← Chapters

အခန်း (၁၅၆)

Vol. 12 Ch. 156

အခန်း (၁၅၆)

Vol. 12 Ch. 156

‌ချန်ချောင်ချောင်သည် သီးသန့်နေတတ်သည့် စရိုက်ရှိသည်။ သူမရဲ့သမီးအရင်းဖြစ်တဲ့ ဝမ်အာအပါအဝင် ချောင်မိသားစုအတွက် သူမမှာ ခံစားချက် သိပ်မရှိခဲ့ပေ။ သို့သော် သူမသည် ချောင်ကျန်းမင်ကို ဘယ်လောက်ဂရုစိုက်တယ်ဆိုတာ မျက်လုံးရှိတဲ့သူတိုင်း မြင်နိုင်သည်။

ချောင်ကျန်းမင်က ခရိုင်မြို့ကိုသွားတဲ့အခါ သူမဟာ သူ့နောက်ကို လိုက်သွားနိုင်ပါစေလို့ ဆုတောင်းရင်း နေ့တိုင်း စိတ်ပျက်အားငယ်စွာ နေခဲ့ရသည်။ ချောင်ကျန်းမင် ပြန်ရောက်သည်နှင့် သူမသည် ချက်ချင်းပင် အသက်ပြန်ဝင်လာသည်။ သူမ မျက်လုံးများက သူ့ကို စိုက်ကြည့်နေသည်။ သူမသည် သူ့အတွက် အရသာရှိသော ဟင်းလျာများကိုပင် ချက်ပြုတ်ပေးခဲ့သည်။ မိုးမလင်းခင် အသားဝယ်ဖို့ ထောက်ပံ့ရေးနှင့် ဝယ်လိုအား သမဝါယမအဖွဲ့ဆီ ပြေးသွားခဲ့သည်။

ဒါကြောင့် ချန်ချောင်ချောင်မှာ ဘယ်လိုမျိုး ဆက်ဆံရေးရှိပြီး ချောင်ကျန်းမင်ကို သစ္စာဖောက်နိုင်မှာလဲ?

အကယ်၍ ထိုသတင်းကို ချောင်ရှို့ကျီက မပြောခဲ့ဘူးဆိုလျှင် သူတို့သည် ရိုက်နှက်ခံရလျှင်ပင် ယုံမည်မဟုတ်ပေ။

ဝမ်ချွမ်ကျီသည် သူမ၏ အာရုံများကို ပထမဆုံး ပြန်လည်ရရှိလာသူဖြစ်သည်။ သူမ ခေါင်းယမ်းရင်း ပြောခဲ့သည်။ "အိုက်ရား ခွေးမ ချောင်ချောင်က ဒီလိုမျိုး သတ္တိတွေ ရှိတယ်။ ဒီလိုကိစ္စကို တကယ်လုပ်ရဲတာပဲ။ ငါ သူ့ကို တကယ် လျှော့တွက်လိုက်မိတာ။"

သူမ၏အမြင်အရ ချန်ချောင်ချောင်သည် ရုပ်ဆိုးပြီး တင်ပါးသေးသေးလေးရှိသည်။ သူမသည် လူများကို မေးမော့၍ အမြဲကြည့်သည်။ တကယ်ကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ပုံစံဖြစ်သည်။ ချန်ချောင်ချောင်သည် အစားအသောက်ခိုးပြီး ပျင်းရိနေလိမ့်မည်ဟု သူမ ခန့်မှန်းခဲ့သည်။ ဒါပေမယ့် သူမဟာ လူတွေကို ခိုးယူ‌ပေါင်းသင်းမယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိပေ။

လူတွေကို ခိုးယူပေါင်းသင်းတယ်။ သူမ ဘယ်လောက်တောင် အတင့်ရဲတာလဲ?

ချောင်ဟုန်းရှက သူမရဲ့ မည်းမှောင်နေသော မျက်နှာဖြင့် “သူ့ယောင်္ကျားနဲ့ ဝမ်အာလေးကို စဉ်းစားနေသရွေ့တော့ သူက ဒီလို စက်ဆုပ်ရွံရှာစရာကောင်းတဲ့ အရာတွေကို လုပ်မှာ မဟုတ်ဘူး။ ဒါတွေက သူ့ပေါ်မှာပဲ မူတည်နေတာ။ သူ့မှာ ငိုစရာ မျက်နှာရောရှိလို့လား?”

‌ချန်ချောင်ချောင်က ဆေးရုံက ပြန်လာကတည်းက မစားမသောက်ဘဲ အခန်းထဲမှာ ပုန်းနေခဲ့သည်။ မရပ်မနား မျက်ရည်ကျရုံသာဖြစ်သည်။ ချောင်မိသားစုက မည်သူမျှ သူမကို မနှစ်သိမ့်ပေးခဲ့ကြပေ။

အဲဒီလိုလုပ်ပြီးတဲ့နောက်မှာ လူတိုင်းက သူမကို စားဖို့ ချော့မော့တာကို မျှော်လင့်နေခဲ့တာလား?

ဘယ်လို ပုံစံကြီးလဲ?

လင်းဟွေ့က မျက်မှောင်ကြုတ်ကာ "ဝမ်အာလေးက ဒီလိုမျိုး အမေရှိရတာ သနားစရာပဲ!"

ထိုအကြောင်းကို ပြောရလျှင် ချန်ချောင်ချောင်နှင့် ဖန်းရှောင်ကျွမ်းတို့သည် တစ်ကယ့်ကို တူညီကြသည်။ တစ်ကိုယ်ကောင်းဆန်ကြသည်။ သူတို့သည် သူတို့၏ ပျော်ရွှင်မှုကိုသာ ဂရုစိုက်ကြသည်။ သူများအကြောင်း ဘယ်တော့မှ မတွေးကြပေ။

ချန်ချောင်ချောင်ရဲ့ ဖောက်ပြန်တဲ့ သတင်းတွေ ထွက်ပြီးတာနှင့် ဝမ်အာမှာ လိမ်လည်လှည့်စားတတ်တဲ့ မိခင်တစ်ယောက်ရှိတယ်ဆိုတာ လူတိုင်းမှတ်မိကြမှာ ဖြစ်သည်။

ချောင်ကျန်းကော်က ခေါင်းကုတ်ပြီး "အဖေ၊ အမေ ဘာလို့ ကျွန်တော်က အိမ်ထောင်ရေးဖောက်ပြန်သူကို ဖမ်းပြီး မရိုက်တာလဲ?"

ချောင်ရှို့ကျီက ခေါင်းခါပြီး တုံ့ပြန်လိုက်သည်။ "မိုက်မဲတာတွေ မလုပ်နဲ့!"

ထန်ကျန်းမင်သည် အရေးပါသူတစ်ဦးမဟုတ်သော်လည်း သူ့တွင် မြို့တော်တော်လှန်ရေးကော်မတီတွင် အကြီးအကဲတစ်ဦးဖြစ်သည့် ဦးလေးတစ်ယောက်ရှိသည်။ အဲ့ဒီလူက ထန်ကျန်းမင်ကို မွေးစားထားတယ်လို့ ပြောတာကြားသည်။ သူသာ ထန်ကျန်းမင်း ရိုက်လျှင် အခြားလူက ချောင်မိသားစုကို လက်တုံ့ပြန်လိမ့်မည်။

ချောင်ကျန်းကော်က သူ့အမေပြောတာကို ကြားတော့ ရိုက်နှက်ဖို့ စိတ်ကူးကို ချက်ချင်း ပယ်ချလိုက်သည်။ သူသက်ပြင်းချရင်း “ဘယ်လိုလုပ် သူတို့က ဖောက်ပြန်ရတာလဲ? လူတွေက ခိုးယူပေါင်းသင်းတာ အရမ်းပျော်ဖို့ကောင်းနေတာလား?”

ဝမ်ချွမ်ကျီက ဂုဏ်ယူစွာဖြင့် "ကျန်းကော် စိတ်မပူပါနဲ့။ ကျွန်မက မဖောက်ပြန်ပါဘူး ပြီးတော့ ရှင့်ကို ထိခိုက်အောင် ဘာမှမလုပ်မှာ သေချာတယ်!"

ချောင်ကျန်းကော်က သူမကို တစ်ချက်ကြည့်ကာ ရယ်မောလိုက်ပြီး "မိန်းမရေ မင်းက ၀က်ခြံမှာ အလုပ်လုပ်တာ။ မင်းလူမဟုတ်ဘဲ ဝက်တွေနဲ့ပဲ ဖြစ်လို့ရမယ်!"

ဝမ်ချွမ်ကျီက ခဏတာ အံ့အားသင့်သွားသည်။ ပြီးတော့ သူမက ရယ်ပြီး "ရှင် ပြောတာ မှန်တယ်။ ငါက ဝက်တွေနဲ့ပဲ ဖြစ်လို့ရတယ်!"

စကားပြောပြီးနောက် လင်မယားနှစ်ယောက် အပြန်အလှန် ရယ်မောကြသည်။

လူတိုင်း - "..." ဒါက ကြည့်ဖို့ မဖြစ်နိုင်ဘူး!

စကားမပြောခင် ချောင်ဟုန်းရှက ခဏလောက်စဉ်းစားပြီး “အမေ၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ယန်ရှန်ကို ပြောပြဖို့ စာတစ်စောင်ဘာလို့ မရေးထားတာလဲ။ သမီးတို့ကို ထန်မျိုးရိုးက အရင်တိုက်ခိုက်မှာကို သမီးကြောက်တယ်"

ထန်ကျန်းမင်၏ စေ့စပ်ထားသူသည် ခရိုင်တရားသူကြီး၏ တူမဖြစ်သည်ဟု ဆိုကြသည်။ ထန်ကျန်းမင်၏ ဂုဏ်သတင်းကို ထိန်းသိမ်းရန်အတွက် ထန်မိသားစုသည် ချောင်မိသားစုပေါ်တွင် အမှားအားလုံးကို ကျိန်းသေပေါက် ပုံချမည် ဖြစ်သည်။ ထို့ကြောင့် သူတို့သည် မိုက်မဲသောအစီအစဥ်တစ်ခုပြုလုပ်ပြီး ရန်သူ၏ တိုက်ခိုက်မှုကို ပြန်လည်တိုက်ခိုက်ရန် နည်းလမ်းရှိရမည် ဖြစ်သည်။

အဲ့တာအပြင် ထိုခွေးကောင် ထန်ကျန်းမင်ကို ဤကဲ့သို့ လွှတ်ထားရမည်ဟူသော အချက်ကိုလည်း မျိုမချနိုင်ပေ။

ချောင်ရှို့ကျီက ဆင်ခြင်ပြီး ပြန်ပြောလိုက်သည်။ “သမီး သူ့ကို ပြောနိုင်ပေမယ့် စစ်တပ်ရဲ့ အရေးပဲ သူ့ကို ပိုအာရုံစိုက်ပါစေ။ စိတ်မြန်မစေနဲ့!"

ပထမအနေနဲ့ ထန်မိသားစုက ဘာမှ မလှုပ်ရှားသေးပေ။ ဒုတိယအနေနဲ့ကတော့ ဝမ်ယန်ရှန်ဟာ ​​စစ်တပ်ထဲမှာ ရှိ‌နေသည်။ သူသည် ကူညီချင်ရင်တောင် ဘာမှမတတ်နိုင်ပေ။ နောက်ဆုံးတွင် သူသည် စိတ်ညစ်မှုကိုသာ ခံစားရမည်။

ချောင်ဟုန်းရှက သူနားလည်သွားတာကို ခေါင်းညိတ်လိုက်သည်။

အဲ့ဒီနေ့တွင် ချန်ချောင်ချောင်က မူးမေ့လဲသွားပြီး မြို့ဆေးရုံသို့ ပို့လိုက်သောအခါတွင် ထန်ကျန်းမင်က ထိုကိစ္စသည် ပေါက်ကွဲသွားပြီ ဖြစ်ကြောင်း သူခန့်မှန်းမိသည်။

သူသည် ဆေးခန်းမှာ အချိန်အတော်ကြာအောင် တုန်လှုပ်နေခဲ့သည်။ နောက်ဆုံးတော့ သူသည် တံခါးကို သော့ခတ်ပြီး ပြေးထွက်သွားသည်။

သူသည် မြို့ထဲကို ပြန်ပြေးပြီး သူ့မိသားစုကို ပြောပြသည်။ သူ့မိသားစုက သူ့ကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့သည်။

တကယ်တော့ ထန်ကျန်းမင်က အိမ်ထောင်သည်အမျိုးသမီးကို ပစ်မှတ်ထားတာ ဒါပထမဆုံးအကြိမ်မဟုတ်ပေ။

အရင်က အမျိုးသမီးတစ်ယောက်ကို လှည့်စားခဲ့သည်။ ထိုအမျိုးသမီးက ထန်ကျန်းမင်သည် သူမကို တကယ်ချစ်တယ်လို့ ထင်ခဲ့သည် ဒါကြောင့် သူမသည် လူတိုင်း၏ ဆန့်ကျင်မှုများကြားမှ သူမ၏ခင်ပွန်းနှင့် သားသမီးများကို စွန့်ပစ်ခဲ့သည်။ နောက်ပိုင်းတွင် သူမသည် ထန်ကျန်းမင်ကို မည်သည့်နေရာတွင်မှ ရှာမတွေ့ခဲ့ကြောင်း သိခဲ့သည်။ နောက်ဆုံးမှာတော့ ထိုအမျိုးသမီးက မခံနိုင်တော့ဘဲ မြစ်ထဲခုန်ချပြီး အဆုံးစီရင်ခဲ့သည်။

အမျိုးသမီး၏ မိသားစုသည် ပြဿနာဖြစ်စေလို သော်လည်း ထန်ကျန်းမင်၏ ဦးလေး ချူရှင်းယောင်က ဖိနှိပ်ခဲ့သည်။ ဤတစ်ကြိမ်တွင် ထန်ကျန်းမင်သည် မီးမောင်းထိုးပြခြင်းကို ရှောင်ရှားရန် ကျီလီထုတ်လုပ်ရေးအဖွဲ့သို့ ရောက်လာသည်။ ပြီးတော့ သူဒီမှာ ဘယ်လောက် ကြာကြာနေရမှာလဲ?

အမေထန်က သူ့ကို အကူအညီတောင်းဖို့ သူမ မိဘအိမ်ဆီ ချက်ချင်းပြန်မခေါ်ခင် သူ့ကို ကြိမ်းမောင်းခဲ့သည်။

ချူရှင်းယောင်က သိသွားပြီးနောက်မှာတော့ “ဦးလေးက မင်းအတွက် ဒီကိစ္စကို ဂရုစိုက်ပေးမယ်။ ဒါပေမယ့် မင်းဒီလိုအချိန်အတွင်းမှာ မင်း ကောင်း‌ကောင်း နေထိုင်သင့်တယ်။ မင်း လင်းမိသားစုနဲ့ မင်းရဲ့အိမ်ထောင်ရေးကို ဖျက်ဆီးရင် အနာဂတ်မှာ မင်းကို ငါ ကူညီဖို့ မစဉ်းစားနဲ့!”

ထန်ကျန်းမင်၏ စေ့စပ်ထားသူကို လင်းမြောင်ဟုခေါ်သည်။ ခရိုင်တရားသူကြီးက သူမဦးလေး ဖြစ်သည်။ သူမနှင့် ထန်ကျန်းမင်တို့သည် အထက်တန်း ကျောင်းနေဖက်များဖြစ်သည်။ ထန်ကျန်းမင်သည် ရုပ်ရည်ချောမောပြီး စကားပြောချိုသာသူဖြစ်သည်။ လင်းမိသားစုသည် သမီးဖြစ်သူကို ဆန့်ကျင်၍ မရသောကြောင့် ခေါင်းညိတ် သဘောတူလိုက်ကြသည်။

ချူရှင်းယောင်သည် ယခုအခါ တော်လှန်ရေးကော်မတီ၏ လက်ထောက်ညွှန်ကြားရေးမှူးဖြစ်သည်။ သူသည် ဒါရိုက်တာရာထူးကို မျက်စိကျနေပြီး ဒီထက်ပိုပြီး တက်ချင်သည်။ သူသည် ခရိုင်တရားသူကြီးနှင့် ဆွေမျိုးဖြစ်နိုင်လျှင် ထိုရာထူးကို အာမခံနိုင်မည်ဖြစ်သည်။

အကယ်၍ ထန်ကျန်းမင်သည် အခြားအမျိုးသမီးများနှင့် ရှုပ်ကြောင်း သတင်းရပါက တစ်ဖက်က စေ့စပ်ကြောင်းလမ်းမှုကို ဖျက်မည်ဖြစ်သည်။ ဒါက သူ၏ရာထူးတိုးခြင်းကိုပင် ထိခိုက်စေနိုင်သည်။

ထို့ကြောင့် ချူရှင်းယောင်သည် ဤကိစ္စကို မည်သို့ပင် ပေါက်ကြားခွင့်မပြုနိုင်ပေ။

ထန်ကျန်းမင်က ထပ်ခါတလဲလဲ ခေါင်းညိတ်ပြပြီး "ကျွန်တော် နားလည်ပါတယ် ဦးလေး။ တကယ်တော့ ဒီအကြိမ်အတွက် ကျွန်တော့်ကို အပြစ်ပြောလို့ မရဘူး။ အဲဒီအမျိုးသမီးက ကျွန်တော့်ကို ကျန်းမာရေးဌာနမှာ နေ့တိုင်း မြူစွယ်နေတာ။”

ထန်ကျန်းမင်၏ အဖွားက "အရှက်မရှိ အရှက်ကင်းမဲ့တဲ့ ခွေးမ၊ သူ မင်းကို အရှက်မရှိ သွေးဆောင်နေတာ ငါသိတယ်။ မကြောက်နဲ့။ မင်းဦးလေးရှိတယ် ဒီမှာ မင်းအတွက် အကုန်လုံး ဖြေရှင်းပေးလိမ့်မယ်!"

ထန်ကျန်းမင်က သူ့မျက်မှန်ကို တင်လိုက်ပြီး ညင်သာစွာ ပြုံးလိုက်သည်။

သူဘယ်တုန်းကမှ မကြောက်ဖူးပေ။ မဟုတ်ရင် သူသည် ‌ချန်‌ချောင်ချောင်ကို ပစ်မှတ်ထားမှာ မဟုတ်ဘူး။

ထန်ကျန်းမင်သည် သယ်ယူပို့ဆောင်ရေးအဖွဲ့က လူတစ်ဦးထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့ပြီး သူ့နေရာတွင် အစားထိုးရန် လူတစ်ဦးကို ရှာဖွေနေခဲ့သည်။ တစ်စုံတစ်ယောက်ကို ရှာတွေ့ပြီးနောက် သူသည် အိမ်ကို အပြေးအလွှား လိုက်သွားခဲ့သည်။

အဖြစ်အပျက်ကို သူမသိသေးသော်လည်း သူ့အမေသည် ရှုပ်မည့်သူမဟုတ်ကြောင်း သူယုံကြည်သည်။ ကြီးကြီးမားမား မဖြစ်ခဲ့ရင် သူ့ကို ပြန်မခေါ်မှာ သေချာသည်။

သူစိုးရိမ်တာက ဝမ်အာလေးသည် တစ်ခုခုဖြစ်သွားတာပဲ ဖြစ်သည်။ ထုတ်လုပ်ရေးအဖွဲ့သို့ အလျင်အမြန်သွား၍ သူ့သမီးသည် သာ့ချောင်နောက်သို့ လိုက်နေသည်ကို အဝေးမှ တွေ့လိုက်သောအခါတွင် သူ၏ ခုန်နေသော နှလုံးသားသည် တည်ငြိမ်လာသည်။

"ပဉ္စမ‌မြောက်ဦးလေး!" သာ့ချောင်၏ မျက်လုံးများသည် စူးရှသည်။ ချောင်ကျန်းမင်က သူတို့ဆီ လျှောက်လာနေတာကို သူသည် ပထမဆုံးတွေ့လိုက်ရသူဖြစ်သည်။

အန်းပင်းသည် ပန်းပွင့်များကို ခူးရန် ကျိုင်းကောင်သစ်ပင်ပေါ်တွင် ထိုင်နေသည်။ သူက လက်ကိုဝှေ့ယမ်းပြီး အော်လိုက်သည်။ "ပဉ္စမမြောက် ဦးလေး ဦးလေးပြန်လာပြီလား?"

ကျိုင်း‌ကောင်သစ်ပင်သည် ယေဘူယျအားဖြင့် ဧပြီလနှင့် မေလတွင် ပွင့်သည်။ ဒီနှစ် ရာသီဥတုကြောင့် ကျိုင်း‌ကောင်အပင်တွေ ပွင့်တာ နည်းနည်းနောက်ကျသည်။ လောလောဆယ်တွင် ဇွန်လကုန်နေပြီ ဖြစ်သည်။ ပန်းပွင့်က နည်းနည်း နွမ်းနေပြီ ဖြစ်သည်။ ဒီအသုတ်ကို ခူးပြီးရင် သူတို့သည် နောက်နှစ်ကိုပဲ စောင့်ရမည်။

ထို့ကြောင့် ထုတ်လုပ်ရေးအဖွဲ့မှ ကလေးများသည် ကျိုင်းပန်းများကောက်ရန် ထွက်လာကြသည်။ ချောင်မိသားစု၏ သားသမီးများသည်လည်း ခြွင်းချက်မရှိပေ။

ချောင်ကျန်းမင်သည် ခြေတံရှည်ဖြင့် လျှောက်လာသည်။ သူက ခေါင်းမော့ပြီး အန်းပင်းကို ပြောလိုက်သည် "မင်း မျောက်ကလေး ကောင်လေး၊ ဆင်းမလာသေးဘူး!"

စကားပြောပြီးနောက် သူသည် သမီးဖြစ်သူကို ငုံ့ကြည့်လိုက်သည်။

သူမနဲ့မတွေ့တာ နှစ်လလောက်ကြာတော့ သူ့သမီးလေး အရပ်ပိုရှည်လာတာကို တွေ့လိုက်ရသည်။ သူမ၏ အသားအရည်သည် ပိုပြီး ဖြူလာသည်။ သူမသည် ပို၍ တက်ကြွနေပုံရသည်။

ပိုပြီးအရေးကြီးသည်မှာ သူမသည် သစ်ပင်အောက်တွင် တစ်ယောက်တည်းမနေတော့ဘဲ ပုရွက်ဆိတ်များကို စောင့်ကြည့်မနေတော့ပေ။ သူမသည် ဝမ်းကွဲမောင်နှမတွေနှင့် ဆော့ဖို့ ထွက်လာသည်။

သူ့မျက်နှာမှာ ပင်ပန်းနွမ်းနယ်မှုတွေ ပြည့်နှက်နေပေမယ့် သူ့သမီးကို ဒီလိုမြင်ရတဲ့အခါ ကြည်နူးမှုအပြည့်ကို ခံစားရသည်။

“ဝမ်အာလေး မင်းအဖေကို မှတ်မိသေးလား?” သူသည် ထိုင်ချလိုက်ပြီး နူးနူးညံ့ညံ့လေး ပြောလိုက်သည်။

ဝမ်အာလေးက သူ့ကိုကြည့်ပြီး ခေါင်းညိတ်ပြသည်။ သူမမှာ အမှတ်ရစရာတွေ ရှိပုံရသည်။ သူမသည် သာ့ချောင်နောက်သို့ သွား၍ ပုန်းနေလိုက်သည်။ ခဏအကြာတွင် သူမ၏ ခေါင်းကို ကြောက်နေသော တိရိစ္ဆာန်လေးတစ်ကောင်လို ချောင်းကြည့်လိုက်သည်။ သူသည် သူမကိုကြည့်​​နေတာကို မြင်​​တော့ သူမသည် ချက်​ချင်းပြန်​ပုန်း​နေလိုက်​သည်​။

သူ့သမီးလေး အရမ်းတက်ကြွနေတာကို မြင်လိုက်ရတော့ ချောင်ကျန်းမင်ရဲ့ ပါးစပ်ထောင့်က နားအောက်ခြေနားကို တက်ချိတ်လုနီးပါး ဖြစ်နေသည်။

သာ့ချောင်က ညီမ‌လေးကို ဆုပ်ကိုင်လိုက်ပြီး ပြောလိုက်သည်။ "ဝမ်အာ ဒါ ညီမလေးအဖေပဲ၊ သူက ညီမလေးကို အရမ်းချစ်တာ။ သူ မင်းကို နောက်ဆုံးအကြိမ်တုန်းက ၀တ်စုံလေးတစ်ခု ဝယ်ပေးခဲ့တယ် ညီမလေးမှတ်မိလား?"

ဝမ်အာလေးသည် ခဏလောက် စဉ်းစားနေသည်။ ထို့နောက် သူမက ခေါင်းညိတ်ကာ “ဝတ်စုံက အရမ်းလှတယ်။”

ဒီစကားလုံးလေးလုံးက ချောင်ကျန်းမင်ကို ငိုလုမတတ်ပေ။ သူ့ရဲ့ ဝမ်အာလေးဟာ နောက်ဆုံးတော့ စကားပြောနိုင်ခဲ့သည်။

သူက သာ့ချောင်ကို ကျေးဇူးတင်စွာဖြင့် ကြည့်ပြီး ပြောလိုက်သည် “သာ့ချောင် ပဉ္စမမြောက် ဦးလေးက ကျေးဇူးတင်ပါတယ်။ ဝမ်အာလေးကို ဂရုစိုက်ပေးလို့ ကျေးဇူးတင်ပါတယ်!"

သာ့‌ချောင်က လခြမ်းမျက်လုံးများနှင့် ပြုံးပြီး "ပဉ္စမမြောက် ဦးလေး၊ ရပါတယ်။ သမီးက ညီမလေးကို အရမ်းသဘောကျတယ်။"

ဝမ်အာသည် အစ်မကြီးနှင့် သူ့ရှေ့ကလူကို တစ်ချက်ကြည့်လိုက်သည်။ သူသည် တိုးတိုးလေး နှုတ်ဆက်လိုက်သည်။ “ပဉ္စမမြောက် ဦးလေး။”

ချောင်ကျန်းမင်သည် ဖေဖေကနေ ဦးလေးအဖြစ် ရုတ်တရက် ပြောင်းလဲသွားသည်။

အန်းပင်းသည် ပန်းများခူးပြီးသည်နှင့် သာ့ချောင်ထံ ပြေးသွားပြီး "ညီမလေး သာ့ချောင် နောက်ကျ ငါ့အတွက် ကျိုင်းပန်းဥလိပ်ကို လုပ်ပေးမှာလား?"

လွန်ခဲ့သောရက်အနည်းငယ်က ညီမ‌လေး သာ့ချောင်သည် လူတိုင်းအတွက် ကျိုင်းပန်းဥလိပ်နှစ်ခုကို ပြုလုပ်ခဲ့သည်။ အရသာက အရမ်းမွှေးလို့ သူသည် တွေးလိုက်တိုင်း သွားရည်ကျခဲ့သည်။ အဲ့တာက တကယ်ကို အရသာရှိသည်။

သာ့ချောင်က နူးညံ့စွာ ပြန်ပြောလိုက်သည်။ "ဝမ်းကွဲအစ်ကို၊ ညီမ ဒီနေ့ကျိုင်းပွင့်နဲ့ ကြက်ဥလိပ်လုပ်မှာမဟုတ်ဘူး။ ဒီနေ့ တခြားဟာစားရအောင်... ကျိုင်းပန်းကိုပေါင်းပြီး။"

အန်းပင်းက ခေါင်းမညိတ်ခင် ခဏလောက်စဉ်းစားပြီး "ဟုတ်တယ်၊ ညီမလေး လုပ်ထားသမျှ ငါစားမယ်!"

ချောင်တုန်းယင်က သူ့ဆီလာကာ ရယ်မောလိုက်ပြီး "ဒါဆို ညီမလေး သာ့ချောင်လုပ်ထားတဲ့ အီးအီးကိုရော မင်းစားမှာလား။"

အန်းပင်းက ဒေါသတကြီး ခုန်ထလာပြီး “ဒုတိယ အစ်မ၊ နင်က ဘာလို့ ပိုပိုပြီး ရွံမုန်းစရာ ကောင်းလာတာလဲ? ဒီလို အရသာရှိတဲ့ အစားအစာတွေကို အီးနဲ့ တွဲပြောတယ်။ နောက်ကျ မစားနဲ့!"

ချောင်တုန်းယင်က ပခုံးတွန့်လိုက်ပြီး "အဲ့တာက စားဖို့ မဖြစ်နိုင်ဘူး"

ဤသို့ပြောပြီးနောက် သူမသည် ပဉ္စမမြောက် ဦးလေးကို ကြည့်ရန် ခေါင်းလှည့်ကာ သူ့အတွက် သူမနှလုံးသားထဲတွင် ဖယောင်းတိုင်တစ်တိုင်ကို တိတ်တဆိတ် ထွန်းညှိလိုက်သည်။

All Chapters