← Chapters

အခန်း (၁၃၉)

Vol. 11 Ch. 139

အခန်း (၁၃၉)

Vol. 11 Ch. 139

ဆေးရုံ၏ လူနာဆောင်ထဲတွင်...

ရှောင်ချောင်က မျက်လုံးကြီးတွေကို ပုတ်ခတ်လုပ်ပြီး အံ့သြသည့် အကြည့်နှင့် ပြောသည်။ "အဒေါ်က ဘယ်သူလဲ? ဒီနေရာက ဘယ်မှာလဲ?"

ဖန်ရှောင်ကျွမ်းက ခဏလောက် အံ့အားသင့်သွားသည်။ ခဏအကြာတွင် သူမက အော်ငိုသည်။ "ငါ့ရဲ့ အဖိုးတန်ကျောင်းကျောင်း၊ သမီးဘာတွေပြောနေတာလဲ? အမေ့ကို မမှတ်မိဘူးလား?"

ရှောင်ချောင်၏ လက်မောင်းသည် သူမ၏ ဆုပ်ကိုင်မှုကြောင့် နာကျင်နေသည်။ သူမ၏ မျက်နှာပေါ်တံင် ကြောက်ရွံ့နေသည့် အကြည့်များ ပေါ်လာသည်။ "သမီးမသိဘူး။ အဒေါ်က ဘယ်သူလဲ?... သမီးကို လွှတ်ပေး။ အဒေါ်က သမီးကို နာကျင်အောင်လုပ်နေတယ်!"

ချောင်ကျန်းကျွင်းက မျက်မှောင်ကြုတ်ကာ ဆရာဝန်ကို မေးသည်။ " ဒေါက်တာ၊ ကလေးရဲ့ အခြေအနေက ဘယ်လိုလဲ? သူက ဘာလို့ ဘယ်သူ့ကိုမှ မမှတ်မိတာလဲ?"

အမျိုးသားဆရာဝန်က ရှောင်ချောင်ကို စစ်ဆေးပြီး ပြောသည်။ "သူမရဲ့ ခေါင်းအနောက်ကို ထိသွားတယ်။ ဦးနှောက်ထဲမှာ သွေးတွေပိတ်နေတာဖြစ်မယ်။ အဲဒါက မှတ်ဉာဏ်အချို့ကို မေ့သွားနိုင်တယ်"

ယခုခေတ်တွင် ဦးခေါင်းဒဏ်ရာရရှိသောအခါ စစ်ဆေးရန် စကင်န် သို့မဟုတ် CT စကင်န် မရှိပေ။ ဆေးပစ္စည်းကိရိယာများသည် အလွန်အခြေခံကျသည်။ ထို့အပြင် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းအဆင့်က အကန့်အသတ်ရှိသည်။

"ဒါဆို သူမက ဘယ်တော့မှတ်မိမှာလဲ?" ချောင်ကျန်းကျွင်း၏ မျက်မှောင်က ပို၍ နက်ရှိုင်းလာသည်။

အမျိုးသားဆရာဝန်က ခေါင်းခါပြခဲ့သည်။ "ပြောဖို့ခက်တယ်။ ဒါပေမယ့် မင်းတို့မိသားစုက သူ့ကို ပိုဂရုစိုက်သင့်တယ်။ သူမက ဖြည်းဖြည်းချင်း မှတ်မိလာနိုင်တယ်"

ဆရာဝန်ထွက်သွားပြီးနောက် ဖန်ရှောင်ကျွမ်းသည် ရှောင်ချောင်ကို ပွေ့ဖက်ကာ ငိုသည်။ ငိုသည့်အခါ လှပသည်ဟု သူမက ထင်နေသည်။

သူမ၏ အသားအရေက မဲပြာပြီး မွဲခြောက်ခြောက် ဖြစ်နေသည်။ သူမ၏ သွားနှစ်ချောင်းသည် ယခင်က လင်းမိသားစုကြောင့် ကျိုးသွားသဖြင့် ယခင်ကဲ့သို့ မလှပတော့ပေ။ သူမသည် တုန်းဖန်းအစု၏ ပန်းတစ်ပွင့်အဖြစ် ထင်မြင်နေသေးသည်။

ချောင်ကျန်းကျွင်းက သူမကို မကြည့်ပေ။ ရှောင်ချောင်ကို တိုးတိုးလေးမေးသည်။ "ရှောင်ချောင်၊ အဖေ့ကို မှတ်မိသေးလား?"

ရှောင်ချောင်က ခေါင်းငုံ့ပြီး မျက်လုံးကြီးများကို မှိတ်လိုက်သည်။ အချိန်အတော်ကြာအောင် စဥ်းစားပြီးနောက် ခေါင်းယမ်းလိုက်သည်။ "မမှတ်မိဘူး...ဒါပေမယ့်... ဦးလေးကို တစ်နေရာရာမှာ တွေ့ဖူးမယ်ထင်တယ်!"

ချောင်ကျန်းကျွင်းက စိတ်အားထက်သန်စွာ ပြောသည်။ "လိမ္မာတဲ့ ကလေး၊ ပြန်စဉ်းစားကြည့်!"

ရှောင်ချောင်က သူ့ကို အကြာကြီး စိုက်ကြည့်နေသည်။ ထို့နောက် သူမ ခေါင်းကို ရုတ်တရက် အုပ်ကာ ပြောသည်။ "မမှတ်မိတော့ဘူး ခေါင်းအရမ်းနာတယ်..."

"ကောင်းပြီ၊ မမှတ်မိရင် မစဉ်းစားနဲ့" ဖန်ရှောင်ကျွမ်းက ရှောင်ချောင်ကို စိုးရိမ်စွာ ပွေ့ဖက်လိုက်ပြီး ချောင်ကျန်းကျွင်းဘက်သို့ လှည့်ကာ ပြောသည်။

"ကလေးအဖေ၊ ခုနက ဆရာဝန်ပြောတာကို ရှင်လည်း ကြားတယ်မလား။ ရှောင်ချောင်ရဲ့ အခြေအနေက ကျွန်မတို့ မိဘတွေရဲ့ ဂရုစိုက်မှုကို လိုအပ်တယ်။ ကလေးက ရှင့်ကို စိတ်ထဲတွေးနေတယ်ဆိုတော့ သူမကို ရှင်နဲ့အတူ ခဏနေဖို့ ပြန်ခွင့်ပြုပါ"

ချောင်ကျန်းကျွင်းက မျက်မှောင်ကြုတ်ပြန်သည်။

ဖန်ရှောင်ကျွမ်းသည် သူ၏ ချီတုံချတုံ တုံ့ပြန်မှုကို မြင်သောအခါ ဒေါသထွက်သွားသည်။ သို့တိုင် သူမ၏ ဒေါသကို ထိန်းထားရသေးသည်။

"ရှောင်ချောင်က ရှင်နဲ့ တစ်သက်လုံး အတူမနေဘူး။ ဒါက ထူးခြားတဲ့ အခြေအနေ မဟုတ်ဘူးလား? နည်းနည်း သက်သာလာတာနဲ့ ကျွန်မ သူမကို ချက်ချင်း ပြန်လာခေါ်မယ်"

ချောင်ကျန်းကျွင်းက လက်မခံသေးပေ။

ရှောင်ချောင်က လိမ်ညာပြီး သာ့ချောင်ကို အနောက်ဘက်သစ်တောသို့ ခေါ်ဆောင်ခဲ့သည်ကို သူ မသိခဲ့ပါက သေချာပေါက် သဘောတူသည်။ ယခုမူကား...သူသည် ခေါင်းညိတ်ရမည်လား မသိပေ။

ဖန်ရှောင်ကျွမ်းက ဒေါသအရမ်းထွက်ပြီး အံကြိတ်လိုက်သည်။ ရုတ်တရက် သူမက ရှောင်ချောင်ကို ပွေ့ဖက်ပြီး ငိုသည်။ "သနားစရာ အမေ့သမီးလေး၊ သမီးက ဒီလိုမျိုး ဖြစ်နေတာ သမီးအဖေက သမီးကို ဂရုမစိုက်ဘူး။ ကျောင်းကျောင်း၊ စိတ်မပူနဲ့။ သမီးဘာပဲဖြစ်နေနေ အမေ သမီးကို ထားခဲ့မှာ မဟုတ်ဘူး!"

ဖန်ရှောင်ကျွမ်း၏ စကားကို အနီးနားရှိလူများက ကြားသောအခါ ချောင်ကျန်းကျွင်းအား ဓါးနှင့် ထိုးမည်ကဲ့သို့ ကြည့်ကြသည်။

"မွေးပဲမွေးပြီး မကြည့်ချင်ဘူး။ ခွေးထက် ပိုဆိုးတယ် Pah!" ကုတင်ပေါ်မှ အဘွားကြီးက သူ့ကို တံတွေးထွေးသည်။

"အမှန်ပဲ။ သူ့ရုပ်ရည်နဲ့ ဘယ်လိုတောင် တာဝန်မဲ့နိုင်တာလဲ? သမီးတွေကို မကြိုက်ရင်တောင် သူဒီလိုမဖြစ်သင့်ဘူး!"

"ဒီလိုလူက ငါ့သားမက်ဆိုရင် ငါ သူ့ကို တံမြက်စည်းနဲ့ ရိုက်သတ်ပစ်တယ်!"

ချောင်ကျန်းကျွင်းသည် လူအများ၏ ပစ်မှတ်ဖြစ်လာသည်။ သူ့မျက်နှာက ချက်ချင်း နီမြန်းသွားသည်။ "ငါမဟုတ်ဘူး..."

"ကလေးအဖေကို မပြောပါနဲ့။ သူ့မှာလည်း အကြောင်းပြချက် ရှိတယ်။ ကျွန်မနဲ့ ကလေးအဖေက ကွာရှင်းပြီးသွားပြီ။ သူ့မှာ ဇနီးအသစ်ရှိနေပြီ။ ဒီကိစ္စက သူ့မိန်းမကို မေးကြည့်မှ ဖြစ်မယ်"

ဖန်ရှောင်ကျွမ်း၏ မျက်လုံးသည် ဂုဏ်ယူမှု အရိပ်အယောင်များ ပြသနေသည်။ ဒီတစ်ခါတွင်သူမက ချောင်ကျန်းကျွင်းကို တကယ်ပဲ စိတ်ကျေနပ်စေချင်သည်။ ထို့ကြောင့် ပြဿနာရှာရန် အခွင့်အရေး မဟုတ်သဖြင့် သူ့အစားပြောလိုက်သည်​။

လူတိုင်းက ဒီစကားကိုကြားပြီး ချက်ချင်းဆိုသလို သူမကို ပို၍ သနားသွားကြသည်။

လူတိုင်း၏ ဓားနှင့်တူသော မျက်လုံးများအောက်တွင် ချောင်ကျန်းကျွင်းက ရှောင်ချောင်ကို ပြန်ခွင့်ပြုရန် သဘောမတူပေ။ သူက ပြန်သွားပြီး လင်းဟွေ့နှင့် ဆွေးနွေးမည်ဟု ပြောခဲ့သည်။

ဖန်ရှောင်ကျွမ်းက စိတ်ထဲတွင် ကျိန်ဆဲလိုက်သည်။ သို့သော် မျက်နှာပေါ်တွင် သူမသည် အလိုက်သိပုံပေါ်သည်။

ရှောင်ချောင်၏ ဒဏ်ရာက မပြင်းထန်သဖြင့် ဆေးရုံတက်နေစရာ မလိုဘူးဟု ဆရာဝန်က ပြောသည်။ အခကြေးငွေကို ပေးဆောင်ပြီး ချက်ခြင်း ဆေးရုံဆင်းနိုင်သည်။

ထုတ်လုပ်ရေးအဖွဲ့ကို ပြန်ရောက်သောအခါ ရွာသား ၃ ဦးက ပြန်လာသည်ကို တွေ့သဖြင့် ချက်ချင်းဝိုင်းရံကြသည်။

"ဟေး ရှောင်ချောင်က ဘာလို့ ဆေးရုံက အမြန်ဆင်းလာတာလဲ?"

"ဟုတ်တယ်၊ အဲဒီတုန်းက သွေးတွေက အရမ်းကြောက်ဖို့ကောင်းတယ်။ ဆိုးလိမ့်မယ်ထင်တယ်"

ရှောင်ချောင်ကို အနောက်ဘက်သစ်တောတွင် တွေ့ရှိသောအခါ သူမ၏ ခန္ဓာကိုယ်ပေါ်တွင် သွေးများစွာထွက်နေပြီး အဝတ်အစားများသည် အနီရောင်ရဲနေသည်။ ထိုအချိန်တွင် လူတိုင်းက သူမသေပြီဟု ထင်ကြသည်။

လူများစွာကိုမြင်သောအခါ ရှောင်ချောင်သည် မျက်နှာဖြူဖြူဖြင့် သူမအဖေနောက်တွင် ပုန်းလိုက်သည်။ သူမက ထိတ်လန့်နေသလိုပင်။

ပုံမှန်အားဖြင့် ရှောင်ချာင်သည် ရွာရှိလူများကိုတွေ့သောအခါ သူတို့အား စနှုတ်ဆက်သည်။ သူမသည် အလွန်လိမ္မာရေးခြားရှိပြီး ချိုသာသည်။ လူတိုင်းက သူမကြောက်နေသည်ကို မြင်လိုက်ရသောအခါ ပို၍ သိချင်နေကြသည်။

ချောင်ကျန်းကျွင်းတွင် ရှင်းပြရန်ကလွဲပြီး ရွေးချယ်စရာမရှိတော့ပေ။ "ရှောင်ချောင်ရဲ့ ခေါင်းမှာ သွေးခဲ ပိတ်ဆို့နေတယ်လို့ ဆရာဝန်က ပြောတယ်။ သူမက ဘယ်သူ့ကိုမှ မမှတ်မိဘူး"

ရှောင်ချောင်က မှတ်ဉာဏ်ပျောက်ဆုံးသွားသည်ဟု လူတိုင်းကြားရသည့်အခါ အချို့က ကိုယ်ချင်းစာကြပြီး အချို့က သိချင်ကြသည်။ အချို့က ပြဇာတ် ကြည့်နေကြသည်။

"ငယ်ငယ်ရွယ်ရွယ်နဲ့ သူ့ဦးနှောက်ကို ထိသွားတယ်။ အနာဂတ်မှာ ဘာမှ မမှတ်မိတော့ရင် ဘယ်လိုလုပ်မလဲ?"

"မမှတ်မိတော့ဘူးလား? သူက အရူးလို့ ပြောတာလား? ဟိုဘက်ရွာက အရူးလိုပဲလေ"

"ကျွတ်စ် ကျွတ်စ် ကျွတ်စ်၊ ကလေးပါရမီရှင်က ဒီလိုဖြစ်လာတာ သနားစရာကောင်းလိုက်တာ"

ချောင်ကျန်းကျွင်းက ရှောင်ချောင်ကို အဓိပ္ပာယ်မရှိသဟ့် စကားများအား မကြားစေချင်ပေ။ ထို့ကြောင့် သူက သူမကို ပြောလိုက်သည်။ "သမီးအမေနောက်ကို လိုက်သွား။ အဖေအားရင် လာတွေ့မယ်"

ရှောင်ချောင်က ပိုကြောက်လာပြီး သူ့လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ "အဖေ၊ သမီး တကယ်လာတွေ့မှာလား? သမီးအရမ်းကြောက်တယ်..."

သူမ၏ မျက်နှာငယ်လေးသည် ဖြူဖျော့နေ၏။ သူမ၏ မျက်လုံးကြီးတွေက ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။ ပျောက်ဆုံးနေသော တိရိစ္ဆာန်ကဲ့သို့ အားနည်းပြီး အားကိုးရာမဲ့နေသည်။

ချောင်ကျန်းကျွင်းသည် သူ့နှလုံးသားထဲတွင် နာကျင်သလို ခံစားလိုက်ရသည်။ သူမ၏ ခေါင်းကို ပွတ်သပ်ပြီး ပြောသည်။ "ကောင်းပြီ၊ အဖေ အားရင် လာတွေ့မယ်"

ထို့နောက် ရှောင်ချောင်သည် သူ့လက်ကို တွန့်ဆုတ်စွာ လွှတ်လိုက်သည်။

ချောင်ကျန်းကျွင်းက ခြေလှမ်းအနည်းငယ်လှမ်းလိုက်သည်နှင့် လင်းဟွေ့သည် မျက်လုံးနီရဲနှင့် အရှေ့ရှိ သစ်ပင်အောက်တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူ၏ သူငယ်အိမ်သည် တုန်ခါသွားကာ အပြစ်ရှိစိတ်ဖြင့် ခေါ်သည်။ "ဟွေ့ဟွေ့!"

လင်းဟွေ့သည် ယခုချိန်ထိ ထိန်းထားနိုင်ခဲ့သည်။ သူမ၏ နာမည်​ခေါ်သံကို ကြားလိုက်ရသောအခါ မျက်ရည်များ ယိုစီးလုနီးပါး ဖြစ်နေသည်။

သူတို့မိသားစု သုံးယောက်အတူတကွ ရပ်နေသည်ကို မြင်လိုက်ရသော မြင်ကွင်းက သူမ၏ မျက်လုံးကို နာကျင်စေသည်။

လင်းဟွေ့က လှည့်ထွက်သွားသည်ကို မြင်သောအခါ ချောင်ကျန်းကျွင်းက သူမနောက်ကို အမြန်ပြေးလိုက်လာသည်။ "ဟွေ့ဟွေ့၊ မြန်မြန်မပြေးနဲ့။ မင်းဗိုက်ထဲကကလေးကို သတိထားပါ!"

သူသည် ကလေးကိုသာ ဂရုစိုက်သည်ကို မြင်လိုက်ရသဖြင့် လင်းဟွေ့သည် ပို၍ပင် ဝမ်းနည်းလာသည်။ ဗိုက်ကိုထောက်ရင်း ပြေးသွားသည်။

ချောင်ကျန်းကျွင်းသည် အလွန်ထိတ်လန့်သွားပြီး နှလုံးခုန်ရပ်လုမတတ်ပင်။

သူတို့ နှစ်ယောက်ကို ဒီလိုမြင်သောအခါ အားလုံးက ပိုပြောလာကြသည်။

"ဒုတိယချောင်ရဲ့ ဇနီးက ဖန်ရှောင်ကျွမ်းနဲ့ အတူ ရပ်နေတဲ့ သူ့ယောက်ျားကို မြင်ပြီး စိတ်မကောင်းဖြစ်သွားတာ ဖြစ်ရမယ်!"

"ငါသာဆိုရင် ငါလည်းမပျော်ဘူး!"

ဖန်ရှောင်ကျွမ်းသည် ဒုတိယချောင်၏ ဇနီးဟောင်းဖြစ်သည်။ သူတို့နှစ်ယောက် အတူတူနေထိုင်လာသည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီ။ ယခု ဖန်ရှောင်ကျွမ်းက မုဆိုးမဖြစ်ပြန်သည်။ သူတို့က တစ်ခုခုပြန်ဖြစ်မလားဆိုတာ ဘယ်သူသိမလဲ။

လင်းဟွေ့က ငိုပြီးထွက်ပြေးသွားသည်ကိုမြင်ပြီး ဖန်ရှောင်ကျွမ်းက ပူပြင်းတဲ့နေ့တွင် ပဲနီနီလေးဖျာ်ရည်တစ်ခွက်သောက်ရသည်ထက် ပိုကောင်းသည်ဟု ခံစားရသည်။

ကြည့်နေ၊ ဒါကအစပဲ။

သူမက သေချာပေါက် ချောင်ကျန်းကျွင်းကို ပြန်ခေါ်သွားမည်။

...

လင်းဟွေ့သည် သူမ၏ဗိုက်ကြီးကြောင့် အမြန်မပြေးနိုင်ပေ။ မကြာခင်မှာပင် ချောင်ကျန်းကျွင်းက မိသွားသည်။ "ကျွန်မကို လွှတ်ပေး။ ရှင့်ရဲ့ ဇနီးဟောင်းနဲ့ သမီးဆီ ဘာလို့ မသွားတာလဲ? ကျွန်မနောက်ကို ဘာလို့ လိုက်နေတာလဲ?"

ချောင်းကျန်းကျွင်းက သူမလက်ကို ဆုပ်ကိုင်လိုက်သည်။ "ဟွေ့ဟွေ့၊ ကိုယ်က...ဖန်ရှောင်ကျွမ်းနဲ့ ဘာမှမဆိုင်ဘူး!"

လင်းဟွေ့က နှုတ်ခမ်းကို ဖိကာ စကားမပြောဘဲ နေလိုက်သည်။ သူ့ကိုလည်း မကြည့်ပေ။

ချောင်ကျန်းကျွင်းသည် စိုးရိမ်မှုဖြင့် နီမြန်းနေသည်။ "ဟွေ့ဟွေ့၊ ကိုယ်ပြောခဲ့တာတွေက အမှန်ပဲ။ ကိုယ်က သူနဲ့ဘယ်လိုဖြစ်နိုင်မှာလဲ?!"

ချောင်ကျန်းကျွင်းသည် အပြောအဆို မတတ်ပေ။ သူ၏ ရှင်းပြချက်မှာ ထိုနှစ်ကြောင်းသာဖြစ်သည်။

လင်းဟွေ့သည် သူက ချွေးစေးများ စီးကျနေသည်ကို မြင်ပြီး သည်းမခံနိုင်တော့ပေ။ သူမက နှုတ်ခမ်းကိုကိုက်ပြီး မေးသည်။ "ရှောင်ချောင်က ဘာကိစ္စရှိလို့လဲ?"

အခုနက အဝေး၌သာ ရပ်နေပြီး သူတို့ပြောသာ်ကို မကြားလိုက်ရပေ။ ရှောင်ချောင်၏ ရှက်ရွံ့သော အမူအရာ​က ယခင်ကနှင့် လုံးဝမတူတော့ပေ။

ချောင်ကျန်းကျွင်းသည် ဆရာဝန်၏ စကားကို ထပ်ခါတလဲလဲ ပြောပြန်သည်။

လင်းဟွေ့သည် ထိုစကားကိုကြားပြီးနောက် သူမက အေးစက်စွာ နှာမှုတ်လိုက်သည်။ "မိသားစုရဲ့ စောင့်ရှောက်မှုလိုတာလား? ဒါဆို ရှင်က သူ့ကို အိမ်ပြန်ခေါ်လာမှာလား?"

စိုစွတ်နေသော သူမ၏ အကြည့်အောက်တွင် ချောင်ကျန်းကျွင်းက သူ့ခေါင်းကို ဘယ်လိုမှ မညိတ်ဝံ့နိုင်တော့ပေ။ သို့သော် ရှောင်ချောင်၏ အခြေအနေကို တွေးကြည့်ပြီး ဘာမှ မလုပ်ရဘဲ တာဝန်မဲ့သလို ခံစားလိုက်ရသည်။ သူက ကူကယ်ရာမဲ့စွာ အကျပ်ရိုက်နေသည်။

လင်းဟွေ့က သူ့စရိုက်ကို နားလည်သည်။ သူမက တစ်ဖက်လှည့်လိုက်ပြီး ပြောပြောသည်။ "ကျွန်မ ရှင်နဲ့ ဒီအကြောင်းကို ဆက်မပြောချင်ဘူး။ ရှင့်အဖေနဲ့အမေကို ဒီအကြောင်းပြောပြရင် ပိုကောင်းမယ်!"

ပြောပြီးသည်နှင့် သူမက သူ့ကို မကြည့်ဘဲ လှည့်ထွက်သွားသည်။

ချောင်ကျန်းကျွင်းသည် သူမနောက်မှ နောက်တစ်ကြိမ် လိုက်ရုံသာ တတ်နိုင်သည်။

ညနေစောင်းသောအခါ ချောင်ရှို့ကျီက သူတို့အားလုံးကို ညစာစားရန် အိမ်ဟောင်းကို ခေါ်သည်။

စားပြီးသည်နှင့် ချောင်ရှို့ကျီက တည့်တည့်ပြောသည်။ "နင့်ရဲ့ ဒုတိယအိမ်က ခွဲသွားပြီ။ မင်းအဖေနဲ့ ငါက နင့်ရဲ့ကိစ္စတွေမှာ ဝင်စွက်ဖက်လို့ မရဘူး။ ဒါကြောင့် ရှောင်ချောင်ကို ပြန်ခေါ်ချင်လား၊ မခေါ်ချင်ဘူးလားဆိုတာ နင်ဆုံးဖြတ်နိုင်တယ်။ သာ့ချောင်ကို ထပ်ပြီး မထိခိုက်စေဖို့ နင့်အဖေနဲ့ ငါက သာ့ချောင်ကို အိမ်ဟောင်းမှာ ခေါ်ထားမယ်!"

သူမက ပြောပြီးသည်နှင့် သူမဘေးတွင် ထိုင်နေသော သာ့ချောင်ကို မေးသည်။ "သမီးအဘိုးနဲ့ အဖွားနဲ့ ပြန်နေချင်လား?"

သာ့ချောင်သည် သူ့အမေကို တွန့်ဆုတ်စွာ စိုက်ကြည့်ကာ နောက်ဆုံးတွင် ခေါင်းညိတ်သည်။ "သမီး လိုက်မယ်"

ချောင်ကျန်းကျွင်း၏ နဖူးပေါ်က ချွေးအေးများ ချက်ချင်းစီးကျလာသည်။ "အမေ၊ ရှောင်ချောင်ကို ပြန်ခေါ်မယ်လို့ ကတိမပေးခဲ့ဘူး!"

ချောင်ရှို့ကျီက မျက်ခုံးပင့်လိုက်သည်။ "အခု မဟုတ်သေးဘူးပေ့ါ။ အနာဂတ်မှာကော? ရှောင်ချောင်က မင်းကို ငိုပြီးတောင်းပန်ရင် မင်းသဘောမတူဘူးလို့ အာမခံနိုင်မလား?"

ချောင်ကျန်းကျွင်း - "ကျွန်တော်..."

သူ၏ စကားမဆုံးခင်မှာပင် လင်းဟွေ့က ပြောခဲ့သည်။ "အဖေ၊ အမေ ဖြစ်နိုင်ရင် ကျွန်မလည်း အိမ်ဟောင်းကို ပြန်လာချင်တယ်"

All Chapters