← Chapters

အခန်း (၁၄၀)

Vol. 11 Ch. 140

အခန်း (၁၄၀)

Vol. 11 Ch. 140

ချောင်ကျန်းကျွင်း၏ မျက်လုံးများက ပြူးကျယ်သွားသည်။ တုန်လှုပ်ချောက်ချားစွာဖြင့် လင်းဟွေ့ ပြန်ကြည့်ကာ ပြောသည်။ "ဟွေ့ဟွေ့၊ ဒေါသနဲ့ မပြောနဲ့။ ကိုယ်တို့က လင်မယားတွေပဲ။ မင်းကို တစ်ယောက်တည်း အိမ်ဟောင်းကို ဘယ်လိုလုပ် ပြန်ခွင့်ပြုရမှာလဲ?"

သို့သော် လင်းဟွေ့က သူ့ကို မကြည့်ပေ။ ရွံရှာသော အမူအရာဖြင့် အညစ်အကြေးလို ဆက်ဆံသည်။

ပြင်းထန်စွာ နာကျင်သွားသည့် ချောင်ကျန်းကျွင်း - "..."

ချောင်ရှို့ကျီက ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ။ ဒါဆို တုန်းလင်းလေးနဲ့ လာလို့ရတယ်။ အိမ်ဟောင်းမှာ နင့်အတွက် နေရာမရှိရင် ထုတ်လုပ်ရေးအဖွဲ့ကနေ မြေဝယ်ပြီး အိမ်ဆောက်မယ်"

ချောင်ကျန်ူကျွင်းသည် သူ့အမေ၏စကားကြားသောအခါ ပို၍ပင် စိုးရိမ်လာသည်။ သို့သော် သူက မတုံ့ပြန်ခင်မှာ ချောင်ဟုန်းရှ၏ ပြောစကားကို ကြားလိုက်ရသည်...။

"အမေ၊ သမီးလည်း ယိမင်လေးနဲ့ ပြန်လာနေချင်တယ်။ ဒုတိယအကိုနဲ့ သူ့မိသားစုကို အိမ်လေးမှာ နေခွင့်ပေးလိုက်ပါ!"

ချောင်ကျန်းကျွင်းက ဒူးထောက်လုနီးပါးပင်။ နီမြန်းသောမျက်နှာဖြင့် ချောင်ဟုန်းရှကို ပြောလိုက်သည်။ "တတိယညီမ၊ ဒီအချိန်မှာ ငါ့အတွက် ဒုက္ခမပေးနဲ့!"

ချောင်ဟုန်းရှက ပြန်ပြောသည်။ "ဒုတိယအကို၊ ညီမလေးက ဒုက္ခမပေးပါဘူး။ အစ်ကို့ရဲ့နားတွေက အရမ်းပျော့တယ်။ ရှောင်ချောင်နဲ့ သူ့အမေက အစ်ကို့ကိုတောင်းပန်ပြီးတာနဲ့ ရှောင်ချောင် ပြန်မလာဘူးလို့ အစ်ကို ကတိပေးလို့မရဘူး။ ရှောင်ချောင် ပြန်လာတာနဲ့ ဖန်ရှောင်ကျွမ်းရဲ့ ပြန်လာချိန်က ဝေးနေဦးမလား? ဒီလိုမျိုးဆိုတော့ ညီမလေးတို့လည်း စောစောစီးစီး နေရာယူထားလို့ရတယ်။ ဒါမှ အစ်ကိုတို့ သုံးယောက်သား ကောင်းကောင်းပြန်ဆုံနိုင်မှာ!"

ချောင်ကျန်းကျွင်း - "..."

သာ့ချောင်က လက်ကို ဆန့်ထုတ်လိုက်ပြီး တိုးတိုးလေးပြောသည်။ "အဖွား၊ ကူးကူးကို သမီးနဲ့အတူ ခေါ်သွားချင်တယ်"

သူတို့အားလုံး ထွက်သွားလျှင် ကူးကူးက အဲဒီနေရာတွင် အနိုင်ကျင့်ခံရမည်မှာ သေချာသည်။

ချောင်ရှို့ကျီက သူမခေါင်းကို ပွတ်ကာ ပြောခဲ့သည်။ "ကောင်းပြီ၊ အဲဒါတွေ အကုန်ယူသွား။ ဒီကိစ္စက ပြေလည်သွားပြီ။ နင်အရင်ပြန်သွားတော့။ မနက်ဖြန် ပစ္စည်းတွေသယ်ဖို့ အကြီးဆုံးကို ပြောလိုက်မယ်!"

ချောင်ကျန်းကျွင်းသည် အခုမှ မပြောလျှင် သူ့မိန်းမ၊ သားသမီးများနှင့် အိမ်မှာရှိသည့် ကြက်မအိုကိုပင် ဆုံးရှုံးသွားလိမ့်မည်။

"အမေ! ရှောင်ချောင်ကို တကယ်ပြန်မခေါ်ချင်ဘူး။ ဒါပေမယ့် အဖေဆိုတော့ တစ်ခုခုတော့ လုပ်ပေးမယ်ထင်တယ်။ ကလေးကို သူ့ခန္ဓာကိုယ် အာဟာရအတွက် ပိုက်ဆံပေးတာမျိုးပေ့ါ"

ချောင်ရှို့ကျီက မျက်ခုံးပင့်လိုက်ပြီး သူ့ကို စိုက်ကြည့်ကာ ပြောသည်။ "ဖန်ရှောင်ကျွမ်းက မင်းကို မကြာခဏ လာလည်ဖို့ ရှောင်ချောင်ကို အကြောင်းပြချက်အနေနဲ့ သုံးခဲ့ရင် မင်း လိုက်သွားမှာလား?"

ချောင်ကျန်းကျွင်းသည် ပလုတ်တုတ်ကဲ့သို့ ခေါင်းယမ်းကာ ပြန်ဖြေသည်။ "မသွားပါဘူး။ ခြေထောက်ကျိုးသွားရင်တောင် မသွားပါဘူး။ သွားစရာရှိရင် အစ်ကိုကြီးကို ခေါ်သွားမယ်။ ဒါမှမဟုတ် တတိယညီမကို ခေါ်သွားမယ်။ ကျွန်တော် တစ်ယောက်တည်း မသွားဘူး"

ချောင်ရှို့ကျီက ပြောသည်။ "ဒါက မင်းပြောတာပဲ။ မင်းမလုပ်နိုင်ရင် မင်းရဲ့ဇနီးနဲ့ သားသမီးတွေ အနာဂတ်မှာ ခွဲခွာသွားတဲ့အတွက် ဘယ်သူ့ကိုမှ အပြစ်မတင်နဲ့။ ဒုတိယဇနီးက လောလောဆယ် သူ့ကို အခွင့်အရေးပေးလိုက်။ သူ မလုပ်နိုင်ရင် နင် နောက်ပြန်ဆုတ်လို့ရတယ်"

ချောင်ကျန်းကျွင်းသည် လင်းဟွေ့က အငြင်းစကား ပြောမည်ကို စိုးရိမ်တကြီးနှင့် စိုက်ကြည့်နေသည်။

လင်းဟွေ့သည် ခေါင်းငုံ့ကာ ခဏမျှ ဟန်ဆောင်ကာ စဉ်းစားနေလေသည်။ ထို့နောက်တွင် သူမက ခေါင်းညိတ်ကာ ပြောသည်။ "ကောင်းပြီ၊ အမေပြောပြီဆိုတော့ ကျွန်မ သူ့ကို အခွင့်အရေးပေးမယ်။ ဒါပေမယ့် အခွင့်အရေးတစ်ခုပဲ ရှိတယ်။ ရှင် မလုပ်နိုင်ရင် ကျွန်မ ကွာရှင်းမယ်!"

အိမ်ဟောင်းကို တကယ် မပြောင်းချင်ပေ။

အိမ်ဟောင်း၌ အခန်းအလုံအလောက်မရှိသည့်အပြင် ယောက်မနှစ်ယောက်က အဆင်မပြေပေ။ ခြံဝင်းလေး၌ နေထိုင်ရသည်လောက် အဆင်မပြေပေ။

ချောင်ကျန်းကျွင်းသည် သူမက ကွာရှင်းပြတ်စဲမည့် အကြောင်း ပြောသည်ကို ကြားသောအခါ မျက်မှောင်ကြုတ်ပြီး ပြောသည်။ "ဟွေ့ဟွေ့၊ အဲဒါတွေ မပြောနဲ့၊ အဲဒါက ကိုယ့်ကို ဝမ်းနည်းစေတယ်!"

လင်းဟွေ့က အေးစက်စွာ နှာမှုတ်လိုက်သည်။

နာကျင်ခံစားရတာ မှန်တယ်။

သူစိတ်မကောင်းဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့သည်။

သာ့ချောင်က သူ့အဖေကို ကြည့်ပြီးနောက် အမေကို ကြည့်သည်။ သူမ၏ အိတ်ကပ်ထဲက ယုန်ဖြူသကြားလုံး တစ်လုံးကို ထုတ်ယူကာ အခွံ ခွာလိုက်ပြီး ပြောသည်။ "အမေ၊ သကြားလုံးစားပါ။ သကြားလုံးစားပြီးရင် ပျော်လာလိမ့်မယ်"

လင်းဟွေ့က သူမ၏ ဆံပင်ကို ပွတ်သပ်ကာ ပြောသည်။ "အမေ မစားဘူး။ သမီးပဲစား"

သာ့ချောင်က သူ့အမေ၏ ပါးစပ်ထဲကို သကြားလုံးထည့်ကာ တိုးတိုးလေးပြောသည်။ "အမေ စိတ်မပူနဲ့။ အဖေနဲ့ကွာရှင်းရင် အမေ့နဲ့လိုက်ခဲ့မယ်"

ရှုံ့မဲ့နေသည့် ချောင်ကျန်းကျွင်း - "..."

ဤအခိုက်အတန့်တွင် သူသည် ပိုးမွှားတစ်ကောင်လို ခံစားနေရသည်။ မိသားစုတစ်စုလုံးထံမှ လျစ်လျူရှုမှုနှင့် စက်ဆုပ်ရွံရှာမှုကို ခံယူသည်။

ချောင်ဟုန်းရှသည် ဒုတိယအစ်ကို၏ ခါးသီးသော မျက်နှာကို ကြည့်ပြီး ရယ်မောခြင်းကို ထိန်းထားသည်။

သူ့အဆင့်အတန်းကို ပြန်ရရန်အတွက် ချောင်ကျန်းကျွင်းက နောက်နေ့တွင် ဖန်ရှောင်ကျွမ်းအား ဆွေးနွေးမှု၏ ရလဒ်ကို ပြောပြရန် မစောင့်နိုင်တော့ပေ။

ဖန်ရှောင်ကျွမ်းက သည်းမခံနိုင်တော့ပေ။ သူမက နေရာတွင်ပင် ပေါက်ကွဲတော့သည်။ "ချောင်ကျန်းကျွင်း၊ ရှင်က အမှိုက်ပဲ။ ရှင်က အသုံးမဝင်ဘူးလို့ ငါထင်ခဲ့တယ်။ ဒါပေမယ့် အခု ရှင်က အသုံးမဝင်တော့သလို တာဝန်ယူစိတ်လည်းမရှိဘူးလို့ မမျှော်လင့်ထားဘူး!"

ချောင်ကျန်းကျွင်း၏ မျက်နှာသည် နီမြန်းလာသည်။

ချောင်ဟုန်းရှက သူမကို "ဖွီ"ခနဲ တံတွေထွေးလိုက်သည်။ "နင်က ငါ့ရဲ့ ဒုတိယအစ်ကိုကို အသုံးမကျဘူးလို့ ထင်ရင် ငါတို့ ချောင်မိသားစုကို ဘာလို့ ပြန်သွားချင်တာလဲ?"

ဖန်ရှောင်ကျွမ်း၏ မျက်နှာသည် ဒေါသကြောင့် နီမြန်းလာခဲ့သည်။ "ချောင်မိသားစုကို ဘယ်အချိန်က ပြန်သွားချင်နေလို့လဲ? ဖိနပ်ပြတ်မ၊ ထပ်ပြီး မဟုတ်တဲ့စကားတွေပြောရင် နင့်ပါးစပ်ကို ဖြဲပစ်မယ်!"

ချောင်ဟုန်းရှက သရော်လိုက်သည်။ "ငါက ဖိနပ်ပြတ်၊ ဒါဆို နင်က ဘာလဲ? နံစော်နေတဲ့ ဖိနပ်ပြတ်လား? ငါ့ရဲ့ ဒုတိယ အစ်ကိုက ရှောင်ချောင်အတွက် တစ်လကို အသား ၃ ကြိမ်နဲ့ အကြိမ်တိုင်း ကြက်ဥ ဆယ်လုံး ဝယ်ပေးမယ်လို့ ပြောတယ်။ ဒါကို တာဝန်မဲ့တယ်လို့ ခေါ်ရင် ငါတို့က မပေးဘူး။ ဘာပဲဖြစ်ဖြစ် ငါတို့ ဒီနာမည်အတုကို အချည်းနှီး အဖြစ်မခံနိုင်ဘူး!"

မနေ့ညက ဆွေးနွေးပြီးနောက် ရှောင်ချောင်အတွက် လစဉ်စားစရာအချို့ဝယ်ပေးရန် ဆုံးဖြတ်ခဲ့သည်။

ထို့အပြင် လစဉ် များစွာသော အရာများ ပေးပို့ခြင်းသည် ထုတ်လုပ်ရေးအဖွဲ့ရှိ အတင်းအဖျင်းပြောသူများ၏ ပါးစပ်ကို ရပ်တန့်စေနိုင်သည်။

ဒါကလည်း ဖန်ရှောင်ကျွမ်း ဒေါသထွက်ရသည့် အကြောင်းရင်းတစ်ခု ဖြစ်သည်။

ချောင်ကျန်းကျွင်းက ရှောင်ချောင်ကို ပြန်လက်မခံရုံသာမက သူမကို နည်းနည်းလေးမှ အကျိုးအမြတ် မပေးပေ။ သူမက ဘယ်လိုလုပ် ဒေါသမဖြစ်ဘဲ နေမလဲ?

ဖန်ရှောင်ကျွမ်းသည် ချောင်ဟုန်းရှကို စိုက်ကြည့်နေသည်။ ဒေါသကြောင့် မျက်လုံးများနီရဲလာသည်။ သူမကို ရိုက်နှက်ရန် မစောင့်နိုင်တော့ပေ။

ချောင်ကျန်းကျွင်းနှင့် ချောင်ဟုန်းရှက သူမနှငလ် စကားမပြောချင်သဖြင့် ထွက်သွားကြသည်။

ဖန်ရှောင်ကျွမ်းက အရမ်းဒေါသထွက်သဖြင့် အိမ်ပြန်ရောက်သည့်အခါ ရှောင်ချောင်ကို ပါးရိုက်လိုက်သည်။ "အသုံးမကျတဲ့ အမှိုက်မ၊ ချောင်ကျန်းကျွင်းက နင့်ကို သေချာပေါက် ပြန်ခေါ်မယ်လို့ နင်ပြောတယ် မဟုတ်ဘူးလား?"

ရှောင်ချောင်သည် ရိုက်ချက်ကြောင့် လွင့်ထွက်လုနီးပါးပင်။ သူမ၏ မျက်နှာပေါ်တွင် လက်ဝါးရာ ပေါ်လာသည်။ သူမကို စိုက်ကြည့်ရင်း ရှောင်ချောင်က ပြောသည်။ "အမေ၊ အရမ်းကြီး မလွန်လာနဲ့!"

ဆေးရုံက ပြန်ရောက်သည့်နေ့တွင် သူမတို့ သားအမိက လျှို့ဝှက်ချက်များ ဖလှယ်ခဲ့ကြသည်။

နှစ်ဦးစလုံးက ပြန်လည်မွေးဖွားလာမှန်း သိကြသည်။ ချောင်အိမ်သို့ ပြန်ရန် သူတို့သဘောတူခဲ့သည်။ ဒီလိုနှင့် မကြာခင်တွင် သူတို့က ပူးပေါင်းဆောင်ရွက်သည့် ဆက်ဆံရေးကို ရောက်ရှိလာသည်။

၎င်းက အာမခံနိုင်သည့် အရာတစ်ခုပင်။ သို့သော် အကြောင်းတစ်ခုခုကြောင့် သူ့အဖေက လက်မခံပေ။

အဲဒီစုန်းမကြီး ချောင်ရှို့ကျီ လုပ်နေခြင်း ဖြစ်ရမည်။

ဖန်ရှောင်ကျွမ်းလည်း ချောင်ရှို့ကျီကို တွေးပြီး သေသည်အထိ မုန်းတီးနေသည်။

သူတို့နှစ်ဦးက ဆွေးနွေးပြီးနောက် လင်းဟွေ့ကို လှုပ်ရှားရန် ဆုံးဖြတ်ခဲ့သည်။ သူတို့လိုချင်သည်ကို မရသည့်အတွက် ငါးကိုသတ်ပြီး ပိုက်ကို ဖောက်မည်။

သို့သော် သူတို့လုပ်ရမည့်နည်းလမ်းကို အဖြေရှာမရခင်မှာပင် စာပို့သမားက ထုတ်လုပ်ရေးအဖွဲ့ဆီ စက်ဘီးစီးပြီး ဖန်ရှောင်ကျွမ်းဆီကို စာတစ်စောင် ယူလာသည်။

စာကိုဖတ်ပြီးနောက် ဖန်ရှောင်ကျွမ်းက ချက်ချင်းအသက်ပြန်ရှင်လာသည်။

သူမ၏ မျက်လုံးထောင့်မှ နှင်းဆီနီရောင် ချစ်ခြင်းမေတ္တာများ ပြည့်နှက်နေသည့် သူမ၏ ပါးပြင်ကို မြင်တွေ့နိုင်သည်။ သူမသည် စာကို ရင်ဘတ်တွင် ကိုင်ကာ ပျော်ရွှင်စွာ လှည့်နေသည်။

သူ့အမေကို ဒီလိုမြင်ပြီး ရှောင်ချောင်က သိချင်စိတ်နှင့် ကြည့်လိုက်သည်။ "အမေ၊ စာကို ဘယ်သူပို့လိုက်တာလဲ?"

ဖန်ရှောင်ကျွမ်းက စာကို လွှဲပေးလိုက်သည်။ "အဲဒါ..."

.......

ညမိုးချုပ်လာသည်နှင့်အမျှ ညဉ့်ပိုးကောင်က ညတေးကို သီဆိုနေသည်။ ဝမ်ယန်ရှသည် ဝက်ခြံထဲသို့ မခုန်ချမီ ဘေးဘီကို လှည့်ကြည့်လိုက်သည်။

ဝက်ခြံက မှောင်မည်းနေသည်။ ဆူဖြိုးသောဝက်များသည် ရံဖန်ရံခါ ညည်းနေသည်။ ဘေးနားက အခန်းထဲ၌ ဖယောင်းတိုင်မီးရောင် ရှိသည်။

ဝန်ယန်ရှန်သည် အခန်းဆီသို့ လျှောက်သွားသည်။

ဟော်ဟွားချင်းသည် အဓိကအခန်းတွင် ထိုင်နေသည်။ ရံဖန်ရံခါ အပြင်ကို လှမ်းကြည့်သည်။ မှိန်ဖျော့နေသော ဖယောင်းတိုင် မီးအောက်တွင် သူ့မျက်နှာသည် အရေးကြောင်းများ၊ ပင်ပန်းနွမ်းနယ်မှုများဖြင့် ပြည့်နှက်နေသည်။

ရုတ်​တရက်​ အပြင်​ဘက်​တွင်​ ​ခြေ​ထောက်​သံ အနည်းငယ်​ထွက်​လာသည်​။ လက်သီးကို တင်းတင်းဆုပ်ရင်း မတ်တပ်ရပ်လိုက်သောအခါ တံခါးဝတွင် ပေါ်လာသည့် အရပ်မြင့် လူတစ်ယောက်ကို မြင်လိုက်ရသည်။

သူက တစ်ဖက်လူကို ကြည့်ကာ "တိုင်းပြည်ပျက်ရင်တောင် တောင်တွေ မြစ်တွေ ရှိနေသေးတယ်" ဟု ပြောလိုက်သည်။

ဝမ်ယန်ရှန်က "မြစ်က သမုဒ္ဒရာထဲကို စီးဝင်တယ်" ဟု ပြန်ပြောသည်။

ဟော်ဟွားချင်းသည် သူ့ကုဒ်နှင့် ကိုက်ညီသည်ကို ကြားရသောအခါ စိတ်သက်သာရာ ရသွားသည်။ သူက ဆီမီးခွက်ကို မှုတ်လိုက်သည်။ "လာထိုင်"

ဝမ်ယန်ရှန်က ဝင်လာပြီး သူ့ကို လေးစားစွာ ဦးညွှတ်လိုက်သည်။ "မင်္ဂလာပါ မစ္စတာဟော်။ ကျွန်တော့်နာမည်က ဝမ်ယန်ရှန် ပါ။ ကျွန်တော်က ဒုတိယ ဗိုလ်ချုပ်ကြီးကျန်းရဲ့ လက်အောက်က။ အခု ကျွန်တော် ဗိုလ်မှူးကြီးပါ!"

ဟော်ဟွားချင်းသည် ဒုတိယဗိုလ်ချုပ်ကြီးကျန်း ဟူသောအမည်ကို ကြားသောအခါ စိုးရိမ်သောအကြည့်တစ်ခုပေါ်လာပြီး မေးလိုက်သည်။ "ကော်ဟိုင် အဆင်ပြေရဲ့လား?"

ဝမ်ယန်ရှန်သည် မျက်နှာချင်းဆိုင်ထိုင်ခုံဆီသို့ လှောက်သွားပြီး ထိုင်လိုက်သည်။ သူက ခေါင်းညိတ်ပြီး ပြောသည်။ "ဗိုလ်ချုပ်ပ်ကျန်းက နေကောင်းတယ်။ သူက ဦးလေးကို အရမ်းလွမ်းနေတယ်။ ဒီတစ်ခါ ကျုပ်ကို ဦးလေးဆီ လာလည်ဖို့ တောင်းဆိုခဲ့တာ"

ဟော်ဟွားချင်းက စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။ "သူနေကောင်းနေရင် ကောင်းတာပဲ။ ငါ့ကို မလွမ်းနဲ့လို့ ပြောလိုက်ပါ။ အခု ငါ့အခြေအနေနဲ့ဆိုရင် ငါ့ကို ထပ်ဆက်သွယ်ရင် သူ့ကို ဆွဲချမိလိမ့်မယ်!"

ဝမ်ယန်ရှန်က ပြောခဲ့သည်။ "အဲဒီလို မပြောပါနဲ့၊ ဒုဗိုလ်ချုပ်ကြီးကျန်းက ဦးလေးအတွက် ကြိုးစားတာကို လက်မလျှော့သေးပေမယ့် လက်ရှိအခြေအနေက မတည်မငြိမ် ဖြစ်နေတုန်း။ သူက ဒုတိယဗိုလ်ချုပ်တစ်ယောက်ဖြစ်ပေမယ့် သူ မလုပ်နိုင်တဲ့ အရာတွေ အများကြီးရှိပါတယ်"

ဟော်ဟွားချင်းက ထပ်ခါတလဲလဲ ခေါင်းညိတ်ပြသည်။ "နားလည်ပါတယ်။ စိတ်မပူပါနဲ့။ သူ့ကိုယ်သူ ဘယ်တော့မှ မဖော်ပြမိစေနဲ့လို့ ပြောလိုက်!"

ဟော်မိသားစုသည် မျိုးဆက်ပေါင်းများစွာ ချမ်းသာခဲ့သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ စက်ရုံများ တည်ထောင်ခြင်းကြောင့် ပိုမိုချမ်းသာလာခဲ့သည်။ ထိုအချိန်က သူသည် နာမည်ကြီး အရင်းရှင်ကြီးဖြစ်သည်။

ဟော်သည် တိုင်းပြည်နှင့်လူမျိုးအတွက် မည်သည့်အခါမျှ မကောင်းမှု မပြုခဲ့ပေ။ စစ်အတွင်းက စစ်တပ်ကို ထောက်ပံ့ရန် သူတို့ ပိုက်ဆံများပင် အကုန်ခံခဲ့သည်။

သူ၏ တစ်ဦးတည်းသော သားဖြစ်သူမှာလည်း စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများ သယ်ယူစဉ် အသတ်ခံခဲ့ရသည်။ သူ့အလောင်းကိုပင် ရှာမတွေ့ပေ။

သို့သော် သူတို့၏ ဟော်မိသားစုက လူဆိုးများအဖြစ် တံဆိပ်ကပ်ခံရသည်။ လုပ်အားဖြင့် ပြုပြင်ပြောင်းလဲရန် လယ်ယာသို့ ပို့ဆောင်ခံခဲ့ရသည်။

သူတစ်ယောက်တည်း ခံစားရလျှင် လုံလောက်ပြီ။ သို့သော် သူ့မိသားစုကိုလည်း သူနှင့်အတူ ဒုက္ခရောက်အောင် ချုပ်နှောင်ထားသည်။ ဘယ်လိုလုပ် စိတ်မဆိုးနိုင်မှာလဲ?

အသက်ဆုံးရှုံးသွားသော အခြားအရင်းရှင်များနှင့် နှိုင်းယှဥ်ကြည့်လျှင် သာတို့သုံးဦး အသက်ရှင်ကျန်နေသေးသည်မှာ ကံကြမ္မာကောင်းတစ်ခု ဖြစ်နေပြီ။

ထိုအချိန်တုန်းက သူ ထောက်ပံ့ပေးခဲ့သည့်လူများက တိတ်တဆိတ် ကူညီပေးသည်။

သူတို့သည် လယ်တောမှ ချီလီထုတ်လုပ်ရေးအဖွဲ့သို့ ရောက်ရှိလာနိုင်ခဲ့ခြင်းမှာ သူတို့၏ ကံကြောင့် မဟုတ်ပေ။ လယ်ကွင်းရှိ လူဆိုးအများစုက မကောင်းသည့်လူများ မဟုတ်ပေ။ အမှောင်ထဲ၌ လှုပ်ရှားပေးသည့် တစ်စုံတစ်ယောက်ကြောင့်သာ မဟုတ်ပါက ထိုအချိန်က သူတို့မိသားစု ထွက်လာရန် မဖြစ်နိုင်ပေ။

သူတို့သည် ချီလီထုတ်လုပ်ရေးအဖွဲ့တွင် နေသည်သည်မှာ လအနည်းငယ်ကြာပြီ။ သူတို့သည် ဝက်ခြံဘေးတွင် နေထိုင်ကြပြီး ဝက်များကို မွေးမြူကာ မစင်များကို နေ့တိုင်း သန့်ရှင်းရေးလုပ်ကြသော်လည်း ယင်းတို့သည် လယ်တောနှင့် ယှဉ်လျှင် အမှန်တကယ် ဘာမှမဖြစ်ပေ။

ထို့အပြင် ချီလီထုတ်လုပ်ရေးအဖွဲ့ရှိ လူအများစုသည် သူတို့အား ကူညီလေ့ရှိကာ ချောင်မိသားစုသည် အတော်လေး ကြင်နာကြသည်။ ဒီဘဝသည် အရင်က သူတို့အတွက် လုံးဝ မထင်မှတ်ထားသော အရာပင်။

ဝမ်ယန်ရှန်က ပြောသည်။ "စိတ်မပူပါနဲ့ ဦးလေး။ ဗိုလ်ချုပ်ကျန်းကို ကျွန်တော် သေချာပေါက် သတင်းပေးပါ့မယ်။ စကားမစပ် ဦးလေးက တရုတ်ဆေးဖက်ဝင်အပင်တွေ စိုက်ပျိုးတဲ့ ကျွမ်းကျင်သူ မဟုတ်လား? တကယ်လို့ အခု ဦးလေးကို စိုက်ခွင့်ပေးရင် ပြဿနာရှိလား?"

ဟော်ဟွားချင်းက ခဏတာ အံ့အားသင့်သွားသည်။ ထို့နောက် သူက ခေါင်းညိတ်ပြီး ပြန်ပြောခဲ့သည်။ "နှစ်တွေကြာလာပေမယ့် ပညာကို ငါဘယ်တော့မှ မမေ့ဘူး။ ဒါပေမယ့် မင်းဘာလို့ ဒီလိုမေးနေတာလဲ?"

အခြေအနေကြောင့်မဟုတ်လျှင် နောင်လာနောက်သားများအတွက် စိုက်ပျိုးခြင်းနှင့် ပတ်သက်သည့် ဗဟုသုတအားလုံးကို မှတ်တမ်းတင်ချင်သည်။

ဝမ်ယန်ရှန်က ပြန်ဖြေသည်။ "တရုတ်ဆေးဖက်ဝင်အပင်တွေ စိုက်ပျိုးဖို့အတွက် ရွာသားတွေကို စည်းရုံးဖို့ ကျွန်တော့် အစ်ကိုအကြီးဆုံးဖြစ်တဲ့ ဒီရွာက ထုတ်လုပ်ရေးခေါင်းဆောင်ကို တောင်းဆိုဖို့ စီစဉ်ထားပါတယ်။ ပြီးတော့ ကျွန်တော်က ဦးလေးတို့ မိသားစုကို ညွှန်ပေးပြီး​တော့ ရွာသူရွာသားတွေကို လမ်းညွှန်ပေးစေချင်တယ်"

သူတို့၏ လူဆိုးဂုဏ်ပုဒ်ကို ခဏတာအတွင်း ဖျောက်ပစ်ရန် နည်းလမ်းမရှိသော်လည်း ထုတ်လုပ်ရေးအဖွဲ့တွင် သူတို့၏ အဆင့်အတန်းသည် တိုးတက်လာမည် ဖြစ်သည်။ စိုက်ပျိုးအောင်မြင်သည်နှင့် ရွာသူရွာသားများက ပို၍လေးစားလာကြလိမ့်မည်။

All Chapters