← Chapters

အခန်း (၁၄၂)

Vol. 11 Ch. 142

အခန်း (၁၄၂)

Vol. 11 Ch. 142

ဖန်ရှောင်ကျွမ်း၏ မက်မွန်ပွင့်အမူအရာကို မြင်သောအခါ ရှင်းဟွာသည် သိချင်စိတ်ဖြင့် ယားယံလာသည်။ သို့သော် သူမက ဘယ်လိုပဲ မေးပါစေ၊ ဖန်ရှောင်ကျွမ်းက မပြောပေ။ ထို့ကြောင့် သူမက မျက်လုံးလှိမ့်ပြီး ထွက်သွားသည်။

ရှင်းဟွာအပြင် အခြားတစ်ဦးမှာ ချန်ချောင်ချောင် ဖြစ်သည်။

ဒီတစ်ခေါက် ချောင်ကျန်းမင် ပြန်ရောက်တာ ဆယ်ရက်ရှိပြီ။ လင်မယားနှစ်ယောက်တည်း အိပ်ယာကို တစ်ကြိမ်သာ မျှဝေသည်။

ချောင်ကျန်းမင်က အလုပ်ကို မလုပ်ချင်သဖြင့် မဟုတ်ဘဲ ထိုရှုထောင့်က အဆင်မပြေပေ။ ထိုအချိန်သည် အရှိန်အဟုန်ဖြင့် ကုန်ဆုံးသွားသည်။ ၎င်းက သူမကို အရမ်းမကျေမနပ်ဖြစ်စေသည်။

မူလက အတူတူနေသည်က များပြီး ခွဲနေရခြင်းက နည်းသည်။ ဒီလိုဆက်ဖြစ်ရင် ကလေးမွေးနိုင်ပါ့မလား?

သို့သော် သူမဒုက္ခအကြောင်း တခြားသူတွေကို မပြောနိုင်ပေ။ တခြားသူတွေကို အရိပ်အမြွက် မြင်အောင်လည်း ခွင့်မပြုနိုင်ဘူး!

ထျန်းကျန်းမင်သည် အံဆွဲထဲမှ တိမ်ကိတ်မုန့်ထုပ်ကို ထုတ်ယူလိုက်ပြီး "လာ၊ မုန့်စား" ဟု ပေးလိုက်သည်။

ချန်ချောင်ချောင်က ခေါင်းခါလိုက်သည်။ "ကျေးဇူးတင်ပါတယ် ဒေါက်တာထျန်း၊ ကျွန်မ စားချင်စိတ်မရှိဘူး"

ထျန်းကျန်းမင်က တိမ်ကိတ်မုန့်တစ်ချပ်ကို ထုတ်လိုက်ပြီး နှုတ်ခမ်းကို ကွေးလိုက်သည်။ "မင်းကိုယ်တိုင်စားမလား? ကျွေးရမလား?"

ချန်ချောင်ချောင်၏ မျက်နှာသည် နီရဲသွားသည်။ "ဒေါက်တာထျန်း၊ ရှင် ဒီလိုစကားတွေ မပြောနဲ့။ တခြားသူတွေကြားရင် မကောင်းဘူး!"

သာတို့သည် ကျန်းမာရေးဌာနတွင် တစ်ဦးတည်းသော အမျိုးသားနှင့် တစ်ဦးတည်းသော အမျိုးသမီးဖြစ်သောကြောင့် အနည်းငယ်အကွာအဝေးရှိရမည်ဖြစ်သည်။ ကံကောင်းထောက်မစွာ ကျန်းမာရေးဌာနသို့ လူများ အမြဲလာလေ့ရှိပြီး လူတိုင်းက ဆရာဝန်ကို မစော်ကားဝံ့ကြပေ။ ထို့ကြောင့် ဘယ်သူမှ မုသားစကား မပြောရဲကြပေ။

ဒါပေမယ့် သူ့စကားတွေကို မတော်တဆ ကြားလိုက်ရရင်ကော။ မြစ်ဝါမြစ်ထဲကို ခုန်ဆင်းသွားရင်တောင် မဆေးကြောနိုင်ဘူး။

ထျန်းကျန်းမင်က သူမကို နှုတ်ခမ်းလေးတွန့်ပြီး ပြောလိုက်သည်။ "မင်းက ချစ်စရာကောင်းတဲ့ အထိ ရှက်ဖို့ကောင်းလိုက်တာ။ ငါ မင်းကို နောက်နေတာပဲ၊ မင်း တစ်နေ့လုံး မပျော်တာကို ငါ သတိထားမိတယ်၊ ငါ မင်းကို ပျော်စေချင်လို့ပါ"

ချန်ချောင်ချောင်က သူ့ရှင်းပြချက်ကို ကြားပြီး သက်ပြင်းချလိုက်သည်။ တစ်ချိန်တည်းမှာပင် သူမ၏ နှလုံးသားထဲတွင် နွေးထွေးသွားသည်။

ထျန်းကျန်းမင်က တိမ်ကိတ်မုန့်ကို ထပ်ပြီး ပေးပြန်သည်။ "တစ်ချပ် စားလိုက်။ တစ်ချိန်လုံး မျက်မှောင်ကြုတ်မနေနဲ့။ အလှ​လေး မျက်မှောင်ကြုတ်လိုက်တဲ့အခါ လူတွေ စိတ်ဒုက္ခရောက်အောင် လုပ်ရတာ လွယ်တယ်!"

ချန်ချောင်ချောင်သည် သူ့အကြည့်ကို တွေ့လိုက်သည်။ သူမ၏နှလုံးသည် နောက်ဆုံးအကြိမ်ကဲ့သို့ ခုန်သွားသည်။ ပြင်းထန်စွာ ခုန်လှုပ်နေသည်။

ထျန်းကျန်းမင်က သူမကို တည့်တည့်စိုက်ကြည့်နေတာကို မြင်လိုက်သည်။ "ကျေးဇူးပြုပြီး ယူလိုက်တော့။ ငါ့လက်တွေ နာနေပြီ!"

ချန်ချောင်ချောင်က အာရုံပြန်ရလာပြီး ပိုလို့တောင် နီရဲလာသည်။ တိမ်ကိတ်မုန့်ကို ယူလိုက်သည်။

နှစ်ယောက်သား၏ လက်ချောင်းထိပ်တွေက မတော်တဆ ထိမိသွားသည်။ သူမ နှလုံးခုန်မြန်လာသည်။ သူမလက်တွေ တုန်ခါသွားပြီး တိမ်ကိတ်မုန့်ကို မြေပြင်ပေါ် ချလိုက်လုမတတ်ပင်။

ထျန်းကျန်းမင်သည် သူမ၏ ထိတ်လန့်မှုကို မမြင်ချင်ဟန်ဆောင်သည်။ သူက စိတ်အေးလက်အေး ဂရုတစိုက်ရှိသည့် လေသံနှင့် ပြောသည်။ "မင်းမှာ အခက်အခဲတွေ ရှိနေတာလား? ငါတို့က အတူတူ အလုပ်လုပ်ကြတဲ့ ရဲဘော်တွေပါ။ အခက်အခဲတွေရှိရင် ငါ့ကို ပြောပြလို့ရယ်!"

ချန်ချောင်ချောင်က သူမကို အရမ်းဂရုစိုက်သည်အား မြင်လိုက်ရပြီး စိတ်တွေ ရှုပ်ထွေးလာသည်။ ပျော်ရွှင်မှု၊ ကြောက်ရွံ့မှု၊ ပြောမပြနိုင်သည့် နာကျင်မှု၊ ချိုမြိန်သည့် အရိပ်အမြွက်များ ရှိနေသည်။

သူမက ခေါင်းညိမ့်လိုက်သည်။ သူမ နှုတ်ခမ်းလေးကို ဖိကာ ပြန်ဖြေသည်။ "ကျေးဇူးတင်ပါတယ် ဒေါက်တာထျန်း၊ ဒါပေမယ့် ကျွန်မ အဆင်ပြေပါတယ်"

ထျန်းကျန်းမင်က မျက်မှောင်ကြုတ်လိုက်သည်။ ခဏအကြာတွက် ပြန်ဖြေလျော့လိုက်သည်။ "ရပါတယ်။ ဒါပေမယ့် တစ်ခုခုဖြစ်လာရင် မင်းငါ့ကိုပြောရမယ်။ ငါအမြဲတမ်း မင်းဘေးမှာရှိနေမယ်"

ချန်ချောင်ချောင်၏ လက်ထဲက တိမ်ကိတ်မုန့်က ကြေမွလုနီးပါးဖြစ်နေပြီ။ သူမ နှုတ်ခမ်းကို ကိုက်လိုက်ပြီး "ကောင်းပြီ" ဟု ပြောလိုက်သည်။

...

ထုတ်လုပ်ရေးအဖွဲ့က အနောက်ဘက်သစ်တောကို ရှာဖွေတွေ့ရှိပြီးကတည်းက ရွာသားများသည် သစ်သီးများခူးပြီး ငါးဖမ်းရန် နေ့တိုင်း စိတ်ကူးယဉ်နေကြသည်။

ဝမ်ရွှေရှန်သည် လူတိုင်းက လုယူတိုက်ခိုက်မည်ကို ကြောက်နေရုံသာဖြစ်သည်။ မနက်အစောကြီး ဝင်ပေါက်ကို ပိတ်ဆို့ရန် တစ်ယောက်ယောက်ကို ခေါ်သည်။ ထို့နောက် ဝင်ရန် အားလုံးကို ခေါ်မည်ဟု ပြောသည်။ ခူးဆွတ်သော အရာများကို အလုပ်အမှတ်အလိုက် အညီအမျှ ပိုင်းခြားမည်။

ခွဲဝေမှုသည် တရားမျှတသည်ဟု လူတိုင်းက ယူဆကြသည်။ ထို့ကြောင့် အားလုံးက သဘောတူကြသည်။

ဒီနေ့က သစ်သီးကောက်ပြီး ငါးဖမ်းရန် အနောက်ဘက်သစ်တောကို သွားမည့်နေ့ပင်။ ထုတ်လုပ်ရေးအဖွဲ့တစ်ဖွဲ့လုံး စိတ်လှုပ်ရှားနေကြသည်။ လူတိုင်း၏မျက်နှာပေါ်တွင် အပြုံးများရှိသည်။

ဝမ်ရွှေရှန်သည် ရေတံခွန်တွင် ငါးဖမ်းရန် လူငယ် ၁၀ ဦးကို ရွေးချယ်သည်။ ယောက်ျား ဆယ်ယောက် နှင့် မိန်းမ နှစ်ဆယ် ရှိစဉ် အသီး ကောက်သည်။ ကလေးများသည် ဟင်းရွက်ရိုင်းများကို ကောက်ရန် တာဝန်ပေးသည်။

ဟင်းရွက်ရိုင်းများကို လွှဲပြောင်းပေးစရာ မလိုပေ။ ထို့ကြောင့် အိမ်ထောင်စုတိုင်းက တစ်ယောက်ယောက်ကို ပေးသည်။

တုန်းယွမ်ကလွဲ၍ ဝမ်အာလေးအပါအဝင် လူအားလုံးကို စေလွှတ်သည်။ ရှောင်ချောင်သည် ဖန်ရှောင်ကျွမ်း၏ ခိုင်းစေမှုကို ခံရသည်။

ဝင်ပြီး မကြာခင်မှာပင် ချောင်မိသားစုက ခြင်းတောင်းကို ထမ်းလာသော အထီးကျန်ဆန်သည့် ရှောင်ချောင်နဲ့ ဝင်တိုးခဲ့သည်။

ချောင်တုန်းဟယ်က ရှောင်ချောင်ကို ကြည့်ပြီး ညီမလေးကို တိတ်တဆိတ် မေးသည်။ "တုန်းယင်၊ သူမ ဘာမှ မမှတ်မိဘူးလို့ ထင်လား?"

ချောင်တုန်းယင်က ရယ်သည် "သူတကယ် မမှတ်မိဘူးလားဆိုတာ မသိဘူး။ ဘာပဲဖြစ်ဖြစ် မယုံဘူး!"

ရှောင်ချောင်ထက် စိတ်ကူးယဉ်တတ်သည့် ကလေးတစ်ယောက်ကို သူမ မမြင်ဖူးပါပေ။ အရွယ်ရောက်ပြီးသူ အများအပြားပင် သူမနှင့် မယှဉ်နိုင်ပေ။

ရှောင်ချောင်က မဝံ့မရဲ လျှောက်လာသည်။ သူမ နှုတ်ခမ်းကို ကိုက်ပြီး သာ့ချောင်ကို ကြည့်ကာ ပြောသည်။ "နင်နဲ့ ငါက အမြွှာညီအစ်မတွေ ဖြစ်တယ်ဆိုတာ ငါကြားတယ်။ ဒါက အမှန်ပဲလား? ငါက နင်နဲ့မတူဘူးလို့ ဘာလို့ ခံစားရတာလဲ?"

သူတို့ ပထမဆုံးမွေးတုန်းက ညီအစ်မနှစ်ယောက်ဖြစ်သည့် သာ့ချောင်နှင့် ရှောက်ချောင်က အတော်လေး ဆင်တူသည်။ သို့သော် အသက်ကြီးလာသည်နှင့်အမျှ တူညီသည့်ပုံသဏ္ဍာန်က နည်းပါးလာသည်။

အထူးသဖြင့် သာ့ချောင်သည် ကျောက်စိမ်းပုတီးများကို စားသုံးပြီးနောက် ကွာခြားချက်က ပို၍ ကြီးလာသည်။

သာ့ချောင်က ခေါင်းညိတ်လိုက်သည်။ "အမှန်ပဲ။ အမြွှာတော်တော်များများက ပုံပန်းသဏ္ဍာန် မတူဘူးလို့ အဖွားက ပြောတယ်။ အံ့သြစရာ မရှိပါဘူး"

"ဒီလိုကိုး" ရှောင်ချောင်က ချက်ခြင်းပင် လင်းလက်သွားသည်။ ထို့နောက် သူမက ဆက်ပြောသည်။ "အစ်မ၊ နင်နဲ့အတူ ဟင်းရွက်ရိုင်းတွေ ကောက်လို့ရမလား?"

ဒီတစ်ခါတွင် သာ့ချောင်က မဖြေပေ။

အရင်တုန်းက ညီမလေးက သူမအပေါ် ဆိုးရွားသည့် ရည်ရွယ်ချက်ရှိကြောင်း သူမ သိသည်။ တစ်ဖက်က ဘာကိုမှ မမှတ်မိတော့သဖြင့် ရုတ်တရက် သူမနှင့် ဘယ်လိုဆက်ဆံရမှန်း မသိတော့ပေ။

ထိုအချိန်တွင် ဟော်ချီသည် ပြေးလာသည်။ "ချောင်နျန်နျန်၊ မင်းအဖွားက မင်းကို ခေါ်နေတယ်!"

ဟော်ချီသည် လူတိုင်းကို အနောက်ဘက်သစ်တောသို့ ခေါ်ဆောင်လာချိန်မှစ၍ ထုတ်လုပ်ရေးအဖွဲ့ရှိလူများက သူ့ကို ပိုကောင်းအောင် ဆက်ဆံကြသည်။ သူတို့ ကလေးတွေကို သူနှင့် ကစားခွင့်မပေးသေးသော်လည်း ရွာထဲတွင် လမ်းလျှောက်ခွင့်ကို မတားမြစ်တော့ပေ။

သာ့ချောင်သည် သူ့စကားကြားသောအခါ သူမ မျက်လုံးများ ချက်ချင်းတောက်ပလာသည်။ သူမက တိုးတိုးလေးပြန်ဖြေသည်။ "သိပြီ။ ညီမလေး အခုချက်ချင်းသွားလိုက်မယ်"

စကားပြောပြီးနောက် သူမသည် လူစုမှ ထွက်ခွာသွားသည်။

သာ့ချောင်ထွက်သွားပြီးနောက် ချောင်တုန်းယင်သည် ရှောင်ချောင်ကို လုံးဝ ဂရုမစိုက်ချင်တော့ပေ။ အစမှအဆုံး သူမကို စကားတစ်ခွန်းမှ မပြောဘဲ သူမ၏ အစ်မကြီးနှင့် ဝမ်အာလေးကို အဝေးသို့ ခေါ်သွားသည်။

မကြာခင်မှာပင် ရှောင်ချောင် အနားတွင် ဘယ်သူမှ မရှိတော့ပေ။

တောင်းကို ကိုင်ရင်း တစ်ယောက်တည်း ရပ်နေ၏။ ကြည့်ရတာ သနားစရာပင်။

တခြားကလေးတွေက မြင်သောအခါ သူတို့ဆီလာပြီး ဟင်းရွက်ရိုင်းတွေ ကောက်ခိုင်းသည်။ ထို့နောက် အိမ်ပြန်ရောက်သောအခါ လူကြီးတွေကို ပြောပြသည်။

ချောင်မောင်နှမများ လျစ်လျူရှုပြီး ရက်စက်လွန်းပုံကို လူတိုင်း မှတ်ချက်ချကြသည်။ အထူးသဖြင့် အစ်မအရင်း သာ့ချောင်ပင်။ မောင်နှမစိတ် လုံးဝမရှိပေ။

ဟုတ်ပါတယ် ဒါက တခြားဇာတ်လမ်းတစ်ခုပါ။

သာ့ချောင်က အဝေးကြီး မပြေးရသေးခင် ဟော်ချီက သူမကို ဆွဲခေါ်သွားသည်။ "ဒီကိုလာ"

သာ့ချောင်က လှမ်းကြည့်လိုက်သည် "အစ်ကိုကြီးဟော်ချီ၊ တကယ်ဆို အဖွားက ညီမလေးကို ကူဖို့ မခေါ်ဘူး မဟုတ်လား?"

ဟော်ချီသည် သူမ၏ နူးညံ့သိမ်မွေ့သော မျက်နှာကို ကြည့်လိုက်သည်။ တောင့်မခံနိုင်တော့ဘဲ သူမမျက်နှာကို ဖျစ်ညှစ်လိုက်သည်။ "မင်းက ဉာဏ်ကောင်းလိုက်တာ။ မင်းညီမလေးက အတိတ်မေ့ချင်ယောင်ဆောင်နေတယ်လို့ ငါပြောချင်လို့ ဒီကိုလာခေါ်ခဲ့တာ"

သာ့ချောင်၏ အနက်ရောင် မျက်လုံးများ ပြူးကျယ်သွားသည်။ "အကိုကြီးဟော်ချီ၊ ဘာလို့ ဒီလိုပြောတာလဲ? တစ်ခုခု ရှာတွေ့ခဲ့တာလား?"

သူမမျက်​နှာ အဆွဲခံလိုက်ရသော်လည်း စိတ်​မဆိုး​သည်ကို မြင်​​ပြီး ဟော်ချီက ​ကျေနပ်သွားသည်​။

သူမမျက်နှာကို လွှတ်ပေးလိုက်ပြီး ပြန်ဖြေသည်။ "အင်း၊ မင်းညီမ မေ့လဲသွားတဲ့ ကုန်းစောင်းမှာ ကြက်အမွေးအရိုးတွေ ပုံနေတာ တွေ့တယ်။ အဲဒါတွေက လတ်လတ်ဆတ်ဆတ် ရှိနေတုန်းပဲ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က မြှုပ်ထားတာဖြစ်မယ်!"

သာ့ချောင်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ "အကိုကြီးဟော်ချီ၊ ညီမလေးကို လိုက်ပြနိုင်မလား?"

ဟော်ချီက ခေါင်းညိတ်ပြီး လှည့်ကြည့်လိုက်သည်။ အနီးနားတွင် မည်သူမျှမရှိသည်ကို မြင်လိုက်ရသဖြင့် သူမကို တောအုပ်ထဲသို့ ခေါ်သွားသည်။

ကြက်အရိုးနှင့် အမွေးများကို မြှုပ်နှံထားသည့်နေရာသည် ရှောင်ချောင် မေ့လဲနေသည့်နေရာနှင့် နှစ်မီတာဝေးသော ချုံပုတ်များတွင် ဖြစ်သည်။

"အစ်ကိုကြီးဟော်ချီ၊ ဒီမှာ မြှုပ်ထားတဲ့ ကြက်အရိုးနဲ့ အမွေးတွေရှိတယ်ဆိုတာ ဘယ်လိုသိတာလဲ?"

သာ့ချောင်က ထိုင်ချလိုက်ပြီး ကြက်မွေးများကို သေချာ ကြည့်လိုက်သည်။ တကယ့်ကို လတ်ဆတ်နေတုန်းပင်။ အကြာကြီးမြှုပ်ထားသလိုမျိုး မဟုတ်ပေ။ အနောက်ဘက်သစ်တော၏ ဤနေရာကို ယခင်က မည်သူမျှ မရောက်ဖူးပေ။ ထို့ကြောင့် ရှောင်ချောင်ကလွဲ၍ တတိယလူ မရှိပေ။

ဟော်ချီက ခေါင်းခါလိုက်သည်။ "ဒီမှာ တစ်ခုခု မြုပ်နေမှန်း မသိဘူး။ ဒါပေမယ့် မင်းညီမလေးက အဲဒီနေ့ သွေးထွက်လွန်နေတယ်။ အဲဒီအချိန်မှာ အမေက အသက်မရှင်နိုင်ဘူးလို့ ပြောခဲ့တယ်။ မမျှော်လင့်ဘဲ တစ်ညလောက်ကြာတော့ သူက ဘာမှမဖြစ်ဘဲ ပြန်လာတာ ထူးဆန်းတယ်!"

ထိုအချိန်တွင် ရှောင်ချောင် သွေးများဖြင့် ဖုံးလွှမ်းနေသည်အား တွေ့လိုက်ရသည်။ မြေပြင်မှာလည်း သွေးများဖြင့် နီရဲနေသည်။ အကယ်၍ သူမသည် အမှန်တကယ် သွေးထွက်ခဲ့လျှင် သွေးထွက်လွန်ပြီး သေသည်မှာ ကြာပြီ။ ကံကောင်းထောက်မစွာနှင့် လွတ်မြောက်ခဲ့လျှင်ပင် ဆေးရုံက အမြန်ဆင်းရမည်ည် မဟုတ်ပေ။ တက်ကြွနေမည်လည်း မဟုတ်ပေ။

တစ်ခုခုတော့ ရှိရမယ်!

ထို့ကြောင့် ရွာသူရွာသားများ အလုပ်သွားစဉ် သက်သေများရှာဖွေရန် အနောက်ဘက်သစ်တောသို့ ခိုးဝင်ခဲ့သည်။ ထို့နောက် သူတွေ့သည်။

သာ့ချောင်က ခေါင်းငုံ့ပြီး ခဏလောက် စဉ်းစားသည်။ ထို့နောက် သူမက တိုးတိုးလေးပြောသည်။ "ညီမလေးရဲ့ ခန္ဓာကိုယ်ပေါ်က သွေးတွေက ကြက်သွေးလား?"

ဟော်ချီက ခေါင်းညိတ်လိုက်သည်။ "သူ့အခြေအနေကို ရှင်းပြဖို့ တခြားနည်းလမ်းမရှိဘူး!"

ထိုအချိန်တွင် ရှောင်ချောင်သည် ကုန်းစောင်းမှ လှိမ့်ဆင်းပြီး ခေါင်းကို ထိမှန်သွားမည်ဖြစ်သည်။ သွေးအနည်းငယ်သာ ထွက်လာသည်။ အခြေအနေက မပြင်းထန်ပေ။ မှတ်ဉာဏ်ပျောက်ချင်ယောင်ဆောင်ရန်အတွက် တောကြက်တစ်ကောင်ကို ဖမ်းကာ သတ်ပစ်လိုက်ပြီး သွေးများကို လူးလိုက်သည်။ ဤကဲ့သို့ ၎င်းသည် ပြင်းထန်ပုံရပြီး လူတိုင်းကို လှည့်စားနိုင်သည်။

ထိုနေ့တွင် သူမမည်မျှ သွေးထွက်နေသည်ကို တွေ့လိုက်ရသောအခါ အားလုံးက ထိတ်လန့်သွားကြသည်။ သူမခန္ဓာကိုယ်ပေါ်ရှိ သွေးက လူသွေးလား ကြက်သွေးလား မသိပေ။ နောက်ပိုင်းတွင် လူတိုင်း၏ အာရုံစူးစိုက်မှုမှာ သူမ၏ မှတ်ဉာဏ်ပျောက်ဆုံးမှုအပေါ် အာရုံစိုက်လာခဲ့သည်။ ဒီလိုကိစ္စမျိုးက ရှုပ်ထွေးနေသည်။

သာ့ချောင်သည် ခဏမျှ စဉ်းစားလိုက်သည်။ သူမ၏ အနက်ရောင်မျက်လုံးများက သူ့ကို အံ့အားသင့်စွာ ကြည့်ကာ ပြောသည်။ "အစ်ကိုကြီးဟော်ချီက အရမ်းအံ့သြဖို့ကောင်းတယ်။ ညီမလေးက စဉ်းစားလို့ မရဘူး!"

ဟော်ချီက သူ့မျက်နှာကို တစ်ဖက်သို့ လှည့်ပြီး ပြန်ဖြေခဲ့သည်။ "သာမန်ပါပဲ"

All Chapters