အခန်း (၁၄၇)
Vol. 12 Ch. 147
ဝမ်ရွှေရှန်သည် သူမ၏ အသံကို ကြားလိုက်ရသောအခါ မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ပေ။
ဒီနှစ် ပညာတတ်လူငယ်တွေ အထူးသဖြင့် အမျိုးသမီး ပညာတတ်လူငယ်တွေ စိတ်သည် မလွယ်ပေ။
အရင်ကတော့ ရီကျန်းကျန်းက သူ့ရဲ့ပဉ္စမမြောက်ညီဖြစ်သူနဲ့ လက်တွဲခဲ့ပြီး ဖန်းရှောင်ကျွမ်းကို နာကျင်စေဖို့အတွက် နှစ်ယောက်အတူ ပူးပေါင်းခဲ့သည်။ သူ့ရဲ့ ပဉ္စမမြောက်ညီဖြစ်သူက မြစ်ထဲခုန်ချပြီး အဆုံးစီရင်ခဲ့သည်။ ဖန်းရှောင်ကျွမ်းသည် သူ့ကလေး ဆုံးရှုံးခဲ့သည်။ ဒီကိစ္စတွင် ပါဝင်သည့်လူအနေဖြင့် ရီကျန်းကျန်းသည် အဖိုးအခကို ပေးဆောင်ရမည်ဖြစ်သည်။
သူ၏ မျက်မြင်သက်သေအောက်တွင် ရီကျန်းကျန်းသည် ဖန်းရှောင်ကျွမ်ကို ယွမ်နှစ်ရာပေးခဲ့သည်။ ထို့နောက်တွင် သူသည် သူမ၏ ဆက်သွယ်မှုများကို အသုံးပြုပြီး ထုတ်လုပ်ရေး အဖွဲ့မှ အဝေးသို့ ပြောင်းခဲ့သည်။ ရီကျန်းကျန်းသည် ရှက်သွားသောကြောင့် သူမ ဆန့်ကျင်ခဲ့သည်။
ရီကျန်းကျန်း ထွက်သွားပြီးနောက် သူမ၏ သူငယ်ချင်းကောင်းဖြစ်သည့် သာ့ကျီသည် ခဏတာ ငြိမ်သွားသည်။ မထင်မှတ်ဘဲ သူမသည် ယခုအချိန်တွင် ပြန်လည်လုပ်ဆောင်ရန် စတင်လာသည်။
သူမ၏ မျက်လုံးများသည် သူ့တတိယညီပေါ်မှာ ကပ်ထားသည်ကို မြင်သော်အခါ သူသည် မတတ်နိုင်ဘဲ ခေါင်းခါလိုက်ရသည်။
သာ့ကျီသည် လျှောက်လာခဲ့သည်။ သူမသည် ဝမ်ယန်ရှန်၏ နံဘေးသို့ တမင်တကာ လမ်းလျှောက်လာပြီး သူမ၏ ချိုမြိန်ပြီး အပြစ်ကင်းသည်ဟု သူမထင်သည့် အပြုံးကို ပြသလိုက်သည်။
ဝမ်ယန်ရှန်သည် တစ်ချက်မျှပင် မကြည့်ဘဲ သူမကို တိုက်ရိုက် ဖြတ်သွားခဲ့သည်။
သူ့အမြင်အရတော့ ဒီပညာတတ်အမျိုးသမီးငယ်သည် အရံလူထက် ပိုပြီး ဘာမှမဟုတ်ပေ။ သူမသည် ဘာမှမဟုတ်သော လူဖြစ်ကတည်းက သူသည် ဘာကြောင့် သူမအတွက် သူ့အမြင်ကို ဖြုန်းတီးနေရမှာလဲ?
“…”
သာ့ကျီ၏ မျက်နှာသည် နီပြီးဖြူနေသည်။ သူမသည် ရှက်ကိုးရှက်ကန်းနဲ့ ခေါင်းက ပြုတ်ကျတော့မည်။
ဝမ်ယန်ရှန်သည် စင်ပေါ်မှဆင်းကာ သူ၏ ခြေရှည်ရှည်ဖြင့် ချောင်မိသားစုဆီသို့ လျှောက်သွားသည်။
ချောင်ဟုန်းရှ၏ နှလုံးခုန်သံသည် ပြင်းထန်လာပြန်သည်။ ဒုန်း ဒုန်း!
သူဘာလုပ်ဖို့ကြိုးစားနေတာလဲ? ဒီမှာ ကြည့်တဲ့သူတွေ အများကြီးရှိသည်။ သူ သူမဆီလာပြီး စကားပြောချင်နေတာ မဖြစ်နိုင်ဘူးလား?
ချောင်ဟုန်းရှက သူမ၏ အောက်နှုတ်ခမ်းကို ကိုက်လိုက်သည်။ သူမသည် ရှက်လွန်းလို့ နှလုံးခုန်ထွက်လုမတတ်ပင်။
သာ့ချောင် - "တတိယအဒေါ်၊ အဒေါ့်မျက်နှာက အရမ်းနီနေတယ်။ နေမကောင်းဘူးလား?”
ချောင်ဟုန်းရှသည် ကလေးတစ်ယောက်က ဒါကို ဖမ်းမိသွားဖို့ မမျှော်လင့်ခဲ့ပေ။ "တတိယအဒေါ် နေကောင်းပါတယ်။ ဒါပေမယ့် ရာသီဥတုက နည်းနည်းပူနေလို့။"
ချောင်ရှို့ကျီက သူမကို အေးအေးဆေးဆေး စိုက်ကြည့်နေသည်။ ဘာမှ မပြောခဲ့ပေ။
ဝမ်ယန်ရှန်က ရောက်လာသည်။ သူသည် ချောင်ကျန်းကော်၏ အနားမရပ်ခင် သူ့မျက်လုံးများက သူမ၏ ရှက်နေသော မျက်နှာကို ကြည့်လိုက်သည်။
ချောင်ကျန်းကော်သည် တတိယဝမ်က ထူးဆန်းသည်ဟု ထင်ခဲ့သည်။ နေရာအများကြီးမှာ သူက သူ့အနားမှာ ကပ်ဖို့ ရွေးခဲ့သည်။
ဝမ်ယန်ရှန်က သူ့ကို ပြုံးပြီး "ကျွန်တော် အခုပြောခဲ့တဲ့ တရုတ်ဆေးဖက်ဝင်အပင်တွေ ပြန်စိုက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး အစ်ကိုကြီး ချောင် ဘယ်လိုထင်လဲ?"
ချောင်ကျန်းကော်က သူ့ခေါင်းကို ကုတ်လိုက်ပြီး ပြန်ဖြေလိုက်သည်။ "ငါ နားမလည်ဘူး။ ဘာပဲဖြစ်ဖြစ် ငါ့အမေပြောတာ နားထောင်မယ်။"
ဝမ်ယန်ရှန်က ခဏရပ်လိုက်ပြီး "အစ်ကိုကြီး ချောင်က တကယ်ကို သစ္စာရှိတဲ့သူပဲ။ အန်တီ ရှို့ကျီက မင်းလို သားတစ်ယောက်ရတာ အရမ်းသက်တောင့်သက်သာဖြစ်လိမ့်မယ်!"
"ငါ့ရဲ့အကြီးမားဆုံးခွန်အားက ငါ့အမေပြောတာကို နားထောင်တာပဲလေ။ မင်း အဲ့တာကို ဒီလောက်မြန်မြန်သိသွားဖို့ ငါ မမျှော်လင့်ထားဘူး!"
ချောင်ကျန်းကော်က သူ့ပခုံးကို ဂုဏ်ယူစွာ ပုတ်လိုက်သည်။ တစ်စုံတစ်ယောက်က သူ့ကိုဒီလိုချီးကျူးတာ ဒါပထမဆုံးအကြိမ်ဖြစ်သည်။
ချောင်ဟုန်းရှက သူတို့နောက်မှာ ရပ်နေသည်။ သူမသည် ခဏတာ အစ်ကိုကြီးဖြစ်သူက ဒေါသစရာ မှတ်ချက်ချမည်ကို စိုးရိမ်နေခဲ့မိသည်။ ထို့နောက် သူမသည် ဝမ်ယန်ရှန်က မပြောသင့်သည့် စကားပြောမည်ကို စိုးရိမ်ခဲ့သည်။ သူတို့ စင်ပေါ်မှာ ပြောနေသည့် စကားတစ်ခွန်းမှ သူမ မကြားရပေ။
ဒီအချိန်မှာ သာ့ကျီက စင်ပေါ်မှာ ရပ်နေသည်။ သူမသည် ဝမ်ယန်ရှန်ကို မြင်သောအခါ သူ့ဆီသို့ လျှောက်သွားခဲ့ပြီး ချောင်ကျန်းကော်ကို မြင်သောအခါတွင် သူမသည် ချွေးအေးများ ထွက်လာခဲ့သည်။
ဝမ်ရွှေရှန်က စိတ်မရှည်စွာပြောသည်။ "အမျိုးသမီး ရဲဘော် မင်းပြောစရာရှိတာပြော။ အားလုံးက တစ်မနက်လုံး အလုပ်လုပ်နေကြတာ။ သူတို့တွေက အစားပြန်သွားစားဖို့ စောင့်နေကြဝာာ!"
အဲ့တာက မမှန်ဘူး! အောက်ကလူတွေက စိတ်မရှည်တာကြာပြီဖြစ်သည်။ လုပ်ခဖြတ်ခံရမှာကို မကြောက်ဘူးဆိုရင် လူတိုင်းက အရင်ကတည်းက ထွက်ပြေးခဲ့ကြပြီဖြစ်သည်။
သာ့ကျီက သူမရဲ့ နှုတ်ခမ်းကို ကိုက်လိုက်ပြီး "ဒီမှာ အားလုံးနဲ့ အရာတစ်ခုကို ရှင်းရှင်းလေးပြောဖို့ ကျွန်မရပ်နေတာပါ။ အခုရက်ပိုင်းအတွင်း ထုတ်လုပ်ရေးအဖွဲ့မှာ ကျွန်မအကြောင်း ကောလာဟလတွေ အများကြီး ထွက်နေတယ်။ အဲဒါတွေအားလုံးက အဓိပ္ပာယ်မရှိဘူး။ ကျွန်မက အပြစ်ကင်းပါတယ်။ ကျွန်မကို တိုက်ခိုက်တဲ့သူက မိန်းမတစ်ယောက်ပါ။ ယောင်္ကျားမဟုတ်ပါဘူး။
ထိုစကားများပြီးသောအခါ ပရိသတ်သည် ခဏမျှ ငြိမ်သက်သွားသည်။ နောက်တော့ တခစ်ခစ်ရယ်ကုန်ကြသည်။
"အဲဒီနေ့က သူကြည့်တဲ့ပုံစံက သူ အပြစ်ကင်းတယ်လို့ ပြောတာကို မယုံနိုင်ဘူး၊ ငါတို့ကို မျက်ကန်းလို ဆက်ဆံနေတာလား?"
“အဲ့တာ မဟုတ်ဘူး! သူက ပေါ့ပေါ့ပါးပါး ဝတ်စားပြီး အပြစ်ကင်းတယ်လို့ လျှောက်ပြောနေတုန်းပဲ။ မမြင်ရတဲ့စကားတွေကို သူက တကယ် ပြောနေတာ။"
"ကောင်းပြီ၊ ဒီပညာတတ်အမျိုးသမီးငယ်၊ မင်းက သိပ်အပြစ်ကင်းတယ်။ အခုသွားလို့ရမလား? ငါဗိုက်ဆာလို့ သေတော့မယ်!”
ပရိသတ်၏ မနှစ်မြို့ဖွယ် တုံ့ပြန်မှုများကို ကြားလိုက်ရတော့ သူမ ငိုတော့မည်။ "ခေါင်းဆောင် ကျွန်မကို နောက်ဆုံးအကြိမ်တုန်းက စုံစမ်းတာ ကူညီမယ်ဆိုပြီး ပြောခဲ့တယ်နော်။ အဲ့တာက တော်တော်ကြာနေပြီ။ ဘာလို့လုံးဝ သတင်း မကြားရသေးတာလဲ?”
ဝမ်ရွေရှန်က ဒီစကားကိုကြားတော့ သူချက်ချင်းစိတ်မချမ်းသာသလိုဖြစ်သွားသည်။ "မင်း မတော်တဆဖြစ်ပြီး နောက်နေ့မှာ ငါထုတ်လုပ်ရေးအဖွဲ့ကို ရှာဖွေဖို့ လူတွေကိုစုခဲ့တယ်။ နေရာအနှံ့လိုက်ရှာပေမယ့် ဘာသဲလွန်စမှမတွေ့ဘူး။ မင်းမှာ တစ်ယောက်ယောက်နဲ့ ရန်ငြိုးရှိလားလို့ ငါမေးခဲ့တယ်လေ။ ပြီးတော့ မင်းကို ဘယ်သူ ရိုက်လဲဆိုတာ တွေ့ခဲ့လားဆိုပြီးကော။ မင်းက မသိဘူးဆို။ အခု မင်းက ငါ့ကို ဘယ်လိုစုံစမ်းစေချင်နေတာလဲ?”
သူမသည် မည်သည့်မေးခွန်းများအတွက်မှ အဖြေမရှိပါ။ သူသည် မသေမျိုး မဟုတ်ပေ။ ခန့်မှန်းချက် အနည်းငယ်ဖြင့် သူမကို ဘယ်သူရိုက်မှန်း ဘယ်လိုလုပ်သိနိုင်မလဲ?
သာ့ကျီ၏ မျက်လုံးများသည် ချောင်မိသားစုဆီသို့ ဦးတည်သွားပြန်သည်။ သူမ ပြင်းပြင်းထန်ထန် အံကြိတ်လိုက်သည်။ "အဲဒီအမျိုးသမီးက ကျွန်မကို ရိုက်မိတုန်းက သူ ကျွန်မအပေါ်မှာ ထိုင်ခဲ့တယ်၊ သူက အရမ်းလေးတယ်။ ထုတ်လုပ်ရေးအဖွဲ့က အမျိုးသမီးတွေကို ကျွန်မ စောင့်ကြည့်နေခဲ့တာ။ အဲတာနဲ့ ကိုက်ညီတာ နှစ်ယောက်ပဲ ရှိတယ်။ တစ်ယောက်က စုန့်ကျင်းလိုင်ရဲ့ ဇနီး၊ နောက်တစ်ယောက်ကတော့ ချောင်မိသားစုရဲ့ အကြီးဆုံးချွေးမ ဝမ်ချွမ်ကျီပါ။"
စုန့်ကျင်းလိုင်၏ ဇနီးသည် အတင်းအဖျင်းက သူမထံလှည့်လာမည်ဟု မမျှော်လင့်ထားပေ။ သူမသည် သုံးပေအမြင့်သို့ ခုန်တက်သွားခဲ့သည်။ “ညစ်ညမ်းတဲ့ ခွေးမ။ နင် ထပ်ပြီး အဓိပ္ပာယ်မရှိတဲ့ စကားတွေ ပြောနေတယ်ဆိုရင် နင့်ရဲ့ ပါးစပ်ပုပ်ကို ဆွဲဖြဲပစ်မယ် သတိထားနေ"
သာ့ကျီက အေးအေးဆေးဆေး ပြန်ပြောခဲ့သည်။ "စိတ်မပူပါနဲ့ ယောင်းမစုန့်။ ငါ အဲ့တာကို မေးပြီးပြီ။ မတော်တဆမှုဖြစ်တဲ့နေ့မှာ ယောင်းမစုန့်က သူ့မိဘအိမ်ပြန်သွားတာ ထုတ်လုပ်မှုအဖွဲ့တွင် လုံးဝမရှိဘူး။ ဒါဆို…”
ဒါကြောင့် သူမကို ရိုက်တဲ့သူက စုန့်ကျင်းလိုင်ရဲ့ ဇနီးမဟုတ်ဘဲ အကြီးဆုံးချောင်ရဲ့ ဇနီး ဝမ်ချွမ်ကျီလား?
အားလုံးက ခေါင်းကိုလှည့်ပြီး ချောင်မိသားစုကို တညီတညွတ်တည်း ကြည့်လိုက်ကြသည်။
တစ်စုံတစ်ယောက်ကပြောသည်။ "အကြီးဆုံးချောင် အဲဒီ ပညာတတ်အမျိုးသမီးငယ်က မင်းမိန်းမက သူ့ကို ရိုက်တယ်လို့ ပြောတယ်။ ဒါအမှန်လား?"
ချောင်ကျန်းကော်သည် ဝမ်ယန်ရှန်နှင့် စကားပြောနေခဲ့သည်။ သူ့နာမည်ခေါ်သံကြားတော့ အံ့ဩသွားပြီး ပြန်ပြောခဲ့သည်။ “ငါ့မိန်းမက သူ့ကို ရန်ငြိုးမရှိဘူး၊ ဘာလို့ သူ့ကို ရိုက်ရမှာလဲ?”
ဤသည်ကို လူတိုင်းကြားသောအခါ ကျိုးကြောင်းဆီလျော်တယ်လို့ ထင်ကြသည်။
ဝမ်ချွမ်ကျီသည် အတင်းပြောခြင်းကို နှစ်သက်သော်လည်း ရွာရှိ အမျိုးသမီးများနှင့် ရန်ဖြစ်ခဲသည်။ အဓိကကတော့ သူ ရန်ဖြစ်ရင် အိမ်ပြန်နိုင်မှာ မဟုတ်ပေ။
ထို့အပြင် သူတို့သည် ဝမ်ချွမ်ကျီက ပညာတတ်အမျိုးသမီးငယ်များနှင့် အဆက်အသွယ် ရှိသည် သို့မဟုတ် ရန်ငြိုးရှိသည်ကို မကြားဖူးခဲ့ပေ။
ဒီတော့ အားလုံးက သာ့ကျီကို မေးကြသည်။ “အကြီးဆုံးချောင်ရဲ့ ဇနီးက မင်းကို ရိုက်နှက်တယ်လို့ မင်းပြောတယ်နော်။ ဒါဖြင့် မင်း သူ့ကို စော်ကားဖို့ ဘာလုပ်ခဲ့လို့လဲ? မဟုတ်ရင် မင်းကို အကြောင်းပြချက်မရှိဘဲ ဘာလို့ ရိုက်ရတာလဲ?"
"ဟုတ်တယ်။ သူ ကျွန်မကို လာရိုက်တာ မမြင်ခဲ့ဘူး"
သာ့ကျီ၏ မျက်နှာ နီမြန်းသွားပြီး "ကျွန်မ သူ့ကို မစော်ကားခဲ့ဘူး။ သူဘာလို့ ကျွန်မကို ရိုက်လဲ မသိဘူး။ ဒါပေမယ့် အဲဒီနေ့က ကျွန်မကို ရိုက်တဲ့သူက သူမရဲ့ ကိုယ်လုံးကိုယ်ပေါက်နဲ့ တော်တော် ဆင်တယ်။ အဲဒီညနေက သူ ဘယ်မှာလဲဆိုတာ မေးချင်တယ်?"
ချောင်ကျန်းကော်က သူ့ခေါင်းကို ကုတ်ပြီး ပြန်ပြောခဲ့သည်။ "အဲ့တာက တော်တော်ကြာနေပြီ။ ဘယ်သူက မှတ်မိသေးမှာလဲ?”
သာ့ကျီက အေးစက်တဲ့ မျက်နှာထားနဲ့ "ဒါဆို နင့်မိန်းမကို ဒီကို လာခိုင်းလိုက်။ ငါ သူနဲ့ မျက်နှာချင်းဆိုင် ရင်ဆိုင်မယ်!"
ချောင်ရှို့ကျီက ပြုံးပြီး "ကျွန်မရဲ့ချွေးမအကြီးဆုံးက ချုပ်နှောင်ခံထားရတာမို့ နင်နဲ့ ထိပ်တိုက်တွေ့ဖို့ မထွက်လာနိုင်ဘူး! ငါ နင့်ကို မေးခွန်းတစ်ခုမေးမယ်။ အဲဒါက နင့်ကို ရိုက်ခဲ့တာ ငါ့ချွေးမအကြီးဆုံးဆိုတာ သေချာလား?”
သာ့ကျီသည် ချောင်ရှို့ကျီ၏ မျက်လုံးများကို တွေ့လိုက်ရသည်။ သူမ နှလုံးသားက တုန်လှုပ်သွားသည်။ သူမက ခေါင်းညိတ်ပြီး "ဟုတ်တယ်။ အဲဒီနေ့က ကျွန်မကို ရိုက်ခဲ့တဲ့သူနဲ့ သူ့ပုံစံက တူတူပဲ။"
ချောင်ရှို့ကျီ - "ကောင်းပြီ နင်သေချာတယ်ဆိုတော့ ရဲစခန်းကို သွားပြီး အမှုကို အခုပဲ တိုင်ရအောင်!"
အမှုကို တိုင်မည်!
ဤသည်ကို လူတိုင်းကြားသောအခါ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။
လူတစ်ချို့က ချောင်ရှို့ကျီကို ရူးတယ်လို့ ထင်ကြသည်။ ဝမ်ချွမ်ကျီ လုပ်ခဲ့တာကို ရှာတွေ့ရင် ချောင်မိသားစုမှာ အကျဉ်းသား တစ်ယောက်ရှိလိမ့်မည်။
လူတချို့က ချောင်ရှို့ကျီသည် ယုံကြည်မှုရှိတယ်လို့ ယူဆကြသည်။ သူမသည် သူမကို ရဲတွေ စုံစမ်းတာကို မကြောက်ပေ။
ဒီစကားတွေကို ကြားတော့ သာ့ကျီရဲ့မျက်နှာက ဖြူဖျော့သွားသည်။
သူမသည် ရဲခေါ်ရဲရင် ဒီနေ့ထိ နှောင့်နှေးမှာ မဟုတ်ပေ။
သူမ ရဲကိုဖုန်းဆက်ပြီးတာနဲ့ သူမသည် ချောင်ကျန်းကော်ကို သွေးဆောင်ဖြားယောင်းခဲ့တာကို ဖုံးကွယ်ထားနိုင်မှာ မဟုတ်ပေ။ အဲ့ဒီနောက် သူမ၏ ဂုဏ်သိက္ခာသည် လုံးဝပျက်စီးသွားလိမ့်မည်။
ဝမ်ရွှေရှန် - “အမျိုးသမီးရဲဘော် မင်းဘယ်လိုထင်လဲ? မင်းသေချာတယ်ဆိုရင် နေ့လည်ကျရင် ရဲစခန်းကို အမှု တိုင်ကြားမယ်။ ရဲစခန်းက မင်းကို တရားမျှတမှုပေးဖို့ လူတစ်ယောက်ကို စေလွှတ်လိုက်လိမ့်မယ်!"
"မဟုတ်ဘူး၊ မဟုတ်ဘူး! ဒီအမှုကို သတင်းမပို့နဲ့!" သာ့ကျီက ထိတ်လန့်သွားသည်။ "ငါ အခုပဲ တွေးနေတာ။ ငါ အမှားလုပ်မိတာ ဖြစ်နိုင်တယ်။ အဲ့တာတွေအားလုံးက တော်တော်ကြာနေပြီ။ ငါ အမှားလုပ်မိတာ ဖြစ်နိုင်တယ်!"
ဤသည်ကို လူတိုင်းကြားသောအခါတွင် သူမအား မအော်ဘဲ မနေနိုင်တော့ပေ။
"မင်းဘာလုပ်နေတာလဲ? မင်းရမ်းပြောပြီး အခု မင်းအမှားလုပ်မိတယ်လို့ပြောတယ်။ မင်း ငါတို့နဲ့ ကစားနေတာလား?"
"မှန်တယ်။ မင်းအချိန်တွေ ဖြုန်းနေတာပဲ။ မင်း စိတ်မနှံ့ဘူးလား?"
"သူ့ရဲ့ အပြစ်ရှိတဲ့ အသိစိတ်ကို ကြည့်လိုက်ဦး။ သူ့ကို ရိုက်နှက်တာ ဒါမှမဟုတ် ဖိအားပေးတာ ခံခဲ့ရတယ်လို့ ငါ မထင်ပါဘူး။ ဒါပေမယ့် သူမဟာ လူတွေကို အရူးလုပ်ပြီး တစ်စုံတစ်ယောက်က အဲ့တာကို သိခဲ့တယ်။ ဒါကြောင့် သူက ရိုက်နှက်ခံခဲ့ရပြီး ဒီရာဇ၀တ်မှုကို ချောင်မိသားစုက လုပ်ခဲ့တယ်လို့ လုပ်တယ်။ !"
"မင်းပြောတာ တကယ် ဖြစ်နိုင်တယ်! မဟုတ်ရင် သူဘာလို့ ရဲစခန်းကို မသွားရဲတာလဲ?"
လူတိုင်း၏စကားကြောင့် သာ့ကျီ၏ မျက်နှာသည် ဖြူဖျော့သွားခဲ့သည်။
ဘာလို့ ဒီလိုမျိုး အဆုံးသတ်ရတာလဲ?
မူလက သူမ၏ အစီအစဉ်မှာ ဝမ်ချွမ်ကျီကို သူမကိုယ်တိုင် ရင်ဆိုင်ရန် ဖြစ်သည်။ တစ်ဖက်က ဝန်မခံချင်ရင် သူမ ရဲကိုသွားရင် ကြောက်သွားလိမ့်မည်။
ကျေးလက်နေ အမျိုးသမီးအများစုသည် အလွန်မိုက်မဲကြသည်။ တစ်ယောက်ယောက်က သူတို့ကို ကြောက်အောင်လုပ်ရင် ဝန်ခံမှာ သေချာသည်။
ချောင်ရှို့ကျီက ရဲကို အရင်ခေါ်ခိုင်းဖို့ ဘယ်တုန်းကမှ မမျှော်လင့်ထားဘဲ သူမသည် တန်ပြန်တိုက်ခိုက်ခံခဲ့ရသည်။ သူမ ရုတ်တရက်ပင် အကျိုးမရှိသော အခြေအနေသို့ ရောက်ရှိသွားသည်။
ချောင်ရှို့ကျီသည် ဖျော့တော့နေသော သာ့ချီကို မြင်လိုက်ရသည်။ သူမကို လုံးဝမစာနာခဲ့ပေ။
သူမကို ရိုက်ခဲ့သူမှာ အမှန်ပင် ဝမ်ချွမ်ကျီဖြစ်သည်။ သူမ ဟိုးအရင်ကတည်းက အဲ့တာကို ခန့်မှန်းမိခဲ့သည်။
ဒီအဖြစ်အပျက်ဟာ ပညာတတ်အမျိုးသမီးငယ်ရဲ့ အမှားသာဖြစ်သည်။ ချောင်ကျန်းကော်သည် အိမ်ထောင်သည်တစ်ဦးဖြစ်ကြောင်း သူမသိပြီး သူ့ကို မြူဆွယ်ရန် အစပြုခဲ့သည်။ ဒီလိုမျိုး အစောပိုင်း နှစ်အနည်းငယ်မှာ ဖြစ်ခဲ့ရင် သူမကို ဖမ်းပြီး လမ်းတွေပေါ် လှည့်လည်ပြသလိမ့်မည်။
ယခုတော့ ဝမ်ချွမ်ကျီက သူမကို ရိုက်နှက်ခဲ့သည်။ ရိုက်နှက်မှုမှာ မပြင်းထန်ပေ။ တစ်ဖက်က ဆေးရုံတက်ဖို့တောင် မလိုခဲ့ပေ။ ဒီအတိုင်းပဲ ထိုကိစ္စက နှစ်ဖက်လုံး ပြေလည်သွားခဲ့သည်။ မထင်မှတ်ပဲ သူမသည် ဝမ်ချွမ်ကျီကို ဆွဲထုတ်ချင်သေးသည်။ သူမရဲ့ ဆန္ဒကို ဘယ်လို လွှတ်ပေးထားရမှာလဲ?
စင်မြင့်အောက်က လူတွေက ပိုပိုပြီး ပေါ်လွင်လာသည်။ လူတချို့က သာ့ကျီရဲ့ ချစ်သူက ဘယ်သူလဲလို့တောင် ခန့်မှန်းနေကြသည်။
သူတို့စကားပြောနေစဉ်တွင် တစ်စုံတစ်ယောက်သည် အကြိုက်တွေ့သော ကော်ရှန်ကို ခန့်မှန်းမိခဲ့သည်။ ကော်ရှန်သည် ပညာတတ်လူငယ်ထံ တောရိုင်းပန်းများကို မကြာခဏ ပို့ပေးခဲ့သည်။ အဲဒီနေ့က သူတို့နှစ်ယောက် ရှက်စရာကောင်းတဲ့ ကိစ္စတွေကို အတူတူလုပ်နေတာ ဖြစ်နိုင်သည်။
သာ့ကျီက မခံနိုင်တော့ပေ။ သူမ ပါးစပ်ကို အုပ်ပြီး ဇာတ်ခုံပေါ်က ပြေးဆင်းသွားသည်။
သူမ ပါဝင်သည့် ကိစ္စမှ ထွက်ပြေးသွားသောကြောင့် ဝမ်ရွှေရှန်သည် အစည်းအဝေးပြီးကြောင်း ကြေညာရုံသာ ရှိသည်။