← Chapters

အခန်း (၁၆၀)

Vol. 13 Ch. 160

အခန်း (၁၆၀)

Vol. 13 Ch. 160

ချောင်ကျန်းမင်သည် သူ၏‌ ခေါင်းကို နောက်ပြန်လှည့်ကြည့်ခဲ့သည်။ သူ၏ နဖူးတွင် သွေးကြောများ ထောင်နေသည်။ “ အမေ၊ ကျွန်တော်တကယ် အသက်မရှုနိုင်တော့ဘူး”

သူတို့ အနိုင်ကျင့်ခဲ့တာကိုမပြောဘဲ၊ သူတို့က သူ့မိသားစုကို ခြိမ်းခြောက်နေသည်။ ရိုးရိုးရှင်းရှင်း အနိုင်ကျင့်နေတာပဲ။

ချောင်ရှို့ကျီသည် သူ့ကို ကြည်ပြီး အေးစက်စွာ ပြောခဲ့သည်။ “မင်း အသက်မရှုနိုင်တောင် ရှုရမှာပဲ။ မင်းသွားရင် သေလိမ့်မယ်။ မင်းသေတာနဲ့ ပြဿနာတွေက ပြေလည်သွားလိမ့်မယ်လို့ ထင်နေတာလား? နောက်ပိုင်း ထန်မိသားစုက ငါတို့ကိုခွင့်မလွှတ်ခဲ့ရင် ပြီးတော့ မင်းသမီးလေး။ မင်းသေရင် သူမရဲ့အနာဂတ် ဘယ်လိုဖြစ်သွားမယ် မင်းထင်လဲ? ချန်းချောင်ချောင်က အမေပီသတယ်လို့ မင်းထင်နေတာလား?”

ထိုအချိန်တုန်းက သူသည် ချန်းချောင်ချောင်းကို မနှစ်သက်ခဲ့ပေ။ သို့သော် သူမ၏ နူးညံ့မှု နှင့် နားလည်ပေးမှုကို တွေ့မြင်သောအခါ သူမသည် သူနှင့် လိုက်ဖက်သည်ဟု ထင်မြင်ခဲ့သည်။ ထို့နောက် သူတို့ လက်ထပ်ခဲ့သည်။

သူတို့ စစလက်ထပ်တုန်းကတော့ သူမသည် နူးညံ့ပြီး နားလည်မှုရှိသည့် ဇနီး‌တစ်ယောက်ဖြစ်သည်။ ဒါပေမဲ့ သူမသည် ဝမ်အာက တခြားကလေးတွေနှင့် မတူသည်ကို သိရှိပြီးနောက် ပြောင်းလဲသွားသည်။ ဝမ်အာလေး ဉာဏ်မမှီတာနှင့် ပတ်သက်ပြီး သူကညည်းညူခဲ့သည်။ သူသည် အဲ့တာကြောင့် သူမကို စိတ်ပျက်ခဲ့ပြီး သူတို့လင်မယား၏ ခံစားချက်တွေလည်း ပြောင်းလဲသွားခဲ့သည်။

ဒါပေမဲ့ သူမသည် အနည်းငယ် အေးစက်လာခဲ့သည်။ သူမက သူ့ကိုဦးထုတ်စိမ်း ဆောင်းပေးလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ခဲ့ပေ။ ထို့အပြင်၊ ဒါက သူ့မိသားစုကိုပါ ထိခိုက်လာစေနိုင်သည်။

သူတကယ်ကို နောင်တရနေပြီ ဖြစ်သည်။ သူသည် သူမနှင့် လက်မထပ်ခဲ့သင့်ပေ။

ချောင်ရှို့ကျီသည် ပြောခဲ့သည်။ “ ဖြစ်ပြီးသွားပြီလေ။ နောင်တရစရာမလိုဘူး။ မင်းမိသားစုကို တကယ်ဂရုစိုက်တယ်ဆို စိတ်လက်မာန်ပါ မလုပ်တာအကောင်းဆုံးပဲ။ မဟုတ်ရင်၊ ဒီမိသားစုက မင်းလက်ထဲမှာပဲ ပျက်စီးသွားလိမ့်မယ်!”

ချောင်ကျန်းမင်သည် တစ်ဆို့နေသည့် အသံဖြင့် ပြောလာခဲ့သည်။ “ အ‌မေ၊ ကျွန်တော်သိပါတယ်!”

ပထမတော့ ချောင်ကျန်းကျွင်းက ခွင့်ရက်ရလို့ ပြန်လာတယ်လို့ပဲ လူတိုင်းက ထင်ခဲ့သည်။ ဒါပေမဲ့ ရက်အနည်းငယ် ကြာပြီးတဲ့နောက်တောင် သူက မြို့ကို မပြန်ဘူး။ ထို့ကြောင့် လူတွေက သူစက်ရုံက အထုတ်ခံလိုက်ရပြီ ဆိုတာကို သိသွားသည်။

ဒါကြောင့် ထုတ်လုပ်ရေးအဖွဲမှာ ဆုံးဖြတ်ချက်တွေလည်း အများအပြားရှိခဲ့သည်။ ပြီးတော့ လူအများစုက ဒီရယ်စရာကိစ္စကို စောင့်ကြည့်နေခဲ့ကြသည်။

“အိုး၊ ငါးယောက်မြောက် ချောင်က ကွာရှင်းလိုက်ပြီ။ အခုနှစ်ယောက်မြောက် ချောင်ကလည်း အလုပ်ထုတ်ခံလိုက်ရပြီ။ အနာဂတ်မှာ ဒီချောင်မိသားစု ဘယ်လိုဖြစ်လာမလဲ မသိဘူး?”

“အဲ့ဒါက မှန်တယ်မလား? ဖန်ရှောင်ကျွမ်းက ဒီချောင်မိသားစုကနေ ထွက်သွားတာ မှန်တာပဲ!”

ရှောင်ချောင်သည် ဒီကိစ္စကို သိပြီးနောက် သူ့ဆုံးဖြတ်ချက် မှန်တယ်ဆိုတာ ပိုသေချာလာခဲ့သည်။

သာ့ချောင်၏ ကံကောင်းစေတဲ့ system သည် သူမဘေးက လူတွေရဲ့ ကံကောင်းမှုကို ခိုးယူနေသည်။ ချောင်မိသားစုသည် အရင်က ကောင်းကောင်းမွန်မွန် နေခဲ့ရသော်လည်း အခု မှားယွင်းမှုတစ်ခုသာဖြစ်နေသည်။ အခု၊ သူတို့ အမြင့် က ပြုတ်ကျတော့မှာလား?

ဒါကြောင့် သူမနဲ့ ခပ်ဝေးဝေးနေရမည်။ ဟူမြို့ကို ရောက်သည့်အခါ သူမ၏ ကယ်တင်ရှင်အနေဖြစ် အကြီးအကျယ် သရုပ်ဆောင်လိမ့်မည်။

အဲ့ဒီနေ့မှာပဲ၊ လင်းဟွေ့သည် သူ့အမေအိမ်မှ ပြန်ရောက်လာသည်။ သူမသည် လမ်းတွင် ဖန်ရှောင်ကျွမ်းကို တိုက်မိသွားသည်။

ရန်သူနှင့် တွေ့သောအခါ သူတို့၏မျက်လုံးများ နီရဲလာသည်။

လင်းဟွေ့ နှင့် ဖန်းရှောင်ကျွမ်းတို့သည် အခင်ဆုံးသူငယ်ချင်းများ ဖြစ်ကြသည်။ အတူတူ ကြီးပြင်းလာခဲ့ကြပြီး လယ်ကွင်းတွေမှာ အတူအလုပ်လုပ်ခဲ့ကြသည်။  ဖန်းရှောင်ကျွမ်းသည် လင်းဟွေ့ သဘောကျနေသည့် လူကို ခိုးယူပြီးနောက် သူတို့နှစ်ဦးသည် ရန်သူဖြစ်လာခဲ့သည်။

အချိန်တွေကြာပြီးနောက် လင်းဟွေ့သည် ဖန်းရှောင်ကျွမ်း၏ ခင်ပွန်းဟောင်းနဲ့ လက်ထပ်လိုက်သည်။  ထို့ကြောင့် သူတို့နှစ်ယောက်ကြားက ရန်ငြိုးသည် ဘယ်လိုမှ ချေဖျက်လို့ မရတော့ပေ။

ဖန်းရှောင်ကျွမ်းသည် သူမ၏ မျက်လုံးများတွင် မနာလိုမှု အရိပ်အယောင်များနှင့် ချဉ်းကပ်လာနေ‌သည့် လင်းဟွေ့ကို စိုက်ကြည့်နေသည်။

လင်း‌ဟွေ့၏ အသားအရေသည် နီမြန်းနေပြီး သူမ၏ အသားအရည်သည် ဖြူစင်ပြီး နူးညံ့‌နေသည်။ သူမသည် သူမအသက် ဆယ့်ခုနစ်နှစ် သို့မဟုတ် ဆယ့်ရှစ်နှစ်တုန်းကထက် နုပျိုပြီး ပိုလှနေသည်။ ထိုအရာက လူတွေကို မနာလိုဖြစ်စေသည်။ 

တစ်ဖက်တွင်၊ သူမ၏မျက်နှာသည် ဖြူဖျော့နေသည်။  သူမရဲ့ပါးပြင်တွေမှာ တင်းတိပ်တွေ အများကြီးရှိပြီး ထိုအရာတွေကို ဖယ်ရှားလို့မရ‌ပေ။ လွန်ခဲ့သည့်လဝက်က သူမသည် သူမ၏ခန္ဓာကိုယ်နှင့် အသားအရည်ကို ထိန်းသိမ်းရန် လယ်ကွင်းထဲသို့ မသွားဘဲ အိမ်ထဲတွင် ပုန်းနေခဲ့သည်။ သို့သော်လည်း သူမ၏ အသားအရည် အခြေအနေမှာ မကောင်းပေ။

ဖန်းရှောင်ကျွမ်းကို မြင်လိုက်ရတော့ လင်းဟွေ့၏ နှလုံးသားထဲမှာ ရွံရှာသွားသည်။ 

ဒီလူက တစ်ကိုယ်ကောင်းဆန်သည်။ သူငယ်ချင်းတစ်ယောက်အနေနဲ့ဆို မင်း၏ နောက်ကျောကို ဓားနှင့် ထိုးလိမ့်မည်။ မိခင်တစ်ယောက်အနေနဲ့ဆို သားသမီးတွေကို စွန့်လွှတ်လိမ့်မည်။ ဇနီးတစ်ယောက်အနေနဲ့ဆို သစ္စာဖောက်ပြီး ဦးထုပ်စိမ်းဆောင်း ပေးလိမ့်မည်။

ဒါက ဖြေရှင်းချက် မရှိပေ!

ဟူမြို့ မှာ လက်ထပ်တော့မည်ဆိုတာ သိလိုက်ရတော့ သူမ လုံးဝမနာလို‌ပေ။ သူမသည် ထိုနေရာတွင် ငြိမ်းချမ်းစွာနေထိုင်ပြီး ဤဘဝတွင် ဘယ်တော့မှ ပြန်မလာမည်ကို မျှော်လင့်ခဲ့သည်။

သူမသည် ဖန်းရှောင်ကျွမ်းကို အရေးမပေးချင်ပေ။  ဒီတုံ့ပြန်မှုသည် တစ်ဖက်ကို လှုပ်ခတ်သွားစေသည်။

သူမကျော်သွားခါနီးတွင် ဖန်းရှောင်ကျွမ်းက သူမကို လှမ်းတားလိုက်ပြီး "ဟွေ့ဟွေ့ နင်ဘာလို့ဒီလောက် အလျင်လိုနေတာလဲ။ ငါတို့က နှစ်အတော်ကြာအောင် သူငယ်ချင်းကောင်းတွေလေ၊ အခု ငါ မြို့ကိုသွားတော့မယ်၊  နင် ငါနဲ့ စကားကောင်းကောင်း မပြောချင်ဘူးလား”

သူမသည် လင်းဟွေ့ကို အဆင်မပြေဖြစ်စေသည်။ သုန်မှုန်နေသည့် မျက်နှာဖြင့် လင်းဟွေ့က "ငါ့ရှေ့က ထွက်သွား။ ငါနင့်ကို ပြောစရာမရှိဘူး!"

စကားပြောပြီးနောက် သူမ‌သည် ဘေးသို့ ခြေလှမ်းနှစ်လှမ်းလှမ်းလိုက်သော်လည်း ဖန်းရှောင်ကျွမ်းသည် နောက်တစ်ကြိမ် သူမကို တားလိုက်သည်။ သူမကို မလွှတ်ချင်ဘူးဆိုတာ ရှင်းပါသည်။

 "ဖန်းရှောင်ကျွမ်း၊ နင်အမြင့်ကို တက်သွားတာ‌ကြောင့် ငါတို့နင်ကို ဘာမှလုပ်မှာမဟုတ်ဘူးလို့ မထင်နဲ့၊ နင် ဟူမြို့ ကို ချောချောမွေ့မွေ့သွားချင်ရင် အခုငါ့မျက်စိ‌ရှေ့ကနေ ထွက်သွားတာ ပိုကောင်းမယ်!"

လင်းဟွေ့သည် ယခင်က နူးညံ့သိမ်မွေ့သူတစ်ဦးဖြစ်သည်။  သူမသည် အမြဲတမ်း အေးဆေးသည့် အသံဖြင့် ပြောတတ်သည်။  ဒီအချိန်မှာတော့ သူမသည် တကယ်ကို ရူးသွပ်နေခဲ့သည်။

သူမ၏ ခြိမ်းခြောက်မှုကိုကြားသောအခါ ဖန်းရှောင်ကျွမ်း၏ မျက်နှာသည် ရုပ်ဆိုးသွားသည်။ “ချောင်မိသားစုက လက်ထောက်အကြီးအကဲတစ်ဦးနဲ့ အဆက်အသွယ်ရပြီး ထုတ်လုပ်ရေးအဖွဲ့တွင် လျှောက်လှမ်းနိုင်မယ်လို့ မထင်နဲ့။ ချောင်မိသားစုကို အမှန်တကယ် ဂရုစိုက်တယ်ဆိုရင် ချောင်ကျန်းကျွင်းက အလုပ်ထုတ်ခံရမှာ မဟုတ်ဘူး။ ဒါ‌ကြောင့် နင့်ရဲ့ခြိမ်းခြောက်မှုတွေကို ကယ်တင်လိုက်ဦး။"

လင်းဟွေ့သည် နှုတ်ခမ်းကို တင်းတင်းစေ့ထားသည်။  သူမနဲ့ စကားတစ်ခွန်းမှ မပြောချင်တော့ပေ။ 

ဖန်းရှောင်ကျွမ်း၏ မျက်လုံးများသည် လှည့်ပတ်ကာ သူမ၏ ဖောင်းကားနေသည့် ဗိုက်ပေါ်သို့ ရောက်သွားသည်။ သူမ၏နှလုံးသားသည် မနာလိုမှုများဖြင့် ပြည့်နှက်နေပြီး “နင် မွေးဖို့ နီးနေပြီ မဟုတ်လား၊ ဗိုက်က လုံးနေတာ၊ သားဖြစ်နိုင်တယ်။ အိုး၊ နင့် ဗိုက်က ငါ့ထက် ပိုကြီးနေတယ်။ အမွှာဖြစ်နိုင်ချေများတယ်။"

လင်းဟွေ့သည် သူမ၏ ဗိုက်ကို ကိုင်ကာ နောက်သို့ ခြေနှစ်လှမ်း ဆုတ်လိုက်သည်။  သူမကို စိုက်ကြည့်ရင်း “နင်ဘာလုပ်ချင်လို့လဲ” လို့မေးလိုက်သည်။

ဖန်းရှောင်ကျွမ်းသည် တစ်ခုခုကို လုပ်ချင်ပေမဲ့ ဒီအချိန်မှာ သူမနှင့် ပြဿနာမဖြစ်ရဲပေ။

မုန့်ဟောင်ကွမ်သည် လက်ထောက်ညွှန်ကြားရေးမှူး၏ အတွင်းရေးမှုးဖြစ်သော်လည်း၊ အ‌ဝေးက ရေသည် အနီးနားရှိ မီးကို မကယ်တင်နိုင်ခဲ့ပေ။ (p.s မကူညီနိုင်တာကိုပြောတာပါ)  ချောင်မိသားစုသည် ရန်ရှာလာရင်၊ ဝမ်မိသားစုက သူတို့ရဲ့ ယောက္ခမ ဆက်ဆံရေးနဲ့ ထုတ်လုပ်ရေးအဖွဲ့ကနေ သူမကို  မရုန်းထွက်နိုင်အောင် သူတို့မှာ သေချာပေါက် နည်းလမ်းရှိသည်။

 ဤအချိန်ကာလအတွင်း သူမသည် အလွန်နိမ့်နေသောကြောင့် ထုတ်လုပ်ရေးအဖွဲ့မှ အလွယ်တကူ ထွက်သွားရနိုင်သည်။

သူမ ဒီနေ့ဖန်း‌ရှောင်ကျွမ်းကို ရပ်လိုက်ရတဲ့ အကြောင်းရင်းသည် အခု စိတ်လှုပ်ရှားစရာမဟုတ်ပေ။  အရမ်းအရေးကြီးသည့် နောက်တစ်ခုရှိသေးသည်။

 "စိတ်မပူပါနဲ့၊ ငါနင့်ကို ဘာမှမလုပ်ပါဘူး။၊ တရားဝင်ဇနီးတစ်ယောက်ဖြစ်ဖို့ မြို့ကိုသွားပြီး ပျော်ရွှင်‌စေချင်တာပါ"  ဖန်းရှောင်ကျွမ်း "နင်နဲ့ ချောင်ကျန်းကျွင်တို့ရဲ့ သားသမီးတွေ မကြာခင် ရလာတော့မယ်လို့ ငါထင်တယ်။ နင့်မှာ ခင်ပွန်းဟောင်းနဲ့ရထားတဲ့ သားလည်းရှိ‌သေးတယ်။ နင်သာ့ချောင်ကို သေချာဂရုစိုက်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် သာ့ချောင်ကို ငါခေါ်ထားချင်တယ်”

သာ့ချောင်ကို ခေါ်သွားဖို့ သူ့စိတ်ထဲမှာ ဘယ်တော့မှ မေ့မသွား‌ပေ။ မနေ့က သူမသည် မုန့်ဟောင်ကွမ်စီကနေ စာတစ်စောင် လက်ခံရရှိခဲ့သည်။ သူမနှင့်အတူ အမွှာအကြီး သာ့ချောင်ကို ခေါ်လာခိုင်းခဲ့သည်။

မုန့်ဟောင်ကွမ်သည် ယခုအခါ သူမ၏ ရွှေ‌အရှင်သခင်ဖြစ်နေပြီဖြစ်သည်။  သူမသည် မပျော်သော်လည်း သာ့ချောင်ကို ခေါ်သွားဖို့နည်းလမ်းကိုသာ ရှာနေရသည်။

လင်းဟွေ့သည် သူမ၏ စကားကိုကြားတော့ အံ့ဩသွားသည်။  ပြူးကျယ်သော မျက်လုံးများဖြင့် သူမကို စိုက်ကြည့်ပြီး "ဖန်းရှောင်ကျွမ်း၊ နင်ဘာတွေစီစဉ်နေတာလဲ"။

ထုတ်လုပ်ရေးအဖွဲ့တစ်ခုလုံးသည် ဖန်း‌ရှောင်ကျွမ်းက သာ့ချောင်ကို မည်မျှ မုန်းတီးသည်ကို သိသည်။

အဲ့တာကို အခု သူမက သာ‌့ချောင်ကို ခေါ်သွားချင်နေတာလား။ သေချာတာကတော့ သူမကို ပျော်ရွှင်ဖို့အတွက် မြို့ကို ခေါ်သွားမှာ မဟုတ်‌ပေ။  သူမ ဘာလုပ်ချင်‌နေတာလဲ?

ဖန်းရှောင်ကျွမ်းက "စိတ်မဆိုးပါနဲ့၊ ငါအရင်က သာ့ချောင်ပေါ် မကောင်းခဲ့ဘူး၊ အခု ငါပြန်စဉ်းစားပြီးပြီ။ သူ့ရဲ့ အမေအရင်းအနေနဲ့၊ သူ့ဘဝ ကောင်းကောင်းမွန်မွန် နေထိုင်ဖို့ မြို့ကို ငါနဲ့အတူ ခေါ်သွားချင်တယ်။"

လင်း‌ဟွေ့၏ မျက်နှာသည် နီမြန်းသွားပြီး "ဒါကို မစဉ်းစားနဲ့။ သာ့ချောင်က နင်နဲ့ ဘယ်တော့မှ မလိုက်ဘူး!"

ဖန်းရှောင်ကျွမ်းပြောသည့် စကားကို သူမ မယုံခဲ့ပေ။

ဖန်းရှောင်ကျွမ်းသည် မျက်မှောင်ကြုတ်ကာ "လင်းဟွေ့ နင် အရမ်းအရှက်မရှိလို့ မရဘူး‌လေ။ သာ့ချောင်က နင်နဲ့ဆို ဘာအနာဂတ်တွေ ရှိနိုင်မှာလဲ? ငါက မတူဘူး။ ငါက သူ့ကို မြို့ကြီးထဲ ခေါ်သွားနိုင်တယ်၊ ကောင်းကောင်း ဝတ်စားဆင်ယင်‌ပေးပြီး သူ့ကို ‌အ‌ကောင်းဆုံး ကျောင်းပို့နိုင်တယ်။ အနာဂတ်မှာ သူမကို မြို့ထဲက အဆင့်မြင့် မိသားစုတစ်ခု ရှာ‌ဖွေပေးနိုင်တယ်။ သူမက သူ့ဘဝအတွက် ဘာမှ စိတ်ပူနေစရာ မလိုဘူး!"

ဖန်းရှောင်ကျွမ်းက သာ့ချောင်၏ အဆင်ပြေမှုအတွက် တွေးမှာလား။

ဒါကအနောက်ဘက်မှ နေထွက်လာသလိုပဲ ထူးဆန်းသည်။

အချိန်ကြာကြာ စကားပြောလေလေ၊ လင်းဟွေ့သည် စိတ်ထဲတွင် ပိုသတိထားလေလေဖြစ်သည်။  သူမတွင် အကြံအစည်အချို့ ရှိသည်ဟု သူမ ခံစားမိသည်။ ဘာပဲဖြစ်ဖြစ် သာ့ချောင်ကိုတော့ သူ့လက်ထဲက ခေါ်သွားခွင့်မပေးနိုင်ပေ။

သူမ၏ ဗိုက်ကိုကိုင်ပြီး ဖန်းရှောင်ကျွမ်းကို ဖြတ်ပြေးဖို့ ကြံစည်ခဲ့သည်။ ထိုအခါမှ သူမ၏ယောက္ခမကို ဒီအကြောင်းကို စောစောစီးစီး ပြောပြနိုင်မှာဖြစ်သည်။  ဤနည်းလမ်းဖြင့် ဖန်းရှောင်ကျွမ်းကို ဆန့်ကျင်နိုင်လိမ့်မည်။ 

ဖန်းရှောင်ကျွမ်းသည် သူမထွက်သွားတော့မည်ကို သတိပြုမိပြီး သူမ၏လက်‌မောင်းကို ဆုပ်ကိုင်လိုက်သည်။ ဆွဲယူလိုက်သောကြောင့် လင်းဟွေ့သည် ထိတ်လန့်သွားပြီး ခြေထောက်များ တလှုပ်လှုပ်နှင့် မြေပေါ်သို့ လဲကျသွားသည်။

လင်းဟွေ့သည်"အာ့" လို့ အော်လိုက်သည်။ သူမ၏ မျက်နှာသည် ချက်ချင်းဖျော့‌တော့ သွားပြီး"တစ်ယောက်ယောက်! လူသတ်သမား!"

ဖန်းရှောင်ကျွမ်းသည် အံ့ဩသွားသည်။ လင်းဟွေ့ကို သူမ တကယ်မတိုက်ခိုက်ချင်ပေ။

လင်းဟွေ့ အော်ဟစ်သောအခါ သူမသည် ထိတ်လန့်သွားပြီး ပါးစပ်ကို အုပ်ရန် ငုံ့ကြည့်လိုက်သည်။

ဤအချိန်တွင် အဝေးမှ ပျော့ပျောင်းသော နူးညံ့သော အသံတစ်ခု ထွက်ပေါ်လာသည်။ “နင့်ကို  ငါ့အမေကို ထိခွင့်မပေးဘူး!"

ဖန်း‌ရှောင်ကျွမ်းသည် မော့ကြည့်လိုက်တော့ သာ့ချောင်သည် မှုန်ကုပ်ကုပ် မျက်နှာနဲ့ သူမဆီ ပြေးလာ‌နေတာကို တွေ့လိုက်ရသည်။  သူမဘေးတွင် တိဗက် အိမ်မွေးခွေး အရွယ် ခွေးတစ်ကောင် လိုက်ပါလာသည်။

သာ့ချောင်သည် သူမ မိခင်အရင်း၏ လုပ်ရပ်ကို မြင်သောအခါ သူမတစ်စုံတစ်ဦးကို ရိုက်ခဲ့သည်ဟု ထင်ခဲ့သည်။  သူမသည် အရမ်းကြောက်သွားပြီး နှလုံးခုန်မြန်‌နေသည်။ 

သူမသည် အသဲအသန်ပြေးလာသည်။  ကံမကောင်းစွာပဲ သူမသည် အရမ်းငယ်လွန်းပြီး အဝေးကြီးကို အမြန်မပြေးနိုင်ခဲ့ပေ။

သူမသည်အနားရှိ ဖီဖီကို ကြည့်လိုက်ပြီး။ သူမ၏ သွားများကို ပြင်းပြင်းထန်ထန် အံကြိတ်ရင်း "ဖီဖီသွား!"

ဖီဖီသည် နှစ်ခါဟောင်ကာ တုံ့ပြန်ပြီး လေပြင်းများကဲ့သို့ မြန်မြန်ပြေးသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ ဖန်းရှောင်ကျွမ်းဆီကို ပြေးသွားပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့သည်...

ဖန်းရှောင်ကျွမ်းသည် ထိတ်လန့်တကြား အော်ဟစ်ပြီး မြေပြင်ပေါ် ကို လဲကျသွားသည်။

သူမသည် မျက်လုံးပြန်ဖွင့်လိုက်သောအခါတွင် ခွေးကြီးသည် သူမ၏လည်ပင်းကို ချွန်ထက်သော သွားများဖြင့် ကိုက်ချလိုက်သည်။ အားနည်းနည်းဖြင့်သာ သူမလည်ပင်းကို ကိုက်လိုက်သည်။

သူမသည် အလွန်ကြောက်လန့်သွားပြီး မျက်နှာတစ်ခုလုံး အရောင်‌ဖျော့ သွားသည်။ သူမ၏ တစ်ကိုယ်လုံးသည် ဆန်ခါကဲ့သို့ တုန်ခါသွားလေသည်။ အဝါရောင် သေးတစ်ကြောင်း ထွက်ကျလာသည်။

သာ့ချောင်သည် နီရဲနေသောပါးပြင်များဖြင့် ပြေးလာသည်။  သူမသည် စိုးရိမ်တကြီး မျက်မှောင်ကြုတ်ကာမေးလိုက်သည်။ "အမေ အဆင်ပြေရဲ့လား? နာနေလားဟင်?”

လင်းဟွေ့လည်း ထိုမြင်ကွင်းကြောင့် ထိတ်လန့်သွားသည်။ သာ့ချောင်ကိုတွေ့လိုက်မှပဲ သူမသတိပြန်ရလာပြီး"မကြောက်ပါနဲ့ သာ့ချောင်၊ အမေ အဆင်ပြေပါတယ်”

သာ့ချောင်သည် ဒါကို လုံးဝ မယုံ‌ပေ၊ သူမအမေ၏ မျက်နှာသည် ကြောက်ရွံ့မှုကြောင့် အရောင်တွေ ဖျော့တော့နေသည်။ သူမသည် နောက်ပြန်လှည့်ကာ ဖန်းရှောင်ကျွမ်းကို စူးစူးဝါးဝါးကြည့်ကာ "ရှင်က လူယုတ်မာပဲ၊ ငါအဖွားကိုပြောပြီး နင့်ကို သေအောင်ရိုက်ခိုင်းမယ်!"

ဖန်းရှောင်ကျွမ်းဟာ ကြောက်ရွံ့မှု၊ မုန်းတီးမှုတွေနှင့် ဒေါသတွေ ပြည့်နှက်နေခဲ့သည်။

ဒါက သူမကလေးလေ။ ဒီဘဝမှာ သူမကို နည်းနည်းလေး အပြစ်တင်ခဲ့ပေမဲ့ သူမရဲ့ အရင်ဘ၀မှာ ဆယ်စုနှစ်တွေကြာအောင် သူမကို အလိုလိုက်ခဲ့သည်။ လွယ်ကူပြီး နှလုံးသားမဲ့သည့် အရူးမ။

All Chapters