွေးချင်ဘဲ အဆက်ဖြတ်ချင်ကြသည်ဟုသာ ထင်ကြလိမ့်မည်။

ဒုတိယအနေနှင့် ခွေးကို ဆင်းရဲသည့် လမ်းကြားထဲကို တွန်းမပို့ချင်ပေ။ ထိုကလေးသည် အကြံအစည်များစွာရှိသည့်အပြင် ထိုကဲ့သို့ ပျက်စီးနေသော စိတ်ဓာတ်လည်းရှိသည်။ အကယ်၍ သူမသည် အလွန်အမင်း ဆိုးရွားသော အခြေအနေသို့ တွန်းပို့ခံရပါက ပိုမိုပြင်းထန်သော တစ်ခုခုကို ပြုလုပ်လျှင် ကာကွယ်ရန် ခက်ခဲလိမ့်မည်။

တတိယအချက်မှာ သူမသည် မည်မျှဆိုးသည်ဖြစ်စေ ချောင်မိသားစု၏ သွေးကို ရှိနေဆဲ ဖြစ်သည်။ တစ်ခုခုဖြစ်ရင် သူမကို သတ်နိုင်သည် မဟုတ်ဘူးပေ။

ချောင်ရှို့ကျီက ခေါင်းညိတ်လိုက်သည်။ "မင်းအဖေပြောတာ မှန်တယ်။ ဒီကိစ္စကို သီးသန့်ဖြေရှင်းတာ ပိုကောင်းတယ်"

နောက်တစ်နေ့တွင် ရှောင်ချောင်ကို ချောင်အိမ်ဟောင်းသို့ ခေါ်ခဲ့သည်။

...

ရှောင်ချောင်သည် သူမအနေနှင့် ချောင်အိမ်မှထွက်ခွာပြီးကတည်းက ပထမဆုံးအကြိမ် ဝင်ရောက်လာခြင်းဖြစ်သည်။

သူမ၏ နှလုံးသားသည် မျှော်လင့်စိတ်ကြောင့် တုန်ယင်သွားသည်။

သူမ၏ သရုပ်ဆောင်မှုစွမ်းရည်က လူတိုင်းကို လှည့်စားနိုင်ပြီး နောက်ဆုံးတွင် သူမကို လက်ခံခဲ့ကြသည်ဟု ထင်နေသည်။

မမျှော်လင့်ဘဲ သူမသည် ချောင်အိမ်ဟောင်းထဲသို့ လှမ်းဝင်လိုက်သည်နှင့် ချောင်ရှို့ကျီသည် သူမ၏ အတိတ်မေ့ရောဂါအတုနှင့် ကြက်သွေးကို သူမသွေးအဖြစ် အသုံးပြုသည့်ကိစ္စနှင့် တည့်တည့်ပင် ပြောသည်။ ချောင်ရှို့ကျီသည် ငြင်းဆိုခွင့်မပြုဘဲ ချောင်မိသားစု၏ ဆုံးဖြတ်ချက်ကို ကြေညာသည်။

"လစဉ်အသားနဲ့ဥတွေ မပေးတော့ဘူးလို့ နင့်အမေကို ပြန်သွားပြီးပြောလိုက်။ နင်က ငါတို့ ချောင်မိသားစုရဲ့ ကလေးမဟုတ်တော့ဘူး။ နင့်ကို ချောင်အိမ်ထဲ ဝင်ခွင့်မပေးနိုင်ဘူး။ ချောင်မိသားစုက ဘယ်သူ့ကိုမှလည်း ချဉ်းကပ်ခွင့် မပေးနိုင်ဘူး။ ကြီးလာရင် နင့်အဖေက နင့်ကို ခန်းဝင်ကြေးပေးလိမ့်မယ်။ အဲဒါကလွဲလို့ တခြားဘာမှ မစဉ်းစားနဲ့!"

ချောင်ရှို့ကျီက အေးစက်စွာ ပြောပြီး သူမကို စိုက်ကြည့်နေခဲ့သည်။

All Chapters