← Chapters

အခန်း (၁၃၅)

Vol. 11 Ch. 135

အခန်း (၁၃၅)

Vol. 11 Ch. 135

ချောင်ကျန်းကော်က ပြောလိုက်သည်။ "မိန်းမ၊ မင်းမျက်လုံးက ပြဿနာရှိနေတယ်။ ငါတို့သမီးရဲ့ပါးစပ်က မင်းရဲ့ပါးစပ်နဲ့တူတယ်။ မင်းရဲ့လောက်ကြီးတယ်။ ကြီးလာရင် ပေါင်မုန့်တစ်လုံးကို တစ်ကိုက်တည်းနဲ့ စားနိုင်မယ်လို့ ခန့်မှန်းတယ်!"

ဝမ်ချွမ်ကျီ - "...ချောင်ကျန်းကော်၊ ပါးစပ်ပိတ်ထား!"

သူမယောက်ျား၏ စကားကို ကြားပြီး သွေးအန်ထွက်လုမတတ်ပင်။

ဒီလူယုတ်မာ။ မပြောတတ်ရင် စကားမပြောနဲ့။ ပါးစပ်ဖွင့်ပြီးတာနဲ့ သူမကို အမြဲတမ်း ရူးသွပ်စေလိမ့်မယ်။

သို့သော် ချောင်ကျန်းကော်က နှုတ်မဆိတ်ပေ။ ထိုအစား သူက ဆက်ပြောသသည်။

"ပြီးတော့ သူမနှာခေါင်းက မင်းရဲ့နှာခေါင်းနဲ့ တူတယ်။ ဘယ်လောက် ပြန့်ကားနေလဲ ကြည့်စမ်း။ သူ့မျက်နှာကို ရိုက်ထားသလိုပဲ၊ ဟေး၊ ဒီကလေးက ရုပ်ဆိုးလွန်းလို့ ကြီးပြင်းလာတဲ့အခါ ဘာလုပ်သင့်လဲ?"

သွေးအန်လုမတတ် ဖြစ်နေသော ဝမ်ချွမ်ကျီ - "…"

ချောင်ရှို့ကျီက မျက်လုံးလှိမ့်လိုက်သည်။ သူမသာ ဆက်နေလျှင် သူမသားကို ရိုက်ချင်နေပေလိမ့်မည်။

သာ့ချောင်နှင့် အခြား ချောင်ကလေးများသည် တုန်းယွမ်ကို ဝိုင်းရံထားကြသည်။ သူတို့သည် သူမအတွက် ဖယောင်းတိုင်ကို တိတ်တဆိတ်ထွန်းညှိပေးကြသည်။

တုန်းယွမ်လေး၏ လက်ရှိရုပ်ရည်က တကယ်ကို ကြည့်ကောင်းသည် မဟုတ်ပေ။

သူမ၏ အသားအရေသည် အလွန်နက်မှောင်နေ၏။ ထို့အပြင် သူမသည် ပန်ကိတ်မျက်နှာကြီးတစ်ခု ပိုင်ဆိုင်ထားသည်။ သူမသည် ဝမ်ချွမ်ကျီ၏ အသေးစားဗားရှင်းဖြစ်သည်။

ဝမ်ချွမ်ကျီက ဒေါသထွက်နေသည်။ "ချောင်ကျန်းကော်၊ ရှင် ထပ်ပြီး မဟုတ်တဲ့ စကားတွေ ပြောရဲရင် နောက်နောင် အခန်းထဲကို မလာနဲ့!"

ချောင်ကျန်းကော်က ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ၊ မင်းမွေးပြီးတာနဲ့ မင်းရဲ့ ဟောက်သံက ပိုဆိုးလာတယ်။ ဒီအတိုင်းဆက်သွားရင် မင်းခေါင်မိုး မှောက်သွားမှာကို ငါကြောက်တယ်!"

ဝမ်ချွမ်ကျီသည် ဒေါသထွက်လွန်းသဖြင့် သူမ၏ မျက်နှာသည် နီမြန်းလာသည်။ "ချောင်ကျန်းကော်၊ ထွက်သွား..."

ချောင်ကျန်းကော်သည် သီချင်းတစ်ပုဒ်ကို ညည်းကာ အဝေးသို့ ထွက်သွားသည်။

သာ့ချောင်ပြေးထွက်လာသည်။ သူမအမေ၏ ဗိုက်ကိုထိပြီး "အမေ၊ ဒီနေ့ မောင်လေးက လိမ္မာရဲ့လား?" ဟု မေးသည်။

လင်းဟွေ့က ညင်သာစွာ ပြုံးလိုက်သည်။ "မောင်လေးက အရမ်းနာခံတယ်။ သမီးလိုပဲ လိမ္မာတယ်"

သာ့ချောင်က လခြမ်းမျက်လုံးနှင့် ပြုံးလိုက်သည်။ "အမေ၊ အဒေါ်ကြီး လေးလတုန်းက ဗိုက်ထက် အမေ့ဗိုက်က ဘာလို့ ပိုကြီးတယ်လို့ သမီးခံစားရတာလဲ?"

လင်းဟွေ့ကား ကြောင်အသွားလေ၏။

သူမလည်း ၎င်းကို အရင်က သတိထားမိသော်လည်း ကာင်းကောင်း စားနေသောကြောင့် ဗိုက် နည်းနည်းပိုဖောင်းနေသည်ဟု ထင်ခဲ့မိသည်။ အခုတော့ သိပ်မသေချာတော့ပေ။

ချောင်ရှို့ကျီ ယင်းကို ကြားလိုက်ရာ မီးဖိုချောင်ထဲမှ ထွက်လာရင်း ပြောလိုက်သည်။

“အမှန်ပဲ နင့်ဗိုက်က တော်တော်ဖောင်းနေတာ မသိရင် ခြောက်လလို့ ထင်ရတယ်  သန္ဓေသား နှစ်ယောက်ဖြစ်မယ်ထင်တယ် ပြန်ရောက်ရင် ဒုတိယသားကိုပြော မြို့တက်ပြီး စစ်ဆေးကြည့်လိုက်ဦး”

နှစ်ယောက်လား?

လင်းဟွေ့ မှင်သက်သွားမိပြန်သည်။ သူမ ကိုယ်ဝန်က အမြွှာများ ဖြစ်နေမလား…

တုန်လင်းလေးက ပြေးထွက်လာပြီး ကလေးသံလေးဖြင့် “အဖွား သန္ဓေသားနှစ်ယောက် ဆိုတာက ဘာလဲဟင်”

သူနှင့် မခွဲမခွာ အတူရှိနေသော ယိမင်လေးကလည်း ပြေးထွက်လာပြီး အထင်သေးသည့် အကြည့်ဖြင့် ဆိုလိုက်၏။

“ဒါလေးတောင် မသိဘူးလား အဲဒါ နင့်အမေဗိုက်ထဲမှာ ဥလေးနှစ်လုံး ရှိတယ်လို့ ပြောတာပေါ့” 

“ဟဟ…”ဘယ်လိုတောင် နတ်သမီးဆန်တဲ့ ရှင်းပြချက်လေးလဲ

လူတိုင်း ထိုစကားကို ကြားသော် မရယ်မောဘဲ မနေနိုင်ကြပေ။

အစပိုင်းတွင် သာ့ချောင် နားမလည်ခဲ့ပေ။ တခဏကြာပြီးနောက် သဘောပေါက်သွားကာ “အမေ အမေ့ဗိုက်ထဲမှာ မောင်လေးနှစ်ယောက် ရှိနေတာလားဟင်”

လင်းဟွေ့က သူ့ခေါင်းလေးကို ပွတ်ပေးကာ ပြုံးပြုံးလေး ပြောလိုက်သည်။“မောင်လေးတစ်ယောက် ညီမလေးတစ်ယာက် ဖြစ်နိုင်တာပဲ ငါးလပြည့်ရင် အမေတို့ သိရမှာပေါ့”

ဝမ်ချွမ်ကျီဆီက သင်ခန်းစာရပြီးနောက် သူ့ဗိုက်ထဲမှာ သားလေးရှိ‌သည်ဟု ကိုယ့်ကိုယ်ကိုယ် သေချာ မခန့်မှန်းနိုင်ပေ။

ပြတင်းပေါက်မှတဆင့် အားလုံး၏ စကားကို ကြားနေရသော ဝမ်ချွမ်ကျီမှာ မနာလိုစိတ်နှင့် ဆူပုတ်နေလေတော့သည်။

ဟမ့်!

အမြွှာလိုချင်တာလား … နေ့ခင်းကြောင်တောင် အိမ်မက်မက်နေကြတယ်…

အဲဒီအချိန်ရောက်လို့ အမြွှာသမီးနှစ်ယောက် မွေးလာရင် အိမ်က အသက်ဝင်နေတော့မှာပဲ ရှောင်ချောင်နဲ့သာဆိုလျှင် စုစုပေါင်း သမီးလေးယောက် ဖြစ်‌တော့မည်။

ဂုဏ်ယူစွာဖြင့် တွေးတော့နေစဉ်မှာပင် “အာ့”ခနဲ အော်မိတော့သည်။သူမ ရင်ဘတ် နာသွား၍ ငုံ့ကြည့်လိုက်ရာ တုန်းယွမ်လေးက သူမကို အတင်းကိုက်ထားသည်ကို မြင်လိုက်ရ၏။ သူမ ဆူပူဆဲဆိုချင်သော်လည်း အပြင်ဘက်၌ ယောက္ခမရှိနေရာ စကားလုံးများကို ပြန်မျိုချလိုက်ရသည်။ 

ချောင်ကျန်းကော် သကြားညိုနှင့်ဥပြုတ်ထားသည့် ပန်းကန်လုံး ကိုင်ပြီးထွက်လာကာ မေးလေ၏။

“မိန်းမ မင်း အော်နေပြန်ပြီလား မင်းက နေ့တိုင်း အော်ဟစ်နေတာပဲ ထုတ်လုပ်ရေးအဖွဲ့က မင်းကို ဘယ်လိုခေါ်လဲ သိရဲ့လား”

ဝမ်ချွမ်ကျီ တုန်းယွမ်လေး၏ ပါးစပ်ကို ဖယ်ရင်း ပြန်မေးလိုက်သည်။“သူတို့က ကျွန်မကို ဘယ်လိုခေါ်လို့လဲ”

ချောင်ကျန်းကော်က ပန်းကန်လုံးကို စားပွဲပေါ် တင်လိုက်သည်။ “မင်းက နေ့တိုင်းလိုလို ဝက်သတ်ခံရတဲ့အသံမျိုးနဲ့ အော်နေလို့ သူတို့က မင်းကို နာမည်ပြောင် ပေးထားတာလေ ဝက်တစ်သောင်း သတ်ဖြတ်သူတဲ့ ဟားဟားဟား…”

ဝမ်ချွမ်ကျီ - "..."

ဘယ်လိုကောက်ကျစ်တဲ့သူက သူမကို ဒီလိုပြောရဲတာလဲ ရှာတွေ့ရင်တော့ သူတို့ကို သေတဲ့အထိ ပါးရိုက်ပစ်မယ်

“ကျွန်မက အော်ဟစ်နေချင်တယ်လို့ ရှင်ထင်နေတာလား အဲဒါ ရှင့်သမီးကြောင့်လေ မွေးကတည်းက သူများကို ဘယ်လိုကိုက်ရမလဲ ဆိုတာပဲ သိတယ်”

လေး ငါးလအရွယ် သွားစပေါက်သည်အထိ နို့တိုက်နေစဉ်တွင် ပုံမှန်ကလေးတစ်ယောက်မှ မကိုက်ပေ။ ထို့အပြင် တုန်းယွမ်လေး မွေးဖွားတာ နှစ်ရက်ခန့်သာ ရှိသေးသည်။

ချောင်ကျန်းကော်က  လျှောက်လာပြီး သူ့သမီးငယ်ကို ဂုဏ်ယူစွာ ကြည့်ပြီး ပြောလိုက်၏။“ချောင်မိသားစုဝင်လို့ မပြောရဘူး မွေးကတည်းက အားကြီးလိုက်တာ”

၎င်းကို ကြားသော် ဝမ်ချွမ်ကျီ၏ မျက်ဝန်းက ချက်ချင်း တောက်ပသွားလေသည်။“ဟုတ်သားပဲ ရှင်မှန်တယ် ကျွန်မတို့ရဲ့ သည်းတုံးလေး ယွမ်ယွမ်က သူ့အဘွားနဲ့မွေးနေ့ တူတူ မွေးလာတာ အံ့ဩစရာ မရှိတော့ဘူး အားကြီးတာတောင်မှ တူနေသေးတယ်” 

နှစ်ရက်ကြာပြီးနောက် ချောင်ကျန်းကျွင်းက ထုတ်လုပ်ရေးအဖွဲ့သို့ လက်မှတ်သွားတောင်းပြီး မြို့တွင် ဆေးစစ်ရန် သူ့ဇနီးအား ခေါ်ဆောင်သွားသည်။

ယနေ့ခေတ်ကာလတွင် တရုတ်တိုင်းရင်းဆေးဌာနက အခက်အခဲများစွာ ရှိနေ၏။ မြို့ဆေးရုံ၌ သွေးခုန်နှုန်း စမ်းတတ်သည့် ဆရာဝန် မရှိပေ။ စမ်းသပ်ကိရိယာလည်း အစုံအလင် မရှိချေ။ အထွေထွေ စစ်ဆေးမှုသာ လုပ်ပြီး အတွေ့အကြုံအရ ကြိုတင်ခန့်မှန်းမှုများသာ လုပ်ကြလေသည်။

သားဖွားမီးယပ်ဌာနမှ ဒေါက်တာဟောင်က ရှင်းပြလိုက်၏။

“ရှစ်ဆယ် ကိုးဆယ်ရာခိုင်နှုန်းလောက် အမြွှာဖြစ်နိုင်တယ် လူနာရဲ့လက်ရှိအခြေအနေက အရမ်းကောင်းပါတယ် အခုလိုပဲ ဆက်ပြီး ဂရုစိုက်ပါ”

ချောင်းကျန်းကော်နှင့် လင်းဟွေ့က အချင်းချင်း ကြည့်လိုက်ကြသည်။သူတို့ ပျော်ရွှင်ကြည်နူးနေကြ၏။ သားဖြစ်ဖြစ် သမီးဖြစ်ဖြစ် သူတို့အတွက် အရေးမကြီးပေ။ ကလေး ကျန်းမာနေသရွေ့ လုံလောက်လေပြီ။

ဖန်ရှောင်ကျွင်း မွေးဖွားစဉ်က သွေးအလွန်အကျွံ ထွက်ခဲ့သည်ကို တွေးမိပြီး ချောင်ကျန်းကော်က စိုးရိမ်သွားကာ ဆရာဝန်အား မေးလိုက်သည်။

“ဆရာ အမြွှာလေးတွေကို မွေးတာက အန္တရာယ်များတယ်မလား ကျွန်တော် ဘာတွေ ဂရုစိုက်ပေးရမလဲ”

“မွေးဖွားမှုတိုင်းက အန္တရာယ် ရှိတာပဲ အအေးစာတွေကို တတ်နိုင်သလောက် လျှော့စားပါ ကိုယ်ဝန်ရင့်လာရင် လယ်ထဲ မသွားနဲ့တော့  ကိုယ်ဝန်ဆောင် အမျိုးသမီးတွေက ကလေးမွေးတဲ့အချိန် အားရှိဖို့ လေ့ကျင့်ခန်းတွေ လုပ်ပေးဖို့လည်း လိုတယ်”

သူ့အရှေ့က လူက ကျေးလက်တောရွာက ဖြစ်သော်လည်း သူ့ဇနီးကို အလွန်ဂရုစိုက်မှန်း ဒေါက်တာဟောင် သတိထားမိသည်။

ချောင်ကျန်းကျွင်းသည် ခေါင်းကို ထပ်တလဲလဲညိတ်ကာ လိုအပ်သည့်အရာအားလုံးကို စိတ်ထဲ သေချာမှတ်ထားလေ၏။

သူက ယခုမှ ပထမဆုံးအကြိမ် အဖေဖြစ်ဖူးသကဲ့သို့ စိတ်လှုပ်ရှားနေတော့သည်။

ဖန်ရှောင်ကျွင်း ကိုယ်ဝန်ရှိစဉ်ကလည်း သူ အလွန်ပျော်ရွှင်ခဲ့ပါသည်။ သို့သော် ဖန်ရှောင်ကျွင်းအား ဂရုစိုက်ရန် ခက်ခဲလှ၏။ နေ့စဉ်နေ့တိုင်း သူ့ကို အလကားလူဟု ပြောဆိုနေတတ်၏။ သူ့စိတ်သဘောထား ဘယ်လောက်ကောင်းကောင်း ကြာလာသည်နှင့်အမျှ။ သူ့နှလုံးသားက အေးစက်လာသည်။

ဆရာဝန်၏ ရုံးခန်းထဲမှ ထွက်လာပြီးနောက် ချောင်ကျန်းကျွင်းက လင်းဟွေ့အား ထိုင်ခုံ၌ ထိုင်ခိုင်းကာ အစားအသောက် သွားဝယ်လေသည်။

အပြေးထွက်သွားသော သူ့နောက်ကျောအား ကြည့်ရင်း လင်းဟွေ့၏နှလုံးသားက ပျားရည်စမ်းထားသည့်အလား ချိုမြိန်နေတော့သည်။

အတိတ်တုန်းက တုန်လင်းလေး၏ အဖေကို သူမ လက်ထပ်ခဲ့သည်။ လကထပ်ပြီးနောက်မှ သူမ နောင်တရခဲ့၏။ သူမတို့၏ အကျင့်စရိုက်တို့ကား ကိုက်ညီနေခြင်း မရှိခဲ့ချေ။

တဖက်လူသည်လည်း နောင်တရနေကြောင်း ခန့်မှန်းမိ၏။ သူမအား လက်ထပ်ခဲ့ခြင်းမှာ သူ့အနေဖြင့် မြို့ပြန်၍ မရဘဲ တဖြည်းဖြည်း အသက်ကြီးလာသောကြောင့်သာ ဖြစ်သည်။ သူ့အား ကူညီဖေးမနိုင်မည့်သူကို ထုတ်လုပ်ရေးအဖွဲ့တွင် ရှာ‌ချင်ခဲ့သည်။

လင်းမိသားစုသည် အရမ်း မချမ်းသာသော်လည်း စားနိုင်သောက်နိုင်သော အဆင့်အတန်းရှိသည်။သူမကလည်း တစ်ဦးတည်းသောသမီးဖြစ်ရာ ရွေးချယ်မှုကောင်း တစ်ခုပင်ဖြစ်လေ၏။ ဘယ်သူက ထင်ထားမလဲ တုန်လင်းလေး ရှစ်လသားအရွယ်တွင် မြို့သို့ ပြန်လာရန် သတင်းရရှိခဲ့သည်။ သူမ မည်မျှ တောင်းပန်ပါစေ သူက တုံ့ဆိုင်းခြင်း အလျှင်းမရှိ ထွက်သွားခဲ့လေ၏။

သူ ထွက်သွားပြီး နှစ်ဝက်ကြာသော် ရေနစ်သေဆုံးသွားသည်ဟု မမျှော်လင့်ထားသော သတင်းကို ကြားလိုက်ရသည်။ ဤသို့ဖြင့် အသက်နှစ်ဆယ့်တစ်နှစ်အရွယ်မှာပင် သူမ မုဆိုးမ ဖြစ်လာခဲ့သည်။

ထုတ်လုပ်ရေးအဖွဲ့က လူတွေ ထို‌အကြောင်းကို ကြားပြီးနောက် အတင်းမျိုးစုံ ပြောလေတော့သည်။ သူမယောက်ျားအား ကျိန်ဆဲသည်ဟု လူများစွာက ပြောဆိုကြ၏။ ထိုအတင်းအဖျင်းများကို ကြားရရာ အပေါ်ယံတွင် ဘာမှ မဖြစ်သလို ဟန်ဆောင်နေရသော်လည်း အမှန်တကယ်တွင် သူမ စိတ်ဓာတ်ကျအားငယ်ခဲ့ရ‌သည်။

“လင်းဟွေ့လား”အတိတ်က အကြောင်းတွေထဲ အတွေးနစ်မျောနေစဉ် သူမဘေးမှ အမျိုးသမီးတစ်ယောက်၏ ခေါ်သံကို ကြားလိုက်ရ၏။

သူမ လှည့်ကြည့်လိုက်ရာ သူ့သားရှန်းထျန်းယွင်အား ကိုင်ထားသော ချင်ရှောင်မိန်အား တွေ့လိုက်ရသည်။သူမ ပြုံးပြကာ မေးလိုက်၏။

“အစ်မရှောင်မိန် ဘာလို့ ဒီကိုရောက်နေတာလဲ”

ချင်ရှောင်မိန်က အနည်းငယ် ဆူပုတ်ပုတ်‌ဖြစ်‌နေသော သူမသားအား ညွှန်ပြကာ ပြောလိုက်သည်။

“ဒီကလေးပေါ့ ညဘက်တွေ စောင်တွေကန်ထုတ်တော့ အအေးမိသွားတယ်လေ အဲဒါ ဆေးစစ်ဖို့ လာပြတာလေ ညီမကရော တစ်ယောက်တည်း ဘာလာလုပ်တာလဲ”

ထိုသို့ပြောရင်း ရှန်ထျန်းယွင်အား ဦးညွှတ်နှုတ်ဆက်ရန် အချက်ပြလိုက်၏။

ရှန်ထျန်းယွင်က အနည်းငယ် ပိန်သွားပြီး နွမ်းနယ်နေပုံပေါ်သည်။“အန်တီဟွေ့ မမသာ့ချောင်ရော အန်တီနဲ့ အတူတူ မလာဘူးလား”

လင်းဟွေ့က ခေါင်းယမ်းကာ ပြောလိုက်၏။“မင်းရဲ့အစ်မ သာ့ချောင်က ကျောင်းတက်ရတော့ မလိုက်လာဘူး”

ရှန်ထျန်းယွင်က နှုတ်ခမ်းလေးဆူကာ ပြော၏။

“သား နေကောင်းသွားရင် မမသာ့ချောင်ဆီ လာတွေ့ပြီး ကစားကြမယ်”

လင်းဟွေ့ သဘောတူလိုက်၏။ ချင်ရှောင်မိန်ဘက်လှည့်ကာ “ကျွန်မ သာ့ချောင်ရဲ့အဖေနဲ့ လာတာလေ ဗိုက်က နည်းနည်း ပိုကြီးနေတယ်ထင်လို့ ဒီကိုလာပြီး ဆေးခန်းလာပြတာပါ”

ထိုအခါမှသာ ချင်ရှောင်းမိန်က လင်းဟွေ့၏ ဗိုက်အား သတိထားမိလေသည်။“ဟယ် မပြောရင် သတိတောင် ထားမိမှာ မဟုတ်ဘူး ကွန်မတုန်းက ထျန်းယွင် ကိုယ်ဝန်ခြောက်လ အရွယ်ထက်တောင် ရှင့်ဗိုက်က ပိုပူနေတာပဲ အမြွှာများ ဖြစ်နေမလား”

လင်းဟွေ့က နှုတ်ခမ်းဆူကာ ခေါင်းငြိမ့်လိုက်၏။

“အင်း ဆရာဝန်က အမြွှာဖြစ်နိုင်တယ်လို့ ပြောတယ်”

ချင်ရှောင်မိန်က အားကျနေပုံဖြင့်“အားကျလိုက်တာနော် ရှင့်မှာ ချစ်စရာ ကလေးလေး နှစ်ယောက်လည်း ရှိတယ် အခုလည်း အမြွှာလေးတွေကို လွယ်ထားရတယ် ငါ အမြွှာတော့ မလိုချင်ပါဘူး ဒါပေမဲ့ သာ့ချောင်လို နူးညံ့ပြီး ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက် လိုချင်တယ်”

ရှန်းထျန်းယွင်က “အမေ မမသာ့ချောင်က အမေ့သမီးပဲ မဟုတ်ဘူးလား”

ချင်ရှောင်မိန်၏ မျက်ဝန်းများ လင်းလက်သွားကာ တောင်းဆိုလေတော့သည်။“လင်းဟွေ့ ရှင့်မိသားစုက ကလေးတွေအများကြီး ရှိတာပဲ အနာဂတ်ကျရင် သာ့ချောင်လေး ကြီးပျင်းလာအောင် ပြုစုစောင့်ရှောက်ဖို့ ကျွန်မအိမ်ကို ပို့လိုက်ပါလား “

လင်းဟွေ့မှာ ငိုရမလား ရယ်ရမလား မသိတော့ပေ။

“မဖြစ်ဘူး ကလေးတွေ ဘယ်လောက်များများ သာ့ချောင်နဲ့တော့ ဘယ်ယှဉ်လို့ ရပါ့မလဲနော်”

သူမကို အသာထားဦး …သူမ ယောက္ခမတို့၏ ချစ်မြတ်နိုးပုံအတိုင်းသာဆိုလျှင် သာ့ချောင်ကို ရှန်အိမ်တော်တွင် နေခွင့်ပြုမည်မဟုတ်ပေ။

ချင်ရှောင်မိန်မှာ ချက်ချင်း ညှိုးငယ်သွားလေသည်။

”မဖြစ်နိုင်မှန်း သိပါတယ်လေ ဒါနဲ့ စကားမစပ် ရှင့်အမျိုးသားကရော မြို့မှာ အလုပ်လုပ်ချင်လား”

လင်းဟွေ့ ဆွံ့အမှင်သက်သွားလေ၏။

ချင်ရှောင်မိန်က ဆက်ပြောလိုက်သည်။“စားသောက်ကုန် စက်ရုံမှာလုပ်နေတဲ့ ဒါရိုက်တာက ကျွန်မရဲ့ဆွေမျိုးလေ မကြာသေးခင်က အဲ့က ဂိတ်စောင့်က အလုပ်ထွက်သွားတာ တကယ်လို့ ရှင်တို့ လုပ်ချင်ရင် ကျွန်မ ကူညီပြီး ပြောပေးမယ်”

“အခုလို ပြောပေးလို့ အစ်မကြီးကို ကျေးဇူးတင်ပါတယ် ဒါပေမဲ့ ကျွန်မ အိမ်ပြန်ပြီး အမေနဲ့ အမျိုးသားကို တိုင်ပင်ရဦးမယ်”

လင်းဟွေ့မှာ စိတ်လှုပ်ရှားနေတော့သည်။ အခုချိန်ကာလမှာ အလုပ်မလုပ်ချင်တဲ့သူ ဘယ်သူရှိလို့လဲ?

အလုပ်သမားတစ်ယောက်၏ လစာက မြင့်ပြီး အလေးထားဖွယ် ကောင်း၏။ ထို့ပြင် အလုပ်က ပင်ပန်းခြင်းလည်း မရှိပေ။ လူတိုင်း အလုပ်သမားဖြစ်ချင်ကြသော်လည်း အလုပ်ရရန် မလွယ်ကူလှပေ။

ချင်ရှောင်မိန်က ဒီလိုပြောနေမှတော့ သူတို့ကို ဆွေမျိုးလို သဘောထားမှန်း သိသာလှသည်။

ချင်ရှောင်မိန်က ခေါင်းညိတ်လိုက်၏။“အင်း ရှင်တို့ သေချာစဉ်းစားပြီးရင် ကျွန်မဆီ လာပြန်ပြောနော် ဒီကိစ္စက မြန်မြန်လုပ်ရမယ် မဟုတ်ရင် သူများယူသွားမယ်”

လင်းဟွေ့ကလည်း သဘောတူလိုက်၏။

ချင်ရှောင်မိန်က အလျင်လိုနေရာ ချောင်ကျန်းကျွင်း ပြန်လာသည်ကိုပင် မစောင့်ဘဲ ပြန်သွားခဲ့သည်။

All Chapters