အခန်း (၁၆၉)
Vol. 13 Ch. 169
ဇူလိုင်လလယ်တွင် လင်းဟွေ့၏ အမေ ဝမ်ချူးရင်၏ မွေးနေ့ရှိသည်။ လင်းမိသားစုက ပွဲကြီးကြီး မကျင်းပပေ။ စားပွဲ နှစ်ခုသာ ပြင်ပြီး သူ့သမီးကို သူမ၏ ကလေးတွေ ခေါ်လာပြီး အတူတူ စားဖို့ ပြောသည်။
မနက်စောစောတွင် လင်းဟွေ့က ချောင်ကျန်းကျွင်းကို ပြင်ဆင်ထားတဲ့ အဝတ်အထည်နဲ့ ကြက်ဥနှစ် ဆယ်လောက်ကို သယ်ခိုင်းခဲ့သည်။ ထို့နောက် သူမသည် သာ့ချောင်နှင့် တုန်းလင်ကို အမေအိမ်သို့ ခေါ်သွားခဲ့သည်။
သာ့ချောင်က သူ့အမေကို ကူညီပေးသည်။ သူ့မျက်လုံးတွေက လုံးဝန်းပြီး ကြီးမားတဲ့ ဗိုက်ကို စိုက်ကြည့်ရင်း သူမသည် စပ်စုချင်စိတ်ကို မတတ်နိုင်ဘဲ “အမေ မောင်လေးတွေထွက်လာဖို့တွက် ဘယ်လောက်လိုသေးလဲ?”
တုန်းလင်လေးသည် သူ၏ ခြေထောက်တိုတိုများကို လှုပ်ယမ်းကာ အနီးကပ် လိုက်လာသည်။ သူက နောက်ကနေ ထပ်ထောက်ခံနေသည်။ "ဟုတ်တယ်၊ သူတို့ ဘယ်တော့ ထွက်လာမှာလဲ? သား သိမ်းထားတဲ့ သကြားလုံးတွေ အရည်ပျော်သွားလိမ့်မယ်"
မမွေးသေးသော မောင်များအတွက် လက်ဆောင်များပြင်ဆင်မည်ဟု သာ့ချောင်ကပြောသောကြောင့် မိသားစုအတွင်းရှိ အခြားကလေးများက လိုက်နာခဲ့ကြပြီး လက်ဆောင်များ အားလုံး အဆင်သင့်ဖြစ်နေကြပြီဖြစ်သည်။ ဖက်ထုပ်လေးတို့လည်း ပျော်ပျော်ပါးပါး ပါဝင်ခဲ့ကြသည်။
ယိမင်လေးက ပုံဆွဲရတာ ကြိုက်သည်။ ထို့ကြောင့် သူက ပုံဆွဲရန် ရွေးချယ်ခဲ့သည်။ တုန်းလင်လေးသည် အစက သူ့ညီငယ်များကို "ကွန်ဖူး" ဇာတ်လမ်းတွဲကို ပြသချင်သော်လည်း ညီငယ်များက နားမလည်ကြောင်း ပြောပြခဲ့သည်။ ထို့ကြောင့် သူသည် ညီငယ်များအား ပေးရန်အတွက် သကြားလုံးများကိုသာ သိမ်းဆည်းနိုင်ခဲ့သည်။
လူတိုင်းက သူ့ကို ထပ်ပြီး စိတ်ပျက်မစေချင်ဘဲ သူ့ညီလေးတွေက သူ့သကြားလုံးမစားနိုင်ဘူးလို့ မပြောနိုင်ပေ။
လင်းဟွေ့သည် တက်ကြွပြီး ချစ်စရာကောင်းသော ကလေးနှစ်ယောက်ကို ကြည့်နေသည်။ သူမ၏ နှုတ်ခမ်းထောင့်များက ကွေးနေပြီး "မကြာခင်။ အခုဆို ခုနစ်လကျော်သွားပြီ။ ညီလေးတွေ တစ်လေကျော်လောက်နေရင် ထွက်လာလိမ့်မယ်။"
သာ့ချောင်က ခေါင်းမော့ကာ ချိုသာစွာ ပြုံးပြီး "အရမ်းကောင်းတာပဲ အမေ၊ သမီးက မောင်လေးတွေအတွက် လက်ဆောင်တွေ ပြင်ထားပြီးသား။ သူတို့ ထွက်လာတာကို စောင့်နေတာ!"
"အစ်မသာ့ချောင်က ဘာလက်ဆောင်တွေ ပြင်ထားတာလဲ။ သားကို ပြောပြနိုင်မလား" တုန်းလင်လေးက စိတ်ဝင်တစား မေးသည်။
သာ့ချောင်က ခေါင်းခါလိုက်ပြီး " နိုး၊ အဲဒါက လျှို့ဝှက်ချက်ပဲ။ မောင်လေးတွေ ထွက်လာတဲ့အခါကျ မင်းသိလိမ့်မယ်"
တုန်းလင်လေးက ညီလေးများမွေးခင်မှာထဲက သူသည် မျက်နှာမရတော့ပေ။ အနာဂတ်တွင် သူဘာလုပ်ရမည်နည်း။
လမ်းတစ်ဝက်မှာ သူတို့ ဖန်းရှောင်ကျွမ်းကို ရုတ်တရက် တွေ့လိုက်ရသည်။
ဖန်းရှောင်ကျွမ်းသည် မုန့်ဟောင်ကွမ်၏ စာကို စောင့်နေခဲ့သည်။ ပြီးခဲ့တဲ့ အပတ်က စာက ရောက်လာခဲ့သင့်ပေမဲ့ ရောက်မလာခဲ့ပေ။ သူမ နေမထိထိုင်မသာဖြစ်နေပြီး မုန့်ဟောင်ကွမ်သည် သူမနှင့် လမ်းခွဲမည်ကို စိုးရိမ်နေသည်။
မနေ့ကအထိတော့ စာမရောက်သေးပေ။ သူမသည် မစောင့်နိုင်တော့ပါ။ ထို့ကြောင့် သူမသည် စာတိုက်ကို ကိုယ်တိုင်သွားခဲ့သည်။ ကံကောင်းစွာနှင့် သူမစောင့်နေသော စာရောက်နေခဲ့သည်။ မုန့်ဟောင်ကွမ်ရဲ့စာက အခုမှရောက်လာပြီး စာပို့သမားက မပို့ရသေးပေ။ သူမသည် ထိုနေရာတွင် စာကို ယူလိုက်ပြီးနောက်။
စကားလုံးများကို သူမမှတ်မိသောကြောင့် ရှောင်ချောင်ထံသို့ အမြန်ပြန်သွားကာ စာကိုဖတ်ခိုင်းခဲ့သည်။ သူမ အံ့အားသင့်သွားကာ သူမသည် ချောင်ကျန်းကျွင်း၏ မိသားစုကို ဝင်တိုက်မိခဲ့သည်။
သူတို့မိသားစု ဘယ်လောက်ပျော်နေလဲဆိုတာ မြင်လိုက်ရသည်။ ဒီမြင်ကွင်းက သူမကို မျက်ရည်ကျစေခဲ့သည်။ သို့သော် သူမသည် မကြာမီ မြို့၌ အရာရှိကြီး၏ တရားဝင်ဇနီးဖြစ်လာနိုင်မည်ဟု တွေးလိုက်သောအခါတွင် သူမသည် အေးစက်စွာ ဟစ်အော်လိုက်ပြီး မေးကို မော့ကာ သူတို့နှင့် ဝေးရာသို့ ထွက်ခွာသွားခဲ့သည်။
လင်းဟွေ့ နှင့် ချောင်ကျန်းကျွင်းတို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ အဲ့ဒီနောက် ပြောလိုက်သည် “သွားကြစို့၊ အဖေနဲ့အမေက ငါတို့ကို စောင့်နေတယ်”
လင်းဟွေ့က ခေါင်းညိတ်လိုက်သည်။ သူမသည် ဤကိစ္စကို နှလုံးသားထဲတွင် မမှတ်ယူခဲ့ပေ။
လင်းအိမ်ထဲသို့ ဝင်လိုက်သည်နှင့် လင်းဟွေ့၏ အကြီးဆုံးယောင်းမနှင့် တတိယယောင်းမတို့က သူတို့ကို ချက်ချင်း ကြိုဆိုကြသည်။ လင်းမိသားစု၏ ကလေးများသည် သာ့ချောင်ကို မြင်သောအခါ ဝိုင်းဖွဲ့လိုက်ကြသည်။
"ညီမလေးသာ့ချောင် မင်းနောက်ဆုံးတော့ ဒီကိုရောက်လာပြီ။ ငါတို့အားလုံး မင်းကိုစောင့်နေတာ!”
"ဟုတ်တယ်၊ ငါတို့ မင်းအတွက် အရသာရှိတဲ့ အစားအစာတွေ အများကြီး ပြင်ဆင်ထားတယ်။ လာဝင်စား!"
"ညီမလေးသာ့ချောင်က အရမ်းလှတယ်။ အသားအရည်က တို့ဟူးလိုပဲ ဖြူနေတာပဲ။”
"ညီမသာ့ချောင်လောက် တို့ဟူးက ဖြူဖွေးနူးညံ့တယ်လို့ ငါတော့ မထင်ဘူး!"
ထုတ်လုပ်ရေးအဖွဲ့မှလူတိုင်းက လင်းမိသားစု၏ ဖုန်းရွှေသည် အရည်အသွေး အကောင်းဆုံးဖြစ်သည်ဟု ဆိုကြသည်။ ဝမ်ချူးရင်သည် သားငါးယောက်ဆက်တိုက် မွေးဖွားခဲ့သည်။ သားငါးယောက်မှာ သုံးယောက် အိမ်ထောင်ကျခဲ့သည်။ ထိုသုံးယောက်လုံးက သားတွေ မွေးဖွားခဲ့ကြသည်။ သားမမွေးနိုင်သူတွေကို မနာလိုစိတ်တွေ စိမ်းစိမ်းကားကား ဖြစ်စေခဲ့သည်။
ဒါပေမဲ့ လင်းမိသားစုရဲ့ အငယ်ကနေ အကြီးအထိ သူတို့အားလုံးက နူးညံ့ပြီး ချောမောတဲ့ မိန်းကလေးကို ပိုလိုချင်ကြသည်။ ဒီတော့ သာ့ချောင်ရောက်သွားတာနဲ့ ချက်ချင်းပဲ ဘုန်းကြီးကျောင်းထဲကို နတ်သမီးလေးတစ်ယောက် ဝင်လာသလိုဖြစ်သွားသည်။ လင်းမိသားစု၏ ယောင်္ကျားလေးအုပ်စုသည် ဒါကို အလွန်ရခဲသည်ကို တွေ့ရှိခဲ့သည်။
တုန်းလင်၏ နှုတ်ခမ်းလေးသည် မဲ့လာပြီး ကလေးအသံဖြင့် အော်ခဲ့သည်။ "အစ်ကိုဝမ်းကွဲ၊ ဒုတိယအစ်ကိုဝမ်းကွဲ၊ တတိယအစ်ကိုဝမ်းကွဲ၊ မင်းတို့ ငါ့ကိုမကြိုက်ဘူးလား?”
လင်းမိသားစု၏ အကြီးဆုံးအစ်ကိုဝမ်းကွဲဖြစ်သူက လှည့်ကြည့်ကာ သူ့မျက်နှာလေးကို လှမ်းညှစ်လိုက်သည်။ “ဒါပေါ့ ငါမင်းကို ကြိုက်ပါတယ်”
ဒါက ဘယ်လောက်တောင် အကျင့်ပျက်နေတဲ့ သဘောလဲ ကြည့်စမ်း။
တုန်းလင်သည် ပို၍ နှုတ်ခမ်းစူလိုက်ပြီး "မင်းတို့ သွားကြ။ ဒါက ငါ့အစ်မ။ ငါ့အပိုင်။"
လင်းမိသားစု၏ အကျင့်မကောင်းသော ကောင်လေးများက သူ့ပါးကို ပုတ်လိုက်ပြီး "မင်းပြောတာ မှန်ပါတယ်။ သာ့ချောင်က မင်းအစ်မ၊ ဒါပေမဲ့ သူက ငါတို့ရဲ့ ညီမလေးပဲလေ!"
တုန်းလင်သည် ချက်ချင်းဆိုသလို ငါးပူတင်းလေးဖြစ်လာသည်။
လင်းဟွေ့သည် လင်းမိသားစု၏ ကလေးများ သာချောင်ကို သဘောကျသည်ကိုမြင်သောအခါ သူမသည် စိတ်သက်သာရာရသွားသည်။
အကြီးဆုံးယောင်းမသည် မနာလိုသည့်ပုံစံနှင့် သူမကို ထောက်ခံလိုက်သည်။ "လူတိုင်းက မိထွေးဖြစ်ရတာ ခက်တယ်လို့ ပြောကြတာ။ သာ့ချောင်လို သိမ်သိမ်မွေ့မွေ့နဲ့ ချစ်ဖို့ကောင်းတဲ့ လင်ပါသမီးလေးဆိုရင် ငါလည်း မိထွေးဖြစ်ချင်တယ်!"
ထိုစကားကို ဒုတိယယောင်းမလင်းက ရယ်မောပြီး ပြောခဲ့သည်။ "ဒါဆို အကြီးဆုံးယောင်းမ မြန်မြန် အစ်ကိုကြီးနဲ့ကွာရှင်းလိုက်!"
လူတိုင်း - "..."
တစ်ချို့လူတွေဟာ သူတို့မှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိပေမဲ့ သူတို့ပါးစပ်ကို ဖွင့်လိုက်တိုင်း လူတွေကို စော်ကားတာ ဒါမှမဟုတ် စကားဝိုင်းတစ်ခုကို ချက်ချင်း သတ်ပစ်လိုက်တာမျိုး ရှိသည်။
ဒုတိယယောင်းမလင်းက အဲ့လိုလူမျိုးဖြစ်သည်။
ကံကောင်းထောက်မစွာ အကြီးဆုံးယောင်းမ လင်းသည် သူမ၏ စရိုက်ကို ကြာရှည်စွာ ကျင့်သားရခဲ့ပြီး ၎င်းကို စိတ်မ၀င်စားခဲ့ပေ။
လင်းဟွေ့သည် သူမ၏ ကိုယ်ဝန်ဆောင်ချိန်က တော်တော်နောက်ကျနေပြီဖြစ်သည်။ ထို့အပြင် အိမ်ထောင်ကျပြီး သမီးဖြစ်သူက မိခင်အိမ်သို့ ပြန်ရောက်သောအခါ ဧည့်သည်တစ်ယောက်ဖြစ်သည်။ ထို့ကြောင့် ဒီတစ်ကြိမ်မှာ ယောင်းမတွေက သူမကို ကူညီဖို့ မပြောခဲ့ပေ။ ယောက်ဖတွေက ချောင်ကျန်းကျွင်းကို ထင်းခုတ်ရန် ဆွဲခေါ်သွားသည်။
ချွေးမတွေက မီးဖိုချောင်ထဲမှာ အလုပ်ရှုပ်နေတာကို ဝမ်ချူးရင်ကမြင်တော့ သူ့သမီးကို သူ့အခန်းထဲကို ဆွဲခေါ်သွားသည်။ လူတွေကို သံသယမဖြစ်စေရန် သူမသည် တံခါးနဲ့ ပြတင်းပေါက်ကို မပိတ်ခဲ့ပေ။ သူမ၏ လှုပ်ရှားမှုသည် အလွန် ခိုးကြောင်ခိုးဝှက် ဖြစ်နေသည်။
သူမသည် ကုတင်အောက်သို့ တွားမသွားခင် အပြင်တွင် ဘယ်သူမှ မရှိတာကို သေချာအောင် လုပ်ခဲ့သည်။ မြေပြင်ပေါ်က အုပ်ခဲကို ခွာကာ အတွင်းမှ သစ်သားသေတ္တာကို ထုတ်ယူခဲ့သည်။
ဝမ်ချူးရင်၏ ပါးစပ်သည် အလွန်နှုတ်လုံသဖြင့် လင်းဟွေ့သည် သူ့အမေ ကုတင်အောက်တွင် သစ်သားသေတ္တာကို ဖုံးကွယ်ထားသည်ကိုပင် မသိခဲ့ပေ။ "အမေ ဘာတွေဖွက်နေတာလဲ? အဲ့တာက ရွှေမဟုတ်ဘူးမလား?”
သူမက နောက်ပြောင်နေရုံသာဖြစ်ပြီး သူမ အမေက သစ်သားသေတ္တာကိုဖွင့်ပြီး ပစ္စည်းတွေကို ထုတ်ယူလိုက်တဲ့အခါ သူမ အံ့ဩသွားခဲ့သည်။ အဲ့တာက တကယ်ရွှေဖြစ်နေခဲ့သည်!
အဲ့တာက ရွှေချောင်း၊ ရွှေလက်စွပ်တွေ မဟုတ်ပေ။ လက်ချောင်းအရွယ် လုံးဝန်းသော ရွှေဘောလုံးတစ်လုံး ဖြစ်သည်။ ဒါတွေကို နှစ်ပေါင်းများစွာကြာ ဝှက်ထားခဲ့သည်။
ရွှေဘောလုံးတွေ အများကြီးမပါပေ။ စုစုပေါင်း ရှစ်လုံးလောက်ပဲရှိသည်။ ငွေအဖြစ်သို့ ပြောင်းလဲလိုက်လျှင် ငွေအများကြီး ရမည်ဖြစ်သည်။
လင်းဟွေ့က အံ့အားသင့်သွားပြီး "အမေ ဒီပစ္စည်းတွေကို ဘယ်ကရတာလဲ။"
ဝမ်ချူးရင်က "ဒါတွေက မင်းအဖွား ငါ့ဆီ ထားခဲ့တာတွေပဲ။ မင်းအဖွားက အရာရှိတစ်ယောက်သမီးရဲ့ အစေခံဖြစ်ခဲ့ဖူးတယ်။ သူတို့ နှစ်ယောက်က အတူတူ ကြီးပြင်းလာခဲ့ပြီး ဆက်ဆံရေးကောင်းခဲ့တယ်။ နောက်ပိုင်းမှာ ကမ္ဘာကြီးက ပြောင်းလဲလာခဲ့တယ်။ အရာရှိ မိသားစုက ထွက်ပြေးချင်ကြတယ်။ မင်းအဖွားက မလိုက်ချင်ဘူးဆိုတော့ အရာရှိရဲ့သမီးက မင်းအဖွားကို ရွှေတွေပေးခဲ့တယ်။ ငါလက်ထပ်ပြီးတဲ့အခါ မင်းအဖွားက ရွှေအချို့ ငါ့ကို ခွဲပေးလိုက်တာ”
အဖွားသည် အိမ်ဖော်ဖြစ်ဖူးကြောင်း လင်းဟွေ့သိသည်။ ဒါပေမဲ့ ရွှေအကြောင်းကိုတော့ ပထမဆုံးကြားဖူးတာဖြစ်ပြီး “အမေ နှစ်တွေဒီလောက်တောင်ကြာနေပြီ ရွှေကို ဘာလို့မလဲလှယ်တာလဲ?”
ဝမ်ချူးရင်က သူ့သမီးကို မျက်စောင်းထိုးလိုက်ပြီး "ဘာဖြစ်လို့လဲ? မဟုတ်ရင် ဒီမိသားစုက ပစ္စည်းတွေကို ဘယ်ကလာတယ်လို့ ထင်လဲ? မင်းကို အမေပြောချင်တာက မိန်းမတစ်ယောက်က ခင်ပွန်းနဲ့ သားသမီးကို ဘယ်လောက်ပဲ ချစ်နေပါစေ သူ့အတွက်သူ ထွက်သွားဖို့ နည်းလမ်းရှိသင့်တယ်။ ဒီဟာတွေနဲ့ဆို မင်းအဖေက ငါ့ကို ကွာရှင်းချင်ရင်တောင် ငါ ဘာမှလုပ်စရာမရှိဘူး!"
လင်းဟွေ့က သူ့အမေရဲ့ အပြုအမူကြောင့် ရယ်နေခဲ့သည်။ “အမေ သူ့ကို ဆန့်ကျင်ဖို့တွက် ရွှေတွေ အများကြီး ဝှက်ထားတယ်ဆိုတာ အဖေသိရင် စိတ်ဆိုးသွားလိမ့်မယ်!"
ဝမ်ချူးရင်က သူ့သမီးကို ရိုက်လိုက်ပြီး "အလေးအနက်ထား။ နင်အရင်က နှစ်ကြိမ် လက်ထပ်ဖူးတယ်။ နင် ဒါကို ထိလာမှာကို ငါကြောက်ခဲ့တယ်။ ဒါကြောင့် နင့်ကို ငါရွှေ မပေးခဲ့ဘူး။ အခု ချောင်မိသားစုက နင့်ကို ကောင်းကောင်း ဆက်ဆံပုံရတယ်။ နင့်ကိုရွှေတွေပေးဖို့တွက် ငါစိတ်ချသွားပြီ"
ဟုတ်ပါတယ်၊ လင်းဟွေ့ကို အရာအားလုံးပေးဖို့ မဖြစ်နိုင်ပါပေ။ သူ့တွင် သားငါးယောက်နှင့် မြေးလေးငါးယောက်ရှိသေးသည်။ သူမသည် နောက်မှာ ဘာမှ မချန်ထားနိုင်ခဲ့ပေ။ သူမ၏ သမီးဖြစ်သူအား ပေးရန်အတွက် ရွှေဘောလုံးလေးနှစ်လုံးကို ထုတ်ယူလိုက်သည်။
လင်းဟွေ့က မလိုချင်ပေ။ ရွှေဘောလုံးလေးတွေကို တွန်းထုတ်လိုက်ပြီး ပြောခဲ့သည်။ "အမေ ဒီပစ္စည်းတွေကို အမေ့အတွက်ပဲ သိမ်းထားလိုက်ပါ။ သမီးက အဲဒါတွေ မလိုပါဘူး"
သူမသည် နှစ်ကြိမ်လက်ထပ်ဖူးခဲ့သည်။ သူမမိသားစုက သူမအတွက် ခန်းဝင်ပစ္စည်းတွေ အများကြီး ပြင်ဆင်ပေးခဲ့သည်။ လူတစ်ယောက်အနေနဲ့ ကျေးဇူးသိတတ်ပြီး ကျေနပ်ရောင့်ရဲတတ်ဖို့ လိုသည်။ မိသားစုဆီက ပစ္စည်းတွေကို သူမ မယူနိုင်တော့ပေ။ မဟုတ်ရင် သူမရဲ့ ယောင်းမတွေက အဲဒီအကြောင်းသိရင် မကျေမနပ်ဖြစ်သွားလိမ့်မည်။
ဝမ်ချူးရင်က သူမကို ငြင်းဆန်ခွင့် မပေးခဲ့ဘဲ ရွှေဘောလုံးလေးတွေကို သူမကို ပြန်ပေးခဲ့သည်။ "ယူသွားလိုက်ပါ။ ကျန်းကျွင်းရဲ့အလုပ်က စိတ်ရှုပ်စရာကောင်းတယ်။ နင် ရွှေကိုယူပြီး ပိုက်ဆံနဲ့ လဲလိုက်။ ဒါမှမဟုတ် တိုက်ရိုက် လက်ဆောင်ပေးလိုက်ပြီး အဆက်သွယ်လုပ်။ ဒါဆို အလုပ်ပြန်ရနိုင်မလားကြည့်”
ယောက္ခမဖြစ်သူသည် သူ့သမက်က မြို့ထဲတွင် ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နိုင်သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း မပြောဘဲ နေခဲ့သည်။ ကံမကောင်းစွာနဲ့ လအနည်းငယ်ကြာပြီးနောက် သူသည် ပြန်နှင်ထုတ်ခံလိုက်ရသည်။ မကြာသေးမီက ထုတ်လုပ်ရေးအဖွဲ့တွင် လူအများအပြားသည် ဒါကို ဟာသတစ်ခုအဖြစ် မြင်ခဲ့ကြသည်။
သူမထံသို့ တမင်တကာ ပုတ်ခတ်ပြောဆိုလာသူ အချို့လည်း ရှိသေးသည်။ သူတို့အားလုံးက သူမကို တစ်ယောက်ပြီးတစ်ယောက် ပြန်ပြောကြသည်။ သို့တိုင် သူမသည် ဘာမှပြန်မပြောခဲ့ပေ။
ဟုတ်ပါတယ် ဒီမျက်နှာအတွက် တိုက်ခိုက်နေရတာ မဟုတ်ပေ။ ဒါပေမဲ့ သားမက်က ဝန်ထမ်းဖြစ်ရင် သူ့သမီးနဲ့ မမွေးသေးတဲ့ မြေးရဲ့ အနာဂတ်က လုံခြုံမှုရှိလိမ့်မည်။ ထို့အပြင် သူမတွင် ဤသမီးတစ်ယောက်သာရှိသည်။ သူ့ဘဝ ပိုကောင်းလာမည်ဆိုတာကို သူမသည် မျှော်လင့်ကြောင်း မပြောဘဲ နေခဲ့သည်။
လင်းဟွေ့သည် သူမလက်ထဲတွင် ရွှေဘောလုံးလေးကို ကိုင်ထားသည်။ သူမ၏ မျက်လုံးများသည် အနည်းငယ် မဲ့နေသည်။ သူမက သူ့အမေကို ပွေ့ဖက်ပြီး "အမေ၊ ကျေးဇူးတင်ပါတယ်၊ အမေရဲ့သမီးဖြစ်ရတာ အရမ်းကောင်းတယ်။"
ဝမ်ချူးရင်က သူ့သမီးလေးကို အသာအယာ မတွန်းထုတ်လိုက်ခင် နှစ်ခါလောက် ပုတ်လိုက်ပြီး " ကောင်းပြီ၊ စိတ်မပူပါနဲ့။ မြန်မြန် သိမ်းလိုက်ဦး။ နင့် ယောင်းမတွေ မမြင်ခင်။”
လင်းဟွေ့သည် တွန့်ဆုတ်မနေတော့ပေ။ နောင်အခါမှာ သူမ၏ မိသားစုသည် အခြေအနေကောင်းလာလျှင် သူမအမေကို ဝတ်ပြုဖို့ အခွင့်အရေးရလိမ့်မည်။
လင်းမိသားစု၏ ချွေးမများသည် လုံ့လရှိပြီး လျင်မြန်သူများဖြစ်သည်။ ခဏကြာတော့ ဟင်းကောင်းများနှင့် စားပွဲနှစ်ခု ပြင်လိုက်သည်။ တစ်ခုမှာ လူကြီးများအတွက်ဖြစ်ပြီး တစ်ခုမှာ ကလေးများအတွက်ဖြစ်သည်။
လင်းမိသားစုချွေးမ၏ ဟင်းချက်ကျွမ်းကျင်မှုသည် ရွှယ်ချွမ်နှင့် မယှဉ်နိုင်ပေ။ တကယ်တော့ သာ့ချောင် ချက်ပြုတ်တာလောက်တောင် အရသာမရှိပေ။ သို့တိုင် လင်းမိသားစုသည် ကြည်ဖြူကြသည်။ စားပွဲတစ်ခုစီတွင် အသားဟင်းသုံးမျိုးရှိသည်။ လူတိုင်းသည် အရသာရှိရှိ စားနေကြသည်။
ဖန်းရှောင်ကျွမ်းသည် စာကိုယူကာ တဲသို့ ပြန်သွားခဲ့သည်။ ရှောင်ချောင်က ကြက်တွေ အစာကျွေးနေတာကို မြင်တော့ သူမက "ဒီကိုလာပြီး ငါ့အတွက် ဒီစာကိုဖတ်ပေးဦး”
ရှောင်ချောင်က သူ့အမေဆီက စာကိုရခဲ့တယ်ဆိုတဲ့ စကားကို ကြားတာနှင့် တစ်ပြိုင်နက် ပစ္စည်းတွေကို ပစ်ချပြီး စာကို မထုတ်ခင် လက်ကို သန့်စင်အောင် သုတ်လိုက်သည်။
ဖန်းရှောင်ကျွမ်း၏ နှလုံးသားသည် ရေနွေးအိုးထဲက ပုရွက်ဆိတ်တစ်ကောင်လို ပူပန်နေခဲ့သည်။ ရှောင်ချောင်က စာကိုဖွင့်ပြီးတာနဲ့ သူမက "စာထဲမှာ ဘာပြောလဲ? မင်းရဲ့ ဦးလေး မုန့်က အဲဒီမကောင်းဆိုးနဲ့ အဆက်အသွယ်ဖြတ်ဖို့ တစ်ခုခုပြောခဲ့တာလား?"
ရှောင်ချောင်က မျက်မှောင်ကြုတ်ကာ ပြန်ဖြေသည်။ "ဦးလေးမုန့်က အမေ သူနဲ့ အဆက်သွယ် ပြတ်သွားပြီ ဆိုလည်း ထားလိုက်တော့တဲ့။ ဒါပေမဲ့... သူ့မှာ နောက်ထပ် တောင်းဆိုချက်စရာ ရှိတယ်တဲ့”
"ဘာတောင်းဆိုတာလဲ?”
"သူက ချောင်မိသားစုနဲ့ အဆက်အသွယ်ဖြတ်စေချင်တယ်။" ရှောင်ချောင်က ဒီလိုပြောပြီးနောက်မှာ သူမရဲ့ စိတ်ထဲမှာ ဖော်ပြလို့မရနိုင်တဲ့ မသက်မသာဖြစ်မှုတစ်ခု ဖြစ်ပေါ်ခဲ့သည်။
ဖန်းရှောင်ကျွမ်းသည် ထိုစကားကိုကြားသောအခါ သူမ သက်ပြင်းတစ်ချက်ချလိုက်သည်။
ရှောင်ချောင်၏ တုံ့ပြန်မှုကို စောင့်ကြည့်ရန် သူမက မျက်လုံးကို မော့ကြည့်လိုက်သည်။ သူမက မျက်ခုံးပင့်ကာ "ဘာလို့လဲ မင်းမလုပ်ချင်ဘူးလား"