အခန်း (၁၅၁)
Vol. 12 Ch. 151
ဤနေ့တွင် ထုတ်လုပ်ရေးအဖွဲ့မှ လူအများအပြားသည် ချောင်မိသားစု၏ ကလေးများနှင့်အတူ ဝမ်ယန်ရှန်ကို စမ်းချောင်းဘေးတွင် တွေ့ကြသည်။ သူ့မျက်နှာတွင် စိတ်မရှည်သည့် အရိပ်အယောင် မတွေ့ရပေ။ ထိုအစား သူက ချောင်မိသားစုနှင့် လိုက်ဖက်နေသည်။
ဝမ်ယန်ရှန်သည် ပုဇွန်လုံးဖမ်းရာတွင် ကျွမ်းကျင်သည်။ ကံမကောင်းစွာနှင့် သာ့ချောင်က ပိုကံကောင်းသည်။ သူမအဲဒီမှာရပ်နေသရွေ့ ပုဇွန်လုံးများက သူ့မဆီ သွားပြီး သူမပစ်ထားသည့် ဝါးတောင်းထဲကို ဝင်သွားသည်။
"ညီမလေးသာ့ချောင်၊ မင်းက အရာအားလုံးရဲ့ ချစ်ခြင်းမေတ္တာကို ခံရတာပဲ။ သတ္တဝါတွေတောင် မင်းကိုတွေ့တဲ့အခါ အလိုအလျောက် ပြေးလာကြတယ်!"
အန်းပင်းသည် မနာလိုဖြစ်နေသည်။ သူ့မှာ ဘာလို့ အဲဒီလို အရည်အချင်းမရှိလဲ?
သာ့ချောင်က နားမလည်ပေ။ သို့သော် ဒီပုဇွန်လုံးများကို မြင်လိုက်သည်နှင့် သူမ၏ မျက်လုံးက လခြမ်းလေးလို ရွှင်မြူးစွာနှင့် ဘယ်လိုစားရမလဲကို စိတ်ထဲတွေးနေမိသည်။
ထုတ်လုပ်ရေးအဖွဲ့ရှိ အခြားမိသားစုများမှ ကလေးများသည်လည်း ငါးဖမ်းရန် လာရောက်ကြသည်။ သို့သော် ချောင်မိသားစုနှင့် ယှဉ်လျှင် သူတို့၏ ကံကြမ္မာက တကယ့်ကို ဆိုးရွားနေသည်။ အများစုက အနည်းငယ်မျှသာ ဖမ်းမိကြသည်။ သူတို့သည် ချောင်မိသားစုကို အလွန်မနာလို ဖြစ်ကြသည်။
ပုဇွန်လုံးနှစ်ခြင်းကို ဖမ်းပြီးနောက် ချောင်မိသားစု၏ ကလေးများသည် ကျေနပ်စွာ အိမ်သို့ ပြေးသွားကြသည်။
သာ့ချောင်သည် မီးဖိုချောင်ထဲသို့ ဝင်ကာ လူတိုင်းစားရန် ပုဇွန်အစပ်ကို ပြုလုပ်သည်။ အရသာက အရမ်းမွှေးပြီး လူတိုင်းလျှာကို မျိုချလုနီးပါးပင်။
နေ့လယ်စာစားပြီးနောက် သာ့ချောင်သည် ကောက်ညှင်းဖက်ထုပ်သုံးလုံးနှင့် ပုဇွန်အိုးငယ်ဖြင့် ဝက်ခြံသို့ တိတ်တဆိတ်သွားသည်။
အစားအစာအများကြီးကို မြင်ပြီး ဟော်ချီက တံတွေးမျိုချလိုက်သည်။ "မင်း ဒါကို လုပ်ထားတာလား?"
သာ့ချောင်သည် သူမ၏ သေးငယ်သော ရင်ဘတ်ကို ဂုဏ်ယူစွာ ညွှန်ပြသည်။ "ညီမအဖိုးဆီက ဟင်းချက်နည်းကို သင်ယူခဲ့တာ အံ့သြစရာပဲ!"
ဟော်ချီက သူမကိုယ်သူမ ချီးကျူးနေသည်ကို မြင်တိုင်း ရယ်ချင်လာသည်။ "မင်းက အရမ်းဆိုးတာပဲ။ မင်းရဲ့လူကြီးက မင်းကို မထောင်လွှားဖို့ သင်ပေးခဲ့ပေးဘူးလား?"
သာ့ချောင်က ရှည်လျားပြီး ထူထပ်တဲ့ မျက်တောင်တွေကို မှိတ်ထားရင်း ပြောသည်။ "ဒါပေမယ့် အဖွားက ညီမက ယုံကြည်မှုရှိတယ်လို့ ပြောတယ်။ အပြစ်မတင်ဘူး။ ပြီးတော့ ညီမက အံ့သြစရာကောင်းတယ်။ ကိုယ်ကိုယ်ကို ဘာလို့ မချီးမွမ်းနိုင်ရတာလဲ?"
၎င်းက အတော်လေး ကျိုးကြောင်းဆီလျော်ပုံပင်။ ဟော်ချီသည် ထိုမေးခွန်းကြောင့် ချက်ချင်းပင် စကားမပြောနိုင်တော့ပေ။
ဝက်ခြံမှ ပြန်လာသောအခါ သာ့ချောင်သည် ပဉ္စမအဒေါ်ဖြစ်သူ၏ လက်ထဲတွင် ကောက်ညှင်းဖက်ထုပ်နှစ်ထုပ်ကို ကိုင်ဆောင်ကာ ဆေးခန်းဆီသို့ လျှောက်သွားသည်ကို တွေ့လိုက်ရသည်။
သူမကို ခေါ်သော်လည်း ကံမကောင်းစွာဖြင့် တစ်ဖက်က မကြားလိုက်ပေ။ ထို့ကြောင့် သူမက လက်လျှော့လိုက်သည်။
ချန်ချောင်ချောင်က ဆေးခန်းတံခါးကိုဖွင့်လိုက်သည်နှင့် သူမကို အတွင်းလူက ဆွဲခေါ်သွားသည်။
"ရှင်ဘာလုပ်နေတာလဲ? လူတွေမြင်ရင် မကောင်းဘူး!"
ထျန်းကျန်းမင်က ခေါင်းငုံ့ပြီး သူမ၏ နှုတ်ခမ်းကို ကိုက်လိုက်သည်။ "ဘာကိုကြောက်နေတာလဲ? ဒီအချိန်မှာ ဘယ်သူဆေးခန်းလာမှာလဲ?" ဟု ရယ်မောလိုက်သည်။
ချန်ချောင်ချောင်က ကြောက်လန့်သွားပြီး သူမ၏ နှလုံးသားက ချိုမြိန်နေသလို ခံစားရသည်။ "တံခါးကို အရင် သော့ခတ်လိုက်။ မဟုတ်ရင် ကျွန်မကို မထိနဲ့!"
"ကောင်းပြီ ကိုယ့်ရဲ့ဘိုးဘေးလေး။ ကိုယ် တံခါးသော့ခတ်လိုက်မယ်" ထျန်းကျန်းမင်က သူမကို လက်မလွှတ်ခင် ထပ်မံနမ်းလိုက်သည်။ သူလှည့်ပြီး တံခါးကို သော့ခတ်လိုက်သည်။
တံခါးကို သော့ခတ်ပြီးနောက် သူသည် ချန်ချောင်ချောင်ကို ခေါ်၍ အတွင်းခန်းထဲသို့ လျှောက်သွားသည်။
မကြာမီ အဆောင်ထဲတွင် မျက်နှာနီရဲပြီး အော်ဟစ်သံ ထွက်ပေါ်လာသည်။
သာ့ချောင်သည် ချောင်အိမ်ဟောင်းသို့ ပြန်သွားသောအခါ အရေးကြီး သတင်းတစ်ခုကြားလိုက်ရသည်။ အနာဂတ် တတိယဦးလေးက သူတို့ကို ဓါတ်ပုံရိုက်ရန် မြို့သို့ ခေါ်သွားမည်ဖြစ်သည်။
သာ့ချောင် ဝင်လာသည်နှင့် တစ်ပြိုင်နက် ဖက်ထုပ်သေးသေးလေးနှစ်ကောင် ယိမင်နှင့် တုန်းလင်လေးတို့သည် တကောက်ကောက်လိုက်ပြီး "အစ်မ သာ့ချောင် ဦးလေးဝမ်က ဓာတ်ပုံရိုက်ဖို့တွက် သားတို့ကို မြို့ခေါ်သွားမယ်တဲ့!”
သာ့ချောင်က မျက်တောင်တွေ ခတ်ပြီး မေးလိုက်သည်။ "ဘာလို့ ဓာတ်ပုံရိုက်ရမှာလဲ?”
ဒီစာကြောင်းလေးက ဖက်ထုပ်သေးသေးနှစ်ကောင်ကို ချက်ချင်း ရပ်တန့်လိုက်စေသည်။ သူတို့၏ မျက်လုံးလေးများထဲတွင် ရှုပ်ထွေးမှုများ လှည့်ပတ်လာသည်။
ဒီလိုမျိုးမြင်တော့ လူတိုင်းက မရယ်မောဘဲ မနေနိုင်ကြတော့ပေ။
လင်းဟွေ့က ရောက်လာပြီး "ဓါတ်ပုံရိုက်ရတာက မင်းရဲ့မျက်နှာကို ကင်မရာနဲ့ဆွဲသလိုပါပဲ ဒါပေမယ့် အဲ့တာက ပန်းချီနဲ့မတူဘူး။ ကင်မရာနဲ့ရိုက်တဲ့ပုံတွေက တကယ့်လူတွေပဲ"
“ဝိုး အံ့သြစရာပဲ!" သာ့ချောင်က သူမရဲ့ အံဩမှုကို ဖော်ပြခဲ့သည်။ ဤကမ္ဘာတွင် မှော်ဆန်တဲ့ အရာတစ်ခုရှိသည်။
"အံ့သြစရာပဲ။ အံ့သြစရာပဲ!" နောက်လိုက်နှစ်ယောက် ယိမင်နှင့် တုန်းလင်တို့သည် လျင်မြန်စွာ သံယောင်လိုက်ကြသည်။
တကယ်တော့ သူတို့သည် အဲ့တာက ဘယ်လောက်တောင် အံသြစရာ ကောင်းမှန်း နားမလည်ခဲ့ပေ။ ဘာပဲဖြစ်ဖြစ် အစ်မသာ့ချောင်က အံ့သြစရာကောင်းတယ်လို့ ပြောတဲ့အတွက် အံ့သြစရာပဲဖြစ်ရမည်။
ဝမ်ယန်ရှန်က ရောက်လာပြီး ကလေးတွေကို မေးလိုက်သည်။ "ဒါဆို မင်းတို့သွားချင်လား?”
"သွားချင်တယ်!"
"သားသွားချင်တယ်!"
"သားလည်းသွားမယ်!"
ကလေးများ တစ်ယောက်နှင့် တစ်ယောက် စကားများနေသဖြင့် အိမ်ခေါင်မိုး လန်တော့မည်။
ဝမ်အာလေးက မဖြေတာကိုမြင်တော့ လင်းဟွေ့က စမ်းသပ်လိုက်သည်။ "ဝမ်အာလေး သမီးရောဘယ်လိုလဲ? သွားချင်လား?"
ဝမ်အာလေးသည် သူမ၏ နှုတ်ခမ်းများကို ရှုံ့လိုက်ပြီး သာ့ချောင်၏ နောက်တွင် ရှက်ရွံ့သော သတ္တဝါလေးတစ်ကောင်လို ပုန်းနေလိုက်သည်။
ထိုအချိန်တွင် ဝမ်အာ၏ စိတ်နေစိတ်ထားမှာ အလွန်ပြောင်းလဲသွားသည်။ သာမန်ကလေးတစ်ယောက်လို လူတွေနဲ့ မဆက်ဆံပေမယ့် အနည်းဆုံးတော့ တခြားသူတွေရဲ့ စကားကို တုံ့ပြန်နိုင်သည်။ ထို့အပြင် သူမသည် သာ့ချောင်ကို သဘောကျသည်။
ဆိုလိုတာက သာ့ချောင်မှာ နောက်လိုက်သုံးယောက်ရှိသည်။ သူမအဖွဲ့သည် သိသိသာသာ ကြီးထွားနေဆဲဖြစ်သည်။
သာ့ချောင်က သူ့ညီမရဲ့လက်ကို ဆုပ်ကိုင်လိုက်ပြီး သူမကို နူးနူးညံ့ညံ့လေး မေးလိုက်သည်။ "ဝမ်အာလေး မင်းအစ်မနဲ့ လိုက်ချင်လား?"
ဝမ်အာလေးသည် သူမဘယ်သွားရမလဲ ဘာလုပ်ရမှန်းမသိပေ။ အစ်မသာ့ချောင်နဲ့ အတူရှိနေသရွေ့ သူမ အရမ်းပျော်နေမှာဖြစ်သည်။ ထို့ကြောင့် သူမက ပေါ့ပေါ့ပါးပါး ခေါင်းညိတ်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။ "သွားချင်တယ်။"
ချောင်ကျန်းမင်သည် ဤကဲ့သို့သော ဝမ်အာလေးကို မြင်လျှင် သူသည် ဝမ်းသာလွန်း၍ သူ ငိုမိလိမ့်မည်။
ကလေးတွေ အများကြီးသွားတာကြောင့် ချောင်ရှို့ကျီက နောက်ကလိုက်ရသည်။ လူကြီးနှစ်ယောက်ဖြစ်တဲ့ ချောင်ဟုန်းရှနှင့် ဝမ်ယန်ရှန်က သူတို့ကို လုံလုံလောက်လောက် ဂရုမစိုက်နိုင်ပေ။
ရွယ်ချွမ်က သူ့မိန်းမဆီလာပြီး ပြောသည်။ "ကိုယ်တို့ အတူတူ ဓါတ်ပုံမရိုက်ဖူးဘူး။ နောက်မှ ကိုယ်တို့ မင်္ဂလာဆောင်ဓာတ်ပုံ ရိုက်ရအောင်။”
အစပိုင်းတွင် ချောင်ရှို့ကျီသည် ဓာတ်ပုံရိုက်ရန် အစီအစဉ်မရှိခဲ့ပေ။ ဒါပေမယ့် အခု ခင်ပွန်းဖြစ်သူရဲ့ အကြံပြုချက်ကို ကြားပြီးတာနဲ့ ချက်ချင်း သဘောတူလိုက်သည်။ "ကောင်းပြီ၊ ငါအထဲဝင်ပြီး ဆေးကြောလိုက်မယ်။ တစ်ကိုယ်လုံး ညစ်ပတ်တာတွေ ဖုံးနေလို့ မရဘူး။"
ချောင်ကျန်းကော်က သူ့မိဘတွေ လိုက်သွားတာကို မြင်ပြီး တူတူလိုက်ချင်ခဲ့သည်။ ကံမကောင်းစွာနဲ့ပဲ အဲဒီတုန်းက အိမ်မှာ ဘယ်သူမှ မကျန်တော့ပေ။ ဒါကြောင့် သူ့ကိုနေခိုင်းခဲ့သည်။
လူတိုင်းက ဓာတ်ပုံရိုက်သွားကြတာကို မြင်လိုက်ရတော့ ဝမ်ချွမ်ကျူက စိတ်ထဲမှာ အရမ်းမသက်မသာဖြစ်ပြီး "ငါ့ကို တစ်ယောက်တည်း အိမ်မှာထားခဲ့တာ ငါ့စိတ်က မထိခိုက်ဘူးလား?"
ချောင်ကျန်းကော်က သက်ပြင်းချပြီး "အဲဒါကို တွေးကြည့်တော့ မင်းအပြစ်ပဲလေ။ လူတိုင်းက ဓာတ်ပုံရိုက်သွားတော့ မင်းကို တစ်ချိန်လုံး မီးတွင်းထဲမှာ ချုပ်နှောင်ထားရမှာလေ။ ငါသွားတောင် မသွားရဘူး!"
အဲ့တာက သူမ ကလေးမွေးဖို့ ဆုံးဖြတ်ခဲ့တာကြောင့်လား?
ဝမ်ချွမ်ကျီသည် သူမယောင်္ကျား၏ စကားကြောင့် သေလုနီးပါး ဒေါသထွက်နေခဲ့သည်။ သူမ အသက်ပြင်းပြင်းရှူပြီး "ကျန်းကော် ငါတို့အရင်က မင်္ဂလာဆောင်ဓာတ်ပုံမရိုက်ဖူးဘူး။ ငါ ချုပ်နှောင်ထားလို့ ပြီးသွားတဲ့အခါ ဘာလို့ ငါတို့ တစ်ပုံလောက် မရိုက်ရမှာလဲ?”
ချောင်ကျန်းကော်သည် သူမ၏ရုပ်သွင်ကို တစ်ချက်ကြည့်လိုက်သည်။ သူမသည် ကိုယ်အလေးချိန် ပြန်တက်လာသည်။ သူက ခေါင်းယမ်းလိုက်ပြီး "အဲ့တာကို မေ့လိုက်။"
ဒါက ဘာကို ဆိုလိုတာလဲ။ သူမရဲ့ ကြည့်ရဆိုးတဲ့ပုံစံကို သူက ရှုတ်ချနေတာလား?
ဝမ်ချွမ်ကျီသည် သွေးအန်လုမတတ်ဖြစ်သွားသည်။
အဖွဲ့က ထွက်သွားသည်။ သူတို့ကျန်းမာရေးဌာနကို ဖြတ်သွားတဲ့အခါမှာ ချောင်ဟုန်းရှက "ချောင်ချောင်ရှိသေးလား မသိဘူး ငါတို့ ဘာလို့ဝင်ပြီး သူ့ကို အသိမပေးတာလဲ?”
ချန်ချောင်ချောင်က သူ့သမီးဝမ်အာကို ဂရုမစိုက်ပေမယ့် သူတို့က ဝမ်အာလေးကို ခေါ်သွားကြောင်း သူမကို ပြောပြတာက ပိုကောင်းသည်။ နောက်ကျ ပဋိပက္ခဖြစ်တာ နည်းတာပေါ့။
ချောင်ရှို့ကျီက ခေါင်းညိတ်ပြီး "ဒါဆို သမီး သွားလိုက်။ ငါတို့ နင့်ကို ဒီမှာစောင့်နေမယ်။"
ချောင်ဟုန်းရှသည် အသိအမှတ်ပြုကာ နှစ်လှမ်းလှမ်းပြီးနောက် ဝမ်ယန်ရှန်က သူမနောက်ကို လိုက်လာသည်ကို တွေ့လိုက်ရသည်။
“အဲ့ကို ကျွန်တော် မင်းနဲ့တူတူ လိုက်ခဲ့မယ်။" ဝမ်ယန်ရှန်က သူမကိုကြည့်ကာ ပြောလိုက်သည်။
ချောင်ဟုန်းရှသည် မျက်လုံးများ ခတ်လိုက်ကာ မြေပြင်ကိုကြည့်ပြီး ပြောလိုက်သည် "ခြေနှစ်လှမ်းလောက်ပဲဝေးတာပါ။ လိုက်ပို့ဖို့ လိုလို့လား?”
ဝမ်ယန်ရှန်၏ နားရွက်များသည် ပူထူသွားသည်။ "တကယ်တော့ ကျွန်တော် မင်းကို စကားနည်းနည်း ထပ်ပြောချင်တာ။”
မနက်ဖြန် သူသည် စစ်တပ်ထဲ ပြန်ဝင်မည်။ ဒီခွဲခွာခြင်းသည် အိမ်ထောင်ပြုသည်အထိ ကြာရှည်နိုင်သည်။ ဒါကြောင့် သူမနဲ့ ဆက်ဆံဖို့ အခွင့်အရေးတိုင်းကို ဆုပ်ကိုင်ထားရမည်။
ချောင်ဟုန်းရှသည် သူ့စကားကြားသောအခါ သူမ၏ နှုတ်ခမ်းထောင့် အနည်းငယ် မြင့်တက်သွားသည်။ သူမနှလုံးသားသည် ပျားရည်စားသလိုမျိုး ချိုမြိန်မှုကို ခံစားနေရသည်။
ဆေးခန်းသို့ရောက်သောအခါ တံခါးပိတ်ထားသည်ကို အံ့သြစွာတွေ့လိုက်ရသည်။ လူတစ်ယောက်သည် ဒီဆေးခန်းတံခါးက ပိတ်ထားခဲတယ်ဆိုတာ သိထားရမည်။
ချောင်ဟုန်းရှက သွားပြီး တံခါးကို နှစ်ကြိမ်ခေါက်လိုက်သည်။ သူမက အော်လိုက်သည်။ “အထဲမှာ တစ်ယောက်ယောက်ရှိလား?”
လူးလှိမ့်နေကြသည့် အထဲမှ နှစ်ယောက်သားသည် အော်သံတွေ ကြားရပြီး ထိတ်လန့်တကြားနဲ့ ကုတင်ပေါ်က ပြုတ်ကျလုနီးပါးဖြစ်ကြသည်။
ချန်ချောင်ချောင်က စောင်ကို ခြုံလိုက်သည်။ သူမသည် အရမ်းထိတ်လန့်သွားပြီး ငိုချလုမတတ်ဖြစ်နေသည်။ "အဲဒါ ငါ့တတိယညီမအသံပဲ။ ငါဘာလုပ်ရမလဲ? သူတစ်ခုခုတွေ့သွားလား?”
ထန်ကျန်းမင်က ကုတင်ပေါ်မှ ဆင်းပြီး အဝတ်အစားတွေ ဝတ်ရင်း သူမကို နှစ်သိမ့်ပြီး “ကိုယ့်ကိုကိုယ် ခြောက်မနေနဲ့။ မင်းအဝတ်အစားတွေ အရင်ဝတ်လိုက်။ အပြင်မထွက်နဲ့ဦး။ ငါ အပြင်ထွက်ပြီး ဘာတွေဖြစ်နေလဲ ကြည့်လိုက်မယ်!”
ချန်ချောင်ချောင်က ဖြူဖျော့သော မျက်နှာဖြင့် ခေါင်းညိတ်လိုက်သည်။ တုန်တုန်ယင်ယင်ဖြင့် အိပ်ယာမှထကာ အဝတ်အစားများ ဝတ်လိုက်သည်။ သူမ၏ ခန္ဓာကိုယ်က မာကင်ရာများကို ဖုံးအုပ်ထားသည်။
ထန်ကျန်းမင်က နိုးလာဟန်ဆောင်ပြီး တံခါးကိုဖွင့်လိုက်ပြီး "မင်း ဘယ်နေရာ နေမကောင်းတာလဲ?”
ချောင်ဟုန်းရှ - "ကျွန်မတို့ ဆရာဝန်ကို တွေ့ဖို့ လာတာ မဟုတ်ပါဘူး။ ကျွန်မတို့က ချန်ချောင်ချောင်ရဲ့ မိသားစုပါ။ သူ အထဲမှာ ရှိလား?"
ထန်ကျန်းမင်က ထပ်သမ်းပြီး သူ့ခေါင်းကိုခါကာ ပြောလိုက်သည်။ "ဒီနေ့ နဂါးလှေပွဲတော်လေ။ ဆေးခန်းက နေ့တစ်ဝက်နားတယ်။ သူ မလာဘူး။"
ဒီစကားတွေထွက်လာသည်နှင့် ချန်ချောင်ချောင်ရဲ့ဘေးမှာရပ်နေသော လူတစ်ယောက်သည် သူ့ကိုကျော်ပြီး စားပွဲပေါ်ကို စိုက်ကြည့်နေသည်ကို သူသတိထားမိလိုက်သည်။ သူ လှည့်ကြည့်လိုက်ပြီး ထိုသူရဲ့အကြည့်ကို လိုက်ကြည့်လိုက်သည်။ ကောက်ညှင်းဖက်ထုပ် နှစ်ထုပ် စားပွဲပေါ်မှာ တွေ့လိုက်ရသည်။ ဒါတွေကို ချန်ချောင်ချောင်က အခုပဲ ယူလာခဲ့တာဖြစ်သည်။
သူ့စိတ်ထဲတွင် ညည်းတွားနေသော်လည်း အမြန်စိတ်အေးအေးထားကာ “အိုး ထူးဆန်းလိုက်တာ။ ဒီကောက်ညှင်းဖက်ထုပ်က ဘယ်က ရောက်နေတာလဲ?”
ချောင်ဟုန်းရှ - "ကျွန်မရဲ့ ပဉ္စမမြောက်ယောင်းမက ရှင် ဒီနေ့ ရှင့်မိသားစုနဲ့ ပွဲတော်ကိုဆင်နွှဲဖို့ မပြန်ဖြစ်ဘူးလို့ ပြောတယ်။ ဒါနဲ့ သူက ရှင့်အတွက် ကောက်ညှင်းဖက်ထုပ် နှစ်ထုပ် အိမ်ကနေ ယူလာပေးတာ။ သူပြန်မလာတော့ ကျွန်မက သူကျန်းမာရေးဌာနမှာပဲ ရှိမယ်လို့ထင်ခဲ့တာ။”
ထန်ကျန်းမင်က ကျေးဇူးတင်တဲ့အမူအရာနဲ့ "ဒါကိုရှင်းပြလို့ ကျေးဇူးအများကြီးတင်ပါတယ်။ ဒီနေ့ ဒီဆရာဝန်ကို ဘယ်သူမှ လာမတွေ့ရဘူး။ ဒါကြောင့် နေ့လယ်စာစားပြီးရင် အနားယူမလို့။ သူဝင်လာတော့ ကျွန်တော်အနားယူနေတာမြင်ပြီး ပစ္စည်းတွေကို ထားခဲ့ပြီး ထွက်သွားတာ ဖြစ်နိုင်တယ်။ ပြီးတော့ တစ်နေရာရာကို သွားတာဖြစ်မယ်။"
ချောင်ဟုန်းရှက ခေါင်းညိတ်လိုက်ပြီး “သူ ဒီမှာမရှိရင်လည်း ထားလိုက်တော့။”
စကားပြောပြီးနောက် သူမခေါင်းမော့ပြီး ဝမ်ယန်ရှန်ကို စိုက်ကြည့်လိုက်သည်။ သူတို့နှစ်ယောက်သား လှည့်ထွက်သွားကြသည်။
သူတို့ လှည့်ထွက်လာတုန်း အတွင်းကနေ “ဘုန်း” ဆိုတဲ့အသံထွက်လာသည်။ တစ်ခုခုက မြေပြင်ပေါ် ပြုတ်ကျသလိုပင်။
နှစ်ယောက်သား မသိစိတ်က အလိုလို နောက်ပြန်လှည့်ကြည့်လိုက်မိသည်။
ထန်ကျန်းမင်၏ မျက်နှာပေါ်တွင် ထိတ်လန့်မှု တစ်ခုပေါ်လာသည်။ သူက ရှက်ရွံ့စွာ ပြုံးလိုက်ပြီး "ဒီဆေးခန်းမှာ ကြွက်တွေက ပိုပိုပြီး သောင်းကျန်းလာတယ်။ နောက်တော့ ခေါင်းဆောင်ကို ငါပြောပြီး ကြောင်တစ်ကောင်ကို ဒီမှာ မွေးခိုင်းရမယ်။”
ဝမ်ယန်ရှန်နှင့် မထွက်သွားခင် ချောင်ဟုန်းရှသည် သူ့ကို တစ်ချက်ကြည့်လိုက်သည်။
ထန်ကျန်းမင်က သူတို့ထွက်သွားတာကိုမြင်တော့ အရမ်းစိတ်သက်သာရာရသွားသည်။ သူက တံခါးကိုပိတ်ပြီး ပြန်လာခဲ့သည်။ "မင်း အခု ဘာဖြစ်တာလဲ? သူတို့ မင်းကို တွေ့လုနီးပါးပဲ!"
ချန်ချောင်ချောင်က နီရဲနေသောမျက်လုံးဖြင့် ပြန်ပြောခဲ့သည်။ " ကျွန်မစားပွဲကို မတော်တဆ ဝင်တိုက်မိသွားတာ။ ကျွန်မရဲ့ တတိယညီမ သွားပြီလား?”