အခန်း (၁၅၃)
Vol. 12 Ch. 153
ကျောက်ကျီဖန်၏ မျက်နှာသည် ဒေါသများဖြင့် နီမြန်းသွားသည်။ သူတကယ်တက်ပြီး အဲဒီလူကို ရိုက်ချင်နေသည်။ သို့သော် ထိုလူ၏ ရှေ့တွင် ရပ်နေသောအခါတွင် သူသည် သူ့ထက် ပိုပုနေသည်။ သူ့ခန္ဓာကိုယ်က သိသိသာသာ မသန်မာတဲ့အတွက် မျိုချလိုက်ရသည်။
ရှုကွေ့ရင်က ချဲ့ကားပြုံးလိုက်ပြီး "အဲ့တာမဟုတ်ဘူး။ ကျောက်မိသားစုက ဒီအမျိုးသမီး သူ့ခင်ပွန်းဟောင်းရဲ့နောက်မှာ အိမ်ထောင်ရေး ဖောက်ပြန်တာကြောင့် သူနဲ့ ကွာရှင်းခဲ့တာ။ သူ့နောက်က ကလေးကိုလည်း တွေ့လား? ကလေးက သူနဲ့ရော သူ့ခင်ပွန်းဟောင်းနဲ့ပါ မတူဘူး။ ရှင်းရှင်းလေးပါ ကလေးက သူ့ချစ်သူနဲ့တူတာ။ ဒါကြောင့်ကျောက်မိသားစုက သူမကို ကွာရှင်းခဲ့တာ။ ရှင့်ကို အလှည့်စားမခံဖို့ ကျွန်မအကြံပေးတယ်။ ရှင်သူ့ကို လက်ထပ်ရင် သိပ်မကြာခင် သူမက တခြားသူနဲ့ဖောက်ပြန်လိမ့်မယ်!”
"ပါးစပ်ပိတ်ထား!" ချောင်ဟုန်းရှက ဒေါသကြောင့် နီရဲလာသည်။ သူမသည် ရှုကွေ့ရင်နှင့် ရန်ဖြစ်ချင်သော်လည်း ဝမ်ယန်ရှန်က သူမကို တားလိုက်သည်။
သူမသည် မယုံနိုင်စွာဖြင့် သူ့ကို ပြန်ကြည့်မိသည်။
ဒါကိုမြင်တော့ ရှုကွေ့ရင်သည် အဲဒီလူက သူမရဲ့ အကြံဉာဏ်ကို လိုက်နာတယ်လို့ ထင်သွားပြီး ဝက်တစ်ကောင်၏ နှာခေါင်းက ထွက်လာသည့် ရယ်သံလို ရယ်မောလိုက်သည်။
ဝမ်ယန်ရှန်က သူမကို သူ့နောက်ပို့လိုက်ပြီး "မင်းလက်တွေကို မညစ်ပတ်စေနဲ့။ ငါလုပ်မယ်!"
သူပြောပြီးသည်နှင့် သူထကာ ရှုကွေ့ရင်၏ လည်ပင်းကို ညှစ်လိုက်သည်။ သူ့ခွန်အားကို အသုံးချကာ သူမကို တကယ် မြှောက်လိုက်သည်။
ရှုကွေ့ရင်၏ ခြေထောက်များသည် မြေပြင်ပေါ်မှ လွတ်သွားသည်။ သူမ၏လည်ပင်းကို ညှစ်ထားသည်။ သူမသည် အသက်ရှုရခက်လာသည်။
သူမ၏ မျက်လုံးများသည် နွားမျက်လုံးများကဲ့သို့ ကြီးမားစွာ ပြူးထွက်လာသည်။ သူမရှေ့က နတ်ဆိုးလို ယောင်္ကျားကို ထိတ်လန့်တကြားကြည့်ရင်း “နင် ၊ နင်ငါ့ကို လွှတ်... ချောင်းဆိုး…ကျောက်ကျီဖန်..."
သူမသည် ဘယ်လို အရှက်မဲ့တဲ့ အမှိုက်မျိုးကို သူလက်ထပ်ခဲ့တာလဲ? သူမဟာ လည်ပင်းညှစ်ခံရလို့ သေမလိုဖြစ်နေတာတောင် သူသည် ဘာမှမဖြစ်သလိုမျိုး မတ်တပ်ရပ်နေသေးသည်။
ချောင်ဟုန်းရှက သူ့ကို ကွာရှင်းချင်ခဲ့တာ အံ့သြစရာမရှိပေ။ ချောင်ဟုန်းရှ မလိုသော အမှိုက်ကို သူမက ကောက်ယူခဲ့သည်။
ရှုကွေ့ရင်၏ မျက်နှာသည် လည်ပင်းညှစ်ခံရခြင်းကြောင့် ဖြူဖျော့လာသည်။ သူမသည် ခြေထောက်တွေကို ပြင်းပြင်းထန်ထန် ရုန်းကန်နေသည်။
သူဌေးက အရမ်းထိတ်လန့်သွားကာ မျက်နှာက ဖြူဖျော့သွားပြီး "မင်းဘာလုပ်နေတာလဲ? မိတ်ဆွေ မင်းလက်မလွှတ်ရင် အသက်အန္တရာယ်ရှိလိမ့်မယ်!"
ယိမင်သည် အနည်းငယ် ထိတ်လန့်သွားသည်။ သူသည် မျက်လုံးသေးသေးလေးတွေ ဖွင့်လိုက်ပြီး မငိုနိုင်လောက်အောင် သတ္တိရှိသည်။
ချောင်ဟုန်းရှသည် ဝမ်ယန်ရှန်ကို တားဖို့ ပြေးမလာခင် သူ့သားကို နှစ်သိမ့်ပြီး "ထားလိုက်ပါ။ ဒီလိုလူမျိုးအတွက် ရှင်လက်တွေ ညစ်ပတ်လာမှာ မတန်ဘူး!"
ဝမ်ယန်ရှန်က ရှုကွေ့ရင်ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။ သူမကို ငုံ့ကြည့်ရင်း “ဟုန်းရှက အခု ငါနဲ့ စေ့စပ်ထားသူ ဖြစ်နေပြီ။ နောင်တစ်ချိန်မှာ သူ့ကို ထပ်ပြီး ရန်ရှာရင် ဒါမှမဟုတ် သူ့အကြောင်း မကောင်းပြောတာကို ငါမကြားမိတာ အကောင်းဆုံးပဲ။ မဟုတ်ရင် မင်း နောက်တစ်ကြိမ် အခုလို ကံကောင်းမှာ မဟုတ်ဘူး!”
ရှုကွေ့ရင်သည် ကောင်းကောင်းအနိုင်ကျင့်တတ်သည့် မကောင်းဆိုးဝါးကို ကြောက်သူဖြစ်သည်။ သူမ ကြောက်လန့်တကြား ခေါင်းခါရင်း “ငါမလုပ်တော့ပါဘူး။ မလုပ်တော့ပါဘူး။”
ဝမ်ယန်ရှန်က ကျောက်ကျီဖန်ကို စိုက်ကြည့်ရင်း “ဒါကို သတိရပါ။ မင်းက ယိမင်ရဲ့ အဖေအရင်း ဖြစ်ပေမယ့် ယိမင်လေးအသက် ဆယ့်ရှစ်နှစ်အထိ မင်း သူ့ကို နှောင့်ယှက်လို့ မရဘူး။ မဟုတ်ရင် မင်းရဲ့ကျောက်မိသားစုကို အနီရောင်မာဘယ် ထုတ်လုပ်ရေးအဖွဲ့မှာ နေစရာနေရာမရှိအောင် လုပ်မယ်။ ငါပြောတာအတွက် မေးခွန်းပြန်မမေးတာ အကောင်းဆုံးပဲ။ ငါပြောတာထက် ငါ့မှာ ပိုလုပ်နိုင်တဲ့ အရည်အချင်းရှိတယ်!”
ကျောက်ကျီဖန်၏ မျက်နှာသည် နီလိုက် ဖြူလိုက် ဖြစ်နေသည်။ သူ့လက်များကို လက်သီးဆုပ်လိုက်သည်။
သူက ဘာကို ပြောချင်တာလဲ။ သူနှင့် ဟုန်းရှက ကွာရှင်းထားသော်လည်း ယိမင်လေးသည် သူ့သားလေးဖြစ်သည်။ ဘာလို့ သူ့ကို မတွေ့ရမှာလဲ?
သို့သော် အဲ့ဒီလူသည် အင်အားကြီးသောတောင်ကဲ့သို့ ထိုနေရာတွင် ရပ်နေသည်။ သူ့ရောင်ဝါတွေက သူအသက်မရှုနိုင်လောက်အောင် ဝန်းရံထားသည်။ သူသည် ပါးစပ်ကို အကြိမ်ကြိမ်ဖွင့်သော်လည်း စကားတစ်ခွန်းမှ မပြောနိုင်ပေ။
ရှုကွေ့ရင်သည် မြေပြင်မှထပြီး ကျောက်ကျီဖန်၏ မျက်နှာကို တံတွေးနှင့် ထွေးကာ "ငါ နင့်ကို ကွာရှင်းချင်တယ်!"
ကျောက်ကျီဖန်သည် ချောင်ဟုန်းရှကို သူ့မျက်နှာပေါ်မှ ပြောစရာစကားတွေ ပြည့်နေသော နှုတ်ခမ်းဖြင့် စိုက်ကြည့်ပြီး ခေါင်းကို ဘေးသို့ လှည့်လိုက်သည်။ အဆုံးတွင် သူသည် သူ့မျက်နှာကို သုတ်ရန် လက်ကိုမြှောက်လိုက်ပြီး လှည့်ထွက်သွားသည်။
ကျောက်ကျီဖန် ထွက်သွားပြီးနောက် ချောင်ဟုန်းရှက တောင်းတောင်းပန်ပန် ပြောလိုက်သည်။ “တောင်းပန်ပါတယ်။ ကျွန်မ ရှင့်ကို အခု သံသယမဝင်ခဲ့သင့်ဘူး။”
ဝမ်ယန်ရှန်က သူမဆီသို့ သူ့ခေါင်းကို ငုတ်လိုက်ပြီး “မင်းနဲ့ သားကို ကောင်းကောင်းဂရုစိုက်မယ်လို့ ကျွန်တော်ပြောထားတယ်လေ။ ကျွန်တော့်ကို ယုံပါ။”
ချောင်ဟုန်းရှ - “ကျွန်မ ရှင့်ကို သံသယမဝင်တော့ပါဘူး။”
နောက်ပိုင်းမှာ ချောင်ရှို့ကျီက အဲဒီအကြောင်းကို သိလာခဲ့သည်။ သူမက ခေါင်းညိတ်ပြီး ပြောလိုက်သည်။ “တတိယဝမ်က သူတို့ကိုခြောက်လိုက်တာ ကောင်းတယ်။ ဒါမှ ကျောက်မိသားစုက နင်နဲ့သားကို လာရန်မရှာရဲမှာ။”
ဓာတ်ပုံတွေရိုက်ပြီးတာနဲ့ ပစ္စည်းဝယ်ဖို့ ထောက်ပံ့ရေးနှင့် ဝယ်လိုအား ပူးပေါင်းအဖွဲ့ကို သူတို့ သွားကြသည်။ ထို့နောက် ချောင်ကျန်းကျွင်းဆီ သွားရောက်လည်ပတ်ရန် အစားအသောက် စက်ရုံကို သွားခဲ့ကြသည်။ အဲ့တာပြီးနောက် သူတို့သည် ကားစီးပြီး ထုတ်လုပ်ရေးအဖွဲ့ထံသို့ ပြန်လာခဲ့ကြသည်။
နောက်တစ်နေ့တွင် ဝမ်ယန်ရှန်သည် ထုတ်ပိုးပြီး စစ်တပ်သို့ပြန်သွားသည်။
ရာသီဥတုသည် ပို၍ပို၍ပူလာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် မူလတန်း ကျောင်းဆင်းစာမေးပွဲ ဖြေရမည့်အချိန်ရောက်လာသည်။
ထိုအချိန်တွင် ချန်ချောင်ချောင်သည် သူမ၏ ရာသီမလာသည်မှာ တစ်လကျော်နေပြီဖြစ်သည်ကို သတိပြုမိသွားခဲ့သည်။
......
ဇွန်လတွင် ဖြစ်ခဲ့သည်။ ဆောင်းစပါး မှည့်ချိန်ဖြစ်သည်။ ထုတ်လုပ်ရေးအဖွဲ့များသည် ဆောင်းစပါးရိတ်သိမ်းရန် အပြေးအလွှား အလုပ်များနေကြသည်။
ဇွန်လမှ သြဂုတ်လအထိသည် တစ်နှစ်တာ၏ အပူဆုံးအချိန်ဖြစ်သည်။ ဘယ်လောက်ပဲ ပူနေပါစေ လူတစ်ယောက်သည် အလုပ်တွေ လုပ်ရမည်။ ထုတ်လုပ်ရေးအဖွဲ့သည် ပူပြင်းသောနေရောင်ဆီသို့ စောစောထွက်ကာ နေ့တိုင်းနောက်ကျမှ ပြန်လာရသည်။ ယနေ့ခေတ်မှာ ကောက်ရိတ်စက် မရှိပေ။ လူတစ်ယောက်သည် စပါးရိတ်သိမ်းရန် သူ့လက်နှင့်တံစဉ်ကိုသာ အားကိုးနိုင်သည်။
ဆောင်းစပါးများ ရိတ်သိမ်းပြီးပါက ဂိုဒေါင်သို့ အမြန်ဆုံး ပို့ဆောင်ရမည်။ မဟုတ်ဘဲ စပါးတွေပေါ် မိုးရွာချလာလျှင် သူတို့ရဲ့ နှစ်ဝက်လောက် အလုပ်သည် အလဟသ ဖြစ်သွားလိမ့်မည်။
သူတို့သည် ဆောင်းစပါးကို ရိတ်ပြီးရင် ဘာမှမလုပ်နိုင်တော့ပေ။ ပြောင်းဖူးစေ့တွေကို မြန်မြန်ကြဲရမည်။ ဤနည်းဖြင့် နှစ်ကုန်တွင် အခြားကောက်နှံတွေကို ရိတ်သိမ်းနိုင်သည်။
သူမ၏ မိသားစုဝင်များသည် သာမန်မျက်စိဖြင့် မြင်နိုင်သော မြန်မြန်ဆန်ဆန် အသားညိုမဲ ပိန်လာသည်ကို တွေ့ရသဖြင့် သာ့ချောင်သည် အလွန်စိတ်မကောင်းဖြစ်ခဲ့ရသည်။ နေ့တိုင်းသူမသည် ကျောက်စိမ်းပုတီးစေ့များကို ရေထဲသို့ထည့်သည် သို့မဟုတ် လူတိုင်းစားရန် အစားအစာများထဲ ထည့်ထားသည်။
ထို့အပြင် သူမသည် နေ့စဥ်စားသုံးရန်အတွက် ဝမ်းကွဲအစ်မ ချောင်တုန်းဟယ်အတွက် ကျောက်စိမ်းပုတီးစေ့အချို့ကို အထူးအသုံးပြုခဲ့သည်။ ဝမ်းကွဲအစ်မသည် မူလတန်းကျောင်းဆင်းပွဲ စာမေးပွဲဖြေရန် နောက်နှစ်ရက်တွင် မြို့သို့သွားရမည်။ အလယ်တန်းကျောင်းကို မဝင်နိုင်မှာကို စိုးရိမ်တာကြောင့် အိပ်ရာမဝင်ခင် နေ့တိုင်း နောက်ကျသည်အထိ စာလုပ်ခဲ့သည်။
ဇွန်လ (၁၅)ရက်နေ့တွင် ခရိုင်မူလတန်းကျောင်းများ၏ နောက်ဆုံးစာမေးပွဲကို ကြိုဆိုခဲ့သည်။ ဘွဲ့နှင်းသဘင်ခန်းမ ဝင်ခွင့် စာမေးပွဲကိုလည်း ယနေ့တွင် သတ်မှတ်ထားသည်။
ထိုနေ့တွင် ရွှယ်ချွမ်နှင့် ချောင်ရှို့ကျီတို့သည် နံနက်စောစောထကာ မြေးတစ်ဦးစီအတွက် ကြက်ဥနှစ်လုံး၊ အိကြာကွေးတစ်ချောင်းကို ပြင်ဆင်ပေးခဲ့သည်။ သူတို့ကို စာမေးပွဲမှာ ၁၀၀ ရာခိုင်နှုန်း အောင်မယ်လို့ မျှော်လင့်ထားကြသည်။
အိကြာကွေးတွေက အဆီသိပ်မများပေ။ သူတို့သည် ပုံမှန်အားဖြင့် အဲ့တာကို အိမ်မှာလုပ်လေ့မရှိပေ။ ဒါပေမယ့် ရွှယ်ချွမ်နှင့် ချောင်ရှို့ကျီတို့ နှစ်ယောက်စလုံးက ကလေးတွေကို ပျော်ရွှင်စေချင်ကြပြီး ကံကောင်းပါစေလို့ ဆုတောင်းပေးချင်ကြသည်။ ထို့ကြောင့် သူတို့သည် အာရုဏ်မတက်ခင် ထခဲ့ကြသည်။
သေချာပါတယ်၊ ကလေးအချို့က အိကြာကွေးကို တွေ့တာနဲ့ အသစ်အဆန်းဖြစ်ပြီး စိတ်လှုပ်ရှားနေခဲ့ကြသည်။ သူတို့သည် တစ်ကိုက် ကိုက်လိုက်ကြသည်။ အဲ့တာက အရမ်းကြွပ်ပြီး အရသာရှိသည်။ အရမ်းအရသာရှိသည်။
အန်းပင်း၏ပါးစပ်သည် မွှေးကြိုင်သောအစာများပြည့်နေပြီး "အဘိုး၊ အဖွား ဒါက တကယ်ကို အရသာရှိတယ်။ သား ဒီအရာတွေကို စားရင် စာမေးပွဲမှာ ၁၀၀ ရာခိုင်နှုန်းဖြေနိုင်ပြီး သေချာပေါက် ပြန်လာနိုင်မယ်လို့ ထင်တယ်!"
ချောင်တုန်းယင်က သူ့မျက်နှာကို မထောက်ဘဲ ပေါက်ကွဲလာသည်။ "ကြွားနေတာတွေရပ်။ နင့်အဆင့်နဲ့ နင်က ၁၀၀ရာခိုင်နှုန်း ရချင်တယ်!"
အန်းပင်းက ရူးသွပ်စွာ ပြုံးလိုက်ပြီး "ငါက ဘာလို့ မလုပ်နိုင်ရမှာလဲ? သင်္ချာနဲ့ တရုတ်စာ ပေါင်းလိုက်ရင် ၁၀၀ရာခိုင်နှုန်းပဲ။ ငါ သေချာပေါက် အဆင်ပြေမယ်ထင်တယ်!"
လူတိုင်း - "..."
ကောင်းပြီ ဒါက တကယ် ၁၀၀ ရာခိုင်နှုန်းပါ။ ထို့အပြင် သူသည် အရင်က စာမေးပွဲတစ်ခုစီတွင် အမှတ်၄၀ရရန် ကတိပြုခဲ့သည်။ အကယ်၍ သူသည် စာမေးပွဲတွင် အမှတ် ၅၀ရနိုင်ပါက ၎င်းကို အလွန်ကောင်းမွန်သော စွမ်းဆောင်ရည်ဟု ယူဆနိုင်သည်။
သာ့ချောင်ကလည်း အိကြာကွေးလို့ ခေါ်တဲ့ ဒီအရာကို ကြိုက်သည်။ "အဘိုး၊ အဖွား ဒီတစ်ခါတော့ ၁၀၀ရာခိုင်နှုန်း နှစ်ခုကို သမီးပြန်ယူမယ်!"
ချောင်ရှို့ကျီနှင့် ရွှယ်ချွမ်တို့သည် ကလေးများကို ပြုံးပြုံးရွှင်ရွှင် ကြည့်နေကြသည်။ ခေါင်းတညိတ်ညိတ်နဲ့ သူတို့က "ကောင်းပြီ မင်းတို့ အကောင်းဆုံးလုပ်ကြ။ အထူးသဖြင့် တုန်းဟယ်။ ဒါကို ပုံမှန်စာမေးပွဲတစ်ခုလို့ပဲ ယူဆလိုက်။ စိတ်မလှုပ်ရှားနဲ့!"
သူမ၏ အဖိုးနှင့် အဖွားရဲ့ အားပေးစကားကြားတော့ စိတ်ထဲမှာ နွေးထွေးသွားသည်။ သူမသည် ပါးစပ်ဖွင့်ခါနီးမှာ သူမအဖေပြောနေတာကို ကြားလိုက်ရသည်...
“တုန်းဟယ် မင်းအောင်ဖို့ ကြိုးစားရမယ်။ အဖေ ဒီတစ်ခါ စက်ဘီးစီးနိုင်မလားဆိုတာ မင်းအပေါ်မှာပဲ မူတည်တယ်။”
ချောင်တုန်းဟယ် - "..." ချက်ခြင်းပဲ သူမဟာ ဖိအားအများအပြားကို ခံစားလိုက်ရသည်။
ချောင်ရှို့ကျီသည် သူမ၏ မိုက်မဲသောသားကို ကြည့်ပြီး ပြောစရာစကားမဲ့ကာ မျက်လုံးကို လှိမ့်ပြီး "အခုချိန်ကစပြီး စကားမပြောနဲ့၊ စားပြီးရင် လယ်ထဲကိုသွား။"
ချောင်ကျန်းကော်က ရိုးရိုးသားသားမေးလိုက်သည်။ "အမေ တုန်းဟယ်နဲ့ ကျန်တဲ့သူတွေကို စာမေးပွဲကို လိုက်ပို့ဖို့ ကျွန်တော့်ကို မမေးဘူးလား?"
သူက ဘာကြောင့် အရည်အချင်း မရှိတော့တာလဲ? ထို့အပြင် သူ့ကို စကားမပြောရန် တားမြစ်ထားသည်။ သူဘာမှားခဲ့လို့လဲ?
ချောင်ရှို့ကျီက ဒီမိုက်မဲတဲ့သားကို သည်းမခံနိုင်တော့ဘဲ "စကားတွေ ဖြုန်းတီးနေတာ ရပ်။ ငါပြောတဲ့အတိုင်း လုပ်လိုက်!"
အကယ်၍ သူမသည် ကလေးများကို သူ့ကို ပို့ခိုင်းရင် ချောင်တုန်းဟယ်သည် စာမေးပွဲဖြေရန် မေ့သွားနိုင်သည်။
…
အလုပ်လုပ်တဲ့သူတွေက လယ်ထဲသွားကြသည်။ ကျောင်းတက်ရန် လိုအပ်သူများက ကျောင်းသို့ သွားကြသည်။ အိမ်က တိတ်ဆိတ်နေသည်။ ချန်ချောင်ချောင်သည် ဖြူဖပ်ဖြူရော် မျက်နှာဖြင့် အခန်းထဲက ထွက်လာသည်။
သူမလက်တွေ တုန်နေသည်။ သူမခြေလှမ်းတိုင်းက တိမ်တွေပေါ် လျှောက်လှမ်းနေပုံပေါ်သည်။ ချောင်ယွိရိုက သူမထွက်လာတာကို ကြည့်ပြီး သူမကို နှစ်ခါ ဟောင်လိုက်သည်။ သူမသည် လန့်သွားသည်။ ခြံထဲမှာ ခြောက်သွေ့နေတဲ့ ပဲစေ့အားလုံးကို မြေပြင်ပေါ် သူမသည် ကန်ပစ်လိုက်သည်။
ဝမ်ချွမ်ကျီသည် လှုပ်ရှားမှုကို ကြားပြီး သမီးငယ်လေးကို ပွေ့ချီကာ ထွက်လာခဲ့သည်။ “ချောင်ချောင် နင်ဘာလုပ်နေတာလဲ? နင်ဝါးဆန်ခါကို ကန်ချလိုက်တာလား။ နင်မျက်လုံးမပါဘဲ လမ်းလျှောက်နေတာလား?”
ချန်ချောင်ချောင်က သူမကို မတုံ့ပြန်ခဲ့ပေ။ သူမကို တစ်ချက်တောင် မကြည့်ခဲ့ပေ။ သူမသည် မြေပြင်ပေါ်ရှိ ပဲစေ့များကို ဝါးဆန်ခါထဲသို့ အလျင်အမြန် ထည့်လိုက်ပြီး မတ်တပ်ထရပ်ကာ အိမ်ထဲမှ ပြေးထွက်သွားခဲ့သည်။
သရဲတစ်ကောင်က သူမကို လိုက်နေသလိုမျိုး ပြေးနေသော ချန်ချောင်ချောင်ကို ကြည့်ပြီး ဝမ်ချွမ်ကျီသည် နှုတ်ခမ်းစူကာ "မယုံသင်္ကာစရာပဲ။ သူ အရှက်မရှိတာ တစ်ခုခုကို လုပ်ခဲ့တာ ဖြစ်မယ်!"
သူမစကားပြီးသောအခါ ခေါင်းငုံ့ကာ သမီးလေး၏ မျက်နှာကို နမ်းလိုက်သည်။ "ယွင်ယွင် မေမေပြောတာ မှန်တယ်ထင်လား? ချန်ချောင်ချောင်ပုံစံက ထူးဆန်းနေတာမလား?"
“ဖူး......”
တုံ့ပြန်တဲ့အနေနဲ့ တုန်းယွင်က သူ့အမေကို တံတွေးမှုတ်လိုက်သည်။
ဝမ်ချွမ်ကျူက စိတ်မဆိုးပေ။ အဲ့ဒီအစား သူမသည် ပို၍ပျော်ရွှင်စွာ ရယ်မောလိုက်သည်။ "အိုး ငါ့အချစ်လေးက ထက်မြက်တယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ အမေ့စကားတွေကို နားလည်နိုင်တယ်။ မင်းကြီးလာရင် မင်းက ၁၀၀ရာခိုင်နှုန်း စာမေးပွဲမှာ သေချာပေါက်ရလိမ့်မယ်။ အဲဒီ အကျင့်မကောင်းတဲ့ သာ့ချောင်ထက် ပိုတော်လိမ့်မယ်။ “
ချန်ချောင်ချောင်သည် ချောင်အိမ်မှ ပြေးထွက်လာပြီး ဆေးခန်းသို့ စာရင်းမသွင်းဘဲ ရောက်လာသည်။ သူမသည် ထန်ကျန်းမင်ကို တွေ့လိုက်သည့်အခိုက်တွင် သူမမျက်ရည်များ စီးကျလာသည်။
ဆေးခန်းမှာ လူနာတွေရှိတာကြောင့် သူမ မျက်ရည်တွေကိုသာ ပြန်ထိန်းခဲ့ရသည်။
နောက်ဆုံးတွင် ရွာသားများ ထွက်သွားရန် စောင့်ပြီးနောက် သူမသည် မျက်လုံးနီရဲကာ ဆို့နင့်လာပြီး “ကျန်းမင် ကျွန်မ ရှင့်ကို ပြောစရာရှိတယ်!”
ထန်ကျန်းမင်သည် သူ့ပစ္စည်းတွေ ထုပ်ပိုးရန် ခေါင်းငုံ့ထားသည်။ သူမကိုကြည့်ဖို့ ခေါင်းမမော့ဘဲ သူက "ဘာကိစ္စရှိလို့လဲ ငါ့ကိုပြော။ ဒါပေမယ့် မင်းငါ့ကို ဒေါက်တာထန်လို့ ခေါ်သင့်တယ်။ တခြားသူတွေကြားပြီး နားလည်မှုလွဲရင် မဆိုးဘူးလား?"
သူသည် သူမကို ရလာကတည်းက သူမကို စိတ်ဝင်စားမှု မရှိတော့ပေ။ သူ နှစ်လအတွင်း အိမ်ထောင်ပြုတော့မယ်ဆိုတာ မပြောခဲ့ပေ။ သူသည် ချန်ချောင်ချောင်နှင့် ခပ်ခွာခွာနေရန် စီစဉ်ခဲ့သည်။
ချန်ချောင်ချောင်သည် သူ့၏ လျစ်လျူရှုမှုကို ခံစားလိုက်ရသည်။ သူမသည် ချမ်းအေးတဲ့ဆောင်းရာသီမှာ တစ်ယောက်ယောက်က သူမ ခေါင်းပေါ်ရေအေးလောင်းချလိုက်သလို ခံစားလိုက်ရသည် “ကျန်း…ငါ အဲဒါ မလာတာ တစ်လကျော်ပြီ!”