အခန်း (၁၄၈)
Vol. 12 Ch. 148
ချောင်ကျန်းကော်သည် ဝမ်ယန်ရှန်နှင့် စိတ်ဝင်စားစရာ စကားစမြည်ပြောဖူးသည်။ သူသည် တစ်ဖက်သူကို သူ့အကောင်းဆုံး သူငယ်ချင်းဟု ယူဆထားပြီးဖြစ်သည်။ သူသည် တစ်ဖက်သူကို ညစာစားဖို့ အိမ်သို့ဖိတ်ရန် ပါးစပ်ကိုပင် ဖွင့်ထားသည်။
ဤစကားကို ချောင်ဟုန်းရှ ကြားလိုက်သောအခါ သူမ၏ နှလုံးသည် တဖန်ခုန်လာသည်။
ဝမ်ယန်ရှန်ကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ သူမ မတွေးခဲ့မိပေ။
ကံကောင်းထောက်မစွာ ဝမ်ယန်ရှန်သည် ပါးနပ်သောသူတစ်ယောက် မဟုတ်ပေ။ သူက သူမမျက်နှာကို တစ်ချက်ကြည့်လိုက်ပြီး တုံပြန်ခဲ့သည်။ "အိမ်မှာ ဟင်း အဆင်သင့်ဖြစ်နေပြီ။ နောက်တစ်ခါမှ အစ်ကိုကြီးချောင်ဆီ လာစားပါ့မယ်!"
ချောင်ကျန်းကော်၏ မျက်နှာပေါ်တွင် နောင်တရသောအကြည့်တစ်ခု ပေါ်လာသည်။ "ကောင်းပြီ၊ နောက်တစ်ကြိမ်တော့ မင်းကျိန်းသေ လာစားရမယ်!”
ချောင်ဟုန်းရှ - “…..”
သူမဘဝတစ်လျှောက်လုံးတွင် သူမအစ်ကိုကြီးသည် ညစာစားရန် အခြားသူများကို ဖိတ်ခေါ်တာကို ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။ လူတိုင်းက အစ်ကိုအကြီးဆုံးသည် သူ့မိန်းမထက် အစားအသောက်ကို ဦးစားပေးတယ်ဆိုတာ သိထားသည်။
ဝမ်ယန်ရှန်သည် ချောင်မိသားစုကို နှုတ်ဆက်ပြီးနောက် အစ်ကိုအကြီးဆုံးနှင့် ထွက်ခွာသွားခဲ့သည်။
ဤမြင်ကွင်းသည် အခြားသူများ၏ မျက်လုံးထဲသို့ ရောက်သွားသည်။ ဝမ်ယန်ရှန်သည် ချောင်မိသားစု၏ လက်ထောက်အကြီးအကဲနှင့် အဆက်အသွယ်ကို စိတ်ဝင်စားနေပြီဖြစ်ကြောင်း လူအချို့က ခန့်မှန်းကြသည်။ ထို့ကြောင့် သူသည် ချောင်မိသားစုနှင့် သူငယ်ချင်းဖြစ်ခဲ့သည်။
သူသည် ချောင်ဟုန်းရှအတွက် လုပ်တာလို့ ဘယ်သူမှ မထင်ပေ။ တကယ်တော့ ချောင်ဟုန်းရှက ဝမ်ယန်ရှန်ထက် အသက်ကြီးပြီး ကွာရှင်းပြတ်စဲခဲ့သည်။ သူတို့နှစ်ဦးသည် ရှစ်ဘဝတိုင်တိုင် မပေါင်းနိုင်ခဲ့ကြပေ။
…
အပြန်လမ်းတွင် သာ့ချောင်သည် အဖွား၏လက်ကိုဆွဲကာ တိုးတိုးလေးပြောလိုက်သညယ "အဖွား၊ တတိယအဒေါ်က အခုပဲ ရှေ့ကဦးလေး ဝမ်ကို တိတ်တိတ်လေးကြည့်နေတယ်။"
ချောင်ရှို့ကျီက သူ့ဆံပင်တွေကို ဖွဖွလေးပွတ်သပ်ရင်း "သိပါတယ်။ ဒီအကြောင်းကို တခြားသူတွေကို မပြောရဘူးနော် နားလည်လား?"
သာ့ချောင်က ခေါင်းညိတ်ပြီး "နားလည်ပါတယ်။ သမီးက အဖွားကိုပဲ ပြောတာပါ!"
စားသောက်ပြီးနောက် ချောင်ရှို့ကျီသည် ချောင်ဟုန်းရှကိုရှာရန် ချောင်အိမ်လေးသို့သွားကာ သူမကို ဘာတွေဖြစ်နေတာလဲဟု မေးသည်။
ချောင်ဟုန်းရှက သူ့အမေကို ဒီလောက်ကြီး တိုက်ရိုက်ပြောဖို့ မမျှော်လင့်ထားပေ။ ခဏမျှ တုံ့ဆိုင်းသွားပြီးနောက်တွင် ဝမ်ယန်ရှန်သည် သူမနှင့် အတူရှိလိုကြောင်း သူမသည် ရှင်းပြခဲ့သည်။
ချောင်ရှို့ကျီ - "နင်ဘယ်လိုထင်လဲ?"
ချောင်ဟုန်းရှက ခေါင်းခါလိုက်ပြီး "အမေ၊ ကျွန်မ မသိဘူး။ ကျွန်မ စိတ်တွေ ရှုပ်နေတယ်။ သူက အရမ်းတော်တယ်၊ ဘာလို့ ကျွန်မကို သဘောကျနေတာလဲ ပြောပါ?"
ချောင်ဟုန်းရှသည် သူမ၏ နှလုံးသားထဲတွင် နိမ့်ကျသွားသလို ခံစားလိုက်ရသည်။
သူမသည် ကွာရှင်းပြတ်စဲခဲ့ပြီး သားတစ်ယောက်ရှိသည်။ သူမ၏ အခြေအနေသည် ဝမ်ယန်ရှန်နှင့် ဆိုးဆိုးရွားရွား ဝေးကွာနေသည်။ သူမသည် လက်မထပ်ရသေးရင်တောင် သူနဲ့မထိုက်တန်ဘူးလို့ ခံစားရသည်။
ချောင်ရှို့ကျီ - "မိသားစုအဆင့်အတန်းက တူညီတာက လိုအပ်ပါတယ်။ ဒါပေမယ့် ပိုအရေးကြီးတာက လူနှစ်ယောက်ရဲ့ ပင်ကိုယ်စရိုက်က တစ်ယောက်နဲ့တစ်ယောက် လိုက်ဖက်မှုရှိမရှိနဲ့ တစ်ယောက်ကိုတစ်ယောက် သည်းခံနိုင်မှုရှိမရှိဘဲ။ ငါ နင့်အဖေနဲ့ လက်ထပ်တုန်းက တချို့လူတွေက ငါက နင့်အဖေရဲ့ ရုပ်ရည်ကို စိတ်ဝင်စားလို့လို့ ပြောကြတယ်။ တချို့ကလည်း နင့်အဖေက အခက်အခဲတွေကို ဖြတ်ကျော်ဖို့ ငါ့ကို အသုံးချချင်တာလို့ ပြောကြတယ်။ လိုရင်းပြောရရင် ဘယ်သူမှ ငါတို့ အချိန်ကြာကြီး လင်မယားဖြစ်နိုင်မယ် မထင်ကြဘူး။ နောက်ဆုံးတော့ ရလဒ်ကဘာလဲ?”
ချောင်ဟုန်းရှက မနာလိုသလိုပုံပေါ်ပြီး "ဒါကြောင့် အမေနဲ့အဖေက တခြားစုံတွဲတွေထက် ပိုချစ်ကြတယ်!"
သူမ၏ မှတ်ဥာဏ်ထဲတွင် သူမ၏ မိဘများသည် ဘယ်တုန်းကမှ ပဋိပက္ခ မဖြစ်ခဲ့ဖူးပေ။ သူ့အမေက စိတ်ဓာတ်သန်မာသည်။ အဖေက အမြဲတမ်း နူးညံ့သည်။ သူ့အဖေက သူ့အမေကို အကြောင်းပြချက်မရှိဘဲ ထောက်ခံပေးသည်။ သူ့အမေက ဘာဖြစ်ချင်နေပါစေ သူသည် သူမကို ပံ့ပိုးပေးသည်။
သူမ၏ မိဘများ၏ ခံစားချက်ကို မနာလိုလွန်းသောကြောင့် အစပိုင်းတွင် သူမသည် ဇီဇာကြောင်နေခဲ့သည်။ နောက်ဆုံးတွင် အသုံးမဝင်သော ကျောက်ကျီဖန်ကို ကောက်ယူပြီး သူမ အဆုံးသတ်သွားသည်။
ချောင်ရှို့ကျီ - "ကံကြမ္မာအပြင် နှစ်ယောက်အတူ ရှိချင်ရင်တော့ တစ်ယောက်ကိုတစ်ယောက် သည်းခံပေးရမယ်။ ဒါပေမယ့် အရေးကြီးဆုံးက မင်းရဲ့ ဒီကံကြမ္မာကို အစပြုဖို့ပဲ။ တခြားသူတွေရဲ့ မှတ်ချက်တွေကို စိတ်ပူပြီး မင်းလက်မခံရဲဘူးဆိုရင် ကံကြမ္မာက ဘယ်လောက်ပဲ ကောင်းနေပါစေ အဲ့တာကအသုံးမဝင်တော့ဘူး။ တတိယမြောက်ဝမ်က သမက်ကောင်းတစ်ယောက်လို့ ငါထင်တယ်။ မင်းအဲ့တာကို ကိုယ်တိုင် သေချာစဉ်းစားသင့်တယ်!”
သူမသည် ပြောပြီးတာနဲ့ လှည့်ထွက်သွားသည်။ တံခါးဝကို လှမ်းကြည့်လိုက်တော့ ရွယ်ချွမ်က ချောင်အိမ်လေးကို လာခေါ်တာ တွေ့လိုက်ရသည်။
ချောင်ဟုန်းရှသည် သူမ၏ မိဘများ အတူတူ ထွက်သွားသည်ကို ကြည့်နေသည်။ ရုတ်တရက် သူမ စိတ်ထဲတွင် သတ္တိရှိလာသည်။
နောက်တစ်နေ့တွင် သူမနှင့် ဝမ်ယန်ရှန်သည် တောင်အလယ်သို့ တစ်ယောက်ပြီးတစ်ယောက် ရောက်လာသည်။
ချောင်ဟုန်းရှက သူ့ကို ချောင်းကြည့်ကာ ပြောလိုက်သည်။ "ကျွန်မ ရှင့်ကို အဖြေမပေးခင် မေးခွန်းနည်းနည်း မေးမယ်။"
ဝမ်ယန်ရှန်သည် အလွန် စိတ်လှုပ်ရှားသွားပြီး နှလုံးခုန်ထွက်လုမတတ် ဖြစ်နေသည်။ သူက ခေါင်းကို ခပ်မြန်မြန်ယမ်းပြီး "မင်း ကြိုက်သလောက် မေးခွန်းတွေ မေးလို့ရတယ်!"
ချောင်ဟုန်းရှက နှုတ်ခမ်းကို ဖွဖွကိုက်ပြီး ပြုံးလိုက်ကာ "ကျွန်မ ကွာရှင်းခဲ့တယ်ဆိုတာ ရှင်သိလား? ရှင့်မိသားစုက ရှင် ကျွန်မနဲ့ အတူနေချင်တယ်ဆိုတာ သိလား?"
မဒမ်ဝမ် ကွယ်လွန်သွားသော်လည်း လူအိုကြီးဝမ် ရှိသေးသည်။ သူလက်ခံမှာလား?
ချောင်ဟုန်းရှမှာ မျှော်လင့်ချက် ကြီးကြီးမားမားမရှိခဲ့ပေ။
ဝမ်ယန်ရှန်က ရိုးရိုးသားသား ခေါင်းခါလိုက်ပြီး "ဒီအကြောင်းကို ကျွန်တော့်မိသားစုကို မပြောဖူးဘူး။ မင်းရဲ့သဘောဆန္ဒမပါဘဲ ကျွန်တော့်မိသားစုနဲ့ စကားမပြောနိုင်ဘူး။"
နောက်ဆုံးတော့ ဒီကိစ္စက သူမရဲ့ ဂုဏ်သိက္ခာနဲ့ ပတ်သက်နေသည်။ သူမ သဘောတူသည်ဖြစ်စေ သဘောမတူသည်ဖြစ်စေ အခြားသူများ၏ ဝေဖန်ခြင်းကို မခံရစေလိုပေ။
ချောင်ဟုန်းရှသည် သူ၏ တွေးခေါ်မှုနှင့် ဂရုပြုမှုကို အံ့သြသွားခဲ့သည်။ တစ်ချိန်တည်းမှာပင် သူမ၏ နှလုံးသားသည် နွေးထွေးသွားသည်။ "ရှင့်အဖေက သဘောမတူရင် ဘယ်လိုလုပ်မလဲ?"
ဝမ်ယန်ရှန် - "ကျွန်တော် အိမ်ကနေ ထွက်လာတာ ဆယ့်တစ်နှစ်ရှိပြီ။ ကျွန်တော့်မိသားစုက ကျွန်တော့်ကိစ္စတွေကို ဆုံးဖြတ်ချက်မချနိုင်ခဲ့တာ ကြာပါပြီ။ သူသဘောမတူရင် အဖေကို စည်းရုံးဖို့ ကျွန်တော် ယုံကြည်မှုရှိတယ်။ ကျွန်တော် မင်းကို လက်ထပ်မယ်။ ကျွန်တော်တို့လက်ထပ်ပြီးရင် မင်းကို ကျွန်တော်နဲ့တူတူ စစ်တပ်ထဲကို ခေါ်သွားမယ်။ သူတို့ ဆန့်ကျင်သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ သက်ရောက်မှု သိပ်မရှိပါဘူး။"
ချောင်ဟုန်းရှ၏ မျက်နှာသည် နီမြန်းလာသည်။ သူမက သူ့ကို လက်ညိုးထိုးပြပြီး ပြောလိုက်သည်။ “ကျွန်မ... ရှင့်ကိုလက်ထပ်မယ်လို့ ဘယ်တုန်းက ပြောခဲ့လို့လဲ?"
ဤအကြည့်ကို လက်ခံလိုက်သောအခါ ဝမ်ယန်ရှန်သည် သူ့အရိုးများထိ ခံစားလိုက်ရသည်။ "တောင်းပန်ပါတယ် ကျွန်တော်က မကောင်းတဲ့သူ မဖြစ်ချင်ပါဘူး။ မင်းကို တကယ် လက်ထပ်ချင်တာပါ!"
ချောင်ဟုန်းရှ - "..."
လေထုသည် ချစ်ခြင်းမေတ္တာများ စိမ့်ဝင်သွားသည်။
နှစ်ယောက်သား လက်တစ်ကမ်းအကွာတွင် မျက်နှာချင်းဆိုင် ရပ်နေကြသည်။ သူတို့မျက်နှာတွေက မျောက်ဖင်နီတွေလို နီရဲနေသည်။
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ချောင်ဟုန်းရှက ပါးစပ်ကို ပြန်ဖွင့်လိုက်ပြီး " ကျွန်မသားက ကျွန်မကို ချောင်အိမ်ဆီ လိုက်ပို့တဲ့အကြောင်း ရှင်သိတယ်မလား?”
ဝမ်ယန်ရှန်က လျင်မြန်စွာ ခေါင်းညိတ်ပြပြန်သည်။ "ကျွန်တော်သိတယ်! ကျွန်တော်တို့ လက်ထပ်ပြီးရင် ကျွန်တော် ယိမင်လေးကို ကျွန်တော့်သားလေးတစ်ယောက်လို ဆက်ဆံပါ့မယ်။ မင်း တခြား ကလေးမလိုချင်ရင် ကျွန်တော်တို့မှာ တခြားကလေးမရှိစေရဘူး။ ကလေးတစ်ယောက်နဲ့ လုံလောက်တယ်!"
သူ့စကားကြားတော့ ချောင်ဟုန်းရှ၏ နှာခေါင်းသည် ရှုံ့လာသည်။ သူမသည် မျက်ရည်တွေ ကျလုမတတ်ဖြစ်နေသည်။
သူမသည် သူ့ကို ဘာလို့ စောစောမဆုံခဲ့တာလဲ?
သူမ၏ နီရဲနေတဲ့ မျက်လုံးတွေကို မြင်လိုက်ရတော့ သူက ချက်ချင်း ထိတ်လန့်သွားပြီး "ဘာမှားလို့လဲ? မင်းကို စိတ်မချမ်းသာအောင် ကျွန်တော် တစ်ခုခုပြောမိလို့လား? အဲ့တာကျွန်တော့် အမှားပဲ။ မင်း ကျွန်တော့်ကို ရိုက်လိုက်ချင်လား?"
ချောင်ဟုန်းရှသည် သူ့၏ ဒေါသကြောင့် ချွေးများထွက်နေသည်ကို မြင်လိုက်ရသည်။ သူမသည် နှလုံးသားထဲတွင် ချိုမြိန်စွာခံစားရပြီး ရယ်ချင်လာသည်။ သူမလက်ကို မြှောက်ကာ မျက်လုံးများကို ပွတ်သပ်ရင်း "အရူး။ ကျွန်မ ရှင်နဲ့ တွဲဖို့ သဘောတူတယ်!"
ဝမ်ယန်ရှန်က အေးခဲသွားသည်။ သူ့မျက်လုံးများက သူမကို စိုက်ကြည့်နေသည်။ သူ၏ အံ့အားသင့်နေသော အမူအရာသည် သူ့အား ပို၍ပင် ရူးနေသည့်အသွင် ဖြစ်စေခဲ့သည်။
ချောင်ဟုန်းရှသည် နောက်ဆုံးတွင် တခစ်ခစ်မရယ်ဘဲ မနေနိုင်တော့ပေ။
ဝမ်ယန်ရှန်သည် သူမ၏ ပန်းကဲ့သို့ ပွင့်လန်းနေသော မျက်နှာကို ကြည့်လိုက်သည်။ သူ့ရင်ဘတ်သည် ခဏတာ တုန်ခါနေသည်။ သူ့အသိတွေပြန်ရဖို့ အချိန်အတော်ကြာယူခဲ့ရသည်။ "ဟုန်းရှ မင်းက ငါနဲ့တွဲဖို့ သဘောတူတာလား? ငါအိပ်မက်မက်နေတာ မဟုတ်ဘူး ဟုတ်တယ်မလား?"
ချောင်ဟုန်းရှက သူ့ကို စိုက်ကြည့်ရင်း “ကျွန်မ ရှင့်ကို ကိုက်ရမလား? အဲ့တာ နာလား ကြည့်စမ်း။"
ဝမ်ယန်ရှန်က ဝမ်းသာတာထက် ပိုသည်။ ထို့ကြောင့် သူသည် မျက်နှာကို အမြန်ပိတ်လိုက်သည်။
သူက အရပ်၁.၈မီတာရှိပြီး ချောင်ဟုန်းရှက ၁.၆၅မီတာပဲ မြင့်သည်။ သူသည် သူမ သူ့ကို လိမ်ရလွယ်အောင် တမင်တကာ ငုံ့ထားလိုက်သည်။
ချောင်ဟုန်းရှသည် အသေးစိတ် သူ့ကို အာရုံစိုက်ကာ သူမ၏ နှလုံးသားသည် ပို၍ ပို၍ ချိုမြိန်လာခဲ့သည်။
ဒီတစ်ကြိမ်မှာတော့ သူမမှာ ထာဝရတည်မြဲတဲ့ ဆက်ဆံရေးတစ်ခု ရှိကောင်းရှိနိုင်ပါသည်။
သူမလက်ကိုဆန့်ထုတ်ကာ မျက်နှာကို အတင်းညှစ်လိုက်သည်။
ဝမ်ယန်ရှန်က နာကျင်မှုကို ခံစားလိုက်ရသော်လည်း သူသည် လပေါ် ရောက်နေသလိုဖြစ်သည်။
အိပ်မက်မဟုတ်ဘူး!
သူသည် ဝမ်းသာအားရ ပေါက်ထွက်လာပြီး ချောင်ဟုန်းရှကို ကောက်ချီကိုင်ပြီး သူမကို နှစ်ကြိမ် လှည့်ပတ်လိုက်သည်။
ချောင်ဟုန်းရှက လန့်သွားသည်။ သူမက သူ့ကို အပြင်းအထန် ရိုက်လိုက်သည်။ "ရှင် ဘာလုပ်နေတာလဲ? ကျွန်မကို အောက်မချသေးဘူးလား!”
ထိုမှသာ ဝမ်ယန်ရှန်သည် သူ၏ အဖုအထစ်များကို သဘောပေါက်သွားခဲ့သည်။ သူက သူမကို အမြန်ချလိုက်ပြီး "ဟုန်းရှ တောင်းပန်ပါတယ်။ ကျွန်တော် အခု အရမ်းပျော်နေတယ်!"
သူသည် ဆယ့်ငါးနှစ်သားကတည်းက သူမနဲ့ လက်ထပ်ချင်ခဲ့သည်။ သူမသည် တခြားသူနဲ့လက်ထပ်ထားတာ သူသိသွားတဲ့အခါ တိတ်တိတ်လေး ငိုခဲ့ဖူးသည်။
သူမကို ဒီဘဝမှာရဖို့ မဖြစ်နိုင်ဘူးလို့ သူထင်ခဲ့သည်။ မထင်မှတ်ပဲ နှစ်ပေါင်းများစွာကြာပြီးနောက် သူ့အိပ်မက်တွေ တကယ်ဖြစ်လာသည်။
ချောင်ဟုန်းရှသည် ဆောင်းဦးက အနီရောင်ပန်းသီးမှည့်ကဲ့သို့ နီရဲနေသည်။ သူမက သူ့ကို အကြည့်ကိုလွှတ်ပြီး "ကျွန်မ ပြန်တော့မယ်။"
ဝမ်ယန်ရှန်က သူမကို အလျင်စလိုတားလိုက်ပြီး “ဟုန်းရှ ကျွန်တော့်မှာ အားလပ်ရက် ဆယ်ရက်ပဲ ကျန်တော့တယ်။ နှစ်ရက်အတွင်း စစ်တပ်ကို ပြန်ရမယ်။ မပြန်ခင် ငါတို့ကိစ္စတွေကို ပြေလည်စေချင်တယ်။ မင်းဘယ်လိုထင်လဲ?"
ရှည်လျားသောညဆိုသည်မှာ အိပ်မက်များ/ကြာရှည်စွာ နှောင့်နှေးခြင်းများ ရှုပ်ထွေးခြင်းကို ဖြစ်ပေါ်စေသည်။
အဲဒီတုန်းက သူက အရမ်းနှေးကွေးပြီး သူမကို တခြားသူက ခေါ်သွားစေခဲ့သည်။ ဒီတစ်ခါတော့ ဘယ်ပဲဖြစ်ဖြစ် အခွင့်အရေးတွေကို သူလက်လွတ်မမခံနိုင်ပေ။
သူ စစ်တပ်ထဲ ပြန်ဝင်တော့မည်။ အဝေးကြီး ဝေးကွာနေတော့ သူ့မှာ ဘွဲ့တစ်ခု ရှိရမည်။ မဟုတ်ရင် စိတ်အေးလက်အေးနဲ့ ထွက်သွားနိုင်မှာ မဟုတ်ပေ။
ဒီခေတ်မှာ တိုက်ဆိုင်မှုလို့ ခေါ်တဲ့ ချိန်းတွေ့မှုမျိုးပေါ့။ တစ်ယောက်နဲ့တစ်ယောက် မျက်လုံးချင်းဆုံပြီး မကြာခင် သူတို့ စေ့စပ်လိုက်ကြသည် ဒါမှမဟုတ် ချက်ချင်းလက်ထပ်ကြလိမ့်မည်။
ထို့ကြောင့် ချောင်ဟုန်းရှသည် သူ့စကားကြားသောအခါ အမှားအယွင်းကို ရှာမတွေ့ခဲ့ပေ။ သူမက ရှက်ရွံ့သော မျက်နှာဖြင့် ခေါင်းညိတ်ကာ "ဒါဆို ရှင် ကျွန်မအိမ်ကို တစ်ယောက်ယောက် ပို့ပေးပါလား။"
ဝမ်ယန်ရှန်က ဆက်တိုက် ခေါင်းညိတ်လိုက်ပြီး "ကောင်းပြီ၊ ကျွန်တော်အိမ်ပြန်ပြီး ကျွန်တော့်မိသားစုကို ပြောလိုက်မယ်။ မနက်ဖြန် အိမ်ထောင်ပြုဖို့ အောင်သွယ်တစ်ယောက် သွားခေါ်လိုက်မယ်!"
ချောင်ဟုန်းရှသည် သူ့မျက်လုံးများ အလွန်တောက်လောင်နေသည်ဟု သူ့ကိုယ်သူ သတိထားမိသည်။ သူမ ခေါင်းညိတ်ကာ နောက်လှည့်ပြီး ထွက်ပြေးသွားခဲ့သည်။
တောင်ကုန်းအောက်ခြေသို့ ပြေးသွားသောအခါ သူမသည် တောင်ပေါ်က အော်သံကို ကြားလိုက်ရသည်။ "ငါ မိန်းမရပြီ။ နောက်ဆုံးတော့ ငါ့ကို ကတိပေးလိုက်ပြီ!”
ချောင်ဟုန်းရှက ရယ်လိုက်သည်။ သူမ နှလုံးသားသည် ပျားရည်ထက် ပိုချိုမြိန်တယ်လို့ ခံစားရသည်။
ချောင်အိမ်လေးကို ပြန်ရောက်တော့ လင်းဟွေ့ဟာ ချောင်ဟုန်းရှကို အရင်အချိန်တုန်းကလို နီရဲနေတဲ့ မျက်နှာနဲ့ ပြန်ပြေးနေတာကို တွေ့လိုက်ရသည်။ သူမကို မမေးဘဲ မနေနိုင်တော့ပေ။
ဒီတစ်ကြိမ်မှာတော့ ချောင်ဟုန်းရှက ဒီကိစ္စကို ဖုံးကွယ်မထားဘဲ သူမကို ပြောပြခဲ့သည်။
လင်းဟွေ့သည် နေရာတွင်ပင် အေးခဲသွားသည်။ တုန်လှုပ်ချောက်ချားသွားပြီးနောက် သူမကို စမ်းသပ်လိုက်သည်။ “ကောင်းပြီ၊ ငါက နင့်ရဲ့ အကောင်းဆုံး ဒုတိယယောင်းမလို့ နင်ပြောတယ်နော်။ အခုမှ နင်ငါ့ကို ဒီလောက် အရေးကြီးတဲ့ အရာကို ပြောနေတာလား?”
ချောင်ဟုန်းရှက ရှက်သွားပြီး "ဒုတိယယောင်းမကို မပြောချင်ဘူးတာ မဟုတ်ပါဘူး။ ဒီကိစ္စက အတုအယောင် မျှော်လင့်ချက်ဖြစ်သွားမှာ ငါကြောက်တယ်...။"
လင်းဟွေ့က ခေါင်းညိတ်ပြီး "နားလည်ပါတယ်။ နားလည်ပါတယ်။ ဟုန်းရှ ဒါက အရမ်းကောင်းတာပဲ။ ငါ တတိယဝမ်ကို ကောင်းကောင်းမသိပေမယ့် သူက နင့်အတွက် အများကြီး လုပ်ပေးဖို့ ဆန္ဒရှိတာကြောင့် နင်နောက်ကျ အရမ်းပျော်မယ်လို့ ငါယုံကြည်တယ်!"
ဝမ်ယန်ရှန်၏ အခြေအနေနှင့် ယောင်္ကျားတစ်ယောက်က ကလေးမလိုချင်ဘူးဟုပြောရန် ခက်သည်။
ချောင်ဟုန်းရှက ခေါင်းညိတ်ပြီး "သူ အရမ်းကောင်းပါတယ်။ ယိမင်လေးအတွက် နည်းနည်းတော့ စိတ်ပူတယ်။ သူက သူ့ကို လက်ခံနိုင်ပါ့မလား မသိဘူး?"
လင်းဟွေ့က လုံးဝမစိုးရိမ်ပေ။ အဲဒီအစား သူမက ပြုံးပြုံးရွှင်ရွှင်နဲ့ "ယိမင်က သူ့အစ်မ သာ့ချောင်ကို အနာဂတ်မှာ ထားမသွားချင်တော့မှာကို နင် စိတ်ပူနေသင့်တယ်လို့ ငါထင်တယ်။ ပြီးတော့ နင်နဲ့အတူ စစ်တပ်ကို မသွားချင်ဘူး!"
ဒါကိုကြားတော့ ချောင်ဟုန်းရှက မရယ်နိုင်တော့ပေ။
ယိမင်လေးနှင့် တုန်းလင်လေးတို့သည် နောက်လိုက်လေးနှစ်ယောက်လိုပင်။ နေ့နေ့ ညည အစ်မသာ့ချောင်သာဖြစ်သည်။ အနာဂတ်မှာ သူတို့ ခွဲနေမယ်ဆိုရင် တကယ်ကို ခက်ခဲပါလိမ့်မည်။