အခန်း (၁၃၈)
Vol. 11 Ch. 138
ချောင်အိမ်သို့ပြန်ရန် သူမ၏ ခံနိုင်ရည်အနည်းငယ်ကိုအသုံးပြုခဲ့သည်။ "ကလေးအဖေ၊ ဘာလို့အခုနက ငါ့ကိုမထောက်ပေးတာလဲ? ကျွန်မ လဲကျသွားတာ အရမ်းနာတယ်!"
ချောင်ကျန်းကျွင်းသည် သူမထံ၌ ဒဏ်ရာ ရှိ၊ မရှိကို ဂရုမစိုက်ပေ။ သူက ဆက်မေးသည်။ "ရှောင်ချောင် မနေ့ညက တကယ်ပဲ အိမ်မပြန်ဘူးလား? ဒီလိုကိစ္စမျိုး ဟာသအဖြစ် မသုံးတာ ပိုကောင်းမယ်!"
ဖန်ရှောင်ကျွမ်းက အံကြိတ်ပြီး ပြောသည်။ "ဒီလိုကိစ္စမျိုးကို ဘာလို့ ဟာသအဖြစ် သုံးရမှာလဲ? ကျွန်မကို ဘယ်လိုလူလို့ ထင်နေတာလဲ?"
ချောင်ကျန်းကျွင်းသည် ထိုအမျိုးသမီး လိမ်နေသလား မသိသော်လည်း အလောင်းအစား မလုပ်ဝံ့ပေ။ သူက ခေါင်းမော့ပြီး လူတိုင်းကို မေးလိုက်သည်။ "မနေ့က ရှောင်ချောင်ကို တွေ့တဲ့လူရှိလား? ကျွန်တော့ကို ကူညီပြီး ပြန်သတိရဖို့ လူတိုင်းကိုနှောင့်ယှက်ရတော့မယ်!"
ရွာသားများသည် အတင်းအဖျင်းများကို ကြည့်ရန် စိတ်အားထက်သန်နေသော်လည်း ရှောင်ချောင် ပျောက်ဆုံးနေကြောင်းကြားသောအခါတွင် စတင်ပြောကြသည်။
"ငါ သူမကို မတွေ့ဘူး!"
"ကျွန်တော်လဲ ... မတွေ့ဘူး!"
"ကျွန်တော် သူ့ကိုတွေ့ပေမယ့် မနက်ဘက်ပဲ။ မနေ့က ကျောင်းက ပြန်မလာဘူးလား"
ကလေးက ကျောင်းတွင် ပျောက်သွားလျှင် သူမကို ရှာရန် ရပ်ရွာကို သွားရမည်။
"မဟုတ်ဘူး၊ မနေ့က ပြန်လာတယ်။ ကျွန်မသမီးနဲ့ ကျောင်းက ပြန်လာတယ်။ နောက်တော့ အိမ်ပြန်လား မပြန်ဘူးလား မသိဘူး" ရှင်ဟွားက ကြားဖြတ်ပြောလိုက်သည်။
ထို့နောက် ရှောင်ချောင်ကို တွေ့သည်ဟု ဘယ်သူမှ မပြောကြပေ။ ချောင်ကျန်းကျွင်းက သူမ တစ်ခုခုဖြစ်မည်ကို ကြောက်လို့ လင်းဟွေ့ကို လှည့်ပြောလိုက်သည်။ "မင်းအရင်ပြန်သွားပါ။ ငါလိုက်ရှာလိုက်မယ်!"
ချောင်ရှို့ကျိသည် ဤမြေးမလေး ရှောင်ချောင်ကို မကြိုက်သော်လည်း သူမကို မသေစေချင်ပေ။ ဒုတိယသားက သူမကို တစ်ယောက်တည်းရှာတော့မည်ဟု ကြားသောအခါ သားကြီးအား ပြောလိုက်သည်။ "သားကြီး၊ မင်းလည်း လိုက်ရှာပေးလိုက်ဦး!"
ချောင်ကျန်းကော်က သဘောတူသည်။ သူ၏ ဒုတိယညီဖြစ်သူနှင့်အတူ ဝမ်ရွှေရှန်အား ထွက်ခွာခွင့်တောင်းသည်။ ထို့နောက် ရွာထဲ၌ လိုက်ရှာသည်။
...
မနက်ကနေ မွန်းတည့်၊ မွန်းတည့်ကနေ ညနေအထိ ဆက်သွားကြသည်။ လူတိုင်းက အလုပ်ဆင်းသွားကြသော်လည်း ရှောင်ချောင်ကို ရှာမတွေ့ပေ။
ရွာ၏ ထောင့်တိုင်းတွင် လိုက်ရှာသည်။ အရှေ့ဘက်သစ်တောတွင်လည်း သုံးလေးခါလောက် ရှာသည်။
ချောင်ကျန်းကျွင်း၏ မျက်နှာသည် ပင်ပန်းနွမ်းနယ်နေပုံပေါ်သည်။ "ကလေးက ဘယ်သွားနိုင်လို့လဲ?"
ရွာထဲမှာ သက်ရှိထင်ရှား ပျောက်ကွယ်သွားသည်။ ဒါက အဓိကကိစ္စဖြစ်သည်။ ဝမ်ရွှရှန်သည် မနှောင့်နှေးဘဲ ရွာသားများနှင့် ကူညီရှာဖွေရန် ချက်ချင်း စီစဉ်သည်။
သို့သာ် ခြေရာလက်ရာ မရှိသေးပေ။
ဝမ်ရွှေရှန်က ရှင်းဟွားကို ထပ်ခါတလဲလဲ မေးသည်။ "မင်းသမီးက မနေ့က ရှောင်ချောင်နဲ့ ကျောင်းကပြန်လာတာ သေချာလား?"
ရှင်းဟွားက စိတ်မရှည်စွာ ပြန်ဖြေသည်။"ခေါင်းဆောင်၊ ရှင် ဘယ်နှစ်ခါမေးပြီးပြီလဲ? မယုံရင် ကျွန်မသမီးကို ကိုယ်တိုင် သွားမေး!"
ကျောင်းဆင်းချိန်ရောက်ပြီ။ ကျောင်းသွားတက်သည့် ထုတ်လုပ်ရေးအဖွဲ့မှ ကလေးများ တယောက်ပြီး တယောက် ပြန်လာကြသည်။
ရှင်းဟွား၏ သမီး ပြန်လာသည့်အခါ လူတိုင်းက သူမကို မေးရန် တားကြသည်။ ရှင်းဟွားပြောသည့်အတိုင်းပင်။
ညီမလေး ပျောက်သွားကြောင်း သာ့ချောင်က ကြားသောအခါ အတွေးတစ်ခု ပေါ်လာသည်။ ညီမလေးသည် မနေ့က သူမနှင့် အစ်ကိုဟော်ချီ နောက်လိုက်လာတာလား?
ဒီလိုထင်ရသည့် အကြောင်းရင်းမှာ ညီမလေးက သူမနောက်ကို မကြာခဏ ချော့မော့ပြီး လိုက်ပြောနေတာကြောင့်ပင်။ သို့သော် သူမနှင့် စကားမပြောဘဲ ရှောင်ရန် အမြဲကြိုးစားသည်။
မနေ့က သူမနောက်ကို တိတ်တဆိတ် လိုက်ခဲ့လျှင် အနောက်ဘက်သစ်တောထဲကို လိုက်သွားနိုင်သည်။
၎င်းကိုတွေးပြီး အဖွား၏ လက်ကို တိတ်တဆိတ်ဆွဲလိုက်သည်။ "အဖွား၊ ညီမလေးဘယ်မှာလဲဆိုတာ သမီး သိလောက်တယ်"
ချောင်ရှို့ကျီက သူမ၏ ပါးစပ်ကို ဖုံးထားချင်သည်။ လူတိုင်းရှေ့မှာ ဒီလိုစကားမျိုး သူမ ဘယ်လိုလုပ် ပြောရဲတာလဲ?
သို့သော် ခြေတစ်လှမ်းနောက်ကျသွားပြီ။
ဖန်ရှောင်ကျွမ်းက အပြေးအလွှားသွားပြီး တုန်တုန်လှုပ်လှုပ်နှင့် မေးသည်။
"သာ့ချောင်၊ နင်ဘာပြောလိုက်တာလဲ? နင့်ညီမဘယ်မှာလဲဆိုတာ သိတယ်မဟုတ်လား ဘယ်မှာလဲဆိုတာ အမေ့ကိုပြောစမ်း။ အမေက သေလောက်အောင်ကို စိတ်ပူနေပြီ!"
သူမသည် သာ့ချောင်၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ ဝမ်းနည်းပူဆွေးမှုများ ပြည့်နှက်နေသည့် သူမ၏ အမူအရာက ကူကယ်ရာမဲ့ မိခင်တစ်ယောက်၏ ပုံရိပ်ကို ကွက်ကွက်ကွင်းကွင်း ဖော်ပြနေသည်။
သူမကို ဒီလိုမြင်လိုက်ရသောအခါ လူများက သနား၍ မဆုံးနိုင်တော့ပေ။
"ဖန်ရှောင်ကျွမ်းက ဒေါသကြီးပေမယ့် ရှောင်ချောင်အပေါ် တကယ်ကို ကောင်းတယ်"
"အဲ့ဒါတော့ မဟုတ်သေးဘူး။ ချောင်အိမ်မှာရှိတုန်းက ရှောင်ချောင်က ပုလဲတစ်လုံးလို လက်ထဲမှာ ကိုင်ထားခံရတယ်။ နောက်တော့ ကွာရှင်းပြီးသွားတော့ ခေါ်သွားတယ်။ အခု ကလေးပျောက်သွားတော့ အရမ်းစိုးရိမ်နေတာပေါ့!"
"အိုး၊ သူမကို ကြည့်ရတာ ဝမ်းနည်းစေတယ်။ ငါ့ကလေး ပျောက်သွားရင် ငါက သူမထက်တောင် အရူးဖြစ်နိုင်တယ်!"
ဖန်ရှောင်ကျွမ်းသည် လူတိုင်း၏ စကားကိုကြားသောအခါတွင် အလွန်ဂုဏ်ယူနေသည်။ သူမကိုယ်သူမ ဆေးကြောသန့်စင်ရန် မိခင်မေတ္တာကို အသုံးပြုခြင်းသည် မှန်ကန်သောလမ်းကြောင်းဖြစ်သည်ဟု ခံစားရသည်။
ဒီအကြောင်းတွေးရင်း ရင်ဘတ်ကို အကန်ခံလိုက်ရသည်။
အော်သံနှင့်အတူ မြေပြင်ပေါ်သို့ ပြန်လဲကျသွားသည်။ မော့ကြည့်လိုက်သောအခါ ချောင်ရှို့ကျီက သူမကို အေးစက်စွာ ကြည့်နေသည်ကို တွေ့လိုက်ရသည်။ "သာ့ချောင်နဲ့ ဝေးဝေးနေ။ နင် သူ့ကို ထပ်ပြီး နာကျင်အောင်လုပ်ရဲရင် မယဉ်ကျေးလို့ ငါ့ကို အပြစ်မတင်နဲ့!"
တုန်တုန်ယင်ယင်နှင့် ရှင်းပြရန် ကြိုးစားသော်လည်း ချောင်ရှို့ကျီက သူမကို တစ်ချက်မျှ မကြည့်ပေ။
"လက်နာသွားလား?" ချောင်ရှို့ကျီက ငုတ်တုတ်ထိုင်ကာ မေးလိုက်သည်။
သာ့ချောင်က ခေါင်းခါလိုက်သည်။ "စိတ်မပူပါနဲ့ အဖွား၊ မနာပါဘူး"
ချောင်ရှို့ကျီက သူမစကားကို မယုံပေ။ သူမ၏ အင်္ကျီလက်စကို လှန်လိုက်သောအခါ နုပျိုလှသော လက်နှစ်ဖက်တွင် အနီရောင် အမှတ်အသားကို တွေ့လိုက်ရသည်။ မျက်လုံးထဲတွင် ထင်ရှားနေသည်။
သာ့ချောင်၏ လက်မောင်းကို တွေ့လိုက်သောအခါ အားလုံး ရင်မောသွားသည်။ ဖန်ရှောင်ကျွမ်း ဖန်တီးထားသည့် စာနာစိတ်က ချက်ချင်းပင် ပျောက်ကွယ်သွားသည်။
"Tsk tsk tsk ၊ ဒီအမေကိုကြည့်။ ဘယ်လောက်ပဲ စိတ်ပူနေပါစေ ဒီလောက်ခွန်အားကို မသုံးသင့်ဘူး။ လက်နှစ်ဖက်လုံးက ရောင်သွားပြီ။ သနားစရာကောင်းတဲ့ ကလေးက မနာဘူးလို့ ပြောနေတုန်းပဲ!"
"ဒါကိုစဉ်းစားကြည့်ပါ၊ သူမက ဘက်လိုက်နေတာပဲ။ သာ့ချောင်ကို အရင်ကတည်းက ဆိုးဆိုးရွားရွား ဆက်ဆံခဲ့တယ်ဆိုတာ နင်မေ့သွားပြီလား?"
လူတိုင်းက မမေ့ကြပေ။ အမြွှာနှစ်ယောက်တွင် အစ်မကြီးသည် ပိန်ပါးနေပြီး ညီမလေးသည် လှပစွာ ကြီးပြင်းလာခဲ့သည်။ မျက်နှာသာပေးသည်ကို မြင်ဖူးသော်လည်း ဒီလိုမျက်နှာသာပေးခြင်းမျိုးက မတွေ့ဖူးပေ။
ဖန်ရှောင်ကျွမ်းသည် ရင်ဘတ်အောင့်လာပြီး အသက်ရှုကြပ်လုနီးပါး ဖြစ်သွားသည်။
ချောင်ရှို့ကျီက သာ့ချောင်ကို စိုက်ကြည့်ရင်း ပြောသည်။ "နောင်မှာ နာကျင်လာတဲ့အခါ သည်းမခံနဲ့။ ဟုတ်ပြီလား?"
"ဟုတ်ကဲ့ပါ အဖွား" သာ့ချောင်က တိုးတိုးလေး ပြန်ဖြေသည်။
လူတိုင်းက မျက်ရည်ဝဲနေသော မျက်လုံးနှင့် နာကျင်လွန်းသဖြင့် ဖြူဖျော့နေသော မျက်နှာကို ကြည့်နေကြသည်။ သို့တိုင် သူမက မငိုပေ။ အလိုက်သိစွာနှင့် မနာဘူးဟု ပြောသည်။ ဖန်ရှောင်ကျွမ်းကို လူတိုင်းက ဖော်ပြရန် ခက်ခဲသော အကြည့်များဖြင့် ကြည့်နေကြသည်။
"ရှောင်ချောင် ဘယ်မှာလဲဆိုတာ သိတယ်လို့ အခုပဲ ပြောခဲ့တယ် မဟုတ်ဘူးလား?" ချောင်ရှို့ကျီက မေးသည်။
အခု ဒီကိစ္စကို လူတိုင်းသိပြီးပြီဖြစ်စဖြင့် လူတိုင်း၏ အရှေ့မှာပင် မေးရသည်။ မဟုတ်လျှင် ရှောင်ချောင် တစ်ခုခုဖြစ်သွားပါက သူမကို အပြစ်တင်နိုင်သည်။
သာ့ချောင်ကဲ့သို့ပင် လူအုပ်နောက်တွင် ပုန်းနေသော ဟော်ချီသည်လည်း ရှောင်ချောင်သည် သူတို့နောက်မှ အနောက်ဘက်သစ်တောသို့ လိုက်သွားနိုင်သည်ဟု မှန်းဆထားသည်။
သာ့ချောင်ကို လူတိုင်းက အပြစ်တင်မည်အား သူကြောက်သည်။ လူတိုင်းကိုပြောပြီး တာဝန်ယူရန် လူအုပ်ထဲ တိုးဝင်လာသောအခါ သာ့ချောင် ပြတ်သားသည့် အသံကို ကြားလိုက်ရသည်...
"ညီမလေးကို မတွေ့ဘူး"
"နင့်ညီမကို မတွေ့ဘဲနဲ့ ဘယ်လိုသိတာလဲ? လူကြီးတွေကို လှည့်စားရတာ ပျော်စရာလား?" ရှင်းဟွားက မတ်တပ်ထရပ်လိုက်သည်။ "ဒီအချိန်မှာ ပြဿနာရှာနေတာလား? တကယ်ကို အလိုက်မသိဘူး!"
"သမီး ပြဿနာ မရှာဘူး!" သာ့ချောင်က ပြောလိုက်သည်။ "လူတိုင်း လိုက်ရှာနေကြပေမယ့် အနောက်သစ်တောမှာ မရှာရသေးဘူး။ ညီမလေးက အနောက်ဘက်သစ်တောကို သွားမလားလို့ တွေးမိတယ်။ ဆောင်းတွင်းတုန်းက အဲ့ဒီမှာ ငှက်ဥတွေရှိတယ်လို့ ညီမက ပြောလို့ သမီး သွားခဲ့တာ!"
ချောင်ရှို့ကျီက ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်သည်။ "သမီး အနောက်ဘက်သစ်တောကို သွားတုန်းက ရှောင်ချောင်က သမီးကို သွားခိုင်းတာလို့ ပြောတာလား?"
သာ့ချောင်က ပြောသည်။ "အမေက အသားစားချင်တယ်လို့ ညီမလေးက ပြောတယ်။ အနောက်ဘက်သစ်တောမှာ ငှက်ဥရှာတွေ့ရင် အမေက သမီးကို သဘောကျလိမ့်မယ်တဲ့။ အဲဒါကြောင့် ညီမလေးနဲ့ လိုက်သွားတယ်။ ဝင်ပြီး မကြာခင်မှာ ညီမလေးက ပျောက်သွားတယ်။ ပြီးတော့ သမီးက ထောင်ချောက်ထဲ ပြုတ်ကျသွားပြီး ရေခဲချောင်း ဖြစ်သွားတယ်"
ဒီစကားကို ကြားပြီး လူအုပ်ကြီးက ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
သာ့ချောင်က ရုတ်တရက် အနောက်ဘက်သစ်တောကို ဘာလို့သွားတာလဲဟု သူတို့က ပြောနေကြသည်။ ရှောင်ချောင်၏ စကားကို နားထောင်နေပုံပင်။
သို့သော် ဆောင်းရာသီတွင် ငှက်များအားလုံး ဆောင်းခိုရန် တောင်ဘက်သို့ သွားကြသည်။ ဥများက မည်သို့ရှိနိုင်သနည်း။
ညီအစ်မနှစ်ယောက် တောထဲဝင်သွားသည်။ ရှောင်ချောင်က ဘာကြောင့် ရုတ်တရက် ပျောက်သွားတာလဲ? သူမက ထွက်လာပြီးနောက် သာ့ချောင်သည် အနောက်ဘက်သစ်တောသို့ ဝင်ရောက်ခဲ့ကြောင်း မည်သူ့ကိုမျှ မပြောခဲ့ပေ။ လူကြီးများကို စောစောပြောခဲ့လျှင် သာ့ချောင်က အသက်ရှူသံ သဲ့သဲ့သာ ကျန်တော့မည် မဟုတ်ပေ။ ဒုတိယချောင်လည်း အကြောသေသွားမည် မဟုတ်ပေ။
လူတစ်ချို့က သာ့ချောင်၏ မကောင်းသည့် ရည်ရွယ်ချက်ကို အံ့ဩကြပြီး အချို့က မဖြစ်နိုင်ဘူးဟု ထင်ကြသည်။ ထိုအချိန်က ရှောင်ချောင်သည် မည်မျှပင် ဉာဏ်ကောင်းနေပါစေ သူမသည် ခြောက်နှစ်သာရှိသေးသည်။ သူမက ဘယ်လိုလုပ် ဒီလို အကြံအစည်မျိုး ရှိနိုင်မှာလဲ?
ချောင်မိသားစုနှင့် ဖန်ရှောင်ကျွမ်းတို့သည် ရှောင်ချောင်တွင် ထိုသို့သော အကြံအစည်မျိုး ရှိသည်ကို ကောင်းစွာသိသည်။
မူလက ချောင်ကျန်းကျွင်းက စိုးရိမ်နေသည်။ ယခုမူ ထိုစကားကိုကြားလိုက်ရပြီး ရှောင်ချောင်ကို စိတ်ပျက်နေပြန်သည်။
"ဒီကိစ္စကို ခဏလောက် ဘေးဖယ်ထားလိုက်ရအောင်။ သူမကို အရင်ရှာရအောင်" ဝမ်ရွှေရှန်က ချောင်းဟန့်ရင်း ပြောသည်။ "သာ့ချောင် ပြောတာက အဓိပ္ပာယ်ရှိမယ်ထင်တယ်။ ထုတ်လုပ်ရေးအဖွဲ့တစ်ခုလုံးမှာ အနောက်ဘက်သစ်တောတစ်ခုတည်းကို မရှာရသေးဘူး။ အထဲကို ဝင်ပြီး ရှာကြည့်ရအောင်"
မတွေ့လျှင် ရဲစခန်းကိုသွားပြီး ရဲခေါ်ရုံပင်။
အနောက်ဘက်သစ်တောကိုသွားမည်ဆိုသည်အား လူတိုင်းကြားသည့်အခါ တွန့်ဆုတ်သွားကြသည်။
အနောက်ဘက်သစ်တောသည် မြူများဖြင့် ပြည့်နေသည်။ ထို့အပြင် ထောင်ချောက်များနှင့် ပြည့်နှက်နေသည်။ အခုက နောက်ကျနေပြီ။ သူတို့ လမ်းရှာ၍ မရဘဲ ထောင်ချောက်ထဲ မတော်တဆ ပြုတ်ကျလျှင် ကြီးမားသည့် ဆုံးရှုံးမှုကြီး ဖြစ်လိမ့်မည်။
ထိုအခိုက်အတန့်တွင် ဟော်ချီက လူအုပ်ကြီးနောက်မှ ထွက်လာပြီး ဝမ်ရွှေရှန်ကို ပြောသည်။ "ခေါင်းဆောင်ကြီး၊ ကျွန်တော် ဝက်စာ သွားရှာတုန်းက အနောက်ဘက်သစ်တောထဲကို ဝင်ဖို့ လမ်းကြောင်းကို တွေ့ခဲ့တယ်။ အဲဒီအဝင်လမ်းမှာ ထောင်ချောက်တွေ မရှိဘူး။ ကျွန်တော် လမ်းပြပေးနိုင်တယ်!"
ဟော်ချီ၏ စကားကိုကြားပြီး အားလုံးက အံ့သြသွားကြသည်။
ဒီကိစ္စအတွက် စိတ်ပူရမည့်အချိန် မဟုတ်သေးပေ။ ဝမ်ရွှေရှန်က သတိပြန်ဝင်လာပြီး သူ့ကို လမ်းပြခိုင်းလိုက်သည်။
သိုက်ရှုဖန်သည် သူမသားက အရှေ့သို့ အပြေးအလွှားထွက်သွားသည်ကို မြင်သောအခါ အလွန်စိုးရိမ်သွားသည်။ ပွဲပြီးလျှင် လူတိုင်းက စာရင်းလာရှင်းမည်ကို ကြောက်နေသည်။
ကံကောင်းထောက်မစွာ ဟော်ချီသည် ထက်မြက်ပြီး သူနှင့် မရင်းနှီးဟန်ဆောင်သည်။ သူသည် လူတိုင်းကိုဦးဆောင်ခဲ့သည်။ ကြီးမားသောလမ်းလွှဲပြီးနောက် သူတို့သည် အတွင်းထဲသို့ ဝင်သွားကြသည်။
ပထမတွင် လူတိုင်းက သူက အရမ်းရင်းနှီးသည်ဟု ထင်ကြပြီး အနည်းငယ် စိတ်မသက်မသာ ခံစားရတယ်။ သို့သော် အခု သူ့က ဒီလိုမျိုး ဖြစ်နေသည်ကို တွေ့ပြီး စကားကြီးပြောနေတာ ကလေးဟု ထင်နေကြသည်။
အရင်က မတော်တဆ ဝင်လာတာလည်း ဖြစ်နိုင်သည်။ သို့သော် သူက အရိုက်ခံရမည်ကို ကြောက်သည့်အတွက် ထုတ်လုပ်ရေးအဖွဲ့ကို မပြောခဲ့ပေ။
တောထဲကို ဝင်လိုက်သောအခါ အနောက်ဘက်သစ်တော၌ လှိုဏ်ဂူတစ်ခု ရှိသည်ကို လူတိုင်း သိလိုက်ရသည်။ ရေတံခွန်သာမက သီးပင်စားပင်လည်း အများကြီး ရှိသည်။
ဝမ်ရွှေရှန်သည် လူတိုင်း၏စိတ်သည် အသီးအနှံပင်ပေါ်တွင် ရှိနေသည်ကို သတိပြုမိသည်။ အမြန်ရှာဖွေရန် သတိပေးလိုက်သည်။ ဒီအရာအကုန်လုံးက ဒီနေရာကနေ မထွက်ပြေးနိုင်ပေ။
ဤသည်ကို လူတိုင်းကြားသောအခါတွင် ဆက်လက်ရှာဖွေကြသည်။
တစ်နာရီလောက်ကြာသောအခါ အားလုံးက ရှောင်ချောင်ကို တောင်စောင်းအောက်တွင် တွေ့လိုက်ရသည်။ ဦးခေါင်းနောက်တွင် သွေးယိုနေသည်။ မည်မျှကြာအောင် သတိလစ်နေမှန်း မသိပေ။
ချောင်ကျန်းကျွင်းက သူမကို ဆေးရုံသို့ အမြန်ပို့လိုက်တယ်။
နောက်တစ်နေ့တွင် ရှောင်ချောင်က နိုးလာသော်လည်း ဘာမှ မမှတ်မိတော့ပေ။
တစ်ချိန်တည်းမှာပင် ရှန်းမိသားစုသည် ချောင်မိသားစုသို့ လာရောက်ပြီး သတင်းကောင်းတစ်ခု ယူဆောင်လာသည်။
ချောင်ကျန်းကျွင်း၏ စားသောက်ကုန်စက်ရုံတွင် အလုပ်သွားလုပ်ရန် ကိစ္စသည် သေချာသွားပြီဖြစ်သည်။ နောက်သုံးရက်ကြာလျှင် အလုပ်စလုပ်ရမည်။