← Chapters

အခန်း (၁၅၇)

Vol. 13 Ch. 157

အခန်း (၁၅၇)

Vol. 13 Ch. 157

သာ့ချောင်နှင့် အခြားသူများသည် ဖောက်ပြန်တယ်ဆိုတာကို နားမလည်ကြသေးသော်လည်း ချောင်တုန်းယင်သည် ရင့်ကျက်သည်။ သူမသည် လွန်ခဲ့သောနှစ်အနည်းငယ်က အဲ့တာက ဘာကိုဆိုလိုသည်ကို သိခဲ့ပြီး ပဉ္စမမြောက် ဦးလေးအတွက် အလွန်စိတ်မကောင်း ဖြစ်သွားခဲ့သည်။

ချောင်ကျန်းမင်က သူ့ခေါင်းကို လှည့်ပြီး သူ့ရဲ့ ဒုတိယတူမလေးရဲ့ မျက်နှာကို ဖမ်းမိလိုက်သည်။

မကြာခင်မှာ ဒုတိယတူမက သူ့ကို စာနာစိတ်နဲ့ ကြည့်နေတာကို ဘာကြောင့်လဲဆိုတာ သူနားလည်သွားသည်။

ချန်ချောင်ချောင်သည် သူ့ခင်ပွန်းက ဒေါသတကြီး မျက်နှာထားဖြင့် အပြေးအလွှားဝင်လာသည်ကို မြင်သောအခါ “ကျန်းမင်…အာ့..."

သူမ လည်ပင်းကို မညှစ်ခင် သူ့နာမည်ကိုသာ ခေါ်ဖို့ အချိန်ရလိုက်သည်။

ချောင်ကျန်းမင်၏ နဖူးနှင့် လည်ပင်းတွင် အပြာရောင်သွေးပြန်ကြောများ ပေါ်လာသည်။ “‌ချန်ချောင်ချောင် မင်း ဘာအမှားလုပ်ခဲ့တာလဲ? မင်း ငါနဲ့ မပေါင်းချင်ဘူးဆိုရင် ငါ့ကို တိုက်ရိုက်ပြောလို့ရတယ်။ မင်းဘာလို့ ဒီလိုမျိုးလိုချင်တာလဲ?”

မည်သည့် ယောင်္ကျားမှ ကိုယ့်မိန်းမရဲ့ ဒီလို လှောင်ပြောင်ခြင်းကို ခွင့်မလွှတ်နိုင်ပေ။

ချန်ချောင်ချောင်သည် အသက်ရှူရ ခက်နေသည်။ သူမ၏ မျက်နှာသည် ခရမ်းရောင်ပြောင်းသွားသည်။ သူမသည် သူ့ကို သူမ၏ လက်ဖြင့် ဆက်တိုက်ရိုက်‌နေသည်။

"​အဟွတ်... ရှင်…လွှတ်လိုက်…"

အောက်ဆီဂျင်မရှိတာကြောင့် မျက်လုံးတွေက မျက်ဖြူလန်နေသည်။ သူမသည် ဒီနေ့ သေတော့မည်ဟု တွေးလိုက်မိသည်။ ချောင်ကျန်းမင်က သူမကို တွန်းထုတ်လိုက်သည်။

သူမသည် မြေပြင်ပေါ်သို့ လဲကျသွားပြီး မျက်ရည်များ တဟုန်ထိုး စီးကျလာသည်။

ချောင်ကျန်းမင်၏ ရင်ဘတ်သည် ပြင်းထန်စွာ တဟုန်ထိုး ခုန်လာသည် ။ သူက သူမကို ငုံ့ကြည့်လိုက်သည်။ သူ့သွားထဲက စကားလုံးတချို့ကို ညှစ်ထုတ်ဖို့ အချိန်တော်တော်ကြာခဲ့ပြီး "ငါတို့ မနက်ဖြန် ကွာရှင်းမယ်!"

ချောင်ဟုန်းရှနှင့် မတူဘဲ ချောင်ကျန်းမင်နှင့် ချန်ချောင်ချောင်တို့သည် လက်ထပ်လက်မှတ် ရရှိထားသည်။ ကွာရှင်းပြတ်စဲဖို့အတွက် လုပ်ထုံးလုပ်နည်းတွေ ဖြတ်ကျော်ဖို့လိုသည်။

ချန်ချောင်ချောင်က မြေပြင်မှထကာ သူ့လက်ကိုဆွဲ ငိုပြီး "ကျန်းမင် ကျွန်မ မကွာရှင်းနိုင်ဘူး။ ကျွန်မ ရှင်နဲ့မကွာရှင်းချင်ဘူး။ ကျွန်မ ရှင့်ကို ချစ်တယ်။"

ချောင်ကျန်းမင်က သူမကို ခါထုတ်လိုက်ပြီး "ငါ့ကို ချစ်တယ်? ဘယ်လိုချစ်ရမှာလဲ? မင်း တခြား ယောင်္ကျားတွေကို ထိဖူးတဲ့ ခန္ဓာကိုယ်နဲ့ ငါ့ကို ချစ်မှာလား? မင်း စက်ဆုပ်တယ်လို့ မခံစားရဘူး၊ ကောင်းပြီ၊ မင်းက ညစ်ပတ်တယ်လို့ ငါထင်တယ်!"

ချန်ချောင်ချောင်၏ မျက်နှာပေါ်တွင် သွေးများ ချက်ချင်း စီးကျလာသည်။ သူမသည် နောက်သို့ ခြေနှစ်လှမ်းဆုတ်ပြီး လဲကျသွားသည်။

ဒါက ဘယ်လိုဖြစ်လာလဲ သူမ နားမလည်ပေ။

အစတုန်းကတော့ သူ့အပေါ် အမှားလုပ်မိဖို့ ဘယ်တုန်းကမှ မတွေးခဲ့မိပေ။ ဒါပေမယ့် သူနောက်ဆုံးပြန်လာတဲ့ အချိန်မှာ သူမကို ခရိုင်ရုံးကို ခေါ်သွားပေးဖို့ တောင်းပန်ခဲ့သည်။ သူက ငြင်းခဲ့သည်။

သူမ၏ နှလုံးသားသည် လှောင်ပိတ်ထာသလို ခံစားလိုက်ရသည်။ ထန်ကျန်းမင်က သူ့ဘေးမှာ အမြဲရှိနေခဲ့သည်။ သူမကို ပျော်ရွှင်စေရန် ဟာသတွေလုပ်ခဲ့ပြီး သူမ၏ အလှကို ကဗျာဖြင့် ချီးကျူးခဲ့သည်။ ချစ်ခင်သော အကြည့်များဖြင့် သူမကို ကြည့်လိုက်တိုင်း သူမ၏ နှလုံးသားသည် လှုပ်ရှားသွားသည်။

တဖြည်းဖြည်းနဲ့ သူမသည် သူမကိုယ်သူမ ဆုံးရှုံးသွားသည်။ သူမသည် ထန်ကျန်းမင်ကို ချစ်မိသွားသည်။ သူမသည် သူ၏ နူးညံ့သိမ်မွေ့မှုနှင့် ဆင်ခြင်ဉာဏ်တို့ကို နှစ်သက်သည်။ သူ့မျက်လုံးထဲမှာ သူမတစ်ယောက်တည်းရှိတာကို သဘောကျသည်။ သူ့၏ သန်မာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ကို ပိုလို့တောင် သဘောကျသည်..။

သူမသည် ယောင်္ကျား တစ်ယောက်၏ စောင့်ရှောက်မှုနှင့် အကာအကွယ်လိုအပ်သော သာမန်အမျိုးသမီးတစ်ဦးမျှသာဖြစ်သည်။ ထန်ကျန်းမင်က သူမကို လက်ဖဝါးမှာ ရတနာတစ်ခုလို ဆုပ်ကိုင်ထားသည်။ သူမ ဘယ်လိုမှ မလှုပ်နိုင်တော့ပေ။

ထန်ကျန်းမင်ကို ချစ်မိသွားခြင်းသည် မတော်တဆမှုတစ်ခုဖြစ်သည်။ သူမ မတတ်နိုင်ခဲ့ပေ။

ဒါပေမယ့် ဒါက ချောင်ကျန်းမင်ကို သူမ မချစ်ဘူးလို့ မဆိုလိုပေ။ သူမသည် သူနှင့် ကွာရှင်းဖို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးပါ။

"ကျန်းမင် ကျွန်မမှားခဲ့တာကို ကျွန်မတကယ်သိပါတယ်။ ဒီတစ်ခါတော့ ခွင့်လွှတ်ပါနော်။ ကျွန်မ ရှင့်ကိုပဲ တကယ်ချစ်တယ်။ အဲဒီလူကို မေ့ပြီး အနာဂတ်မှာ ရှင့်နဲ့အတူ ကောင်းကောင်းနေမယ်လို့ ကတိပေးတယ်။"

ချောင်ကျန်းမင်က သူမကို လျစ်လျူရှုကာ စိုက်ကြည့်ရင်း “ဝမ်အာလေး နောက်ဆုံး ထွက်သွားတုန်းက မင်း သူ့ကို ချစ်ပြီး အနာဂတ်မှာ ငါနဲ့အတူ ကောင်းကောင်းနေမယ်လို့ မင်းပြောခဲ့ဖူးတယ်။ ပြီးတော့ ဘာဖြစ်သွားလဲ? ဘာမှ မပြောနဲ့တော့။ ဝမ်အာလေးအတွက် ငါ မင်း မျက်နှာကို နည်းနည်းထောက်ပေးမယ် မင်းဘာတွေ လုပ်ခဲ့လဲဆိုတာ ငါမပြောဘူး။ ဝမ်အာလေး ကြီးမလာခင်အထိ သူ့ကို လာမတွေ့နဲ့! ဘယ်လိုဖြစ်ဖြစ် မင်းက ဂရုမစိုက်ဘူး၊ ဟုတ်တယ်မလား?”

စကားပြောပြီးနောက် သူသည် သူမကို လျစ်လျူရှုလိုက်သည်။ သူသည် အေးစက်စွာ လှည့်ထွက်သွားသည်။

ချန်ချောင်ချောင်၏ မျက်နှာသည် ဖြူဖျော့သွားသည်။ သူမ၏ ခန္ဓာကိုယ် ပျော့ပျောင်းလာကာ အင်အားမရှိဘဲ မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။ သူမရဲ့ အင်အားတွေ အားလုံး ဆုတ်ယုတ်သွားသလိုပင်။

ချောင်ကျန်းမင်သည် ဒေါသကြီးသော မျက်နှာဖြင့် ပင်မအခန်းသို့ ရောက်လာသည်။ သူ့ခန္ဓာကိုယ်က သူစိမ်းတွေကို သတိပေးတဲ့ အငွေ့အသက်တွေ ထွက်လာသည်။

သာ့ချောင်သည် ကျိုင်းပန်းပွင့်တစ်ပန်းကန်နှင့် ကြက်သွန်ဖြူအနံ့အရသာ ပဲစိမ်းပန်းကန်သေးသေးလေး နှင့်အတူ လျှောက်လာခဲ့သည်။ သူမသည် နူးနူးညံ့ညံ့လေး ပြောလိုက်သည်။ “ပဉ္စမမြောက် ဦးလေး၊ ဦးလေး ဗိုက်ပြည့်သွားရင် ပိုကောင်းလာလိမ့်မယ်။” 

သာ့ချောင်က ဖောက်ပြန်တယ်ဆိုတာ ဘာကိုဆိုလိုမှန်း မသိပေမယ့် ဒီအချိန်မှာ အိမ်တွင်းက အငွေ့အသက်တွေက အရမ်းထူးဆန်းနေသည်။ သူမ သတိထားမိတာကြာပြီ ဖြစ်သည်။ ပဉ္စမမြောက် ဦးလေးက အခန်းထဲမှာ အခုလေးတင် အော်ခဲ့သည်။ သူနှင့် ပဉ္စမမြောက် အဒေါ်တို့ ရန်ဖြစ်ကြသည်ဟု သူမ ခန့်မှန်းမိသည်။

ပဉ္စမမြောက် ဦးလေးသည် သူမအား ကောင်းစွာ ဆက်ဆံပြီး ဝမ်အာကို အရမ်းချစ်သည်။ ပဉ္စမမြောက် အဒေါ်သည် အမြဲအေးစက်နေပြီး ဝမ်အာကို လျစ်လျူရှုထားသည်။ ထို့ကြောင့် ပဉ္စမမြောက် ဦးလေးနှင့် ပဉ္စမမြောက် အဒေါ်ကြားတွင် သူမသည် ပဉ္စမဦးလေးကို ပို၍ နှစ်သက်သည်။

ချောင်ကျန်းမင်က သူ့ကို တောက်ပသန့်ရှင်းသော မျက်လုံးများဖြင့် ကြည့်နေသော ကလေးလက်ထဲက လှမ်းယူလိုက်သည်။ သူမ၏ အသံသည် နူးညံ့ပြီး သိမ်မွေ့သည်။ သူ့နှလုံးသားက ရုတ်တရတ် ပျော့သွားသည်။

သူ့လက်ကို မြှောက်ပြီး သူမ ခေါင်းကို ပွတ်သပ်ရင်း “ကောင်းလိုက်တာ ကလေး ကျေးဇူးတင်ပါတယ်။”

သာ့ချောင်က ချိုချိုသာသာ ပြုံးပြီး "ပဉ္စမမြောက် ဦးလေး၊ စားပါ။ သမီး ကျိုင်းပွင့် ဖက်ထုပ် လုပ်မယ်လိုက်ဦးမယ်။ သမီး လုပ်ပြီးရင် အဲ့တာကို ဦးလေးဆီ ယူလာပေးမယ်။"

ချောင်ကျန်းမင်က ခေါင်းညိတ်လိုက်သည်။

သာ့ချောင်ထွက်သွားသည်နှင့် တပြိုင်နက် ချောင်ရှို့ကျီနှင့် ရွှယ်ချွမ်တို့ အတူတူ လျှောက်လာကြသည်။

ချောင်ရှို့ကျီ -  "မင်းဘာလုပ်မှာလဲ?"

ချောင်ကျန်းမင်က ခါးခါးသီးသီး ပြုံးလိုက်ပြီး "ကွာရှင်းတာကလွဲရင် သားက ဘာလုပ်ရမလဲ?"

ဝမ်အာငယ်လေး ပျောက်ဆုံးသွားတုန်းက နှစ်ယောက်စလုံးမှာ တာဝန်ရှိသည်။ အဲဒါကြောင့် သူသည် တစ်ယောက်ကို တစ်ယောက် အခွင့်အရေးပေးဖို့ ကြိုးစားခဲ့သည်။ ဒီတစ်ခါတော့ သူ့မှာ ရွေးချယ်စရာ မရှိတော့ပေ။

ချန်ချောင်ချောင်က ဖောက်ပြန်ရုံတင်မကဘဲ ကိုယ်ဝန်တောင်ပါလာခဲ့သည်။ ပိုဆိုးတာက သူမသည် တခြားလူအတွက် ကြက်ဥတစ်လုံးကို သူ့ကို ပြုစုစေချင်ခဲ့သည်။

လူသတ်မှုက ဥပဒေနှင့် မဆန့်ကျင်ရင် သူသည် သူမကို လည်ပင်းညှစ်သတ်ပစ်ချင်ခဲ့သည်။

ချောင်ရှို့ကျီ နှင့် ရွှယ်ချွမ်တို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။ သူတို့သည် ကွာရှင်းဖို့ သဘောတူကြပြီး "ဒါဆို ကွာရှင်းလိုက်။ မင်းက ထန်ကျန်းမင်အလိုကို မလိုက်ရဘူး။"

ထန်ကျန်းမင်သည် ထိုနေ့တွင် ထွက်ပြေးခဲ့ပြီး ပြန်မလာတော့ပေ။ နောက်နှစ်ရက်အကြာတွင် ရပ်ရွာကို အမျိုးသမီးဆရာဝန်တစ်ဦး စေလွှတ်ခဲ့သည်။

ထန်မိသားစုမှ ဘာသတင်းမျှ မရှိပေ။

ချောင်ကျန်းမင်သည် သူ့လက်များကို လက်သီးဆုပ်ထားသည်။ ခံနိုင်ရည်ရှိအချို့ ရှိပြီးနောက် သူက ခေါင်းညိတ်ပြီး "သား ဘာလုပ်ရမလဲ သားသိတယ်။ စိတ်မပူနဲ့၊ သား မရှုပ်ပါဘူး!"

"ချန်မိသားစုက မင်းကို လွယ်လွယ်နဲ့ မကွာရှင်းမှာကို ငါကြောက်တယ်။ မင်းအဖေနဲ့ ငါ မနက်ဖြန် မင်းနဲ့လိုက်မယ်။"

ချောင်ရှို့ကျီသည် သူ့သား၏ စိတ်အတွင်း၌ ဒေါသလောင်ကျွမ်းနေမှန်း သိသည်။ ဒါပေမယ့် စိတ်အားထက်သန်မှုက ပြဿနာကို မဖြေရှင်းနိုင်ပေ။ သူတို့သည် စောင့်ဆိုင်းရုံသာ ရှိသည်။

ချောင်ကျန်းမင်က မငြင်းပေ။

ချောင်ကျန်းမင်သည် ထိုအချိန်တွင် မထိခဲ့ပေ။ သူသည် ချန်‌ချောင်ချောင်နဲ့ တစ်ခန်းတည်းမှာ တစ်စက္ကန့်လောက်မနေချင်ပေ။

အစက သူတို့သည် နက်ဖြန်တွင် ပြင်းထန်သော တိုက်ပွဲဖြစ်မည်ဟု ထင်ခဲ့သည်။ အံ့သြစရာကောင်းတာက ချန်မိသားစုသည် အဲဒီနေ့မွန်းလွဲပိုင်းမှာ ရောက်လာသည်။

ချန်မိသားစုက သူတို့ထင်ထားသလို ရက်စက်ကြမ်းကြုတ်တာမျိုး မလုပ်ခဲ့ပေ။ အဲ့ဒီအစား သူတို့သည် အလွန်သဟဇာတရှိပြီး ကြင်နာနေကြသည်။

သူတို့သည် ချန်ချောင်ချောင်က ချောင်မိသားစုကို ပြစ်မှားပြီး ချန်မိသားစုက သူတို့သမီးလေးသည် ကောင်းကောင်းပညာမတတ်ဘူးလို့ ပြောကြသည်။ သူတို့ရဲ့ လာရောက်တာကတော့ သူတို့ရဲ့သမီးဖြစ်သူကို ချောင်ကျန်းမင်နှင့် ကွာရှင်းပြီး သူမကို ပြန်ခေါ်သွားဖို့ ဖြစ်သည်။

ချန်မိသားစုရဲ့ နားလည်မှုဟာ အတော်လေးကို မူမမှန်ပေ။

ချောင်မိသားစုက အဲဒါကို တွေးပြီး မြန်မြန်နားလည်လိုက်သည်။

ချန်မိသားစုသည် ထန်မိသားစုထံမှ အကျိုးခံစားခွင့်များကို ကောင်းစွာလက်ခံရရှိသည် သို့မဟုတ် ထန်မိသားစု၏ ခြိမ်းခြောက်ခြင်းကိုပင် ခံရသည်။ အဲဒါကြောင့် ‌ချန်ချောင်ချောင်ကို စပြီး ပြန်ခေါ်ခဲ့ကြတာ ဖြစ်သည်။

ချန်ချောင်ချောင် ပြန်သွားပြီးနောက် ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ချောင်မိသားစုက မသိသလို ပြီးတော့ မသိချင်ပေ။

​နောက်​တစ်​​နေ့တွင်​ ချောင်ကျန်းမင်သည်​ ချန်ချောင်ချောင်နှင့်​ ကွာရှင်းရန်​အတွက်​ မြို့ထဲသို့သွားသည်​။

ချူရှင်းယောင်က ကြိုတင် ညွှန်ကြားထားသောကြောင့် ကွာရှင်းခြင်း လုပ်ငန်းစဉ်များသည် အလွန်လျင်မြန်စွာ ပြီးဆုံးသွားခဲ့သည်။ နာရီဝက်မပြည့်ခင်မှာ ပြီးသွားသည်။

ကွာရှင်းလက်မှတ်ကို ကိုင်ထားကာ ရှောင်ကျန်းမင်းသည် ချန်ချောင်ချောင်ကိုပင် မကြည့်ဘဲ လှည့်ထွက်သွားခဲ့သည်။

မကြာခင်မှာပဲ ချောင်ကျန်းမင်ရဲ့ ကွာရှင်းပြတ်စဲတဲ့သတင်းဟာ ထုတ်လုပ်ရေးအဖွဲ့တစ်ဖွဲ့လုံး ပျံ့နှံ့သွားသည်။ ရွာသားတွေကို နှိုးဆော်လိုက်သည်။

နေ့တစ်ဝက်မပြည့်မီတွင် အခြားသတင်းတစ်ခုသည် လူတိုင်း၏ အာရုံစိုက်မှုကို ခံခဲ့ရသည်။ ဖန်းရှောင်ကျွမ်းသည် မြို့သူတစ်ယောက်ဖြစ်လာရန် ဟူမြို့သို့ လက်ထပ်ဖို့ သွားမည်ဖြစ်သည်။

"အိုက်ရား၊  ချောင်မိသားစု နဲ့ ပတ်သက်ပြီး မင်းဘယ်လိုထင်လဲ။ သူတို့အကုန်လုံး ကွာရှင်းနေကြတာ အခုဆို အကြီးဆုံးချောင် ပဲ ကျန်တော့တယ်"

"မင်းမှားနေတယ်။ ချောင်ဟုန်း‌မေက မကွာရှင်းဘူးလေကွာ။‌  ချောင်ရှို့ကျီလင်မယားက ကွာရှင်းထားတာ မဟုတ်ဘူးမလား"

"Tsk tsk tsk ချောင်မိသားစုက လူတွေအကုန်ကွာရှင်းသွားရင် တောင် ချောင်ရှို့ကျီတို့ကတော့ လုပ်မှာမဟုတ်ဘူး။ မင်းမမြင်ဘူးလား သူတို့ဘယ်လောက် အတွဲညီလည်းဆိုတာ။"

"ဒီအရွယ်ပဲရောက်နေပြီ ဒါတွေလုပ်နေတုန်းလား?အငယ်တွေ မြင်မှာ မရှက်ဘူးလား?"

လူတိုင်းက ချောင်မိသားစုရဲ့ နောက်ထပ်ကွာရှင်းဖို့ ကြောင်း ဆွေးနွေးနေကြသည်။

သို့သော် သူတို့စကားပြောရင်း အကြောင်းအရာက မိဘတွေဖြစ်တဲ့ ရှောင်ရှို့ကျီနဲ့ရွှယ်ချွမ်တို့ကို ပြစ်တင်ခြင်းအ‌‌ဖြစ်ပြောင်းလဲသွားသည်။ ခဏနေတော့ သူတို့သားသမီးတွေကို ပညာမတတ်ဘူးလို့ ပြောကြသည်။

 ပြီးတော့ထပ်ပြီး ဒီအသက်အရွယ်မှာ နေ့တိုင်းချစ်ခင်ကြင်နာပြ နေတာ အရှက်မရှိဘူးဆိုပြီး ပြောကြပြန်သည်။ တစ်ချို့ကတော့‌ ချောင်မိသားစုတွေက နာမည်ပျက်ရှိနေပေမဲ့လည်း ကွာရှင်းပျက်စဲမှု တွေက သူတို့ကို ပိုကောင်းလာ စေတယ်လို့ ထင်ကြသည်။

ကွာရှင်းပြီး နောက်ထပ်ပြီး လင်းဟွေ့ နဲ့ လက်ထပ်ခဲ့တဲ့ ဒုတိယမြောက်‌ချောင်ကိုကြည့် ဇနီးအသစ်က လှပပြီး ကိုယ်ကျင့်တရားကောင်းသည်။ မိသားစုနှင့် သဟဇာတဖြစ်သည်။ ယောက္ခတွေကလည်းသဘောကောင်းပြီး ပြဿနာလည်းမရှာဘူး။ ဖန်းရှောင်ကျွမ်းထက် အဆများစွာသာလွန်သည်။

ထို့နောက် ချောင်ဟုန်းရှ ကိုကြည့်ပါ။ ကလေးတစ်‌ ယောက်နှင့် အိမ်ထောင်ကွဲတစ်ခုလပ်က အသက်ကြီးပြီး ရုပ်ဆိုးသောမုဆိုးဖိုနှင့် လက်ထပ်မည်ဟု ထင်ကြလိမ့်မည်။ သူမက ဝမ်မိသားစု၏ အလားလာအရှိဆုံးတတိယ‌ မြောက်အကြီးဆုံးသူကို ဖမ်းဆုပ်နိုင်လိမ့်မယ်လို့ ဘယ်သူကထင်မှာတုန်း။

အသက်နှစ်ဆယ့်ခြောက်နှစ်အရွယ် ဗိုလ်မှူးကြီးလေ။လက်မထပ်ရသေးတဲ့ မိန်းမပျိုတွေ ဘယ်လောက်‌တောင် သူတို့မျက်လုံးထဲ မနာလိုဝန်တိုမှုကြောင့် နီရဲသွားမလဲ။ 

ချောင်ကျန်းမင်က ကိုယ်ပိုင်အစွမ်းအစရှိပြီး ခရိုင်မြို့၌ ဝန်ထမ်းအဖြစ်လုပ်ကိုင်ခဲ့သည်။ သူ့အရည်အချင်းနဲ့သူက မြို့ကမိန်းကလေးတစ် ယောက်ကို မကြာခင် ခေါ်ပြန်လာနိုင်သည်။

ရှင်းဟွာက သူမ၏ တင်ပါးတွေကို ယိမ်းနွဲ့ကာ နှုတ်ခမ်းဆူပြီး ရောက်လာသည်။ နင်က ချောင်မိသားစုရဲ့ နံစော်နေတဲ့ ခြေထောက်တွေကို ကိုင်ချင်လည်းဂရုမစိုက်ဘူး။ ဒါပေမဲ့ "ငါတို့အစ်မကြီးရှောင်ကျွမ်းလည်း ကောင်းကောင်းနေနေတယ်၊ ချောင်မိသားစုကနေ ထွက်လာပြီးနောက်!"

စုန့်ကျင်းလိုင်၏ ဇနီးကြားတော့ သူမက ရုတ်တရက်ကျယ်လောင်စွာ ရယ်ပြီး "နင်မျက်စိကန်းနေတာလား? ဘယ်လိုလုပ် ဖန်းရှောင်ကျွမ်းက ကောင်းကောင်းနေမှာလဲ။ အရင်ထဲက ဝမ်မိသားစုနဲ့လက်ထပ်ခဲ့ရင်တော့ မဆိုးပါဘူး။ သူမက သူမရဲ့ကံမကောင်းတာကို မုန်းနေတာလေ။ ငါးယောက် မြောက်လူကြီးက ဘယ်လောက်သန်သန်မာမာလဲ? ဒါကို အိမ်ထောင်ကျပြီးနှစ်ဝက်ပဲရှိသေးတယ် အသက်ခံလိုက်ရတယ်။ ကျွတ်စ် ကျွတ်စ် ကျွတ်စ်!" 

ရှင်းဟွာက ဒေါသကြောင့် နီရဲလာပြီး "စုန့်ကျင်းလိုင်မိန်းမ နင် အဲ့လိုအဓိပ္ပာယ်မရှိတာတွေ နင့်ပါးစပ်က ထပ်ထွက်လာရင် နင့်ရဲ့ နံစော်နေတဲ့ ပါးစပ်ပေါက်ကို ဘယ်လို ဆွဲဖြဲပစ်မလဲ ကြည့်စမ်း! "

စုန့်ကျင်းလိုင်ရဲ့ဇနီးက ခါးထောက်ပြီး "ဆွဲဖြဲမယ် ငါနားမလည်ဘူး။ ဖန်းရှောင်ကျွမ်းက နင့်ကိုသူ့ရဲ့လက်ပါးစေဖြစ်ဖို့ ဘာတွေကျွေးခဲ့လို့လဲ?"

ရှင်းဟွာက ဒေါသကြောင့် အံ့ကြိတ်ကာ "ပြောလေ။ ပြောစမ်းပါ။ နင့်မှာသာ အရည်ချင်းရှိတယ်ဆို အစ်မကြီး ရှောင်ကျွမ်း လက်ထပ်ပြီး မြို့မှာတရားဝင်ဇနီး ဖြစ်လာတဲ့ခါ အစုလိုက်အပြုံလိုက် ရောက်မလာနဲ့"

All Chapters