← Chapters

အခန်း (၁၃၁

Vol. 11 Ch. 131

အခန်း (၁၃၁

Vol. 11 Ch. 131

"အမေ၊ အခုပဲ ရှင်းရှင်းလင်းလင်း မြင်လိုက်ရတယ်။ဟုန်းမေက သူ့လက်ချောင်းကို အကွဲနဲ့ တမင်ဖြတ်လိုက်တယ်။ သူက ပျင်းချင်ရုံပဲ!"

ချောင်ဟုန်းမေက ဒေါသထွက်နေသည်ကို မြင်ပြီး ဝမ်ချွမ်ကျီက ဂုဏ်ယူနေမိသည်။

သူ့စကားကြားသောအခါ လူတိုင်းက ဆွံ့အသွားကြသည်။

ထိုအချိန်တွင် သူမသည် ချောင်ဟုန်းမေနှင့် နှစ်မီတာကျော်ဝေးသည်။ ပြတ်ပြတ်သားသား မြင်နိုင်ဖို့ သူ့မျက်လုံးတွေက ဘယ်လောက် ကောင်းနေလဲ?

ဝမ်ချွမ်ကျီသည် အခြားသူများက သူမကို မည်သို့ထင်မြင်သည် ကို ဂရုမစိုက်ပေ။ ယောက္ခမက ကျေနပ်သရွေ့ အတားအဆီးအားလုံးကို ကျော်လွှားနိုင်မည်။

မဖြစ်နိုင်သောအရာများ မရှိပေ။

သို့သော် ချောင်ဟုန်းမေကို ဒေါသထွက်အောင် လုပ်နိုင်သည်။ ဤသည်မှာ သူမ၏ ထူးခြားသော အရည်အချင်းဖြစ်သည်။

ချောင်တုန်းယင်သည် သူ့အမေ၏ ကျေနပ်အားရမှုကို ခံယူလိုက်သည်။ ပထမဆုံးအကြိမ်အဖြစ် သူမ၏အမေသည် တစ်ခါတစ်ရံတွင် "ချစ်စရာကောင်း" သည်ဟု ခံစားရသည်။

သူမ၏ အကြီးဆုံးချွေးမဖြစ်သူက တောက်ပသောမျက်လုံးများဖြင့် စိုက်ကြည့်နေပြီး 'အမေ၊ ကျွန်မကို မြန်မြန်ချီး​ကျူးပါ' ဟူသော အမူအရာကို ချောင်ရှို့ကျီက မြင်လိုက်သည်။ သူမက ဘာမှပြန်မပြောလျှင် အဆင်မပြေဟု ထင်သည်။

သူမက ချောင်းဟန့်ပြီး ပြောလိုက်သည်။ "ဟုန်းမေမေက ငယ်ငယ်လေးကတည်းက ပျင်းတာနဲ့ လှည့်ကွက်ကစားရတာကို ကြိုက်တယ်။ နောက်တစ်ခါ နင်သူ့ကို စောင့်ကြည့်လို့ရတယ်"

hormoneဆေးထိုးသွင်းလိုက်သလိုပင် ဝမ်ချွမ်ကျီက သူ့ယောက္ခမကို စစ်ရေးအလေးပြုပြီး ပြောသည်။ "ဟုတ်ကဲ့ အမေ။ အမေ့ရဲ့ ညွှန်ကြားချက်ကို လိုက်နာပြီး ချောင်ဟုန်းမေကို စောင့်ကြည့်ပါ့မယ်"

လူတိုင်း - "..."

စကားမပြောဘဲ ချောင်တုနယင်က ခေါင်းကို လှည့်လိုက်သည်။ သူ့အမေ၏ မိုက်မဲမှုကို မကြည့်နိုင်တော့ပေ။

သာ့ချောင်က သူ့အဖိုးဘေး၌ မှီပြီး ပါးစပ်ကို အုပ်ပြီး တိတ်တိတ်လေး ရယ်သည်။

အားလုံးပြင်ဆင်ထားသော လက်ဆောင်များကို ထုတ်ယူခါနီးတွင် ဝမ်ချွမ်ကျီ၏ အော်သံကို ကြားလိုက်ရသည်။

ချောင်ကျန်းကော်က ပြောလိုက်သည်။ "မိန်းမ၊ မင်းဘာဖြစ်နေတာလဲ?"

ဝမ်ချွမ်ကျီသည် သူမ၏ ဗိုက်ကို ကိုင်လိုက်သည်။ သူမ၏ မျက်နှာက ဖြူဖျော့နေသည်။ "ကျန်းကော်၊ ကျွန်မဗိုက်အရမ်းနာနေတယ်...ကျွန်မ မွေးတော့မယ်!"

မွေးတော့မှာလား?

သူမ၏ စကားကြောင့် လူတိုင်း အံ့ဩသွားကြသည်။

ယနေ့ခေတ်တွင် နည်းပညာများ လုံလောက်စွာ မဖွံ့ဖြိုးသေးသောကြောင့် လူတိုင်းသည် အမျိုးသမီးတစ်ဦး၏ ရာသီအချိန်အလိုက် ကိုယ်ဝန်အချိန်ကို ခန့်မှန်းနိုင်သည်။

ဝမ်ချွမ်ကျီ ကိုယ်ဝန်ရှိနေကြောင်း အတည်မပြုမီတွင် သူမသည် ရာသီလာခဲ့ကြောင်း ပြောကြားခဲ့သည်။ သို့သော် ပမာဏက ပုံမှန်ထက် အများကြီး နည်းပါးသည်။ ထို့ကြောင့် ထိုစဉ်က သူမသည် ကိုယ်ဝန်ရှိနေပြီဟု ဆရာဝန်က ခန့်မှန်းခဲ့သည်။

ဆရာဝန်၏ ခန့်မှန်းချက်အရ သူမမှာ ကိုယ်ဝန် ရှစ်လခွဲသာ ရှိသေးသည်။ သို့သော် သူမသည် ကလေးမီးဖွားသည်။ အချိန်က မှားနေပုံရသည်။ အခု ကိုယ်ဝန်က ကိုးလခွဲ ရှိသင့်သည်။

ချောင်ကျန်းကော်၏ ဦးနှောက်က ကြောင်အသွားသည်။ သို့တိုင် ဇနီးဖြစ်သူ၏ စကားကိုကြားသောအခါ ချက်ခြင်းပင် သူမကို လာကူသည်။

ချောင်ရှို့ကျီက အမြန် သတိပြန်ရလာပြီး ပြောလိုက်သည်။ "အကြီးဆုံး၊ မင်းမိန်းမကို ထိန်းလို့ရလား?"

ချောင်ကျန်းကော်က စမ်းကြည့်သောအခါ သူမကို မထိန်းနိုင်သည်ကို တွေ့ရသည်။ သူ့မိန်းမ ဗိုက်က အရမ်းကြီးပြီး အပြင်၌ မှောင်နေသည်။ မလွယ်ကူပေ။

သူက ခေါင်းကုတ်ပြီး ပြောလိုက်သည်။ "အမေ၊ အမေ လာထိန်းပါလား?"

လူတိုင်း - "..."

ဝမ်ချွမ်ကျီက တုန်လှုပ်သွားသည်။ ယောက္ခမက မင်းသမီးလေးလို သယ်ထားသည်ကို တွေးပြီး သူမဗိုက်က ပိုနာကျင်လာသည်။ "ကျန်းကော်၊ ရှင်ပဲ ကျွန်မကို လာကိုင်ထား!"

ချောင်ရှို့ကျီသည် သူမ၏ ခြေထောက်မှ ရေများစီးကျလာသည်ကို မြင်လိုက်ရပြီး မနှောင့်နှေးဝံ့ပေ။ သူမက လျှောက်လာပြီး ဝမ်ချွမ်ကျီကို ကောက်ချီလိုက်သည်။

"အကြီးဆုံး၊ ပိုက်ဆံသွားယူ။ ဆေးခန်းသွားရအောင်!"

ယောက္ခမဖြစ်သူက ချီလိုက်သောအခါ ဝမ်ချွမ်ကျီသည် ငုံးတစ်ကောင်လို တိတ်ဆိတ်နေသည်။ သူမက လုံးဝ မလှုပ်ရဲတော့ပေ။

ဒီမြင်ကွင်းကို ကြည့်ပြီး လူတိုင်းက မျက်စိနှင့် ဓားထိုးသည့် သာမန်အဆင့်မဟုတ်ဟု ခံစားရသည်။

မကြာခင်မှာ လူတိုင်းက ဒီကိစ္စကို စဉ်းစားရန် အချိန်မရှိတော့ပေ။ ဝမ်ချွမ်ကျီက ဝက်သတ်သလို အော်ဟစ်နေသောကြောင့်ပင်။

"အိုး...သေလောက်အောင်နာတယ် F*ck...နာတယ်..."

အိမ်နီးနားချင်း ဂူမိသားစုသည် အသံကြားပြီး စပ်စုချင်စိတ်ဖြင့် ချက်ချင်းပြေးထွက်လာသည်။

"ဒီမှာ ဘာဖြစ်နေတာလဲ? အကြီးဆုံးချောင်ရဲ့ ဇနီးက ဝက်တစ်ကောင်လို ထပ်ပြီး အော်နေတာ ဘာကြောင့်လဲ?"

အဘွားကြီးဂူက ချောင်ရှို့ကျီနှင့် သူ့ချွေးမကို ပြုံးပြီး စိုက်ကြည့်နေသည်။

အဘွားကြီးဂူက သူမကို ကျိန်ဆဲနေသည်ဟု ဝမ်ချွမ်ကျီက ခံစားမိသည်။ သူမက ချက်ချင်းပင် အော်ဟစ်လိုက်သည်။ "နင်ပဲ ဝက်သတ်နေတာ။ နင်တို့ တစ်မိသားစုလုံးက ဝက်သတ်နေတာ။ နင့်ရဲ့ တင်ပါးနဲ့ ပြုတ်ကျမှာကို သတိထား!"

"နင်……!"

အဘွားကြီးဂူက ၎င်းကိုကြားပြီး ဒေါသအရမ်းထွက်ကာ အသက်ရှုရပ်လုမတတ် ဖြစ်သွားသည်။

ချောင်ရှို့ကျီသည် အဘွားကြီးဂူကို ဂရုမစိုက်နိုင်ပေ။ ချောင်ကျန်းမင်သည် ဓာတ်မီးဖြင့် လာသည်ကို မြင်သောအခါတွင် သူမ၏ အကြီးဆုံးချွေးမကို ဆေးခန်းသို့ ခေါ်သွားသည်။

ဂူမိသားစုက ချောင်ကျန်းမင်၏ လက်ထဲက ဓာတ်မီးကို စိုက်ကြည့်နေသည်။ မနာလိုစိတ်ဖြင့် သူတို့၏ မျက်လုံးများက နီရဲလာသည်။

ချောင်မိသားစုက တကယ်ကို ကွဲပြားသည်။ သူတို့ထံ၌ ဓာတ်မီးလို တစ်ခုခုရှိသည်။ ဒုရဲမှူးက သူတို့အတွက် ဝယ်ပေးခြင်း ဖြစ်ရမည်။

ဝမ်ချွမ်ကျီက တလမ်းလုံး အော်ဟစ်နေသည်။ "အိုး၊ ကျွန်မဗိုက်က အရမ်းနာနေတာပဲ၊ အမေ၊ ကျွန်မ မွေးတော့မယ်ထင်တယ်!"

သူမသည် ကလေးသုံးယောက်ကို မွေးဖွားခဲ့သည်။ ကလေးမီးဖွားခြင်း လုပ်ငန်းစဉ်နှင့် ပတ်သက်၍ သူမသည် အလွန်ရှင်းလင်းသည်။

အစပိုင်းမှာတော့ ဝေဒနာရှိပေမယ့် ဒီလိုနာကျင်ခြင်းမျိုး မဖြစ်ဖူးပေ။ တစ်နည်းဆိုရသော် ကြိမ်နှုန်းသည် ထိုမျှမြင့်မားခြင်း မရှိပေ။

သို့သော် အခု သူမ ရင်ခုန်နေသည်။ တစ်ခုခု ထွက်လာတော့မည်ဟု ခံစားရသည်။

ချောင်ရှို့ကျီက မျက်လုံးလှိမ့်လိုက်သည်။ "သေချာပေါက်ပဲ နင်မွေးတော့မယ်။ နင့်ရဲ့ စွမ်းအင်ကို ချွေတာပြီး ကလေးထွက်လာတဲ့အထိ စောင့်ပါ!"

ချောင်ကျန်းကော်က သူတို့နောက်မှ လိုက်လာသည်။ "မိန်းမ၊ အမေ့စကား နားထောင်ပါ။ ငါ မင်းကို ပေါင်မုန့်ကြမ်းနှစ်ခုပဲ ယူလာပေးတယ်။ မင်း ဒီအတိုင်း ဆက်အော်နေရင် နောက်ကျ လုံလောက်မယ် မထင်ဘူး!"

ဝမ်ချွမ်ကျီ - "..."

သူမဗိုက်က ပို၍ပင် နာကျင်လာပုံ ရသည်။

ဆေးခန်းကို ရောက်သည့်အခါ အမျိုးသားဆရာဝန်တစ်ယောက်သာ ရှိသည်။

ဝမ်ချွမ်ကျီသည် သူက ကလေးကို မမွေးနိုင်ဘူးဟု အခိုင်အမာပြောသည်။ "ငါ ဝမ်ချွမ်ကျီက ဖြူစင်တယ်။ ငါ့ကို ယုတ်မာဖို့ ဒီကိုလာမနေနဲ့!"

"..."

အမျိုးသားဆရာဝန်သည် သူမ၏ ထွားကျိုင်းသော မျက်နှာနှင့် ကြီးမားသော ခန္ဓာကိုယ်ကို ကြည့်ပြီး စိတ်ထိခိုက်သွားသည်။

သူက ချောင်းဟန့်ပြီး ပြောလိုက်သည်။ "ခင်ဗျားရဲ့ အခြေအနေကို ကြည့်ရတာ မြို့ဆေးရုံကို ချက်ခြင်းပို့တာ ဒါမှမဟုတ် အရင်က သားဖွားဆရာမအဖြစ် အတွေ့အကြုံရှိတဲ့သူကို ငှားတာဖြစ်ဖြစ်…"

သူစကားမဆုံးခင် ဝမ်ချွမ်ကျီ၏ အော်သံ​က ထွက်ပေါ်လာပြန်သည်။

"Ahhh... ငါမွေးတော့မယ်။ ကလေးထွက်လာပြီ။ ကျန်းကော်၊ ငါ့ဘောင်းဘီကို ချွတ်!"

အမျိုးသား ဆရာဝန် - "..."

သူက တံခါးအပြင်ကို ထွက်သွားပြီး တံခါးနား၌ ရပ်နေသည့် ချန်ချောင်ချောင်ဆီကို ညွှန်ပြလိုက်သည်။ "ဝင်သွား၊ အပြင်ကနေ မင်းကို ပြပေးမယ်"

ချန်ချောင်ချောင်က တုန်လှုပ်သွားသည်။ "ဒါပေမယ့် ကျွန်မ ဘယ်လိုလုပ်ရမှန်းမသိဘူး!"

အမျိုးသားဆရာဝန်က သူမပုခုံးကို ပုတ်လိုက်ပြီး ပြောသည်။"ငါ မင်းကို နောက်ဆုံး သင်ပေးခဲ့တဲ့ အတိုင်း လိုက်လုပ်လိုက်။ မင်း အဆင်ပြေသွားမယ်။ လာ၊ ငါနဲ့ အရင် အသက်ပြင်းပြင်းရှူ..."

ချန်ချောင်ချောင်သည် သူ့လက်ကို သတိထားမိသည်။ သူမ၏ မျက်နှာက အနည်းငယ် နီရဲလာပြီး ခန္ဓာကိုယ်ကို လှည့်လိုက်သည်။ "ရှင့်လက်..."

အမျိုးသားဆရာဝန်က သူ့၏ မသင့်လျော်သည့် အပြုအမူကို အခုမှ သဘောပေါက်ပုံရသွားသည်။ "တောင်းပန်ပါတယ်။ ကျွန်တော် တောင်းပန်ပါတယ်။ အဲဒါကို သတိမထားမိပါဘူး။ စိတ်မရှိပါနဲ့!"

ချန်ချောင်ချောင်က ပြောလိုက်သည်။ "ရပါတယ်"

သူမက ပြောပြီးသည်နှင့် တံခါးပွင့်ပြီး ချောင်ကျန်းမင်က ဝင်လာသည်။

ချန်ချောင်ချောင်သည် အကြောင်းပြချက်မရှိဘဲ ထိတ်လန့်သွားသည်။

ချောင်ကျန်းမင်က သူမမျက်နှာကို ဂရုမစိုက်ပေ။ "လွန်ခဲ့တဲ့သုံးလလောက်တည်းကက သူနာပြုအလုပ်ကို လေ့လာပြီးပြီ မဟုတ်ဘူးလား? မြန်မြန်သွားလိုက်။ မရီးက မွေးတော့မယ်ထင်တယ်!"

ချန်ချောင်ချောင်က လျင်မြန်စွာ ခေါင်းညိတ်လိုက်ပြီး တစ္ဆေတစ်ကောင်က သူမကို လိုက်နေသလိုမျိုး လှည့်ထွက်သွားသည်။

ဝမ်ချွမ်ကျီက မွေးတော့မည်ည်ဟု ကြိမ်ဖန်များစွာ ပြောခဲ့သော်လည်း အစတုန်းက ဘယ်သူမှ မယုံခဲ့ကြပေ။

ကလေးမွေးခြင်းက ကြက်မဥဥခြင်း မဟုတ်ပေ။

နာရီဝက်အကြာတွင် ကလေးကို သန့်စင်ပြီး ချောင်ကျန်းကော်၏ လက်ထဲတွင် ထည့်လိုက်သောအခါ လူတိုင်းက ယုံသွားကြသည်။

"ကျန်းကော်၊ ကျွန်မတို့ရဲ့ သားအငယ်ဆုံးကို ပြစမ်း!"

ကလေးမွေးဖွားပြီးနောက် ဝမ်ချွမ်ကျီ၏ မျက်နှာသည် ပင်ပန်းနွမ်းနယ်နေသည်။ သို့တိုင် သူမသည် စိတ်အားထက်သန်နေသည်။

ချောင်ကျန်းကော်က ကလေးကို ပွေ့ချီရင်း ဂရုတစိုက်နှင့် လှမ်းပြောသည်။ "မိန်းမ၊ သားအငယ် မဟုတ်ဘူး။ သမီးက အငယ်ဆုံးပဲ"

"ကျန်းကော်၊ ကျွန်မကို နောက်နေတာ ရပ်လိုက်ပါ။ ဘယ်လိုလုပ် သမီးဖြစ်နိုင်မှာလဲ?" ဝမ်ချွမ်ကျီ၏ မျက်နှာသည် ဖြူဖျော့သွားသည်။

သူမဗိုက်ထဲ၌ သားတစ်ယောက်ရှိသည်ဟု အမြဲခံစားရသည်။

သူမသည် ရွှေဥနှစ်ဥကို မွေးဖွားတော့မည်ဖြစ်သည်။ နောင်တွင် ချောင်မိသားစု၏ ပိုင်ဆိုင်မှုအားလုံးကို သူမ၏သားနှစ်ယောက်ထံ ချန်ထားခဲ့မည်ဖြစ်သည်။

အနာဂတ်တွင် သူမ၏ အဆင့်အတန်းကို မည်သူမျှ မလှုပ်နိုင်ပေ။

သို့သော် အခု သူမယောက်ျားက သမီးလေးတစ်ယောက်မွေးသည်ဟု ပြောသည်။ သူမက လုံးဝ မယုံပေ။

ချောင်ကျန်းကော်က သူမသည် သူ့ကို မယုံဘူးဟု မြင်သည်။ ထို့ကြောင့် သူက သမီးကို သူမလက်ထဲသို့ အပ်ပြီး ပြောလိုက်သည်။ "ဒါဆို မင်းကိုယ်တိုင် ကြည့်"

ဝမ်ချွမ်ကျီက သူမသမီး၏ အဝတ်အစားကို ဖွင့်ကြည့်လိုက်သောအခါ ကြက်ကလေး မရှိသည်ကို တွေ့လိုက်ရသည်။ သူမကို မိုးကြိုးပစ်သွားသည်!

သူမရဲ့ သားအငယ်ဆုံး...သွားပြီ။

ချောင်ကျန်းကောထက သူ့မိန်းမ၏ အမူအရာကို လျစ်လျူရှုပြီး ရယ်မောလိုက်သည်။ "မိန်းမ၊ လူတွေက ကြက်မဥဥသလို ကလေးမွေးတယ်လို့ ပြောကြတယ်။ အရင်က မယုံခဲ့ပေမဲ့ အခု ယုံသွားပြီ။ မင်း ကလေးမွေးတာက ကြက်မဥဥတာထက်တောင် မြန်သေးတယ်!"

ဝမ်ချွမ်ကျီ -"..."

ဝမ်ချွမ်ကျီ၏ နှလုံးသားသည် ပြင်းထန်စွာ နာကျင်နေပြီ ဖြစ်သည်။ အခု သူမယောက်ျားကို စိတ်ဆိုးသွားပြီ။ သူမ၏ စိတ်ထဲတွင် နာကျင်ခံစားရပြီး 'ဝါး'ခနဲ အော်ငိုလိုက်သည်။

ချောင်ရှို့ကျီ၏ မွေးနေ့တွင် ချောင်မိသားစုဝင်အသစ်ကို ရခဲ့သည်... ချောင်တုန်းယွမ်

ထိုညတွင်ပင် ခရီးဆောင်အိတ် ကိုင်ထားသော အမျိုးသားတစ်ဦးသည် ဝမ်အိမ်တံခါးကို လာခေါက်ခဲ့သည်။

ဝမ်ရွှေရှန်တို့ လင်မယားက တံခါးခေါက်သံကြားသောအခါ အံ့ဩသွားသည်။

အရမ်းနောက်ကျနေပြီ။ ဒီအချိန်မှာ ဘယ်သူက လာတာလဲ?

ဝမ်မိသားစုတွင် လူနှစ်ဦး ဆက်တိုက်သေဆုံးခဲ့သည်။ဝမ်ရှင်းရှန်သည် သဘာဝအတိုင်း သေခြင်း မဟုတ်ပေ။

ထုတ်လုပ်ရေးအဖွဲ့က ကံမကောင်း​ဟု ဆိုသည်။ တတ်နိုင်လျှင် ဝမ်မိသားစုဆီ လာမည် မဟုတ်ပေ။ ထို့ကြောင့် ဒီလူက နောက်ကျမှ ရောက်လာခြင်းက တစ်ခုခု ဖြစ်ရမည်!

ဝမ်ရွှေရှန်က ကုတင်ပေါ်မှထကာ "ငါ သွားကြည့်လိုက်မယ်" ဟု ပြောလိုက်သည်။

လျိုချွေ့ဟွားသည် ဝမ်ရှင်းရှန် သေဆုံးခြင်းကို သတိရသွားပြီး အကြောင်းပြချက်မရှိဘဲ တုန်လှုပ်သွားသည်။ ထို့နောက် ထ၍ "ကျွန်မလည်း ရှင်နဲ့လိုက်ခဲ့မယ်" ဟု ပြောလိုက်သည်။

အပြင်၌ မည်းမှောင်နေသည်။ အမည်မသိညဥ့်ပိုးကောင်များသည် အော်နေကြသည်။

ညက လေပြင်းတိုက်နေသည်။ ကြောင်တစ်ကောင်၏ အော်သံသည် မည်သည့်နေရာမှ အသံထွက်လာမှန်း မသိ၍ လျိုချွေ့ဟွား၏ ခြေထောက်က နေရာရာတွင်ပင် ပျော့ပျောင်းသွားစေသည်။

ယောက္ခမက ပြန်လာတာလား?

ဒါမှမဟုတ် ကိုယ့်ကိုယ်ကို သတ်သေပြီး လူပြန်မဝင်နိုင်တဲ့ မတ်လေးလား?

လျိုချွေ့ဟွားက ဒီအကြောင်းကို ပိုတွေးလေလေ သူမ ပိုကြောက်လေပင်င်။ သူမသည် ဆွဲငင်ခံရနိုင်လောက်သည့်ဟန်ဖြင့် သူ့ယောက်ျား၏ လက်နှစ်ဖက်ကို တင်းကျပ်စွာ ပွေ့ဖက်ထားသည်။

ဝမ်ရွှေရှန်သည် ခဏတာ ဆွံ့အသွားပြီး တံခါးဖွင့်ပြီး ကြည့်လိုက်တယ်။ သူ့မျက်လုံးများက ပြူးကျယ်သွားပြီး အချိန်အကြာကြီး စကားမပြောနိုင်တော့ပေ။

ထိုလူက ပင်ပန်းနေပုံရသည်။ ဝမ်ရွှေရှန်ကို မြင်ပြီးနောက် သူ့ပါးစပ်ထောင့်က တွန့်သွားသည်။ "အစ်ကိုကြီး၊ အကြီးဆံးခယ်မ၊ အနားယူတာကို ငါ မနှောင့်ယှက်မိဘူးလို့ မျှော်လင့်တယ်"

လျိုချွေ့ဟွားသည် မှောင်မိုက်နေသော ညကို ကြည့်ပြီး ကြက်သီးထသွားသည်။ "တတိယမောင်လေးလား? ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ?"

ဝမ်ရွှေရှန်လည်း အသိစိတ်ပြန်ဝင်လာသည်။ စိတ်လှုပ်ရှားနေသည့် အကြည့်ဖြင့် ပြောလိုက်သည်။ "တတိယညီလေး၊ ပြန်လာမယ်ဆိုတာကို ဘာလို့ မပြောတာလဲ? ငါ မင်းကို သွားခေါ်ပေးမှာပေ့ါ!"

တတိယဝမ် ဖြစ်သည့် ဝမ်ယန်ရှန်က ပြုံးပြီး ပြန်ပြောသည်။ "ကျွန်တော် အသက် နှစ်ဆယ်ကျော်ပြီ။ အစ်ကိုကြီး ကျွန်တော့်ကို လာကြိုဖို့ မလိုတော့ဘူး"

ဝမ်ယန်ရှန်သည် စစ်တပ်တွင် အလုပ်များနေပြီး အိမ်မပြန်သည်မှာ နှစ်နှစ်ကျော်နေပြီဖြစ်သည်။

ဒီတစ်ခါတွင် တာဝန်မှ ပြန်လာသည့်အခါ အိမ်၌ ကိစ္စကြီး ဖြစ်ခဲ့သည်ကို သိလိုက်ရသည်။ သူက ချက်ချင်းပင် ဆရာထံမှ ခွင့်တောင်းပြီး အလျင်စလို ပြန်လာခဲ့သည်။

အားလုံး အပြင်၌ ရပ်နေကြသည်ကို မြင်ပြီး လျိုချွေ့ဟွားက သူ့လူကို တွန်းပြီး ပြောသည်။ "ဘာလို့ တံခါးမှာ ရပ်နေတာလဲ? တတိယမောင်လေးကို မပေးဝင်တော့ဘူးလား?"

ဝမ်ရွှေရှန်က ပြာပြာသလဲ ပြောလိုက်သည်။ "တတိယညီလေး၊ မြန်မြန်လာ။ ကလေးအမေ၊ တတိယညီလေးက အရမ်းနောက်ကျမှ ပြန်လာရတာ ဗိုက်ဆာနေတော့မယ်။ ခေါက်ဆွဲတစ်ပန်းကန် သွားလုပ်!"

ဝမ်ယန်ရှန်က အိမ်ပြန်ရန် အလျင်လိုနေပြီး ညစာတောင် မစားခဲ့ပေ။ လောလောဆယ် သူက ဆာလောင်နေသည်။ "ဒါဆို ကျွန်တော် အစ်မကြီးကို ဒုက္ခပေးရတော့မယ်။ ခေါက်ဆွဲ လုပ်စရာ မလိုပါဘူး။ နောက်ကျနေပြီ။ ဘာဖြစ်ဖြစ် ရတယ်!"

လျိုချွေ့ဟွားက ပြုံးပြီး ပြောသည်။ "အဆင်ပြေပါတယ်။ ပြဿနာမရှိပါဘူး!"

All Chapters