← Chapters

အခန်း (၁၄၁)

Vol. 11 Ch. 141

အခန်း (၁၄၁)

Vol. 11 Ch. 141

ဟော်ဟွားချင်း၏ မျက်လုံးများက တောက်ပလာသည်။ သူက စိတ်လှုပ်ရှားစွာ တုံ့ပြန်သည်။ "ဖြစ်နိုင်ပါ့မလား? မင်းအစ်ကိုကြီးက သဘောတူမှာလား? ရွာသားတွေကကော ဆန္ဒရှိပ့ါမလား?"

ဝမ်ယန်ရှန်က မျက်မှောင်ကြုတ်လိုက်သည်။ "ကျုပ်အစ်ကိုကြီးကို စည်းရုံးနိုင်မယ်ဆိုတာ သေချာတယ်။ ဒါပေမယ့် ရွာသူရွာသားတွေက ကံကြမ္မာကိုပဲ အားကိုးလို့ရမယ်။ အစပိုင်းမှာတော့ အားလုံးက ခက်ခဲတယ်။ မိသားစုတစ်စု သို့မဟုတ် နှစ်စုက ဆေးဖက်ဝင်အပင်တွေ စိုက်ပျိုးဖို့ ဆန္ဒရှိနေကြမှာပဲလေ။ သူတို့က အားသာချက်ကို သိသွားရင် နောက်နှစ်မှာ သူတို့ကို ဆွဲဆောင်ဖို့ မလိုတော့ဘူး။ သူတို့ဆန္ဒအလျောက် စာရင်းသွင်းမှာပါ"

တရုတ်ဆေးဖက်ဝင်အပင်များ စိုက်ပျိုးရန် ကိုယ်ပိုင်မြေကွက်များအားလုံးကို ပြောင်းလဲခြင်းသည် သူ၏ ရည်ရွယ်ချက် အစစ်အမှန်မဟုတ်ပေ။ မိသားစုတစ်ခုစီတွင် သီးသန့်မြေကွက် ၅၀ စတုရန်းမီတာသာရှိသည်။ ထုတ်လုပ်ရေး အဖွဲ့တစ်ခုလုံး၏ သီးသန့်မြေကွက်များကို စိုက်ပျိုးထားသော်လည်း အကျိုးသက်ရောက်မှုများစွာရှိမည် မဟုတ်ပေ။

သူလိုချင်သည်က တရုတ်ဆေးဖက်ဝင်အပင်များ စိုက်ပျိုးရန်အတွက် ထုတ်လုပ်ရေးအဖွဲ့တစ်ခုလုံး၏ တစ်ဝက်ကျော်ကို ပြောင်းလဲပစ်ရန်ပင်။ တရုတ်ဆေးဖက်ဝင်အပင်များ စိုက်ပျိုးခြင်းသည် အစားအစာ စိုက်ပျိုးခြင်းထက် အမြတ်အစွန်းများသရွေ့ အသိုင်းအဝိုင်းက သဘောမတူမည်ကို သူ မကြောက်ပေ။

ဟော်ဟွားချင်းသည် ထိုအချိန်က အရင်းရှင်ကြီးဖြစ်သည်။ တရုတ်ဆေးဖက်ဝင်အပင်များ၏ တန်ဖိုးကို သူက သေချာပေါက် နားလည်သည်။ အောင်မြင်စွာ စိုက်ပျိုးနိုင်လျှင် သူတို့မိသားစုလည်း အောင်မြင်နိုင်မည်။

နောင်တွင် သူနှင့် သူ၏ချွေးမက ကွယ်လွန်သွားသော်လည်း ချီအာသည် ထုတ်လုပ်ရေးအဖွဲ့တွင် ဆက်လက်ရှင်သန်နိုင်မည် ဖြစ်သည်။

ကြမ်းတမ်း ကွဲအက်နေသော လက်တစ်စုံဖြင့် စားပွဲအစွန်းကို လှမ်းကိုင်လိုက်သည်။ သူ့မျက်လုံးသည် မျှော်လင့်ချက်များဖြင့် နီရဲနေသည်။

ဝမ်ယန်ရှန်သည် ဝက်ခြံမှ ထွက်လာပြီး ချောင်အိမ်ငယ်လေးကို ဖြတ်သွားချိန်တွင် အတွင်းထဲကို တစ်ချက်ကြည့်လိုက်သည်။

ဖီဖီက သူစိမ်း၏ အနံ့ကို ရှူရှိုက်မိပြီး ချက်ခြင်း စူးစူးဝါးဝါး ဟောင်သည်။ ဒီလိုညမျိုးတွင် ဖီဖီ၏ အသံက ကျယ်လောင်လွန်းသည်။ ချောင်မိသားစုက ရုတ်တရက် နိုးလာသည်။

ချောင်အိမ်တွင် ဖယောင်းတိုင်များ ထွန်းညှိပြီး တံခါးဖွင့်သံကြားသည်။

ဝမ်ယန်ရှန်သည် ထွက်ပြေးတော့မည် ဖြစ်သော်လည်း အတွင်းခန်းမှ သွယ်လျသောရုပ်သွင် ထွက်လာသည်ကိုမြင်ပြီးနောက် ခြေထောက်ကို ပြန်ရပ်လိုက်သည်။

ချောင်ဟုန်းရှက ဓာတ်မီးနှင့် ထွက်လာပြီး "အပြင်မှာ ဘယ်သူရှိလဲ?" ဟု မေးသည်။

ဝမ်ယန်ရှန်က "ကျုပ်ပဲ ဝမ်ယန်ရှန်" ဟု ပြန်ဖြေသည်။

သူ့အသံက နက်နဲပြီး ယစ်မူးဖွယ်ကောင်းသည်။ တစ်ခါကြားပြီးလျှင် မေ့ရန် ခက်သည်။

ချောင်ဟုန်းရှက သူဖြစ်သည်ကို ကြားသောအခါ ခဏတာ အံ့အားသင့်သွားသည်။ သူမသည် တံခါးဆီသို့ လျှောက်လာပြီး "တတိယဝမ်၊ အရမ်းနောက်ကျနေပြီ။ ရှင်ဘာလို့ ဒီကိုရောက်နေတာလဲ?"

အလင်းရောင်ကို အားပြုပြီး ဝမ်ယန်ရှန်က သူမမျက်နှာကို ကြည့်လိုက်သည် "ကျုပ်မြို့က ပြန်လာတော့ မင်းရဲ့ခွေးဟောင်တာကို ခံရတယ်။ ဒါက ဒဏ္ဍာရီဆန်ဆန် ခွေးမုန်းတီးတဲ့လူပဲ မဟုတ်လား?"

လေထုကို နှိုးဆွရန် တစ်ခုခု ပြောချင်သည်။ သူက လေးနက်ပြီး ဂုဏ်သိက္ခာရှိသောကြောင့် ရယ်စရာမဟုတ်ပေ။ ထိုအစား ချောင်ဟုန်းရှက ဘယ်လိုတုံ့ပြန်ရမှန်း မသိပေ။

လေထုက ပိုငြီး နေရခက်လာသည်။

ဝမ်ယန်ရှန်သည် သူ့ကိုယ်သူ စိတ်ထဲ၌ ကြိမ်းမောင်းလိုက်သည်။ ချောင်းဟန့်ကာ ပြောလိုက်သည်။ "နောက်ကျနေပြီမို့ ငါမင်းကို မနှောင့်ယှက်တော့ဘူး။ အနားယူတော့"

ချောင်ဟုန်းရှက ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ။ ရှင်သွားတော့လေ"

သူမက ပြောပြီးသည့်နောက် တစ်ဖက်လူကို မောင်းထုတ်ရန် မစောင့်နိုင်တော့သည့် ခံစားချက်ကို ခံစားလိုက်ရသည်။ ၎င်းကို တွေးပြီးနောက် ထပ်ပြောလိုက်သည်။ "ရှင့်ကို ဓာတ်မီးနဲ့ လမ်းပြပေးမယ်"

ဝမ်ယန်ရှန်သည် မူလက ငြင်းချင်သည်။ သူက ညဘက် လမ်းလျှောက်လေ့ရှိသော်လည်း စကားက နှုတ်ခမ်းဝသို့ ရောက်သည့်အခါ ပြန်မျိုချလိုက်သည်။ "ကောင်းပြီ ဒါဆို ငါ မင်းကို ဒုက္ခပေးရတော့မယ်"

"ပြဿနာမရှိပါဘူး"

ဝမ်ယန်ရှန်က သူမကို နောက်တစ်ကြိမ် လှည့်ကြည့်ပြီး လှည့်ထွက်သွားသည်။

လက်နှိပ်ဓာတ်မီးမှ အလင်းရောင်အဆုံးသို့ ရောက်သောအခါ ရုတ်တရက် လှည့်ကြည့်ကာ အပြုံးဖြင့် လက်ဝှေ့ယမ်းလိုက်သည်။ "ဝင်သွားတော့။ မသွားခင် မင်းဝင်သွားတာ ကြည့်နေမယ်"

ချောင်ဟုန်းရှသည် သူ့ပါးစပ်ထောင့်က အပြုံးကို ကြည့်လိုက်သည်။ သူမ၏ နှလုံးခုန်သံသည် ခဏတာ စည်းချက်မမှန်ဖြစ်သွားသည်။ ၎င်းက ပြင်းထန်စွာ ခုန်ပေါက်နေသည်။

သူမ၏ မျက်နှာပူလာသည်။ စကားတစ်ခွန်းမှ မပြောဘဲ လှည့်ထွက်ပြေးသွားသည်။

ဝမ်ယန်ရှန်က သူမသညါ နှုတ်ဆက်စကားမပြောဘဲ ထွက်သွားသဖြင့် မျက်လုံးထဲတွင် သံသယစိတ်များ ပေါ်လာသည်။ တွေးကြည့်ပြီးနောက် သူပြောသည့် စကားထဲ၌ မကြိုက်သည့်အရာကို မစဥ်းစားမိပေ။

အချိန်အတော်ကြာ ရပ်နေပြီးနောက် ညလေတိုက်လာသဖြင့် အနည်းငယ် တုန်သွားသည်။ ထို့နောက် သူသည် လှည့်၍ ဝမ်အိမ်ဆီသို့ ပြန်သွားသည်။

...

နောက်တစ်နေ့တွင် သာ့ချောင်သည် တတိယအဒေါ်ကို စူးစူးစိုက်စိုက်ကြည့်ကာ မေးလိုက်သည်။ "တတိယအဒေါ်၊ အဒေ့ါ်ရဲ့ မျက်လုံးအောက်မှာရော ဘာလို့ အညိုကွက်တွေ ရှိနေရတာလဲ?"

အဒေါ်ကြီးသည် ညလယ်တွင်ထကာ နို့တိုက်ရသောကြောင့် မျက်ကွင်းမည်းလာသည်။ ပဉ္စမအဒေါ်သည် သူနာပြုပညာကို သင်ကြားခဲ့ရသောကြောင့် မည်းမှောင်နေခဲ့သည်။ ဒါဆို တတိယအဒေါ်က ဘာအကြောင်းကြောင့်လဲ?

ချောင်ဟုန်းရှက မျက်နှာပူသွားသည်။ "တတိယအဒေါ်က မနေ့ညက ကောင်းကောင်းမအိပ်ရဘူး။ မနက်စာစားပြီးပြီလား?"

သာ့ချောင်က နာခံစွာ ခေါင်းညိတ်သည်။ "စားပြီးပြီ။ မနေ့ညက ဖီဖီကြောင့် အားလုံး နိုးလာတယ်လို့ အမေဆီက ကြားတယ်။ ခဏနေရင် သူနဲ့ တိုင်ပင်ရမယ်!"

သူမက ဘယ်လောက် ချစ်ဖို့ကောင်းလဲဆိုသည်ကို ကြည့်ပြီး ချောင်ဟုန်းရှက သူမ၏ ဆံပင်တွေကို ပွတ်သပ်ပေးလိုက်သည်။ ထို့နောက် သူမ အိတ်ကပ်ထဲမှ ယုန်ဖြူသကြားလုံး နှစ်လုံးကို ထုတ်ယူကာ "ယူသွားပါ" ဟု ပြောလိုက်သည်။

သာ့ချောင်က မျက်လုံးကွေးညွတ်သည်အထိ ပြုံးပြီး ပြောသည်။ "တတိယအဒေါ်ကို ကျေးဇူးတင်ပါတယ်။ ဒါဆို သမီး မယဥ်ကျေးတော့ဘူးနော်"

ချောင်ဟုန်းရှသည် သူမ၏ လူကြီးစကားသံကို ကြားလိုက်သောအခါ မရယ်ဘဲ မနေနိုင်ပေ။

သာ့ချောင်သည် ယုန်ဖြူသကြားလုံးကို မစားပေ။ ထိုအစား သူမ အမေကို ပေးလိုက်သည်။

ယုန်ဖြူသကြားလုံး ခုနစ်လုံးသည် နွားနို့တစ်ခွက်နှင့် ညီမျှကြောင်း မွေးစားအမေထံမှ သိရသည်။ ခန္ဓာကိုယ်အတွက် ကောင်းသည်။ ထို့ကြောင့် ဒီကာလအတွင်း သူမအမေကို သကြားလုံးတွေ အမြဲပေးသည်။

သာ့ချောင်က နောက်ဆုံးတော့ ထွက်သွားကြောင်းကို ချောင်ဟုန်းရှက မြင်ပြီး ရင်ဘတ်ကို လက်နှင့်အုပ်ကာ သက်ပြင်းချလိုက်သည်။

မနေ့ညက အခန်းထဲပြန်သွားပြီးနောက် အကြောင်းပြချက်တစ်ခုခုကြောင့် ဝမ်ယန်ရှန်က သူမကို ပြုံးပြသည်အား အမြဲသတိရနေခဲ့သည်။

သူမကိုယ်သူမ တွေးမနေရန် အတင်းအကျပ် တွန်းအားပေးလေလေ စိတ်ထဲ၌ ပုံရိပ်က ပိုရှင်းလာလေလေပင်။ အချိန်အတော်ကြာအောင် အိပ်မပျော်ဘဲ ကုတင်ပေါ်တွင် လှိမ့်နေသည်။ ထို့ကြောင့် နောက်နေ့ အိပ်ရာက နိုးလာသည့်အခါ အမဲကွင်းကြီး ပေါ်လာသည်။

အခန်းထဲတွင် လင်းဟွေ့က ချောင်ကျန်းကျွင်း၏ အဝတ်အစားများကို သပ်ရပ်အောင် ကူညီပေးနေသည်။ သူမက နူးညံ့သော အသံဖြင့် ပြောလိုက်သည်။ "ရှန်းမိသားစုက ကျွန်မတို့ကို ဒီအလုပ်ရအောင် ကူညီဖို့ အပြင်းအထန် ကူညီပေးခဲ့တယ်။ အမေက ရာစုနှစ် လင်ဇီးရိုင်း နှစ်ခုကို ထုတ်ထားတယ်။ အချိန်ရရင် ရှန်းမိသားစုဆီ ယူသွားပေးလိုက်"

ကိုယ်ဝန်ရပြီးနောက်ပိုက်း အချို့လူများ၏ ခန္ဓာကိုယ်က ရောင်ရမ်းလာပြီး အသားအရေက ရုပ်ဆိုးလာသည်။ သို့သော် လင်းဟွေ့က ကိုယ်ဝန်ရပြီးနောက်ပိုင်း ပိုကောင်းလာသည်။ သူမ၏ မျက်နှာသည် နီမြန်းနေပြီး သူမ၏ အသားအရေသည် ဖြူစင်ချောမွေ့နေသည်။ ဝမ်းဗိုက်ကလွဲ၍ ခြေလက်များက သေးသွယ်နေသေးသည်။ ရောင်ရမ်းခြင်း၏ လက္ခဏာ အနည်းငယ်မျှ မရှိပေး။

"ကောင်းပြီ။ ကိုယ် အားရင်ရင် ယူသွားမယ်"

ချောင်ကျန်းကျွင်းသည် သူ့ဇနီး၏ ရင်သပ်ရှုမောဖွယ် မျက်နှာကို စိုက်ကြည့်နေသည်။ သူ့နှလုံးက တုန်နေသည်။ မနေနိုင်တော့ဘဲ သူမမျက်နှာကို ငုံ့ပြီး နမ်းလိုက်သည်။ "ဟွေ့ဟွေ့၊ မင်းက အရမ်းလှတယ်"

လင်းဟွေ့၏ မျက်နှာသည် နီမြန်းလာသည်။ သူမက သူ့ရင်ဘတ်ကို ထုကာ ပြောလိုက်သည်။ "နေ့ခင်းကြောင်တောင်ကြီး ဘာလုပ်နေတာလဲ? ကလေးတွေ မြင်ရင် ရှက်စရာကြီး!"

ချောင်ကျန်းကျွင်းက သူမလက်ကို ဆုပ်ကိုင်ကာ နမ်းလိုက်ပြန်သည်။ "ကလေးတွေက အိပ်နေတုန်းပဲ..."

သူ့စကားမဆုံးခင် သာ့ချောင်က အပြေးအလွှားဝင်လာသည်။ ဒီမြင်ကွင်းကိုမြင်ပြီး သူမမျက်နှာကို လက်လေးနှင့် အုပ်လိုက်ပြီး လှည့်လိုက်သည်။ "အမေ၊ အဖေ သမီး ဘာမှမတွေ့ဘူး!"

ချောင်ကျန်းကျွင်းနှင့် လင်းဟွေ့တို့၏ မျက်နှာများသည် ပုဇွန်ပြုတ်ကဲ့သို့ နီရဲသွားခဲ့သည်။

တုန်းလင်းလေးက သူ့ခြေထောက်တိုလေးဖြင့် ပြေးလာသည်။ "အစ်မသာ့ချောင်၊ ဘာကို မတွေ့တာလဲ?"

သာ့ချောင်က တိုးတိုးပြောသည်။ "အဖေက အမေ့လက်ကို နမ်းနေတယ်၊ ​​ဒါပေမယ့် အစ်မ ဘာမှ မတွေ့ဘူး။ မောင်လေးလည်း မြင်တယ်လို့ မပြောရဘူး။ နားလည်လား?"

တုန်းလင်း၏ မျက်လုံးထဲတွင် သံသယ ရှိနေသည်။ သို့သော် သူက နာခံမှုဖြင့် ခေါင်းညိတ်ပြပြီး ကလေးအသံနှင့် ပြန်ပြောသည်။ "သိပြီ။ အဖေ အမေ့လက်ကို နမ်းနေတာ မတွေ့ဘူး"

ချောင်ကျန်းကျွင်းနှင့် လင်းဟွေ့ - "..."

လင်းဟွေ့၏ မျက်နှာသည် အလွန်ပူလောင်ကာ ကြက်ဥကိုပင် ကြော်နိုင်သည်။ သူမသည် ချောင်ကျန်းကျွင်းကို တိတ်တဆိတ် ဆိတ်လိုက်သည်။

ချောင်ကျန်းကျွင်းက နာကျင်သွားသော်လည်း သူ့နှလုံးသားက ချိုမြိန်နေသည်။ နောက်​တစ်​​ခေါက်​ သူမကို နမ်း​သေးသည်​။

ဒီနေ့က ချောင်ကျန်းကျွင်း အစားအသောက် စက်ရုံတွင် တာဝန်ထမ်းဆောင်ရန် သတင်းပို့ရမည့်နေ့ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ချောင်ကျန်းကျွင်းလည်း အလုပ်လုပ်ရန် ခရိုင်မြို့ကို ပြန်သွားသည်။

ချောင်ကျန်းကျွင်းသည် မြို့ထဲတွင် အလုပ်သွားလုပ်သော်လည်း သူသည် ယာယီအလုပ်သမားသာဖြစ်သည်။ ထို့ကြောင့် သူ့အိမ်ထောင်စုစာရင်းက ထုတ်လုပ်ရေးအဖွဲ့မှာ ရှိနေတုန်းပင်။ သူက လယ်ကွင်းထဲ၌ အလုပ်မလုပ်တော့သည့်အတွက် ထုတ်လုပ်ရေးအဖွဲ့ခေါင်းဆောင်ကို နှုတ်ထွက်ရန် တောင်းဆိုရသည်မှာ သဘာဝပင်။

ထိုသို့ ထွက်ခွာသဖြင့် သတင်းကို မဖုံးကွယ်နိုင်ပေ။ လူတိုင်းက မနာလိုဖြစ်ကြသည်။

"အိုး ချောင်မိသားစုက တကယ်ကို ကြီးပွားတိုးတက်နေတယ်။ မိသားစုမှာ ဝန်ထမ်းနှစ်ယောက်ရှိတယ်။ ငါတကယ်ကို မနာလိုဘူး!"

"အိုး၊ ဒီနှုန်းနဲ့ ဝမ်မိသားစုကို သေချာပေါက် ကျော်သွားလိမ့်မယ်!"

"ဒုတိယချောင်၊ မင်းအလုပ်က မင်းကို ဒုရဲမှူးက မိတ်ဆက်ပေးခဲ့တာလား? ငါ့ကိုကော မိတ်ဆက်ပေးဖို့ နည်းလမ်းရှိလား?"

"ဟုတ်တယ်၊ ဟုတ်တယ်၊ ငါတို့က အတူတူထုတ်လုပ်ရေးအဖွဲ့က လာတာ၊ မင်း အဲဒါကို မေ့လို့မရဘူး"

"အို ဒုတိယချောင်၊ ငါ့သားအကြီးဆုံးက အရမ်းသန်မာတယ်။ ပင်ပန်းပြီး ညစ်ပတ်နေရင်တောင် ဘာမဆို လုပ်နိုင်တယ်။ သူ့ကို အလုပ်တစ်ခု အကြံပေးနိုင်မလား?"

ရွာသားတွေက ချောင်ကျန်းကျွင်းကို ဝိုင်းရံပြီး သူတို့မိသားစုကို အလုပ်အကိုင်နှင့် မိတ်ဆက်ပေးရန် တောင်းဆိုကြသည်။

ရွာသားများက ချောင်ကျန်းကျွင်းကို ဝိုင်းရံပြီး သူ့တို့မိသားစုကို အလုပ်အကိုင် ရှာဖွေပေးရန် တောင်းဆိုကြလေသည်။

ချောင်ကျန်းကျွင်း၏ မျက်နှာ နီမြန်းသွားကာ "ကျွန်တော်က လယ်သမားတစ်ယောက်ပါ ခင်ဗျားကို ဘယ်လိုလုပ် အလုပ်ရှာပေးရမလဲ" 

ရွာသားများက ယင်းကို မကျေနပ်ကြပေ။ သူက ဘာမှ မလုပ်နိုင်ရင်တောင် ဒုရဲမှူးက တတ်နိုင်ပေသည်။

သူ့ဒုတိယအစ်ကိုကို အခက်ကြုံနေသည်ကို တွေ့လိုက်၍ ချောင်ကျန်းမင်က ကူညီရလေတော့၏။

"မင်းလိုချင်ရင် မင်းသွားလို့ရတယ် ယာယီအလုပ်သမားက ၈၀၀ ယွမ် မင်းပိုက်ဆံပေးရင် ငါမင်းကို မိတ်ဆက်ပေးမယ်"

ယွမ်ရှစ်ရာ!

ဘုရားရေ!

ထုတ်လုပ်ရေးအဖွဲ့က လူတော်တော်များများ တတ်နိုင်ရင်တောင်မှ ဒီငွေအများကြီးကို ထုတ်သုံးဖို့ဆိုတာ မဖြစ်နိုင်ပေ။

ယေဘူယျအားဖြင့် ယာယီအလုပ်သမားများအား ၁၅ ယွမ်မှ ယွမ် ၂၀ ကြား ပေးရသည်။  အခြေခံကုန်ကျစရိတ်ကို ပြန်ဆပ်ရန် အနည်းဆုံး သုံးနှစ်ကြာ၏။ ပြဿနာမှာ အများစုသည် မိသားစုတစ်စုတွင် သားတစ်ဦးထက်ပို၍ ရှိသည်။ ပိုက်ဆံပေးပြီးလျှင် ဘယ်သူ့ကို အလုပ်ပေးရမလဲ?

သားတစ်ယောက်ကို ပေးလိုက်လျှင် ကျန်သားများက ပျော်ရွှင်မည်မဟုတ်ပေ။ ထိုအခါ မိသားစုအတွင်းပဋိပက္ခများ မလွဲမသွေ ဖြစ်လာပေမည်။

ထိုသို့တွေးမိကြသောအခါ လူတိုင်း ငြိမ်ကျသွားကြသည်။

တချို့လူတွေက စိတ်မသက်မသာ ပိုဖြစ်သွားကြ၏။အထူးသဖြင့်  တစ်ချိန်က ချောင်ကျန်းမင်နှင့် လက်ထပ်ချင်ခဲ့သော ရှင်းဟွာပေ။

ရှင်းဟွာက အဝေးမှနေ၍ လူအုပ်ကြားထဲက ချောင်ကျန်းမင်ကို ကြည့်လိုက်သည်။

သူမလက်ထဲရှိ ကိရိယာကို အမုန်းတရားအပြည့်ဖြင့် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်၏။  ချောင်ရှို့ကျီသာ မတားခဲ့လျှင် သူမ ယခုအချိန်တွင် သူ့ဇနီး ဖြစ်နေပေပြီ။

ချောင်ကျန်းမင်ထွက်သွားပြီးနောက် ရှင်းဟွာသည် တစ်မနက်လုံး စိတ်ဆိုးနေခဲ့၏။  ထို့ကြောင့် သူမ အလုပ်ပြီးချိန်တွင် ဖန်ရှောင်ကျွင်း၏တဲသို့ သွားခဲ့သည်။

"ရှောင်ကျွင်း ဒုတိယချောင်က မြို့ထဲမှာ အလုပ်သမားဖြစ်တော့မယ် အဲ့ဒါကို နင် သိပြီးပြီလား"

သူမ စိတ်ဆိုးနေပြီး တစ်ယောက်ယောက်ကို သူမအား အဖော်ပြုစေချင်ခဲ့၏။ ထို့ကြောင့် ဖန်ရှောင်ကျွင်းအား ထိုသတင်းကို ပြောပြလိုက်သည်။ 

ထိုသတင်းကို ကြားလျှင် ဖန်ရှောင်ကျွင်း ဒေါသထွက် အံကြိတ်နေမည်ဟု ထင်ခဲ့သော်လည်း ဖန်ရှောင်ကျွင်းက အနည်းငယ် ထိတ်လန့်သွားကာ ပခုံးတွန့်ပြီး "သူက အလုပ်သမားဖြစ်ဖြစ် မဖြစ်ဖြစ် ငါနဲ့ ဘာဆိုင်လို့လဲ လွန်ခဲ့တဲ့ နှစ်ရှစ်ရာတည်းက သူနဲ့ငါ ဘာမှ မဆိုင်တော့ဘူး"

ရှင်းဟွာ နေရာတွင်ပင် အေးခဲသွားလေ၏။

လွတ်လပ်ပေါ့ပါးနေသော ဖန်ရှောင်ကျွင်းက အရင်ကနှင့် လုံးဝမ‌တူတော့ချေ။

"ရှောင်ကျွင်း  နင် တကယ် စိတ်မဆိုးဘူးလား"  

သူမက သံသယမျက်လုံးဖြင့် သူ့မျက်နှာကို သေချာကြည့်ပြီး သံသယဖြစ်ဖွယ် တစ်စုံတစ်ရာကို ရှာဖွေကြည့်လိုက်၏။

ဖန်ရှောင်ကျွင်းက ပြုံးပြီး "ဘာလို့ စိတ်ဆိုးရမှာလဲ ချောင်ကျန်းကျွင်းက ငါ့ကို ထားခဲ့လိုက်တာနဲ့ ငါ ကောင်းကောင်း မနေနိုင်တော့ဘူးလို့ နင် ထင်နေတာလား"

ရှင်းဟွာက အရမ်းစပ်စုချင်နေတော့သည်။ သူမက အနားတိးကပ်သွားကာ "ရှောင်ကျွင်း  ရိုးရိုးသားသားပြောစမ်းပါ နင့်မှာကောင်းတာလေးတွေ ရှိတယ်မလား" ဟု  မေးလိုက်၏။

ဖန်ရှောင်ကျွင်းသည် နွေဦးလေပြေလေး ဖြတ်သန်းသွားသကဲ့သို့ နူးညံ့စွာ ပြုံးလိုက်၏။ ထို့‌နောက် နဖူးပေါ်ကျနေသော ဆံပင်များကို ဖြီးလိုက်ပြီး ဆံနွယ်အချို့ကို နားနောက်ညှပ်လိုက်ကာ "ငါ အခု နင့်ကို မပြောနိုင်သေးဘူး မကြာခင် သိရမှာပေါ့!"

မနေ့က မုန့်ဟောင်ကွမ်ထံမှ စာတစ်စောင်ရခဲ့၏။ သူပြန်သွားပြီးနောက် သူမကို မမေ့ခဲ့ကြောင်း ပြောခဲ့သည်။  ဆယ်ရက်အတွင်း စီးပွားရေးလုပ်ဖို့ မြို့ကို လာမည်ဟု စာထဲတွင် ပြောထားရာ  သူနဲ့တွေ့ရန် မြို့ကိုသွားရမည်။

မုန့်ဟောင်ကွမ်သည် သူမ ချစ်မိသွားသော ပထမဆုံးအမျိုးသားဖြစ်သည်။

သူက သာမန် ပညာတတ်လူငယ်များထက် အရပ်ရှည်ပြီး  သူရဲကောင်းဆန်သော အသွင်အပြင် ချောမောသော မျက်နှာရှိသည်။ ပညာတတ်လူငယ်အများကြီးထဲမှ သူ့ကို မြင်မြင်ချင်း သူမ ချစ်မိသွား၏။

ထို့နောက် သူနဲ့နီးစပ်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။ နှစ်ယောက်သား ချစ်ကျွမ်းဝင်ခဲ့ကြ၏။ သူ  မြို့သို့ ပြန်ရသည်နှင့် သူမကိုပါ ခေါ်သွားမည်ဟု ကတိပေးထားခဲ့သည်။ 

သူ ထွက်သွားပြီး‌နောက် ဘာသတင်းမှ မကြားရတော့ပေ။ ထိုအချိန်တွင် သူမက  ထုတ်လုပ်ရေးအဖွဲ့၏ ဟာသဖြစ်လာခဲ့သည်။ ထို့ကြောင့် လက်ထပ်ရန်အတွက် သူမကိုယ်တိုင် ချောင်ကျန်းကျွင်းကို အကွက်ချ ကြံစည်ခဲ့သည်။

သူမဘဝတွင် ဘယ်တော့မှ ပြန်မဆုံနိုင်တော့ဟု ထင်ခဲ့သောသူက ခုနစ်နှစ်အကြာတွင် သူမထံ စာတစ်စောင် ရုတ်တရက် ပေးပို့ခဲ့သည်။ ထို့ပြင် ၎င်းက သူမ၏ အရှက်ရဆုံးနှင့် အဆင်းရဲဆုံး အခြေအနေတွင် ဖြစ်၏။ဘာအကြောင်းပဲဖြစ်ဖြစ်  ဒီလူကို ဆုပ်ကိုင်ပြီး သူမအား ခေါ်သွားရန် ကြိုးစားရ‌မည်။

သူမ မြို့နေ လူတန်းစားဖြစ်လာသည်နှင့် ချောင်ကျန်းကျွင်းလို အလုပ်သမားက ဘာမှ မဟုတ်တော့ပေ။

All Chapters