အခန်း (၁၅၈)
Vol. 13 Ch. 158
ဘာလဲ?
ဖန်းရှောင်ကျွမ်းက လက်ထပ်ပြီး မြို့မှာတရားဝင် ဇနီးဖြစ်လာမှာလား?
ရှင်းဟွာရဲ့ ဦးနှောက်က နစ်မြုပ်ပြီး အဓိပ္ပာယ်မရှိတာတွေ ပြောနေတာလား?
ဖန်းရှောင်ကျွမ်းက ရုပ်ရည်ချောမောပေမဲ့ နှစ်ခါ တောင် လက်ထပ်ခဲ့သည်။
ချောင်ဟုန်းရှက စုတ်နေတဲ့ ဖိနပ်ဆို ဖန်းရှောင်ကျွမ်းက စုတ်နေတဲ့ ဖိနပ်တွေထဲ အစုတ်ဆုံးပဲ!
ဘယ်အရာရှိက ရူးသွပ်နေလို့ ဒီဖိနပ်စုတ်ကို ယူတာလဲ? လူတိုင်းက အဲ့သတင်းကို မေးမြန်းချင်လို့ ရှင်းဟွာဆီ အသဲသန်သွားနေ ကြသည်။
"အရင်က ထုတ်လုပ်ရေး အဖွဲ့ကို ရောက်လာတဲ့ မုန့်ဟောင်ကွမ်ဆိုတဲ့ ပညာတတ်လူငယ်ကို မှတ်မိကြသေးလား?"
ရှင်းဟွာကို လူအုပ်ကြီးက ဝန်းရံ နေသည်။ သူမက မေးစေ့ကို မော့လိုက်သည်။ မြို့ထဲလက်ထပ်ပြီး တရားဝင်ဇနီးဖြစ်လာတာ သူမတစ် ယောက်ထဲရှိတာဆိုပြီး ဂုဏ်ယူနေသည်။
လူအုပ်ကခဏလောက် ထိတ်လန့်သွားကြသည်။ ခဏကြာတော့ လူတစ်ယောက်က နားလည်သဘောပေါက်သွားပြီး သူ့ပေါင်ကို ရိုက်လိုက်သည်။
"ငါမှတ်မိပြီ ငါဘယ်လိုမှ မတက်နိုင်ဘူး။ အဲ့တုန်းက သူနဲ့ ဖန်းရှောင်ကျွမ်းက တစ်ယောက်နဲ့ တစ်ယောက် ပရောပရီလုပ်နေကြတာ။ သူတို့လက်ထပ်မယ် လို့ပဲငါထင်ခဲ့တာ။ သူကမြို့ကို ပြန်ရောက် ရောက်ခြင်း ဘာသတင်းမှာမကြား တော့ ဘယ်သူကထင်မှာလဲ။ ဘာလဲ။ ဖန်းရှောင်ကျွမ်းက သူနဲ့ လက်ထပ်တော့မယ်ဆိုတာ"
ရှင်းဟွာက ဂုဏ်ယူစွာ ခေါင်းညိမ့်ပြပြီး" အဲ့ပညာတတ်လူငယ်မန်ပါ။ သူကခု ဟူ မြို့ရဲ့ မြို့ပြဖွင့်ဖြိုးတိုးတက်မှုဗျူရိုရဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဖြစ်နေပြီလေ။ မြို့တော်ဝန်မှလွဲပြီး ဒီမြို့ပြဖွံ့ဖြိုး တိုးတက် ရေးဗျူရိုက ဟူ မြို့ရဲ့ဒုတိယကွပ်ကဲမှုလေ။ ပညာတတ်လူငယ်မုန့်က လက်ထောက်ညွှန်ကြား ရေးမှူး လေ။ သူ့ဘက် တော်သားမလုပ်ချင်တဲ့ သူဘယ် လောက်ရှိမှာလဲ။ အဲ့လိုလူမျိုးက အစောင့် ခွေးထက် ပိုကောင်းတယ် မဟုတ်ဘူးလား?"
ချောင်ကျန်းကျွင်းက လုံခြုံရေးလုပ်ဖို့ မြို့၏ စားသောက်ကုန် စက်ရုံကိုသွားခဲ့သည်။ အဲ့အချိန်မှာပဲ သူသည် ရှင်းဟွာ၏ ပါးစပ်မှ အစောင့် ခွေးဖြစ်လာသည်။
ရွာသားတွေက မြို့ပြဖွံ့ဖြိုး တိုးတက်ရေး ဗျူရိုနဲ့ ပတ်သက်ပြီး ဘာမှမသိကြပေ။ ဒါတောင် သူက မြို့ကြီးတစ်မြို့၏ ဒုညွှန်ကြားရေးမှူးရဲ့ အတွင်းရေးမှူး ဖြစ်ခဲ့သည်။ ဒါကို သူတို့နားလည်ရင်တောင် အရေးမကြီးပေ။ အတိုချုံး ပြောရရင် ဒါကအံ့ဩစရာပဲ။
ဉာဏ်ထက်တဲ့ လူတစ်ယောက်က ချက်ချင်းစိတ်ပြောင်းပြီး မြှောက်ပြောလိုက်သည်။ " သူက ဒုညွှန်ကြား ရေးမှူးရဲ့ အတွင်းရေးမှူး တစ်ယောက်လေ။ ပညာတတ်လူငယ် မုန့်က တကယ်အရည်ချင်းရှိတာပဲ! သူ့ကိုပထမဆုံးစတွေ့ထဲက ငါသိတယ် သူကတောက်ပတဲ့ အနာဂတ်ရှိတဲ့ လူငယ် တစ်ယောက်ဖြစ်မယ်ဆိုတာ။ ဒါဆို သူကခု ဖန်းရှောင်ကျွမ်းနဲ့ တကယ်ကြီး လက်ထပ်တော့မှာလား?"
တစ်ယောက်ယောက်က သူ့ရဲ့ ထင်မြင်ချက်ကို ပြောလိုက်သည်။ "ဒါမဖြစ်နိုင်ဘူး။ ပညာတတ်လူငယ်မန်က အရည်အချင်းရှိသားနဲ့ ဘာလို့ကျေးလက်ကို ပြန်လာပြီး ဇနီးရှာရတာလဲ၊ မြို့ကမိန်းကလေးတွေကို သူမ ကြိုက်ဘူးလား?"
ယနေ့ခေတ်တွင် မြို့ပြက လူတွေမပြောပါနဲ့ မြို့ကလူတွေ တောင် ကျေးလက်က မိန်းကလေးတွေ ကိုလွယ်လွယ်နဲ့ ရွေးချယ်မှာ မဟုတ်ပေ။ ပညာတတ်လူငယ်မုန့်သည် ကျေးလက်ကနေ ဇနီးတစ်ယောက်ကို ရှာဖွေ ချင်တယ်ဆိုရင်တောင် လက်မထပ်ရသေးတဲ့ မိန်းကလေး တွေအများကြီးရှိသည်။ ဘာကြောင့် ဖန်းရှောင်ကျွမ်းပေါ် ရူးသွပ်နေရတာလဲ?
ရှင်းဟွာက ဂုဏ်ယူစွာ တုံ့ပြန်လိုက်သည်။ " ဒါကဘာလို့လဲဆိုတော့ ပညာတတ်လူငယ်မုန့်က ချစ်ခင်မြတ်နိုးပြီး သစ္စာရှိလို့လေ။ သူက ငါတို့ရဲ့ ထုတ်လုပ်ရေးအဖွဲ့ကို ရောက်လာတုန်းက အစ်မကြီးရှောင်ကျွမ်းကသာ တိတ်တဆိတ် မကူညီခဲ့ဘူးဆိုရင် သူက ခံနိုင်ရည်ရှိမှာ မဟုတ်ဘူးလို့ ပြောခဲ့တယ်။ အစ်မကြီးရှောင်ဟွမ်က အမြော်မြင်ရှိတယ်လေ။ ဒီမှာပညာတတ်လူငယ်တွေ အများကြီးရှိတာပဲလေ၊ ဒါမဲ့သူမက ပညာတတ်လူငယ်မန်ကလွဲ ဘယ်သူ့မှကို မကူညီခဲ့ဘူး။ ဒါကြောင့် မင်းတို့မနာလို မဖြစ်ကြစမ်းပါနဲ့!"
လူတိုင်း၏ ဒေါသက ပွက်ပွက်ဆူ နေကြသည်။ဘာကြောင့် သူတို့က ပညာတတ်လူငယ်မုန့်ကို ပထမနေရာမှာ ထားပြီး မကူညီခဲ့ကြတာလဲ?။
အဲ့ဒီတုန်းက သူတို့သာ ကူညီခဲ့မယ်ဆိုရင် အခုသူတို့က ပြန်ပေးဆပ်ရမည့် ရည်မှန်းချက်ဖြစ် နေလိမ့်မည်! လူတစ်ချို့က ခုထိမကျေနပ်သေးပဲ။ "ပညာတတ်လူငယ်မုန့်က ခုနှစ်ဆို နှစ်ဆယ့်ကိုးနှစ်ရှိပြီနော် ဟုတ်တယ်မလား? ဒီအသက်ရွယ်မှာ သူက အိမ်ထောင် ပြုသင့်နေပြီ!"
ရှင်းဟွာက ပြောခဲ့သည်။ "ပညာတတ်လူငယ်မုန့်က အိမ်ကိုပြန်လာပြီးနောက် အိမ်ရဲ့စီစဉ်ပေးမှုကြောင့် အမျိုးသမီးတစ်ဦးနဲ့ လက်ထပ်ခဲ့တယ်လေ။ အဲ့အမျိုးသမီးက ကံမကောင်းစွာနဲ့ လက်ထပ်ပြီး နှစ်နှစ်တွင်းမှာ သေဆုံးသွားခဲ့တယ်။ အဲ့ဒီနောက်မှာ ပညာတတ်လူငယ်မုန့်က သူ့သားကိုတစ် ယောက်တည်း ပြုစုပျိုးထောင်ခဲ့ပြီးထပ်ပြီး လက်မထပ်ခဲ့ဘူးလေ။ ဒီကိုအလုပ်ကိစ္စနဲ့ ရောက်လာပြီး အစ်မကြီးရှောင်ဟွမ်နဲ့ ပြန်မတွေ့ခင်ထိပဲ။ သူကသူတို့ရဲ့ ပျော်ရွှင်ခဲ့တဲ့ နေ့ရက်တွေကို ပြန်သတိရပြီး အစ်မကြီးနဲ့လက်ထပ်ဖို့ ချက်ချင်းဆုံးဖြတ်ချက်ချခဲ့တာပဲ!"
"အိုး၊ ဒါက သူတို့ နှစ်ယောက်ရဲ့ ကံကြမ္မာပါပဲ"
"ဟုတ်တယ်မလား။ ငါအရင်က ရှောင်ကျွမ်းက ကံကောင်းတဲ့ သူတစ်ယောက်ဆိုပြီး ပြောခဲ့တယ်လေ။ အခု ကံကောင်း နေပြီမလား?"
လူတွေရဲ့ နှလုံးသားထဲ ဘယ်လိုပဲ ထင်နေပါစေ ပညာတတ်လူငယ်မုန့်ရဲ့ အကြောင်းတွေကို သိပြီး နောက် ဘယ်သူ့မှ ရွဲ့စောင်း ပြီးမပြောခဲ့ကြပေ။ လူတစ်ချို့က ဖန်းရှောင်ကျွမ်း ထွက်မသွားခင် သူမနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိချင်ကြသည်။ ထို့ကြောင့်သူတို့လူစုခွဲပြီးနောက် လူအများအပြားက ဖန်းရှောင်ဟွမ်ရှိကို ကြက်ဥ (သို့) အဆာပြေမုန့်တွေ ယူပြီးသွားလည်ကြသည်။
အရင်က မည်သူမှ သွားလေ့မရှိသည့် တဲသည် ယခုထုတ်လုပ်ရေးအဖွဲ့တွင် အကျော်ကြားဆုံး နေရာဖြစ်လာသည်။
လူတွေပြန်သွားပြီးနောက်မှာ ကောင်းကင်က လုံးဝမှောင် နေပြီဖြစ်သည်။
ဖန်းရှောင်ကျွမ်းက စားပွဲပေါ်က ပစ္စည်းတွေကို တစ်ချက် ကြည့်လိုက်ပြီး ရှောင်ချောင်ကို မေးလိုက်သည်။ " မင်းစိတ်ကိုပြင်ဆင်ပြီးပြီလား? မင်း ငါနဲ့ဟူမြို့ကို သွားချင်လား?"
ဖန်းရှောင်ကျွမ်းက ဒီရှောင်ချောင်ဆိုတဲ့သမီးကို သိပ်အာရုံစိုက်တာမဟုတ်ပေ။
သူမသည် ဤအကြိမ်တွင် ရှောင်ချောင်ကို ချောင်မိသားစုမှာ ထားခဲ့ပြီး တစ်ယောက်ထဲမြို့ကို သွားချင်ခဲ့သည်။ သို့သော်လည်း မုန့်ဟောင်ကွမ်က သူမကိုအရမ်းနှစ်သက်ပြီး မြို့ကိုခေါ်လာစေချင်ခဲ့သည်။ မုန်ဟောင်ကွမ်က ရှောင်ချောင်ကို ဘာလို့ စိတ်ဝင်စားနေလဲ သူမနားမလည်ပေမဲ့ သူ့ရဲ့တောင်းဆိုချက်ကို လက်ခံခဲ့သည်။
ရှောင်ချောင်က ထောင့်နားမှာ ထိုင်နေခဲ့သည်။ ဖယောင်းတိုင်မီးက သူမမျက်နှာကို ထွန်းလင်း တောက်ပနေသည်။ "ကောင်းပြီ"
ဖန်းရှောင်ကျွမ်းသာ နောက်အိမ်ထောင်ပြုခဲ့ရင် သူမက ချောင်အိမ်ကို ပြန်ခွင့်ရမယ်လို့ အစကထင်ခဲ့သည်။ ဒါပေမဲ့ မုန့်ဟောင်ကွမ်နဲ့တွေ့ပြီးနောက်မှာတော့ သူမစိတ် ပြောင်းသွားခဲ့သည်။
မုန့်ဟောင်ဟွမ်က နူးညံ့ပြီးတော့ အပြစ်ကင်းသည်။ သူ့တစ်ကိုယ်လုံးရောင်ဝါတွေ ဖြာထွက် နေသည်။ ပိုပြီးအရေးကြီးတာက သူက အရမ်းအရည်အချင်းရှိသည်။ သူကအသက်သုံးဆယ် မတိုင်ခင်မှာပဲ လက်ထောက်ညွှန်ကြား ရေးမှူးရဲ့ အတွင်းရေးမှူးဖြစ်နေပြီ။ အနာဂတ်မှာ ပြုပြင် ပြောင်းလဲမှု တွေနှင့် ပွင့်လင်းမြင်သာမှုတွေ ရှိလာမယ်ဆိုလျှင် သူကအခွင့်အရေးကို ဖမ်းဆုပ်ထားနိုင်လိမ့်မည်။
ထို့အပြင် ဟူမြို့မှာရှိတဲ့ သူ့ရဲ့အိမ်ထောင်စုစာရင်းဖြစ်သည်။ သူကစီးပွား ရေးမလုပ်တာ တောင်မှ သူကပျက်စီး နေတဲ့ အဆောက်အဦ အချို့ကို ငွေနဲ့ ဝယ်နိုင်သည်။ အနာဂတ်မှာ အဲ့ဒါတွေကို ဖြိုဖျက်ခြင်းကနေ သူက ချမ်းသာလာနိုင်သည်။ ထို့ကြောင့် သူမဒီအခွင့်အရေးကောင်းကို လက်မလွှတ်နိုင်ပေ။
ဖန်းရှောင်ကျွမ်းက တုံ့ပြန်မှုကို ကြားတဲ့ခါ သူမ သက်ပြင်းတစ်ချက်ချလိုက်သည်။ သူမက သတိ ပေးသညယ "မင်းငါနဲ့လိုက်ဖို့ ရွေးချယ်လိုက်ပြီ ဆိုတည်းက ငါ့စကားကိုနားထောင်ရမယ်။ ငါကောင်းမှ မင်းကောင်းကောင်းနေရမယ်ဆိုတာ နားလည်လား?"
ရှောင်ချောင်က နှုတ်ခမ်းဆူပြီး ပြန်ပြောခဲ့သည်။ " မပူပါနဲ့ ငါတို့က တစ်လှေထဲမဟုတ်ပါဘူး။ ငါ မင်းကို မှီခိုနေမှာ မဟုတ်ဘူး"
စိတ်ပူရမှာက ကိုယ့်ကိုကိုယ်ပါ။ ရူးမိုက် မနေစမ်းပါနဲ့!
ဒါပေမဲ့ သူမ အဲ့တာကိုတော့ မပြောခဲ့ပေ။
တစ်နှစ်တာ၏ အပူဆုံးကာလ ဖြစ်သည်။ ရာသီဥတုက ပူပြီးရင်းပိုပူလာသည်။ သစ်ပင် တွေရဲ့အပြင်ဘက်မှာ ပုစဉ်းရင်ကွဲလေးတွေက အဆက်မပြတ် အော်မြည်နေကြသည်။ ဒါကဆူညံ့လွန်းတာကြောင့် လူတွေကို စိတ်အနှောင့်ယှက်ဖြစ်စေသည်။
ဤအကြိမ်တွင် ချောင်ကျန်းကျွင်းသည် ဒေသဆိုင်ရာ အထူးပြုချက်တွေကို ပြန်လည်ရရှိခဲ့သည်။ ၎င်းမှာ သန္တာလို့ခေါ်သည့် ပင်လယ်အပင်တစ်ပင် ပါဝင်သည်။
အဲ့ဒီသန္တာကို ကျိုချက်အအေးခံပြီးပါက ၎င်းသည် ဂျယ်လီကြည်ကြည်လေးတွေကဲ့သို့ ဖြစ်လာမည်။ ထို့နောက် အပိုင်းသေးသေးလေးတွေ ပိုင်းပြီး သကြားရည်(သို့)ပျားရည်ကို လောင်းချရသည်။ အဲ့ဒါက အလွန်အရသာရှိသော သရေစာဖြစ်လာနိုင်သည်။
အဲ့ဒီအချိန်မှာပဲ သာ့ချောင်က သန္တာဂျယ်လီ လေး တွေကို ထုတ်ယူလာပြီး နူးညံ့သောအသံဖြင့် သူ့အမေကို ပြောခဲ့သည်။ "ပဉ္စမမြောက်ဦးလေးက ဒါတွေက အရမ်းအေးတယ်ပြောတယ်။ အမေ တစ်နေ့ကို ပန်းကန်သေးသေးလေးနဲ့ပဲ စားလို့ရမယ်!"
လင်းဟွေ့၏ ဗိုက်သည် ခြောက်လကျော် နေပြီဖြစ်သည်။ သူမဝမ်းဗိုက်သည် အကြီးကြီးဖြစ်နေသည်။ ရာသီဥတုမပူခင်ထဲက သူမလှုပ်လိုက်တာနဲ့ ချွေးထွက်သည်။ သူမ သည်းမခံနိုင်တော့ပေ။ သာ့ချောင်က သူမအမေ ကိုယ်ဝန်ဆောင်ရတာ ဘယ်လောက်ပင်ပန်းတယ်ဆိုတာ တွေ့မြင်ခဲ့ရသည်။ သူမက အများကြီး မကူညီနိုင်ပေ။ တစ်ခါတစ်ရံမှာ သူမတွက် အရသာရှိတဲ့အစား သောက်တွေသာ လုပ်ပေးနိုင်သည်။
လင်ဟွေ့က နူးနူးညံ့ညံ့ပြုံးပြီး ပြန်ပြောခဲ့သည်။ "အမေသိပါတယ်။ အမေနည်းနည်းပဲ စားမှာပါ။ ရာသီဥတုအရမ်းပူတယ် လျှောက်မပြေးနဲ့။ လာ ဒီမှာလာထိုင်နေ။"
သာ့ချောင်က မျက်လုံးများလခြမ်းပုံဖြစ်အောင် ပြုံးကာ သန္တာဂျယ်လီ နောက်တစ်ခွက်ကို ယူပြီး သူမအမေဘေးမှာ ထိုင်လိုက်သည်။
လင်းဟွေ့က သူမပါးတွေ အပူရှိန်ကြောင့် နီရဲနေပြီဆိုတာကို သတိပြုမိလိုက်သည်။ သူမသည် သရေစာကိုမစားခင် လက်ကိုင်ပုဝါကို ထုတ်ကာ ချွေးသုတ်လိုက်သည်။
သာ့ချောင်က သူမရဲ့သမီးရင်းမဟုတ်တာ တောင်မှ သူမ(သာ့ချောင်) ကို သူမ၏ ကလေးထက် ပိုချစ်သည်။ ဖန်းရှောင်ကျွမ်းသည် ဒီလိုလိမ္မာပါးနပ်ပြီး ဉာဏ်ကောင်းသည့် ကလေးကို ဘာလို့မနှစ်သက်လဲ သူမနားမလည်ပေ။
ထုတ်လုပ်ရေး အဖွဲ့တစ်ခုလုံးက ဖန်းရှောင်ကျွမ်းသည် ဟူမြို့ကိုသွားပြီး လက်ထပ်တော့မည်ဆိုတာ သိထားသည်။ အတင်းအဖျင်း ပြောတတ်တဲ့သူတွေက ချောင်မိသားစုကို သွားပြောကြသည်။
ချောင်မိသားစုက သိသွားပြီးနောက်မှာ ဒီအချိန်အတွင်း ဖန်းရှောင်ကျွမ်း ဘာလို့တိတ်တဆိတ်ပဲ နေခဲ့တာလည်းဆိုတာ သူတို့နားလည်သွားသည်။ သူမက အမြင်ကိုတက်သွားပြီဖြစ်သည်! နောက်လလယ် လောက်ဆို ဖန်းရှောင်ကျွမ်းက ရှောင်ချောင်ကို ခေါ်ပြီး ဟူမြို့ကို သွားတော့မယ်ဆိုတာ သတင်းဖြန့်ထားသည်။
ဤနေရာမှာ ဟူမြို့ကို သွားမယ်ဆို ခုနစ်ရက်နှင့် ခုနစ်ည ကြာမည်ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရလျှင် ဖန်းရှောင်ကျွမ်းသည် ဤခရီးစဉ်ပြီးရင် သူမမည်သည့်အခါမှ ပြန်လာတော့မည်မဟုတ်ပေ။
လင်းဟွေ့က သူမဘာသာ ပျော်ရွှင်နေသည့် သာ့ချောင်ကိုကြည့်ပြီး "သာ့ချောင်၊ သမီးသိလားမင်းရဲ့အမေရင်းက နောက်အိမ်ထောင်ပြုတော့မယ် ဆိုတာ?"
သာ့ချောင်က သူမရဲ့ ရှည်လျားပြီးထူထဲသည့် မျက်တောင်တွေကို ခပ်ပြီးခေါင်းညိတ်ပြသည်။ " သမီးသိပါတယ်"
လင်းဟွေ့က ကြွေပန်းကန်ဟောင်းလေးကို ချပြီး နူးညံ့စွာ ပြောခဲ့သည်။ "သမီးသူမကို သွားတွေ့ချင်လား? သမီးသွားချင်တယ်ဆို အမေလိုက်ပို့ ပေးမယ်လေ"
သူမရဲ့အမေသည် သူမကို အရင်က သူမရဲ့ အမေရင်းနှင့် အဆက်သွယ်မလုပ်ရဘူးလို့ ပြောကြားခဲ့သည်။ ဘာလို့လဲဆို အဆက်သွယ် အရမ်းလုပ်ရင် သူမက ကောင်းကောင်း မပြုစုမပျိုးထောင်နိုင်မည်ကို စိုးသောကြောင့်ဖြစ်သည်။
သူမကစိုးရိမ်နေပေမဲ့ နောက်ဆုံးမှာ သာ့ချောင်ကိုယ်တိုင်သာ ရွေးချယ်မှုလုပ်ဖို့ ဆုံးဖြတ်ခဲ့သည်။
သာ့ချောင်က ပန်းကန်ထဲမှာရှိသော ကြည်ကြည်လင်လင်သန္တာဂျယ်လီလေးတွေကို စိုက်ကြည့်နေသည်။ သူမကခဏ လောက်တိတ်ဆိတ်ပြီး နောက် သူမ၏ဦးခေါင်းကို လှုပ်ခါလိုက်သည်။ သူမက အဖြေပေးခဲ့သည်။ "သမီးမသွားဘူး"
အရင်တုန်းက သူမ၏ အမေရင်းကဘာလို့ သူမကိုမနှစ်သက်တာလည်းဆိုပြီး အမြဲတွေးခဲ့သည်။ ဘယ်လိုပဲ သူမ ကျေနပ်အောင် ကြိုးစားနေပါစေ၊ အသုံးမဝင်ခဲ့ပေ။ အဲ့ဒီအချိန်တုန်းက သူမအရမ်း စိတ်ဓာတ်ကျပြီး ဝမ်းနည်းခဲ့သည်။ အခုတော့ သူမအဲ့လိုထပ်မဖြစ်တော့ပေ။
သူမမှာအ ကောင်းဆုံးအဖိုးအဖွား တွေ၊ ချစ်ရတဲ့မိဘ တွေနှင့် သူမကို နှစ်သက်ကြသည့် ညီကိုမောင်နှမတွေ ရှိနေပြီဖြစ်သည်။ ထို့ကြောင့် သူရဲ့အမေရင်းက သူမကိုကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေကိစ္စမရှိပေ။ သူမ မလိုအပ်တော့ဘူး။
မသွားပါဘူး။ သူမကို သွားကြည့်လျှင် ကြိမ်းမောင်းခံရမည်ဆိုတာ ဘယ်သူသိမည်နည်း? လင်းဟွေ့က လက်ကိုဆန့်ထုတ် လိုက်ပြီး သူမရဲ့နူးညံ့တဲ့ ဆံပင် တွေကိုပွတ်သပ်ပေးခဲ့သည်။ "မင်းဆံပင်တွေက ပိုရှည်လာပြီ။ သွား ဘီး သွားယူ။ အမေ မင်းကို ကျစ်ဆံမြီးကျစ် ပေးမယ်"
သာ့ချောင်က ချက်ချင်းအားအင် တွေပြန်ပြည့်သွားသည်။ သူမက ကြွေပန်းကန်ဟောင်းလေးကိုချပြီး အခန်းထဲကို ဘီးယူဖို့တွက် ပြေးသွားသည်။
ကျစ်ဆံမြီးကျစ် ပြီးသည့်ခါ၊ သာ့ချောင်သည် သန္တာဂျယ်လီကို ယူပြီး အကိုကြီးကို သွားရှာသည်။
ဝမ်ယန်ရှန့်က တရုတ် ဆေးဖက်ဝင် အပင်တွေကို ပြောင်းလဲစိုက်ပျိုးရန် အဆိုပြုကတည်းက ထုတ်လုပ်ရေးတစ်ခုလုံးတွင် မိသားစုရှစ်ခုသာ ပြောင်းလဲခဲ့သည်။ လူအများစုက အခြေအနေကို စောင့်ကြည့်နေတုန်း ဖြစ်သည်။
ပြောင်းလာသည့်လူ အများအပြားမရှိ သော်လည်း ဟော်မိသားစု၏ ဘဝသည် ယခင်ကထက် ပိုလွယ်ကူနေသည်။ ထုတ်လုပ်ရေးအဖွဲ့တွင်းကို ဟော်ချီက လှည့်ပတ်သွားလာနိုင်ရုံသာမက ဟော်ဟွာချင်းနှင့် သာရှူဖန် တို့ကိုပါခွင့်ပြုထားသည်။
ပြောင်းလာသည့် ရွာသူရွာသားများက သူတို့မိသားစုကို အရင်ကထက် ပိုရိုကျိုး လာကြသည်။ သူတို့မှာအပိုအစားစာတွေ ရှိသောအခါ သူတို့မိသားစုကို တိတ်တဆိတ် ပေးလေ့ရှိသည်။ ဟော်မိသားစုသည် ဤပြောင်းလဲမှုတွက် ကျေးဇူးရှိသည်။