← Chapters

အခန်း (၁၃၃)

Vol. 11 Ch. 133

အခန်း (၁၃၃)

Vol. 11 Ch. 133

သာ့ချောင်သည် နောက်တစ်နေ့ နံနက်စောစော အိပ်ရာမှ နိုးလာသည်။ သပ်သပ်ရပ်ရပ်ဝတ်စားပြီး အိမ်ဟောင်းကိုသွားကာ အဘွားဖြစ်သူနှင့်အတူ ကျန်းမာရေးဆေးခန်းသို့သွားကာ အဒေါ်ကြီးနှင့် မွေးကင်းစကလေးငယ်တို့ကို သွားရောက်ကြည့်ရှုရန် ပြင်ဆင်သည်။

မနေ့ညက အဒေါ်ကြီးက ကျန်းမာရေးဆေးခန်းသွားပြီး မကြာခင်မှာပင် သူတို့မိသားစုက ချောင်အိမ်ငယ်လေးဆီ ပြန်သွားကြသည်။ ထို့ကြောင့် အဒေါ်ကြီးသည် ညီမငယ် သို့မဟုတ် မောင်ငယ်တစ်ဦးကို မွေးဖွားခဲ့သည်ကို သူမ မသိသေးပေ။

သို့သော် သူမက တံခါးမှ လှမ်းထွက်လိုက်သည်နှင့် မုန့်က်စေးနှစ်ထုပ်က သူမကို ကပ်နေသည်။

"အစ်မသာ့ချောင်၊ မောင်လေးတို့လည်း သွားကြမယ်!" ဖက်ထုပ်ငယ်နှစ်ယောက်က ကလေးအသံဖြင့် တညီတညွတ်တည်း ပြောကြသည်။

သာ့ချောင်က ခဏလောက်စဉ်းစားပြီး ပြောသည်။ "ကောင်းပြီ။ မောင်လေးတို့ အစ်မနဲ့ လိုက်လို့ရတယ်။ ဒါပေမယ် အစ်မကြိုပြောထားမယ်နော်။ မောင်လေးတို့ လိမ်လိမ်မာမာနေရမယ်!"

ဖက်ထုပ်ငယ်နှစ်ယောက်သည် ချက်ချင်းပင် ခေါင်းညိတ်ပြလိုက်သည်။ "မောင်လေးတို့က အမြဲလိမ္မာတယ်!"

ထို့ကြောင့် သာ့ချောင်သည် 'အမြဲတမ်း လိမ္မာသည့်' ဖက်ထုပ်ငယ်နှစ်ယောက်နှင့်အတူ ချောင်အိမ်ဟောင်းသို့ သွားသည်။

လမ်းတလျှောက်တွင် ဖက်ထုပ်လေး ၃ ယောက်က လက်ချင်းတွဲထားသည်ကို လူတိုင်း တွေ့လိုက်ရသည်။ သူတို့သုံးယောက်၏ မျက်နှာက ဖြူစင်ပြီး နူးညံ့သည်။ သူတို့၏ ခန္ဓာကိုယ်ပေါ်ရှိ အဝတ်က သန့်ရှင်းသည်။ ရွာက တခြားကလေးတွေထက် ပိုကောင်းသည်။ သူတို့ကို နောက်ထပ်အနည်းငယ် မကြည့်ဘဲ မနေနိုင်ပေ။

အခြားသူများက မနေနိုင်ဘဲ ညည်းတွားကြသည်။ "ချောင်မိသားစုက ကလေးတွေကို ဘယ်လို ပြုစုပျိုးထောင်မှန်း မသိဘူး။ ကလေးတိုင်းက တခြားသူတွေထက် ပိုလှတယ်။ ကလေးတွေကို ပြုစုပျိုးထောင်ဖို့ လမ်းညွှန်ချက်တောင်းချင်တယ်"

၎င်းကိုကြားပြီး လူတိုင်းက ခေါင်းညိတ်ကြသည်။

သာ့ချောင်နှင့် သူမ၏ မောင်ငယ်နှစ်ယောက်သည် ချောင်အိမ်ဟောင်းသို့ ရောက်ရှိလာပြီး ဝမ်းကွဲအစ်မနှစ်ယောက်က အဝတ်လျှော်နေသည်ကို တွေ့လိုက်ရသည်။

"ညီမလေးသာ့ချောင်၊ ညီမလေးက ဘာလို့ဒီလောက်အစောကြီး လာတာလဲ?"

ချောင်တုန်းဟယ်က လက်ဆွဲထားသည့် ဖက်ထုပ်လေး ၃ ယောက်ကို တွေ့သည့်အခါ ချစ်စရာကောင်းသည့် အပြုံးက သူမမျက်နှာပေါ်တွင် ပေါ်လာသည်။

"အစ်မတုန်းဟယ်၊ အဖွားနဲ့အတူ ကလေးကို သွားတွေ့ဖို့ လာခဲ့တာ" သာ့ချောင်က လမ်းလျှောက်လာရင်း ဝမ်းကွဲအစ်မက ကလေးအဝတ်များ လျှော်နေသည်ကို တွေ့လိုက်သည်။

က​လေးအဝတ်​​များက ​သေး​လွန်းသည်။ သူမသည် အလွန်ဆန်းသစ်သည်ကို တွေ့ရှိခဲ့သည်။

ချောင်တုန်းဟယ်က ပြောလိုက်သည်။ "အဖွားက ဂျင်းရှာလကာရည် ကြက်ဥပြုတ်ကို ချက်နေတုန်းပဲ။ တစ်ဖက်မှာ ထိုင်ပြီး ခဏစောင့်နေနော်"

ဤနေရာရှိ ထုံးစံမှာ မီးတွင်းနေသည့် တစ်လအတွင်း ဂျင်းရှာလကာရည် ကြက်ဥပြုတ်စားရခြင်း ဖြစ်သည်။ မိသားစု၌ ထိုသို့အခြေအနေမရှိလျှင် သကြားလုံးညိုရေကို နှစ်ရက်သုံးရက်လောက် သောက်သည်။ သူတို့ အခြေအနေက ပိုဆိုးလျှင် သကြားလုံးရေပင် မသောက်ရပေ!

သာ့ချောင်က ထိုင်မနေပေ။ ထိုအစား ဝမ်းကွဲအစ်မနှစ်ယောက်က အဝတ်လျှော်သည်ကို ကူညီပေးသည်။ "အစ်မတုန်းဟယ်၊ ကလေးကို မြင်ဖူးလား? မောင်လေးလား? ညီမလေးလား?"

"အဲဒါက ညီမလေး" ဒီတစ်ခါတွင် ချောင်တုန်းယင်က စကားပြောလိုက်သည်။ သူမက မျက်စိမှိတ်ပြသည်။ "ညီမလေးသွားတဲ့အခါ ငါ့အမေနဲ့ ဝေးဝေးနေဖို့ မမေ့နဲ့!"

သူ့အမေက ညီမလေးကို မွေးပြီးကတည်းက သူ့မျက်နှာပေါ်ရှိ အမူအရာက အလွန်ရုပ်ဆိုးနေသည်။ ညီအစ်မနှစ်ယောက်က မနက်က ထမင်းသွားပို့သောအခါ အကြောင်းပြချက်မရှိ အော်သည်။

ခဏလောက်စဉ်းစားပြီးသောအခါ သာ့ချောင်သည် သူမ၏ စိတ်ထဲတွင် နားလည်လာသည်။ "အစ်မယင်၊ စိတ်မပူပါနဲ့။ ညီမလေး အဒေါ်ကြီးနဲ့ ဝေးဝေးနေမယ်။ ဒါပေမယ့် ဒီအဝတ်အစားတွေက မညစ်ပတ်ဘူး။ ဘာလို့ လျှော်ရမှာလဲ?"

ချောင်တုန်းဟယ်က ပြန်ဖြေသည်။ "မွေးစကလေးတွေရဲ့ အသားအရေက အရမ်းနုတယ်။ ဒီအဝတ်အစားတွေ ဒီတိုင်းရှိနေတာ ကြာပြီ။ အဖွားက ကလေးမထိခိုက်အောင် ရေနွေးနဲ့ ဆေးဖို့ ပြောတယ်"

သာ့ချောင်က ခေါင်းညိတ်ပြီး ဤသည်ကို အမြန်မှတ်ထားလိုက်သည်။

သူ့အမေ၏ ဗိုက်က လေးလကျော်နေပြီ။ နောက်ငါးလကြာသောအခါ သူမသည် အစ်မဖြစ်လိမ့်မည်။ ဒီအရာတွေကို သူမ မှတ်မိရမယ်!

ချောင်တုန်းဟယ်သည် ညီမငယ်၏ လေးနက်သောအမူအရာကို ကြည့်ကာ သူမကို အသည်းယားသွားပြန်သည်။

နာရီဝက်လောက်ကြာသောအခါ သာ့ချောင်နှင့် သူမမောင်လေးနှစ်ယောက်က အဖွားနှင့်အတူ ဆေးခန်းကို သွားကြသည်။

တံခါးထဲသို့ ဝင်လိုက်သည်နှင့် အဒေါ်ကြီး၏ မျက်နှာက မည်းမှောင်နေသည်ကို တွေ့လိုက်ရသည်။ ယွမ်နှစ်ရာ့ငါးဆယ် အကြွေးတင်နေသလိုပင်။

သူမက မောင်ငယ်နှစ်ယောက်ကို တိုးတိုးလေးပြောလိုက်သည်။ "မောင်လေးတို့ အစ်မအနားမှာပဲ ကပ်နေ။ အဒေါ်ကြီးနား မကပ်ရဘူး။ နားလည်လား?"

"နားလည်ပါပြီ အစ်မသာ့ချောင်!"

ဖက်ထုပ်ငယ်နှစ်ယောက်က သူမကို ပုံတူကူးပြီး အသံကို လျှော့လိုက်သည်။ သူတို့ သုံးယောက်သည် ကြွက်ငယ်လေးများကဲ့သို့ စုရုံးနေကြသည်။

၎င်းကို ဝမ်ချွမ်ကျီက မြင်သည်။ သူမ၏ အမူအရာက ပိုဆိုးလာသည်။ "နင်တို့သုံးယောက်။ နင်တို့ညီမလေးအိပ်နေတာကို မမြင်ဘူးလား? သူမကို နှောင့်ယှက်ဖို့ ရည်ရွယ်ချက်နဲ့ ဒီကိုလာခဲ့တာလား?"

ဒီစကားက လူများကို ဆွံ့အသွားစေသည်။

သူတို့ သုံးယောက် ပေါင်းလိုက်သော အသံက သူမတစ်ယောက်တည်းလောက် ကျယ်လောင်သည် မဟုတ်ပေ။

ဟုတ်ပါသည်၊ တုန်းယွမ်လေးက မျက်မှောင်ကြုတ်ပြီး "ဝါး"ခနဲ ငိုသည်။

ဝမ်ချွမ်ကျီသည် ပို၍ပင် စိတ်ဆိုးသွားသည်။ "ငို၊ ငို၊ ငို၊ တစ်နေ့လုံး ငိုဖို့ပဲ သိတယ်။ စိတ်တိုဖို့ ကောင်းတယ်..."

သို့သော် စကားမဆုံးခင် တံခါးဝရှိ ပုံရိပ်ကို မြင်လိုက်ရပြီး ပြန်မျိုချလိုက်သည်။

ချောင်ရှို့ကျီသည် ပန်းကန်ဆေးပြီး ယခုပင် ထွက်လာခဲ့သည်။ တံခါးဝသို့ လျှောက်လာသောအခါ အကြီးဆုံးချွေးမဖြစ်သူ၏ ကြိမ်းမောင်းသံကို ကြားလိုက်ရသည်။

သူမက လှမ်းဝင်လာပြီး တင်းမာနေသော မျက်နှာဖြင့် သတိပေးသည်။ "အကြီးဆုံးရဲ့ ဇနီး၊ နင် ဂရုမစိုက်ချင်ရင် အစကတည်းက ကိုယ်ဝန်မဆောင်နဲ့။ မွေးပြီးရင်တော့ နင် သူ့ကို ပြုစုပျိုးထောင်ရမယ်!"

ဝမမချွမ်ကျီ၏ တစ်ကိုယ်လုံး တုန်ယင်သွားပြီး အကြိမ်ကြိမ် ခေါင်းညိတ်သည်။ "ကျွန်မ သူ့ကို မမွေးဘူးလို့ မပြောခဲ့ဘူး... ကျွန်မ နည်းနည်း စိတ်ဓာတ်ကျနေလို့ပါ"

၎င်းထက် နည်းနည်းပိုသည်။ လုံးဝ စိတ်ဓာတ်ကျနေသည်။

ရှစ်လကျော်ကြာ သားဖြစ်သူ တောင့်တပြီးနောက် ရုတ်တရက် သမီးလေးဖြစ်လာသည်။ ဒါကို သူမက ဘယ်လိုလုပ် ခံနိုင်ရည်ရှိနိုင်မှာလဲ?

ပိုဆိုးသည်က သူမ ကိုယ်ဝန်ရှိတုန်းက ဗိုက်ထဲက သားကို နေရာတိုင်း ကြွားနေသည်။ ထုတ်လုပ်ရေးအဖွဲ့က သူမသာ သမီးတစ်ယောက်မွေးကြောင်း သိလျှင် ဘယ်လိုရယ်မလဲဆိုတာ မသိပေ။

လင်းဟွေ့သည် ငါးလအတွင်း မွေးဖွားမည် ဖြစ်သည်။ သူမမှာ သားတစ်ယောက်ရှိရင် ဘယ်လိုလုပ်မလဲ?

ထိုအကြောင်းပြချက်များစွာဖြင့် သူမသည် စိတ်ဓာတ်ကျနေသည်။

သို့သော် သမီးငယ်လေးကို ပိုကြည့်လေ၊ သူမမျက်လုံးက ကျေနပ်မှုနည်းလေလေပင်။

ချောင်ရှို့ကျီက သူမကို အေးစက်စွာ ကြည့်လိုက်သော်လည်း သူမကို ဆက်မငေါက်ပေ။

အကြီးဆုံးချွေးမသည် သမီးများထက် သားကို ပိုနှစ်သက်ကြောင်း သူမ သိသည်။ ပထမသမီးနှစ်ယောက်ကို ဖွားမြင်သောအခါ သူမ၏ နက်မှောင်သောမျက်နှာသည် အထင်အမြင်သေးပုံပေါ်သည်။

သို့တိုင် ဝမ်ချွမ်ကျီသည် အချိုးအစားကို သိသည်။ နို့တိုက်ချိန်ရောက်လျှင် နို့တိုက်သည်။ သူမသည် ကလေးကို အာရုံစိုက်ခဲ့သည်။ ကလေး နေမကောင်းသည့်အခါ တစ်ညလုံး စောင့်ရှောက်ပေးသည်။ ဖန်ရှောင်ကျွမ်းထက် အများကြီး ပိုကောင်းသည်။

ဖန်ရှောင်ကျွမ်းကို တွေးရင်း ချောင်ရှို့ကျီသည် သူမဘေးနားရှိ သာ့ချောင်ကို မကြည့်ဘဲ မနေနိုင်တော့ပေ။

ယခု ဤကလေးသည် ဖြူဖွေးပြီး နူးညံ့သည်။ သူမ၏ မျက်နှာငယ်လေးမှာ အသားရောင်နှင့် နီရဲနေသည်။ လွန်ခဲ့သော တစ်နှစ်ခွဲကနှင့် လုံးဝမတူပေ။

အစပိုင်းတွင် သူမသည် ဖန်ရှောင်ကျွမ်းကို မုန်းသောကြောင့် ခွဲထုတ်ခဲ့သည်။ ထို့ကြောင့် သူမက အိမ်ငယ်လေး၏ ကိစ္စများကို အခြေခံအားဖြင့် ဝင်မစွက်ဖက်ပေ။

ဖန်ရှောင်ကျွမ်းသည် သာ့ချောင်ကို မကြိုက်ကြောင်း သူမနှင့် ရွှယ်ချွမ်တို့ သိသည်။ သို့သော် ဖန်ရှောင်ကျွမ်းက သူတို့ရှေ့၌ ကလေးကို ရိုက်နှက်ဆုံးမခြင်းမျိုး မလုပ်ဖူးပေ။

နောက်ပိုင်းတွင် ကလေးက ပိုပိန်လာသည် တွေ့ရသည်။ မေးသည့်အခါ ဖန်ရှောင်ကျွမ်းက သာ့ချောင်သည် ဗိုက်မကောင်းသဖြင့် အလွန်အကျွံမစားနိုင်ဘူးဟု ဆိုသည်။ အလွန်အကျွံစားပြီးသည်နှင့် အန်သည်။ ချောင်ရှို့ကျီက သာ့ချောင်ကို ကိုယ်တိုင်မေးသောအခါ ကလေးက မစားနိုင်ဘူးဟု ပြောပြီး သူ့အမေ၏ စကားကို အတည်ပြုခဲ့သည်။

ထိုနှစ်များအတွင်း ရွှယ်ချွမ်၏ ကျန်းမာရေးသည် အလွန်မကောင်းခဲ့ပေ။ ခင်ပွန်းဖြစ်သူကို ပြုစုစောင့်ရှောက်ပြီး လယ်ကွင်း၌ အလုပ်လုပ်ရသဖြင့် သိပ်ဂရုမစိုက်နိုင်ခဲ့ပေ။ ဖန်ရှောင်ကျွမ်ူသည် သင်္ဘောပေါ်တွင် ကျူးလွန်ခြင်းမရှိသောကြောင့် သူမက ဝင်ရောက်မစွက်ဖက်ပေ။

ယခု သူမသည် ထိုအကြောင်းကို တွေးတောရင်း ရုတ်တရက် သူမသည် ဤကလေးကို အပြစ်ပြုမိသလို ခံစားလိုက်ရသည်။

အရင်တုန်းက သူမ၏ နှလုံးသားထဲ၌ ကလေးက မရှိခဲ့ပေ။ ထို့ကြောင့် သူမက စိတ်မဆင်းရဲပေ။ သို့သော် အခုချိန်တွင် သူမကို စိတ်ဆိုးနေအား လုံးဝမတွေ့ရတော့ပေ။

သာ့ချောင်သည် အဖွား၏ အကြည့်ကို ခံစားလိုက်ရသည်။ သူမက ပြန်လှည့်ကြည့်ကာ ချိုသာစွာ ပြုံးပြလိုက်သည်။ "အဖွား၊ ဘာလို့ သမီးကို ကြည့်နေတာလဲ?"

ချောင်ရှို့ကျီက သူမဆံပင်ကို လှမ်းပွတ်လိုက်သည်။ "သမီးက ဒီဝတ်စုံနဲ့ ကြည့်ကောင်းတယ်လို့ အဖွားထင်နေတာ။ သမီးအဘိုးကို သမီးအတွက် ထပ်လုပ်ပေးခိုင်းမယ်"

သာ့ချောင်က ပို၍ပင် ပျော်ရွှင်စွာ ပြုံးပြသည်။ သူမ၏ မျက်ခုံးများသည် ကွေးသွားသည်။ "ကျေးဇူးတင်ပါတယ် အဖွား၊ ဒါပေမယ့် သမီမှာ အဝတ်အစားတွေ လုံလုံလောက်လောက်ရှိတယ်။ နောက်ထပ် ထပ်လုပ်ဖို့ မလိုတော့ဘူး!"

ကလေးက အရမ်းစာနာတတ်ပြီး ဥာဏ်ရည်ထက်မြက်သည်ကိုမြင်သောအခါ ချောင်ရှို့ကျီ၏ နှလုံးသားက ပျော့ပျောင်းသွားသည်။ "ဒါဆို သမီးအတွက် ကြက်သွန်ဖြူအရသာ ပဲစိမ်းနည်းနည်း လုပ်ပေးမယ်"

"အဖွား၊ အဖွားက အရမ်းကောင်းတာပဲ!" သာ့ချောင်သည် သူမအဖွား၏ ပေါင်ကို ပွေ့ဖက်ကာ ခွေးကလေးတစ်ကောင်လို ပွတ်သပ်နေသည်။

ယောက္ခမက သာ့ချောင်အပေါ် အလွန်စွဲလန်းနေသည်ကို မြင်ပြီး ဝမ်ချွမ်ကျီ၏ နှလုံးသားထဲတွင် ရှာလကာရည် ပေါက်သွားသည်။

ယောက္ခမက အကျင့်ဆိုးတွေ များလာသည်။

မြေးအများကြီးရှိသည့်အထဲတွင် သာ့ချောင်ကိုသာ မျက်နှာသာပေးသည်။

အရင်တုန်းကတော့ ကောင်းသည်။ သို့သော် မကြာသေးမီက ယောက္ခမသည် သာ့ချောင်ကို အလိုလိုက်လွန်းသည်။ ဘယ်အရာမဆို ကောင်းတာမှန်သမျှ သာ့ချောင်ကို အရင်ပေးသည်။ သူမက မနာလိုဖြစ်သော်လည်း ထိန်းထားရုံသာ တတ်နိုင်သည်။

ရုတ်တရက် ခေါင်းကို လှည့်ကာ မငိုတော့သော သမီးငယ်လေးကို ကြည့်လိုက်သည်။ သူမ၏ မျက်လုံးထဲတွင် အလင်းရောင်တစ်ခု လင်းလက်လာသည်။

ထုတ်လုပ်ရေးအဖွဲ့တွင် ယောက္ခမက ရှေးရိုးမဆန်ဆုံးသူဟု လူတိုင်းပြောဖူးသော်လည်း သူမက လုံးဝမယုံပေ။

ဒီကမ္ဘာမှာ တစ်ယောက်ယောက်က သမီးထက် သားကို ဘယ်လိုလုပ် မကြိုက်နိုင်တာလဲ?

သူတို့၏ တစ်ဦးတည်းသောသမီး လင်းဟွေ့ကိုသာ ချစ်သည့် လင်ူမိသားစုသာ ရှိသည်။ သို့သော် လင်းမိသားစု၏ ဥစ္စာများသည် နောက်ဆုံးတွင် သားငါးယောက်အတွက် ကျန်ခဲ့သေးသည် မဟုတ်လော။

သို့သော် အခု သူ့ယောက္ခမက သာ့ချောင်ကို ချစ်မြတ်နိုးမှုအပြည့် ပြုံးပြနေသည်အား မြင်လိုက်ရပြီး သူမက ရုတ်တရက် ယုံလိုက်မိသည်။

ယောက္ခမသည် သာ့ချောင်တွင် အအးလိုလိုက်လျှင် အခြားမြေးမများကိုလည်း အလိုလိုက်နိုင်သည်။

သူမ၏ သမီးနှစ်ယောက်က မိုက်မဲသည်။ သူတို့က ယောက္ခမကု သာ့ချောင်လို မမြှောက်ပင့်ပေးတတ်ပေ။

ထို့ကြောင့် သူတို့နှစ်ယောက်က သေချာပေါက် မလုပ်နိုင်ပေ။ သို့သော် သမီးအငယ်ဆုံးက ငယ်သေးတယ်။ ငယ်ငယ်ကတည်းက မြှောက်ပင့်တတ်အောင် သင်ပေးလျှင် သာ့ချောင်နှင့် ယှဉ်ပြိုင်နိုင်မည်။

ထို့အပြင် သမီးအငယ်ဆုံးက ယောက္ခမနှင့် မွေးနေ့လည်း တူသည်။ ထို့ကြောင့် ယောက္ခမက သူမကို ပိုဂရုစိုက်လိမ့်မည်။

ဝမ်ချွမ်ကျီသည် ထိုအကြောင်းကို ပိုတွေးလေလေ သူမ၏ မျက်လုံးက တောက်ပလာလေလေဖြစ်သည်။ တုန်းလင်းလေးက ဒီမြင်ကွင်းကို တွေ့သွားသည်။ ထိတ်လန့်လွန်းသဖြင့် သူ့မျက်လုံးတွေကို လက်သေးသေးလေးနှင့် အမြန်အုပ်လိုက်သည်။

"Aiya၊ အမေ့ရဲ့ အဖိုးတန်ယွမ်ယွမ်၊ အမေ ဒီမှာ၊ အမေ သမီးကို ချစ်တယ် "

ချောင်ရှို့ကျီ - "..."

သာ့ချောင် - "……"

ဝမ်ချွမ်ကျီသည် အိပ်ပျော်နေသော သမီးငယ်လေးကို ကောက်ကိုင်လိုက်ပြီး သူမ၏ မျက်နှာလေးကို သူမ၏ ပန်ကိတ်မျက်နှာကြီးဖြင့် ပွတ်သပ်လိုက်သည်။

သူမ၏ အသားအရေက အလွန်ကြမ်းပြီး လှုပ်ရှားမှုကလည်း ကြမ်းသည်။ ချက်ချင်းဆိုသလို တုန်းယွမ်ကို နာကျင်စေသည်။

တုန်းယွမ်လေးက ငိုကြွေးပြန်သည်။ အငိုကြောင့် မျက်နှာက နီမြန်းသွားသည်။

ချောက်ရှို့ကျီသည် အကြီးဆုံးချွေးမက ဘာလုပ်ချင်လဲဆိုသည်ကို မသိပေ။ သူမက အော်လိုက်သည်။ "ဘာလို့ ကလေးကို မလွှတ်သေးတာလဲ? ကလေးမျက်နှာက နီရဲနေတာ မမြင်ဘူးလား?"

ဝမ်ချွမ်ကျီက အပြောခံရသည်ကို စိတ်မဆိုးပေ။ ယင်းအစား သူမက အလွန်ပျော်ရွှင်နေသည်။ "အမေ၊ ကျွန်မ နားလည်ပါတယ်။ ဒီကလေးကို အရမ်းချစ်လို့ပါ။ ယွမ်ယွမ်လေး၊ သမီးအဖွားက သမီးကို ဘယ်လောက်ချစ်လဲဆိုတာ ကြည့်စမ်း။ အမေက သမီးကို ကိုင်လိုက်ရုံနဲ့ သမီးရဲ့ အဖွားက မခံနိုင်တော့ဘူး။ ကြီးလာရင် သမီးအဖွားကို ဝတ်ပြုဖို့လိုတယ်!"

ချောင်ရှို့ကျီ - "..."

ချောင်ကျန်းကော်က ဝင်လာချိန်တွငိ ဇနီးဖြစ်သူ၏ စကားကိုကြားပြီး ခေါင်းညိတ်သဘောတူလိုက်သည်။ "မိန်းမရေ၊ ဒီနှစ်တွေမှာ မင်းနောက်ဆုံးတော့ လူ့စကားတွေ ပြောပြီ!"

ဝမ်ချွမ်ကျီ - "..."

သူမက နောက်ဆုံးတော့ လူ့စကားတွေပြောပြီဆိုတာ ဘာကိုဆိုလိုတာလဲ? အရင်က သူမပြောသမျှက အဓိပ္ပါယ်မဲ့နေတာလား?

ချောင်ရှို့ကျီသည် ဤလူမိုက်အတွဲကို မကြည့်ချင်တော့ပေ။ သူမက ဆရာဝန်ကို လှည့်မေးလိုက်သည်။

အခုခေတ်တွင် လူအများစုက အိမ်၌ မွေးသည်။ ဝမ်ချွမ်းကျီသည် ရုတ်တရက် ကလေးမွေးပြီး အဘွားဝမ်သည် အိမ်နီးချင်းထုတ်လုပ်ရေးအဖွဲ့တွင် ရှိနေသောကြောင့် ကျန်းမာရေးဆေးခန်းသို့ ပို့ခံခဲ့ရသည်။

ဝမ်ချွမ်ကျီသည် အကောင်းဆုံးအခြေအနေတွင် ရှိနေပြီး ပြန်ရွှေ့နိုင်ပြီဟု အမျိုးသားဆရာဝန်က ပြောသည်။ ဆေးခန်း၌ နေစရာမလိုပေ။

ချောင်ရှို့ကျီသည် ထိုစကားကိုကြားသောအခါ လှည့်ထွက်သွားသည်။ အကြီးဆုံးကို အလျင်အမြန် ထုပ်ပိုးခိုင်းပြီး သူ့မိန်းမကို ပြန်သယ်လာခိုင်းသည်။

All Chapters