အခန်း (၁၅၉)
Vol. 13 Ch. 159
သူမက နေရာလွတ်ကို ရောက်သည့်အခါ သာ့ချောင်က မြေပြင်ပေါ်မှာထိုင်ပြီး ဝံပုလွေပင်များ( small red fruit) ကိုကြည့်နေသည့် ဟော်ချီကို ခေါ်ပြီး"အကိုကြီး၊ ညီမစားစရာတစ်ချို့ ယူလာပေးတယ်။ မြန်မြန်လာဒီကို"
ဆွေးနွေးပြီးနောက်မှာ ဟော်ဟွာချင်းက ရွာသားများကို ဂိုဂျီဘယ်ရီ စိုက်ဖို့တွက် အကြံပေးခဲ့သည်။
ဂိုဂျီဘယ်ရီရဲ့ အစိတ်ပိုင်းအားလုံးက အဖိုးတန်သည်။ သူ့ရဲ့အရွက်တွေကို ဟင်းရွက်အနေနဲ့စားနိုင်ရုံသာမက အသီးကို ဆေးဝါးနှင့် အစားအစာတွက်လည်း သုံးနိုင်သည်။ ၎င်း၏အမြစ်ကို ချောင်းဆိုးပျောက် ဆေးအနေဖြင့် သုံးနိုင်သည်။ အစေ့ဆီကို ချောဆီ (သို့) စားသုံးဆီအနေဖြင့် သုံးနိုင်သည်။
သူတို့ဆုံးဖြတ်ချက်က နည်းနည်း နောက်ကျသွားလို့ အကောင်းဆုံး အပင်ပေါက်ချိန် ဖြစ်သည့် နွေရာသီနှင့် လွဲသွားပြီဖြစ်သည်။ အဲ့ဒီချိန်တွင်း အစေ့ကျဲပြီးနောက် ဟော်မိသားစုတစ်ခုလုံးက အဲ့ပေါ်မှာပဲ အာရုံစိုက်လုနီးနီးဖြစ်သည်။ ကံကောင်းထောက်မစွာ သူတို့ရဲ့ကံက မဆိုးပါဘူး။ သူတို့စိုက်ထားတဲ့ မျိုးစေ့တွေအားလုံး အညှောင့်အပေါက်လာကြသည်။ ယခုဆိုလျှင် သူတို့သည်ထန်းပင်များအဖြစ် ကြီးထွားလာကြပြီဖြစ်သည်။သို့သော်လည်း သူတို့သည် ပျက်စီးလွယ်ဆဲဖြစ်သည်။ ထို့ကြောင့် ဟွာချင်းက နေ့တိုင်းလာနေ ရသည်။
သာ့ချောင်သည် သီးသန့်ကွက်လပ်ရှိ စိမ်းစိုနေသော ပျိုးပင်ငယ်များကိုကြည့်ပြီး သူမ၏ပါးစပ်သည်သွားများကိုပင် ဖော်ပြစေသည်။
သူမသည် အစေ့များကို ရေလောင်းရန် ကျောက်စိမ်းတုံးကို လျှို့ဝှက် အသုံးပြုခဲ့ကြောင်းကို မည်သူ့မှကို မပြောခဲ့ပေ။ ထို့ကြောင့် ဤအစေ့များသည် အပင်ပေါက်တာမြန်ပြီး ရှင်သန်နှုန်းအလွန်မြင့်မားသည်။
သာ့ချောင်ရဲ့ အသံကိုကြားတော့ ဟော်ချီက သူ့ခန္ဓာကိုယ်ပေါ်က အညစ်အကြေးတွေကို အမြန်သုတ်လိုက်ပြီး" ရာသီဥတုအရမ်းပူတယ်။ မပြေးနဲ့။ အသားမဲလာရင်မငိုနဲ့နော်!"
သာ့ချောင်က ခြင်းတောင်းထဲက သန္တာဂျယ်လီပန်းကန်ကို ထုတ်ယူလိုက်ပြီး အေးစက်စက်ပြောလိုက်သည်။ " အကိုငိုရလိမ့်မယ်။ ညီမကိုကြည့် မမဲဘူးလေ"
ဟော်ချီ သူမရဲ့ဖြူဖွေးပြီး နူးညံ့နေသော မျက်နှာလေးကိုကြည့်လိုက်သည်။ အဲ့ဒါက အခွံခွာထားတဲ့ကြက်ဥတစ်လုံးလို ဖြစ်သည်။ နွေရာသီမှာ လူအများစုက ပိုပြီးတော့ မဲလာကြသည်။ ဒါပေမဲ့ သူမကတော့ လုံးဝမပြောင်းလဲခဲ့ပေ။
"အင်း၊ မင်းမှာ ညိုမဲနေတာမရှိဘူး" ဆိုပြီး သူက ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက သူမရဲ့ဆံပင်ပုံစံအသစ်ကို သတိထားမိလိုက်သည်။ "မင်းဆံပင်ပုံစံအသစ်လား"
သာ့ချောင်က သူမရဲ့ခေါင်းကို လှုပ်ရမ်းပြီး ပြောခဲ့သည်။ "ဟုတ်တယ်၊ အမေက ညီမကို ကျစ်စမြီးကျစ်ပေးထားတာလေ။ အစ်ကိုကြီးဟော် ညီမလှလား? ညီမကတော့လှတယ်လို့ ထင်တာပဲ!"
"ဖွီ...."
"ညီမလေးသာ့ချောင် ဘာလို့ကိုယ့်ကိုကိုယ် အဲ့လောက်ချစ်နေရတာလဲ?" ဟော်ချီက သူရဲ့ ဖြူဖွေးနေသည့် သွားများ ပေါ်ထွက်လာသည်အထိ ကျယ်လောင်စွာရယ်မောခဲ့သည်။
သာ့ချောင်က သူမ၏အနီရောင်နှုတ်ခမ်းများကို ဆူလိုက်ပြီး "ဒါပေမဲ့ ညီမက ကြည့်ကောင်းတယ်လေ။ အဖိုးနဲ့အဖွားက ပြောတယ် ညီမက အချောဆုံးပဲတဲ့။ အစ်ကိုကြီးဟော် ညီမလှလား?"
သူ့ကိုယ်သူ အရမ်းချစ်နေတာကိုမြင်တော့ ဟွာချင်းကရယ်မောလိုက်သည်။ သူမကို စိတ်မပျက်ပဲ "အာ မဆိုးပါဘူး"
အဲ့တာကိုကြားတော့ ချောင်တုန်းယင်က မျက်လုံးများကိုလှိမ့်လိုက်သည်။
ဒီလူတွေက သူမကိုအခွင့်အရေးတွေ ပေးလွန်းလို့ သူမက ကိုယ့်ကိုကိုယ် အထင်ကြီးသွားတာ ဖြစ်သည်။
အန်းပင်းက သူ့၏လက်ထဲမှာ ပုစဥ်းရင်ကွဲ များစွာပါရှိသည့် လိမ္မော်သီးတစ်လုံးကို ကိုင်လိုက်ပြီး "ညီမလေးသာ့ချောင် ဒီကိုရောက်နေတာလား။ ငါတို့နဲ့တူတူ ပုစဥ်းရင်ကွဲတွေ ဖမ်းချင်လား?"
သာ့ချောင်က သူမ၏ ခေါင်းကိုခါလိုက်ပြီး " ညီမအိမ်ကိုပြန်ရမယ်၊ အငယ်တွေကို စာဖတ်တာ သင်ဖို့လေ။စကားမစပ် အစ်ကိုဝမ်းကွဲ မင်းအတန်းမတက်တာ တော်တော်ကြာပြီနော်။ ကျောင်းပြန်တက်လို့ မင်းရဲ့အဆင့်တွေကျသွားရင် ဦးလေးအကြီးက မင်းရဲ့တင်ပါးကိုရိုက်လိမ့်မယ် သတိထား!"
အန်းပင်းက ခေါင်းကုတ်လိုက်ပြီး ပြောခဲ့သည်။ "ပုစဉ်းရင်ကွဲတွေ ဖမ်းရတာနဲ့ အလုပ်ရှုပ်နေတာမလား? ညီမသာချောင် အအေးခံထားတဲ့ ပုစဉ်းရင်ကွဲတွေထက် ဆားနဲ့ငရုတ်သီး နဲ့ပုစဉ်းရင်ကွဲက ပိုကောင်းတယ်လို့ နောက်ဆုံးကြိမ်တုန်းက မပြောခဲ့ဘူးလား? ငါဒီနေ့ အများကြီး ဖမ်းထားတယ်။ နောက်မှာလုပ်ပါ ကျေးဇူးပြုပြီး!ကျေးဇူးပြုပြီး အလှလေးနော်!"
အန်းပင်းအတွက် သူအရသာရှိသည့် အစားအစာတွေစားနိုင်ရင် လိုအပ်လျှင် သူကအရိုက်တောင် ခံနိုင်ပေသည်။
သာ့ချောင်က သူမ၏ ဖြူဖွေးပြီး နူးညံ့သည့် မျက်နှာကို တင်းမာလိုက်ပြီး"သေချာတာပေါ့ ဒါပေမဲ့ မနက်ဖြန် သင်ခန်းစာတွေ ဖြေရှင်းဖို့တွက် ညီမကို ရှာရမှာပဲအဆင်ပြေလား? အစ်ကို မသွားဘူးဆို ညီမရပ်လိုက်မှာ မဟုတ်ဘူးနော်"
အန်းပင်းက နောက်ဆုံးကြိမ်တုန်းက ညီမသာချောင်က မရပ်တန့်ခဲ့တာကို သတိရသွားပြီး ခဏလောက်တုန်လှုပ်သွားခဲ့သည်။ သူက မြန်မြန် ခေါင်းညိတ်လိုက်ပြီး "ကောင်းပြီ ငါ မနက်ဖြန် အတန်းသွားတက်လိုက်ပါ့မယ်။ ကျေးဇူးပြုပြီး ငါ့ကိုခွင့်လွှတ်ပေးပါကွာ!"
ချောင်တုန်းယင်က သူမအစ်ကိုရဲ့ ကတိတည်မှာမဟုတ်သည့် မျက်နှာကို မြင်လိုက်သောအခါ မျက်လုံးများမလှည့်နိုင်တော့ပေ။
ချောင်မိသားစုကို ချောင်ကျန်းမင်ရဲ့ ကွာရှင်းမှုက သက်ရောက်မှု မရှိပေ။ ချောင်ကျန်းကျွင်းက အဲ့တာကြောင့်ကံမကောင်းခဲ့ပါ။ အဲ့ဒီနေ့ နေ့လယ်က စက်ရုံမန်နေဂျာက သူ့ကိုရုံးခန်းကို ခေါ်ခဲ့သည်။
ချောင်ကျန်းကျွင်းသည် အနည်းငယ်နေမကောင်း ဖြစ်နေသည်။ စက်ရုံတွင် သူက နှစ်လနီးပါး အလုပ်လုပ်ခဲ့ပြီး စက်ရုံမန်နေဂျာက တစ်ခါမှ သီးသန့်မတွေ့ခဲ့ပေ။ ဘာလို့ သူက ရုတ်တရက် ရုံးခန်းကို ခေါ်တာလဲ?
သူကရုံးခန်း၏ တံခါးကို ခေါက်ခဲ့ပြီး အထဲက စက်ရုံမန်နေဂျာက လေးနက်သောအသံဖြင့် "ဝင်ခဲ့လေ"
ချောင်ကျန်းကျွင်းက ဝင်လာသည်။ သူ့လက်နှစ်ဖက်ကို ပွတ်သပ်ပြီး မန်နေဂျာ ကျွန်တော်ကို ရှာနေတာလား?" လို့ မေးခဲ့သည်။
စက်ရုံမန်နေဂျာနင်းက သူ့ကိုကြည့်ပြီး ခေါင်းကိုယမ်းလိုက်သည်။ သူကအံ့ဆွဲကိုဖွင့်ပြီး စာအိတ်ကိုထုတ်ကာ ပစ်ပေးပြီး ပြောသည်။ " ဒါကဒီလ မင်းတွက်လစာပဲ။ လျော်ကြေးအနေနဲ့ လဝက်စာ အပိုပေးလိုက်မယ်။ ဒါကိုယူလိုက် မင်းနောက်နေ့ အလုပ်လာစရာမလိုတော့ဘူး!"
ချောင်ကျန်းကျွင်းက မိုးကြိုးပစ်ချခံလိုက်ရသလို ခံစားရပြီး " မန်နေဂျာ ငါမေးလို့ရမလား ဘာလို့လဲဆိုတာ?”
သူသည် ပေါင်းသင်းဆက်ဆံရေး မကောင်းဘူး၊ မချိုသာဘူးဆိုတာ သူသိသည်။ ဒါကြောင့် သူသည် ဒီကာလတွင်း တခြားသူတွေထက် အလုပ်ပိုကြိုးစားခဲ့သည်။ လူတွေက ညဆိုင်းဆင်းရတာကို မကြိုက်ကြဘူး ထို့ကြောင့် သူလုပ်ဖို့တွက် စတင်ခဲ့သည်။ လုပ်ဖော်ကိုင်ဖက်တွေက ဘယ်လိုပဲ ဖြစ်နေပါစေ၊ သူအကောင်းဆုံး သူတို့ကို ကူညီပေးခဲ့သည်။
သူသည်အကောင်းဆုံး အလုပ်သမားဟု မဆိုလိုသော်လည်း သူမည်သည့် အမှားကိုမှ မလုပ် ခဲ့ဖူးသလို၊ လုပ်ဖော်ကိုင်ဖက်တွေနှင့်လည်း ပဋိပက္ခ မဖြစ်ဖူးပေ။ ထို့ကြောင့် သူ့ကိုဘာလို့ အလုပ်ဆက်လုပ်ခွင့် မပြုသလဲဆိုတာကို သူနားမလည်ပေ။
စက်ရုံမန်နေဂျာ နင်းက သက်ပြင်းချပြီး “ဒါက မင်းအမှားမဟုတ်ဘူး။ မင်းမိသားစုက မထိသင့်တဲ့ သူကို သွားထိခဲ့လို့ပဲ။ ငါလည်း ဖိအားပေးခံရတာ ရွေးချယ်စရာ မရှိဘူး။ အတိုချုံး ပြောရရင် မင်းဒီလစာကို ယူပြီးသွားတော့။ ဘာမေးခွန်းမှ မမေးနေနဲ့တော့။ မင်းပြန်သွားရင် မင်းမိသားစုကို ပေါက်ကရစကားတွေ လျှောက်မပြောနဲ့။ သွားတော့။”
စက်ရုံမန်နေဂျာ နင်းသည် စကားပြောပြီးနောက် လက်ကိုဝှေ့ယမ်းကာ သူဘာစကားမှ မပြောချင်တော့ကြောင်း ဖော်ပြသည်။
ချောင်ကျန်းကျွင်းသည် စိတ်ဓာတ်ကျသွားသည်။
အိမ်မှာဖြစ်ပျက်နေတာနှင့် ပတ်သက်ပြီး သူအရမ်းစိုးရိမ်သွားသည်။ သူက စာအိတ်ကို ကောက်ယူပြီး စက်ရုံမန်နေဂျာကို ဦးညွှတ်ပြီး အမြန်ထွက်သွားလိုက်သည်။
စက်ရုံသည် တစ်လကို ပိတ်ရက် နှစ်ရက်ပေးပြီး သူနောက်ဆုံး အိမ်ပြန်ခဲ့သည်မှာ လဝက်လောက်ရှိပြီ ဖြစ်သည်။ အိမ်မှာ ဘာတွေ ဖြစ်နေလဲ သူမသိပေ။ သူသည် ချက်ချင်း အိမ်ကို ပြန်သည်!
အစောင့်နှစ်ယောက်သည် သူ့ကို အလုပ်ထုတ်လိုက်ပြီးကို သိသောအခါ အလွန်အံ့ဩသွားကြသည်။
“မင်း အဆင်ပြေရဲ့လား? သူတို့ မင်းကို ဘာလို့ အလုပ်ထုတ်လိုက်တာလဲ” ဆိုပြီး အသက်ကြီးဆုံးအစောင့်က မေးခဲ့သည်။
ဝူဟု အမည်ရှိသည့် တခြားအစောင့်အဖိုးကြီးကလည်း ခေါင်းညိတ်ပြပြီး “ ဘာဖြစ်လို့လဲ? ငါတို့ကိုပြောကြည့်စမ်းပါ၊ ငါတို့ကူညီနိုင်မလားလို့”
ချောင်ကျန်းကျွင်းသည် ရိုးသားကြိုးစားသည့် အလုပ်သမား တစ်ဦးဖြစ်သည်။ သူ့မှာ မကောင်းသည့်ရည်ရွယ်ချက်လည်း မရှိပေ။ သူသည် တစ်ခါတစ်လေမှာ သူတို့အိမ်မှာ ကိစ္စရှိလျှင် သူတို့အလုပ်ကိုအစားထိုး ယူပေးလေ့ရှိသည်။ ဘယ်တုန်းကမှာ အထွန့် မတက်ခဲ့ပေ။
ဒီလူနှင့် အလုပ်တွဲလုပ်ရတာ တကယ်ကို စိုးရိမ်စရာ မရှိဘူးဖြစ်သည်။ တခြားတစ်ဦးက ရောက်လာရင် သူတို့က ထိုလူနဲ့ ရင်းနှီးဖို့ဆိုတာ မဖြစ်နိုင်ပေ။
ချောင်ကျန်းကျွင်းသည် သက်ပြင်းတစ်ချက်ချလိုက်ပြီး “မန်နေဂျာက ပြောတယ်၊ ကျွန်တော်မိသားစုက မထိသင့်တဲ့သူကို ထိခဲ့တယ်လို့။ ဒါကြောင့် ဘာမေးခွန်းမှ ဆက်မမေးနဲ့။ နောက်ပိုင်း တစ်ယောက်ယောက်က ကျွန်တော့်ကြောင်းမေးရင် မရင်းနှီးဘူးလို့သာဖြေ။ ဒါမှမင်းတို့ ပြဿနာမတက်မှာ!”
သူတို့နှစ်ယောက်လုံးသည် ဒီစကားကိုကြားသည့်ခါ ဘာမှမပြောနိုင်ဘဲ တိတ်ဆိတ်သွားကြသည်။
သူတို့၏ နှလုံးသားက ချောင်ကျန်းကျွင်းတွက် စကားပြောလိုပေမဲ့ သူတို့မိသားစုသည် သာမန်လူတွေသာ ဖြစ်ကြသည်။ သူတို့ တစ်မိသားစုလုံးသည် သူတို့ရဲ့လစာပေါ် မှီခိုနေကြရသည်။ ထို့ကြောင့် ဘာကြောင့်မှာ ဒီအလုပ်ကို ဆုံးရှုံးခံလို့ မဖြစ်ပေ။
ချောင်ကျန်းကျွင်းက သူတို့ကိုအပြစ် မတင်ပေ။ သူ့မှာသာ ဤသို့အလားတူ ကိစ္စမျိုးဖြစ်လာလျှင် သူလည်း အကျိုးရှိတာကို ရွေးချယ်ပြီး အကျိုးမရှိတာကို ရှောင်မည်ဖြစ်သည်။
သူသည် သူ၏ပစ္စည်းတွေကို အမြန်ထုတ်ပိုးပြီး နေ့လယ်ခင်းမှာပဲ ထွက်ခွာခဲ့သည်။ စက်ရုံမန်နေဂျာသည် သူ့အကြောင်း ရှန်မိသားစုကို ပြောမည်မဟုတ်ဆိုတာကို သူသိသော်လည်း ရှန်မိသားစုစီကို သွားဖို့ သူဆုံးဖြတ်ခဲ့သည်။ ရှန်မိသားစု၏ အကြီးအကဲ သိသောအခါ သူကစားပွဲကို ကျယ်လောင်စွ ထုရိုက်ခဲ့ပြီး “ မောက်မာတာ ဘယ်သူလဲ? ခဏလေး ငါဖုန်းဆက်ပြီး မေးမယ်!”
ချောင်ကျန်းကျွင်းက မြန်မြန်ဖြောင့်ဖြသည်။
သူသည် ရှန်မိသားစုကို လာခဲ့တာ သူ့ဘက်က ရပ်တည်စေချင်လို့ မဟုတ်ပေ။ အခုသူက အလုပ်ထုတ်ခံခဲ့ရပြီး ဖြစ်လို့ ရှန်မိသားစုက သူ့တွက် အလုပ်ရှာပေးနိုင်မည် ထင်လို့ လာခဲ့တာဖြစ်သည်။
ဒါပေမဲ့ ရှန်မိသားစု၏ အကြီးအကဲသည် ဒေါသထွက်နေ ပြီး ယခု သူ့ကိုမည်သူမှ တားဆီးလို့ ရမည် မဟုတ်ပေ။
စက်ရုံမန်နေဂျာ နင်းသည် အကြီးအကဲ၏ မျိုးဆက်ဖြစ်သည်။ သူ့ရှိကနေ ဖုန်းလက်ခံရရှိပြီးသည့် အခါ သူ့နှလုံးသားထဲမှာ နာကျင်သလိုခံစားလိုက်ရပြီး ဖြေရှင်းချက်ကို မပေးခင် ချောင်ကျန်းကျွင်းကြောင်း စောဒကတက်ခဲ့သည်။
နောက်ဆုံးမှာတော့ သူကပြောခဲ့သည်။ “ စတုတ္ထဦးလေးရှန်၊ ချောင်မိသားစုက မင်းရဲ့ကျေးဇူးရှင်တွေ ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ဒီကိစ္စက တော်လှန်ရေးကော်မတီနဲ့ ပတ်သက်နေတယ်လေ။ ဒါကို မင်းမေ့လိုက်ပါတော့”
ဖုန်းချပြီးနောက် အကြီးအကဲရှန်၏ အမူအရာသည် အလွန်ဆိုးရွား နေခဲ့သည်။ သူ၏ ရင်ထဲမှာအလွန် ဒေါသထွက်နေပြီး အသက်ရှူမဝသလိုပင် ဖြစ်နေခဲ့သည်။
သူ၏ ဇနီးရှန်က ဤလှုပ်ရှားမှုကို ကြားသောအခါ ပြောခဲ့သည်။ “ ဆရာဝန်က ရှင့်ကို စိတ်အေးအေးထားဖို့ ပြောထားတယ်လေ။ အခုကြည့်ဦး၊ ဒေါတွေထွက်နေတယ်။ ရှင် ဆေးရုံမှာသွားလှဲ နေချင်လို့လား?”
အကြီးအကဲရှန်သည် သူ၏ တုတ်ကို ကျယ်လောင်စွာ ဆောင့်ချလိုက်သည်။ “လူတွေကို ရိုးရိုးလေးနဲ့ အနိုင်ကျင့်တဲ့ ကောင်တွေ! လူတွေကို ရိုးရိုးလေးနဲ့ အနိုင်ကျင့်တဲ့ ကောင်တွေ!”
ချောင်ကျန်းကျွင်းသည် ပိုပြီးဂနာမငြိမ် ဖြစ်လာသည်။ ဒီလိုတွေဖြစ်မယ်ဆိုတာ သူစောစောသိခဲ့ရင် မလာပေ။
အကြီးအကဲရှန်၏ ဇနီးသည် ဘာတွေဖြစ်ပျက်နေလဲ သိပြီးနောက် သက်ပြင်းချပြီး “ ဒီလူတွေက သူတို့ရဲ့အပြစ်ဒဏ်ကို မကြာခင် ပြန်ခံရမှာ။ တူလေးချောင် သွားပြန်ပြီးပြော အိမ်က လူတွေကို အဲ့ဒီလူတွေနဲ့ထိပ်တိုက် ရင်ဆိုင်မနေနဲ့လို့!”
“ကောင်းပြီ၊ ကျွန်တော်ခုပဲ အိမ်ပြန်လိုက်မယ်။ မင်းတို့ကို ပြဿနာတွေတက် သွားစေတဲ့တွက် တောင်းပန်ပါတယ်!”
ချောင်ကျန်းကျွင်းသည် သူ့မိသားစုက တော်လှန်ရေးကော်မတီကို သွားထိကြောင်းလိုက် ရသောအခါ သူအလွန်ထိတ်လန့်သွားပြီး နှလုံးခုန်နှုန်းတွေပါ မြန်နေသည်။
အကြီးအကဲရှန်သည် သူ့လက်ကိုဝှေ့ယမ်းကာ “ မင်းငါတို့နဲ့ ပတ်သက်ပြီး စိတ်ပူစရာမလိုဘူး။ ချူဆိုတဲ့ နာမည်က ဘယ်လောက်ပဲ ထင်ရှားနေပါစေ၊ ငါတို့ရှန်မိသားစုကိုတော့ လက်မလှမ်းရဲ ပါဘူးကွာ!”
ရှန်မိသားစုသည် ဤမြို့တွင်းမှာ နှစ်ပေါင်းများစွာ လည်ပတ်နေထိုင်ခဲ့တာဖြစ်သည်။ သူတို့မှာ အဆက်သွယ် အမျိုးမျိုး ရှိသည်။ ချူရှင်းယုံသည် ရှန်မိသားစုကို ဆန့်ကျင်ရလောက်အောင် မမိုက်မဲလောက်ပေ။ ဒါက သူတစ်ဖက်ကော်မတီကို လက်လှမ်းတာမဟုတ်ဘူးလို့လည်း ပြောလို့မရပေ။
သို့သော်လည်း ရှန်မိသားစုသည် ဤကိစ္စနှင့် ပတ်သက်ပြီး တိုက်ရိုက်မဖြေရှင်းနိုင်ပါ။ သူ၏ သားပြန်လာတာကို စောင့်ပြီး သူနဲ့ဆွေးနွေးရမည် ဖြစ်သည်။
ချောင်ကျန်းကျွင်းက ရှန်မိသားစုကနေ ထွက်လာပြီးနောက် ထုတ်လုပ်ရေးအဖွဲ့သို့ မရပ်တန့်ပဲ အမြန် ပြေးသွားခဲ့သည်။ သူထုတ်လုပ်ရေးအဖွဲ့ကို ရောက်သောအခါ ရွာသားများ အလုပ်သိမ်းချိန် ရောက်နေပြီဖြစ်သည်။
သူ့ကိုမြင်သောအခါ လူတိုင်းက လာနှုတ်ဆက်ကြပြီး “ဒုတိသာချောင် နင်အားရက်ရလို့ ပြန်လာတာလား?”
“အိုး၊ ဒီနေ့ မင်း ပြန်လာမယ်ဆိုတာသိလျှင် ငါထောက်ပံ့ရေးနဲ့ ဝယ်လိုအား သမဝါယမဆီကနေ တစ်ခုခုဝယ်လာဖို့တွက် အကူညီတောင်းခဲ့မှာ”
ချောင်ကျန်းကျွင်းက အဆင်မပြေတဲ့ အပြုံးတစ်ခုကို ပြန်ပေးခဲ့သည်။
ချောင်ရှို့ကျီသည် သူမသားနောက်က အထုတ်အပိုးကို တွေ့သောအခါ တစ်ခုခု မှားနေပြီဆိုတာ သတိထားမိသွားသည်။
ချောင်အိမ်ကို ပြန်ရောက်တော့ ချောင်ကျန်းကျွင်းသည် သူမရဲ့ ခန့်မှန်းချက်ကို မြန်မြန် အတည်ပြုပေးလိုက်သည်။
“ဘန်း!”
ချောင်ကျန်းမင်သည် စားပွဲခုံကို လက်သီးဖြင့်ထိုးလိုက်သည်။ သူမျက်နှာသည် ဒေါသကြောင့် ဖြူဖြော့နေသည်။ “ ငါ ထန် မိသားစုနဲ့ သွားတိုက်မယ် !”
ပြောပြီးလျှင် သူသည် ထလိုက်ပြီး အပြင်ကို ပြေးထွက်သွားသည်။
“ဒီကိုပြန်လာခဲ့!” ချောင်ရှို့ကျီသည် ပြင်းပြင်းထန်ထန် အော်လိုက်သည်။