အခန်း (၁၅၄)
Vol. 12 Ch. 154
ထန်ကျန်းမင်က အဲ့ဒါကို နားမလည်သေးပေ။ "မင်း နေမကောင်းဘူးလား?"
သူသည် သူမကို အစမှအဆုံး မကြည့်ခဲ့တာကို မြင်လိုက်ရတော့ ချန်ချောင်ချောင်သည် ပိုပိုပြီး ဝမ်းနည်းလာသည်။ မျက်ရည်တွေ တဟုန်းဟုန်းစီးကျလာတယ်- "အဲဒီမိန်းမတွေ ကိစ္စ။ ငါ... ကိုယ်ဝန်ရှိနေတာ ဖြစ်နိုင်တယ်!"
“ဘန်း!”
ထန်ကျန်းမင်ရဲ့ လက်ထဲက ကြွေပန်းကန်က မြေပြင်ပေါ် ပြုတ်ကျသွားသည်။ သူ့ဖိနပ်ရဲ့ ထိပ်ပိုင်းကို ရေတွေ စိုသွားသည်။
နောက်ဆုံးတော့ သူက ခေါင်းကို မော့ပြီး သူမကို ကြည့်လိုက်သည်။ သရဲနှင့် တွေ့သလို သူ့မျက်လုံးတွေ ပြူးကျယ်သွားပြီး "မင်း ဘာပြောလိုက်တာလဲ? မိတ်ဆွေချန် ဒါက စစရာ မဟုတ်ဘူးနော်။"
ချန်ချောင်ချောင်က သူ့လက်တွေကို လက်သီး ဆုပ်ပြီး "နောက်နေတာမဟုတ်ဘူး။ ငါ အဲဒါ မလာတာ တစ်လခွဲရှိပြီ!"
သူမရဲ့ ဓမ္မတာ လာချိန်က အမြဲတမ်း တိကျသည်။ ဒီတစ်ခါ နောက်ကျတဲ့ ပထမဆုံးနေ့ကတည်းက သူမသည် အရမ်းစိတ်မသက်မသာ ခံစားရသည်။ ဤနှောင့်နှေးမှုသည် ရုပ်ပိုင်းဆိုင်ရာ ပြဿနာကြောင့်သာ ဖြစ်မည်ဟု သူမ အမြဲတမ်း မျှော်လင့်ခဲ့သည်။ ဒါပေမယ့် အခုက တစ်လခွဲလောက် နောက်ကျနေပြီဖြစ်သည်။ သူ့ကိုယ်သူ လှည့်စားလို့ မရတော့ပေ။
ထန်ကျန်းမင်၏ အမူအရာသည် နောက်ဆုံးတွင် ပြောင်းလဲသွားသည်။ "မင်း... ဒီကလေးက ငါ့ဟာ သေချာရဲ့လား?"
သူတို့ အိပ်ရာထဲမှာ သုံးလေးခါလောက်ပဲ ရှိဖူးခဲ့သည်။ သူက အချိန်တိုင်း ဂရုတစိုက်နဲ့ အပြင်မှာထုတ်သည်။ ယုတ်တိရှိရှိ ပြောရရင် သူမသည် ကိုယ်ဝန်မရှိသင့်ပေ။
"ဖက်!"
ချန်ချောင်ချောင်က နီမြန်းသော မျက်နှာဖြင့် သူ့ကို ပါးရိုက်လိုက်ပြီး "ထန်ကျန်းမင် နင်က ငါ့နှလုံးသားကို ထိခိုက်အောင် ဘယ်လိုတောင် ပြောရက်ရတာလဲ?"
ဤကာလအတွင်း ချောင်ကျန်းမင် ပြန်ရောက်မလာကြောင်း သူသိသည်။ ထို့ကြောင့် သူ ဤသို့ပြောသောအခါတွင် သူသည် သူမ၏ အပြစ်ကင်းစင်မှုကို သံသယဝင်နေတာဖြစ်သည်။
ထန်ကျန်းမင်၏ မျက်လုံးများတွင် ဒေါသကြောင့် တောက်လာသည်။ ဒါပေမယ့် သူက အတိတ်က နူးညံ့သိမ်မွေ့တဲ့ ဒေါက်တာထန်ဆီကို အမြန်ပြန်ပြောင်းပြီး “ချောင်ချောင် ငါ မင်းကို သံသယမဝင်ပါဘူး။ မင်းအမှားလုပ်မိမှာကို ငါစိုးရိမ်တာ။ ငါတို့ အဲ့ဒီအရာကို အမြဲတမ်းမလုပ်ခဲ့ဘူးလေ.....”
အောက်ဖော်ပြပါ စကားလုံးများသည် အလွန်ရှင်းလင်းလွန်းသည်။ ထန်ကျန်းမင်က အဲ့တာကို မပြောခဲ့ပေ။ သူတို့ နှစ်ယောက်လုံး ကောင်းကောင်းသိသည်။
ချန်ချောင်ချောင်က သူ့စကားကိုကြားလိုက်တဲ့အခါ "မမှားနိုင်ပါဘူး၊ ကျွန်မရဲ့ လစဉ်ကိစ္စက အချိန်မှန်တယ်။ ဒါပေမယ့် အခု တစ်လခွဲတောင် နောက်ကျသွားပြီ။ ကိုယ်ဝန်ရှိကို ရှိရမယ်!"
ထန်ကျန်းမင်၏ စိတ်ထဲမှာ ကျိန်ဆဲလိုက်သည်။ အပြင်မှာဘယ်သူမှမတွေ့တော့မှ သူသည် သူမလက်ကို ဆွဲကိုင်ပြီး ချော့ကာ “ချောင်ချောင် ငါမင်းကို တကယ် လက်ထပ်ချင်တာပါ။ ဒါပေမယ့် ငါတို့တွေ့တာနောက်ကျသွားတာ ဝမ်းနည်းစရာပဲ။ ငါတို့ အတူရှိမယ်ဆိုရင် ငါ့ရဲ့စေ့စပ်ထားသူနဲ့ ချောင်မိသားစုက ငါတို့ကို လွှတ်ပေးမှာ မဟုတ်ဘူး။ လူတိုင်းရဲ့ တံထွေးခွက်မှာ ငါတို့မျောရလိမ့်မယ်။ ဒါကြောင့်… ဒီကလေးက မွေးလို့မရဘူး!”
ချန်ချောင်ချောင်သည် သူမ၏ နှလုံးသား ကြေကွဲတော့မည်ကို ခံစားလိုက်ရသည်။ သူမသည် နောက်ထပ်ကလေးတစ်ယောက်ရရန် မျှော်လင့်နေခဲ့သည်။ ယခုမူ ကိုယ်ဝန်ရှိသော်လည်း မမွေးနိုင်ပေ။
သူမသည် ငိုယိုပြီး တုန်နေသည်။
သူမကို နှစ်သိမ့်ပေးရင်းနှင့် ထန်ကျန်းမင်က အပြင်က လှုပ်ရှားမှုတွေကို အာရုံစိုက်လိုက်သည်။ “ချောင်ချောင် မင်း ဒီကလေးကို တကယ်လိုချင်ရင် ငါ့မှာ အကြံကောင်းတစ်ခုရှိတယ်။”
ချန်ချောင်ချောင်က ခေါင်းကိုမော့ပြီး နီရဲနေသော မျက်လုံးဖြင့် "ဘာလဲ?"
ထန်ကျန်းမင်က သူ့မျက်မှန်ကို ချွတ်လိုက်ပြီး "မင်း ယောင်္ကျားနဲ့ နောက်ထပ် ကလေးယူချင်နေတာ မဟုတ်ဘူးလား? မင်း ကိုယ်ဝန်က တစ်လကျော်ပဲ ရှိသေးတယ်။ ချက်ခြင်း ထုပ်ပိုးပြီး မင်း ယောင်္ကျားကို သွားရှာလိုက်။ မင်းမွေးခါနီးကျ မတော်တဆမှုတစ်ခုဖန်တီးပြီး လမစေ့ဘဲမွေးတာလို့ ဟန်ဆောင်လိုက်"
ချန်ချောင်ချောင်သည် နှလုံးခုန်မြန်နေပြီး "ဒါ... မကောင်းဘူးလေ!"
ထန်ကျန်းမင် - “မင်းရဲ့ ယောင်္ကျားက ဒီနေရာမှာ မကောင်းဘူးလို့ မင်းပြောတယ်မလား? သူ့အစွမ်းနဲ့ဆိုရင် မင်းဒီဘဝမှာ နောက်ထပ်ကလေးတစ်ယောက် ထပ်မမွေးနိုင်တော့ဘူး။ အခု ဒီကလေးက ရောက်နေပြီ အဲဒါ ဘုရားပေးတာ မဟုတ်ဘူးလား?”
သူ့အတွက် တခြားအမျိုးသားတစ်ယောက်က သားကို ပြုစုပျိုးထောင်ရမယ်ဆိုတာ စဉ်းစားရင်း ထန်ကျန်းမင်ရဲ့ စိတ်ထဲမှာ နားမလည်နိုင်တဲ့ စိတ်လှုပ်ရှားမှုတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။
ချန်ချောင်ချောင်သည် စိတ်ထဲတွင် ရုန်းကန်ရင်း အောက်နှုတ်ခမ်းကို ကိုက်လိုက်သည်။
ထန်ကျန်းမင်၏ စကားများသည် သူမအတွက် အစိုးရိမ်ဆုံးအချက်ကို ထိမိသွားသည်။
ချောင်ကျန်းမင် အဲ့ဒီနေရာ ဒဏ်ရာရပြီးနောက် သူတို့လင်မယားဘဝက သိပ်ပြီး စိတ်လှုပ်ရှားစရာမရှိတော့ပေ။ ထို့အပြင် သူတို့နှစ်ဦးသည် အတူတူရှိခြင်းထက် ပို၍ သီးခြားစီဖြစ်သည်။ သူမသည် တစ်သက်လုံး သားတစ်ယောက် မမွေးနိုင်တော့မှာကို သူမ အရမ်းစိုးရိမ်နေမိသည်။
ချောင်ကျန်းမင်က ဘယ်တော့မှ ပြန်ကောင်းမလာဘူးဆိုရင် ဒီကလေးက သူမအတွက် တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်နိုင်သည်။
ထန်ကျန်းမင်သည် သူမ၏ စိတ်ကို သိပြီး သူမကို ပွတ်သပ်ပေးကာ "အချိန်က ဘယ်သူ့ကိုမှမစောင့်ဘူး။ မင်း ဆုံးဖြတ်ချက်ချရမယ်။ မဟုတ်ရင် မင်းဗိုက်ပိုကြီးလာတဲ့အခါ လုပ်ရခက်လိမ့်မယ်!"
ချန်ချောင်ချောင်က သူ့ကို မော့ကြည့်လိုက်သည်။ သူမ စကားပြောခါနီးတွင် အပြင်မှ အသံထွက်လာသည်။ သူတို့ နှစ်ယောက်သည် မြန်မြန် ခွာလိုက်ကြသည်။
ပူပြင်းတဲ့ရာသီဥတု၏ အပူဒဏ်ကြောင့် လူတော်တော်များများ ဖျားနာကြသည်။ ကျန်းမာရေးဌာနမှာ ဆရာဝန်ကို လာရောက်ပြသတဲ့ လူနာအရေအတွက်ဟာ အရင်ကထက် အဆများစွာ ပိုများလာသည်။ ချန်ချောင်ချောင်သည် ရင်တထိတ်ထိတ်နှင့် ရွာသားတွေကို ဆေးမှားပေးတာ၊ ဒဏ်ရာရစေတာမျိုးဖြစ်စေခဲ့သည်။ ဒါကို ရွာသူရွာသားတွေက အရမ်းမကျေမနပ် ဖြစ်ခဲ့ကြသည်။
သို့တိုင် ထန်ကျန်းမင်က သူမကို အစအဆုံး မကြိမ်းမောင်းခဲ့ဖူးပေ။ လူနာများ ထွက်သွားပြီးနောက် စိတ်ရှည်ရှည်ဖြင့် နှစ်သိမ့်ပေးခဲ့သည်။ ဤအရာက သူမအား ထန်ကျန်းမင်ကို ချစ်မိသွားပြန်သည်။
အကယ်၍ သူမသည် ထန်ကျန်းမင်နှင့် သူမ၏ကလေးကို မွေးဖွားနိုင်ခဲ့ပါက သူ့ကို သူမတို့၏ အချစ်ထုတ်ကုန်အဖြစ် သတ်မှတ်မည်ဖြစ်သည်။ ဒီလိုနဲ့ နေရောင်က ကောင်းကင်တစ်ခုလုံး နီရဲလာပြီး နေဝင်သွားသောအခါ နောက်ဆုံးတော့ သူမစိတ်ကို ပြင်ဆင်ပြီးဖြစ်သည်။
သူမက ဒီကလေးကို မွေးမည်ဖြစ်သည်!
…
ချောင် အိမ်ဟောင်းကို ပြန်ရောက်တော့ မီးခိုးငွေ့တွေက မီးခိုးခေါင်းတိုင်ကနေ ထွက်နေသည်။ မီးဖိုထဲက မွှေးရနံ့တွေ ထွက်လာသည်။
လယ်ကွင်းသို့သွားသောကလေးများကို ကျွေးမွေးအာဟာရပြုကာ ဆုပေးရန် လင်းဟွေ့သည် ချက်ပြုတ်ဖို့ အိမ်ဟောင်းသို့လာခဲ့သည်။
ဝမ်ချွမ်ကျီ ပြုလုပ်သော အစားအစာသည် အရသာမရှိပေ။ မိသားစုထဲမှာ ဘယ်သူမှ သူမလုပ်ထားတဲ့ အစားအစာကို မစားချင်ကြပေ။
လင်းဟွေ့သည် ကန်စွန်းဥမှုန့်နှင့် ကြက်ဥများဖြင့် ပြုလုပ်ထားသည့် ကြက်ဥပန်ကိတ် အများအပြားကို ဖြန့်ထားသည်။ အဲ့တာကို အသီးအရွက်ချဉ်နဲ့ တွဲစားရသည်။ ဒါက ဆန်းသစ်ပြီး အရသာရှိသည်။ လူတိုင်းက အဲ့တာကို အရမ်းကြိုက်ကြသည်။
လူကြိုက်အများဆုံးကတော့ အချဉ်သီးနဲ့ ဝက်သားပြုတ်ဖြစ်သည်။ အချဉ်သီးနဲ့ ဝက်သားပြုတ်လုပ်ရာမှာ အရေးအကြီးဆုံးကတော့ အရသာစိမ့်ဝင်သွားခြင်း ဖြစ်သည်။ အရသာမစိမ့်ဝင်ဘူးဆိုရင်တော့ အဲ့တာက သာမန်အသားတွေနဲ့ အရသာ မကွာတော့ပေ။
အသားအရသာ ကောင်းမွန်စေရန်အတွက် လင်းဟွေ့သည် အသားများကို နာရီအနည်းငယ်ကြာ ပေါင်းထားသည်။ အားလုံး ပြန်လာသောအခါတွင် သူမသည် အသားကို ထပ်၍ ပြုတ်သည်။ အရသာက ပြီးပြည့်စုံသည်။
ရွှယ်ချွမ်မှလွဲ၍ လင်းဟွေ့၏ ဟင်းချက်ကျွမ်းကျင်မှုသည် မိသားစုတွင် အကောင်းဆုံးဖြစ်သည်။ သေချာထိန်းသိမ်းထားသော ဟင်းသီးဟင်းရွက်များဖြင့် ဝက်သားပြုတ်သည် တောက်ပပြီး အနီရောင်ဖြစ်သည်။
တချို့လူတွေရဲ့ အချိန်လွန်ပြီး တူးသွားတဲ့အစားအသောက်တွေလို မဟုတ်ပေ။ ဝက်သားက နူးညံ့ပြီး မွှေးသည်။ အဆီပါသော်လည်း အဆီမပြန်ပေ။ ထိန်းသိမ်းထားသောဟင်းရွက်တွေက ချိုမြိန်ပြီး ဝါးရလွယ်သည်။ တွဲစားတဲ့အခါ အရသာက မွှေးပြီး လူတိုင်းသည် ပန်းကန်တစ်လုံးလုံး စားဖို့ မစောင့်နိုင်တော့ပေ။
"အရမ်းအရသာရှိတယ်! ဒုတိယအဒေါ် အဒေါ့်ရဲ့ချက်ပြုတ်မှုစွမ်းရည်ကို သားတကယ်လေးစားတယ်။" အန်းပင်းသည် ထမင်းစားနေစဉ် နှုတ်ခမ်းကို လျက်လိုက်သည်။
လင်းဟွေ့က မျက်လုံးများ ကွေးအောင် ပြုံးလိုက်ပြီး "ကြိုက်ရင် ပိုစား။"
"သားစားမှာပါ။ အဒေါ် စိတ်မပူနဲ့။ သားက ယဉ်ကျေးနေမှာ မဟုတ်ဘူး" အန်းပင်းက တုံ့ပြန်ခဲ့သည်။
သူ့ကို ဒီလိုမြင်တော့ အားလုံးက မရယ်မောဘဲ မနေနိုင်ကြပေ။
သာ့ချောင်က သူ့အမေကို အသားတစ်တုံး ထည့်ပေးပြီး "အမေ မောင်လေးတွေ မဆာအောင် များများစားပါ!"
လင်းဟွေ့က ပိုပိုပြီး လေးလေးနက်နက် ရယ်မောပြီး သူမကို အသားတစ်တုံး ထည့်ပေးပြီး "ကောင်းပြီ၊ သမီးလည်း ပိုစား။ ဒီနေ့ စာမေးပွဲ ဘယ်လိုလဲ?"
သာ့ချောင်က နူးနူးညံ့ညံ့လေး ဖြေလိုက်သည်။ “အဲ့တာက အရမ်းရိုးရှင်းတယ်လို့ သမီးထင်တယ်။"
စာမေးပွဲစာရွက်ပေါ်က မေးခွန်းအားလုံးကို သူမဖြေနိုင်ခဲ့သည်။ ပြီးတာနဲ့ သူမသည် နှစ်ကြိမ် စစ်ခဲ့သည်။ ဒါတွေအားလုံးပြီးတော့ သူမဟာ စာမေးပွဲစာရွက်ကို ပထမဆုံးတင်တဲ့ လူဖြစ်နေတုန်း ဖြစ်သည်။ တခြားဘာမှမဖြစ်ဘူးဆိုရင် ဒီတစ်ခါတော့ သူမသည် ၁၀၀ရာခိုင်နှုန်း နှစ်ခုရမှာ ဖြစ်သည်။
ဒါကိုကြားတော့ အန်းပင်းက မျက်ရည်ကျလုမတတ်ပေ။
ဒါက စာလေ့လာမှုတစ်ခု အတွက် အရမ်းရင်တုန်ရတာဖြစ်သည်။
ချောင်ကျန်းကော်က ဒါကိုကြားတော့ သူ့အကြီးဆုံးသမီးကို မြန်မြန် မေးလိုက်သည်။ "တုန်းဟယ် မင်းဘယ်လိုလဲ? အဲ့တာ လွယ်တယ်ထင်လား?"
ချောင်တုန်းဟယ် - "…အဖေ သမီးတော့ အဲ့တာက လွယ်တယ်မထင်ဘူး။ ဒါပေမယ့် သမီးအကုန် ဖြေခဲ့တယ်။"
ညီမလေး သာ့ချောင်၏ ဦးနှောက်သည် အလွန်ကောင်းသောကြောင့် သူမသည် မည်သည့်အရာကိုမဆို တစ်ခါနှင့် သင်ယူနိုင်ပြီး အဲ့တာကို ဘယ်တော့မှ မမေ့ပေ။ ခဏနှင့် သူမသည် မလုပ်နိုင်ပါ။ သူမသည် တူညီသော စာတစ်ခုကို မှတ်မိရန် အကြိမ်များစွာ ဖတ်ခဲ့ရသည်။
ပင်ပန်းသောအလုပ်သည် ရလဒ်ကောင်းကောင်း ရနိုင်သည်။ ဒီစာမေးပွဲမှာ မေးခွန်းတွေက အရမ်းခက်တယ်လို့ လူတိုင်းက ပြောကြသည်။ လူများစွာက အဲ့တာကို မပြီးမြောက်ခဲ့ပေမဲ့ သူမသည် အကုန်ပြီးခဲ့သည်။ စာမေးပွဲမှာ သူမသည် အရမ်းမညံ့ဘူးလို့ ခံစားရသည်။
ချောင်ကျန်းကော်က စိတ်သက်သာရာရသွားပြီး "မင်း ဒါတွေ အကုန် ဖြေနိုင်ခဲ့တာ အရမ်းကောင်းတယ်။ မင်း အလယ်တန်းကျောင်းတက်နိုင်ရင် အဖေက စက်ဘီးစီးနိုင်မှာ!"
ချောင်တုန်းဟယ် - "... " သူမ အဖေက စက်ဘီးအတွက် သူမကို ဂရုမစိုက်လို့ မဖြစ်ဘူးလား?
လူတိုင်းက စကားပြောပြီး ရယ်မောနေခဲ့ကြသည်။ လေထုသည် အလွန်သဟဇာတဖြစ်ခဲ့သည်။ ချန်ချောင်ချောင်က အပြင်လူတစ်ယောက်လို တစ်ယောက်တည်း ထိုင်နေသည်။
ညစာစားပြီးနောက် လူတိုင်းသည် ခြံထဲတွင် အေးမြသောလေကို ခံစားကြသည်။
ချန်ချောင်ချောင်က ပန်းကန်ဆေးပြီးတာနဲ့ သူမ အဝတ်အနားကို ဆုပ်ကိုင်လိုက်ပြီး ပြောလိုက်သည် "အဖေ အမေ ကျန်းမင် မပြန်လာတာ နှစ်လလောက်ရှိနေပြီ။ သမီး ခရိုင်က သူ့ဆီကို သွားလည်ချင်တယ်။"
ထိုစကားများထွက်လာသည်နှင့် တပြိုင်နက် အားလုံး တိတ်ဆိတ်သွားကြသည်။ သူတို့မျက်လုံးတွေက သူမကို စိုက်ကြည့်နေကြသည်။
ချောင်ရှို့ကျီက သူမကို တစ်ချက်ကြည့်လိုက်ပြီး "ဆေးခန်းက အလုပ်ကရော? မကြာသေးခင်ကမှ နေမကောင်းတဲ့သူတွေ အများကြီးရှိတယ်။ မင်း အဝေးသွားလို့ ရလို့လား?"
ချန်ချောင်ချောင်သည် သူမ၏ နှလုံးသားထဲတွင် ညည်းတွားလိုက်သည်။ သူမသည် ဖျစ်ညှစ်ကာ ပြုံးပြီး ပြောလိုက်သည်။ “သမီး ဒေါက်တာထန်ကို ဒီအကြောင်း ပြောပြီးပါပြီ။ ဒေါက်တာထန်က သူ့ဘာသာသူ ကိုင်တွယ်ဖြေရှင်းနိုင်တယ်လို့ ပြောတယ်။”
ဝန်ချွမ်ကျီက နှုတ်ခမ်းစူကာ မှတ်ချက်ချခဲ့သည်။ "သူကိုယ်တိုင်သာ ကိုင်တွယ်ဖြေရှင်းနိုင်မယ်ဆိုရင် အရင်က နင့်ကို ဘာလို့ ငှားခဲ့တာလဲ?"
ချန်ချောင်ချောင်သည် ဝမ်ချွမ်ကျီ၏ စကားလုံးများသည် ဖုံးကွယ်ထားသော အဓိပ္ပါယ်ရှိကြောင်း ခံစားမိသည်။ သူမ နှလုံးသားသည် ခုန်ထွက်တော့မည်ကို တုန်လှုပ်သဖြင့် "တကယ်တော့ အဲ့ဒါကို သူက လုံးဝကိုင်တွယ်နိုင်တာ မဟုတ်ဘူး။ ဒါပေမယ့် သမီးက သွားဖို့ တောင်းဆိုခဲ့တယ်။ သူ မငြင်းနိုင်တော့ဘဲ သဘောတူလိုက်တာ။"
ဝမ်ချွမ်ကျီက “ကျွတ်စ်” ဆိုပြီး တုန့်ပြန်ကာ "ဒါဆို ဒေါက်တာထန်က မင်းကို အရမ်းကြင်နာတာပဲ။"
ချန်ချောင်ချောင်၏ မျက်နှာသည် ချက်ချင်း နီမြန်းသွားပြီး "အကြီးဆုံး ယောင်းမ ဒါ နင် ဘာကို ဆိုလိုတာလဲ? ငါက ဒေါက်တာထန်နဲ့ ရှက်စရာကောင်းတဲ့ ဆက်ဆံရေးရှိနေတယ်လို့ နင်ပြောနေတာလား? နင် အဓိပ္ပာယ်မရှိတဲ့ စကားတွေ ဆက်ပြောရင် ငါ နင့်ကို လုပ်မယ်!"
သူမ၏ အသံသည် ဖန်ခွက်ကို ခြစ်နေသော လက်သည်းများကဲ့သို့ အရမ်းကျယ်ပြီး စူးရှသည်။ အဲ့တာက နားကို အရမ်းနာကျင်စေသည်။
ဒါပေမယ့် ပိုထူးဆန်းတာက သူမရဲ့ ပုံစံဖြစ်သည်။ ဝမ်ချွမ်ကျီရဲ့ စကားတွေက မသင့်လျော်ပေမယ့် သူမရဲ့ အိုင်ကျူနှင့် စရိုက်ကို နှိမ့်ချနေမှာ မဟုတ်ပေ။ သူမက ဒေါက်တာထန်နှင့် အမှန်တကယ် ဆက်ဆံရေးရှိသည်ဟု သံသယရှိပါက သူမသည် အဲ့တာကို တိုက်ရိုက် ထောက်ပြမည်မှာ သေချာပါသည်။
တုန်းယွင်လေးသည် ထိတ်လန့်စွာဖြင့် နိုးလာပြီး “ဝါး” ဆိုပြီး အော်ငိုလိုက်သည်။ ငိုတာကြောင့် သူမ မျက်နှာသည် နီမြန်းသွားသည်။
ဝမ်ချွန်ကျီသည် သူ့သမီးငယ်ကို ကမန်းကတန်း ချော့လိုက်ရသည်။
တုန်းယွင်လေးကို ချော့ပြီးတာနဲ့ သူမက ခေါင်းကို မော့ပြီး တုံ့ပြန်ခဲ့သည်။ “နင် သေဖို့ ရှာနေတာလား? ကျယ်လောင်တဲ့ ဆူညံသံက ငါ့ရဲ့ ယွင်ယွင်ကို ကြောက်လန့်စေနိုင်တယ်ဆိုတာ မသိဘူးလား? နောက်ပြီး နင်နဲ့ ဒေါက်တာထန်က ဖောက်ပြန်နေတယ်လို့ ငါ ဘယ်တုန်းက ပြောခဲ့လို့လဲ? အရှက်မရှိတာ တစ်ခုခုလုပ်ခဲ့လို့ နင့်ရဲ့ အပြစ်ရှိစိတ်ကြောင့် ဖြစ်နေတာမလား?”
ဝမ်ချွမ်ကျီသည် သူ့သမီးငယ် တုန်းယွင်လေးကို တန်ဖိုးထားသည်။ သူမကို နောက်ထပ် သာ့ချောင် ဖြစ်လာအောင် လေ့ကျင့်ပေးချင်ရုံသာမက သူမ၏ သမီးငယ်လေးကလည်း သူမနဲ့ အရမ်းတူတာကြောင့် ဖြစ်သည်။