← Chapters

အခန်း (၁၅၀)

Vol. 12 Ch. 150

အခန်း (၁၅၀)

Vol. 12 Ch. 150

ဝမ်ယန်ရှန်သည် ဝမ်မိသားစုတွင် အိမ်ထောင်မပြုရသေးသော တစ်ဦးတည်းသော သားဖြစ်သည်။ သို့သော် ကွာရှင်းထားသော အမျိုးသမီး ချောင်ဟုန်းရှကို သူ မည်သို့ မျက်စိကျခဲ့သနည်း။

ဝမ်ယန်ရှန်သည် စစ်တပ်တွင် ဗိုလ်မှူးကြီးတစ်ဦးဖြစ်ကြောင်း သိထားရမည်ဖြစ်သည်။ အသက်နှစ်ဆယ့်ခြောက်နှစ်ရှိ ဗိုလ်မှူးကြီးသည် အရည်အချင်းရှိသူဖြစ်သည်။ နှစ်အနည်းငယ်ကြာလျှင် သူက ဒီ့ထက်ပိုပြီး တိုးတက်လာနိုင်လိမ့်မည်။

တကယ်တမ်းတွင် ဝမ်ယန်ရှန် ပြန်ရောက်သည်နှင့် အားလုံးက သူ့ကို ကြည့်နေကြသည်။ ဝမ်မိသားစုတွင် အသုဘ နှစ်ခု ရှိခဲ့သည်။ တစ်နှစ်အတွင်း လက်ထပ်ခွင့် မရပေ။ ထို့ကြောင့် လူတိုင်းက လာမေးရန် မဝံ့ရဲကြပေ။

ယခု ဝမ်မိသားစုသည် ချောင်မိသားစုနှင့် ဆွေမျိုးဖြစ်တော့မည် ဖြစ်သည်။ ဝမ်ယန်ရှန်မှလွဲ၍ အခြားမည်သူ့ကိုမျှ မစဉ်းစားနိုင်ပေ။

တစ်စုံတစ်ယောက်က မေးသည်။ "နင့်ရဲ့ ဝမ်မိသားစုမှာ ဘယ်သူက ချောင်မိသားစုနဲ့ ယောက္ခမဖြစ်ချင်တာလဲ?"

လျိုချွေ့ဟွားက ဖုံးကွယ်ထားရန် အစီအစဉ် မရှိပေ။ "ဒါက ဘယ်သူဖြစ်နိုင်မလဲ? ငါတို့ ဝမ်မိသားစုမှာ တတိယကလွဲလို့ သူတို့အားလုံးမှာ အိမ်ထောင်ကျပြီးသား။ ငါ့သားက ဆယ်နှစ်ပဲရှိသေးတာ။ မိန်းမယူဖို့ စောလွန်းတယ်"

ကျောက်တစ်လုံးသည် လှိုင်းထောင်ပေါင်းများစွာကို ဖန်တီးသည်။

ဒီစကား ထွက်လာသည်နှင့် အားလုံး၏ စိတ်ထဲတွင် ပေါက်ကွဲသွားသည်။

"နင်ဆိုလိုတာက တတိယဝမ်က ချောင်ဟုန်းရှကို သူ့ဇနီးအဖြစ်နဲ့ လက်ထပ်ချင်နေတာလား?"

"မဖြစ်နိုင်ဘူး။ အဲဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?"

တတိယဝမ်သည် မျက်ကန်းမဟုတ်ပေ။ သူ့ဦးနှောက်လည်း မမြုပ်သွားပေ။ ဖိနပ်ပြတ် ချောင်ဟုန်းရှကို သူ ဘယ်လိုလုပ် ကြိုက်နိုင်တာလဲ?

လျိုချွေ့ဟွားက လူတိုင်း၏ တုံ့ပြန်မှုကို ကြည့်ပြီး ပြုံးလိုက်သည်။ "ဘာလို့ မဖြစ်နိုင်ရမှာလဲ? ဟုန်းရှက လှပတယ်၊ အလုပ်ကြိုးစားတယ်၊ အရည်အချင်းရှိတယ်။ သူက အိမ်တွင်းအပြင်မှာ လက်စွမ်းကောင်းတယ်။ သူမကို လက်ထပ်တဲ့သူက တကယ်ကို ကောင်းချီးပေးခံရလိမ့်မယ်!"

"ဒါပေမယ့် သူမက ကွာရှင်းထားတာ မဟုတ်ဘူးလား? ဒါတင်မကသေးဘူး။ သူမမှာ သားတစ်ယောက်ရှိတယ်။ သူ့ရဲ့ အခြေအနေနဲ့ ဘယ်လိုလုပ် အိမ်ထောင်မပြုနိုင်မှာလဲ? ဒီလို ဖိနပ်ပြတ်ကို ဘာလို့ မျက်စိကျသွားတာလဲ?"

တတိယ​ဝမ်ကို သူ့သမက်အဖြစ် နှစ်ရှည်လများ စိတ်ဝင်စားခဲ့သော အမျိုးသမီးတစ်ဦးရှိသည်။

လျိုချွေ့ဟွားက သူမကို မော့ကြည့်ကာ ပြန်ပြောသည်။ "တစ်ခုလပ်က ဘာဖြစ်နေလို့လဲ? ကွာရှင်းပြီးရင် နောက်အိမ်ထောင်မပြုနိုင်ဘူးလား? အချိန်တိုင်း ပါးစပ်ဖွင့်လိုက်တိုင်း ပိတ်လိုက်တိုင်း ဖိနပ်ပြတ်လို့ပဲ ပြေညနေတယ်။ နင့်မှာ သတ္တိရှိရင် အန်တီရှို့ကျီရှေ့မှာ အဲဒီလိုသွားပြောပါလား!"

ထိုအမျိုးသမီး၏ မျက်နှာသည် နီမြန်းလာသည်။

လျိုချွေ့ဟွားသည် ရိုင်းစိုင်းသော ဤမိန်းမများနှင့် စကားဆက်မပြောတော့ဘဲ လူအုပ်ထဲမှ ထွက်လာသည်။

စေ့စပ်ပွဲက အရမ်းအရေးတကြီးဖြစ်ပြီး ပြင်ဆင်စရာက အများကြီးရှိသည်။ သူတို့နှင့် အရေမရ အဖတ်မရ စကားပြောရန် သူမထံတွင် အချိန်မရှိပေ။

မကြာခင်မှာပင် ဝမ်ယန်ရှန်က ​​ချောင်ဟုန်းရှကို လက်ထပ်တော့မည့် သတင်းက ထုတ်လုပ်ရေးအဖွဲ့တစ်ဖွဲ့လုံး ပျံ့နှံ့သွားသည်။ ၎င်းသည် ထုတ်လုပ်ရေး အဖွဲ့၏ အကျော်ကြားဆုံး အကြောင်းအရာ ဖြစ်လာသည်။

အချို့က ဝမ်ယန်ရှန်သည် မျက်မမြင်ဟု ထင်ကြသည်။ ရွေးချယ်မှုပေါင်း ထောင်ချီပြီးနောက် ဖိနပ်ပြတ်ကို သူရွေးချယ်ခဲ့သည်။

ဝမ်ယန်ရှန်သည် ချောင်ဟုန်းရှကို လုံးဝ စိတ်မဝင်စားကြောင်း လူအချို့က ယူဆကြသည်။ ချောင်မိသားစု၏ အဆက်အသွယ်ကြောင့်ဟု ပြောကြသည်။

မည်သို့ပင်ဆိုစေကာမူ ဝမ်ယန်ရှန်သည် ချောင်ဟုန်းရှကို သဘောကျကြောင်း မည်သူမျှ မယုံကြပေ။

ဖန်ရှောင်ကျွမ်းသည် ၎င်းကိုသိပြီးနောက် ခဏတာ အံ့အားသင့်သွားသည်။ အဘယ်ကြောင့်ဆိုသော် ဝမ်ယန်ရှန်သည် သူမ၏ ယခင်ဘဝက ချောင်ဟုန်းရှနှင့် အိမ်ထောင်မပြုဖူးသောကြောင့်ဖြစ်သည်။

ချောင်ဟုန်းရှသည် သူမ၏ နောက်ဆုံးဘဝတွင် တစ်ခါမှ ကွာရှင်းခြင်း မရှိခဲ့ပေ။ သူမ၏ သားအရူး သေဆုံးပြီးနောက် ကျောက်မိသားစုအချို့ကိုဓားဖြင့် ထိုးသတ်ပြီးနောက် သူမကိုယ်သူမ သတ်သေခဲ့သည်။ ထိုအချိန်တွင် ဤအဖြစ်အပျက်သည် ခရိုင်တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။ ချောင်မိသားစုသည် ဤအဖြစ်အပျက်ကြောင့် နှစ်ပေါင်းများစွာ ခေါင်းမထောင်နိုင်ခဲ့ပေ။

သူမ၏ယခင်ဘဝတွင် ဤအဖြစ်အပျက်ကြောင့် သူမ၏ယောက္ခမဟောင်း ရွှယ်ချွမ်သည် ပို၍ပင်ဖျားနာခဲ့သည်။ တစ်နှစ်မပြည့်ခင်မှာပင် သူဆုံးသွားသည်။ ထို့နောက် ချောာင်ရှို့ကျီက သူ့နောက်သို့ လိုက်သွားခဲ့သည်။

ဝမ်ယန်ရှန်သည် အသက်သုံးဆယ်ကျော်တွင် စစ်တပ်တွင်လက်ထပ်ခဲ့ကြောင်းကြားသိရသည်။ ထို့နောက် သူ ကွာရှင်းသွားသည်။ ကွာရှင်းပြီးနောက် သမီးတစ်ယောက်နှင့် တစ်ယောက်တည်း နေထိုင်ခဲ့သည်။ သူ့ဘဝတွင် ဘယ်တော့မှ နောက်အိမ်ထောင်မပြုခဲ့ပေ။

ဒီဘဝတွင် ပြောင်းလဲမှုများစွာ ဖြစ်ခဲ့သည်။ ချောင်ဟုန်းရှ၏ သားက မသေပေ။ ကျောက်မိသားစုတွင်မည်သူ့ကိုမျှ ဓားမထိုးခဲ့ပေ။ ယင်းအစား သူမက ကွာရှင်းခဲ့သည်။ ယခု သူမသည် ဝမ်ယန်ရှန်နှင့် လက်တွဲခဲ့သည်။

ဝမ်ယန်ရှန်နှင့် လက်ထပ်ခဲ့သည် ချောင်ဟုန်းရှနှင့် ပတ်သက်ပြီး ဖန်ရှောင်ကျွမ်းက လုံးဝမနာလိုမဖြစ်ပေ။

ဝမ်ယန်ရှန်ကို သူမ အလွန်ကြောက်သည်။ ထို့အပြင် သူမ၏ မုန့်ဟုန်းကွမ်းသည် ဝမ်ယန်ရှန်ထက် ပိုဆိုးသည်မဟုတ်ချေ။

ရက်အနည်းငယ်အတွင်း သူမက မြို့ထဲကို လက်ထပ်တော့မည်ကို သိသည့်အခါ လူတိုင်းက သူမကို ပို၍ မနာလိုဖြစ်ကြလိမ့်မည်။

ရှောင်ချောင်ကမူ...။ ချောင်မိသားစု၏ နေ့ရက်များက ပိုကောင်းလာသည်ကို မြင်ပြီး သူမ၏ မျက်လုံးက ဒေါသကြောင့် နီရဲလာသည်။

...

ထိုညမှာပင် ချောင်အိမ်ငယ်လေး၏ ဖီဖီက ထပ်ဟောင်ပြန်သည်။

ချောင်ဟုန်းရှက ဝမ်ယန်ရှန်၏ နောက်ဆုံး အဖြစ်အပျက်ကို တွေးနေသည်။ သူမက အမြန်ထပြီး ဓါတ်မီးနှင့် ထွက်လာသည်။

ခြံထဲသို့ လျှောက်လာသောအခါ ဝမ်ယန်ရှန်၏ တီးတိုးပြောသံကို ကြားလိုက်ရသည်။ သို့သော် ပီပီသည် သူနှင့် မရင်းနှီးပေ။ ထိုအစား သူက ပိုကျယ်လောင်လောင်နှင့် အော်သည်။ သူ၏ ထက်မြက်သည့် သွားများကို ထုတ်ဖော်ပြီး အရမ်းကို ကြမ်းတမ်းနေပုံပင်။

ချောင်ဟုန်းရှက အခြားလူများကို နှိုးမည်ကို ကြောက်သည့်အတွက် ဖီဖီကို ချက်ခြင်း ရပ်လိုက်သည်။ ထို့နောက် ခြံဝင်းတံခါးဆီသို့ လျှောက်လာကာ ရှက်ကိုးရှက်ကန်း မျက်နှာဖြင့် မေးသည်။ "ရှင် ဘာလို့ ဒီလောက်နောက်ကျမှာ ရောက်လာတာလဲ?"

ဝမ်ယန်ရှန်၏ မျက်လုံးများက သူမမျက်နှာပေါ်သို့ ကျရောက်လာသည်။ သူ့အကြည့်တွေက ပူလောင်နေသည်။ "မင်းကို တစ်ခုခုရှင်းပြဖို့ ငါရောက်နေတာ။ မင်းနားလည်မှုလွဲမှာကို ငါကြောက်တယ်!"

သူနှင့် လက်ထပ်တဲ့ကိစ္စက ချက်ချင်းဆိုသလို ပြန့်နှံ့သွားပြီး ထုတ်လုပ်ရေးက ကောလဟာလ အများအပြား ထွက်ပေါ်လာသည်။ ထိုကောလဟာလများကို ကြားရသည်နှင့် သူ့ကို အထင်လွဲမည်အား စိုးရိမ်နေသည်။ ထို့ကြောင့် သူမကို ဆုံးရှုံရမည်အား သူကြောက်သည်။

သူက ကုတင်ပေါ်တွင် ဟိုလှမ့်ဒီလှိမ့်နှင့် တွေးနေသည်။ တွေးလေလေ ပိုစိုးရိမ်လေလေဖြစ်သည်။ ထို့ကြောင့် မိုးမလင်းခင် လာခဲ့သည်။

ချောင်ဟုန်းရှသည် ထိုကောလာဟလများကို ကြားခဲ့သည်။ "ဒါဆို ရှင်ဘယ်လိုထင်လဲ?"

ဝမ်ယန်ရှန်က ပြန်ဖြေသည်။ "ငါလက်ထပ်ချင်တဲ့လူက မင်းပဲ၊ မင်းမိသားစုနဲ့ ဘာမှမဆိုင်ဘူး!"

ချောင်ဟုန်းရှ၏ မျက်နှာသည် နီမြန်းလာသည်။ သူမက ခေါင်းငုံ့ပြီး မျက်လုံးတွေကို မကြည့်ဝံ့ဘဲ ပြောလိုက်သည်။ "ရှင်က လိပ်ပြာလုံနေရင် သူများတွေပြောတာကို စိတ်မ၀င်စားနဲ့!"

ထိုကောလဟာလများကို သူမပထမဆုံးကြားရသောအခါတွင် စိတ်ထဲမှာ သံသယအချို့ရှိနေခဲ့သည်။ သို့သော် မကြာခင်မှာ ပျောက်သွားသည်။

ချောင်မိသားစုနှင့် ရှန်းမိသားစုတို့သည် မွေးစားမိသားစုများ ဖြစ်ကြသည်။ ချောင်မိသားစုသည် ရှန်းမိသားစုကို အကူအညီတောင်းမည် မဟုတ်ပေ။ ရှန်းမိသားစုက ဆန္ဒရှိလျှင်ပင် စစ်တပ်ကိစ္စများတွင် ဝင်ရောက်စွက်ဖက်နိုင်မည် မဟုတ်ပေ။

ထို့ကြောင့် ထုတ်လုပ်ရေးအဖွဲ့မှလူများက သူမ 'ဖိနပ်ပြတ်' သည် ထိုလူကောင်းကို လက်ထပ်ပြီး နေရာတိုင်းတွင် ချိုမြိန်သောစကားများပြောနိုင်သည်ကို မနာလိုဖြစ်ခဲ့ကြသည်။

ဝမ်ယန်ရှန်က တုံ့ပြန်မှုကို ကြားသောအခါ သက်ပြင်းတစ်ချက်ချလိုက်သည်။ "မင်း နားလည်တာ ကောင်းပါတယ်။ မင်း နားလည်မှုလွဲမှာကို ငါကြောက်တယ် ပြီးတော့ မင်း ငါ့ကို လက်ထပ်တော့မှာ မဟုတ်ဘူး!"

သူ ဘယ်လောက်ထိ တုန်လှုပ်နေလဲ ကြည့်လိုက်ပြီး ချောင်ဟုန်းရှက ရယ်မောလိုက်သည်။ "ဘာလို့ စိတ်တွေ ရှုပ်နေတာလဲ? ကျွန်မက ရှင့်ကို လက်မထပ်ရင်တောင် ရှင့်ရဲ့ အခြေအနေနဲ့ ဘယ်မိန်းကလေးကိုမဆို လက်ထပ်နိုင်တယ်။ ရွာသားတွေက ရှင်က မျက်ကန်းလို့ ပြောတာကို မကြားဘူးလား?"

ဝမ်ယန်ရှန် - "မင်းကိုပဲ ငါ့ဇနီးအဖြစ်နဲ့ လက်ထပ်ချင်တယ်။ ဘယ်လောက်ပဲ ထူးချွန်ပါစေ တခြားသူကို ငါမလိုချင်ဘူး!"

ဒီလိုပြောပြီးနောက် သူ့မျက်နှာက နီရဲလာသည်။

ချောင်ဟုန်းရှ၏ မျက်နှာသည် အလွန်ပူနေပြီး ကြက်ဥကိုပင် ကြော်နိုင်သည်။ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။ သူတို့နှစ်ယောက်ကြားက ချစ်စဖွယ် ခံစားချက်က ပူလောင်လာသည်။

ဖီီဖီက သူ့မျက်လုံးကြီးတွေကို ဖွင့်ကြည့်လိုက်သည်။ သူသည် နှစ်ယောက်သား၏ မျက်နှာကို စူးစူးဝါးဝါး ကြည့်နေမိသည်။

လင်းဟွေ့က နိုးလာသည်မှာ ကြာပြီ။ သူတို့နှစ်ယောက် စကားပြောခွင့်ရရန် တမင်တကာ မထွက်လာပေ။ အချိန်အတော်ကြာအောင် စောင့်ပြီး ချောင်ဟုန်းရှက မလာသေးသဖြင့် သူမကို သတိပေးလိုက်ရသည်။ "ဟုန်းရှ၊ အပြင်မှာ ဘယ်သူရှိလဲ?"

ထိုမှသာ ချောင်ဟုန်းရှသည် အာရုံပြန်ရလာသည်။ "ဘယ်သူမှ မဟုတ်ဘူး။ ဖီဖီက လျှောက်ဟောင်နေတာ" ဟု အပြစ်ရှိစိတ်ဖြင့် ပြန်ပြောသည်။

စွပ်စွဲခံရသူ ဖီဖီက ဒေါသတကြီးဖြင့် ဝူး ဝူး ဟု အော်သည်။

ချောင်ဟုန်းရှက ပြန်လှည့်ပြီး "မြန်မြန်ပြန်တော့" ဟု ပြောလိုက်သည်။

ဝမ်ယန်ရှန်က သူမကို ကြည့်နေတုန်းပင်။ "မင်း စောစောအနားယူဦး။ မနက်ဖြန် ငါပြန်လာမယ်!"

"ကောင်းပြီ"

...

နောက်တစ်နေ့တွင် ဝမ်ယန်ရှန်သည် ချောင်အိမ်သို့ စေ့စပ်ပွဲလုပ်သည့်နေ့ဖြစ်သည်။ နဂါးလှေပွဲတော်လည်း ဖြစ်သည်။

ဝမ်ယန်ရှန်သည် အမှန်တကယ်ပင် အရည်အချင်းပြည့်ဝသူဖြစ်သည်။ အချိန်တိုတိုလေးဖြင့် သူသည် များစွာသော အရာများကို ရနိုင်သေးသည်။

ဆေးလိပ်၊ အရက်၊ နွားနို့နှစ်ဗူး၊ ကလေးကြိုက်သည့် လိမ္မော်သီးစည်သွပ်ဘူးနဲ့ ဝက်သားဂျင်း ဒါဇင်ပေါင်းများစွာ ပါဝင်သည်။ ဤစေ့စပ်ပွဲသည် အလွန်ဆွဲဆောင်မှုရှိသည်။

ရွာရှိ လူများက လွယ်အိတ်ကြီးနှင့် လွယ်အိတ်သေးလေးများ ထမ်းထားသည့် ဝမ်ယန်ရှန်ကို မနက်စောစောကတည်းက ချောင်အိမ်ဟောင်းတံခါးဝတွင် သတိထားမိလိုက်သည်။ သူတို့၏ နှလုံးသားများသည် ချဉ်ခြင်းများဖြင့် ပွက်ပွက်ဆူလာသည်။ မိန်းကလေးအချို့၏ အမြင်အာရုံမှာ ဒေါသကြောင့် နီရဲသွားသည်။

ချောင်ဟုန်းရှသည် ယနေ့ ၀တ်စုံအသစ်ကို အထူးဝတ်ထားသည်။ ဝမ်ယန်ရှန် လာနေသည်ကို သူမက မြင်ပြီး အဝေးက လှည့်ကြည့်ပြီး အလုပ်လုပ်ရန် မီးဖိုချောင်ထဲ ဝင်သွားသည်။

ဝမ်ယန်ရှန်သည် သူမ၏ သွယ်လျသော ကျောပြင်ကို ကြည့်နေသည်။ သူ့နှလုံးသားက ပူလောင်သွားသည်။ သူ့အိမ်သို့ ချက်ချင်းလက်ထပ်ရန် မစောင့်နိုင်တော့ပေ။

ချောင်ရှို့ကျီနှင့် ရွှယ်ချွမ်က စားပွဲပေါ်မှ လက်ဆောင်အိတ်များကို ဂရုမစိုက်ပေ။ ဝမ်ယန်ရှန်၏ အချိန်တိုလေးအတွင်း များစွာသော အရာများကို ပြင်ဆင်နိုင်စွမ်းသည် သူ့စွမ်းရည်ကို သက်သေပြရုံသာမက ဟုန်းရှကို တန်ဖိုးထားကြောင်း ပြသနေသည်။

ထို့ကြောင့် နှစ်ယောက်လုံး အရမ်းကျေနပ်သွားသည်။

သူ့အနာဂတ် ယောက္ခမလင်မယားကို မျက်နှာမူပြီး ဝမ်ဟန်ရှန်က တုန်လှုပ်သွားပြီး လက်ဖဝါးတွင် ချွေးထွက်နေသည်။ "အဖေ၊ အမေ၊ နောင်ကျရင် ဟုန်းရှကို ကောင်းကောင်း ဆက်ဆံပ့ါမယ်။ သူတို့ သားအမိအတွက် ကျွန်တော် အကောင်းဆုံးဖြစ်အောင် လုပ်မယ်"

ဘေးနားရှိ ချောင်ကျန်းကော်က ရယ်မောရင်း ပြောသည်။ "တတိယဝမ်၊ မင်းက လက်မထပ်ခင် ပြောင်းခေါ်နေပြီ။ နောင်မှာ မင်း ကြက်မ ဆိတ်ခံရမယ်!"

ဝမ်ယန်ရှန်၏ ဂျုံရောင်မျက်နှာသည် နီမြန်းသွားသည်။ "ကြက်မကိုက်တာ မဆိုးပါဘူး"

ချောင်ဟုန်းရှက ပြောသည်။ "မင်းပြောခဲ့တာတွေကို မှတ်မိပြီး သားအမိကို ကောင်းကောင်းဆက်ဆံနိုင်မယ်လို့ မျှော်လင့်ပါတယ်။ သူတို့ကို ဆိုးဆိုးရွားရွား ဆက်ဆံရဲရင် ငါ့လက်သီးက မင်းအပေါ် ဘယ်တော့မှ ယဉ်ကျေးမှာမဟုတ်ဘူး!"

ဝမ်ယန်ရှန်သည် ယောက္ခမဖြစ်သူ၏ လက်သီးချက်အား မြင်လိုက်ရပြီး လက်သီးချက်ဖြင့် အရိုက်ခံရသည်ဟု ကောလာဟလသတင်းများထွက်ပေါ်နေသော တောဝက်ကို တွေးလိုက်မိသည်။ သူ့တစ်ကိုယ်လုံး တင်းမာလာပြီး လျင်မြန်စွာ ခေါင်းညိတ်လိုက်သည်။ "အမေ၊ စိတ်မပူနဲ့၊ ကျွန်တော် ကတိတည်ပါ့မယ်"

ချောင်ရှို့ကျီက ကျေနပ်သွားသည်။ "နေ့လည်စာစားဖို့ ဆက်နေပါ"

ဝမ်ယန်ရှန်သည် ဤစကားကိုကြားသောအခါ အလွန်စိတ်သက်သာရာရသွားသည်။ သူအောင်မြင်သွားပြီ!

သူထွက်လာပြီးနောက် ချောင်ဟုန်းရှကို သွားရှာသည်။

ချောင်ဟုန်းရှသည် မိသားစုရှေ့တွင် သူနှင့်စကားပြောရန် အလွန်ရှက်နေပြီး သူ့ကို နှင်ထုတ်လိုက်သည်။ သူ့အနာဂတ်သားလေးကို စိတ်ကျေနပ်အောင်သာ သွားလုပ်နိုင်သည်။

ယိမင်လေးသည် ယခုအချိန်တွင် သာ့ချောင်နောက်သို့ လိုက်နေသည်။ သူတို့အဖွဲ့သည် စမ်းချောင်းဘေးတွင် ငါးဖမ်းသွားကြသည်။

ဝမ်ယန်ရှန်က အနားရောက်လာပြီး မေးသည်။ "ကလေးတို့ ငါးဖမ်းဖို့ ကြိုးစားနေတာလား? ဦးလေးကို ကူညီစေချင်လား?"

သာ့ချောင်က ခေါင်းမော့ပြီး "ဦးလေးက အရမ်းတော်လား?" ဟု တိုးတိုးလေးပြောသည်။

ဝမ်ယန်ရှန်သည် သူ့ရှေ့တွင် ချောမောလှပသော အသားအရည်ရှိပြီး စပျစ်သီးအမည်းရောင် မျက်လုံးကြီးများကို မြင်လိုက်ရသည်။ ကျေးလက်မှာ ဒီလို ရုပ်ရည်ချောမောသည့် သားသမီးများ ဘယ်လိုရှိသလဲဟု သူက အံ့ဩသွားသည်။

သူက "ဦးလေးက ဒီလိုပါပဲ" ဟု ကျိုးနွံစွာ ပြန်ဖြေသည်။

ယိမင်လေးက ပြောသည်။ "ကောင်းပြီ အခြေခံအားဖြင့် မကောင်းဘူးလို့ မဆိုလိုပါဘူး။ မျှော်လင့်ထားသလိုပဲ။ ဦးလေးက အစ်မသာ့ချောင်လောက် တော်မှာ မဟုတ်ဘူး!"

ယိမင်၏ မျက်လုံးထဲတွင် သူ့အစ်မကြီးသာ့ချောင်ကို ဘယ်သူမှ မနိုင်ပေ။ သူမသည် မည်သည့်အရာတွင်မဆို အကောင်းဆုံးဖြစ်သည်။

ဝမ်ယန်ရှန်က ထိုင်ချလိုက်ပြီး စိတ်ရှည်ရှည်နှင့် ပြောသည်။ "ဦးလေးက မင်းအစ်မလောက်မတော်ဘူး။ ဒါပေမယ့် မင်းနဲ့လိုက်ချင်တယ်၊ ရမလား?"

ယိမင်က မျက်လုံးလေးကိုမှိတ်ကာ ခဏလောက် စဥ်းစားပြီး ပြောသည်။ "ကောင်းပြီ၊ ဒါပေမယ့် ဦးလေးက မပြေးနဲ့။ အစ်မသာ့ချောင်ရဲ့ စကားကို နားထောင်ရမယ်။ နားလည်လား?"

နာခံမှုရှိရန် သင်ကြားပို့ချခံရသော ဝမ်ယန်ရှန်သည် ချွေးများထွက်နေသည်။ အဆုံးတွင် သူ 'နာခံမှု' ဖြင့် ခေါင်းညိတ်ကာ "ကောင်းပြီ" ဟု ပြောသည်။

ယိမင်က သူ့ကို ပုခုံးပေါ် ပုတ်ပြီး ပြောသည်။ "တော်တယ်။ နောက်မှ ဦးလေးကို သကြားလုံး ပေးမယ်"

ဝမ်ယန်ရှန် - "..."

All Chapters