အခန်း (၁၆၁)
Vol. 13 Ch. 161
ဒါပေမဲ့ သူမသည် မလှုပ်ရဲတော့ပေ။ ခွေး၏သွားများသည် သူမ၏လည်ပင်းတွင် စိုက်နေသေးသည်။ သူမသည် လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် ပြင်းထန်သော "ဝူး" ဟူသော အသံ ထွက်လာခဲ့သည်။
သာ့ချောင်သည် ဒီကို အပြေးအလွှား ပြေးလာတုန်းကတည်းက သူမဟာ တခြားသူတွေရဲ့ အာရုံစိုက်မှုကို ခံခဲ့ရပြီးဖြစ်သည်။ ထိုအချိန်မှာ တစ်စုံတစ်ယောက်က သူတို့ဆီ ပြေးလာနေသည်။
လင်းဟွေ့သည် အခြားသူများမြင်လျှင် သာ့ချောင်ကို မရိုသေသူဟု အပြစ်တင်မည်ကို စိုးသည်။ ဒါကြောင့် သူမသည် လင်းဟွေ့ကို အမြန်ဝှေ့ယမ်းပြီး "သာ့ချောင် အမေ့ကို လာကူဦး " လို့ပြောလိုက်သည်။
ထိုအခါမှသာ သာ့ချောင်သည် လှည့်၍ သူ့အမေကို ဂရုတစိုက် ကူညီပေးခဲ့သည်။ သူမသည် သူမ၏ ခန္ဓာကိုယ်ရှိ အညစ်အကြေးများကို သန့်စင်ပေးသည်ကိုလည်း တွေးတောနေခဲ့သည်။
ရွာသားတွေ ပြေးသွားတော့ ဖန်းရှောင်ကျွမ်းသည် ချောင်၏ ခွေးရဲ့ချွန်ထက်သော သွားများဖြင့် လည်ပင်းကို အကိုက်ခံရပြီး မြေပြင်ပေါ် လဲကျနေသည်ကိုတွေ့လိုက်ရသည်။ သူတို့သည် ထိတ်လန့်တကြား ဖြစ်သွားကြသည်။
"အရှင်ဘုရား၊ ဘာဖြစ်တာလဲ။ ဒီခွေးက လူကို သတ်နေတာလား"
"လူသတ်နေတယ်လို့ အော်သံကြားလိုက်တယ်လို့ ငါထင်တယ်။ ဘယ်သူက သတ်ဖို့ကြိုးစားနေတာလဲ"
"အိုး၊ ကြည့်စမ်း။ ဖန်းရှောင်ကျွမ်းက သူ့ကိုယ်သူ စိတ်တိုနေတာပဲ! ပညာတတ်လူငယ် မန်က သူ့ရဲ့ရုပ်ဆိုးတဲ့ မျက်နှာကို မြင်တဲ့အခါ သူ့ကို လက်ထပ်ဦးမှာလားလို့ တွေးမိတယ်။"
ဖန်းရှောင်ကျွမ်းသည် ထိုစကားကိုကြားသောအခါတွင် သူမသည် ဒေါသအလွန်ထွက်ကာ အသက်ရှုမဝဖြစ်ပြီး ပွဲချင်းပြီး သေချင်သွားသည်။
ချောင်မိသားစုနှင့် ထုတ်လုပ်ရေး အဖွဲ့ခေါင်းဆောင်တို့လည်း တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြသည်။
ချောင်ကျန်းကျွင်းသည် ပြေးလာရာမှ လန့်သွားသည်။ သူသည် လင်းဟွေ့ဘက်မှ ရပ်တည်ပြီး "ဟွေ့ဟွေ့ အဆင်ပြေရဲ့လား? မင်းသက်တောင့်သက်သာ မရှိဘူးလို့ ခံစားရလား? ငါမင်းကို ဆေးရုံခေါ်သွားပေးမယ်လေ!”
"စိတ်မပူပါနဲ့၊ ငါအဆင်ပြေပါတယ်၊ ကလေးတွေလည်း ကောင်းတယ်။"
လင်းဟွေ့ကတော့ ဒဏ်ရာ သိပ်မရပေ။ ခုနက မြေပြင်ပေါ်လဲကျသွားချိန်မှာ သူ့ဗိုက်ကိုကိုင်ထားသော လက်တွေကို မဖယ်ထားခဲ့ပေ။ ထို့ကြောင့် သူမတင်ပါးမှာ နာကျင်တာကလွဲရင် သူမအဆင်ပြေသည်။
ချောင်ကျန်းကျွင်းသည် သာ့ချောင်ကို ဒဏ်ရာရမရ အမြန်မေးလိုက်သည်။ သာ့ချောင်သည် အဆင်ပြေပါတယ်လို့ ပြောသံကြားတော့မှ သူစိတ်သက်သာရာ ရသွားသည်။
ချောင်ရှို့ကျီသည် ရောက်လာပြီး သာ့ချောင်ကို ပွေ့ဖက်ထားပြီး ငုံ့ကြည့်ကာ "မင်း ကြောက်နေလား"
သာ့ချောင်သည် သူမ၏လည်ပင်းကို ဆုပ်ကိုင်ထားပြီး မြေပြင်ပေါ်တွင် လဲနေသော ဖန်းရှောင်ကျွမ်းကို လက်ညှိုးထိုးပြပြီး "အဖွား၊ သူက အမေ့ကို တွန်းထုတ်ပြီး ညှစ်ချင်နေတာ၊ သမီး သူ့ကို အမေလို့ မခေါ်ချင်တော့ဘူး!”
ဒါက နည်းနည်းတော့ ရှုပ်နေပေမဲ့ လူတိုင်းက ချက်ချင်း နားလည်နိုင်ပေသည်။
ဖန်းရှောင်ကျွမ်းက ဘာကို ရည်ရွယ်တာလဲ?
သူမသည် မြို့ထဲတွင် တရားဝင်ဇနီးဖြစ်တော့မည်။ ဒါကို ချောင်မိသားစုကို ဘာကြောင့် သွားထိတာလဲ။ ချောင်ကျန်းကျွင်းကို လက်မလွှတ်နိုင်သေးဘူးလား?”
ဖန်းရှောင်ကျွမ်းသည် သူမရှင်းပြချင်ပေမဲ့ ပါးစပ်မဖွင့်နိုင်ခဲ့ပေ။ သာ့ချောင်၏ စကားကို သူမကြားလိုက်သောအခါ ဒေါသစိတ်ဖြင့် တုန်လှုပ်သွားသည်။
အဘွားကြီး ဖန်းနှင့် ဝမ်ရွှေရှန်တို့ အတူတူ ရောက်လာကြသည်။ မကြာမီ တရားဝင်ဇနီးသည်ဖြစ်လာတော့မည့် သူ၏ သမီးဖြစ်သူကို ခွေးက မြေပြင်ပေါ်တွင် ကိုက်ထားသည်ကို မြင်လိုက်ရသဖြင့် ပေါင်ကို ပုတ်လိုက်ပြီး အမြင့်သုံးပေသို့ ခုန်ချသွားချင်သည်။(p.s တစ်ယောက်ယောက်က လာကူညီစေချင်တာကိုပြောတာပါ) "အိုး၊ သနားစရာသမီးလေး။ ဘာလို့ သမီးကို ဒီလိုမျိုး အနိုင်ကျင့်ကြတာလဲ? ခေါင်းဆောင် မြန်မြန်လာကယ်ပါဦး၊ ငါ့သမီးလေးကို!"
ဝမ်ရွှေရှန်သည် အဘွားကြီးဖန်း ဆုပ်ကိုင်ထားသည့် လက်ကို ဆုတ်ခွာလိုက်သည်။ သူက စိတ်မရှည်စွာနဲ့တုံ့ပြန်ခဲ့သည်။ "ခင်ဗျား ဘာတွေအော်နေတာလဲ၊ ဘယ်သူက ဘယ်သူ့ကို အနိုင်ကျင့်နေတယ်ဆိုတာ သေချာမသိဘူးလေ"
အဘွားကြီးဖန်းသည် မြေပြင်ပေါ်ကိုထိုင်ချလိုက်ပြီး ပေါင်ကို ရိုက်လိုက်ကာ "အိုး၊ ခေါင်းဆောင်က သူ့ခမည်းခမက်ကို ကူညီနေတယ်။ သူက ငါ့သမီးကို သေစေလောက်အောင်ခွေးက ကိုက်နေတာကို ခွင့်လွှတ်လိုက်တယ်။ ငါ့ရဲ့လက်ထောက်အတွင်းရေးမှူး သားမက်ရေ ရှောင်ကျွမ်းကို လာကယ်ပါဦး!!"
လူတိုင်း - "..."
ထိုအချိန်တွင် သူမသည် 'လက်ထောက်အတွင်းရေးမှူး ' ဟူသော စကားလုံးကို တမင်တကာ အော်နေလေသည်။ သူမဟာ သူတို့ရဲ့ ဖန်းမိသားစုကို မြင့်မားတဲ့ သစ်ကိုင်းကို တက်စေခဲ့သည်ဆိုတာကို လူတိုင်းကို သိစေချင်သည်။
ဝမ်ရွှေရှန်၏ စိတ်ရှည်မှုသည် ကန့်သတ်ချက် ပြည့်သွားခဲ့ပြီဖြစ်သည်။ ဒါပေမဲ့ ထုတ်လုပ်ရေးအဖွဲ့ ပျက်စီးသွားမည်ကို မမြင်ချင်ပေ။ ဒါကြောင့် သူက ချောင်မိသားစုကို "မင်းတို့ ခွေးကို လွှတ်မထားသင့်ဘူး။ အသက်အန္တရာယ် ရှိတယ်"
ထိုအချိန်တွင် ချောင်ရှို့ကျီက "ဖီဖီရေ ဒီကိုလာ!"
များသောအားဖြင့် ဖီဖီသည် ချောင်မိသားစု၏ အမိန့်ကို နာခံသော်လည်း ယခုတစ်ကြိမ်တွင် သူသည် မလှုပ်ပေ။
ဒါကိုမြင်တော့ သာ့ချောင်က “ဖီဖီ ဖွားဖွားက မင်းကိုခေါ်နေတယ်။ မြန်မြန်လာ!"
ထိုမှသာ ဖီဖီသည် ဖန်းရှောင်ကျွမ်း၏ လည်ပင်းကို လွှတ်ပေးလိုက်သည်။ ဒါပေမဲ့ သူလှည့်ကြည့်လိုက်ပြီး သူ့လက်သည်းတွေကို ဖန်းရှောင်ကျွမ်း၏ ဗိုက်ကို တမင်ဖိပြီး သူမကို လှမ်းအုပ်လိုက်တယ်။
ဖီဖီသည် အရွယ်ရောက်ပြီးသော တိဗက်ခွေး အရွယ်ဖြစ်သည်။ ထို့ကြောင့် အလေးချိန်သည် ကီလို၆၀ဂရမ်ကျော်ရှိသည်။ ဖန်းရှောင်ကျွမ်း၏ ဗိုက်ပေါ်ရှိ လေးလံသောအလေးချိန်သည် သူမ၏ မျက်နှာအသွင်အပြင်ကို နာကျင်စေသည်။
ထိုအခါမှသာ အဘွားကြီး ဖန်းသည် မြေပြင်မှထကာ သူ့သမီးကို ကယ်တင်ရန် ပြေးလာသည်။ " ငါ့သမီးလေး၊ သမီးနာနေလား မင်းအစ်ကိုကြီးကို ရဲစခန်းသွားပြီး ရဲကိုခေါ်စေချင်လား? "
ချောင်ရှို့ကျီသည် အေးစက်စွာ အော်ဟစ်လိုက်ပြီး "ကောင်းပြီ၊ ငါတို့လည်း ရဲစခန်း သွားချင်နေတာ။ မင်းက ကိုယ်ဝန်ရှိတဲ့ အမျိုးသမီးကို တိုက်ခိုက်ရဲလို့ ထောင်ထဲသွားဖို့ စောင့်နေလိုက်!"
ဖန်းရှောင်ကျွမ်းသည် သူမ၏ အကြည့်ကို လှမ်းမြင်လိုက်သည်။ သူ့နှလုံးသားကချက်ချင်း တုန်ခါသွားပြီး "လင်းဟွေ့ကို ငါဘာမှ မလုပ်ခဲ့ဘူး" သူမကို ဖြည်းဖြည်းပဲ ဆွဲထုတ်လိုက်တာ။ သူမဘာသာ အရှိန်မထိန်းနိုင်ဘဲ လဲကျသွားခဲ့တာ။ ငါနဲ့ ဘာမှမဆိုင်ဘူး!"
လင်းဟွေ့သည် သူမကို ဒေါသတကြီး စိုက်ကြည့်ပြီး "နင်က ရက်စက်တဲ့ မိန်းမပဲ၊ ငါအခုအဆင်ပြေနေပြီ၊ ဒါပေမဲ့ ငါ့ဗိုက်ထဲက ကလေးလေးတွေ တစ်ခုခု ဖြစ်ရင် ငါ နင့်ကို တကယ်လုပ်မှာ!"
အဘွားကြီး ဖန်းက ခုန်ပြီး "မင်းအခု အဆင်ပြေတယ်မလား။ နင် ကိုယ်ဝန်မပျက်ကျဘူးလေ..."
ဖြောင်း ဖြောင်း ……
သူမ စကားမဆုံးခင် ချောင်ရှို့ကျီသည် သူမကို ပါးနှစ်ခါရိုက်လိုက်သည်။ သူမ၏ သွားနှစ်ချောင်းကျိုးသွားသည် ။
လူတိုင်းက အံ့ဩသွားကြသည်။ အဘွားကြီး ဖန်း၏ မျက်နှာပေါ်တွင် ပါးရိုက်သည့် လက်ရာနီနီကို တွေ့လိုက်ရသည်။ သူတို့ နှလုံးသားထဲမှာပါ သူမ၏ နာကျင်မှုကို ခံစားလိုက်ရသည်။
အဘွားကြီး ဖန်းလည်း ထိတ်လန့်သွားသည်။ သူမသည် သတိပြန်လည်ဖို့ အချိန်အနည်းငယ်ကြာခဲ့သည်။ သူမ၏ ပါးစပ်ကိုဖွင့်ကာ ငိုချင်သော်လည်း ချောင်ရှို့ကျီက တားလိုက်သည်...
"ပါးစပ်ပိတ်ထား! နင်နောက်တစ်ခါ အဓိပ္ပာယ်မရှိတဲ့စကားတွေ ပြောရဲရင်ပြောကြည့် ငါ နင့်ပါးကိုရိုက်မယ်။ နင် ရဲစခန်းကိုသွားချင်သွား!”
အဘွားကြီးဖန်း၏ ပါးစပ်သည် ကျယ်လောင်စွာ ပွင့်နေသည်။ ဒါပေမဲ့ သူမ မအော်နိုင်ပေ။ ဒါက ရှက်စရာကောင်းလွန်းသည်။
ဖန်းရှောင်ကျွမ်းသည် ဒေါသထွက်ကာ အံကြိတ်ပြီး "လင်းဟွေ့ကို ငါ မတော်တဆ ဆွဲလိုက်မိတာ။ ဒါတွက် ငါတောင်းပန်နိုင်တယ်။ ဒါပေမဲ့ ငါက လင်းဟွေ့ကို တိုက်ခိုက်တယ်လို့ ပြောရင်တော့ ဘယ်တော့မှ ၀န်ခံမှာ မဟုတ်ဘူး။"
သူမသည် ရဲကို မခေါ်ရဲပေ။ ကိစ္စပိုကြီးလာလျှင် ဆင့်ခေါ်စာရ၍ မြို့သို့မသွားနိုင်မည်ကို သူမကြောက်သည်။
ချောင်မိသားစုက ကြီးကြီးမားမား ပြဿနာမဖြစ်စေချင်ပေ။
ထန်မိသားစုသည် မကြာသေးမီက ချောင်မိသားစုကို မျက်စိကျခဲ့သည်။ ချောင်မိသားစုကို ဖိနှိပ်ဖို့ အခွင့်အရေးယူမလားဆိုတာ ဘယ်သူမှမသိနိုင်ပေ။
ဝမ်ရွှေရှန်သည် မိသားစုနှစ်စုကြား ပြဿနာဖြစ်နေသည်ကို မြင်တော့ မတ်တပ်ထရပ်ကာ “မင်းတို့အားလုံး ငါ့ကိုပြောပြကြ ဘာဖြစ်တာလဲ? ဖန်းရှောင်ကျွမ်း မင်းက ချောင်မိသားစုရဲ့ ဒုတိယဇနီးကို ဘာလို့ ဆွဲခဲ့တာလဲ?”
ဖန်းရှောင်ကျွမ်းသည် ချောင်ရှို့ကျီ၏ ရင်ခွင်ထဲတွင် ဖက်ထားသော သာ့ချောင်ကို တစ်ချက်ကြည့်လိုက်ပြီး "ခေါင်းဆောင်ကြီး၊ ငါက မကြာခင် သူ ကလေးမွေးတော့မှာမို့လို့ သူ့ကို ရှာတွေ့ဖို့ လာခဲ့တာ။ အဲ့တာအပြင် သူမခင်ပွန်းဟောင်းရဲ့ သားသမီးတွေ၊ သားသမီးသုံးယောက်လည်း ရှိတယ်။ ကျွန်မ သမီးလေးကို ဂရုမစိုက်တော့တာသေချာတယ်။ ဒါကြောင့် ဘဝကောင်းကောင်းမှာ နေထိုင်ဖို့ သူမကို မြို့ကို ခေါ်သွားချင်တယ်လို့ ပြောခဲ့တယ်။ သူမက သာ့ချောင်ကို ငါ့ဆီပြန်ပေးတာထက် ကျေးလက်က ရွံ့တောထဲမှာပဲ နေစေချင်တယ်ဆိုတာ ဘယ်သူသိမှာလဲ? ငါတို့နှစ်ယောက်လုံး စိတ်ဓာတ်တွေကျလာပြီး နည်းနည်းတော့ တုန်လှုပ်သွားတယ်”
ဒါကိုကြားတော့ ချောင်ရှို့ကျီသည် မျက်မှောင်ကြုတ်လိုက်သည်။
ဖန်းရှောင်ကျွမ်း ဘယ်တုန်းက စကားကောင်းကောင်းပြောတတ်တာလဲ?
သာ့ချောင်သည် သူ့အဖွားကို တင်းတင်းပွေ့ဖက်ထားပြီး မျက်နှာကို လည်ပင်းမှာ မြှုပ်လိုက်ပြီး တုန်လှုပ်သွားကာ "အဖွား၊ သမီး သူနဲ့ မသွားချင်ဘူး!"
ချောင်ရှို့ကျီသည် သူ့အာရုံတွေ ပြန်ရလာပြီး သူမ၏ ကျောပြင်ကို ဖွဖွလေး ပုတ်လိုက်ပြီး " စိတ်မပူနဲ့။ အဖွား ဒီမှာရှိနေသရွေ့ မင်းကို ဘယ်သူမှ မခေါ်သွားနိုင်ဘူး!"
သာ့ချောင်၏ မျက်နှာသည် ဖြူဖျော့ပြီး အသံသည်ထိတ်လန့်သွားသည်ကို လူတိုင်းမြင်လိုက်ရသည်။ ထင်ရှားသည်မှာ၊ သူမသည် သူမ၏မိခင်အရင်း ရှောင်ကျွမ်းအတွက် ခံစားချက်မရှိခဲ့ပေ။ ရှိခဲ့လျှင်လည်း ကြောက်ရွံ့ခြင်းသာဖြစ်လိမ့်မည်။
ဒါပေမဲ့ ဘယ်သူ့ကို အပြစ်တင်ရမှာလဲ။
အဲဒီတုန်းက၊ သူမသည် သာ့ချောင်ကို ဆက်ဆံပုံသည်၊ ကလေးကောင်းတစ်ဦးကို ဒီအခြေနေကိုရောက်အောင် နှိပ်စက်ခဲ့သည်။ ကလေးက သူ့အမေကို ဘယ်လိုတောင်ကြောက်နေရတာလဲ?
လူအချို့က သာ့ချောင်သည် အလွန်မိုက်မဲသည်ဟု ထင်ကြသည်။ သူမက ဒီလိုအခွင့်အရေးကောင်းတွေကို တကယ်လက်လွှတ်လိုက်ခြင်းဖြစ်သည်။ သူမကြီးပြင်းလာသည့်အခါ သေချာပေါက် နောင်တရလိမ့်မည်။
အဘွားကြီးဖန်းသည် သူ့သမီးက သာ့ချောင်ကို ဟူမြို့သို့ ခေါ်ဆောင်လိုကြောင်းကြားလိုက်သောအခါ သူမသည် ချက်ချင်းပင် နာကျင်စွာအော်ဟစ်လိုက်ပြီး "ရှောင်ကျွမ်း၊ ဒီဝံပုလွေမျက်လုံးနဲ့လူက မသွားချင်ဘူး၊ ဘာလို့ သူ့ကို နှောင့်ယှက်နေတာလဲ။ မင်းအစ်ကိုကြီးမှာ သား နှစ်ယောက်ရှိတယ်။ မင်းလိုချင်တယ်ဆို သူတို့ထဲက တစ်ယောက်ကို ခေါ်သွားလို့ရတယ် ”
စိတ်အနှောင့်ယှက်ဖြစ်သွားပြီး ဖန်းရှောင်ကျွမ်းက ပြောလိုက်သည် "အမေ၊ ခဏလောက် ငြိမ်ငြိမ်နေနိုင်လား? "
အဘွားကြီး ဖန်းသည် ဒေါသကြောင့် နီရဲသွားသည်။ ယခု သူမ၏သမီးသည် မြင့်မားသောသစ်ကိုင်းကို တက်သွားသောကြောင့် ဖန်းမိသားစုသည် အနာဂတ်တွင် သူမကို မှီခိုရတော့မည်ဖြစ်သည်။ ဒါကြောင့် သူမ သည်းခံနေလိုက်သည်။
ဖန်းရှောင်ကျွမ်းက လှည့်ပြီးလူတိုင်းကို ရှင်းပြလိုက်သည်။ "သာ့ချောင်ကို ငါ နှိပ်စက်ခဲ့တယ်ဆိုတာ ငါသိပါတယ်။ အခု ငါ သူ့ကို ပြုစုပြီး ငါနဲ့အတူ ဘဝကိုပျော်ရွှင်စွာနေထိုင်ဖို့ မြို့ကြီးတစ်မြို့ကို ခေါ်သွားချင်တယ်။ ပြီးတော့ ဒါကို ချောင်မိသားစုကလည်း မလိုချင်ဘူးဖြစ်နေတယ်။ လူတိုင်း အခုတွေ့လိုက်တာပဲ။ ကလေးက ငါ့ကို ခွေးကိုက်ခိုင်းတယ်၊ သူက နောင်အနာဂတ်မှာ သူ့အမေအဖြစ် အသိအမှတ်မပြုဘူးလို့ ပြောခဲ့တယ်။ အဲ့တာက တကယ်ကို ငါ့နှလုံးသားကို နာကျင်စေတယ်။ ရှင်းဟွေ့က "အစ်မ ရှောင်ကျွမ်း၊ အစ်မဘာလို့ သူ့အတွက်နဲ့ စိတ်ဓာတ်ကျနေရတာလဲ။ ငါပြောတယ်လေ၊ အစ်မဘဝကို အောက်ကိုဆွဲချမသွားဖို့တွက် ဒီကလေးနဲ့ အဆက်အသွယ်ဖြတ်သင့်တယ်!"
ဖန်းရှောင်ကျွမ်း၏ မျက်လုံးများ တောက်ပလာသည်။ ဒါက သူမ၏ စိတ်ထဲမှာ လိုချင်တဲ့အရာ အတိအကျပဲ!
သူမသည် ချောင်မိသားစုကို သူမကိုယ်တိုင် သာ့ချောင်နှင့် အဆက်အသွယ်ဖြတ်ရန် အတင်းအကြပ်ဖိအားပေးခဲ့သည်။ ဤနည်းဖြင့် သူမသည် မန်ဟုန်ကွမ်ကို ရှင်းပြနိုင်သည်။
အဘွားကြီးဖန်က သူ့မြေးအတွက် အခွင့်အရေးကို လိုချင်ပြီး အမြန်အတည်ပေးပြုလိုက်သည်- "ဟုတ်တယ်၊ ဟုတ်တယ်၊ ဒီမျက်လုံးအဖြူဝံပုလွေလိုလူနဲ့ အမြန်ဆုံး အဆက်အသွယ်ဖြတ်လိုက်တာ ပိုကောင်းတယ်။ သူမက အရမ်းငယ်သေးတာတောင် မင်းကို တိုက်ခိုက်ရဲတယ်။ သူမ အရွယ်ရောက်လာတဲ့အခါ ဘယ်လိုဖြစ်လာလိမ့်မလဲ?”
ဖန်းရှောင်ကျွမ်းသည် ချောင်ရှို့ကျီ ဘက်လှည့်ပြီး ပြောလိုက်သည် "အန်တီရှို့ကျီ၊ ကျွန်မ သာ့ချောင်အတွက် တကယ်လုပ်ပေးချင်တာပါ။ အန်တီက သူ့ကို တကယ် မခေါ်သွားစေချင်ဘူးဆိုရင် ကျွန်မ သူနဲ့ သံယောဇဉ်ဖြတ်လိုက်မှာပါ။ စဉ်းစားပါဦး!"
ချောင်ရှို့ကျီသည် မရယ်ဘဲ မနိုင်တော့ဘဲ "စဉ်းစားနေစရာမလိုပါဘူး။ နင် သာ့ချောင်နဲ့ သားအမိဆက်ဆံရေးကို အခုပဲဖြတ်လိုက်နိုင်ပြီ!"
သူမကို ခေါ်မသွားဘူးဆိုရင်တောင် ဘာလို့အမေနဲ့ သမီးကြားက ဆက်ဆံရေးကိုဖြတ်ရမှာလဲ? သူမတို့နှစ်ယောက်ကြားက သဘောတရားကို နားမလည်နိုင်ခဲ့ပေ။
ဒါပေမဲ့ သူတို့ နားလည်လား၊ နားမလည်လားက အရေးမကြီးပေ။ အဓိကအချက်ကတော့ သာ့ချောင်နဲ့ သူမကို ရှင်းရှင်းလင်းလင်း ဖြတ်တောက်ပြီး အခွင့်အရေးကို မြန်မြန်ဆန်ဆန် ဆုပ်ကိုင်ဖို့ပဲဖြစ်သည်။
ဖန်းရှောင်ကျွမ်းသည် သစ်ကိုင်းအမြင့်ကို တက်ခဲ့တာလို့ လူတိုင်းက ပြောနေကြသည်။ ယခုမှစပြီး ဖန်းမိသားစုသည် ကြီးပွားချမ်းသာလာတော့မည်။ ကောင်းပြီ၊ သူမ ဒါကိုမျှော်လင့်ချက်မထားပေ။ ဖန်းရှောင်ကျွမ်းသည် မကောင်းဆိုးဝါးတစ်ကောင်သာဖြစ်သည်။ သူမသည် တရားဝင်မယားဖြစ်သွားရင်တောင် ဒုက္ခရောက်လိမ့်မည်။
ဒီတစ်ကြိမ်မှာတော့ သူမသည် ရုတ်တရက် သာ့ချောင်ကို အဝေးကို ခေါ်သွားချင်ခဲ့သည်။ သူမ ပေးသော ဆင်ခြင်ကြောင့် မဟုတ်တာတော့ သေချာသည်။ ဖန်းရှောင်ကျွမ်း၏ ရည်ရွယ်ချက်က ဘာလဲဆိုတာ သူမ မခန့်မှန်းနိုင်ပေ။ သေချာတာတစ်ခုက... သူမမှာ မကောင်းတဲ့ ရည်ရွယ်ချက်ရှိသည်။
သူမနှင့် ရွှယ်ချွမ်တို့သည် အနာဂတ်တွင် သာ့ချောင်နှင့် ပတ်သက်လာမည်ကို စိုးရိမ်ခဲ့ကြသည်။ အခုတော့ သူမကိုယ်တိုင်က ဆက်ဆံရေးကို ဖြတ်တောက်ဖို့ ရုတ်တရတ် တောင်းဆိုခဲ့တော့ သူတို့ ပိုပျော်ရွှင်သည်။
ချောင်ရှို့ကျီသည် ဤကိစ္စကို တွေးတောင်မတွေးဘဲ ဖန်းရှောင်ကျွမ်း၏ မျက်နှာကို မြေပြင်ပေါ်မှာ ပွတ်တိုက်နေသည်လို့ ခံစားလိုက်ရသည်။
သူမသည် ချောင်ကျန်းကျွင်းကို မည်းမှောင်နေသော မျက်နှာဖြင့် ကြည့်ခဲ့သည်။ " သာ့ချောင်ရဲ့ အဖေ ဆိုတော့ သာ့ချောင်ရဲ့ ဘဝကို ကောင်းကောင်း မဖြတ်သန်းစေချင်ဘူးလား?"
ချောင်ကျန်းကျွင်း - "မင်းနဲ့ အဆက်အသွယ်ဖြတ်လိုက်မှသာ သာ့ချောင်က ကောင်ကောင်းမွန်မွန်နဲ့ဘဝကို နေထိုင်နိုင်မှာ!"
ဖန်းရှောင်ကျွမ်းသည် ထိုစကားကိုကြားတော့ မုန်းတီးစွာဖြင့် သွားများကို ကြိတ်လိုက်သည်။