အခန်း (၁၃၂)
Vol. 11 Ch. 132
သေဆုံးသွားသော ဝမ်ရှင်းရှန်အတွက် သူမကို ခေါက်ဆွဲလုပ်ခိုင်းလျှင် ကျေကျေနပ်နပ် ဖြစ်မည်မဟုတ်ပေ။ တတိယဝမ်က မတူပေ။
ဝမ်မိသားစုသည် ထုတ်လုပ်ရေးအဖွဲ့တစ်ခုလုံးတွင် အချမ်းသာဆုံး မိသားစုဖြစ်လာရခြင်း အုတ်ကြွပ်မိုးအိမ်ကြီး ခုနစ်လုံးကို တစ်ကြိမ်တည်း ဆောက်နိုင်ခဲ့သည်မှာ တတိယဝမ်ကြောင့် ဖြစ်သည်။
သူသည် လွန်ခဲ့သည့် ကြာမြင့်စွာကပင် ပင်ပင်ပန်းပန်း အလုပ်လုပ်ရန် စစ်တပ်သို့ မသွားဘဲ လစဉ် ငွေအမြောက်အမြား ပြန်မပို့ခဲ့လျှင် ဝမ်မိသားစုသည် ချမ်းသာလိမ့်မည် မဟုတ်ပေ။ သူမ၏ အမျိုးသားသည်လည်း ထုတ်လုပ်ရေး အဖွဲ့ခေါင်းဆောင် ဖြစ်လာလိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် သူမက ဒီခေါက်ဆွဲပန်းကန်ကို လုပ်ချင်စိတ်ထက် ပိုသည်။
"ရေအရင်သောက်၊ မင်းမျက်နှာကို ဆေးဖို့ ရေနွေးလေး ပေးမယ်"
ပင်မခန်းထဲသို့ ဝင်ပြီးနောက် ဝမ်ရွှေရှန်သည် ကြွေပန်းကန်အသစ်တစ်လုံးကို ထုတ်လိုက်သည်။ သန့်ရှင်းရေးလုပ်ပြီးနောက် ဝမ်ယန်ရှန်အတွက် ရေနွေးတစ်ခွက် လောင်းထည့်လိုက်သည်။
ဝမ်ယန်ရှန်က အမြန်ထရပ်လိုက်သည်။ "အစ်ကိုကြီး၊ မလိုပါဘူး။ ကျွန်တော်ကိုယ်တိုင်လုပ်မယ်!"
ဝမ်ရွှေရှန်သည် သူ့လက်ကို ဝှေ့ယမ်းပြီး ထွက်သွားသည်။
ပဉ္စမညီလေးနှင့် သူ့အမေတို့ တယောက်ပြီး တယောက် မသေဆုံးခင်က သူသည် စစ်တပ်ကို ခေါ်သော်လည်း တတိယ ညီလေးနှင့် အဆက်အသွယ် မရခဲ့ပေ။ သူ့နှလုံးသားက မငြိမ်မသက်ဖြစ်နေသည်။
ယခု တတိယညီငယ် ပြန်ရောက်လာသောအခါ သူ့နှလုံးသားကို တည်ငြိမ်စေသည့် မှော်တုတ်တံကို တွေ့လိုက်ရသလိုပင်။
ခဏလောက် အလုပ်ရှုပ်ပြီးနောက် ညီအကိုနှစ်ယောက်က ထိုင်ပြီး စကားပြောကြသညါ။
ဝမ်ယန်ရှန်က ရေတစ်ငုံသောက်ပြီး "အိမ်မှာ အားလုံးအဆင်ပြေရဲ့လား?" ဟု မေးသည်။
ဝမ်ရွှေရှန်က သက်ပြင်းချလိုက်သည်။ ဖယောင်းတိုင်မီးအောက်ရှိ သူ့မျက်နှာက ကိစ္စကြီးများကို ဖြတ်သန်းခဲ့ရကြောင်း ပြနေသည်။
ဘယ်လိုလုပ် အဆင်ပြေနိုင်မှာလဲ?
မိသားစုတွင် လူနှစ်ဦး ဆက်တိုက်သေဆုံးခဲ့သည်။အဖေ၏ ကျန်းမာရေးက ရုတ်တရတ် ဆိုးရွားသွားသည်။ တစ်နေကုန် သက်ပြင်းချနေသည်။ ဒီရက်ပိုင်းတွင် အိပ်ယာပေါ်၌ လဲလျောင်းနေပြီး မထနိုင်တော့ပေ။ သူက ပိုကောင်းလာပုံ မပေါ်ပေ။
ဝမ်ယန်ရှန်က ဇာတ်လမ်းတစ်ခုလုံးကို မသိသေးသည့် အတွက် "အစ်ကိုကြီး၊ ကျွန်တော့်ကို အကုန်ပြောပြပါ" ဟု ပြောလိုက်သည်။
ဝမ်ရွှေရှန်က ကိစ္စအားလုံးကို ပြန်ပြောပြသည်။
နားထောင်ပြီးနောက် ဝမ်ယန်ရှန်က မျက်ခုံးပင့်လိုက်သည်။ "ဒါဆို အသုဘချပြီးတာနဲ့ ဖန်ရှောင်ကျွမ်းတို့ သားအမိကို နှင်ထုတ်ခဲ့တာပေ့ါ"
တတိယညီငယ်၏ မသေချာမရေရာသော တုံ့ပြန်မှုကြောင့် ဝမ်ရွှေရှန်၏ နှလုံးခုန်သံ မြန်သွားသည်။ "ဒါ... ငါတို့ တစ်ခုခုမှားနေတယ်ဆိုတာ ငါသိတယ်။ ဒါပေမယ့် သူက ပဉ္စမညီနဲ့ အမေ့ကို သေစေခဲ့တယ်။ အခု အဖေတောင် နေမကောင်းဘူး!"
ဖန်ရှောင်ကျွမ်းကို ဆက်ဆံရာ၌ သူတို့သည် တစ်ဖက်လူကို အမှန်တကယ် အနိုင်ကျင့်ခဲ့သည်။
ဒါပေမယ့် သူတို့ ဒါကို လုပ်ချင်တာလား? သူတို့လည်း လုံးဝ အလိုမရှိခဲ့ပေ။
ဖန်ရှောင်ကျွမ်းသည် ထိုနည်းဖြင့် အိမ်ထဲသို့ ဝင်လာသောအခါ အားလုံးက ရူးသွပ်သွားကြသည်။ သို့သော်လည်း သူတို့သည် သူမအား မည်သည့်အရာကိုမျှ ကြမ်းတမ်းစွာ မဆက်ဆံခဲ့ပေ။
နောက်ပိုင်းတွင် ပဉ္စမမြောက်ညီဖြစ်သူက ပြစ်မှုကျူးလွန်ခဲ့သည်။ သူသည် ပညာတတ်အမျိုးသမီးငယ်တစ်ဦးနှင့် ဖောက်ပြန်ပြီး မတော်တဆမှုတစ်ခု ဖြစ်ပွားလုနီးပါး ဖြစ်ခဲ့သည်။ ထိုအချိန်တုန်းက သူ့ကို သတ်ချင်နေသည်။ ထိုအချိန်တွင် ဝမ်မိသားစုသည် ဖန်ရှောင်ကျွမ်းကို လျော်ကြေးပေးရန် လိုလားခဲ့သည်။ သေချာသည်က သူမကို သတင်းမပို့စေချင်သောကြောင့်ပင်။
သို့သော် ပဉ္စမညီငယ်က သတ်သေပြီးနောက် အရာအားလုံး ပြောင်းလဲသွားသည်။ ပဉ္စမညီငယ်၏ အလောင်းကို မြင်ပြီး မိခင်ဖြစ်သူမှာ စကားမပြောနိုင်ဘဲ လေဖြတ်ကာ ၁၂ နာရီမပြည့်မီတွင်ပင် ကွယ်လွန်သွားခဲ့သည်။
ထိုအခြေအနေတွင် ဖန်ရှောင်ကျွမ်းကို ဝမ်မိသားစုတွင် မည်သို့နေထိုင်ခွင့်ပေးမည်နည်း။
ထို့အပြင် သူ့ဖခင်က ဖန်ရှောင်ကျွမ်းကို လုံးဝ မမြင်ချင်တော့ပေ။ အကယ်၍ ဖန်ရှောင်ကျွမ်းသာ နေနေပါက ဝမ်မိသားစုသည် မကြာမီတွင် နောက်ထပ် အသုဘတစ်ခု ပြုလုပ်ရလိမ့်မည်။
ဝမ်ယန်ရှန်က သူ့အစ်ကိုကြီး၏ ခုခံမှုကို ကြားပြီး လှောင်ပြောင်ရယ်မောလိုက်သည်။ "ဒါဆို အခု အစ်ကိုကြီးက ပဉ္စမညီလေးရဲ့ အပြစ်လို့ မထင်ဘူးလား?"
တတိယညီငယ်၏ အကြည့်အောက်တွင် ဝမ်ရွှေရှန်သည် အပြစ်ရှိသလို ခံစားရသည်။ "ပဉ္စမညီလေးလည်း မှားပါတယ်။ ဒါပေမယ့် သူ့အမှားအတွက် သူ့တန်ဖိုးကို ပေးချေခဲ့တယ်။ သူက ငါတို့ ဝမ်မိသားစုတစ်ခုလုံးကို ဆွဲမချချင်ဘူး။ သူ သတ်သေသွားတဲ့အတွက် ငါတို့ အနိုင်ရတယ်။ ဖန်ရှောင်ကျွမ်းရဲ့ ခြိမ်းခြောက်မှုကို ဆက်ပြီး မခံရတော့ဘူး"
ဝမ်ယန်ရှန်က ရယ်မောလိုက်သည်။
ရှေးခေတ်က လူတို့သည် မီးခွက်ကဲ့သို့ သေကုန်၏ဟု ဆိုရိုးစကားရှိသည်။ လူတစ်ဦးသေဆုံးပြီးသည်နှင့် အတိတ်ကပြုခဲ့သော ဒုစရိုက်များကို ချေဖျက်ပစ်သည်ဟု ထင်မြင်ကြသည်။ သူတို့ပတ်ဝန်းကျင်က လူများ ရုတ်တရက် မေ့ပြီး တစ်သက်လုံး လုပ်ခဲ့သည့် မကောင်းမှုအားလုံးကို မေ့သွားပါလိမ့်မည်။
သူ့အတွက် ၎င်းက ရယ်စရာကောင်းသည်။
ဖန်ရှောင်ကျွမ်းက မှားခဲ့တာလား?
ဟုတ်ပါတယ်!
ချောင်ကျန်းကျွင်းနှင့် မကွာရှင်းခင်မှာပင် သူမက သူ့၏ ပဉ္စမမြောက်ညီငယ်နှင့် ဖောက်ပြန်ခဲ့ပြီး ကလေးမွေးဖွားခဲ့ပါတယ်။ ဤရှုထောင့်မှကြည့်လျှင် သူတို့နှစ်ဦးသည် တူညီသော လှောင်အိမ်ထဲမှ မြေခွေးများဖြစ်ကြသည်။
သို့သော်လည်း ဖန်ရှောင်ကျွမ်းကို သူ့အမေနှင့် ပဉ္စမမြောက်ညီဖြစ်သူ သေဆုံးမှုအတွက် အပြစ်မတင်နိုင်ပေ။ မူလဇစ်မြစ်မှာ ပဉ္စမမြောက်ညီဖြစ်သူ၏ အပြစ်ဖြစ်သည်။
ထို့အပြင် မိသားစုအတွက် သတ်သေတာလား? ထိုစကားကို သူ မယုံပေ။
ဝမ်ရွှေရှန်သည် တတိယညီငယ်၏ ရယ်သံကြောင့် ပို၍ပင် တုန်လှုပ်သွားသည်။ သို့သော် သူစကားမပြောနိုင်မီ လျိုချွေ့ဟွားသည် ခေါက်ဆွဲတစ်ပန်းကန်နှင့် ဝင်လာသည်။
ခေါက်ဆွဲကို ဂျုံမှုန့်အကောင်းစားဖြင့် ပြုလုပ်ထားသည်။ ကြက်ဥအပေါ်တွင် ကြက်သွန်ပင် ဖြူးထားသည်။ စားချင်စဖွယ် ဖြစ်နေသည်။
လျိုချွေ့ဟွားက ကြွေပန်းကန်လုံးကို စားပွဲပေါ်တင်လိုက်ပြီး ပြောသည်။ "တတိယမောင်လေး၊ စားနော်။ အကြီးဆုံးခယ်မက မောင်လေး ကြက်သွန်နီကြိုက်တာကို သတိရလို့ အများကြီးထည့်ထားတယ်။ အိမ်မှာ နံနံပင် မရှိလို့။ မဟုတ်ရင် ပိုမွှေးလိမ့်မယ်"
ဝမ်ယန်ရှန်သည် သူ့မရီးအကြီးဆုံး၏ ရိုးသားသော အပြုံးကို ခံယူလိုက်သည်။ ပြန်လာသောအခါ အစ်ကိုကြီးသည် သူ့အတွက် အလုပ်ရှုပ်နေ၏။ "ကျေးဇူးတင်ပါတယ် အကြီးဆုံးမရီး"
"ကျေးဇူးတင်စရာ မလိုပါဘူး။ အားလုံးက မိသားစုတစ်စုတည်းပဲ။ မြန်မြန်စားပါ!" လျိုချွေ့ဟွားက ပြောပြီးသည်နှင့် လှည့်ထွက်သွားသည်။
ဝမ်ယန်ရှန်က တကယ်ကို ဗိုက်ဆာနေပြီ။ သူသည် အလုတ်ကြီးဖြင့် စားလိုက်သည်။
ခေါက်ဆွဲသည် ခိုင်မာပြီး ပျော့ပျောင်းသည်။ ကြက်ဥအနှစ်သည် လိမ္မော်ရောင်ရှိပြီး အနံ့မွှေးသည်။ အောက်ခြေတွင် ဝက်သားဗိုက်တစ်ပိုင်း ဝှက်ထားသည်။ အိမ်၏ နွေးထွေးမှုကို ပိုခံစားရစေသည်။
ဆယ်မိနစ်မပြည့်ခင်မှာပင် ခေါက်ဆွဲပန်းကန်လုံးကြီး ကုန်သွားသည်။
သူက ပါးစပ်ကို ဖြစ်သလို သုတ်လိုက်ပြီး ပြောသည်။ "အစ်ကိုကြီး၊ ဖန်ရှောင်ကျွမ်းကိစ္စက ပြီးပြီမို့လို့ ထားလိုက်တော့။ ဒါပေမယ့် သူမနဲ့ ဖန်မိသားစုကို မတိုက်ရအောင် မိသားစုကို ထိန်းထားရမယ်"
ဖန်ရှောင်ကျွမ်းသည် သူမ၏ဒေါသကို မျိုချရန် အဘယ်ကြောင့် ရွေးချယ်ခဲ့သည်ကို သူနားမလည်ပေ။
သို့သော် ခွေးက စိုးရိမ်နေချိန်တွင် နံရံပေါ်မှ ခုန်ဆင်းသွားသည်။ ဖန်မိသားစုသည် ကိုင်တွယ်ရလွယ်ကူသည်မဟုတ်ပေ။ ချောင်ပိတ်ခံရလျှင် ဘယ်ဖက်က ဒုက္ခရောက်မည်ကို မသိပေ။
တတိယညီငယ်၏ အမူအရာက ရုတ်တရက်ပျော့ပြောင်းလာသည်ကိုမြင်သောအခါ ဝမ်ရွှေရှန်လည်း သက်သာရာရသွားသည်။ သူက ထပ်ခါထပ်ခါ ခေါင်းညိတ်သည်။
"ဒါကို ငါသိတယ်။ မိသားစုထဲက လူတိုင်းက ဖန်မိသားစုနဲ့ ဝေးဝေးနေဖို့ မစောင့်နိုင်တော့ဘူး။ ငါတို့က သူတို့ကို ရန်စမှာ မဟုတ်ဘူး!"
တကယ်တမ်းတွင် ဖန်ရှောင်ကျွမ်းကို ဝမ်မိသားစုမှ မောင်းထုတ်ရုံမှလွဲ၍ ဝမ်မိသားစုသည် သူမအား မည်သည့်အရာမှ မလုပ်ဆောင်ခဲ့ပေ။
ဖန်ရှောင်ကျွမ်းက သက်ကယ်တဲသည် အဆင်မပြေဘူးဟု ပြောသည်။ ထို့ကြောင့် ဒုတိယညီငယ်နှင့် စတုတ္ထညီငယ်တို့က ပြုပြင်ရန် ဦးဆောင်ခဲ့သည်။ မီးယပ်အကျဉ်းကျခြင်းကြောင့် ကျန်းမာရေး ဆိုးရွားသည်ဟု သူမက ဆိုသည်။ ထို့ကြောင့် သူမအတွက် အလွန်ပေါ့ပါးသော အလုပ်တစ်ခုကို စီစဉ်ခဲ့သည်။
ဖန်ရှောင်ကျွမ်းလို လူတစ်ယောက်က သူမကို လူများ ကောင်းကောင်း ဆက်ဆံရန် မစွမ်းဆောင်နိုင်ခြင်းပင်။
လွန်ခဲ့သည့် အကြိမ်အနည်းငယ်က သူက စကားပြောရန် လွယ်ကူပုံကို ကြည့်ပြီး သူမသည် ချက်ချင်းပင် သူ့ကို လှည့်စားပြီး နောက်ထပ် အလုပ်အမှတ် အနည်းငယ် ပေးခိုင်းခဲ့သည်။
ပဉ္စမညီငယ်သည် ဤကဲ့သို့သော မိန်းမမျိုး နှင့် အဘယ်ကြောင့် ဖောက်ပြန်ခဲ့သနည်း။
အစ်ကိုအကြီးဆုံးက ငယ်ငယ်တုန်းက သားသမီးဝတ္တရားကျေပွန်းပြီး စိတ်ဓာတ်က မဆိုးပေ။ ထို့ကြောင့် ဝမ်ယန်ရှန်သည် အစ်ကိုကြီးရှိလျှင် အရာရာတိုင်းအတွက် စိတ်မပူခဲ့ပေ။
သူက ပန်းကန်လုံးကို ကိုင်ကာ ထရပ်လိုက်သည်။ "နောက်ကျနေပြီ။ အစ်ကိုကြီး စောစောအနားယူတော့။ ဆွေးနွေးစရာရှိရင် မနက်ဖြန်မှ ပြောကြမယ်!"
ဝမ်ရွှေရှန်လည်း မတ်တပ်ထရပ်လိုက်သည်။ "ကောင်းပြီ၊ ဒါနဲ့ တတိယညီငယ် ဒီတစ်ကြိမ် ဘယ်နှစ်ရက်နေမှာလဲ?"
ဝမ်ယန်ရှန်က ပြန်ဖြေသည်။ "ကျွန်တော့်မှာ အားလပ်ရက် ဆယ့်ငါးရက် ရှိတယ်။ ခရီးထွက်ချိန်ဖယ်ပြီးရင် အိမ်မှာ ဆယ်ရက်နေနိုင်တယ်၊"
ဝမ်ရွှေရှန်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာသည်။ "ကောင်းလိုက်တာ။ မင်းပြန်မလာတာ နှစ်အနည်းငယ်ကြာပြီမို့ မင်းအိမ်မှာ နောက်ထပ်ရက်အနည်းငယ်လောက်နေရမယ်။ အဖေ မင်းကို မနက်ဖြန်တွေ့ရင် ဝမ်းသာလိမ့်မယ်!"
ဖန်ရှောင်ကျွမ်း ထွက်သွားပြီးကတည်းက ဝမ်ရှင်းရှန် အရင်နေထိုင်သည့် အခန်းက ဗလာဖြစ်နေတုန်းပင်။ ဝမ်မိသားစုရှိ ဘယ်သူမှ မနေရဲကြပေ။
ဝမ်ယန်ရှန်၏ အခန်းကမူ တစ်နှစ်ပတ်လုံး အိမ်မပြန်နိုင်သောကြောင့် ယခုအခါ တူလေးများ နေထိုင်နေသည်။ ဝမ်ယန်ရှန်သည် သရဲနှင့် ဝိညာဉ်များကို မကြောက်ပေ။ ပဉ္စမညီလေး၏ အခန်းတွင် သွားအိပ်သည်။
တံခါးခုံမှ လှမ်းထွက်လာကာ ရုတ်တရက် ရပ်လိုက်သည်။ "အစ်ကိုကြီး၊ အလောင်းက ပဉ္စမမြောက်ညီလေးဆိုတာ သေချာလား?"
ဝမ်ရွှေရှန်က ခဏလောက် အံ့အားသင့်သွားကာ ခေါင်းညိတ်ပြလိုက်သည်။ "ငါသိတယ်။ အလောင်းက ဖောလာတဲ့အထိ ရေစိမ်ထားပေမယ့် သူ့မျက်နှာက ပဉ္စမညီငယ်နဲ့ ဆင်တယ်။ အရပ်နဲ့ အဝတ်အစားကလည်း နူတူပဲ။ သူပဲဖြစ်ရမယ်"
သူ မဟုတ်ရင် ဘယ်သူ့အလောင်းလဲ?
ပဉ္စမမြောက်ညီရဲ့အဝတ်အစားကိုဝတ်ပြီး သူနဲ့တူတဲ့သူတစ်ယောက် ဘယ်လိုရှိနိုင်မှာလဲ?
အလောင်းပေါ်ရှိ အမာရွတ်နှင့်ပတ်သက်သည့်အချက်ကို ပြန်ပြောပြသည်။ "ဒါပေမယ့် ပဉ္စမညီငယ်ရဲ့ ဘယ်ဘက်မျက်ခုံးမှာ အမာရွတ်ရှိတယ်။အလောင်းပေါ်က အသားတစ်စ ဘာကြောင့် ပျောက်သွားတာလဲတော့ မသိဘူး"
ဝမ်ယန်ရှန်၏ မျက်လုံးက ကျဉ်းမြောင်းသွားသည်။ "ပဉ္စမညီငယ်ရဲ့ ခန္ဓာကိုယ်ကို ပျက်စီးနေပြီး အထင်ရှားဆုံး အင်္ဂါရပ်ကို ခွဲခြားသတ်မှတ်လို့ မရဘူးလို့ ဆိုလိုတာလား?"
တတိယမြောက်ညီလေးက ရုတ်တရက် လေးနက်လာသည်ကို မြင်ပြီး ဝမ်ရွှေရှန်က တုန်လှုပ်ခြောက်ခြားသွားသည်။ "ငါ ရဲကို မေးတယ်။ မြစ်ကမ်းနားက ကျောက်တုံးနဲ့ထိတာ ဖြစ်နိုင်တယ်၊ ဒါမှမဟုတ် ငါးကိုက်တာ ဖြစ်နိုင်တယ်လို့ ပြောတယ်။ ...ပြဿနာရှိလို့လား?"
ဝမ်ယန်ရှန်၏ မျက်နှာသွင်ပြင်မှာ ခဲတံကဲ့သို့ ဖြောင့်စင်းသည်။ ထိုအချိန်တွင် သူသည် စကားမပြောဘဲ နှုတ်ဆိတ်နေသည်။
သူ့ရှေ့ရှိ ဝမ်ရွှေရှန်သည် အစ်ကိုကြီး၏ ရပ်တည်ချက်ကို လုံးဝမထောက်ထားနိုင်ပေ။
ဝမ်ယန်ရှန်က "ပဉ္စမမြောက်ညီငယ်ကို ဘယ်တုန်းက သင်္ဂြိုဟ်ခဲ့တာလဲ?" ဟု ဆက်လက်မေးမြန်းသည်။
ဝမ်ရွှေရှန်က သူ့မေးသည်ကို ကြားလိုက်သည့်အခါ ဘယ်လောက်ပင် မိုက်မဲနေပါစေ၊ တစ်ခုခုမှားနေပြီဖြစ်ကြောင်း သိလိုက်ရသည်။ " တတိယညီလေး၊ မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ? အလောင်းက ပဉ္စမညီလေးမဟုတ်ဘူးလို့ သံသယဖြစ်နေတာလား?"
ဝမ်ယန်ရှန်က ခေါင်းမညိတ်ပေ။ ငြင်းလည်း မငြင်းပေ။
အလောင်းသည် ပဉ္စမမြောက်ညီမဟုတ်ဟု သံသယရှိနေသည်။
အလောင်းသည် ဘယ်ဘက်မျက်ခုံးတွင် ပျက်သွားသည်ဆိုသည့်အချက်ကို မပြောနှင့် ပဉ္စမညီငယ်၏ အကျင့်အရ မိသားစုအတွက် သူ့ကိုယ်သူ သတ်သေမည် မဟုတ်ပေ။
သူ့ထံတွင် အသိစိတ်ရှိနေသရွေ့ သူ့မိဘများနှင့် အစ်ကိုများကို ဒီအသက်အရွယ်အထိ ထောက်ပံ့ခိုင်းမည် မဟုတ်ပေ။ သူ့ကို သေဒဏ်ပေးနိုင်မည့် အရာများကိုလည်း ဆက်တိုက်လုပ်မည် မဟုတ်ပေ။
ထို့ကြောင့် မိသားစုအတွက်ဟု စပြောကတည်းက သူ မယုံပေ။
ဝမ်ရွှေရှန်သည် တတိယညီငယ်၏ အမူအရာကို မြင်လိုက်ရသောအခါ သူ့နှလုံးသားထဲတွင် ပို၍ မသေချာမရေရာ ဖြစ်လာသည်။
အချိန်အတော်ကြာပြီးနောက် သက်ပြင်းချလိုက်သည်။ "မင်းထင်တာများလွန်းနေပြီ။ မင်းရဲ့အစ်ကိုက မြစ်ထဲကို ခုန်ချသွားတာကို ကိုယ်တိုင်တွေ့ခဲ့ရတာ။ အလောင်းရဲ့မျက်နှာက အရမ်းဆင်တယ်။ အမာရွတ်မရှိရင်တောင် ပဉ္စညီလေး မဟုတ်ဘူးလို့ မပြောနိုင်ဘူး။ သူက ပဉ္စမညီငယ် မဟုတ်ရင် ဘယ်သူလဲ? သူက ဘာလို့ သေဟန်ဆောင်မှာလဲ?"
ဝမ်ယန်ရှန်သည် သူ့အစ်ကိုကြီး၏ စကားကို မဖြေနိုင်ပေ။
သူသိလျှင် အခု ဒီနေရာတွင် ရပ်နေမည် မဟုတ်ပေ။
ဝမ်ရွှေရှန်သည် သူတစ်ခုခုလုပ်မည်ကို ကြောက်သဖြင့် အလျင်အမြန် သတိပေးလိုက်သည်။ "တတိယညီလေး၊ အဖေက ကျန်းမာရေး အရမ်းဆိုးနေတယ်။ မဟုတ်တာတွေ မလုပ်သင့်ဘူး"
ဥပမာအားဖြင့် အလောင်းအတွက် အုတ်ဂူတူးခြင်းသို့မဟုတ် တစ်ခုခု။ တွေးတောင်မတွေးနဲ့!
အဘိုးအိုသည် ပဉ္စမညီငယ်ကို အလွန်စိတ်ပျက်မိသော်လည်း နှစ်ပေါင်းများစွာ အလိုလိုက်ခဲ့သည့် သူ့သားအငယ်ဆုံးဖြစ်နေဆဲပင်။ ဆံပင်ဖြူက ဆံပင်နက်သည့်လူကို လိုက်ပို့ပေးရသည်။ ထို့အပြင် ဇနီးဖြစ်သူလည်း ထွက်ခွာသွားခဲ့သည်။ ရုတ်တရက် ပြင်းထန်စွာ ထိုးနှက်ခံခဲ့ရသည်။ ယခုဆို ဆေးလိပ်သောက်သည့်သူက ဆေးလိပ်မသောက်တော့ပေ။
ထို့ကြောင့် တတိယညီငယ် တကယ်လုပ်လျှင် အဘိုးကြီး၏ အသက်ကို ဆုံးရှုံးရလိမ့်မည်။
ဝမ်ယန်ရှန်သည် သူ့အဖေအကြောင်း တွေးနေသည်။ အစ်ကိုကြီး၏ ပုခုံးပေါ် လက်တင်ပြီး "နောက်ကျနေပြီ၊ အစ်ကိုကြီး အိပ်တော့" ဟုဆိုသည်။
ပြောပြီးသည်နှင့် ထွက်သွားသည်။
ဝမ်ရွှေရှန်သည် တတိယညီငယ်၏ ကျောကို စိတ်မသက်မသာဖြင့် ကြည့်နေသည်။